အခန်း (၈၅)
Vol. 7 Ch. 85
အဲ့တာက ကျန်းရှောင်ဖြစ်စေ၊ ကျင်းကျုံးပိုင်ဖြစ်စေ လျန့်ယွဲ့ပဲဖြစ်စေ နောက်ဆုံးရွေးချယ်မှုက နောက်ဆုံးရွေးချယ်မှုပဲ။ ကျန်းရှောင်၏ အနုပညာရှင်များရဲ့ ရွေးချယ်မှုက ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်ကို သဘာဝကျကျ ပြောပြနေသည်။
ထို့အတွက်ကြောင့် လူတိုင်းက ချင်ယီလုကို လေးစားမှုဖြင့် ကြည့်လာကြသည်။
ကျန်းရှောင်ကလည်း ကျိုးရှို့လင်းနှင့် သီးသန့်အတင်းပြောခဲ့သည်။ ပရိသတ်တွေက သူတို့ရဲ့ အိုင်ဒေါ တွေရဲ့ ပေါင်းသင်းဆက်ဆံရေးမှာ မကြာခဏ ကြိုတင်စာရင်းသွင်းထားလေ့ရှိပြီး အရင်တုန်းက ပရိသတ်တွေ အဆောက်အဦးပေါ်က ခုန်ချတဲ့ အဖြစ်အပျက်တွေ ရှိခဲ့သည်။
ကျန်းရှောင် ပဟေဠိဖြစ်သွားသည်။ "ကျင်းကျုံးပိုင်ရဲ့ ကျော်ကြားမှုက ပရိသတ်တွေကြားမှာ ဘာကြောင့် ဒီလောက်ကောင်းရတာလဲ"
ကျိုးရှ်ု့လင်း ရယ်လိုက်သည်။ "နာမည်ကြီးစုံတွဲတွေ တစ်တွဲပြီးတစ်တွဲ လူသိရှင်ကြား ထွက်လာတာ ဒါမှမဟုတ် ဖျော်ဖြေရေးနယ်ပယ်မှာ လက်ထပ်တာတွေက မကြာသေးခင်ကမှ ဖြစ်ထားတာကြောင့်မို့ ဖြစ်နိုင်သလို ကျင်းကျူံးပိုင်ရဲ့ ပရိသတ်တွေလည်း စိုးရိမ်ပူပန်နေကြတာ "
ကျန်းရှောင်က ချင်ယီလုမှာ နှစ်သက်ဖွယ်ကောင်းတဲ့မျက်နှာရှိသည်ကို အမြဲခံစားမိခဲ့သည်။ "ယီလု မှာ ချစ်စရာကောင်တဲ့ အသွင်အပြင်ရှိတယ်"
ကျိုးရှို့လင်း ခေါင်းလှည့်လိုက်သည်။ "လင်းဝူနဲ့ ခပ်ဆင်ဆင်တူတဲ့သူက ချစ်ဖို့ကောင်းတယ်လို့ မင်းထင်နေတာလား "
ကျန်းရှောင် ပြုံးဖြဲဖြဲလုပ်လိုက်သည်။ "သူမနဲ့ ခပ်ဆင်ဆင်တူတယ်လေ " ထို့နောက် သူမ ဗီဒီယိုဖိုင်တစ်ခုကို ဆွဲထုတ်ခဲ့သည်။
"ဒီပရိတ်သတ်လုပ်ထားတဲ့ ဗီဒီယိုကိုကြည့်ပါဦး မစ္စတာကျင်းနဲ့ ယီလုက တကယ်ကို လိုက်တယ် "
ဗီဒီယိုကိုကြည့်ပြီးနောက် ကျိုးရှို့လင်းက လေးနက်တဲ့အသံဖြင့် မေးလိုက်သည်။ "ချင်ယီလု အသက်ဘယ်လောက်လဲ"
"၂၃၊ ယီလု ရဲ့မွေးနေ့က ဇန်နဝါရီလ "
ကျိုးရှို့လင်း အတွေးထဲပျောက်သွားပုံရသည်။ "ကိုယ်နဲ့ကျင်းကျုံးပိုင်က အသက်တူတာကို မှတ်မိတယ်။ အဲ့ဒါကြောင့် စဥ်းစားလိုက်ရင် ချင်ယီလုက သူ့ထက် နှစ်နှစ်နီးပါးငယ်တယ်"
"အသက်က ပြဿနာမဟုတ်ပါဘူး မစ္စတာကျိုး အချစ်က အသက်အရွယ်အရ မခွဲခြားထားပါဘူး"
ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "ဟုတ်လား။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က တစ်စုံတစ်ယောက်က ကိုယ့်ကိုသူ့အတွက် အသက်ကြီးလွန်းတယ်လို့ တွေးပြီး ငြင်းခဲ့တာကို မှတ်မိသေးတယ်"
ကျန်းရှောင် - ".... ."
