အခန်း (၈၆)
Vol. 7 Ch. 86
ကျန်းရှောင်၏ မွေးနေ့တွင် ကျိုး မိသားစုက မြို့တော်ရှိ အဆင့်မြင့် ဟိုတယ်တစ်ခုတွင် သီးသန့်အခန်းကို ကြိုတင်ချိတ်ထားခဲ့သည်။ ဦးလေး ကျိုး၊ အန်တီ ကျိုးနဲ့ သူတို့ချွေးမ မိသားစုတွေ အားလုံး လာကြသည်။
အဖိုးနဲ့ အဖွားကျိုးတို့က မလာပေမယ့် ကျန်းရှောင်ကို ကျောက်စိမ်းဆွဲသီးတစ်လုံး ပေးဖို့ မေမေ ကျိုးကို ပြောခဲ့သည်။
ကျန်းရှောင်မှာ ကျေးဇူးတင်စကားနှင့် ပြည့်နေခဲ့သည်။ လူကြီး နှစ်ယောက်က သူမအပေါ် အမှန်တကယ် ကြင်နာကြပြီး သူမကို အပြင်လူလို မဆက်ဆံကြောင်း သူမ သိသည်။
အဖွား ကျိုး ဒီတစ်ခါ ယူလာခဲ့တဲ့ ရတနာတွေကို အမျိုးသမီး တော်တော်များများ သိချင်နေကြသည်။ ဒီဆွဲသီးကိုကြည့်ပြီး ယောက်မက စခဲ့သည်။
"ဒီဆွဲသီးကို ငါအရင်က နားပူနားဆာလုပ်ခဲ့တာ။ အဖွား ကျိုးကတော့ သူ့မြေးမကို တကယ်သဘောကျပြီး ကျန်းရှောင်ကို ကောင်းတဲ့အရာအားလုံးကို ပေးနေတာပဲနော် "
မေမေကျိုးရဲ့ ပါးစပ်ထောင့်က အပြုံးအဖြစ်ကွေးတက်သွားသည်။ "သူမ စကားပြောတဲ့ပုံစံကို ကြည့်ပါဦး"
ကျိုး မိသားစု၏ ယောက်မတွေနဲ့ ဝမ်းကွဲများကြား ဆက်ဆံရေးက အမြဲတမ်း နီးနီးကပ်ကပ်ရှိပြီး အချင်းချင်း စနောက် လေ့ရှိသည်။ ယောက်မက ကျောက်စိမ်းဆွဲသီးကို ဖယ်ပြီး စကားပြောလိုက်သည်။
“ပြီးခဲ့တဲ့ တစ်ခေါက်က ဆွဲကြိုးကို စမ်းဝတ်ကြည့်သေးတယ် နင်တို့တွေ မသိဘူး အိမ်က လူရှုပ်လေး နှစ်ကောင်က ငါ့ကိုဘာပြောတယ်ထင်လဲ 'မေမေ၊ မေမေတော့ သွားပြီ၊ သားတို့မှာ ဒါတွေအားလုံးရှိတယ်မဟုတ်လား' ငါ့လက်တွေတုန်ပြီး ရူးလုမတတ်ပဲ "
လူတိုင်း အသက်ရှူမဝလောက်အောင် ရယ်မောခဲ့ကြသည်။
မေမေကျိုးက ခေါင်းခါခဲ့သည်။ "အဲ့နေ့က မူမူက ရှို့လင်းကိုပြောခဲ့တယ် ရှောင်ရှောင်ရဲ့ လက်ဝတ်ရတနာတွေအားလုံးက သူ့ရဲ့အနာဂတ်ဇနီး ပိုင်ဆိုင်ရမယ့်ဟာတွေတဲ့လေ။ ရှို့လင်း အိမ်ပြန်ရောက်လာတော့ ကလေးတွေ ရှေ့မှာ အဲ့လိုအတွေးတွေ မထည့်ပေးဖို့ အထူးလာသတိပေးသွားတယ်။ အဲ့ဒီတုန်းက သူ့အမူအရာကတင်းမာနေတာပဲ"
ဒုတိယယောက်မက သက်ပြင်းချလိုက်သည်။ " ယောက်မအကြီး၊ ကျွန်မကို မနာလိုဖြစ်အောင် မလုပ်ပါနဲ့ "
အစ်မ ကျိုးက ပြောလိုက်သည်။ "ရှို့ဇဲ ရဲ့ အခြေအနေက မသေချာသေးဘူးလား"
ဒုတိယယောက်မက ခေါင်းခါပြလိုက်သည်။ "အမျိုးသား ပါရဂူကျောင်းသားဆိုတာကလည်း တော်တော်လေးကို စိန်ခေါ်ရတယ်"
ကျန်းရှောင်က သူ့သားကို စစ်ဆေးရန် အကြောင်းပြချက်ကို အသုံးပြု၍ စကားစမြည်ပြောနေရာမှ အမြန်ထွက်လာခဲ့သည်။
