← Chapters

အခန်း (၉၄)

Vol. 8 Ch. 94

အခန်း (၉၄)

Vol. 8 Ch. 94

သူမ ကျန်းရှောင်ကို သွားမရှာခင် ဟန်ရွေ့က ကြားဖြတ်ဟန့်တားခဲ့သည်။

"မစ္စ ကျောက်၊ မင်္ဂလာပါ"

ကျောက်ရှင်းရန် သူမရဲ့လမ်းကြောင်းကို ရပ်တန့်လိုက်သည်။ "မင်္ဂလာပါ မစ္စဟန်"

ဟန်ရွေ့ နှုတ်ခမ်းကို တွန့်လိုက်သည်။ "အခု အားလုံးက ကျွန်မကို မစ္စစ်မိုလို့ခေါ်ကြတယ် "

ကျောက်ရှင်းရန် တိတ်ဆိတ်စွာဖြင့် သူမကို စိုက်ကြည့်နေသည်။

ဟန်ရွေ့ ရှေ့တစ်လှမ်းတိုးကာ ထိပ်တိုက်တွေ့လိုက်သည်။ "မစ္စ ကျောက်၊ ရှင်က TV ထဲက ထက်တောင် ပိုလှသားပဲ။ ရှင်က ယောက်ျားတွေကြားမှာ အရမ်းရေပန်းစားနေတာ မဆန်းတော့ဘူး။ ဒါပေမယ့် ရှင်ကိုပြောပြချင်တာတစ်ခုရှိတယ်၊ ရှင့်ရဲ့ရုပ်ရည်ကို ထာဝရအားကိုးနေလို့ရပါ့မလား"

ကျောက်ရှင်းရန် တင်းမာသွားသည်။ " ကျေးဇူးတင်ပါတယ်။ ထာဝရမတည်မြဲနိုင်ပေမယ့် တစ်နေ့ထက်တစ်နေ့အတွက်ကတော့ လုံလောက်ပါတယ်"

ဟန်ရွေ့ အမူအရာက ပြောင်းသွားပြီး သူမရဲ့စိတ်အတွင်း၌ ဒေါသတွေထွက်လာသည်။ "ကျောက်ရှင်းရန်၊ အရှက်ကိုမရှိဘူး"

ဒီစကားနဲ့အတူ သူမလက်ကို မြှောက်ပြီး ကျောက်ရှင်းရန် ကို အပြင်းအထန် ပါးရိုက်ပစ်လိုက်သည်။ သူမရဲ့ ရိုက်ချက်က ပြင်းထန်သည်။

ကျောက်ရှင်းရန် အံ့အားသင့်သွားပြီး ဟန်ရွေ့ကို သူမအား ဤနေရာတွင် ကိုယ်ထိလက်ရောက် နှိပ်စက်လိမ့်မည်ဟု မမျှော်လင့်ထားမိသည်မှာ ရှင်းရှင်းလင်းလင်းပင်။

အနီးနားတွင် လူတွေရှိနေသဖြင့် ကျောက်ရှင်းရန်သည် သူမ ခံစားချက်ကို ထိန်းထားရန်မှတပါး ရွေးချယ်စရာမရှိပေ။

လမ်းခွဲကြောင်း မှတ်ချက်ဖြင့် ဟန်ရွေ့က စကားပြောခဲ့သည်။ "သူ့ကို အမြန်ဆုံးချန်ထားခဲ့လိုက်"

ထိုအချိန်မှာ မိုရီဟန် အလျင်အမြန် ရောက်လာပြီး ကျောက်ရှင်းရန်နဲ့ ကျိုးယန်ယန်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဟန်ရွေ့ နှင့်အတူ ထွက်ခွာသွားခဲ့သည်။

ကျောက်ရှင်းရန် အသက်ပြင်းပြင်းရှူကာ လှည့်ထွက်သွားလိုက်သည်။

ကျန်းရှောင်ကို သူမရှာတွေ့တဲ့အခါမှာတော့ သူမရဲ့မျက်နှာပေါ်မှာ လက်ချောင်းရာက အထင်းသားကြီး ပေါ်လွင်နေသည်။

ကျန်းရှောင် ခဏတာ အံ့အားသင့်သွားသည်။ "နင့်မျက်နှာ ဘာဖြစ်လာတာလဲ"

