← Chapters

အခန်း (၉၂)

Vol. 8 Ch. 92

အခန်း (၉၂)

Vol. 8 Ch. 92

လျန့်ယွဲ့က သူ့အတွက်ယူလာတဲ့ လီလီပန်းစည်းကို အနီးနားမှာချလိုက်သည်။ "ကျန်းမာရေးက ဘယ်လိုရှိလဲ"

" ဗိုက်ထဲမှာ အကျိတ်ရှိနေတာ။ ဆရာဝန်က ခွဲစိတ်ပြီးရင် ပိုကောင်းလာလိမ့်မယ်လို့ ပြောတယ်။" လို့ ကျန်းယိ စကားပြန်ပြောလိုက်သည်။

လျန့်ယွဲ့ စဥ်းစဥ်းစားစားနဲ့ ခေါင်းညိတ်လိုက်သည်။ "ကျွန်မတို့တွေက မငယ်တော့ဘူး။ ကိုယ်ကျန်းမာရေးကို မှန်မှန် ဂရုစိုက်မှရမယ်"

"မင်းအရင်ကထက် အများကြီးပြောင်းလဲသွားပုံမပေါ်ဘူး" ကျန်းယိ သတိပြုမိသည်။

လျန့်ယွဲ့ ၏ နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုကို ဆုပ်ကိုင်ထားသည်။ "ကျွန်မက အသက်ကြီးနေပါပြီ။ ရှောင်ရှောင်တောင် နှစ်ဆယ့်ခြောက်နှစ်ရှိပြီ။ ကျွန်မတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် နောက်ဆုံးတွေ့ခဲ့တာ နှစ်ဆယ့်ခြောက်နှစ်ကြာသွားပြီပဲ"

ကျန်းယိ သူ့ မျက်လုံးတွေကို မှေးလိုက်သည်။ "ငါ မင်းကို ခုထိမချီးကျူးရသေးဘူး"

လျန့်ယွဲ့ ငြိမ်ကျသွားသည်။ "တခါတလေ ကျွန်မ ကိုယ့်ကိုယ်ကို အောင်မြင်နိုင်ပါ့မလားလို့ တွေးမိတယ်။ ကျွန်မ ရှောင်ရှောင်ဆီမှာ တင်နေတဲ့ အကြွေးက ကျွန်မတစ်သက်လုံး ဘယ်တော့မှ ပြန်မဆပ်နိုင်တဲ့အရာပဲ"

ကျန်းယိ မျက်ခုံးကြုတ်လိုက်သည်။ "ဒါ ငါ့အပြစ်ပါ"

လျန့်ယွဲ့ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။

ခဏကြာတော့ ဆေးရုံလူနာခန်းက တိတ်ဆိတ်သွားခဲ့သည်။

"မင်း"

"ရှင်"

နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်းပြောခဲ့ကြပြီး သူတို့ မျက်နှာတွေမှာလည်း ရှက်ကိုးရှက်ကန်း ဖြစ်နေကြသည်။

ကျန်းယိ မေးလိုက်သည်။ "ငါ ဆေးရုံတက်နေတာကို မင်းဘယ်လိုသိတာလဲ"

လျန့်ယွဲ့ ဘာမှ ဖုံးကွယ်မထားဘူး။ "ကျွန်မခင်ပွန်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခွဲစိတ်မှုလုပ်ခဲ့တာ။ ခွဲစိတ်တဲ့နေ့မှာ မူမူကို တွေ့ပြီး အဲဒီအကြောင်းကို သိခဲ့ရတယ်။ အစကတော့ စောစောစီးစီး ရှင့်ဆီလာလည်ဖို့ စီစဉ်ထားပေမယ့် သူတို့နှစ်ယောက်က လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ဒီကိုရောက်နေကြလို့ "

ကျန်းယိ ချက်​ချင်းနားလည်​သွားသည်​။ "သူက မင်းအပေါ်မှာကောင်းရဲ့လား" အဲ့လို့ မေးပြီးနောက် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

“သူက မင်းအပေါ် အရမ်းကောင်းမှာပေါ့ ”

လျန့်ယွဲ့ နှုတ်ခမ်းသပ်လိုက်သည်။ "ကျွန်မ အဆင်ပြေနေပါတယ်"