ကျိုးစစ်မူက သူ၏ အန်တီလေးတွေနဲ့ ဝမ်းကွဲများနှင့်အတူ "Draw and Guess" ဂိမ်း ကစားနေသည်။ အကြိမ်အနည်းငယ် ဆော့ကစားပြီးနောက် တီတီရင်အန်းနဲ့ တီတီရင်ပိုင်တို့ နှစ်ယောက်စလုံး ပြိုကျလုနီးပါးဖြစ်နေပြီပင်။
ကျန်းရှောင် လာနေတာကိုမြင်တော့ သူတို့ ကယ်တင်ခြင်းခံရပြီလို့ ထင်နေကြသည်။ "မမ၊ စစ်မူကို ပန်းချီသင်တန်းမှာ စာရင်းသွင်းပေးလိုက်ပါလား"
ကျန်းရှောင်က သူမရဲ့ အပြုံးကိုဖိနှိပ်ထားသည်။ "တကယ်တော့ မမတို့လည်း သူ့ကို စာရင်းသွင်းဖို့ စီစဉ်နေတာ။ သူက ပုံဆွဲရတာလည်း ဝါသနာပါတယ်လေ"
ရင်အန်း သက်ပြင်းချလိုက်သည်။ "စစ်မူက သူ့ယုံကြည်မှုကို ဘယ်ကရသွားမှန်း မသိဘူး။ မမ၊ သူ့ရဲ့ရုပ်ဆိုးတဲ့ပုံတွေကို ဝေဖန်ရတာ အဆင်မပြေသလို ခံစားရတယ်"
ရင်ပိုင် ခေါင်းညိတ်လိုက်သည်။
ကျန်းရှောင်က သူတို့ရဲ့ ခံစားချက်ကို နားလည်သည်။ "ညီမလေးတို့ရဲ့ ကြိုးစားမှု အတွက် ကျေးဇူးတင်ပါတယ်။ အသီးတွေ သွားစားလိုက်ကြဦး။ မမ သူနဲ့နေပေးလိုက်မယ် "
ရင်အန်းက သူမရဲ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။ "နိုး နိုး နိုး၊ ညီမတို့ သူနဲ့ ကစားရတာ အရမ်းပျော်ပါတယ်။ မမနဲ့ မမယောကျ်ားက မူမူရဲ့ ပညာရေးမှာ ပိုအားစိုက်သင့်တယ်လို့ ထင်တယ်"
ကျန်းရှောင် စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "စိတ်ချပါ ၊အစ်မရဲ့ မူလတန်းကျောင်းသူလေးနှစ်ယောက်ရဲ့ စာသင်တဲ့အနိုင်ကျင့်မှုလေးကို စိတ်ချထား " ကျိုးစစ်မူရဲ့ ပန်းချီကားကိုကြည့်ရင် အဲ့တာကဖော်ပြရခက်သည်။
ကျန်းရှောင် ချဉ်းကပ်လာတာကို မြင်တော့ ကျိုးစစ်မူ က သူ့ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်လုပ်ပြီး ကစားတာရပ်လိုက်သည်။ ဒီနေ့ သူ့အမေနဲ့ သင့်တော်တဲ့ စကားမပြောရသေးဘူး အခု နောက်ဆုံးတော့ အခွင့်အရေးရလာပြီ။
"မေမေ" လို့ စကားလုံးတစ်လုံးကို တစ်ခါ ခေါ်လိုက်သည်။ "မေမေ" လို့ သူ တိုးတိုးလေးနဲ့ ထပ်ခေါ်လိုက်ပြန်သည်။ "ဒီနေ့ မေမေ အရမ်းလှနေတယ်"
ကျန်းရှောင် သူမမွေးနေ့အတွက် ၀တ်စုံအသစ်၊ အရုပ်ကော်လာနှင့် စကတ်ကြီးကြီး တစ်ထည်နှင့် မီးခိုးရောင်ရင့်ရင့် ၀တ်စုံကို တမင်ဝတ်ထားခဲ့သည်။ "ကျေးဇူးတင်ပါတယ် အသည်းတုံးလေး။ လာ၊ ဓာတ်ပုံသွားရိုက်ရအောင်"
ကျိုးစစ်မူက ကင်မရာကို ပြုံးပြလိုက်သည်။
ဓါတ်ပုံရိုက်ပြီးတဲ့နောက်မှာတော့ သားအမိနှစ်ယောက်က ဓါတ်ပုံကိုကြည့်ပြီး စိတ်အားထက်သန်နေကြသည်။
ကျန်းရှောင် မချီးကျူးဘဲမနေနိုင်ခဲ့ပေ။ "မေမေ့သားလေးက ချောလိုက်တာ "
