← Chapters

အခန်း (၈၇)

Vol. 7 Ch. 87

အခန်း (၈၇)

Vol. 7 Ch. 87

ကျန်းရှောင်ဆီမှ စကားလုံးတိုင်းက ကျိုးရှို့လင်းရဲ့ နှလုံးသားကို အပ်နဲ့ နက်ရှိုင်းစွာ ထိုးဖောက်သွားသလို ခံစားလိုက်ရသည်။ ဤအခိုက်အတန့်တွင် နှစ်သိမ့်စကားက အချည်းနှီးဖြစ်လိမ့်မည်။ သူ့လမ်းကြောင်းမှာ ရပ်တန့်လိုက်ပြီး သူ့ရဲ့အကြည့်တွေက သူမဆီမှာရှိနေသည်။

ကျိုးရှို့လင်း သူမအတွက် အလွန်နာကျင်စွာ ခံစားနေရသည်။ သူစကားပြောလိုက်သည်။ “ကိုယ် ဒီနိုင်ငံဆီ စောစောပြန်လာခဲ့သင့်တာ"

ကျန်းရှောင် မျက်ခုံးပင့်လိုက်သည်။ "ကျွန်မတို့ မဆုံနိုင်ရင်တောင် ရှင် စောစောပြန်လာရင်လည်း ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး"

"မဟုတ်ဘူး" ကျိုးရှို့လင်း သူမဆံပင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ သူမကို ရှာဖို့ ပြန်လာလိမ့်မယ်။

“ပြီးခဲ့တဲ့ အချိန်တုန်းက မူမူ သူမရဲ့ ဖိနပ်ကို ဖျက်ဆီးလိုက်တဲ့အချိန်က သူမ ကိုယ့်ရဲ့ အထောက်အထားကို သံသယဝင်နေတဲ့ အချိန်ပဲလို့ ကိုယ်ထင်ခဲ့တာ။ အမှန်တော့ သူမက အရင်ကတည်းက ကိုယ့်ရဲ့ အထောက်အထားကို သံသယရှိခဲ့တာ ကြာပြီ၊ ဒါပေမယ့် လူတစ်ချို့က ကိုယ့်ကိုယ်ကို လှည့်စားရတာကို ပိုနှစ်သက်ကြတယ်”

အမှန်တရား မထွက်ပေါ်မီတွင် ကိစ္စများကို ပိုမိုကောင်းမွန်သော အလင်းရောင်ဖြင့် အမြဲတမ်း ခြယ်မှုန်းနိုင်သည်။

"သူမက ဘာလုပ်ချင်တာလဲ"

"သူမက သူမရဲ့အပြစ်လို့ ယုံကြည်တဲ့အရာအတွက် ဖြည့်ဆည်းပေးချင်နေတာ ဖြစ်နိုင်တယ်"

ကျိုးရှို့လင်း မျက်လုံးထဲ အကူအညီမဲ့တဲ့ အရိပ်အမြွက်ပြသွားသည်။ သူ့အသံက နူးညံ့သည်။ "ကိုယ်တို့မိသားစု အနာဂတ်မှာ ဘယ်တော့မှ ခွဲခွာသွားမှာ မဟုတ်ဘူး။ မင်းအသိအမှတ် မပြုချင်ရင်နေ နှောင့်တော့မနှောင့်ယှက်ပါနဲ့"

ကျန်းရှောင် သူ့မျက်လုံးတွေကို စူးစိုက်ကြည့်ကာ သူမ၏ အသံက အနည်းငယ် တစ်ဆို့သွားခဲ့သည်။ "ကျိုးရှို့လင်း တောင်းပန်ပါတယ် ရှင့်ကို ပြောဖို့ အချိန်တော်တော်ကြာသွားခဲ့တယ်"

