← Chapters

အခန်း (၈၃)

Vol. 7 Ch. 83

အခန်း (၈၃)

Vol. 7 Ch. 83

လျန်းယွဲ့သည် မေးခွန်းများကြောင့် စကားမပြောဘဲ ကျန်ရစ်ခဲ့သည်။ "ရန်ရန်၊ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် မေမေတို့ နင့်ကို နိုင်ငံခြား ပို့ရလိမ့်မယ်နော်"

"မေမေ၊ မေမေ ဘာလို့ သမီးကို နားမလည်ရတာလဲ။ သမီးက မေမေ့ရဲ့ တစ်ဦးတည်းသောသမီးပါ။ သမီးရဲ့အမြင်ထဲက အရာတွေကို မေမေ မြင်အောင်ဘာလို့ မကြိုးစားကြည့်ရတာလဲ "သူမမျက်ရည်တွေ စီးကျလာတာကို တားမရတော့ပေ။

မကြာသေးမီကပင် ကျိုးရှို့လင်းကို ဖွင့်ပြောဖို့အတွက် သတ္တိကို သူမစုဆောင်းခဲ့ရသည်။ ဒါပေမယ့် သူမဘယ်လိုအဖြေကို ရလာခဲ့လဲ။

သူ့မှာ သူကြိုက်တဲ့လူရှိတယ်တဲ့။

သူမ အဲ့တာကို မယုံခဲ့ဘူး။

သူ ပြောခဲ့သည်။ "အခု ငါကြိုက်တဲ့လူက ငါ့မိန်းမပဲ၊ ငါတစ်သက်လုံးချစ်ရတဲ့ အမျိုးသမီး "

ရေအေးအေးတစ်ပုံးနဲ့ သူမရဲ့ခေါင်းပေါ်ကနေ လောင်းချလိုက်သလိုမျိုး သူမ အံ့ဩသွားပြီး စကားမပြောနိုင်ဖြစ်သွားခဲ့ရသည်။

သူတကယ်လက်ထပ်လိုက်ပြီး ကလေးတစ်ယောက်ရှိတယ်ပေါ့။ သူမက အရှက်မရှိ သူ့ကို နှောင့်ယှက်ခဲ့သည်။

လျန့်ယွဲ့၏ ရင်ဘတ်က ဒေါသကြောင့် နာကျင်သွားပြီး အချိန်အတော်ကြာအောင် သူမ အသက်ရှုမဝနိုင်ဖြစ်ကာ ခန္ဓာကိုယ်က လှုပ်ယမ်းသွားသည်။ ဒါရိုက်တာ ကျင်းက သူမကို အမြန်တွဲလိုက်သည်။ "ရန်ရန်၊ ကိုယ့်ရဲ့အမေကို ဘာလို့ဒီလိုမျိုး ပြောရတာလဲ"

ကျင်းရှု့ရန် သူမရဲ့နှုတ်ခမ်းကို ကိုက်လိုက်သည်။ "တောင်းပန်ပါတယ် မေမေ။ သမီး စိတ်မကောင်းဖြစ်နေလို့။ သမီးက တစ်စုံတစ်ယောက်ကို သဘောကျပေမယ့် သူက သမီးကို ပြန်မကြိုက်တော့ သမီးနာကျင်ရတယ် "

လျန့်ယွဲ့ အသက်ပြင်းပြင်းရှူပြီး သူမလက်ကိုခါလိုက်သည်။ "ကိုယ့်ကိုယ်ကို ပြန်စဉ်းစား။ ယောက်ျားတစ်ယောက်အပေါ် ဒီလိုစိတ်ရှုပ်ရအောင်လုပ်တာက လုံးဝမသင့်တော်ဘူး!"

