အခန်း (၉၃)
Vol. 8 Ch. 93
ကျန်းရှောင် မထိန်းနိုင်ဘဲ ရယ်မောခဲ့ကာ သက်ပြင်းချလိုက်သည်။ "မင်းတို့တွေအတွက် အစ်မက တကယ်အဲ့လိုလုပ်လိမ့်မယ်လို့ ထင်နေတာလား။ အဲဒါဆိုရင် အစ်မကိုယ်တိုင်က သရုပ်ဆောင်အလုပ်ကို လိုက်လုပ်လိုက်လို့ရတယ်နော် "
"ကျွန်မကတော့ အဲ့တာကို မယုံပါဘူး" ချင်ယီလု လှောင်ပြုံးပြုံးလိုက်သည်။ "အဲ့တာ ကျိုးယွီထုန် ပြောတာ"
"ကျိုးယွီထုန်။ ဘယ်ကျိုးယွီထုန်လဲ "
"သူမက ပြီးတဲ့တုန်းက သတင်းထွက်ခဲ့တဲ့ မစ္စတာ ကျိုး ရဲ့ ကောလဟာလ ရည်းစားဟောင်းလေ "
"သူမလည်း အဖွဲ့သားထဲမှာ ပါတာလား။ သူမက ဘယ်အခန်းကဏ္ဍမှာ သရုပ်ဆောင်တာလဲ"
"သူမက ကျားအာ နေရာမှာ"
ကျန်းရှောင်၏ မျက်နှာပေါ်တွင် ထူးထူးခြားခြား အမူအရာမရှိဘဲ ပြုံးနေလေသည်။
ချင်ယီလု သူမကို ဂရုတစိုက် စိုက်ကြည့်နေသည်။ "အစ်မကျန်း၊ အစ်မမှာ လုံးဝတုံ့ပြန်မှု မရှိဘူးလား"
ကျန်းရှောင် အလေးအနက်ပြောလိုက်သည်။ "မင်းနဲ့ ယီဟန်က အစ်မအတွက် ကိုယ့်ရဲ့သရုပ်ဆောင်တဲ့နေရာမှာပဲ အာရုံစိုက်။ လောလောဆယ် တခြားဘာကိုမှ စိတ်ပူမနေနဲ့။ ကိုယ့်ရဲ့သရုပ်ဆောင်စွမ်းရည်ကို တိုးတက်အောင်လုပ် ပြီးတော့ ကျောက်မင် အဖြစ်ကောင်းကောင်းသရုပ်ဆောင်နိုင်ရင် မင်းကို ဟိုးအဝေးကြီးထိ ဆွဲခေါ်သွားလိမ့်မယ်။ ပြီးတော့ ဒီကာလအတွင်း Weibo ကို အလွန်အကျွံသုံးမနေနဲ့။ CP ပရိသတ်တွေ အဆိုးမြင်စိတ်တွေနဲ့ ထင်မြင်ယူဆလာကြရင် သူတို့ မီးထဲ လောင်စာသာ ထည့်ပေးနေကြသလို ဖြစ်လိမ့်မယ်"
"အခုနောက်ပိုင်း ရိုက်ကူးရေးကလွဲလို့ ကျွန်မတို့ တခြားဘာမှ မလုပ်ဖြစ်သေးပါဘူး"
"ဘယ်လိုပဲဖြစ်ဖြစ် Weibo မှာ ပို့စ်တင်တာကိုလျှော့။ မနှစ်က နာမည်ကြီးခဲ့တဲ့ ဒရာမာဇာတ်ကားကို မှတ်ထား" ကျန်းရှောင်သည် အခြား CP fanbase ပြိုလဲသွားပုံကို ကိုယ်တွေ့ ကြုံဖူးသည်။
ချင်ယီလု ရုတ်တရက် သဘောပေါက်သွားသည်။ "အစ်မကျန်း၊ အစ်မကို ဆုံးရှုံးလိုက်ရရင် ကျွန်မဘယ်လိုလုပ်ရမလဲ!"