ကျိုးစစ်မူက သူ့မျက်နှာကို အုပ်ထားသည်။ သူ့အမေ သူ့ကို ချီးကျူးလိုက်တိုင်း သူ ဒီလို တုံ့ပြန်တတ်သည်။ "မေမေ၊ မေမေလည်း လှတယ်"
ကျန်းရှောင်၏ မျက်နှာမှာ ပျော်ရွှင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
ကျိုးစစ်မူက သူ့လက်ကို လျှောချလိုက်သည်။ "မေမေ၊ သားကို သရုပ်ဆောင်လုပ်ခိုင်းလို့ ရမလား၊ မေမေ့ကို ၀တ်စုံတွေ အများကြီး ဝယ်ပေးဖို့ ပိုက်ဆံရှာမယ်"
ကျန်းရှောင် မျက်ရည်တွေကျလာသည်။ "အသည်းတုံးလေးရယ်။ ကျေးဇူးတင်ပါတယ်နော် "
ကျိုးစစ်မူက ခမ်းနားထည်ဝါတဲ့ လေကိုပြပြီး သူမပခုံးကို လက်ဖြင့်ပုတ်လိုက်သည်။ " ရပါတယ် !"
ဘေးမှာထိုင်နေတဲ့ ကျိုးယန်ယန်မှာတော့ ပါးစပ်ထောင့်တွေ တွန့်သွားသည်။ သူ့အစ်ကိုကော အိမ်မှာ ဒီလိုမြင်ကွင်းမျိုး အမြဲကြုံဖူးလား။ ကျန်းရှောင်က ကလေးမွေးဖွားပြီး ခွဲစိတ်မှုခံယူပြီးနောက် ကြီးမားတဲ့ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရပြီး သူမ၏နည်းလမ်းများမှာလည်း ပိုခေတ်မီလာသည်။
သူမ၏ စီစဉ်မှုအောက်တွင် စုန့်ယိဝမ်သည် ဟွားရှ ဖျော်ဖြေရေးနယ်ပယ်တွင် ခွန်အားနှင့် ကျော်ကြားမှု၏ မှတ်တိုင်တစ်ခုဖြစ်လာပြီဟု ဆိုရမည်ဖြစ်သည်။ ကျန်းရှောင် သူ့အတွက် ရွေးချယ်တဲ့ အခန်းကဏ္ဍတိုင်းက သူ့ကို အမြင့်အသစ်တွေကို တက်လှမ်းနိုင်စေသည်။
မန်နေဂျာ တစ်ယောက်ဖြစ်ရတာ ခက်ခဲတယ်၊ ပင်ပန်းတယ်၊ စိတ်ပျက်စရာကောင်းသည်။ ကျန်းရှောင် ဒါကို ဘာကြောင့် မစဉ်းစားနိုင်ခဲ့တာလဲ။
ထိုအချိန်တွင် ကျန်းရှောင် ဖုန်းလာလို့ အပြင် ထွက်သွားခဲ့သည်။
ကျိုးယန်ယန်က ကျိုးစစ်မူ လာဖို့ လက်ဟန်ပြလိုက်တော့ သူက နာခံစွာဖြင့် လိုက်နာခဲ့သည်။
"တီတီ ဦးဦး မလာဘူးလား" လို့ ကျိုးစစ်မူ မေးလိုက်သည်။
ကျိုးယန်ယန် မျက်လုံးပြူးသွားသည်။ "ဒါကို မင်းကိုဘယ်သူပြောတာလဲ"
"သား အဖွားနဲ့ တီတီ ပြောနေတာကို ကြားတာ။ အဖွားပြောတာက ဦးဦးက အရမ်းချောပေမယ့် နည်းနည်းတော့ ချစ်စရာကောင်းတယ်တဲ့။ ဟီးဟီး ဟီး... ဦးဦးက အရမ်းချစ်စရာကောင်းလား"
ကျိုးယန်ယန် ရယ်တာကို မထိန်းနိုင်ခဲ့ပေ။ "ဦးဦးက မင်းလောက် ချစ်စရာမကောင်းဘူး" သူမ သူ့ပါးလေးကို နမ်းလိုက်သည်။
ကျိုးစစ်မူ "အို့ "ဆိုတဲ့အသံထုတ်လိုက်သည်။ "ဒါပေမယ့် သားမှာ ခရင်မ်မရှိဘူး။ သားဖေဖေလည်း မေမေ့ပါးစပ်မှာ ပျားရည်တွေ သုတ်ထားတယ်လို့ အမြဲပြောပေမယ့် မေမေ့ပါးစပ်က အရသာလည်းမရှိဘူး"
ကျိုးယန်ယန် - "......."
