← Chapters

အခန်း (၉၅)

Vol. 8 Ch. 95

အခန်း (၉၅)

Vol. 8 Ch. 95

ကျန်းရှောင် သူမရဲ့အနေအထားကိုပြောင်းလိုက်ပြီး စကားပြောခဲ့သည်။ "ဟန်ရွေ့ ဒီည ကျောက်ရှင်းရန် နဲ့ ဆုံခဲ့တယ်"

ကျိုးရှို့လင်းရဲ့အမူအရာမှာ မပြောင်းလဲသွားပေ။ "ဒင်နာပွဲမှာ ရီဟန် စိတ်ဆိုးနေတာက အံ့ဩစရာမဟုတ်တော့ဘူး။ ကျောက်ရှင်းရန်ကော ဘယ်လိုနေလဲ"

"သူမ ပါးရိုက်ခံရတယ်။ သူမရဲ့နှလုံးသား ပြောင်းသွားပြီလားဆိုတာတော့ ကျွန်မလည်း မသိဘူး"

"ဟန်ရွေ့က အန္တရာယ်ရှိတာကို သတိထားမိသွားရင် လွယ်လွယ်နဲ့ အရှုံးပေးမှာတော့ မဟုတ်ဘူး"

"ကျွန်မ မပြောနိုင်ဘူး၊ သူမက အရမ်းအကျင့်ကောင်းတော့ လူကောင်းတစ်ယောက်လို့ ထင်မိတယ်"

"တော်ပြီ။ သူများတွေ အကြောင်းပြောနေတာ ရပ်လိုက်ကြရအောင်။ မင်းအိပ်လိုက်တော့"

"ရှင်က ကျွန်မကို နိုးလာအောင်လုပ်ခဲ့တာလေ"

ကျိုးရှို့လင်း မျက်လုံးတွေကိုမှေး လိုက်သည်။ "မာဒမ် ကျိုး၊ မင်းစိတ်ထဲမှာ တစ်ခုခုများ ရှိနေလား"

ကျန်းရှောင် သူမလက်ကို မြှောက်လိုက်ပြီး သူ့နှာခေါင်းကို ရွှတ်နောက်နောက်နဲ့ ထိလိုက်ပြီး ညင်သာစွာပြောလိုက်သည်။ "ကျွန်မကို နမ်း"

ကျိုးရှို့လင်း မတုံ့ဆိုင်းဘဲ မရပ်ခင်အထိ သူမကို နက်နက်ရှိုင်းရှိုင်း နမ်းလိုက်သည်။

ကျန်းရှောင်က ကလေးလေးလို သူ့ရင်ဘတ်ထဲမှာ ဝင်ခွေနေခဲ့သည်။

သူက သူမရဲ့ဆံပင်တွေကို ညင်သာစွာ ပွတ်သပ်ရင်း နားထဲကိုတိုးတိုးလေးပြောလိုက်သည်။ " ကျောက်ရှင်းရန် ရဲ့ ကိစ္စတွေမှာ မဝင်ပါနဲ့ "

ကျန်းရှောင် သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး နီးနီးကပ်ကပ် ဖက်ထားသည်။ ဒီလိုအဖြစ်အပျက်တွေက မိုရီဟန်နဲ့တင်မဟုတ်ဘဲ တခြားဖျော်ဖြေရေးနယ်ပယ်မှာ အဖြစ်များကြသည်။

ကျိုးရှို့လင်းက သူမစိတ်ထဲမှာ ဘာတွေဖြစ်နေလဲ မှန်းဆနေလောက်ပြီ။ "ကိုယ်က မိုရီဟန် မဟုတ်သလို မင်းကလည်း ကျောက်ရှင်းရန် မဟုတ်ဘူး"