ကျန်းရှောင် သူမရဲ့လေသံကိုပြောင်းလိုက်သည်။ "မင်း အတွေ့အကြုံနဲ့ သင်ယူရမှာပေါ့။ ဒီရှိုးက မတူကွဲပြားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ အမျိုးသမီးလေးဦးနဲ့ ဝန်းရံထားတဲ့ ကျန်းဝူကျိရဲ့အကြောင်းကို ရိုက်ထားတာ။ တစ်နေ့ကျရင် ငါတို့ အတူတူ မရှိနေတော့ဘူးဆိုရင် မင်း ကိုယ့်ဘာသာ ရပ်တည်နိုင်ရမယ်"
ချင်ယီလု ကြက်သေသေသွားသည်။ "အစ်မကျန်း၊ ကျွန်မတို့ကို ထားခဲ့ဖို့ စီစဉ်နေတာလား"
ကျန်းရှောင် သူမကိုကြည့်လိုက်သည်။ "ကောင်းတဲ့အရာတွေအားလုံးက အဆုံးသတ်ဆိုတာကို ရောက်လာမှာပဲ။အစ်မက တစ်နေ့မှာ အရည်အချင်းရှိတဲ့ အေးဂျင့်ဖြစ်နေတာကနေ ရပ်သွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အခု မင်းရဲ့ဇာတ်ကွက်အတွက် သွားပြင်ဆင်တော့။ ငါပြန်တော့မယ်။ "ချန်တင်း" က မနက်ဖြန်မှာ ရိုက်ကူးရေးစတော့မှာ မစ္စတာကျိုးနဲ့ အစ်မ အဲဒီမှာရှိနေလိမ့်မယ်"
ချင်ယီလု သဘောပေါက်သွားသည်။ "ကျေးဇူးပြုပြီး ဂရုတစိုက်ပြန်ဦးနော်"
ကျန်းရှောင် မထွက်သွားခင်မှာပဲ ရိုက်ကူးရေး လုပ်လို့ပြီးသွားတဲ့ ကျိုးယွီထုန်နဲ့ တည့်တည့်တိုးခဲ့သည်။
အခုအချိန်မှာ ကျိုးယွီထုန်က ကျားအာရဲ့ လူငယ်ဗားရှင်းအဖြစ် သရုပ်ဆောင်နေပြီး အလွန်မိန်းကလေးဆန်စွာ ၀တ်ဆင်ထားသည်။ သူမက သဘာဝအတိုင်း လှပနေပြီး တရုတ်ရိုးရာ အဝတ်အစားများဖြင့် သူမ၏ အသွင်အပြင်က သူမကို ပို၍ပင် ရင်သပ်ရှုမောစေခဲ့သည်။ 'ဒီမိန်းမက ငါ့ယောကျ်ားကို သွေးဆောင်ချင်နေတဲ့သူပေါ့။'
အပြန်လမ်းတွင် ကျန်းရှောင်က ကျိုးရှို့လင်းဆီ ဓာတ်ပုံတစ်ပုံ ပို့လိုက်သည်။
ဓာတ်ပုံကိုမြင်ပြီးနောက် ကျိုးရှို့လင်း reply ပြန်လာခဲ့သည်။ "ကိုယ်တို့ရဲ့စတားမန်နေဂျာ ကျန်း၊ မင်းအခု လူသစ်နဲ့ ထပ်ပြီး စာချုပ်ချုပ်မို့လား"
ကျန်းရှောင် ပြန်တုံ့ပြန်ခဲ့သည်။ "မစ္စတာ ကျိုး နဲ့ ကောလဟာလ သတင်းထွက်ထားတဲ့ ရည်းစားကို ကျွန်မ စာချုပ်မချုပ်ရဲပါဘူး"
ကျိုးရှို့လင်း မေးလိုက်သည်။ "ဘယ်သူလဲ"
ကျန်းရှောင် အပြုံးကိုထိန်းထားပြီး စာပြန်လိုက်သည်။ "ရှင့်ရဲ့ ကောလဟာလထွက်ထားတဲ့ ကောင်မလေးတွေထဲက တစ်ယောက်ပဲ"
ကျိုးရှို့လင်း အနီးကပ်ကြည့်လိုက်ပြီးနောက် သတိရသွားသည်။ "ထပ်ပြီးတော့ သူမပဲလား"
ကျန်းရှောင်ပြောလိုက်သည်။ "လေဆိပ်ကို ချက်ချင်းသွားလိုက်တော့ မစ္စတာ ကျိုး။ မနက်ဖြန် လျန့်နန်မှာ တွေ့မယ်"
