← Chapters

အခန်း (၈၄)

Vol. 7 Ch. 84

အခန်း (၈၄)

Vol. 7 Ch. 84

ဤလောကတွင် ကိစ္စများစွာကို သာမန်သဘောတရားများဖြင့် ရှင်းပြ၍မရပေ။ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာက အစစ်အမှန် ဖြစ်နေတတ်သည်။

ကျန်းရှောင်ရဲ့ အလယ်တန်း ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက်မှာ အစ်မရှိသည်။ အားလုံးက အမေတူပေမဲ့ အစ်မဖြစ်သူက အိမ်သူအိမ်သားတွေကို စိုးမိုးပြီး အငယ်ကတော့ ဖယ်ထားတဲ့ပစ္စည်းတွေ အမြဲသုံးရသည်။

အားကစားပွဲတွေမှာဆိုရင် မိဘတွေ အစ်မဖြစ်သူအတွက် အားကစား ဖိနပ်အသစ်တွေ ဝယ်ပေးပြီး အငယ်က အစ်မဖြစ်သူ၏ ဖိနပ်အဟောင်းတွေ ဝတ်ရသည်။

ကျန်းရှောင်က အငယ်တစ်ယောက်နဲ့ နှစ်ဝက် ထိုင်ဖော်ထိုင်ဖက်ဖြစ်ခဲ့သည်။ တစ်ခါက သူမကို မှားနေတယ်လို့ ခံစားရလားလို့ မေးဖူးသည်။

အဲဒီတုန်းက အငယ်မလေးက မငိုခဲ့ပေမယ့် မျက်လုံးတွေ နီရဲနေသည်။ "ငါတကယ်ကို အဆင်မပြေဘူး။သူတို့ ငါ့ကိုမကြိုက်ဘူးဆိုရင် ဘာလို့ ငါ့ကို မွေးထားတာလဲ။ ငါ အနာဂတ်မှာ မိခင်တစ်ယောက်ဖြစ်လာရင် ငါ့ကလေးကို သေချာပေါက် ချစ်ပေးမှာ "

ဒါကြောင့် မိဘတွေရဲ့ စိတ်နှလုံးက သဘာဝအတိုင်း ဘက်လိုက်သည်။ ထို့အပြင် သူမသည် လျန့်ယွဲ့ နှင့် တစ်ရက်ကလေးမျှ အချိန် မကုန်ဆုံးခဲ့ဖူးပေ။ လျန့်ယွဲ့ နှလုံးသားထဲက ကျင်းရှု့ရန် ရဲ့ နေရာကို သူမ ဘယ်လို ယှဉ်နိုင်မှာလဲ။

ကျန်းရှောင်ကတော့ ဒီတစ်သက်တာမှာ သူမဆီ၌ လျန့်ယွဲ့နှင့် သားအမိ နှောင်ကြိုးမရှိဘူးလို့ ခံစားမိသည်။

လျန့်ယွဲ့က သူမရဲ့သမီးအရင်းကို နှစ်ပေါင်းများစွာ လျစ်လျူရှုထားနိုင်သည့် အတိုင်းအတာအထိ သူမ၏ ဖခင်နှင့် လျန့်ယွဲ့ တို့ကြား ဘာတွေဖြစ်ပျက်သွားခဲ့သည်ကို သူမ မသိခဲ့ပေ။

ကျင်းရှု့ရန်က ကျိုးရှို့လင်း အပေါ်မှာ ခံစားချက်တွေရှိနေတယ်လို့ လျန့်ယွဲ့က သူမကို ပြောပြတဲ့ နေရာကို ဘယ်လို ရောက်လာရတာလဲ။

ကျန်းရှောင် ဆိုဖာပေါ်တွင် အကြာကြီး ငြိမ်သက်စွာ ထိုင်နေပြီး သူမ၏ အမူအရာက ထူးထူးခြားခြား ငြိမ်သက်နေခဲ့သည်။