ကျန်းရှောင် အသက်ရှုကြပ်လာသည်။ "ကျွန်မအဖေနဲ့အမေက တစ်ယောက်နဲ့တစ်ယောက် ချစ်ခဲ့ကြပေမယ့် သူမက နာမည်ကျော်ကြားမှုနဲ့ စည်းစိမ်ဥစ္စာတွေရဲ့ ဆွဲဆောင်မှုကို မခံနိုင်ခဲ့ဘူး"

"အရူးမလေး။ ဒီကမ္ဘာမှာ မင်းမြင်တွေ့ရမယ့် တစ်သက်လုံးချစ်ကြတဲ့ စုံတွဲတွေမှ အများကြီးပဲရှိတယ်" သူ သူမရဲ့ဆံပင်ကို ဖွလိုက်သည်။

"ပြီး​တော့ မင်းနဲ့ကိုယ်က သူတို့ထဲက တစ်​​တွဲ​ပဲ"

သူမ ရေရွတ်လိုက်သည်။ "နားလည်ပါပြီ ယောကျ်ားရယ် ..."

နောက်တစ်နေ့မနက်မှာတော့ ကျောက်ရှင်းရန်က Weibo မှာ မထင်မှတ်ဘဲ ရေပန်းစားခဲ့သည်။ BigBig Studio က သူမ၏ ဓာတ်ပုံများကို ဆက်တိုက်ဖော်ထုတ် ပြသခဲ့သည်။

အကြောင်းအရာများတွင် "တတိယလူ ကျောက်ရှင်းရန် " နှင့် "ကျောက်ရှင်းရန် ပါးရိုက်ခံရတယ်" ဆိုတဲ့ စကားလုံးများဖြင့် ပြည့်နှက်နေသည်။

ကျန်းရှောင် Weibo မှတဆင့် ဆွဲကြည့်လိုက်တော့ ဟန်ရွေ့က အမှန်တကယ်ကိုပင် လိမ္မာပါးနပ်ကြောင်း သူမ ဝန်ခံခဲ့ရသည်။ သူမ မနေ့က ပြင်ဆင်ပြီးတော့မှရောက်လာတာ ပြီးတော့ သတင်းထောက်တွေကိုလည်း သူမ ကြိုပြီး စီစဉ်ထားတာ။ ဓာတ်ပုံတွေရဲ့ ထောင့်တွေကို ကောင်းကောင်းရွေးချယ်ထားသည်။

တတိယလူနဲ့ ထိပ်တိုက်တွေ့တဲ့ မူရင်းပါတနာရဲ့ သတင်းက Weibo ကို တုန်လှုပ်သွားစေခဲ့သည်။

တိုက်ခိုက်မှုလှိုင်းလုံးတွေက ကျောက်ရှင်းရန်ရဲ့ Weibo ကို ဆက်တိုက် စော်ကားမှုများဖြင့် လွှမ်းမိုးခဲ့သည်။

ကျန်းရှောင်က ကျောက်ရှင်းရန်ကို ဖုန်းခေါ်ဖို့ ကြိုးစားခဲ့သော်လည်း သူမရဲ့ ဖုန်းက ပိတ်ထားခဲ့သည်။ ကျန်းရှောင် မှတ်ချက်ချလိုက်သည်။ "ဟန်ရွေ့က ရှင်းရန် ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးဖို့ ပြင်ဆင်ထားပုံပဲ "

ကျိုးရှို့လင်း သူ့ကိုယ်သူထိန်းပြီးပြောလိုက်သည်။ "PR team က ဒါကို ကိုင်တွယ်ပြီးသွားပြီ။ ဒါပေမယ့် ဒီလိုမျိုး ဓာတ်ပုံတွေ ထွက်လာတော့ ကျောက်ရှင်းရန် အတွက် သူမရဲ့နာမည်ကို ရှင်းဖို့ ခက်လိမ့်မယ်"