ဒါရိုက်တာ ကျင်းက သူမရဲ့ကျောကိုပုတ်ပေးလိုက်သည်။ "တော်ပြီ စိတ်ဆိုးမနေနဲ့တော့။ ရန်ရန် ခဏလေး စိတ်ရှုပ်နေလို့ပါ"

လျန့်ယွဲ့ရဲ့ မျက်လုံးတွေ နီရဲလာသည်။ "ကျွန်မတို့ သူမကို အရမ်းကြီး ကာကွယ်ပေးလွန်းနေမိပြီ"

ဒါရိုက်တာ ကျင်း သက်ပြင်းချလိုက်သည်။ "ကျိုးရှို့လင်းက တော်တော်ရက်စက်တာပဲ၊ ကိုယ် အဲဒီကိုရောက်တော့ ရန်ရန်က စင်္ကြံမှာ ငိုနေတာ။ သူ့ရဲ့လက်ထောက်ထဲက တစ်ယောက်က သူမနဲ့အတူရှိနေတာ"

"ဘယ်သူလဲ"

"ကိုယ်တို့အရင်ကတွေ့ဖူးတဲ့သူပဲ အခုသူက မန်နေဂျာတစ်ယောက်ဖြစ်နေပြီ နာမည်က ကျန်းရှောင်တဲ့"

လျန့်ယွဲ့ ၏ အကြည့်က တင်းကြပ်သွားပြီး သူမရဲ့လက်ကို တင်းတင်းဆုပ်ထားခဲ့သည်။ "သူမ ရန်ရန်ကိုဘာပြောခဲ့သေးလဲ"

"သွားမရှုပ်နဲ့၊ ကိုယ်အဲဒီကိုရောက်တော့ ရန်ရန်က ငိုနေတာ မစ္စကျန်းက ဘာမှမလုပ်ပါဘူး သူက မတ်တပ်ပဲရပ်နေတာ"

လျန့်ယွဲ့၏ အမူအရာက ရှုပ်ထွေးနေသည်။ "ရှန်ကော၊ကျွန်မ ..."

ဒါရိုက်တာ ကျင်းက ဘာမှပြန်မပြောပေ။ "​တော်ပြီ မင်းလည်း အရမ်း ပင်ပန်းနေပြီ။ အနားယူလိုက်ဦး။ တစ်ခုခုရှိလည်းလည်း မနက်ဖြန်ကျမှ ပြော"

လျန့်ယွဲ့ ခေါင်းခါလိုက်သည်။ "ကျွန်မ ကြောက်တယ်... " သူမက သူ့အဝတ်တွေကို တင်းတင်းဆုပ်ပြီး စကားပြောဖို့ ခက်ခဲနေခဲ့သည်။

"ရှန်ကော၊ ကျန်းရှောင်က တခြားသူမဟုတ်ဘူး သူက ကျွန်မရဲ့သမီး။ ကျွန်မ အရင်က ရှင့်ကိုတစ်ခါမှမပြောပြဖူးဘူး ဒါပေမယ့် ကျွန်မ အသက်နှစ်ဆယ်မှာ ပန်းချီဆရာတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ ကျွန်မတို့ချစ်မိသွားကြတယ် ကျွန်မအသက်​နှစ်​ဆယ့်တစ်နှစ်မှာ သမီး​လေး​တစ်ယောက်မွေးခဲ့တယ် အဲ့တာက ကျန်းရှောင်ပဲ။ ကျွန်မ သူမကို မကြာသေးခင်ကမှ မှတ်မိခဲ့တာ။ ဒီနှစ်တွေထဲ ကျွန်မ ရှင့်ကို မပြောမိခဲ့ဘူး ကျွန်မ တောင်းပန်ပါတယ်..."

ဒါရိုက်တာ ကျင်း မျက်လုံးမှေးလိုက်ပြီး သူ့မျက်လုံးထဲတွင် ရှင်းရှင်းလင်းလင်း မြင်နိုင်သော မျဉ်းကြောင်းတစ်ခု ပေါ်လာသည်။ သူ့မိန်းမကို ကြည့်လိုက်သည် သူမိန်းမနဲ့သိကျွမ်းခဲ့တာ နှစ်ဆယ့်ခြောက်နှစ်ကြာသွားပြီ။

"ကိုယ်တို့အိမ်ထောင်ပြုထားတာ နှစ်အတော်ကြာပြီ၊ မင်းစိတ်ထဲမှာ တစ်ခုခုရှိနေတယ်ဆိုတာ အမြဲသိပြီးသား။ ဝမ်ဝမ်၊ မင်းရဲ့နာမည်ကို အဲ့တုန်းက ကိုယ်ဘာလို့ပြောင်းခဲ့လဲဆိုတာ သိလား။ မင်း ပြန်စနိုင်မယ်လို့ ကိုယ်မျှော်လင့်လို့"