ကျိုးရှို့လင်း သူ့ပါးစပ်ထောင့်ကို ဆွဲပင့်လိုက်သည်။ "မဒမ်ကျိုး၊ မင်းရဲ့တန်ဖိုးတွေ ပြောင်းလဲသွားပုံပဲ"
ကျန်းရှောင် သဘောလည်းကျ စိတ်လည်းတိုသွားသည်။ "ဒါက ကြုံရာကျပန်း ဆင်ခြေတစ်ခုဆိုတာ ရှင်ကောင်းကောင်းသိပါတယ်။ အဲဒီတုန်းက ရှင်ကျွန်မကို တကယ်ကြိုက်မှန်း ကျွန်မမှမသိတာ"
သူမ သူ့ အင်္ကျီလက်ကို ဆွဲလိုက်သည်။ "မစ္စတာ ကျိုး၊ အရမ်းအမြင်းကျဥ်း မနေပါနဲ့၊ သုံးနှစ်ကျော်နေပြီ ရှင်က အတိတ်က အရာတွေကို မှတ်မိနေတုန်းနော်"
ကျိုးရှို့လင်း၏ အမူအရာက လေးနက်သွားသည်။ "မင်းနဲ့ပတ်သက်လာရင် ဒီလိုအမှတ်တရတွေကို ကိုယ့်နှလုံးသားထဲမှာ သဘာဝအတိုင်း သိမ်းထားမှရမယ်လေ"
ကျန်းရှောင် မျက်နှာက အရေထူပြီး ကြီးထွားလာပြီ။ သူမက သူ့ကို ချစ်ခင်စွာ ဆုပ်ကိုင်ထားပြီး သူ့ကို စိတ်ကျေနပ်အောင် ကြိုးစားလိုက်သည်။
"ဟန်နီ၊ ရှင်ကျွန်မကို စိတ်ဝင်စားတယ်ဆိုတာ ကျွန်မ သိခဲ့ရင် ဒီလောက် မိုက်မဲတဲ့အရာတွေ ဒီလောက်မိုက်မဲတဲ့ စကားလုံးတွေ အများကြီး ပြောမိခဲ့မှာ မဟုတ်ဘူးဆိုတာ သေချာတယ်" အဲဒါနဲ့ သူမ သူ့နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။
ကျိုးရှို့လင်းက သူမ၏ ချိုမြိန်တဲ့ စကားတွေကို သဘောကျသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ မေလ ရောက်ရှိလာပြီး ကျင်း မြို့တော်က နွေရာသီအဖြစ် ပြောင်းလဲသွားသည်။ ကျန်းရှောင်ရဲ့ မွေးနေ့လည်း နီးကပ်လာပြီပင်။
ကျိုးရှိုလင်းက ကျန်းရှောင် အိမ်မှာမရှိတာကို အခွင့်ကောင်းယူပြီး ကျိုးစစ်မူကို သတိပေးလိုက်သည်။ "မင်းအမေရဲ့မွေးနေ့ ရောက်လာတော့မယ်။ မင်းလည်းကြီးလာပြီ။ သူ့အတွက် လက်ဆောင်ပြင်ဖို့မမေ့နဲ့ဦး "