"ဟန်ရွေ့ ငါ့ကို ပါးရိုက်လိုက်တာ"

"ရှင်းရန်၊ နင် မလွတ်မြောက်နိုင်ဘူးဆိုရင် နင့်ကိုဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူးနော်"

ကျောက်ရှင်းရန် ခါးသက်စွာ ပြုံးလိုက်သည်။ "နင် ဒီလိုပြောပေမယ့် နင်ကကျတော့ရော။ နင်နဲ့မစ္စတာ ကျိုး ကြားမှာ ဘာတွေဖြစ်နေတာလဲ။ ကျန်းရှောင်၊ နင် အဲ့တာကို ကောင်းကောင်းဖုံးထားခဲ့တာပဲ။ ဒီလေးနှစ်အတွင်း နင် တကယ်ပဲ အားလုံးကို ဖုံးကွယ်ထားခဲ့တယ်"

လေထုက ချက်ချင်းပြောင်းလဲသွားသည်။

စက္ကူက မီးကို ဖုံးကွယ်၍မရပေ၊ ကျန်းရှောင် သူမ၏ မကြာခဏ အပြန်အလှန် ပြောဆိုမှုများဖြင့် ၎င်းကို စဉ်းစားခဲ့သည်။ ကျိုးရှို့လင်းနဲ့ အတူ သူတို့၏လျှို့ဝှက်ချက်ကို နောက်ဆုံးတွင် ဖော်ထုတ်ပြမှရတော့မည်။

"လွန်​ခဲ့တဲ့ ​လေးနှစ်​က ငါတို့လက်​ထပ်​ခဲ့ကြတယ် "

"လွန်ခဲ့တဲ့ လေးနှစ်လောက်က။" သာယာဝပြောသောကမ္ဘာ" ဇာတ်ကား ရိုက်ကူးနေတဲ့အချိန် မလား"ကျောက်ရှင်းရန်ရဲ့ စိတ်တွေဗြောင်းဆန်ကုန်ပြီပင်။

"ငါ အဲ့တာကိုသိနေတယ် ငါခန့်မှန်ခဲ့တာက မှန်နေတာပဲ။ ပြီးတော့ မစ္စတာကျိုးရဲ့ကလေးဆိုတာကကော"

" ငါ မွေးထားတာ"

ကျောက်ရှင်းရန် ယခင်က အဲ့တာကို သံသယရှိခဲ့ဖူးသော်လည်း ၎င်းကို လက်တွေ့ ကြားလိုက်ရသဖြင့် သူမ ရှော့ခ်ရသွားသည်။ “ငါတို့ ဒီတလျှောက်လုံး ခန့်မှန်းခဲ့ကြတာ၊ တစ်ချိန်တုန်းကတော့ အဲ့ကလေးကို ချန်းရင်ရဲ့ကလေးလို့ထင်နေတာ။ လက်စသတ်တော့ နင်ဖြစ်နေတာပဲ"

"အဲဒီတုန်းက အခြေအနေတွေက ထူးခြားတယ်၊ အဲ့တာကို မထုတ်ဖော်ဖို့ ငါတို့ သဘောတူညီမှုလုပ်ထားတာ"

"နင် နုံအ​တာပဲ။ ကျိုးရှို့လင်းကို လူဘယ်​​ယောက်လောက်ထိ ​သွေးဆောင်​ချင်​နေကြလဲဆိုတာ နင် မသိဘူးလား"

ကျန်းရှောင် သူမကို တိတ်ဆိတ်စွာ ကြည့်နေသည်။ "နင်က ငါ့ကို အကြံပေးနေပေမယ့် နင်ကျတော့ရော ဘယ်လိုလဲ"

ကျောက်ရှင်းရန် ခေါင်းခါလိုက်သည်။ "ငါ နောက်ပြန်မလှည့်နိုင်တော့ဘူး၊ ငါ့အတွက် အရမ်းနောက်ကျသွားပြီ"

"အဆင်ပြေပါတယ်၊ ရှင်းရန်ရယ်။ မိုရီဟန်နဲ့ လုံးဝအဆက်အသွယ်ဖြတ်ပြီး သူ့ကို ဘယ်တော့မှ ထပ် မတွေ့နဲ့တော့။ အစွဲအလမ်းကြီးမနေပါနဲ့၊ ဒီနေ့ ဟန်ရွေ့ရဲ့ သဘောထားကို မင်းလည်း မြင်လိုက်တာပဲ။ သူက နင့်ကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူး"