သူ ခေါင်းငုံ့လာပြီး သူမရဲ့ နဖူးကို ညင်ညင်သာသာနဲ့ နူးနူးညံ့ညံ့လေး နမ်းလိုက်သည်။

ကျန်းရှောင်၏ အသံက အနည်းငယ် တုန်နေသည်။ "သူမကို မတွေ့ခင်တုန်းကတော့ သူမကို အမြဲတွေ့ချင်နေခဲ့တာ။ သူမလုပ်ခဲ့တဲ့ ဟာတွေအတွက် အကြောင်းပြချက်တွေ ရှိတယ် ဆိုတာ သေချာတယ်။ ဒါပေမယ့် အခု သူမကို တကယ်တွေ့လိုက်ရတော့ ကျွန်မ စိတ်မသက်မသာ ဖြစ်မိတယ်။ သူမက ကျင်းရှု့ရန်အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်ဆိုတာ သိလိုက်ရတော့ ကျွန်မ သူမကိုစိတ်တိုမိတယ်။ ဒါပေမယ့် ပြန်တွေးကြည့်လိုက်တော့ သူမ ကျွန်မကို မမွေးပေးခဲ့ရင် ပဲပင်ပေါက်လေး ရှိလာမှာ မဟုတ်ဘူးလို့ ကျွန်မထင်မိတယ်-" သူမ ခဏရပ်တန့်လိုက်သည်။ " မူမူ မရှိရင် ရှင်နဲ့ကျွန်မ အတူတူနေဖို့ ခက်လိမ့်မယ်လို့ ခံစားမိတယ်"

ကျိုးရှို့လင်း တခစ်ခစ်ရယ်လိုက်ပြီး သူမကို နူးညံ့သိမ်မွေ့တဲ့ အကြည့်ဖြင့် ကြည့်ကာ သူ့လေသံက အနည်းငယ် အထင်သေးနေသည်။ "သူက တကယ် ကိုယ်တို့ရဲ့ သူရဲကောင်းဖြစ်သွားပြီ"

အဖြစ်အပျက်များစွာဖြင့် သူမ ကျိုးရှို့လင်းကို ပေါ့ပေါ့ပါးပါး ပြောပြနိုင်စေရန်အတွက် သူမ အမှန်တကယ် စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်။

ကျန်းရှောင် သူ့ကို ပြုံးပြလိုက်သည်။ "ပြန်ကြရအောင်။ နည်းနည်းကြာနေပြီး ပဲပင်ပေါက်လေး ကျွန်မတို့ကို ရှာနေလိမ့်မယ် "

သူတို့နှစ်ယောက် သီးသန့်အခန်းထဲ ပြန်ရောက်တော့ လူကြီးတွေအားလုံးက သူတို့ကို ကြည့်နေကြသည်။

ပဲပင်ပေါက်လေးက ရွှင်မြူးစွာပြုံးလိုက်သည်။ "အဖွား၊ သားပြောတာ မမှားဘူးနော်။ မေမေနဲ့ဖေဖေတို့ ပြန်လာမှာပါလို့ "

ကျိုးရှို့လင်းက လမ်းလျှောက်ပြီး "သူရဲကောင်းလေး " ကို ချီမြှောက်လိုက်သည်။ သူ့သားကို နည်းနည်းလေး မျက်နှာသာပေးပြီး ပြောလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ"

ပဲပင်ပေါက်လေးက သူ၏မိန့်ခွန်းတွင် ပီပြင်သည်။ "ဖေဖေနဲ့မေမေနဲ့ အပြင် ထွက်သွားတော့ အဖွားနဲ့ တခြားသူတွေက စိတ်ပူနေကြတာလေ။ အဲ့ဒါကြောင့် စိတ်မပူဖို့ ပြောလိုက်တာ"

ကျိုးရှို့လင်း မျက်ခုံးပင့်ပြီး သူ့ကိုချီးကျူးလိုက်သည်။ "မင်းက စဥ်းစားတတ်သားပဲ"

လူကြီးတွေ ခေါင်းယမ်းသွားကြပြီး မကူညီနိုင်ဘဲ မျက်နှာတွေ ရှက်ကိုးရှက်ကန်းဖြင့် ဖြစ်နေကြသည်။

