← Chapters

အခန်း (၈၈)

Vol. 7 Ch. 88

အခန်း (၈၈)

Vol. 7 Ch. 88

ကျန်းယိက ငြိမ်သက်စွာ ကြည့်နေခဲ့သည်။ "အနောက်မြောက်ပိုင်းမှာ ဆေးစစ်ကြည့်ဖူးတယ်။ ငါ့ရဲ့ဗိုက်ထဲမှာ အကျိတ်ဖြစ်နေတာ"

ကျိုးရှို့လင်းရဲ့ မျက်နှာကတောင့်တင်းသွားသည်။ "ဆရာဝန်က ဘာပြောလိုက်လဲ"

ကျန်းယိက သူ့ရဲ့ စီးကရက် တစ်လိပ်ကို ဆွဲယူလိုက်ပြီး သူ့မျက်နှာတစ်ဝက်ကို မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။

" ခရိုင်ဆေးရုံက ဆရာဝန်ကတော့ အဲ့တာကို မသတ်မှတ်ခဲ့ဘူး။ နောက်ထပ်ဆေးစစ်ဖို့ တခြားဆေးရုံကို သွားခိုင်းတယ်"

"အဖေ မနက်ဖြန် ဆေးသွားစစ်ရအောင်" ကျိုးရှို့လင်းက သူ့နှလုံးကို တစ်ခုခုက ညှစ်နေသလိုမျိုး ခံစားနေရသည်။ ကျန်းယိ တစ်ခုခုဖြစ်ခဲ့ရင် ကျန်းရှောင် အသည်းကွဲသွားမှာ သေချာသည်။

ကျန်းယိ က ကျိုးရှို့လင်းကို တိုက်ရိုက်စိုက်ကြည့်လိုက်သည်။ "ရှို့လင်း၊ ရှောင်ရှောင် သူ့အမေရဲ့ အခြေအနေကို မင်းကို ပြောပြထားလား"

ကျိုးရှို့လင်း အံ့သြသွားသော်လည်း ခေါင်းညိတ်လိုက်သည်။ "ဒီနှစ် သူမရဲ့မွေးနေ့မှာ ပြောတယ်"

ကျန်းယိ အထူးတလည် မအံ့သြသွားပေ။ သူက စီးကရက်ကို မီးငြိမ်းလိုက်သည်။ "သူမနဲ့ လျန့်ယွဲ့ တို့ကို ဖျော်ဖြေရေးသတင်းတွေမှာ အတူတွေ့ဖူးတယ်။ ဒီခရီးစဉ်အတွင်းမှာ သူမနဲ့ စကားပြောခဲ့တော့ အစီရင်ခံစာတွေ အကုန်လုံးက လွဲမှားနေတယ်လို့ ငါ့ကို ပြောတယ်”

"အဖေ၊ အဲ့တာက မှန်ပါတယ်။ ရှောင်ရှောင်က ဆရာမလျန့် ကို လာဘ်မထိုးထားပါဘူး"

"ငါ သိပါတယ်။ လျန့်ယွဲ့ က သူမကို အရင်းအနှီးတွေ ပေးထားတယ်လို့ ငါထင်မိတယ် " ကျန်းယိရဲ့မျက်နှာက သာမာန်သူငယ်ချင်း တစ်ယောက်အကြောင်း ပြောနေသလိုမျိုး ငြိမ်သက်နေသည်။ အေးအေးဆေးဆေးပင်။

“သူ့အမေနဲ့ ငါက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လမ်းခွဲခဲ့တာ။ဘယ်သူက ဘယ်သူ့ကို အကြွေးတင်နေတယ် ဘယ်သူက မှားတယ်ဆိုတာ ပြောဖို့ခက်တယ်။ ရှောင်ရှောင် လျန့်ယွဲ့ရဲ့ ကိုယ်ပိုင်အထောက်အထားကို တွေ့ပြီးတဲ့နောက်မှာ သူမ ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ရောက်ချင်ခဲ့တယ်။မင်းနဲ့ သူ လက်ထပ်တော့မယ့်အချိန်ကိုလည်း ငါ စိုးရိမ်မိတယ်။ သူမမှာ ဆိုးရွားတဲ့ စေ့ဆော်မှုတစ်ခုရှိပုံရတယ်"