လျန့်ယွဲ့က သူမရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်ခဲ့သည်။ " ရှောင်ရှောင်၊ အဲဒီညက ရှု့ရန် အိမ်ပြန်လာတော့ သူမနဲ့လည်း စကားပြောပြီးပြီ။ ဒီကလေးက တော်တော်ခေါင်းမာပြီး ငါ့စကားကိုလည်း နားမထောင်ဘူး "

ကျန်းရှောင် သူမရှေ့က အခုလက်ရှိ ကော်ဖီအေးကို ကောက်ယူပြီး ခွက်တစ်ဝက်လောက် သောက်လိုက်ရာ အရသာက စွဲနေပြီ။

"ဆရာမ လျန့်၊ စိတ်မကောင်းပါဘူး ဒါပေမယ့် ရှု့ရန် ကိစ္စမှာ ကျွန်မလည်း အားကိုးရာမဲ့နေတယ်။ မစ္စတာ ကျိုးက ကျွန်မရဲ့ အထက်လူကြီးဖြစ်တော့ သူ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ ဝင်စွက်ဖက်လို့မရဘူး"

လျန့်ယွဲ့ ၏ အကြည့်တွေက ကျန်းရှောင်၏ မျက်နှာပေါ်တွင် တည်ရှိနေသည်။ "အဲဒီညက ရှု့ရန် ပြန်လာပြီးတဲ့နောက် ကျိုးရှို့လင်း ကိုယ်တိုင်က သူ လက်ထပ်ထားပြီးပြီဆိုတာ သူမကို ပြောခဲ့တယ်တဲ့ "

"အခု ဆရာမလည်း သိပြီးပြီကို ဆရာမရဲ့ သမီးကို တတိယလူဖြစ်အောင် ကူညီပေးချင်နေတာလား" ကျန်းရှောင်က သူမ ဒါကို မပြောသင့်မှန်းကို သိပေမယ့် သူမ၏ နှလုံးသားက အပ်တွေနဲ့ ထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။

" ငါဆိုလိုချင်တာ အဲ့တာမဟုတ်ဘူး။" လျန့်ယွဲ့ က နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်နှာက တောင့်တင်းနေသည်။ "ဘာလို့ဒီလိုမျိုးပြောရတာလဲ"

"တောင်းပန်ပါတယ်"

"အဲဒီညက ရှု့ရန်နဲ့ အတူရှိနေပေးတယ်ဆိုလို့ ငါအရမ်းပျော်တယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်က ညီအစ်မတွေပဲ"

ကျန်းရှောင်ရဲ့ မျက်လုံးတွေ အေးစက်လာပြီး သူမ၏ အသံက အေးခဲနေပြီး နွေးထွေးမှု ကင်းမဲ့နေကာ သူမရဲ့ အမူအရာမှာ မည်သည့် ခံစားချက်မှ မရှိနေပေ။

"ဆရာမ လျန့်၊ ဆရာမ မှားနေပြီ။ ကျွန်မက ကျွန်မမိဘတွေရဲ့ တစ်ဦးတည်းသောသမီး၊ ကျွန်မမှာ ဘာညီအစ်မမှ မရှိဘူး"

" ရှောင်ရှောင်"လို့ လျန့်ယွဲ့ ခေါ်လိုက်သည်။ "ဒီလို မပြောနဲ့။ မင်း ငါ့ကို စိတ်ဆိုးနေတယ်ဆိုတာ ငါသိတယ်"

ကျန်းရှောင်၏ ပါးစပ်ထောင့်တွင် လှောင်ပြောင်မှုံတစ်ခု ထွက်ပေါ်လာသည်။

"ရှု့ရန် က အရမ်းရိုးသားတဲ့ ကလေးတစ်ယောက်။ သူ့မှာ ကျိတ်ကြံနေတဲ့ ဘာအရိုးမှ မရှိဘူး"