လျန့်ယွဲ့ ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ တစက်ပြီးတစ်စက် ကျလာခဲ့သည်။ "ကျန်းရှောင်က ကျွန်မကြောင့် ဖျော်ဖြေရေးလောကထဲ ဝင်လာခဲ့တာ။ သူမက ကျွန်မကိုရှာချင်တာ.... .. ကျွန်မက သူမ ကျွန်မကို ပြန်လိုချင်နေတာလို့ ထင်ခဲ့ပေမယ့် နောက်ဆုံးအကြိမ်တွေ့တဲ့အခါ သူမနဲ့တွေ့ခဲ့တုန်းက အဲ့လိုမဟုတ်ဘူးဆိုတာကို ကျွန်မသိလိုက်ရတယ်။ ရှန်ကော၊ ကျွန်မ ဘာလုပ်ရမလဲ"

ဒါရိုက်တာ ကျင်း သက်ပြင်းချလိုက်သည်။ " ကျုံးပိုင်နဲ့ သူမရဲ့ ဆက်ဆံရေးက သာမန်မဟုတ်ဘူးဆိုတာ မင်းသိလား "

လျန့်ယွဲ့၏ မျက်နှာက ချက်ချင်း မှင်သက်သွားကာ သူမ၏ စိုးရိမ်သောကရောက်စွာဖြင့် အာခေါင် ခြောက်သွားသည်။

ဒါရိုက်တာ ကျင်းက ဖြေးဖြေးချင်း ပြောလိုက်သည်။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတို့နေ့တိုင်း အတူတူထမင်းစားနေတဲ့ ဓာတ်ပုံတွေ ရထားတယ်" သူ့ဖုန်းကိုထုတ်ပြီး ဓာတ်ပုံတွေပြလိုက်သည်။

"သတင်းတွေက မထွက်သေးပေမယ့် တစ်ဖက်က တစ်စုံတစ်ယောက်က ကိုယ့်ဆီကို ဓာတ်ပုံတွေ ပို့လာတယ်"

လျန့်ယွဲ့ ဓာတ်ပုံတွေကို လှန်လှောကြည့်ရင်း နှစ်ယောက်သား ပြုံးနေကြတဲ့ မျက်နှာကို မြင်လိုက်ရသည်။ ကျင်းကျုံးပိုင်က လက်တစ်ဖက်ဖြင့် ရေတွက်လို့တဲ့ လုပ်ငန်းနယ်ပယ်တွင် ထင်ရှားသူတစ်ဦးဖြစ်သည်။

"ရှင်ဆိုလိုတာက သူတို့နှစ်ယောက်က... မဟုတ်ဘူး ရှောင်ရှောင်က ဒီလိုလုပ်မှာမဟုတ်ဘူး!"

"ကျန်းရှောင်က ကျုံးပိုင် ရဲ့ လက်ထောက်ရာထူးကို လျှောက်ဖူးတယ် " ဒါရိုက်တာ ကျင်းက ဒီအချိန်အတောအတွင်းကအကြောင်းအရာတွေကို လျန့်ယွဲ့ကိုမပြောခဲ့ပေ။ ကျိုးရှို့လင်းက သူတို့နှစ်ယောက်အတူလုပ်ဆောင်ခဲ့တဲ့ ပရောဂျက်ပေါင်းများစွာကို တိတ်တဆိတ် ရုပ်သိမ်းခဲ့သည်။

ဖျော်ဖြေရေးနယ်ပယ်ရဲ့ အတက်အကျတွေကို နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့ရပြီး သူ အရိပ်အယောင်တွေကို လက်လွတ်မခံခဲ့ဘူး။ ကျိုးရှို့လင်း၏ ရုတ်တရတ်ပြောင်းလဲမှုက ကျန်းရှောင်နဲ့ ဆက်စပ်မှုရှိမရှိကို သူ မသိပေ။ ဒါပေမယ့် ဒီမိန်းကလေးက ဒီလောက်မရိုးရှင်းဘူးဆိုတာ သူ ခံစားနိုင်သည်။