ပဲပင်ပေါက်ကလေးက တိုတိုပြတ်ပြတ်ပြောလိုက်သည်။ “မနက်ကျရင်မကြာခဏ သား တစ်ယောက်တည်း အိပ်ယာထရတယ်လို့ အဖွားကို ပြောပြလိုက်တယ်။ အစကတော့သားတို့ သုံးယောက်လုံး ညဘက်ဆို အတူတူအိပ်ကြပေမယ့် နောက်နေ့ကျရင် ဖေဖေနဲ့မေမေက ဘေးအခန်းမှာ အိပ်နေတယ်လို့။ အဲ့တော့ ဖေဖေတို့ ပျောက်သွားမှာ မဟုတ်ဘူး၊ ဖေဖေတို့က သီးသန့် စကားပြောဖို့ သွားလိုက်တာလို့ပြောတာ "

ကျိုးရှို့လင်း၏ အမူအရာက အေးခဲသွားခဲ့သည်။

ကျန်းရှောင်ရဲ့ မျက်နှာက ချက်ချင်း နီရဲလာသည်။

လူကြီးတွေက လူငယ်စုံတွဲရဲ့ ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားကာ ဘာမှ မတုံ့ပြန်ခဲ့ပေ။ ဖေဖေကျိုးနဲ့ ဖေဖေကျန်းတို့က အချိန်အကြာကြီး မလှုပ်ရှားနိုင်ဘဲ စစ်တုရင်အတုံးတွေကို လက်ထဲမှာ ကိုင်ထားကြသည်။

ကျိုးယန်ယန် တစ်ယောက်တည်းကသာ ရယ်နိုင်သည်။ သူမ ရယ်ရလွန်းလို့ မျက်ရည်တွေ စီးကျလာသည်။ "နင့်တို့မိသားစုက ဟာသပြဇာတ်တို ကျနေတာပဲ"

မူမူ ပျော့ညံ့စွာ မေးလိုက်သည်။ "ဖေဖေ၊ သား တစ်ခုခုများ မှားနေလား"

ကျိုးရှို့လင်း ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။ "မူမူ၊ မိသားစုကိစ္စဆိုတာ လျှို့ဝှက်ထားရပြီး တခြားသူတွေကို မပြောပြရဘူး"

"ဒါပေမယ့် အဖွားနဲ့ တီတီတို့တွေက တခြားသူတွေမှ မဟုတ်တာ "

အဖွားသုံးယောက်က ဒီအထုပ်လေးကို သူတို့လက်ထဲကို လုယူချင်လုနီးပါးပဲ။ သူက ချစ်စရာကောင်းလွန်းတယ်။

ကျိုးရှို့လင်း ရှင်းပြလိုက်သည်။ “မိသားစုကိစ္စဆိုတာ ဖေဖေရယ်၊ မေမေရယ်နဲ့ မင်းပဲသိထားရမယ့်ဟာ။ အော်ဟုတ်သားပဲ အနာဂတ်မှာ မင်းမှာ ညီမလေးတစ်ယောက်ရှိလာမယ်ဆိုရင် သူလည်း သိလို့ရတယ်"

မူမူ ခဏလောက်စဉ်းစားလိုက်သည်။ "ဖေဖေ၊ သားကိုထပ်ပြီး လှည့်စားပြန်ပြီ။ သားမှာ ညီမလေးတစ်ယောက်ရှိလာမယ်လို့ ဖေဖေ ခဏခဏ ပြောဖူးပေမယ့် ညီမလေးက ဘာလို့ ခုထိ မရောက်လာသေးတာလဲ"

ညနေကျတော့ အိမ်ပြန်လာခဲ့ကြသည်။

ပဲပင်ပေါက်လေးက သူ့ရဲ့ မွေးနေ့ လက်ဆောင်ကို ရတနာတစ်ခုလို ထုတ်ယူလာခဲ့သည်။ "မေမေ၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ဒါက သား ကိုယ်တိုင်ဆွဲထားတဲ့ မိသားစုပုံ "