ကျန်းရှောင် ခဏတိတ်ဆိတ်သွားကာ နောက်ပြောလိုက်သည်။ "ဆရာမ လျန့် ၊ ကျွန်မရှေ့မှာ ဒီလိုစကားမျိုးပြောတာက ရက်စက်တယ်လို့ မထင်မိဘူးလား။ ဆရာမရဲ့ သမီးက ဖန်လုံအိမ်ထဲက ပန်းတစ်ပွင့်၊ ကျွန်မတို့လို လူတွေက ဘဝနဲ့အလုပ်ကြောင့် အတွေ့အကြုံများပြီး လိမ္မာပါးနပ်လာကြတယ်။ ဆရာမရဲ့အမြင်မှာ ကျွန်မတို့တွေက ကျိတ်ကြံနေတဲ့သူတွေ မဟုတ်လား"

"ငါ မင်းကို နှိမ့်ချဖို့ မရည်ရွယ်ပါဘူး။ ရှောင်ရှောင် ဒီနေ့ ငါ ဒီကို လာခဲ့တယ်ဆိုတာက အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် မင်းနဲ့ ရှု့ရန်တို့ ရန်သူတွေ မဖြစ်ပါစေနဲ့လို့ မျှော်လင့်ရုံပဲ။ မင်းတို့နှစ်ယောက်လုံး မမှားဘူး၊ မှားနေတဲ့သူက ငါပါ"

ကျန်းရှောင် ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပြီး သူမရဲ့အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ "ဒီတော့ ဆရာမ ကျွန်မကို လာတွေ့တာ ဘာလို့လဲဆိုတော့ ဆရာမကြောက်နေတာက ကျွန်မက ဟားဟား......."

"ရှောင်ရှောင်"

ကျန်းရှောင် သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ "ဆရာမ လျန့်၊ ကျွန်မကို ဒီလိုမခေါ်နဲ့ " သူမ အံကြိတ်ထားလိုက်သည်။

" အပြင်လူတစ်ယောက်အနေနဲ့ ရှု့ရန်က ဘယ်သူ့ကို ကြိုက်လဲဆိုတာ ကျွန်မ မထိန်းချုပ်နိုင်ဘူး မကူညီနိုင်ဘူး။ နောက်တစ်ခုကတော့ စိတ်ချပါ၊ ကျွန်မ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး"

လျန့်ယွဲ့ ကြက်သေသေသွားသည်။ " ရှောင်ရှောင်၊ ရန်ရန်က မင်းအကြောင်း ဘာမှမသိသေးဘူး"

ကျန်းရှောင် လက်သီးဆုပ်ထားသည်။ "ဆရာမ လျှို့ဝှက်ထားသရွေ့ ကျွန်မ သူမကို ပြောပြမှာမဟုတ်ဘူး"

လျန့်ယွဲ့ ချီတုံချတုံဖြစ်နေသည်။ "မင်း ကျုံးပိုင် နဲ့ ဆက်ဆံရေး ကောင်းနေတယ်လို့ ငါကြားတယ်"

ကျန်းရှောင်ရဲ့ မျက်နှာက ချက်ချင်းပြောင်းလဲသွားပြီး နောက်ဆုံးတွင် သူမရဲ့အပြုံးကို ချုပ်တည်းဖို့မဖြစ်နိုင်တော့ပေ။

"ဘာကိုကြောက်နေတာလဲ။ ကျုံးပိုင် နဲ့ကျွန်မ တွဲလိုက်မှာကိုကြောက်နေတာလား။ ကျွန်မက ဆရာမရဲ့မျက်လုံးထဲမှာ ဆိုးသွမ်းနေတဲ့သူ ဖြစ်နေတာလား"