စကားတစ်ခွန်းတည်းဖြင့် လျန့်ယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အပူချိန်က ချက်ချင်း အေးသွားခဲ့သည်။ သူမရဲ့ အဆိုးရွားဆုံး အကြောက်တရားက တကယ်ဖြစ်လာခဲ့ပြီ။ "မဟုတ်ဘူး၊ ကျွန်မ ကျန်းရှောင်နဲ့ စကားပြောမှရတော့မယ်"

"စိတ်မပူပါနဲ့" ဒါရိုက်တာ ကျင်းက သူမကို နှစ်သိမ့်ပေးလိုက်သည်။

"ဘာတွေဖြစ်နေကုန်မှန်း ကိုယ်တို့ဘတကယ်မသိဘူး။ ကိုယ် ကျုံးပိုင်နဲ့ အရင်စကားပြောပါရစေ၊ သူ့ရဲ့တုံ့ပြန်မှုအပေါ် ခန့်မှန်းကြည့်လိုက်မယ်။ ဝမ်ဝမ်၊ အခု ကလေးတွေ ကြီးနေကြပါပြီ၊ သူတို့မှာ ကိုယ်ပိုင် ရွေးချယ်ခွင့်တွေ ရှိတယ်"

လျန့်ယွဲ့ ခါးသီးစွာ ပြုံးလိုက်သည်။ "တစ်စုံတစ်ယောက်ရဲ့ ငယ်ရွယ်စဉ်မှာ စုဆောင်းထားတဲ့ အကြွေးတွေကို ပြန်ဆပ်ရမယ်။ ပြန်ဆပ်ရမယ် ဆိုရင် ဆပ်ရမယ့်သူက ကျွန်မ တစ်ယောက်တည်းပဲ။ အထူးသဖြင့် ရန်ရန်အပေါ် သူတို့ကို ထိခိုက်နစ်နာအောင် လုပ်မယ်ဆ်ုရင်တော့ ကျွန်မ မကြိုက်ဘူး။ သူမက တကယ်ဘာမှကိုမသိဘူး"

ဒါရိုက်တာ ကျင်း သူမကိုဖက်လိုက်သည်။ "စိတ်မပူပါနဲ့ ဘာမှဖြစ်လာမှမဟုတ်ပါဘူး"

နောက်တစ်နေ့တွင် ကျန်းရှောင်နှင့် ကျိုးရှို့လင်းတို့ ဘီ မြို့တော်မှ ကျင်း မြို့တော်သို့ လေယာဥ်ဖြင့် ပြန်လာခဲ့ကြသည်။ ကျိုးရှို့လင်းက ကျန်းချင်ကို နှစ်ရက် ခွင့်ပေးထားပြီး ဘီမြို့တော်တွင် သူ၏ လူငယ်ဘဝကို ဆက်လက် ပျော်မွေ့ခွင့်ပြုထားသည်။

သူတို့ လေဆိပ်ကို အချိန်မီရောက်လာပြီး VIP ဧည့်ခန်းမှာ စောင့်ဆိုင်းနေခဲ့သည်။ ကျန်းရှောင်က လက်ဆောင်တစ်ခုခုများ ရနိုင်မလားလို့ အကောက်ခွန်မဲ့ဆိုင်တွေကို လိုက်ကြည့်ရန် စိတ်ကူးထားသည်။

လေဆိပ်၏ မြင့်မားသောမီဒီယာတွေ ရောက်ရှိမှုကိုထည့်သွင်းစဉ်းစားပြီး သူမသည် ကျိုးရှို့လင်းကို သူမနှင့်အတူလိုက်ခဲ့ဖို့ မဖိတ်ခေါ်ခဲ့ပေ။

ဘီ မြို့တော် လေဆိပ်မှာ လူတွေနဲ့ စည်ကားနေသည်။

သင့်လျော်တဲ့လက်ဆောင်ကို ရှာမတွေ့ဘဲ လှည့်ပတ်ကြည့်ရှုပြီးနောက် ပြန်သွားမယ့်အချိန် ကျန်းရှောင်၏ ဖုန်းမြည်လာခဲ့သည်။