ကျိုးရှို့လင်း ဖုန်းချလိုက်ပြီး ကားမောင်းနေတဲ့ ကျန်းချင်ကို မေးလိုက်သည်။ "မင်းရဲ့ရည်းစား သဝန်တိုလာရင် ထုံးစံအတိုင်း ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ "
ကျန်းချင်ရဲ့ မျက်နှာက ချက်ချင်းပင် တင်းမာသွားသည်။ "မစ္စတာကျိုး၊ ကျွန်တော့်မှာ ခုထိ ရည်းစားမရှိသေးဘူး"
ကျိုးရှို့လင်း သူ့ကို စက္ကန့်အတော်ကြာ စိုက်ကြည့်ပြီး ပြောလိုက်သည်။ "ငါသိပြီ"
နောက်တစ်နေ့၌ ကျန်းရှောင်နဲ့ ကျိုးရှို့လင်းတို့ လျန့်နန် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့သို့ ရောက်ရှိခဲ့သည်။
"ချန်တင်း" ဖွင့်ပွဲ အခမ်းအနားကို တက်ကြွစွာ ကျင်းပခဲ့သည်။ အခုခေတ်မှာ တီဗီဒရာမာပဲဖြစ်ဖြစ် ရုပ်ရှင်ပဲဖြစ်ဖြစ် ဖွင့်ပွဲအခမ်းအနားတွေက ခေတ်စားလာပြီ။ အမွှေးတိုင်မီးထွန်းခြင်း၊ နတ်ဘုရားများကို ဂါရဝပြုခြင်း၊ ချောမွေ့စွာ ထုတ်လုပ်နိုင်စေရန် ဆုတောင်းခြင်းနှင့် ကြည့်ရှုသူများ မြင့်မားလာစေရန် မျှော်လင့်ခြင်းတို့သည် ထုံးတမ်းစဉ်လာများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ခေါင်းဆောင်မင်းသမီးအဖြစ် ရှုကျားရမ်က ဒါရိုက်တာရဲ့ဘေးတွင် ရပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် သတင်းထောက်တွေက ရှုကျားရမ်နဲ့ တစ်ဦးချင်း တွေ့ဆုံမေးမြန်းခဲ့သည်။ သူမက လိမ္မာပါးနပ်တဲ့ မင်းသမီးတစ်ဦးဖြစ်ပြီး သတင်းထောက်တွေနဲ့ ဆက်ဆံရေးကောင်းမွန်သူဖြစ်သည်။
အင်တာဗျူးပြီးသည်နှင့် ကျန်းရှောင်က ချဉ်းကပ်ခဲ့ပြီး ရေသန့်တစ်ဘူး ပေးလိုက်သည်။
ရှုကျားရမ်က ကျန်းရှောင်ရှေ့မှာ သူမ၏ပျော်ရွှင်မှုကို ဖုံးကွယ်မထားပေ။ "အစ်မကျန်း၊ အိပ်မက်မက်နေသလိုပဲ"
ကျန်းရှောင် သူမကို ကြည့်လိုက်သည်။ "ကျားရမ်၊ ဆက်ပြီး အလုပ် ကောင်းကောင်းလုပ်နော် "
ရှုကျားရမ် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ "အစ်မကျန်း ကျွန်မအလုပ်ကြိုးစားပါ့မယ်"
စူပါစတားတစ်ယောက်ဖြစ်ရန် ကံတရားပေါ်တွင်မူတည်ပြီး ထွန်းသစ်စ ကြယ်တစ်ယောက်ဖြစ်ရန် ကံကောင်းမှုနဲ့ကြိုးစားအားထုတ်မှုလိုသည်။ ရှုကျားရမ်က ကျော်ကြားမှုအတွက် စိတ်အားထက်သန်နေပြီး သူမနဲ့ ကျန်းရှောင်တို့ ကြားမှာ စိတ်ဝမ်းကွဲတာတွေ ဖြစ်နေတာကို သူမသိသည်။
အစပိုင်းမှာတော့ စုန့်ယိဝမ်နဲ့ သူမကိုယ်တိုင်အပါအဝင် သူတို့လေးယောက်လုံး ထွက်ပေါ်ခဲ့သည်။ ချင်ယီလုနဲ့ ယီဟန် တို့က ကျန်းရှောင်ရဲ့စကားကိုနားထောင်ပြီး တစ်နှစ်ကြာ စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့သည်။