လျန့်ယွဲ့ နှုတ်ခမ်းတွေကို ဖိလိုက်သည်။

"မိသားစုဒရာမာတွေ ကြည့်တာများသွားလို့ဖြစ်မယ်။ ဆရာမရဲ့ မျက်လုံးထဲမှာတော့ ကျင်း မိသားစုထဲက ယောက်ျားတွေက ရတနာတွေပဲ၊ ဒါပေမယ့် ကျွန်မရဲ့မျက်လုံးထဲမှာတော့ အဲ့လိုမဟုတ်ဘူး။ ကျွန်မ ဆရာမကို လက်စားချေချင်ရင် ကျွန်မရဲ့ လက်ရှိအနေအထားအရ ကျွန်မ အဲဒါကို ဟိုးအရင်ကတည်းက မီဒီယာတွေဆီ ဖော်ထုတ်လိုက်လို့ရတယ်"

"ငါ အတွေးလွန်သွားခဲ့တယ် " လျန့်ယွဲ့ က စကားစမြည်ပြောရင်း တဆတ်ဆတ်တုန်နေသည်။ ကျန်းရှောင်ဆီမှာ စကားဆက်ဖို့ ရည်ရွယ်ချက် မရှိတာကို မြင်လိုက်ရသဖြင့် သူမ မတ်တပ်ထရပ်လိုက်သည်။

"ငါအရင်သွားနှင့်မယ်"

ကျန်းရှောင်က နေရာမှာပဲ မလှုပ်မယှက် ထိုင်နေခဲ့သည်။

တံခါးပြန်မပိတ်ခင်အထိ သူမရဲ့လက်ကိုမြှောက်လိုက်ပြီး နာကျင်နေတဲ့ မျက်လုံးတွေကို ပွတ်ကာ သူမရဲ့မျက်လုံးထဲမှာ မျက်ရည်စတွေ ဖုံးလွှမ်းနေခဲ့သည်။

သူမလည်း မိခင်တစ်ယောက်ပါပဲ။ ပဲပင်ပေါက်လေး နာကျည်းမှု အနည်းငယ်လေးတောင် ခံစားခဲ့ရရင် သူမ စိတ်မသက်မသာ ဖြစ်ရလိမ့်မယ်။

ရှု့ရန်က သူ့ သမီး၊ ငါကလည်း သူ့သမီးမဟုတ်လို့လား။

သူမကိုကျတော့ သိပ်ချစ်ပေးခဲ့ပြီး ငါ့အတွက်ကျတော့ နည်းနည်းလေးတောင် ပိုမချစ်ပေးနိုင်ဘူးလား။

တစ်နေ့ သူမနဲ့ ကျိုးရှို့လင်းတို့ လူသိရှင်ကြားပြောလိုက်ရင် သူမရဲ့အမေက ဒီနေ့သူမကို ပြောခဲ့တာတွေအတွက် နောင်တရမှာလား။

သူမ နောင်တရမှာလား။

ကျန်းရှောင်ကို ဆန့်ကျင်ပြီး အင်တာနက် တုံ့ပြန်မှုနှင့်ပတ်သက်၍ ပါဝင်ပတ်သက်ခဲ့တဲ့ တစ်ဖက်က ဂရုမစိုက်ခဲ့ပေ။ ကျန်းရှောင်က နာမည်ကျော်ကြားသူမဟုတ်သည့်အတွက်ကြောင့် နောက်ဆုံးတွင် ထိုကိစ္စက ပျောက်ကွယ်သွားခဲ့သည်။

ဒါပေမယ့် ဒီအဖြစ်အပျက်ကြောင့် ကျန်းရှောင်ရဲ့ Weibo မှာ Follower ငါးသိန်း တိုးလာခဲ့သည်။

ဒီကာလအတွင်း ကျန်းရှောင်က ကျိုးရှို့လင်းနဲ့ ပွဲအများအပြားသို့ လိုက်ပါသွားခဲ့ပြီး လုပ်ငန်းတွင်းရှိလူအများအပြားက သူမအတွက် ကျိုးရှို့လင်း၏ အလွန်လေးစားမှုကို ထင်ရှားစွာ မြင်တွေ့နိုင်ကြသည်။