ကျိုးရှို့လင်း ဘာမှ မပြောဘဲ ငြိမ်သွားသည်။

" ရှောင်ရှောင်က သူ့အမေကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြောတယ်။ အနှစ်နှစ်ဆယ်ကျော်ကြာခဲ့ပြီလေ။ သူမ အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ သူတို့ကြားမှာ အပြောင်းအလဲ ဆိုတာရှိလာမှာ မဟုတ်ဘူး။ သူစိမ်းဖြစ်နေတာပဲ ပိုကောင်းပါတယ်"

ကျိုးရှို့လင်း အသက်ပြင်းပြင်းရှူလိုက်သည်။ ကျန်းယိ ဒီလိုပြောလာလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။

"တကယ်တော့ ရင်ထဲမှာ ရှောင်ရှောင်က သူ့အမေကို ဂရုစိုက်နေတုန်းပဲ။ ဒါက အနှစ်နှစ်ဆယ်ကျော်ထိ သူမရဲ့motivation ဖြစ်ခဲ့တာကို။ ဒါပေမယ့် လျန့်ယွဲ့ ကတော့ ရှောင်ရှောင်ရဲ့အထောက်အထားကို ဘယ်တော့မှ လူသိရှင်ကြားထုတ်ပြမှာမဟုတ်ဘူးလို့ ထင်တယ်။ရှောင်ရှောင် အတွက်ကတော့ သူမရဲ့လျှို့ဝှက်တတ်တဲ့သဘာဝနဲ့ အဲ့တာကို ဝန်ခံမှာ မဟုတ်ဘူး"

ကျန်းယိ သူ့ပါးစပ်ထောင့်ကို ကွေးလိုက်သည်။ " မင်းပြောတာ အမှန်ပဲ"

ကျိုးရှို့လင်း ခဏမျှ တိတ်ဆိတ်သွားသည်။ "အဖေ၊ ဆရာမလျန့်က ဘယ်လိုလူမျိုးလဲ"

ကျန်းယိ မျက်စိမှေးလိုက်သည်။ "သူမကို မတွေ့ရတာ နှစ်ဆယ့်ခြောက်နှစ်ရှိပြီ။ သူမက ငယ်ငယ်တုန်းက လှပပြီး ကြယ်ပွင့်ကြီးတစ်ယောက် ဖြစ်ဖို့ အိပ်မက်တွေ မက်ခဲ့တယ်။ အဲဒီ့နယ်ပယ်မှာ သူမဆီမှာ အရည်အချင်းတွေ ရှိတယ်လေ။ သူမ လူသိများတဲ့ ကြယ်ပွင့်ဖြစ်ချင်တယ်လို့ ပြောဖူးတယ်။ ဒါ​ပေမယ့်​ ငါ့မှာ သူမကို ကူညီနိုင်​စွမ်းမရှိခဲ့ဘူး"

ကျန်းယိမှာ လျန့်ယွဲ့အပေါ် ဘယ်လောက်တောင်မှ နာကြည်းမှု ရှိနေသည်ကို ကျန်းယိရဲ့ပြတ်တောင်းပြတ်တောင်း ပြောနေတဲ့လေသံမှ ကျိုးရှို့လင်း ခံစားသိရှိနိုင်သည်။

တစ်သက်လုံး အတူလက်တွဲ မသွားနိုင်ရင်တောင်မှ အချစ်ဆိုတာ တစ်ကြိမ်တစ်ခါလေး ရှိဖူးတာမို့ အချစ်က သူ့နှလုံးသားထဲမှာ နက်နက်နဲနဲ ဖုံးကွယ်ထားဆဲပင်။

ကျန်းယိ ဆေးစစ်ဖို့ သဘောတူလိုက်သည်။ ကျန်းရှောင် သတင်းရရှိတဲ့အခါ သူမ စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။ "ဖေဖေ၊ သမီးအရင်ဆုံး ရက်ချိန်းလိုက်ဦးမယ်နော်၊ အစည်းအဝေးပြီးရင် ပြန်လာခဲ့မယ်"

"အခုလောလောဆယ် သမီးရဲ့ အလုပ်ကိုပဲ အာရုံစိုက်ပါ။ သမီးပြန်လာရင် အဖေတို့ စကားပြောမယ်"