ကျန်းရှောင် ဝမ်းသာအားရ လက်ခံလိုက်သည်။ "ဒါနဲ့ သားက ဒါကို ဘောင်တောင် ခတ်ထားသေးတယ်ပေါ့"

"ဖိုးဖိုးက သားကို ဘောင်ကူခတ်ပေးတာ။ သူက သားပုံဆွဲထားတာကိုတောင် ချီးကျူးတယ်၊ ဒါပေမယ့် သားကအညတလေးပဲ ရှိပါသေးတယ်။ မေမေ၊ ဒီပန်းချီကားကို အိပ်ခန်းထဲမှာ ချိတ်ထားချင်တယ်"

ကျန်းရှောင် ပန်းချီကားကို လေးလေးနက်နက် ကြည့်လိုက်သည်။ ပုံထဲမှာ လူတွေအများကြီးပါတယ်။ ဒါပေမယ့် သူမ သူတို့ထဲက တစ်ယောက်မှကိုမှ မမှတ်မိဘူး။ "ဒီထဲက လူတွေအားလုံးက ဘယ်သူတွေလဲ"

"ဒါက အဖိုးနဲ့အဖွား၊ ဒါကသားရဲ့မိဘတွေ၊ ဒါက သား၊ ဒါက သားရဲ့ညီမလေး"

ကျန်းရှောင်ရဲ့မျက်လုံးတွေ တွန့်သွားသည်။ "သားကတော့ တော်တော် ဝေးဝေး တွေးထားတာပဲ၊ ဒီဟာကရော ဘာလဲ"

"ဒါက မြောင်မြောင်လေ၊ ဖေဖေ မွေးထားတဲ့ ကြောင်လေး " ပဲပင်ပေါက်လေးက သူမကို ညင်ညင်သာသာ မှီပြီးပြောလိုက်သည်။

"သား ကြောင်လေး မွေးချင်တယ်၊ အဲဒါ နောက်နှစ်အတွက် သားရဲ့ မွေးနေ့ဆုတောင်း "

"​နောက်​နှစ်​က​ အဝေး​ကြီးလိုသေးတယ်။ မူမူ​ မေ​မေ့ကို အခုသတိ​ပေးစရာ မလိုပါဘူး"

ပဲပင်ပေါက်လေးက သူ့နှာခေါင်းကိုထိလိုက်သည်။ "မေမေ၊ မေမေက ဘာလိုချင်တာလဲ"

ကျန်းရှောင် နှုတ်ဆိတ်သွားပြီး သူမ၏မျက်လုံးထောင့်မှ ကျိုးရှို့လင်း စာကြည့်ခန်းထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်ကို သူမ မြင်လိုက်ရသည်။

သူမ ဖြည်းညှင်းစွာ ပြောလိုက်သည်။ "မေမေက မေမေတို့မိသားစု အမြဲတမ်းအတူတူ ပျော်ပျော်ရွှင်ရွှင်နေရပါစေလို့ ဆန္ဒရှိပြုတယ်"

ကျိုးရှို့လင်း သူမအနားသို့ လျှောက်လာခဲ့သည်။ သူတို့မျက်လုံးချင်း ဆုံလိုက်သည်နှင့် တစ်ကမ္ဘာလုံးထက်ကို ပိုစွဲမြဲနေသော အကြည့်တစ်ခုရှိသွားသည်။

သိနားလည်တဲ့ အပြုံးတွေ ဖလှယ်ခဲ့ကြသည်။

ကျိုးရှို့လင်းက စာရွက်စာတမ်းကို ထုတ်လာခဲ့သည်။ "ဖွင့်ကြည့်ချင်လား"

"ဘာလဲ။ အိမ်လား။ stocks လား " ကျန်းရှောင်က အမှတ်တမဲ့ ခန့်မှန်းပြီး ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။

"ဒါတွေကို မင်းပြောခဲ့ပေမဲ့ နောက်နှစ်အတွက် ကိုယ် စဉ်းစားလိုက်မယ်လေနော်" သဘာဝအားဖြင့် သူက ထိုရွေးချယ်မှုများကို မျက်နှာသာမပေးပေ။