ကျန်းရှောင်နှင့် ကျိုးရှို့လင်းတို့မှာ နက်ရှိုင်းတဲ့ ဆက်နွှယ်မှုရှိပြီး မလျော်ကန်သော ဆက်ဆံရေးရှိကြောင်း ကောလဟာလများပင် ပျံ့နှံ့ခဲ့သည်။ တချို့လူတွေက ကျန်းရှောင်ကို ကျိုးရှို့လင်းရဲ့ ခယ်မလို့တောင် ပြောကြသည်။

အချို့သော သတင်းထောက်တွေက ကျိုးရှို့လင်းကို တွေ့ဆုံမေးမြန်းရန် အခွင့်အရေးယူခဲ့ကြသည်။ "မစ္စတာ ကျိုး၊ တကယ်လက်ထပ်ပြီးပြီလား။ တစ်ချို့က ဒါကို လူသိရှင်ကြား စတန့်ထွင်ထားတာလို့ ပြောကြတယ်။ ဘာဖြစ်လို့ လူသိရှင်ကြား မထုတ်ပြတာလဲ"

မမျှော်လင့်ဘဲ ကျိုးရှို့လင်းက ဒီမေးခွန်းကို ဖြေပေးခဲ့သည်။ "ပထမဆုံးအနေနဲ့ ခင်များတို့ရဲ့စိုးရိမ်မှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဇနီးနဲ့ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက်ရဲ့ အချစ်ဦးတွေ။ အခုဆို ကျွန်တော်တို့ အရမ်းပျော်နေကြတယ်။ကျွန်တော့်ဇနီးက သာမန်လူတစ်ယောက်ပါ၊ သူမမှာ ကိုယ်ပိုင်ဘဝနဲ့ လူမှုအသိုင်းအဝိုင်းရှိတယ်။ သူမရဲ့ အလုပ်မှာပျော်ရွှင်နိုင်ဖို့ပဲ ကျွန်တော် မျှော်လင့်တယ်။ ကျွန်တော်တို့ လူသိရှင်ကြား မထွက်ဘူးဆိုရင် ကျွန်တော့်သားနဲ့ ကျွန်တော်က သူမကို နောက်ကွယ်ကနေ ပံ့ပိုးပေးမယ့် ယောက်ျားတွေဖြစ်မယ် ”

ထိုစကားများပြောပြီးသည်နှင့် ကျိုးရှို့လင်းက လူကြီးလူကောင်းဆန်တဲ့ ယောကျ်ား တစ်ယောက်အဖြစ် မြှင့်တင်လာပြန်သည်။ ဟွားရှ တစ်ခွင်လုံးက လူတွေက ဒီမစ္စစ် ကျိုးကို မနာလိုကြဘူး။ မစ္စစ်ကျိုးက အရင်ဘဝမှာ နဂါးငွေ့တန်းကို ကယ်တင်ခဲ့လို့ ဒီဘဝမှာ ကျိုးရှို့လင်းနဲ့ တွေ့ဆုံခွင့်ရတာပဲ။

တစ်ချိန်တည်းမှာပင် ကျန်းရှောင်၏ စီမံခန့်ခွဲမှုအောက်တွင် အနုပညာရှင်များစွာ၏ ရေပန်းစားမှုက ယခုနှစ်တွင် မြင့်တက်လာခဲ့သည်။

ပထမက စုန့်ယိဝမ်၊ အခုက ရှုကျားရမ် နဲ့ ချင်ယီလု အထူးသဖြင့်ကတော့ ချင်ယီလုပဲ။ ကျင်းကျုံးပိုင်နဲ့ အတူ ဇာတ်ဝင်သီချင်းကို သီဆိုပြီးနောက် သူမရဲ့ ကျော်ကြားမှုက ချက်ချင်း မြင့်တက်လာခဲ့သည်။