ယခုအချိန်တွင် ကျန်းရှောင်သည် အိတ်ချ်မြို့တော် တွင် နာမည်ကြီးအေးဂျင့်များအတွက် သုံးရက်ကြာ ပွဲတက်နေသည်။ သူမသည် သူမရဲ့ ကတိကဝတ်များမှ အလွယ်တကူ မလွတ်မြောက်နိုင်ပေ။ ပွဲစီစဉ်သူများက လုပ်ငန်းနယ်ပယ်မှ ဝါရင့်အေးဂျင့်များစွာနှင့် လျှို့ဝှက်ဆန်းကြယ်သော ဧည့်သည်များကို ဖိတ်ကြားထားသည်။

နောက်တစ်နေ့တွင် လျှို့ဝှက်ဆန်းကြယ်သော ဧည့်သည်တစ်ဦးပေါ်လာပြီး အဲ့တာက ချန်းရင် ဖြစ်နေသည်။

ချန်းရင်က ဒီနှစ်တွေတစ်လျှောက် သူမ၏ အတွေ့အကြုံများကို မျှဝေခဲ့ပြီး သူမ၏ အေးဂျင့် ကျိုးယွင်နှင့် ဆက်ဆံပုံအကြောင်း ပြောပြခဲ့သည်။

သူမ ပြောပြခဲ့သည်။ "အစ်မကျိုးက ကျွန်မရဲ့ လက်တွဲဖော်၊ ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်ပါ။ ပိုအရေးကြီးတာက ကျွန်မမိသားစုလည်းဖြစ်တယ်။ အနုပညာရှင်တွေနဲ့ အေးဂျင့်တွေဆိုတာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိဖို့လိုတယ်၊ ယုံကြည်မှုက အရေးကြီးပါတယ်… ကျွန်မ ပထမဆုံး ပွဲဦးထွက်တုန်းက ကျွန်မရဲ့ ပထမဆုံး ဒရာမာဇာတ်လမ်းတွဲအပြီးမှာ ကျော်ကြားမှုတစ်ခု ရခဲ့တယ်။ ဇာတ်ညွှန်းတွေ အများကြီးရခဲ့ပြီး အဲဒီအချိန်မှာ ငွေရှာချင်တာကြောင့် စာချုပ်တွေ ချုပ်ချင်ခဲ့တယ်။ အစ်မကျိုး က ကျွန်မကို တားခဲ့ပါတယ်။ အဲ့အကြောင်းကြောင့်နဲ့ ကျွန်မလည်း သူမကို စိတ်ဆိုးပြီး တင်းတင်းမာမာ ဖြစ်နေခဲ့တယ်။ အစ်မကျိုးရဲ့ စိတ်နေစိတ်ထားက ခိုင်မာနေတော့ ကျွန်မမှာ လက်လျော့ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။ နောက်ပိုင်းမှာ ကျွန်မရဲ့ ဒုတိယမြောက် ဒရာမာကို လက်ခံရရှိခဲ့တယ်။ "တောက်ပတဲ့လမင်းကြီး ဘယ်တော့လာမှာလဲ " ဆိုတဲ့ ဒီဒရာမာက ကျွန်မကို ပထမဆင့် မင်းသမီးဖြစ်လာအောင် တွန်းအားပေးခဲ့တဲ့ ဒရာမာပဲ။ အနုပညာရှင်တွေ ပထမဆုံး ပွဲဦးထွက်ချိန်မှာတော့ သူတို့တွေက နုံအတတ်ကြတာပါပဲ။ ဒါက သူတို့အတွက် ရှင်းရှင်းလင်းလင်းနဲ့ အစီအစဉ်ဆွဲဖို့ လိုတဲ့ အချိန်ပါ"

ထိုနေ့တွေ့ဆုံမှုအပြီးတွင် ကျန်းရှောင်နဲ့ ချန်းရင်တို့ တွေ့ဆုံခဲ့ကြသည်။

ချန်းရင်က သူမကို တားခဲ့သည်။ "ကျန်းရှောင် "

"အထင်ကြီးလောက်စရာကောင်းတဲ့ စကားပဲနော် အစ်မရင် "