ကျောက်ရှင်းရန် မှင်သက်သွားကာ ခဏအကြာတွင် စကားပြောခဲ့သည်။ "ကောင်းပြီ၊ ငါ နင့်ကို ကတိပေးတယ်။ တကယ်ဆို ဒီနေ့ ငါဒီကို မလာချင်ပေမယ့် သူ့မိန်းမနဲ့ တွေ့ချင်လို့ လာခဲ့တာ"

ကျန်းရှောင် ဖုန်းခေါ်ပြီး ရေခဲအိတ် မှာလိုက်သည်။ "နင်မသွားခင် ဒါလေးသုံးလိုက်နော်။ ငါအရင်သွားနှင့်တော့မယ်"

"ကျန်းရှောင်၊ နောက်ပိုင်းကျရင် သတိထားနေဦး"

"ဘာကိုဆိုလိုတာလဲ"

"နင့်ရဲ့အနုပညာရှင်တချို့က အရင်းအမြစ်ကောင်းတွေ အများကြီးကို လုယူနေကြတာ။ လူတော်တော်များများက နင့်ကို မနာလိုဖြစ်ပြီး စောင့်ကြည့်နေကြတယ်။ လုပ်ငန်းနယ်ပယ်မှာ ကောလာဟလတွေ အမျိုးမျိုးရှိတယ် "

ကျောက်ရှင်းရန် ရုတ်တရက် ပြုံးလိုက်သည်။ “ဒါပေမယ့် အခု အမှန်တရားကို သူတို့ သိလာတဲ့အခါကျရင် သူတို့ရဲ့ မျက်နှာပေါ်က အမူအရာတွေကို မြင်ရဖို့ ငါ တကယ်ကို စောင့်မျှော်နေမိတယ် ”

......

ကျန်းရှောင် တစ်ညနေလုံး အလုပ်များနေပြီး ဘာမှမစားရသေးသဖြင့် စားသောက်ဆိုင်သို့ သွားကာ စပါကတီ မှာခဲ့သည်။

သူမ စားနေစဥ် တစ်ဝက်လောက်မှာ စားပွဲနားကို တစ်ယောက်ယောက် ချဥ်းကပ်လာနေတာကို သတိထားမိလိုက်သည်။

"ကျန်းရှောင် ..." အသံက ရင်းနှီးသည်။

ကျန်းရှောင် မော့ကြည့်လိုက်တော့ ရှန်းမီနာ ဖြစ်နေသည်။ သူမရဲ့တူတွေကို ချလိုက်သည်။ "မတွေ့ရတာကြာပြီနော် "

ကျန်းရှောင်လိုပဲ ရှန်းမီနာက လက်ထောက်တစ်ဦးအဖြစ်ကနေ စတင်ခဲ့သော်လည်း သူမသည် နာမည်ကြီး ဆယ်လီများ၏ လက်ထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် အခြားသော အနုပညာရှင်များအတွက် မန်နေဂျာဖြစ်လာခဲ့သည်။

အခုဆို ရှန်းမီနာက "ချန်တင်း" တွင် အမျိုးသမီးဇာတ်ဆောင်နေရာအတွက် အမျှော်လင့်ဆုံးပြိုင်ဖက်များထဲမှ တစ်ဦးဖြစ်ခဲ့သည့် နာမည်ကျော် မင်းသမီး ရန်ယွမ်၏ မန်နေဂျာ ဖြစ်လာခဲ့သည်။ ကံမကောင်းစွာပဲ သူမက ဇာတ်ဝင်ခန်းကို မရရှိခဲ့ပေ။

ကံကြမ္မာက သူတို့ကို လှည့်စားတဲ့လက်ကို ပေးခဲ့သည်။ ဒါဟာ ရန်သူတွေကြားက လမ်းကျဉ်းလေးပင်။

"ကျွန်မ ရှင့်ကို မချီးကျုးရသေးဘူး။ ရှုကျားရမ်က 'ချန်တင်း' မှာ ခေါင်းဆောင်မင်းသမီး နေရာကို ရထားတယ်နော်"