ကျန်းရှောင် ခေါင်းခါလိုက်သည်။ "ကျွန်မတကယ်ကို မမျှော်လင့်ထားဘူး။ ဟန်ရွေ့က သူမရဲ့ လုပ်ရပ်တွေမှာ ပြတ်သားလွန်းတယ်။ မစ္စတာမိုရဲ့ အမူအရာက အခုအချိန်မှာ ဘယ်လိုဖြစ်နေပြီလဲဆိုတာ သိချင်မိတယ်"

"သူတို့ရဲ့အိမ်ထောင်ရေးက ရှင်သန်နိုင်ပါ့မလားဆိုတာ သံသယဝင်မိတယ် "

ကျန်းရှောင် ခေတ္တရပ်တန့်လိုက်ပြီး သူ့ရဲ့အဓိပ္ပါယ်ကို နားလည်လိုက်သည်။ မိုရီဟန်က အမြဲတမ်း ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ဟန်ရွေ့ရဲ့ လက်ရှိအပြုအမူကြောင့် သူမဆီမှာ အနာဂတ်တွင် ပိုမိုထိန်းချုပ်နိုင်ဖွယ်ရှိသည်။ "ဟန်ရွေ့ လည်း သူမရဲ့ကိုယ်ပိုင်လမ်းကြောင်းမှာ ပိတ်နေတယ်"

နှစ်ယောက်သား ကုမ္ပဏီကို ပြန်လာခဲ့ကြသည်။

ကျန်းရှောင် ပြန်လာတော့ ရှောင်ယွိက သူမကို ဘေးသို့ဆွဲခေါ်သွားခဲ့သည်။ “မစ္စ ကျန်း၊ မစ္စ ကျင်း စောင့်နေတယ်။ သူမ ဒီကိုရောက်နေတာ တစ်မနက်ရှိနေပြီ"

"ကိစ္စမရှိဘူး၊ အစ်မအတွက် ကော်ဖီတစ်ခွက် လုပ်ပေးဦး။ ကျေးဇူး"

ကျင်းရှု့ရန် ဧည့်ခံခန်းတွင် ထိုင်နေသည်။ ကျန်းရှောင် မနက်ပြန်လာမယ်ဆိုတာ သူမ သိလို့ တစ်မနက်လုံး စောင့်နေခဲ့သည်။ သူမ ထိုအကြောင်းကို ရက်အတော်ကြာ စဉ်းစားခဲ့ပြီး ကျန်းရှောင်နဲ့တွေ့ဖို့ ဆုံးဖြတ်လိုက်သည်။

ကျန်းရှောင်က ဒေါက်ဖိနပ်ဖြင့် လျှောက်လာကာ သူမ၏ ဒေါက်ဖိနပ်သံက ပြတ်သားသည်။

ထိုအသံကိုကြားတော့ ကျင်းရှု့ရန် မော့ကြည့်လိုက်သည်။

ကျန်းရှောက် ညင်သာစွာ ပြုံးပြလိုက်သည်။ "မင်္ဂလာပါ မစ္စ ကျင်း"

ကျင်းရှု့ရန် နှုတ်ခမ်း ကိုက်ထားလိုက်သည်။ "ကျွန်မမှာ ရှင့်ကို ပြောစရာရှိလို့ ရှင့်ကို ရှာဖို့ လာခဲ့တာ"

ကျန်းရှောင် အိတ်ကို ချလိုက်ပြီး ဘေးနားကို လျှောက်သွားလိုက်သည်။ "မစ္စကျင်းက ကျွန်မကို ဘာများပြောချင်လို့လဲဆိုတာ သိချင်လိုက်တာ"

ကျင်းရှု့ရန် ကျန်းရှောင် မျက်နှာကို စိုက်ကြည့်လိုက်သည်။ "ကျွန်မ အားလုံးသိတယ်"

ကျန်းရှောင် ထိတ်လန့်သွားသည်။ "ဘာ"