ကျန်းရှောင် ကော်ရစ်ဒါဘက်သို့ လျှောက်သွားကာ ဖုန်းကိုင်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
တစ်ဖက်စွန်းမှ နူးညံ့သိမ်မွေ့တဲ့အသံက ဖြည်းဖြည်းချင်းထွက်လာသည်။ " ရှောင်ရှောင် မွေးနေ့မှာ ပျော်ရွှင်ပါစေ"
ကျန်းရှောင် လက်သီးဆုပ်လိုက်ပြီး ခေါင်းကို အနည်းငယ်စောင်းကာ တွေးလိုက်မိသည်။ ဒီတော့ မှတ်မိနေတယ်ပေါ့။ "ကျေးဇူးတင်ပါတယ် "
လျန့်ယွဲ့ ထံမှ ခဏတိတ်ဆိတ်သွားသည်။ "သမီးအတွက် လက်ဆောင် ပြင်ထားတယ် မနက်ဖြန်ကျရင် သမီးရဲ့ကုမ္ပဏီကို ပို့လိုက်မယ် "
သူမ လူကိုယ်တိုင်ပေးလိုက်ရင် ကျန်းရှောင် လက်မခံမှာကို သူမကြောက်တယ်။
ကျန်းရှောင် မျက်မှောင်ကြုတ်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။ "ကျွန်မအဖေ ပြန်လာပြီ"
လျန့်ယွဲ့ရဲ့ အသက်ရှုသံက ပြောင်းသွားခဲ့သည်။ "သူအဆင်ပြေရဲ့လား"
" သူ့ကိုယ်သူ ပြည်နှင်ဒဏ်ပေးထားတဲ့ ယောကျ်ားတစ်ယောက်ကို အဆင်ပြေမယ်လို့ ထင်လား"
လျန့်ယွဲ့လည်ချောင်း ရှင်းလိုက်သည်။ " ရှောင်ရှောင်၊ မင်းအဖေနဲ့ ငါ့ကြားက အဖြစ်အပျက်က မင်းထင်သလိုမျိုးမဟုတ်ဘူး။ ငါတို့ အတူတူနေခဲ့ကြပေမယ့် အဲ့တာက ငယ်ငယ်တုန်းက။ လူတွေက ငယ်ရွယ်တုန်းမှာ အမှားတွေ လုပ်တတ်ကြတယ်”
"ဒါဆို ကျွန်မ မွေးလာတာက အမှားလို့ ဆိုလိုတာလား"
လျန့်ယွဲ့ ၏ တိတ်ဆိတ်မှုက ကျန်းရှောင်ကို နက်ရှိုင်းစွာ နှိုးဆော်လိုက်ပြန်သည်။ "ဒါတွေအားလုံးကို ပြောပြဖို့ ကျွန်မကို ဖုန်းဆက်တာဆိုရင်တော့ ကျွန်မတို့မှာ ဆက်ပြောစရာ မလိုတော့ဘူး"
" ရှောင်ရှောင်၊ စိတ်ရှည်ရှည် ထားလို့မရဘူးလား။ ကိစ္စတော်တော်များများက မင်းရဲ့ယူဆချက်ပဲလေ။ မင်းငါ့ရဲ့ရှင်းပြချက်ကို တစ်ခါမှ နားမထောင်ဖူးဘူး။ ကိစ္စတွေကို မင်းရဲ့ကိုယ်ပိုင်ရှုထောင့်ကနေ အမြဲကြည့်တယ်"
"ကျွန်မသိတာတစ်ခုက ကျွန်မအမေက ကျွန်မကို စွန့်ပစ်ခဲ့တယ် အနှစ်နှစ်ဆယ်ကျော် လျစ်လျူရှုခဲ့တယ်ဆိုတာပဲ"
"ရပြီ၊ ဒီနေ့ ဒီအကြောင်းကို မပြောပါရစေနဲ့။ ရှောင်ရှောင်၊ အမေက မင်းကို မွေးနေ့မှာ ပျော်ရွှင်ပါစေဆိုတဲ့စကားလေးပဲ ပြောချင်တာ။ နောက်ဆုံးတော့ လွန်ခဲ့တဲ့ နှစ်ဆယ့်ခြောက်နှစ်တုန်းက မင်းကို ငါမွေးတုန်းကလည်း အသက်သေဆုံးတဲ့ အခြေအနေရောက်တဲ့အထိပဲ"