ကျိုးစစ်မူက စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ "ဖေဖေ၊ မေမေ့ကို ဘာလက်ဆောင်ပေးမှာလဲ"
ကျိုးရှို့လင်းက သူ့ဆံပင်တွေကို ဖွလိုက်သည်။ "ဒါက လျှို့ဝှက်ချက် "
ကျိုးစစ်မူ ပခုံးတွန့်လိုက်သည်။ "အဲ့ဒါက လက်စွပ် ဒါမှမဟုတ် ဆွဲကြိုး ဖြစ်ရမယ်။ ဖေဖေ၊ အဲဒါတွေက အနာဂတ်သားရဲ့မိန်းမအတွက် ဖြစ်လာလိမ့်မယ်"
ကျိုးရှို့လင်း ရင်နင့်သွားသည်။ "ဒါ ဘယ်သူပြောတာလဲ"
"မေမေပြောတာ။ မေမေက သား ကြီးလာလို့ အိမ်ထောင်ပြုရင် အဲဒီအရာတွေက သားရဲ့မိန်းမအတွက် ဖြစ်လိမ့်မယ်တဲ့"
ကျိုးရှို့လင်း၏ မျက်လုံးတွေ တွန့်သွားသည်။ "မင်းရဲ့မိန်းမကို မင်းဘာမင်း လက်ဝတ်ရတနာတွေ ကိုယ်တိုင်ဝယ်ပေးပေါ့။ မင်းအမေကို ငါပေးမယ့် လက်ဆောင်က အကန့်အသတ်မရှိဘူး။ နားလည်လား"
ကျိုးစစ်မူက အခြေအနေကို နားမလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "ဖေဖေ၊ ဖေဖေ့မှာ လက်လွှတ်ဖို့ ခက်တဲ့အချိန် ရှိနေတယ်မဟုတ်လား"
နောက်တစ်နေ့တွင် သူ သူငယ်တန်းသို့သွားကာ သော်သော်နှင့် ရန်ရန်ကိုမေးခဲ့သည်။ "သိပ်မကြာခင် မေမေ့ရဲမွေးနေ့ရောက်တော့မယ်၊ ငါ ဘာလက်ဆောင်ပေးရမလဲ"
သော်သော် ပြောလိုက်သည်။ "ငါကတော့ မေမေ့ကို နမ်းပြီး သီချင်းတစ်ပုဒ် ဆိုပေးမယ်"
ရန်ရန် ပြောလိုက်သည်။ "ငါကတော့ မေမေ့ရဲ ကျောကို နှိပ်ပေးမယ်"
ကျိုးစစ်မူက သူတို့ကိုဆက်ပြောလိုက်သည်။ "မေမေ့ မွေးနေ့ ရောက်တော့မယ်။ သူ့အတွက် ဘာလက်ဆောင်ပေးရင်ကောင်းမလဲ။ ဆွဲကြိုး ဒါမှမဟုတ် စိန်လက်စွပ်က ကလေးဆန်လွန်းတယ်၊ ငါ့အဖေက အဲဒါတွေ အမြဲပေးနေတာ"
ရန်ရန် ခေါင်းကုတ်လိုက်သည် - "...."