"ဒါက ကျားရမ် ကံကောင်းလို့ပါ"

"ကံကောင်းခြင်းက အစားအသောက်ကို စားပွဲပေါ်တင်ထားမှာမဟုတ်ဘူး။ ရှင့်ရဲ့စီမံခန့်ခွဲမှုစွမ်းရည်က အထင်ကြီးစရာကောင်းတယ်"

ကျန်းရှောင် မငြင်းခဲ့ပေ။ တခါတရံတွင် အနည်းငယ်ချဲ့ကားခြင်းက အံ့ဩစရာဖြစ်ခဲ့သည်။ "ရှင်လည်း ကြင်နာတတ်လွန်းပါတယ်"

ရှန်းမီနာ ရဲ့စကားတွေ တစ်ဆို့သွားကာ ကျန်းရှောင်ရဲ့ ချေငံနေတဲ့ အမူအရာကိုကြည့်ကာ ဒေါသထွက်နေသည်မှာ အမှန်ပင်။ ဘာလုပ်မှာလဲ။ သူမသည် ဒါရိုက်တာနှင့် လျန့်ယွဲ့ တို့နှင့်လည်း အဆက်အသွယ် ရှိခဲ့ဖူးသော်လည်း နောက်ဆုံးတွင် ရှုကျားရမ်ကို ရွေးချယ်ခဲ့သည်။

"ဒါရိုက်တာ ရှု့ခယ် ဇာတ်ကားသစ်အတွက် ပြင်ဆင်နေတယ်လို့ ကြားတယ်"

"ကျွန်မတော့ မကြားမိဘူး။ ရှင်က သတင်းတွေတော်တော်သိထားတာပဲ "

"ကျွန်မရဲ့ သတင်းရင်းမြစ်တွေက ကောင်းတယ်ဆိုရင်တောင် တချို့လူတွေရဲ့ နည်းစနစ်တွေနဲ့ ယှဉ်လို့မရပါဘူး၊ ကျွန်မ လက်ဗလာနဲ့ ပြန်လာမှာ ကြောက်တယ်။ပြီးတော့ ဒါရိုက်တာ ရှု့ခယ်ရဲ့ ရုပ်ရှင်တွေမှာ အမြဲတမ်း ထိပ်တန်း သရုပ်ဆောင်တွေ ပါတယ်လေ "

ရှန်းမီနာ စိတ်ပျက်သွားသည်။ "ကျွန်မတို့ ရှင်နဲ့ မပြိုင်နိုင်ပါဘူး" သူမ အကြောင်းအရာကို ပြောင်းလဲခဲ့သည်။

"ရှင်က ဒါရိုက်တာကျိုးရဲ့ လူယုံမို့ သဘာဝအတိုင်း ရှင့်မှာ အရင်းအမြစ်တွေ အများကြီးရှိပါတယ်။ နောက်လည်းကျနေပြီဆိုတော့ ကျွန်မအရင်ပြန်နှင့်လိုက်ပါဦးမယ်။ အစား ဆက်စားလိုက်ဦး"

ကျန်းရှောင် အစာစားချင်စိတ် ပျောက်သွားပြီး အင်တာနက်မှာ ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။ ရှန်းမီနာက ရန်ယွမ်ကို Starry Sky Entertainment သို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။ ကျန်းရှောင် ဘီ မြို့တော် မှာ တိုက်ဆိုင်စွာ တွေ့ဆုံခဲ့သည့် Starry Sky ပိုင်ရှင်မှာ ချမ်းသာပြီး သြဇာကြီးမားသူ မစ္စတာ ရှဖြစ်သည်။

ရန်ယွမ်က ယခုအခါ Starry Sky တွင် ထိပ်တန်းမင်းသမီးတစ်လတ်ဖြစ်လာပြီး ရှန်းမီနာ သည်လည်း သူမ၏ coattail ဝတ်စုံနှင့် ဒေါက်မြင့်ဖိနပ်ကို ၀တ်ထားသည်။

ကျန်းရှောင် ကျောက်ရှင်းရန်၏ သတိပေးချက်ကို ပြန်သတိရသွားသည်။ ဖျော်ဖြေရေးနယ်ပယ်က အုပ်စုတွေအများကြီးနဲ့ ရှုပ်ထွေးပွေလီတဲ့ ဆက်ဆံရေးတွေကြောင့် လူသိများသည်။