"ကောင်းပါတယ်" သူ့အကြည့်က သူမကို စိုက်ကြည့်နေပြီး အနက်ရောင်မျက်လုံးတွေက ပျော်ရွှင်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်းတို့ကို ထုတ်ဖော်ပြသနေသည်။

"မကြာသေးခင်က နှစ်တွေအတွင်းမှာ မင်းအတွက် ငါ့ရဲ့ပန်းချီကားတစ်ချပ်ကို တစ်ယောက်ယောက်ကို ဝယ်ခိုင်းခဲ့တာကို ငါသိခဲ့ရတယ်"

လျန့်ယွဲ့ အံ့အားသင့်သွားသည်။ သူမက ဒီကိစ္စကို ကောင်းစွာ ဖုံးကွယ်ထားခဲ့ပြီး သူမက သူသိသွားလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ "တောင်းပန်ပါတယ် ရှင့်ရဲ့ဘဝကို ပိုကောင်းမွန်စေချင်လို့ပါ"

"ငါ မင်းကို အပြစ်မတင်ပါဘူး"

"ရှင်ဘယ်လို သိသွားတာလဲ"

" 'အရုဏ်ဦး ' က ငါ ရှောင်ရှောင်ကို လက်ဆောင်ပေးဖို့လုပ်ထားတာ ပြင်ပလောဿို ထုတ်ဖော်မပြောပြခဲ့ဘူး။ အဲဒါကို ဆက်တိုက်ဝယ်ဖို့ ကြိုးစားနေတဲ့သူ နှစ်ယောက်ရှိတယ် - တစ်ယောက်က ရှို့လင်း၊ နောက်တစ်ယောက်ကတော့ မင်းပဲဆိုတာ ငါ သံသယဖြစ်ခဲ့တယ်"

"ရှင့်ရဲ့ ပန်းချီကားတွေကို ကျွန်မဆီ မရောင်းချင်ဘူးဆိုတာ အံ့သြစရာ မဟုတ်တော့ပါဘူး" လျန့်ယွဲ့၏ မျက်နှာအရောင်က အနည်းငယ် ပြောင်းလဲသွားသည်။ "ရှင့်ရဲ့ ဆက်နွယ်မှုကြောင့် ကျိုးရှို့လင်းနဲ့ ရှောင်ရှောင် တွဲခဲ့တာလား"

ကျန်းယိ မငြင်းခဲ့ပါဘူး။ "ငါ သူ့ကို အမေရိကန်မှာ ကယ်တင်ခဲ့တာ "

လျန့်ယွဲ့ မျက်ခုံးကြုတ်လိုက်သည်။ "ဒါပေမယ့် သူက ရှောင်ရှောင်နဲ့ ဘယ်လိုအဆုံးသတ်သွားရတာလဲ"

ကျန်းယိ ထိုမေးခွန်းကို မဖြေခဲ့ပေ။ "သူတို့ အခု​ပျော်​​နေကြပြီ"

လျန့်ယွဲ့ သူမ လက်တွေကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ " ရှောင်ရှောင်က ထူးခြားတယ်။ ရှင် သူ့အတွက် သင်ကြားပေးထားတာ အရမ်းကောင်းလို့ပဲဖြစ်ရမယ်"

"မဟုတ်ဘူး!" ကျန်းယိ၏ အမူအရာမှာ လေးနက်သွားသည် ။ "ငါက ဖခင်ကောင်းတစ်ယောက်မဟုတ်ဘူး။ ဒီအတွက် ငါရှက်မိတယ်။ ရှောင်ရှောင် ကြီးပြင်းလာစဉ်မှာ ဖခင်တစ်ယောက်အနေနဲ့ ငါ့ရဲ့တာဝန်တွေကို မကျေပွန်ခဲ့ဘူး၊ ငါလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တချို့ကို နောင်တရမိတယ်။ ဖြစ်နိုင်တာကတော့ ငါတစ်ကိုယ်ကောင်းဆန်လွန်းသွားတာပဲ "