ကျန်းရှောင်၏ အမူအရာ တင်းမာလာပြီး နောက်ဆုံးတွင် သူမ မီးပုံးပျံတစ်ခုလို အနိုင်ယူသွားခဲ့သည်။ "ကျွန်မတို့က သူစိမ်းတွေ လုပ်လို့မရဘူးလား။ ဆရာမရဲ့ အလျော်ပေးတာကို ကျွန်မ တကယ် မလိုအပ်ဘူး၊ ကျွန်မလိုလည်း မလိုချင်ဘူး"
သူမ ဒေါသတကြီးဖြင့် ဖုန်းချပစ်လိုက်သည်။
လှည့်လိုက်တော့ ကျိုးရှို့လင်းက မဝေးတဲ့နေရာမှာ ရပ်နေပြီး အရပ်ရှည်ရှည် ခပ်မတ်မတ်နဲ့ သစ်ပင်ကြီးတစ်ပင်လို မတ်တတ်ရပ်ကာ သူမဘေးမှာ အမြဲစောင့်ကြပ်နေသည်။
ခြေလှမ်းတစ်လှမ်းချင်း သူ့ဆီလှမ်းလာပြီး ပြုံးပြလိုက်သည်။ ရုတ်တရက် သူမလက်ကိုဖွင့်ပြီး သူ့ကို ဖက်လိုက်သည်။
ကျိုးရှို့လင်းက ဘာမှ မမေးဘဲ သူမနောက်ကျောကို ညင်သာစွာ ပုတ်ပေးခဲ့သည်။
ကျန်းရှောင်က သူ့ကို တစ်မိနစ်လောက် ဆုပ်ကိုင်ထားရင်း သူမရဲ့ ခံစားချက်တွေကို ငြိမ်သက်သွားစေခဲ့သည်။ "ရှင်ဘာလို့ ထွက်လာတာလဲ"
"မင်းရဲ့ဖုန်းနဲ့ အလျင်စလို ထွက်သွားတာ ကိုယ်မြင်လိုက်လို့ " တစ်စုံတစ်ခုက သူမကို အနှောင့်အယှက်ဖြစ်စေကြောင်း သူ ပြောနိုင်သည်။
ကျန်းရှောင် သူ့ကိုကြည့်လိုက်သည်။ "အထဲကို ပြန်မဝင်ခင် ခဏလောက် စောင့်ရအောင်။ ဘာပဲဖြစ်ဖြစ် လူကြီးတွေ အားလုံး အထဲမှာရှိတယ် ပဲပင်ပေါက်လေးကို စောင့်ကြည့်ပေးနေတဲ့သူလည်း ရှိနေတာပဲ"
"ကောင်းသားပဲ" ကျိုးရှို့လင်းက သူမလက်ကိုဆွဲပြီး ဟိုတယ်နောက်ဘက်ရှိ အပန်းဖြေနေရာသို့ လိုက်ပို့ပေးခဲ့သည်။
နေ့ခင်းဘက်အချိန်က အေးအေးဆေးဆေးနဲ့ ပေါ့ပေါ့ပါးပါးဖြစ်ခဲ့သည်။
ဝါးတောကြီးက စိမ်းလန်းစိုပြေပြီး လေတိုက်တော့ သာယာတဲ့အသံကို ဖန်တီးပေးနေသည်။
သူတို့နှစ်ယောက် ရှေ့ကိုတစ်လှမ်းပြီးတစ်လှမ်း လျှောက်လာခဲ့ကြသည်။
ကျန်းရှောင်၏ အသံက ရေကဲ့သို့ ငြိမ်သက်နေသည်။ "ကျွန်မ အသက် ဆယ့်သုံးနှစ်မှာ သူမ မသေဘူးဆိုတာကို မတော်တဆ သိလိုက်ရတယ်"
"ဆယ့်သုံးနှစ်ဆိုတော့ ဂျူနီယာအထက်တန်းပေါ့ " သူက အသံနက်ကြီးဖြင့် ပြောခဲ့သည်။