ရှန်းမီနာက သူမ မတိုင်ခင် သုံးနှစ်အလိုမှာ လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်ခဲ့ပြီး ကွန်ရက်ချိတ်ဆက်ခြင်းတွင် ကျွမ်းကျင်သောကြောင့် သူမက လူအများနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည်။

ထိုညနေပိုင်းတွင် ကျန်းရှောင် မောပန်းနွမ်းနယ်နေခဲ့သည်။ စားသောက်ဆိုင်မှ ထွက်ကာ အတားယူရန် အခန်းသို့ ပြန်လာခဲ့သည်။

ညနေပိုင်းတွင် ကျိုးရှို့လင်း သည် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီမှ အမှုဆောင်အရာရှိများနှင့်အတူ လုပ်ငန်းနယ်ပယ်မှ နာမည်ကြီးတချို့နှင့် ပွဲတစ်ခုကို တက်ရောက်ခဲ့သည်။

အမျိုးသမီးအနုပညာရှင်သစ်တချို့အကြောင်း မလွှဲမရှောင်သာ စကားစမြည်ပြောဆိုခြင်းမပြုမီတွင် ငွေရေးကြေးရေးကိစ္စများ ဆွေးနွေးခဲ့ကြပြီး အကြံပြုချက်အချို့ကို ပြောဆိုကာ သောက်စားခဲ့ကြသည်။

ခပ်သွက်သွက် ယောက်ျားတချို့က စတင်စနောက်ခဲ့ကြသည်။ “ကျိုး၊ ကျန်းရှောင်နဲ့ ကော်ဇောနီလမ်းလျှောက်တုန်းက ခင်များမိန်းမ သဝန်တိုမှာကို မကြောက်ဘူးလား"

ကျိုးရှို့လင်း သူ့ဖန်ခွက်ထဲမှ ရေတစ်ငုံသောက်လိုက်သည်။ "ငါ့မိန်းမနဲ့ ကျန်းရှောင်က ဆက်ဆံရေးကောင်းကြတယ်"

"ကျန်းရှောင်က အခု ဟွားရှ မှာ ထိပ်တန်းနာမည်ကြီးတစ်ယောက်ဖြစ်လာပြီး သူမက ခင်များရဲ့ညာလက်နဲ့တူတယ်"

အဲ့တာက မိုရီဟန် ရဲ့ စိတ်ဝင်စားမှုကို ဖြစ်စေသည်။ "စကားမစပ်၊ ကျွန်တော် ခင်များတို့နဲ့ ကိစ္စတစ်ခု ဆွေးနွေးချင်တယ်။ runway တစ်လျှောက်မှာ အရည်အချင်းရှိတဲ့ မန်နေဂျာတွေအတွက် variety show ကျင်းပဖို့ စီစဉ်ထားတယ်။ တီဗီမှာ တစ်ချိန်လုံး ဒီမျက်နှာဟောင်းတွေကြီးပဲ မြင်နေရတာ ငြီးငွေ့စရာကောင်းလာပြီ။ ဒီတစ်ခါတော့ အဲဒါကို ပြောင်းလဲပြီး ကျွန်တော်တို့ရဲ့ အရည်အချင်းရှိတဲ့ မန်နေဂျာတွေကို ရှိုးတစ်ခုမှာ ပေါ်လာအောင်လုပ်ကြရအောင်"

ကျိုးရှို့လင်း သူ့ဖန်ခွက်ကိုမက တစ်ငုံသောက်လိုက်ပြီး တိတ်ဆိတ်နေခဲ့သည်။

"ရှို့လင်း၊ ကျန်းရှောင်က ဒီအတွက် အရမ်းလိုက်ဖက်မယ်လို့ ထင်တယ်။ သူ့ရဲ့image က သင့်တော်တယ်"

ကျိုးရှို့လင်း သူ့ကိုကြည့်လိုက်သည်။ "သူမကို မင်းကိုယ်တိုင်ပြောလိုက်"

"သူမ ငါ့စကားနားမထောင်လို့ မင်းဆီလာတာ"