ကျန်းရှောင် ၎င်းကိုဖွင့်ကြည့်လိုက်ရာ ထိပ်ဆုံးစာကြောင်းကိုတွေ့လိုက်ရသည်မှာ အံ့အားသင့်စရာကောင်းလောက်အောင် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား မူပိုင်ခွင့်စာချုပ်တစ်ခုဖြစ်နေသည်။

"ဆောင်းရာသီရဲ့ လျှို့ဝှက်ချက်။ ကုမ္ပဏီက ဒါကို ဘယ်တုန်းက ရထားတာလဲ" ဆိုပြီး အံ့သြစွာနဲ့ သူမ အံ့သြသွားပုံပင်။ စာချုပ်ပါ အချက်အချို့ကို သူမက အမြန်စကင်န်ဖတ်လိုက်သည်။

"စျေးနှုန်းက မနည်းဘူး။ မတ်လမှာ လက်မှတ်ထိုးထားခဲ့တာပဲ။ တိုးတိုးလေး ပြောသံလေးတောင် မကြားမိလိုက်ဘူး"

ကျိုးရှို့လင်း ပြုံးလိုက်သည်။ "ကြိုက်လား"

ကျန်းရှောင် သူမရဲ့လက်ကိုမြှောက်ပြီး သူ့လည်ပင်းကိုဖက်ကာ ပါးပြင်ကို အကြိမ်ကြိမ်နမ်းလိုက်ပြီး သူမ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်၍မရတော့ပေ။ "ကျေးဇူးတင်ပါတယ်! အရမ်းကြိုက်တယ်။"

သူမ ဒီစာအုပ်နောက် လိုက်နေတာ ကြာပြီ၊ သူမသည် ဒီစာအုပ်ကို ရုပ်ရှင်အဖြစ် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ရင် သေချာပေါက် အောင်မြင်လိမ့်မည်ဟု ချင်ယီလုနဲ့ တခြားသူတွေကို သီးသန့်ပြောခဲ့ဖူးသည်။

အဲ့အချိန်တုန်းက ချင်ယီလုတောင် ပြောသေးသည်။ "အစ်မ ကျန်း၊ ဒါဆို အစ်မ ကျွန်မကို အမျိုးသမီးဇာတ်လိုက်နေရာရအောင် ကူညီပေးရမယ်နော်" တဲ့။

မထင်မှတ်ပဲ သူမရဲ့ ခန့်မှန်းချက်က တကယ်ဖြစ်လာခဲ့သည်။

ကျိုးရှို့လင်း ပြောလိုက်သည်။ "ဇာတ်ညွှန်းရေးဖို့အတွက် ကောင်းလင်ကို လွှဲပေးထားပြီးသား။

ကုမ္ပဏီက သရုပ်ဆောင်တွေကို မကြာခင်မှာ ဆက်သွယ်ဖို့ စီစဉ်နေတယ်”

သူ သူမကို လက်ဆောင်တွေအများကြီးပေးဖူးပေမယ့်

ဒီတစ်ခုက သူမကို ကလေးတစ်ယောက်လို ပျော်ရွှင်သွားစေခဲ့သည်။ ဟူး၊ ဘယ်လိုပဲ လှည့်သွားလှည့်သွား သူမက သူ့အတွက် အလုပ်လုပ်နေရသေးတာပဲလေ။

ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။ "ယီလုက နောက်တစ်ပတ်မှာ ရိုက်ကူးရေးစတော့မှာ ' အဆုံးအဆမဲ့တဲ့ဓားနဲ့ နဂါး သတ်ဖြတ်သူ ' ဇာတ်ကားကို လေးလကြာထိ ရိုက်ကူးသွားမှာ။ စက်တင်ဘာ လလယ်ကနေ နှောင်းပိုင်းအထိ break ရမှာဆိုတော့ သူမကို တစ်ပတ်လောက်တော့ အနားယူခွင့်ပေးလိုက်မယ်"