ခဏကြာ စကားစမြည်ပြောပြီးနောက် ရှုကျားရမ်ကို ခေါ်သွားခဲ့သည်။
ကျန်းရှောင်က ရှုကျားရမ်ရဲ့ ရုပ်ပုံကို တွေးတောရင်း နေရာတွင် ရပ်နေခဲ့သည်။ "ချန်တင်း" ဇာတ်ကား ရိုက်ကူးရေး ပြီးဆုံးသည်နှင့်တပြိုင်နက် ရှုကျားရမ်နဲ့ သူမရဲ့ ဆက်ဆံရေးက နီးကပ်လာမည်ကို သူမ သိသည်။
သူမသည် သူမ၏ စတူဒီယိုကို လျင်မြန်စွာ ဆက်သွယ်ခဲ့ပြီး ရှုကျားရမ်ကို ကြော်ငြာရန်အတွက် ၎င်းတို့နှင့် မကြာခဏပူးပေါင်းလုပ်ဆောင်ခဲ့ကြတဲ့ မီဒီယာအများအပြားနှင့် ၎င်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။
"ရှောင်ရှောင်" တစ်ယောက်ယောက်က သူမကို အနောက်ကနေ ခေါ်ခဲ့သည်။
ကျန်းရှောင် စိတ်ကိုထိန်းပြီး လျန့်ယွဲ့ကိုကြည့်ဖို့ လှည့်လိုက်သည်။
လျန့်ယွဲ့က ချီဖောင်ကို ၀တ်ဆင်ထားပြီး သူမ၏ သွယ်လျတဲ့အသွင်အပြင်နဲ့ ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိနေတာကို ပြသထားသည်။
"မင်္ဂလာပါ ဆရာမ လျန့် " ကျန်းရှောင်က သူမကို တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။
လျန့်ယွဲ့ မျက်ခုံး အနည်းငယ်ကြုတ်လိုက်မိသည်။ "မင်း စိတ်မပူပါနဲ့။ ငါ ကျားရမ် ကို ကောင်းကောင်းသင်ပေးမှာပါ" ငယ်ငယ်က သူမနဲ့တူတဲ့ အလုပ်ကြိုးစားပြီး စိတ်ဓာတ်ခိုင်မာသူ ရှုကျားရမ်ကို ရည်ညွှန်းပြီး ပြောနေတာဖြစ်သည်။
"ကျားရမ်က ဒီရိုက်ကူးရေးအတွင်းမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရလိမ့်မယ်လို့ ယုံကြည်တယ်။ ဆရာမ လျန့်ကို သူမ ကိုယ်စား ကျေးဇူးတင်ပါတယ်" လို့ ကျန်းရှောင် ပြောလိုက်သည်။
လျန့်ယွဲ့က သူမနှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ "ငါ့ကို ဒီလိုပြောနေစရာ မလိုပါဘူး"
ကျန်းရှောင် အသက်ပြင်းပြင်းရှူရင်း ထေ့ငေါ့တဲ့အရိပ်အမြွက်ကို ခံစားလိုက်ရသည်။ "ကျွန်မ နားမလည်ဘူး။ ဒါနဲ့ ကျွန်မကို အသိအမှတ်ပြုဖို့ ကြိုးစားနေတာလား။ သတင်းထောက်တွေ အပြင်မှာ စောင့်နေတယ်နော်"
လျန့်ယွဲ့ သူမကို စူးစိုက်ကြည့်ကာ သူမ မျက်လုံးတွေက အကူအညီမဲ့တဲ့ အရိပ်အယောင်များ ပေါ်လွင်နေသည်။
ကံကောင်းထောက်မစွာနဲ့ ထိုအချိန်တွင် ကျိုးရှို့လင်း လမ်းလျှောက်လာခဲ့သည်။ "ဆရာမ လျန့်၊ ကျန်းရှောင် နဲ့ ကျွန်တော် ဒီည ပွဲ အခမ်းအနား တက်ရမှာမို့။ကျွန်တော်တို့ အရင်သွားနှင့်လိုက်မယ်"