"ငါ့ကို ခဏလေးစောင့်။ ငါသူတို့နဲ့ စကားပြောလိုက်ဦးမယ်"ချန်းရင်က သူမကိုမေးခွန်းတွေ မေးတဲ့ အေးဂျင့်တော်တော်များများကို တောင်းပန်ခဲ့သည်။ " ဒီည ချိန်းဆိုထားတာလေး ရှိလို့ပါနော် "

ခဏအကြာတွင် သူမက ပြုံးပြီး ပြန်ရောက်လာသည်။ "နင်ဒီမှာရှိနေမယ်လို့ မမျှော်လင့်ထားဘူး"

"အစ်မဒီမှာရှိနေတာကို ကျွန်မတကယ် အံ့သြမိတယ်" ကျိုးရှို့လင်းနဲ့ အသက်တူတဲ့ အသက်သုံးဆယ်ကျော်လောက်ရှိတဲ့ ချန်းရင်ကို သူမကြည့်လိုက်သည်။ ဒီခေတ်မှာ ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ဒီအသက်အရွယ် မင်းသမီးတွေ အများကြီးရှိသည်။ ဒါပေမယ့် ရည်းစားမရှိတဲ့ ချန်းရင်လို တစ်စုံတစ်ယောက်ကတော့ တော်တော် ရှားသည်။

"စီစဉ်သူတွေက ငါ့ရဲ့တက္ကသိုလ် ပါမောက္ခတွေပဲ"

ကျန်းရှောင် သဘောပေါက်သွားသည်။ "ကျွန်မ သိပြီ"

ချန်းရင်မေးလိုက်သည် "ရှုကျားရမ် 'ချန်တင်း' အတွက် လက်မှတ် ထိုးထားတယ်လို့ ကြားတယ်"

"ဟုတ်တယ်၊ ကျားရမ်က ချန်တင်း အတွက် ဒေသိယစကားကို လေ့လာဖို့ သရုပ်ဆောင်မှာ ပါထားတယ် "

"နင့်ရဲ့ တောင်ပံအောက်မှာ အနုပညာရှင်ကောင်းတွေ အနည်းစုရှိတယ်။ ရှုကျားရမ်၊ စုန့်ယိဝမ် နဲ့ ချင်ယီလု ၊ သူမရဲ့ ကျော်ကြားမှုက မကြာခင်ကမှ မြင့်တက်လာတာနော်"

ကျန်းရှောင်ရဲ့ နှလုံးခုန်ခုန်သံက ခုန်ပေါက်သွားခဲ့သည်။ "ယီလုက တကယ်စွယ်စုံရတယ်"

ချန်းရင် သူမရဲ့ ပါးစပ်ထောင့်ကို ကွေးလိုက်သည်။ "မင်းနဲ့ငါကြား" ဆိုတဲ့ဟာကို နားထောင်ပြီးပြီ။ ကျုံးပိုင် နဲ့ သူမရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရမ်းကောင်းတယ်။ ပရိသတ်တွေက အသက်ကွာခြားမှုရှိတဲ့ ဒီစုံတွဲကို အရမ်းသဘောကျကြတယ် "

ကျန်းရှောင်သည် ချန်းရင်မှာ ကျင်းကျုံးပိုင် အပေါ် ခံစားချက်ရှိသည်ကို မမှတ်မိခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိသည်။

"Northbound" fan club ကိုဖွဲ့စည်းပြီးနောက် ချန်းရင်၏ fan group က အသံအများဆုံး ထွက်ခဲ့သည်။ အများစုက ချင်ယီလု ရဲ့နောက်ကို လိုက်ကြသည်။

ဒါပေမယ့် ချင်ယီလုတွင် စက္ကူကဲ့သို့ သန့်ရှင်းတဲ့ နောက်ခံရှိ၍ အပြစ်အနာအဆာများကို ရှာရခက်သည်။ ဟုတ်ပါတယ် သူမ ရဲ့ မြှောက်ပင့်မှုမရှိတဲ့ ဓါတ်ပုံ အချို့လည်း ရှိခဲ့သည်။