သော်သော်က ခဏလောက် စဉ်းစားလိုက်သည်။ "နင့်အမေအတွက် အဝတ်အစားတွေ ဝယ်ပေးလို့ရတယ်လေ။ဝတ်စုံလှလှလေးပေါ့"
ကျိုးစစ်မူ ခေါင်းခါလိုက်သည်။ "ငါရွေးတာ မှားသွားနိုင်တယ်"
ရန်ရန်က စိတ်အားထက်သန်စွာ အကြံပေးလိုက်သည်။ "ကိတ်မုန့်ဝယ်ပေးလိုက်။ ငါက ကိတ်မုန့်စားရတာ အကြိုက်ဆုံးပဲ"
ကျိုးစစ်မူ သက်ပြင်းချလိုက်သည်။ "ကလေးဆန်လွန်းတယ်။ ကိတ်မုန့်တွေ အများကြီးစားရင် ကိုယ်အလေးချိန်တက်လာပြီး ငါ့အမေ နောက်ပိုင်း ဝိတ်ကျချင်နေလိမ့်မယ်"
ကလေးတွေ ငါ့ကိုကြည့်နေတယ်၊ ငါလည်း သူတို့ကိုပြန်ကြည့်လိုက်ပြီ။
ကျိုးစစ်မူ မတ်တပ်ရပ်လိုက်သည်။ "ငါ ဆရာမကို သွားမေးလိုက်မယ်"
ဆရာမက နားထောင်ပြီးပြောလိုက်သည်။ "စစ်မူ က တကယ်ကို အလေးထားတတ်တာပဲ။ သားကိုယ်တိုင်လုပ်ခဲ့တာဟာ ဘာပဲဖြစ်ဖြစ် သားရဲ့အမေက သဘောကျလိမ့်မယ်"
"ဆရာမ၊ ဒါဆို သား မိသားစုပုံလေးဆွဲလိုက်မယ်"
ဆရာမရဲ့ မျက်လုံးတွေတွန့်သွားခဲ့သည်။ “ရတာပေါ့။ ဒါပေမယ့် သား နောက်ထပ်လက်တောင် တစ်ခုကိုလည်း စဉ်းစားသင့်တယ်။"
ကျိုးစစ်မူရဲ့ ပန်းချီကားတွေက တကယ်ကို ကြောက်စရာကောင်းပြီး ပုံဆွဲထားတာလို့ စဉ်းစားလို့မရနိုင်ပေ။
ကျိုးစစ်မူက သူ့အကြံဥာဏ်က ကောင်းသည်ဟု ခံစားမိသည်။ "အဲ့ဒါက မေမေ့ရဲ့မွေးနေ့ ပြီးတော့ အဖိုးလည်း ပြန်လာမှာ။ ဆရာမ ရှောင်လျို၊ သားအဖိုးက အရည်အချင်းရှိတဲ့ ပန်းချီဆရာတစ်ယောက်။ သား ပုံဆွဲတာကိုမြင်လည်း သူပျော်သွားမှာ သေချာတယ်"
ဆရာမက အံသြပြီး စကားတွေ ပျောက်ရှသွားသည်။ "သားရဲ့ အဖိုးက သား ပုံဆွဲတာကို မြင်ရင်သေချာပေါက် အံ့သြသွားလိမ့်မယ်။ စစ်မူ၊ ကောင်းကောင်း လေ့ကျင့်ပြီး သားရဲ့အမေကို အကောင်းဆုံးတစ်ပုံ ပေးလိုက်နော် "
ကျိုးစစ်မူ ခေါင်းညိတ်လိုက်သည်။ "ဆရာမ၊ သား နားလည်ပါပြီ"
ဆရာမ၏ သားသမီးတိုင်းက ထိပ်တန်းကျောင်းသူကျောင်းသားတွေ မဟုတ်ဘူး၊ အနုပညာရှင်ရဲ့ကလေးတွေ အားလုံးက အနုပညာရှင်တွေ မဟုတ်ကြမှန်း သိလိုက်ရသဖြင့် ဆရာမက သက်ပြင်း တိုးတိုးလေးချလိုက်သည်။
ကျန်းယိက မေလ ပထမပတ်တွင် ပြန်လာခဲ့သည်။ ကျန်းရှောင် က သူ့ကိုကြိုဖို့ ဘူတာရုံကို သွားခဲ့သည်။ သူ့ကိုတွေ့တာနဲ့ သူမ မျက်ရည်တွေ ကျလုမတတ်ပင်။ "ဖေဖေ၊ ဘာလို့ ကိုယ်အလေးချိန် အရမ်းကျသွားတာလဲ"
ကျန်းယိ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ " အဖေက ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် မနေနိုင်လို့ဖြစ်မယ်"