"ရှင် ကလည်း အ​မေ့ရဲ့သမီးပဲ..." ကျင်းရှု့ရန် အသံက​ တိုးညှင်းလာသည်​။

ကျန်းရှောင် ခေတ္တတိတ်ဆိတ်သွားကာ ပြတင်းပေါက်မှ အပြင်သို့ လှည့်ကြည့်လိုက်သည်။ ဒီနေ့က ခရစ်စတယ်လိုကြည်လင်တဲ့ရေတွေလို ကောင်းကင်ပြာပြာနဲ့ သာယာလှပတဲ့ နေ့လေး တစ်နေ့ပင်။

ကျင်းရှု့ရန်က သူမ၏ ကိုယ်ရေးအကျဉ်းကို ကြည့်ထားသည်။ ဤရှုထောင့်မှကြည့်လျှင် ကျန်းရှောင်က သူတို့ရဲ့အမေနဲ့တူသည်။

"အဖေနဲ့ အမေပြောနေတာကို မတော်တဆ ကြားလိုက်တာ။ ရှင်က အမေ့ရဲ့သမီး ပြီးတော့ အစ်ကို ကျိုးနဲ့ လက်ထပ်ထားတယ်ဆိုတာကို ကျွန်မသိလိုက်ရတယ်"

ကျန်းရှောင် သူမကို လှည့်ကြည့်လိုက်သည်။

ကျင်းရှု့ရန် သိသိသာသာ ညိုးနွမ်းနေပြီး သူမ၏ မျက်နှာက ပို၍ ရှုံ့မဲ့လာသည်။

"ဒီတော့ ကျွန်မကို မုန်းလား" သူမ ဖြည်းညှင်းစွာမေးလိုက်သည်။

ကျင်းရှု့ရန် ချက်ချင်းထရပ်လိုက်သည်။ "ဘာလို့မုန်းရမှာလဲ! ကျွန်မ မမုန်းဘူး! ကျွန်မ အရမ်းရှော့ခ်ရသွားတာ! အမေက ရှင့်အကြောင်း ဒီနှစ်တွေ တစ်လျှောက်လုံး ပြောမပြခဲ့ဖူးဘူး။ ရှင့်ရဲ့အကြောင်းကို အစ်ကို့ဆီကနေကြားလာတာ ပြီးတော့ ကျွန်မ တွေးမိတာ ရှင်က...."

"သနားစရာကောင်းနေတာလား" သူမအတွက် စကားကိုအဆုံးသတ်ပေးလိုက်သည်။

"တောင်းပန်ပါတယ်" ကျင်းရှု့ရန် လေသံက တောင်းပန်မှု အရိပ်အမြွက်ပြနေသည်။

"ရှင် ဘာအတွက်မှ တောင်းပန်စရာ မလိုပါဘူး၊ ကျွန်မကို တောင်းပန်စကားပြောဖို့ မလိုဘူး" လို့ ကျန်းရှောင် ပြန်ပြောလိုက်သည်။

ကျင်းရှု့ရန် ခေတ္တတိတ်ဆိတ်သွားသည်။ “ရှင့်ကို အစ်ကို ကျိုး နဲ့ လက်ထပ်ထားလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး” လို့ သူမစကားနဲ့ ရုန်းကန်ရင်း ပြောလိုက်သည်။

"အရင်က အစ်ကို ကျိုးဆီ ကျွန်မရဲ့ခံစားချက်တွေကို ဝန်ခံဖို့တောင် သွားခဲ့မိတယ်၊ သူက ကျွန်မရဲ့ခဲအိုဖြစ်နေပြီဆိုတာပဲ သိလိုက်ရတယ်"

ကျန်းရှောင် မျက်ခုံးကြုတ်လိုက်သည်။

"အဲ့တုန်းက ရှင် ကျွန်မကို မုန်းခဲ့လား" ကျင်းရှု့ရန် တုံ့ဆိုင်းပြီး မေးလိုက်သည်။

ကျန်းရှောင် ခေါင်းခါလိုက်သည်။ သူမ မျက်လုံးထဲတွင် ကျင်းရှု့ရန်က မကြီးပြင်းလာသေးဘဲ နုံအဆဲ ကလေးတစ်ယောက်သာဖြစ်သည်။