ကျိုးရှို့လင်း စားပွဲပေါ်မှ သူ့လက်ချောင်းထိပ်များကို ညင်သာစွာ ပုတ်လိုက်သည်။ "ဒီမှာ ငါတို့ရဲ့ အရည်အချင်းရှိတဲ့ မန်နေဂျာဆီမှာ ခိုင်မာတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်။ တစ်ခါတလေ ငါတောင်မှ သူမကို ဆွဲဆောင်လို့ မရဘူး"

"လုပ်စမ်းပါ၊ ကျိုး ရာ၊ မင်းက သူ့ကို အရမ်း အလိုလိုက်ထားတာလား"

ကျိုးရှို့လင်း မျက်လုံးတွေကိုမှေးကျဥ်းကာ ပြောလိုက်သည်။ "ငါ သူမကို အလိုလိုက်ထားတာ မဟုတ်ဘူး၊ သူမရဲ့ အနုပညာရှင်တွေကို ခေါ်သွားပြီး မင်းရဲ့ ကုမ္ပဏီတစ်ခုဆီ ပြေးသွားမှာကို ငါစိုးရိမ်တာ"

သူ့ရဲ့ မှတ်ချက်က အဖွဲ့ထဲတွင် ရယ်မောသံများကို ထွက်ပေါ်လာစေသည်။

သူ့အခန်းထဲပြန်ရောက်ပြီးနောက် ကျိုးရှို့လင်းသည် ကျန်းရှောင်၏ အခန်းကိုတွေ့ရှိခဲ့သည်။

ကျန်းရှောင်က တစ်ဝက်တစ်ပျက် အိပ်ပျော်နေပြီဖြစ်ပြီး ဆူညံသံကြားတော့ မျက်လုံးကို မဖွင့်လာခဲ့ပေ။

ရေချိုးပြီးနောက် ကျိုးရှို့လင်းက သူမဘေးတွင် လှဲလျောင်းရင်း သူမကို သူ့ရင်ခွင်ထဲ ညင်သာစွာ ဆွဲလိုက်သည်။

ကျန်းရှောင် ရေရွတ်လိုက်သည်။ "မလှုပ်နဲ့ ကျွန်မဗိုက်အောင့်နေတယ်"

ကျိုးရှို့လင်းရဲ့လက်က သူမရဲ့ဗိုက်ကို အလိုလိုထိလိုက်ပြီး ချက်ချင်းနားလည်လိုက်သည်။ သူ့လက်ကြီးကို သူမဗိုက်ပေါ်တင်လိုက်တော့ သူမ ရှုံ့မဲ့နေတာကို မြင်လိုက်ရသည်။ "ဘာလို့ အစောကြီး လာရတာလဲ။ ကိုယ် ဒါကိုသိခဲ့မယ်ဆိုရင် မင်းကို ဒီလာခွင့်ပေးမှာမဟုတ်ဘူး"

ကျန်းရှောင် မျက်မှောင်ကြုတ်လိုက်သည်။ သူမ ရာသီလာတဲ့အခါ ဗိုက်က တခါတလေ နာတတ်သည်။

သူမ နာကျင်နေတာကိုမြင်တော့ ကျိုးရှို့လင်း မေးလိုက်သည် "ဆေးရှိလား။ ဒါမှမဟုတ် ဂျင်းသကြားလုံးရှိလား"

“ကျွန်မ ဘာမှ မယူလာခဲ့မိဘူး” လို့ သူမ ပြန်ဖြေလိုက်သည်။ သူမ အရှေ့ ကောင်တာ ကို ဖုန်းခေါ်ပြီး သူမရဲ့အခန်းထဲကို အမျိုးသမီးလစဥ်သုံး Pad တွေတောင် ပို့ခိုင်းထားသည်။

ကျိုးရှို့လင်း အဝတ်အစား ၀တ်လိုက်သည်။ "ကိုယ် ဖုန်းဆက်ပြီး သူတို့ကို ပို့ခိုင်းလိုက်မယ်"

ကျန်းရှောင် သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ "ထားလိုက်တော့၊ မလိုအပ်ဘူး။ ဒီည ဒီမှာ သတင်းထောက်တွေ ရှိတယ်။ ကျွန်မ အဆင်ပြေတယ်။ အိပ်ရအောင်နော်"

ကျိုးရှို့လင်း ပြန်လှဲလိုက်ကာ သူမဗိုက်ပေါ် လက်တင်ထားခဲ့သည်။

All Chapters