လျန့်ယွဲ့ နှုတ်ခမ်းကို ကိုက်ပြီး လှည့်လိုက်သည်။

သူတို့နှစ်ယောက် စကားအတိုချုပ်ပြောပြီး လျန့်ယွဲ့က မတ်တပ်ထရပ်ပြီး ထွက်သွားဖို့လုပ်လိုက်သည်။ "ကျန်းမာရေး ဂရုစိုက်"

"ကျေးဇူးတင်ပါတယ်"

သူမ တံခါးဆီ ရောက်သွားပေမယ့် ရပ်တန့်သွားသည်။ "ကျန်းယိ၊ အဲ့တုန်းက ရှင် ကျွန်မကို မတွေ့ခဲ့ဘူးဆိုရင် ပိုကောင်းမှာပဲ "

ကျန်းယိ မကူညီနိုင်ဘဲ ခါးသက်စွာ ပြုံးလိုက်ပြီး တိတ်ဆိတ်နေခဲ့သည်။

သူ့ဘဝမှာ ဘယ်တော့မှ နောင်တမရတဲ့အရာတစ်ခုက သူမနဲ့တွေ့ဆုံခြင်းပင်။

ကျန်းယိ တံခါးကို မိန်းမောစွာ စိုက်ကြည့်နေသည်။ နှစ်ဆယ့်ခြောက်နှစ်ကြာပြီးနောက် သူတို့နှစ်ယောက်လုံးသည် လူချင်းမတူကြတော့ပေ။

နောက်တစ်နေ့တွင် ကျင်းဟွေ့ ဆေးရုံမှဆင်းခဲ့သည်။

မဂ္ဂဇင်းကုမ္ပဏီများမှ သတင်းထောက်အများအပြားက ဆေးရုံဝင်ပေါက်တွင် စောင့်နေကြသည်။ ကျန်းရှောင်က နံနက်စောစောမှာ ပြန်ရောက်လာပြီး မထင်မှတ်ဘဲ ဒီမြင်ကွင်းကို တွေ့လိုက်ရသည်။ မျက်လုံးစူးရှတဲ့ သတင်းထောက်တွေဟာ အရည်အချင်းရှိတဲ့ အေးဂျင့်တစ်ယောက်အနေနဲ့တောင် သူမကို လက်လွတ်မခံခဲ့ပါဘူး။

"မစ္စ ကျန်း၊ မစ္စတာ ကျင်းဆီ လာလည်တာလား"

"မစ္စ ကျန်း၊ ဒါ 'ချန်တင်း' မှာ ရှုကျားရမ် ရဲ့အခန်းကဏ္ဍကြောင့်မို့လား"

..

ကျန်းရှောင် ပြန်ဖြေဖို့အားယူလိုက်ရသည်။ "တောင်းပန်ပါတယ် ၊ ဒါပေမယ့် ကျွန်မ ဒီကိုလာတာက ကျွန်မအဖေ ဆေးရုံတင်ထားရလို့ပါ။ မနေ့ညကမှ မစ္စတာ ကျင်း ခွဲစိတ်ထားတယ်ဆိုတာကို သိတာ။ မစ္စတာ ကျင်း မကြာခင် ပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်"

မိသားစုဝင်တစ်ဦး ဆေးရုံတင်ထားရကြောင်း သတင်းထောက်များက ကြားသိရသောအခါတွင် ၎င်းတို့က သူမအား ထုံးစံအတိုင်း ဖိအားမပေးတော့ပေ။

ကျန်းရှောင် ကမန်းကတန်း ထွက်သွားပြီး အနီးနားမှာ ရပ်နေကြတဲ့ ကျင်းဟွေ့နဲ့ လျန့်ယွဲ့ကိုတောင် မကြည့်ဘဲ ခံစားချက်က ထူးထူးခြားခြား ခါးသီးနေခဲ့သည် ။

ကျန်းယိက မနက်စာစားပြီးတော့ ကော်ရစ်ဒါမှာ လမ်းလျှောက်နေသည်။ ကျန်းရှောင် စိုးရိမ်သွားပုံရသည်။ "ဖေဖေ ဘာလို့ တစ်ယောက်တည်းရှိနေတာလဲ"

"အဖေ နေကောင်းပါတယ်၊ အဖေက သိမ်မွေ့နူးညံ့နေတဲ့ မဟုတ်ပါဘူး။ ဆရာဝန်က အဖေ့ကို နေကောင်းနေပြီလို့ပြောတယ်"