"အောက်တိုဘာလမှစရင် ပြဿနာ မရှိလောက်ဘူး။ ဒါပေမယ့် တစ်ပတ်လောက်ဆို လုံလောက်ပြီလား"

"ဘာလို့မလုံလောက်ရမှာလဲ၊ အနုပညာရှင်တော်တော်များများက တစ်နှစ်ပတ်လုံး အလုပ်တွေလုပ်ကြရတာပဲ။ အထူးသဖြင့် မြင့်တက်လာတဲ့ကာလမှာ ရုပ်ရှင်ရိုက်ဖို့နဲ့ အချိန်ဇယားတွေကို မမောမပန်းဘဲ အပြေးအလွှား လုပ်ကြရတာ။ အနာဂတ်မှာလည်း ဒီလိုမျိုး ဖြစ်လာမှာ။ သူတို့ ရဲ့ တစ်ပတ်တာ အားလပ်ရက်ကို လွမ်းနေလိမ့်မယ်"

ကျန်းရှောင် ရုတ်တရက် ပြုံးပြီး အရွှန်းဖောက်လိုက်သည်။ "အရည်အချင်းရှိတဲ့ အေးဂျင့်တစ်ယောက်အနေနဲ့ အသက်မွေးဖို့တွက် ရှင့်ကို အပြည့်အဝ အားကိုးပါတယ်နော်။ အရင်းအနှီးအတွက် တိုက်ပွဲဝင်ဖို့တောင် မလိုဘူး။ ကျွန်မတောင်းဆိုသမျှကို ရှင်က ဖြည့်ဆည်းပေးနိုင်နေတာပဲ "

ကျိုးရှို့လင်း သူမကိုစေ့စေ့ကြည့်ကာ နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။ "မင်းလိုချင်တာမှန်သမျှ ကိုယ်အကုန်လုပ်ပေးမယ် "

ကျိုးစစ်မူက သူ့အဖေကို လက်ဖြင့် တွန်းဖယ်လိုက်သည်။

ကျိုးရှို့လင်း မျက်မှောင်ကြုတ်လိုက်သည်။ "မူမူ နောက်ကျနေပြီ မနက်ဖြန် ကျောင်းသွားရဦးမယ်လေ။ သွားအိပ်လိုက်တော့"

ကျိုးစစ်မူက ကျန်းရှောင်ရဲ့ လည်ပင်းကို ပွေ့ဖက်လိုက်သည်။ "ဒီနေ့က မေမေ့ရဲ့မွေးနေ့လေ မေမေနဲ့တူတူ အိပ်ချင်တယ်"

ကျိုးရှို့လင်း မှတ်ချက်ပေးလိုက်သည်။ "မင်းအမေက ငါနဲ့ အိပ်ချင်တာ"

ကျန်းရှောင်က သူ့ကို ဘေးတိုက် တစ်ချက် ကြည့်ပေးလိုက်ပြီး အသံကို လျှော့ချလိုက်သည်။ "နောက်ကျ သူ့ရှေ့မှာဆိုရင် ကျွန်မတို့ စကားပြောတာကို ပိုသတိထားရအောင်။ သူက စကားလုံးတွေ တတ်တာမြန်တယ် "

ကျိုးရှို့လင်း ငုံ့ပြီး သူ့ကိုကောက်ချီကာ သူ့တင်ပါးကိုပုတ်လိုက်ပြီး ကူကယ်ရာမဲ့ အသံနဲ့ပြောလိုက်သည်။ "ဒီညတော့ ခြွင်းချက်တစ်ခုအနေနဲ့ ဖေဖေတို့အတူတူ အိပ်ကြတာပေါ့ "

ကျန်းရှောင်ရဲ့ မွေးနေ့ပြီးပြီးချင်း မကြာခင်မှာပဲ ကျိုးရှို့လင်းက ကျန်းယိနဲ့ လေးနက်တဲ့ စကားပြောဆိုခဲ့သည်။ ပြီးပြည့်စုံတဲ့ ဆေးစစ်ဖို့အတွက် ဆေးရုံ သွားရန် အကြံပေးခဲ့သည်။

All Chapters