ကျန်းရှောင် ခဏလောက်စဉ်းစားလိုက်သည်။ "ဖေဖေ၊ မနက်ဖြန်ကျရင် ကျန်းမာရေး ဆေးစစ်ကြည့်ရအောင်"
ကျန်းယိက သူမလက်မောင်းကို ပုတ်လိုက်သည်။ "အဖေ့ ခန္ဓာကိုယ်က အကောင်းကြီးရှိနေတာကို အဖေ သိတယ်။ ဘာမှမဖြစ်ပါဘူး"
ကျန်းရှောင်က ဒီအခိုက်အတန့်မှာ သူ့ကို မဆွဲဆောင်နိုင်မှန်း သိသောကြောင့် သူမ စကားထပ်မပြောခဲ့ပေ။ "ပြန်ကြရအောင်လေ"
ကားက ရထားဘူတာမှ ထွက်ခွာသွားပြီးနောက် လမ်းတစ်လျှောက်လုံးက ရှင်းလင်းနေသည်။
ကျန်းယိ ပြတင်းပေါက်မှအပြင်ဘက်ကို လှမ်းကြည့်နေပြီး သားအဖ နှစ်ယောက်လုံး တိတ်ဆိတ်နေသည်။ " ရှောင်ရှောင် အဖေ သတင်းတွေတွေ့ပြီးပြီ "
ကျန်းရှောင် ခဏတာမျှ မတုံ့ပြန်ခဲ့ပေ။ "ဘာကိုလဲ"
ကျန်းယိ သူ့အကြည့်ကိုပြန်လှည့်လာသည်။ "မင်းအမေ အဲဒါကို သိတယ် မဟုတ်လား"
ကျန်းရှောင်ရဲ့ခြေထောက်က တောင့်တင်းလာပြီး ဘရိတ်ကို နင်းလုနီးပါးပင်။ ကံကောင်းစွာနဲ့ပဲ သူမရဲ့ မြန်ဆန်တဲ့တုံ့ပြန်မှုက မတော်တဆမှုကို တားဆီးနိုင်ခဲ့သည်။
ဒါပေမယ့် သူမ ထိတ်လန့်နေဆဲဖြစ်ပြီး ချွေးအေးတွေ ထွက်လာခဲ့သည်။ "ဖေဖေ၊ သမီးတို့ ပြန်ရောက်မှ ဒီအကြောင်း ပြောကြရအောင်"
နာရီဝက်လောက်ကြာတော့ သူတို့အိမ်ပြန်ရောက်လာကြသည်။ ကျန်းရှောင်က ကားဂိုဒေါင်ထဲတွင် ကားကိုရပ်လိုက်ပြီး သားအဖနှစ်ယောက်၏ မျက်နှာတွေက ထူးထူးခြားခြား လေးနက်နေသည်။
ကျိုးရှို့လင်းနှင့် ကျိုးစစ်မူတို့ နှစ်ယောက်လုံး အိမ်ပြန်ရောက်နေကြပြီဖြစ်ပြီး ကျန်းရှောင် တံခါးဖွင့်လိုက်သည်။ ကျိုးစစ်မူက အပြေးအလွှားထွက်ကာ ကျန်းယိ၏ နံဘေးသို့ ပြေးသွားပြီး သူ့ခြေထောက်ကို ပွေ့ဖက်ခဲ့သည်။
"ဖိုးဖိုး၊ နောက်ဆုံးတော့ ပြန်လာပြီပေါ့ သားက ဖိုးဖိုးကို အရမ်းလွမ်းနေတာ"
ကျန်းယိ၏ နှလုံးသားက တခဏချင်း နူးညံ့သွားသည်။ သူ ဒူးထောက်ထိုင်ချလိုက်ပြီး သူ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။ "ပဲပင်ပေါက်လေးက အရပ်ရှည်ပြီး ထွားလာလိုက်တာ"
ပဲပင်ပေါက်ကလေးက ထပ်ခါတလဲလဲခေါင်းညိတ်လိုက်သည်။ "ဘာလို့လဲဆိုတော့ သားက နေ့တိုင်း စကားနားထောင်ပြီး နွားနို့သောက်လို့၊ အစာများများစားလို့လေ "
ကျန်းယိ သူ့ကို ပွေ့ဖက်လိုက်သည်။ "ကောင်းတယ်၊ တကယ်ကောင်းတယ်၊ ဖိုးဖိုးလည်း မင်းကို လွမ်းနေတာ"
ပဲပင်ပေါက်ကလေး နှုတ်ခမ်းစူလိုက်သည်။ " လိမ်နေတာ "
ကျိုးရှို့လင်း မျက်မှောင်ကြုတ်လိုက်သည်။ "စစ်မူ.."