"အထက်တန်း ဝင်ခွင့် စာမေးပွဲ မဖြေခင် အချိန်မှာပဲ။ ဒါကိုသိပြီးသွားတော့ ကျွန်မ နှစ်ရက် လောက် အဖျားကြီးသွားတယ်။ ဆရာမ တွေ အရမ်းကြောက်ပြီး ကျွန်မကို စိတ်ဖိစီးစရာ မလိုဘူးလို့ ပြောတယ်"
ကျိုးရှို့လင်းက သူမလက်ကို စိတ်ချလက်ချ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
“သူမက နာမည်နဲ့ အသက်ကို ပြောင်းလိုက်တယ်။ နောက်ပိုင်းမှာ သူမနဲ့ပတ်သတ်တဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အားလုံးကို ရှာဖွေခဲ့တယ်။ အဖေက သူမရဲ့ဓာတ်ပုံတွေ အများကြီး သိမ်းထားတယ်လေ။ဖေဖေက ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မရှေ့မှာ သူမရဲ့အကြောင်းကို စကားတစ်ခွန်းမှတောင် မပြောခဲ့ဖူးဘူး။ သူ့ဆီကနေ အချက်အလက် တစ်ခုမှ မရနိုင်ဘူးဆိုတာ ကျွန်မသိတယ်။ ကျွန်မ တက္ကသိုလ်ပထမနှစ်ရောက်တော့ အန်တီ့ကို မေးခဲ့တယ်။ သူမ ထိတ်လန့်ပြီး မနေဖို့ ပြောခဲ့တယ်။ သူမက ထိတ်လန့်ပြီး ကျွန်မကိုမမေးဖို့ပြောတယ် အမေက ဆုံးသွားပြီ သူမဆုံးသွားပြီတဲ့။ ဒါပေမယ့် သိုသိုသိပ်သိပ် ပြောနေတဲ့စကားကိုကြားခဲ့တယ် ဒီမိန်းမက ရက်စက်လွန်းတယ် သူ့ရဲ့သမီးကို တစ်ချက်ကလေးတောင်မှ မကြည့်ဘူးဆိုပြီး အန်တီ ကျွန်မရဲ့ဦးလေးနဲ့ စကားပြောနေခဲ့တာကို ကျွန်မကြားခဲ့ရတယ်။လမ်းမှာတွေ့ရင်တောင် ကျွန်မကို မမှတ်မိမှာကို သူမစိုးရိမ်နေလို့ဖြစ်မယ်"ကျန်းရှောင် အသက်ပြင်းပြင်းရှူရင်း သူမရဲ့အမူအရာက ငြိမ်သက်သွားသည်။
“အန်တီပြောတာ မှန်တယ်။ ကျွန်မ တက္ကသိုလ် ပထမနှစ်တက်နေတဲ့ ဆောင်းရာသီမှာ သူမကို ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့တော်မှာ ပထမဆုံးအကြိမ် မြင်လိုက်ရတယ်။ သူမက ကျွန်မအမေဆိုတာ ကျွန်မသိတယ်။ ကျွန်မစိတ်လှုပ်ရှားပြီး ကိုင်ထားတဲ့ခွက်ကပြုတ်ကျသွားတော့ သူမရဲ့လက်ထောက်က ကျွန်မကို ဆူနေခဲ့တယ်။ သူမကတော့ စကားတစ်ခွန်းမှတောင် မပြောဘဲ တစ်ချက်ကြည့်ရုံလေးပဲ ကျွန်မကိုတစ်ချက်လေးပဲ ကြည့်သွားခဲ့တာ။ ကျွန်မက သူမအတွက် သူစိမ်းတစ်ယောက်လိုပဲ" ထိုအခိုက်အတန့်တွင် သူမ လုံးဝဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။