"ကောင်းပါပြီ၊ ငါတို့ နောက်တစ်ကြိမ်မှ စကားပြောလို့ရပါတယ်။" လျန့်ယွဲ့ ရဲ့အမူအရာက ပုံမှန်ပြန်ဖြစ်သွားသည် ။
ထိုညနေပိုင်းတွင် ၎င်းတို့နှစ်ဦးသည် ဟွားရှ၊ ရှင်းမီ နှင့် Yoha Video တို့ ပူးပေါင်းကျင်းပသည့် ပရဟိတပွဲသို့ တက်ရောက်ခဲ့သည်။ ဟိုတယ်သို့ရောက်ပြီးနောက် ကျန်းရှောင် ညနေခင်းဝတ်စုံ လဲလိုက်သည်။
ဒီဝတ်စုံကို ကျိုးရှို့လင်းက ပြင်ဆင်ထားပြီး သူမနဲ့လိုက်ဖက်တဲ့ နောက်ဆုံးပေါ် နွေရာသီဖက်ရှင်ဖြစ်သည်။ ကျန်းရှောင်က ထိုကဲ့သို့သော ၀တ်စုံများစွာကို မြင်တွေ့ခဲ့ရပြီး ၎င်းကို တန်ဖိုးကြီး ဒီဇိုင်နာတစ်ယောက် ချုပ်ထားတယ်ဆိုတာကို အသိအမှတ်ပြုခဲ့သည်။
ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီနှစ်ခုစလုံးမှ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပြီး ရုပ်ရှင်လောကမှ အနားယူခဲ့ကြသည့် ကျိုးယန်ယန် အပါအဝင် အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြသည်။ ကျိုးရှို့လင်း၊ မိုရီဟန်တို့နှင့် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသည့် အနုပညာရှင်အချို့လည်း တက်ခဲ့သည်။
စီစဥ်သူတစ်ယောက်အနေနဲ့ ကျန်းရှောင်က သူမရောက်ရှိနေခြင်းကို သံသယ ဝင်အောင်မလုပ်ခဲ့ပေ။
ယနေ့ညတွင် မိုရီဟန်က ၎င်း၏ စေ့စပ်ထားသူ ဟန်ရွေ့ နှင့်အတူ ရောက်ရှိလာသည်။ ဟန်ရွေ့က မိုရီဟန်ရဲ့လက်ကို ချစ်ခင်စွာ ချိတ်ထားပြီး ၎င်းတို့၏ ရင်းနှီးမှုကို ထင်ရှားစေသည်။
ဟန်ရွေ့က ကော်ဇောနီပေါ်တွင် လှပစွာ ပြုံးပြခဲ့ပြီး ခဏအတောအတွင်း သူမက ကင်မရာတွေဆီ လက်ပြကာ သူမ၏လက်သူကြွယ်ရှိ စေ့စပ်လက်စွပ်ကို အာရုံစိုက်အောင်လုပ်ခဲ့သည်။ အဲ့တာက လျစ်လျူရှုဖို့ မဖြစ်နိုင်ပေ။
ကော်ဇောနီပွဲ၏ နောက်ဆုံးနာရီဝက်တွင် ကျောက်ရှင်းရန်က ယခင်ကကဲ့သို့ ကြော့မော့ ပြီး ကျက်သရေရှိမှုကို ဖော်ညွှန်းကာ တစ်ယောက်တည်း ရောက်ရှိလာခဲ့သည်။
သရုပ်ဆောင်တွေက တကယ် သရုပ်ဆောင်တွေပါပဲ ဒါကြောင့် သူမက အခြေအနေတွေကို ထိခိုက်စေပုံမပေါ်စေပေ။
နောက်ဆုံး ပေါ်လာတာကတော့ ကျိုးရှို့လင်း ဖြစ်သည်။ အနက်ရောင် fitting ကျကျဝတ်စုံကို ၀တ်ဆင်ထားပြီး လျှောက်လာခဲ့ကာ ကျန်းရှောင် အနီးတွင် ရပ်နေသည်ကို သတိပြုမိသောအခါ သူ့ခြေလှမ်းတွေ အနည်းငယ် ရပ်တန့်သွားခဲ့သည်။ သူမကို လာဖို့ လက်ဟန်ပြလိုက်သည်။