ဒါက ရှုကျားရမ် ရဲ့ လက်ထောက်ဖုန်းခေါ်နေတာ။

သူမ အမြန်ပြန်ဖြေလိုက်သည်။ "ဟယ်လို"

"ကျန်းကျဲ၊ Weiboမှာ သြဇာလွှမ်းမိုးမှုရှိတဲ့သူက ဒီမနက် ပိုစ့်တင်ထားတယ် အဲ့တာက အစ်မက လျန့်ယွဲ့ လာဘ်ထိုးလိုက်လို့ ကျားရမ်က 'ချန်တင်း' မှာ အဓိကဇာတ်ဆောင်နေရာရတာလို့ ပြောထားတယ်"

လက်ထောက်က စကားထပ်ပြောလာသည်နှင့်အမျှသူမရဲ့အသံက တိုးသထက်တိုးလာသည်။ "Weibo က သြဇာလွှမ်းမိုးမှုရှိတဲ့သူ တော်တော်များများက အဲဒါကို ပြန်ပြီးပိုစ့်တင်ထားကြပြီးပြီ။ မကြာသေးခင်က ကျားရမ်တင်ထားတဲ့ Weibo ပို့စ်မှာ negative ကောမန့်တွေတစ်သောင်းကျော်ရှိသွားပြီ"

ကျန်းရှောင်၏ မျက်နှာက မည်းမှောင်သွားသည်။ "ကျားရမ် အခု ဘာလုပ်နေလဲ"

"သူမ..... သူမ အနားယူနေတယ်"

ကျန်းရှောင် ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။" ဒါက အမှန်မဟုတ်ဘူးဆိုတာ သူမကို ပြောလိုက်။ ဒီကိစ္စကို အစ်မ ကိုင်တွယ်လိုက်မယ်။ အွန်လိုင်းအကောင့်အတုတွေသုံးပြီး ပြိုင်ဘက်စတူဒီယိုတွေက လုပ်ထားတဲ့ ကိစ္စဖြစ်နိုင်တယ်"

ဂျူနီယာလက်ထောက်က အနည်းငယ်တုန်လှုပ်သွားသည်။ "ကျန်းကျဲ၊ စတူဒီယိုက ကြေညာချက်ထုတ်သင့်လား"

"မလိုဘူး၊ ဒီလို အဖြစ်အပျက်တွေ အများကြီးရှိဖူးတယ် ရှင်းပြလေလေ ပိုရှုပ်လာလေလေပဲဖြစ်လိမ့်မယ်။ ရှေ့ဆက်ပြီး ကိုင်တွယ်ဖြေရှင်းလိုက်။ ကျားရမ်ကိုပြောလိုက် သူမ ဒီဇာတ်ကားကို ရိုက်ကူးဖို့ယူထားပြီးကတည်းက ဇာတ်ညွှန်းကို နားလည်ဖို့ အာရုံစိုက်သင့်တယ်လို့ အဲ့တာကတခြားအရာတွေထက် ပိုအရေးကြီးတယ်ဆိုတာ "

"ဟုတ်ကဲ့။ ဒါဆို ကျန်းကျဲ ကျန်းမာရေး ဂရုစိုက်ပါ"

ကျန်းရှောင်သည် သတင်းများကို ရှာဖွေရန် အွန်လိုင်းပေါ် လျင်မြန်စွာ တက်ခဲ့ပြီး Weibo က သြဇာလွှမ်းမိုးမှုရှိသူတော်တော်များများက နံနက် ခုနစ်နာရီဝန်းကျင်ကတည်းက ဒီကိစ္စကို ဆွေးနွေးနေကြသည်ကို တွေ့ရှိခဲ့သည်။ အံ့သြစရာကောင်းတာက ရှုကျားရမ်ကို မဟုတ်ဘဲ သူမကို တိုက်ရိုက် အပြစ်တင်ထားတာ။