"အဲ့လိုဆိုပေမယ့် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့လိုသေးတယ်လေ " ကျန်းရှောင် သူ့ကိုပြောလိုက်ပြီး သူတို့နှစ်ယောက် လူနာခန်းကို ပြန်လာခဲ့ကြသည်။

" ရှောင်ရှောင်၊ သမီးအလုပ်တွေ များနေတာကို ​​ဒီကို ခဏခဏလာစရာ မလိုပါဘူး" လို့ ကျန်းယိပြောလိုက်သည်။

“သမီးရဲ့ အလုပ်ကိစ္စတွေကို လုပ်ထားပြီးပါပြီ”

"ဖေဖေ၊ ဒီပန်းတွေကို ဘယ်သူပို့ထားတာလဲ" ကျန်းရှောင် ဗီရိုအသေးလေးပေါ်ရှိ ပန်းစည်းကို သတိပြုမိလိုက်သည်။ ကျန်းယိက ခဏရပ်တန့်ပြီး ပြောလိုက်သည်။ "သမီးရဲ့အမေ မနေ့ညက လာသွားတာ"

ကျန်းရှောင်ရဲ့အပြုံးက အေးခဲသွားခဲ့သည်။

" ရှောင်ရှောင် သမီးအမေနဲ့ အဖေ့အကြောင်းက..."

"ဖေဖေ၊ သူမရဲ့အကြောင်း မပြောပါရစေနဲ့။ အခု သမီးတို့အဆင်ပြေနေကြပြီပဲ။ သူမက သမီးတို့ ဘဝရဲ့ အစိတ်အပိုင်း မဟုတ်ခဲ့တာ နှစ်တော်တော်ကြာနေပြီ။ အနာဂတ်မှာ အပြောင်းအလဲ ရှိလာမှာ မဟုတ်ဘူး "

ကျန်းရှောင် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။ "စကားမစပ်၊ အန်တီနဲ့ တခြားသူတွေ ပြန်လာနေကြပြီ။ ယွမ်ယွမ်က သူမရဲ့အလုပ်အတွက် တရုတ်ပြည်ကို ပြန်လာတာ"

"ယွမ်​ယွမ်​က ဘာလို့ထပ်ပြီး ပြန်​လာရတာလဲ"

ဤအလွှဲအပြောင်းကြောင့် သားအဖတွေရဲ့ စိတ်ခံစားချက်တွေက သိသိသာသာ တိုးတက်လာသည်။

မကြာခင်မှာပဲ ကျန်းရှောင်က အချိန်နဲ့တပြေးညီ ကျင်းကျုံးပိုင်ရဲ့ကျော်ကြားမှုနဲ့ သတင်းပြန်တက်လာခဲ့သည်။

သတင်းထောက်တွေက ခေါင်းကြီးပိုင်းတွေကို ဖန်တီးရာမှာ ပိုကောင်းလာကြသည်။

• "ကျန်းရှောင်က လေးစားရတဲ့ ဒါရိုက်တာ ကျင်းဆီ ဝီရိယရှိရှိ လာလည်တယ် "

• "ကျန်းရှောင်ရဲ့ဖခင်နဲ့ ဒါရိုက်တာ ကျင်းတို့ တက်နေတဲ့ဆေးရုံက တစ်ခုထဲ"

• "ကျိုးရှို့လင်းက ကျန်းရှောင်ရဲ့ဖခင်ကိုတွေ့ရန် ဆေးရုံသို့ ကိုယ်တိုင်သွားရောက်လည်ပတ်ခဲ့"

..

သတင်းထွက်ပြီးတာနဲ့ စုန့်ယိဝမ်၊ ရှုကျားရမ်နဲ့ တခြားနှစ်ယောက်က သူမကို နှစ်သိမ့်ပေးတဲ့စာတိုတွေနဲ့ စာအိတ်နီတစ်အိတ်စီကို တွဲပို့ပေးခဲ့ကြသည်။

ယီဟန် - "အစ်မကျန်း ကျွန်တော်တို့ကို ဘာလို့မပြောတာလဲ"

ချင်ယီလု - "ဥက္ကဌ ကျိုးတောင် အစ်မရဲ့အဖေဆီ လာလည်တယ်ပေါ့!"