ကျန်းရှောင် အံ့အားသင့်သွားပုံရသည်။ သူမအရင်က သူနဲ့တူတူ ညနေခင်းပွဲတွေတက်ဖူးသည်။ ဒါပေမယ့် ကော်ဇောနီပေါ်မှာ လမ်းလျှောက်တာက အထူးသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုမှာ သူမအတွက် ပထမဆုံးပဲ။ သူမက ခေါင်းယမ်းပြလိုက်သည်။
ကျိုးရှို့လင်းက သူမကို စိုက်ကြည့်ကာ စောင့်နေခဲ့သည်။
ကျန်းရှောင် မျက်ခုံးကို တခဏမျှ ကြုတ်လိုက်ပြီး နောက်ဆုံးတွင် သူမ အ၀တ်ကို မကာ သူ့ဆီသို့ လှမ်းသွားလိုက်သည်။
ကျိုးရှို့လင်း လက်လှမ်းလိုက်ပြီး သူမရဲ့လက်ကို လှိုက်လှိုက်လှဲလှဲ ဆုပ်ကိုင်လိုက်သည်။ "မစ္စ ကျန်း ကျေးဇူးပြုပြီး"
ကျန်းရှောင် မပြုံးနိုင်ဘဲ မနေနိုင်ခဲ့ပေ။ "ရှင်ဘာလုပ်နေတာလဲ"
ကျိုးရှို့လင်းက သူမကို ငုံ့ကြည့်လိုက်သည်။ "ကိုယ်တို့မင်္ဂလာပွဲမတိုင်ခင် ကော်ဇောနီပေါ် အစမ်းလျှောက်နေတာလို့ မှတ်လိုက်"
ကျိုးရှို့လင်းနဲ့ ကျန်းရှောင်တို့ ကော်ဇောနီရဲ့ နောက်ဆုံးလမ်းကို အတူလျှောက်ခဲ့ကြသည်။ ပရဟိတပွဲက တရားဝင်စတင်ခဲ့ပြီပင်။ ကျန်းရှောင် အသက်ပြင်းပြင်းရှူရင်း ခံစားချက်ကတော်တော့်ကို စိတ်လှုပ်ရှားနေသည်။
" နာမည်ကြီးတချို့ ကော်ဇောနီပေါ် ဘာလို့ လမ်းလျှောက်ကြတာလဲဆိုတာ ကျွန်မ အခု သဘောပေါက်သွားပြီ ဒါက စိတ်လှုပ်ရှားစရာကောင်းလို့ပဲ "
"ဒါက ပထမဆုံးအကြိမ်ပဲ၊ မင်း ဒါကို ကျင့်သားရသွားလိမ့်မယ်"
စတားတွေက မီးမောင်းထိုးပြမှုအောက်တွင် နေကြပြီး အကြိမ်အနည်းငယ် ကြာပြီးနောက် မီဒီယာအတွက် ၎င်းတို့၏ အပြုံးတွေကတောင် စံချိန်စံညွှန်းဖြစ်လာသည်။
အားလုံးထိုင်ပြီးတဲ့အခါ ကျန်းရှောင်က သူ့ကိုပြောလိုက်သည်။ "ရှင် အဲ့ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာမလား"
ကျိုးရှို့လင်း သူမလက်ကို ပုတ်လိုက်သည်။ "မင်း ပြင်ဆင်ထားဖို့လိုတယ်"
ကျန်းရှောင် ချက်ချင်း သူမ၏လက်ကို ပြန်ရုတ်ကာ တင်းမာသောအကြည့် ပေးလိုက်သည်။ "ရှင်နဲ့ ရှင့်ရဲ့သားမှာ ကျွန်မကို ဆန့်ကျင်နေတဲ့ အကြံအစည်တွေ ရှိတယ်"
သူ ရယ်ပစ်လိုက်သည်။
ဤမြင်ကွင်းသည် ကျောက်ရှင်းရန်လိုမျိုး လူအချို့၏ သတိပြုမိမှုဆီကနေ မလွတ်ကင်းခဲ့ပေ။
ပွဲအပြီးတွင် ကျောက်ရှင်းရန်၏ စိတ်ထဲတွင် ဝရုန်းသုန်းကား ဖြစ်သွားသည်။ သူမသည် လွန်ခဲ့သည့်နှစ်အနည်းငယ်က အစက်အပြောက်များနှင့် ချိတ်ဆက်ခဲ့ပြီး မယုံကြည်မှုများက သူမ မျက်လုံးတွေကို ပြည့်လျှံစေခဲ့သည်။