ပဲပင်ပေါက်လေး နှာမှုတ်လိုက်သည်။ "ဖိုးဖိုးက သားကို လွမ်းတယ်ဆိုရင် သားကိုဘာလို့ လာမတွေ့တာလဲ။ အဖိုးနဲ့ အဖွားဆို နေ့တိုင်း သားနဲ့ ရှိနေပေးတာ။ မူမူက ဖိုးဖိုးကို မသွားစေချင်ဘူး" ကျိုးစစ်မူ စကားပြောနေစဉ် မျက်ရည်တွေကျလာသည်။
ကျိုးရှို့လင်း နဖူးကို ပွတ်လိုက်သည်။ ဒီကလေး သရုပ်ဆောင်နေတာက ရှက်စရာပဲ။ မျက်ရည်တွေက ချက်ချင်းကျလာတယ်။
ကျန်းယိ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားသည်။ "မငိုပါနဲ့တော့နော်၊ စစ်မူ၊ ဖိုးဖိုးက ဒီတစ်ခါ မထွက်သွားတော့ဘူး၊ ဖိုးဖိုး မင်းနဲ့ နေ့တိုင်းရှိနေပေးမယ်နော်"
ကျိုးစစ်မူ နှာရှုပ်ရင်း သူ့အသံက ကလေးဆန်နေခဲ့သည်။ "ဖိုးဖိုး၊ လက်သန်း ကတိလုပ်ရအောင်၊ သားကို မလိမ်ပါနဲ့ ဟုတ်ပြီလား"
"ကောင်းပြီ လက်သန်းကတိလုပ်မယ်။ နှစ်တစ်ရာထိ မပြောင်းလဲဘူး။ လိမ်ရင် ခွေးလေး ဖြစ်"
သူတို့အိမ်မှာရှိနေတာကြောင့် ကျန်းယိနှင့် ကျန်းရှောင် တို့သည် ထိုကိစ္စကို နောက်တစ်ကြိမ် ထပ်မဆွေးနွေးဘဲ တိတ်တဆိတ် ရှောင်ခဲ့ကြသည်။
ညစာပြင်ဆင်နေစဉ်အတွင်း အိမ်အကူအန်တီက ကျန်းရှောင်ကို စကားပြောခဲ့သည်။ “သမီးရဲ့ အဖေ ကိုယ်အလေးချိန် အများကြီး ကျသွားတယ်နော်။ အချိန်ရရင် သူ့ကို ဆေးစစ်ဖို့ ခေါ်သွားလိုက်ပါဦး။ အန်တီက အသက်ကြီးပြီဆိုတော့ လူ အများကြီးတွေ့ဖူးတယ်။ အန်တီ့ဆီမှာ ရုတ်တရက် ကိုယ်အလေးချိန် ကျသွားပြီးတော့ အသည်းကင်ဆာ ဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ အန်တီသမီးကို ခြောက်တာ မဟုတ်ဘူးနော်။အသက်ကြီးလာတာနဲ့အမျှ ကိုယ်အလေးချိန် ရုတ်တရက်ကျသွားတာ ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး"
ကျန်းရှောင်ရဲ့ နှလုံးခုန်သံတွေ ခုန်ပျံသွားခဲ့သည်။ "ကျွန်မ သိပါတယ်။ ဒီနေ့ အဖေ့ကို တွေ့တော့ ကျွန်မ သူ့ကို မမှတ်မိတော့သလို ဖြစ်တော့မလို့ "
"အဆင်ပြေသွားမှာပါ။ အဆင်ပြေပါတယ်။ စိတ်ချမ်းချမ်းသာသာနေရအောင် ဆေးစစ်ချက်ယူလိုက် "
အိမ်အကူက သူမကို နှစ်သိမ့်ပေးခဲ့သည်။ "သမီးရဲ့ယောကျ်ားနဲ့ ဆွေးနွေးလိုက်ဦး"
ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။