"ဒါပေမယ့် အခုအဲ့တာကို ပြန်ကြည့်ရင် အဆင်တော့မပြေဘူး။ အစ်ကို ကျိုး လည်း ကျွန်မကိုစိတ်ဆိုးနေလား"

"မဆိုးပါဘူး" ကျန်းရှောင် ပြန်ပြောလိုက်သည်။

ကျင်းရှု့ရန် သူမရဲ့မျက်လုံးတွေထဲကို ကြည့်လိုက်သည်။ "မဆိုး​ဘူး" လို့​ ပြောတာကို​ ယုံပါတယ်​။ မမ..."

မမ......?

ကျန်းရှောင်ရဲ့ မျက်လုံးတွေ တုန်လှုပ်သွားသည်။

"မမ..." ကျင်းရှု့ရန် ကျန်းရှောင်ဆီ လျှောက်သွားလိုက်သည်။

နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်ကာ ခြေတစ်လှမ်းသာ ခွာနေပြီး မျက်လုံးတွေဆုံနေကြသည်။

ကျန်းရှောင် ရဲ့လက်တွေက တင်းတင်းကြပ်ကြပ်ဆုပ်ထားခဲ့ပြီး အံကြိတ်ထားသည်။ "မစ္စ ကျင်း၊ အဲဒီ 'မမ' ဆိုတဲ့ ခေါင်းစဉ်ကို ကျွန်မ လက်မခံနိုင်ဘူး"

ကျင်းရှု့ရန်၏ မျက်နှာက စိတ်ပျက်ခြင်းအရိပ်အမြွက်ပြသနေသည်။ "ဒါပေမယ့် ဝန်ခံသည်ဖြစ်စေ ဝန်ခံသည်ဖြစ်စေ မမက ကျွန်မရဲ့မမပဲ"

ကျန်းရှောင် သူမ၏ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကိုသပ်လိုက်သည်။

ကျင်းရှု့ရန် ဆက်ပြောလိုက်သည်။ "ကျွန်မလည်း မမရဲ့နေရာမှာသာဆိုရင် မေမေ့ကို အသိအမှတ်ပြုမိလိမ့်မယ် မထင်ဘူး။ ဘာပဲဖြစ်ဖြစ် မိခင်တစ်ယောက်က သူမရဲ့ကလေးကို ဘယ်တော့မှ မစွန့်ပစ်သင့်ပါဘူး”

ကျန်းရှောင်ရဲ့ မျက်လုံးတွေထဲ မျက်ရည်တွေ ပြည့်လျှံလာပြီး ရုတ်တရက် နွေးထွေးမှုတစ်ခုက သူမနှလုံးသားကို ဖုံးလွှမ်းသွားသည်။ သူမ လည်ချောင်း ရှင်းပြီးပြောလိုက်သည်။ "ရှု့ရန်၊ ငါ အသက် နှစ်ဆယ့်နှစ်နှစ်တုန်းက အဲ့တာကို အတင်းတွန်းအားမပေးဖို့ ကိုယ့်ကိုယ်ကိုပြောခဲ့တယ်"

ကျင်းရှု့ရန်ရဲ့ မျက်လုံးတွေမှာလည်း နီရဲသွားကာ ကျန်းရှောင်က သူမကို နာမည်ဖြင့်ပြောလိုက်သည်မှာ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ခု ဖြစ်နေပြီဆိုတာ သူမ နားလည်သွားသည်။

ကျန်းရှောင်က သူမရဲ့အမေနဲ့ ထပ်ပြီး မပတ်သက်ချင်တော့ဘူး။

"မမ၊ မမရဲ့အမြင်ကို ကျွန်မနားလည်တယ်" ကျင်းရှု့ရန် သက်ပြင်းချလိုက်သည်။ "မမ၊ မေမေ့ကိုယ်စား မမကို တောင်းပန်ချင်ပါတယ်” သူမ လေးလေးနက်နက် ငုံ့ကာ ဦးညွှတ်လိုက်သည်။