ချင်ယီလု - "ဥက္ကဌ ကျိုးက တကယ်ကို ကြင်နာတတ်တာပဲ။ အရမ်းချစ်ဖို့ကောင်းတဲ့ ဘော့စ်ပဲဟေ့။ ကျွန်မရဲ့ သရုပ်ဆောင်တာကို သေချာပေါက် ကြိုးစားပါ့မယ်။ ကျွန်မ နာမည်ကြီးလာတဲ့အခါကျရင် ကုမ္ပဏီအတွက် ပိုက်ဆံအများကြီး ရှာပေးပါ့မယ်နော် "

ဒါပေမယ့်လည်း ကျန်းရှောင်က ၎င်းတို့၏ စာအိတ်အနီများကို လက်ခံဖို့ မရည်ရွယ်ခဲ့ပေ။

ချင်ယီလု နောက်ထပ် မက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့သည်။ "ကျွန်မက အခုတော့ ပိုက်ဆံ များများစားစား မရတော့ အစ်မ ကျွန်မဆီက ပိုက်ဆံ အများကြီး ရမှာတော့ မဟုတ်ဘူး။ ကျွန်မတို့ထဲမှာ ယိဝမ်ပဲ ဝင်ငွေ အများကြီးရှိတာ၊ အစ်မက ကျင်းချန်မှာ အခန်းတစ်ခန်းတာင် မရှိဘူး။ ကျေးဇူးပြုပြီး လက်ခံထားလိုက်ပါ။ အဲ့လိုမှမဟုတ်ရင် ကျွန်မတို့ အေးအေးဆေးဆေး အလုပ်လုပ်လို့ရမှာ မဟုတ်ဘူး"

ကျန်းရှောင်သည် ၎င်းတို့၏ စာအိတ်အနီများကို တစ်ခုပြီးတစ်ခု လက်ခံရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။

ထိုညနေခင်းတွင် သူမက အခြားသူတွေအမြင်မှာ ဆင်းရဲနေတဲ့ ပုံပေါက်နေလားဟု ကျိုးရှို့လင်းကို မေးခဲ့ရသည်။

ကျိုးရှို့လင်းက သူမကို စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။ "မင်းယောက်ျားက ဘယ်သူလဲဆိုတာ မင်း သူတို့ကို ပြောပြလိုက်ရင် မင်းက ဆင်းရဲတယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်တော့ဘူး"

ကျန်းရှောင် ရယ်လိုက်သည်။ "ရှင်က ကျွန်မယောက်ျားလို့ သူတို့ကို ပြောလိုက်ရင် ကျွန်မကို လိမ်နေတယ်လို့ ထင်သွားကြလိမ့်မယ်"

"လောင်းမလား"

ကျန်းရှောင် တုံ့ဆိုင်းသွားသည်။ "မလောင်းရဲပါဘူး"

ကျိုးရှို့လင်းက သူမကို အနား ဆွဲလိုက်သည်။ "မစ္စစ် ကျိုး၊ ကိုယ် မင်းနဲ့ ဘယ်တော့မှ ပေါ်ပေါ်ထင်ထင် ထွက်ရမှာလဲ ဟင် "

ကျန်းရှောင် ခဏတာမျှ နှုတ်ဆိတ်နေပြီး သူ့ကိုကြည့်ကာ သူမမျက်လုံးတွေက အမည်းရောင်အကွင်း အရိပ်အယောင်တွေရှိနေသည် ..

အခြေအနေကို အခွင့်ကောင်းယူပြီး ကျိုးရှို့လင်းက သူမကို အနားဆွဲလိုက်သည်။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းလည်း အလုပ်ကြိုးစားခဲ့တာပဲ။ အနားယူချင်လား"

ကျန်းရှောင် ခေါင်းခါလိုက်သည်။ "ခဏစောင့်ရအောင်။ အောက်တိုဘာလကျရင် ပဲပင်ပေါက်လေးနဲ့ ကျွန်မတို့ အတူတူ အနားယူကြမယ် "