သူမက မန်နေဂျာတစ်ဦးအနေဖြင့် နောက်ကွယ်မှအရာများကို ကြိုးကိုင်ခြယ်လှယ်ကာ လူများကို လျှို့ဝှက်လာဘ်ထိုးခြင်း၊ အန္တရာယ်ရှိတဲ့ ပြိုင်ဆိုင်မှုတွင် ပါဝင်လုပ်ဆောင်ခဲ့ပြီး နှစ်တွေကြာလာသည်နှင့်အမျှ သူမ၏ ကိုယ်ပိုင်အနုပညာရှင်များထံမှ အရင်းအမြစ်များကို ခိုးယူသွားခြင်းပင်ဖြစ်သည်။

ဖတ်နေစဉ် ကျန်းရှောင် မကူညီနိုင်ဘဲ ပြုံးလိုက်သည်။ ဖျော်ဖြေရေးလောကမှာ ပုံပြင်ပြောသူတွေ မရှိတာတော့မဟုတ်ဘူး။

လေဖိအားနည်းရပ်ဝန်းထဲက တစ်ခုခုကို ဖန်တီးပြီး သူတို့လုပ်ခဲ့တာက အတော်လေးကို အထင်ကြီးစရာပဲ။

ဝေဖန်ခံရတာက ဒါသူမအတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပေမယ့် အခုချိန်မှာတော့ အပြင်းထန်ဆုံးပင်။

ဗေဒင်ဆရာက သူမက ချောမွေ့လှတဲ့နှစ်မှာမဟုတ်နေကြောင်းနှင့် ရှုပ်ထွေးလှတဲ့ အခြေအနေတွေကိုကြုံတွေ့ရမယ်လို့ပြောထားသည်။ ဗေဒင်ဆရာပြောတာ မှန်တယ်ထင်တယ်၊ ဒီနှစ်က သူမအတွက် တကယ်ကို ကြမ်းတမ်းသည်။

စုန့်ယိဝမ်၊ ရှုကျားရမ် - သူတို့တွေ တစ်ယောက်ပြီးတစ်ယောင် သူမဆီရောက်လာကြတာ။ သူမ သူတို့အပေါ် အလွန်ညှာတာနေခဲ့တဲ့ပုံရသည်။

ကျိုးရှိူ့လင်း သူမကိုဖုန်းခေါ်တော့မယ့်အချိန်မှာ

လေယာဥ်ကွင်း ဧည့်ခန်းထဲပြန်ရောက်ခဲ့သည်။

ကျန်းရှောင် သူ့ကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ "မစ္စတာ ကျိုး၊ ကျွန်မလည်း အဲ့တာကို သတင်းပါအောင်လုပ်မိလိုက်ပြီ"

ကျိုးရှို့လင်း အဲ့တာကိုနားထောင်းရင်း သူ့လေသံမှာ ငြိမ်သက်နေဆဲဖြစ်ပြီး တိမ်မြုပ်နေသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ "သူတို့ စုံစမ်းနေကြတယ်"

ကျန်းရှောင် အသံမှာ ပျော့ပျောင်းပြီး စိတ်ပျက်စရာ အရိပ်အမြွက်ပြနေသည်။ "လျန်းယွဲ့ရဲ့ အဆက်အသွယ်တွေကို ကျွန်မက ဘာလို့ သုံးရမှာလဲ။ အဆက်အသွယ်တွေ လိုချင်ရင် ကျွန်မယောကျ်ားရဲ့ အဆက်အသွယ်ကို သုံးမှာပေါ့"

ကျိုးရှို့လင်းက သူမကို စိတ်ချစေခဲ့သည်။ “စိတ်မပူပါနဲ့…”

ကျန်းရှောင်က သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမ၏ အသံက ပြတ်သားသည်။ "ဒီကိစ္စအတွက် စိတ်မပူပါနဲ့။ ဒီကိစ္စထဲ ကျွန်မနဲ့ လျန့်ယွဲ့ ပါနေတာမို့ ကျွန်မကိုယ်တိုင် ကိုင်တွယ်လိုက်ပါ့မယ်"

သူမ လည်ချောင်း ရှင်းလိုက်သည်။ "ရှို့လင်း၊ ဒီကိစ္စပြီးသွားရင် ကျွန်မမှာ ရှင့်ကို ပြောပြချင်တဲ့ ဇာတ်လမ်းတစ်ခုရှိတယ်"

All Chapters