ကျန်းရှောင် မပြတ်မသား ပြောလိုက်သည်။ "ယီလု က လူသစ်တစ်ယောက်ဖြစ်နေတုန်းပဲ။ ဆရာ ကျင်းနဲ့ ဒီပူးပေါင်းဆောင်ရွက်မှုက သူမရဲ့အသက်မွေးဝမ်းကြောင်းကို အများကြီးတိုးတက်စေတယ်။ အစ်မရင်၊ ယီလု ရဲ့ ပရိသတ်တွေဆီကနေ အစ်မ အကြောင်း အွန်လိုင်းမှာ negative ကောမန့်တွေအတွက် ကျွန်မ တောင်းပန်ပါတယ်။ ယီလုရော ကျွန်မရော ဒီလိုမျိုး မဖြစ်စေချင်ခဲ့ပါဘူး"

ချန်းရင် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ငါ ဒီနယ်ပယ်မှာ နှစ်အတော်ကြာနေခဲ့တာ။ ဒီအရာတွေကို ဂရုစိုက်နေသေးရင် အချိန်ဖြုန်းမိသလိုဖြစ်သွားမှာပေါ့။ ကျုံးပိုင် က နင့်မျက်နှာကြောင့် ယီလုကို ကောင်းကောင်း ဂရုစိုက်တာလို့ ကြားတယ်"

ကျန်းရှောင် ပြန်ပြောလိုက်သည်။ "...ဆရာ ကျင်းက အမြဲတမ်း စိတ်အားထက်သန်တဲ့သူပါ။ 'သာယာဝပြောသောကမ္ဘာ' ရိုက်တဲ့ရက်တွေမှာတုန်းက သူက ရိုက်ကွင်းထဲက လူတိုင်းကို ကြင်ကြင်နာနာဆက်ဆံတယ်"

ချန်းရင် ခဏလောက် စဉ်းစားလိုက်သည်။ "မျက်စိတစ်မှိတ်အတွင်းမှာ သုံးနှစ်ကျော်လာခဲ့ပြီပဲ" လူတိုင်းပြောင်းလဲနေကြပြီ။ မကြာသေးမီက သူမ၏ သူငယ်ချင်းအချို့ အိမ်ထောင်ကျသွားပြီး တစ်ယောက်ပြီးတစ်ယောက် ကလေးမွေးခဲ့ကြသည်။

သူမကတော့ စောင့်နေရတုန်းပါပဲ။

" ကျုံးပိုင်က နင့်ကို အမြဲတမ်းသူများတွေနဲ့မတူဘဲ ဆက်ဆံနေသလို ငါခံစားရတယ် "

ကျန်းရှောင်ရဲ့ အမူအရာက ချက်ခြင်း အေးခဲသွားသည်။

““သာယာဝပြောသောကမ္ဘာ "ရိုက်ကူးခဲ့တဲ့ရက်တွေကိုပြန်သွားမယ်ဆိုရင် နည်းနည်းတော့ ထူးဆန်းတာကို တွေ့ရတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က နင့်အုပ်ချုပ်နေတဲ့ အနုပညာရှင်တွေရဲ့ တိုးတက်မှုကို ငါသတိထားမိတယ်။ ကျုံးပိုင်ရဲ့ စတူဒီယိုမှာ ပရောဂျက်တစ်ခုရှိတိုင်း စုန့်ယိဝမ်နဲ့ ယီဟန်တို့ နှစ်ယောက်စလုံး ပါဝင်တယ်”

"အစ်မရင်..."

"ဒါပေမယ့် သူနင့်ကို သဘောကျတယ်ဆိုရင် ဒီနှစ်တွေတစ်လျှောက်လုံး နင့်ကို ဘာလို့ ဝန်မခံရတာလဲဆိုတာ ငါနားမလည်ဘူး"

ကျန်းရှောင်တံတွေး မျိုချလိုက်ပြီး သူမ လည်ချောင်း ခြောက်သွားသည်။ "အစ်မရင်၊ ဆရာ ကျင်း က ဘယ်လိုလူလဲဆိုတာ ကျွန်မ မသိပါဘူး။ သူ ချိန်းတွေ့တာ မဟုတ်ပါဘူး၊ သူ အရမ်းအလုပ်များနေတာလည်းဖြစ်နိုင်တယ်။ သူ ကျွန်မကို သနားလို့ ကြင်ကြင်နာနာဆက်ဆံနေတာလည်း ဖြစ်နိုင်တာပဲ။ ကျင်းကျုံးပိုင်က ကျွန်မရဲ့ကိုယ်ပိုင်အထောက်အထားကို တစ်လျှောက်လုံး သိပြီးသားလည်းဖြစ်နိုင်တာပဲ။ ဒီလိုမှမဟုတ်ရင် ဒီကမ္ဘာမှာ အကြောင်းပြချက်မရှိဘဲ ဘယ်လိုလုပ် အကူအညီတွေကို အများကြီးရနိုင်မှာလဲ"