ကျိုးရှို့လင်း အနည်းငယ်မျှ လျစ်လျူရှုထားပုံရသည်။ "အပန်းဖြေအနားယူတာ ကောင်းပါတယ်၊ ဒါပေမယ့် ကိုယ် သူ့ကို ခေါ်သွားဖို့ မစီစဉ်ထားဘူး"

"မစ္စတာ ကျိုး၊ အဲ့လောက်ထိ မတွန့်တိုစမ်းပါနဲ့။" ကျန်းရှောင် သူ့မေးစေ့ကို ဖျစ်လိုက်သည်။

သူတို့နှစ်ယောက် အချိန်အတော်ကြာ စကားစမြည်ပြောနေကြသော်လည်း ကျန်းရှောင်သည် သူမ၏ငိုက်မျဉ်းခြင်းကို မခံနိုင်ဘဲ မျက်လုံးတွေ တဖြည်းဖြည်းချင်းမှိတ်သွားပြီး အိပ်ပျော်သွားခဲ့သည်။

တစ်ပတ်အကြာတွင် ကျန်းယိ ဆေးရုံမှဆင်းလာခဲ့ပြီး ကျန်းရှောင် သည်လည်း သူမ၏အလုပ်အပေါ် ပြန်လည်အာရုံစိုက်ခဲ့သည်။ "အဆုံးအဆမဲ့တဲ့ ဓားနဲ့ နဂါး သတ်ဖြတ်သူ " ကို ရိုက်ကူးနေတာ လဝက်နီးပါးရှိပြီဖြစ်ပြီး ဇာတ်ပို့သရုပ်ဆောင်များစွာနဲ့ ပတ်သက်တဲ့ သတင်းတွေ မီဒီယာတွေမှာ ကွက်တိကွက်ကျား ထွက်ပေါ်လာခဲ့သည်။

အထူးသဖြင့် ချင်ယီလုနဲ့ ယီဟန်တို့ CP အတွဲသည် ပရိသတ်အားပေးမှုကို ရရှိခဲ့သည်။ တစ်ယောက်က ချစ်စရာကောင်းပြီး နောက်တစ်ယောက်ကတော့ ချောမောပြီး လိုက်ဖက်လွန်းသည်။

ကျန်းရှောင်က ဒရာမာဇာတ်လမ်းတွဲကို သွားရောက်ကြည့်ရှုရန် တစ်ရက်အနားယူခဲ့သည်။

အဲ့နေ့မှာ ချင်ယီလုမှာ ရိုက်ကူးဖို့ ဇာတ်ကွက်မရှိခဲ့ပေ။ "အစ်မကျန်း၊ ဦးလေးရဲ့ ကျန်းမာရေး ဘယ်လိုလဲ"

"သူ အခု ပိုကောင်းလာပါပြီ။ ကျေးဇူးတင်ပါတယ်"

"အစ်မကျန်း၊ ကျွန်မ မကြာသေးခင်က သတင်းတချို့ကြားခဲ့တယ်" လို့ ချင်ယီလု ထူးဆန်းစွာပြောလိုက်သည်။

"ဘာသတင်းလဲ"

"အစ်မနဲ့ ဥက္ကဌ ကျိုး အကြောင်း " ရှိုးပွဲအတွက် မွန်ဂိုလီးယားမင်းသမီးဝတ်စုံကို ဝတ်ဆင်ထားသော ချင်ယီလုမှာ ခမ်းနားထည်ဝါသော ပုံပေါက်နေသည်။ သူမ စကားပြောနေစဉ်တွင် သူမနဖူးက တန်ဆာက ညင်သာစွာရွေ့လျားသွားပြီး သူမ၏မျက်လုံးတွေက စူးစမ်းလိုစိတ်များဖြင့် တောက်ပြောင်နေသည်။

"အစ်မနဲ့ ဥက္ကဌ ကျိုး ကြားမှာ ထူးထူးခြားခြား တစ်ခုခု ရှိနေတယ်လို့ သူတို့ ပြောကြတယ်။ ကျွန်မတို့အတွက်ကြောင့် အစ်မ ဥက္ကဌ ကျိုးနဲ့ စကားမပြောနိုင်တဲ့ ဆက်ဆံရေးရှိတယ်လို့ သူတို့က ပြောကြတယ်"

All Chapters