ကျင်းကျုံးပိုင်က ချင်ယီလုကို ၎င်း၏ပရိသတ်တွေနဲ့ မိတ်ဆက်ပေးရန်အတွက် Weibo တွင် အထူးပို့စ်တစ်ခုတင်ခဲ့သည်။

ပရိတ်သတ်တွေက အလွန်စိတ်လှုပ်ရှားခဲ့ကြပြီး မှတ်ချက်များရေးရန် ချင်ယီလု၏ Weibo သို့ ပြေးခဲ့ကြသည်။

【အစ်ကိုကြီးကို ဂရုစိုက်၊ single ခွေးတွေကို စောင့်ရှောက်၊ ကျေးဇူးပြုပြီး သူ့ကိုဝေးဝေး ခေါ်သွားပါ။】

ပရိတ်သတ်တစ်ယောက်က ကျင်းကျုံးပိုင် အတွက် တိုက်ရိုက်မက်ဆေ့ချ် ပေးခဲ့သည် - အကိုကြီး၊ အစ်ကို့ရဲ့ နာမည်က ချင်ယီလုနဲ့ တကယ်ကို လိုက်ဖက်တယ်ဆိုတာ ရုတ်တရက် သိလိုက်ရတယ်။ သူတို့ကို ပေါင်းလိုက်ရင် အဲ့တာက မြောက်ဘက်ကို ခရီးထွက်တာပဲ။ အဲဒါက ငါတို့ရဲ့ fan club ရဲ့ နာမည်ပဲမဟုတ်လား [heart emoji]

ထိုအချိန်မှစ၍ ချင်ယီလုက တရားဝင် ပွဲဦးထွက်ခဲ့သည်။

ဇာတ်ဝင်သီချင်း "Between You and Me" ကို ရိုက်ကူးပြီးနောက် ယီလုက လေဆိပ်သို့သွားရာ Southern Weekly မှ သတင်းထောက်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။

"ယီလု ၊ ဒီတစ်​ခါ မစ္စတာ ကျင်း နဲ့ ဇာတ်​ဝင်​သီချင်းဆိုနိုင်​တယ်​လို့ ငါကြားခဲ့တယ်​၊ အဲ့ဒါကို ယီလုရဲ့ မန်​​နေဂျာ စီစဉ်​ထားတာလား"

"ကျွန်မကို အခွင့်အရေးပေးခဲ့တဲ့သူက အစ်မကျန်း ဖြစ်သင့်တယ်"

"ဒါဆို ပြောချင်တာက အစက မစ္စတာကျင်းက ကျန်းရှောင်ကို ဖိတ်ခဲ့တယ်လို့လား။ သူတို့က ဆက်ဆံရေးက အရမ်းကောင်းတာပဲ"

ချင်ယီလု မခို့တရို့ပြုံးလိုက်သည်။ "အစ်မကျန်းက လုပ်ငန်းမှာ နာမည်ကောင်းရှိတယ်လေ။ ဒါပေမယ့် သူမရဲ့အဆက်အသွယ်က ဘယ်လောက်ပဲ ကောင်းနေပါစေ ကျွန်မတို့ရဲ့ အရည်အချင်းတွေကို ပြသရမှာပဲ။ မဟုတ်ရင် မစ္စတာကျင်းက အဲ့တာကို ဝယ်မှာမဟုတ်ဘူးလေ ဟုတ်တယ်မလား"

သတင်းထောက်က စကားမပြောနိုင်ဘဲ ပြုံးရုံသာပြုံးခဲ့သည်။ ဒီ ချင်ယီလုက ဖြူစင်တဲ့ ယုန်တစ်ကောင်လို ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူမရဲ့ စိတ်ကတော့ တကယ်ကို မြန်ဆန်လွန်းသည်။ သူမက သူတို့မေးခွန်းတွေကို ပြန်လှည့်မေးပစ်လိုက်သည်။

ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ဘယ်သူကများ ချိတ်ဆက်မှုတွေကို အားမကိုးတဲ့သူရှိလဲ။

All Chapters