"သနားတာလား" ချန်းရင် အံ့ဩသွားသည်။

ကျန်းရှောင် ဥပေက္ခာပြုတဲ့ အရိပ်အမြွက်ဖြင့် ပြုံးလိုက်သည်။ "နိမ့်ကျတဲ့ လက်ထောက်တစ်ယောက်အနေနဲ့ အဲ့တာကလွယ်တာတော့ မဟုတ်ဘူး။ အစ်မရင် ၊ ဆရာ ကျင်း နဲ့ ကျွန်မကြားမှာ ဖြစ်နိုင်ခြေမရှိပါဘူး"

ချန်းရင် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ "ငါတို့ဒီမှာတွေ့နေပြီဆိုတော့ အတူတူထမင်းစားရအောင်"

ချန်းရင် သည် သူမအား တိတ်ဆိတ်သော ပြင်သစ်စားသောက်ဆိုင်သို့ ခေါ်သွားခဲ့သည်။

ထမင်းစားနေစဉ် ကျန်းရှောင် ဖုန်းခေါ်ဆိုမှုများစွာကို လက်ခံရရှိခဲ့သည်။ ယီလု ၏လက်ထောက်က လျင်မြန်စွာနှင့် သူမကို ဖုန်းဆက် အကူအညီတောင်းခဲ့သည်။ "ပြီးခဲ့တဲ့ရက်အနည်းငယ်က ယီလု မတော်တဆ ငါးပေါင်တက်သွားတယ်"

ကျန်းရှောင် ရယ်လည်းရယ် စိတ်လည်းပျက်သွားသည်။ "သူမ ကိုယ်အလေးချိန်တက်ဖို့ အလားအလာရှိမှန်း သူမ မသိလို့လား။နောက်တစ်ပတ်မှာ သူမ စပြီးတော့ရိုက်ကူးရေးလုပ်ရတော့မှာလေ ။ ကင်မရာထဲမှာဝနေတဲ့ သူမရဲ့ မျက်နှာဖောင်းဖောင်းကို လူတွေကို မြင်စေချင်တာလား။ ဘာပဲဖြစ်​ဖြစ်​ သူမကိုdietလုပ်ခိုင်း။ Coach Tony နဲ့ ဆက်သွယ်လိုက်။ တစ်ပတ်အတွင်းမှာ သူမအနည်းဆုံး ရှစ်ပေါင်ကျသွားအောင်လုပ် "

အစောပိုင်းက စိုးရိမ်နေခဲ့တဲ့ လက်ထောက်သည် ကျန်းရှောင် ၏ နောက်ပြောင်နေတဲ့ စကားများကို ကြားသောအခါ ဝါးလုံးကွဲ ရယ်မောသွားခဲ့သည်။ "အစ်မကျန်း၊ ကျွန်မ ဒါကို မှန်မှန်ကန်ကန်ပြောပြဖို့ ကတိပေးပါတယ်"

ချင်ယီလုက အမှန်တကယ်ပင် အစားအသောက်ကို နှစ်သက်သူဖြစ်သည်။ ကံမကောင်းစွာနဲ့ပဲ သူမဟာ ကိုယ်အလေးချိန် အလွယ်တကူ တက်လာပြီး အားလုံးက သူမရဲ့မျက်နှာပေါ်မှာ ပေါ်လွင်နေသည်။ သူမသည် တခါတရံတွင် မကူညီနိုင်ဘဲ သူမပျော်နေသည့်အခါတိုင်း သူ့ကိုယ်သူ ကျေကျေနပ်နပ်ပင် အလိုလိုက်တတ်သည်။

ဖုန်းပြောအပြီးတွင် ကျန်းရှောင် သက်ပြင်းချလိုက်မိသည်။

All Chapters