ကျန်းရှောင်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို ခန္ဓာကိုယ်ပြန်မတ်ရန် ကူညီလိုက်သည်။

ကျင်းရှု့ရန် ထွက်သွားပြီးနောက် သူမ ကျင်းကျုံးပိုင်ကို ဖုန်းဆက်လိုက်သည်။ "အစ်ကို၊ အစ်ကို မျှော်လင့်ထားတဲ့အတိုင်းပဲ"

ကျင်းကျုံးပိုင် သက်ပြင်းချလိုက်ပြီး သူ့နားထင်တွေကို ပွတ်သပ်လိုက်သည်။ "သူမ ဘာပြောခဲ့လဲ"

"သူမက ညီမလေးတို့ရဲ့ဆက်ဆံရေးကို အသိအမှတ်မပြုချင်ဘူး၊ ညီမကို ညီမလေးလို့တောင် မခေါ်ချင်ဘူး"

"အစ်ကို အရင်ကပြောဖူးတယ်လေ၊ အနှစ်နှစ်ဆယ်ကျော်ကြာခဲ့ပြီကို နေ့ချင်းညချင်း ပြောင်းလဲသွားလို့ရနိုင်တဲ့ အရာမှ မဟုတ်တာ"

"အစ်ကို၊ မမ နဲ့ အစ်ကို့ရဲ့ဆက်ဆံရေးကို ကောင်းကောင်း ထိန်းထားပေးနိုင်ခဲ့တဲ့ အစ်ကို့ရဲ့ လိမ္မာပါးနပ်မှုလည်း ဖြစ်နိုင်တယ်။ သူမက အစ်ကို့ကို ဆက်ဆံတဲ့ပုံစံနဲ့မတူဘူး။ ဘာပဖြစ်ဖြစ် သူမက ညီမကိုနာမည်တပ်ပြီး ခေါ်ဖို့ဆန္ဒရှိနေတာကြောင့် သူမက ညီမ မကြိုက်တာလည်းဖြစ်နိုင်တယ်"

ကျင်းရှု့ရန် ဒီလောက်ထိခံစားနိုင်သည်။ "ပဲပင်ပေါက်လေးကို အရမ်းတွေ့ချင်တယ်! နောက်ဆုံး ကျွန်မက သူ့ရဲ့အန်တီပဲလေ "

"ရန်ရန်၊ အခုလောလောဆယ် ကလေးဆီ သွားမလည်နဲ့။ ကျိုးရှို့လင်းနဲ့ ကျန်းရှောင်တို့က ပြင်ပကမ္ဘာမှာ သူတို့ ကလေးကြီးပြင်းလာတာကို မထိခိုက်စေချင်တာကြောင့်မို့ သူတို့ရဲ့ အိမ်ထောင်ရေးကို လျှို့ဝှက်ထားခဲ့ကြတာ "

"ညီမက အပြင်လူမှ မဟုတ်တာ"

"ညီမလေးက သတင်းထောက်တွေ အဲဒီကို ခေါ်သွားမိသလိုဖြစ်လာမယ်ဆိုရင် ကျိုးရှို့လင်းက မင်းကိုအပိုင်းပိုင်း မဆုတ်ဖြဲမိအောင်တော့ သတိထားပေါ့ "

"ညီမ သူ့ကို အခုတကယ် သည်းမခံနိုင်လို့ပါ။ ကျေးဇူးပြုပြီး ညီမကို သူ့အကြောင်း မပြောပြပါနဲ့တော့။ အစ်ကို၊ အစ်ကိုလည်း အဆင့်တက်ဖို့လိုနေပြီ၊ ကျိုးရှို့လင်း ရဲ့သားကတောင် သုံးနှစ်ရှိနေပြီနော်"

ကျင်းကျုံးပိုင် တွန့်သွားသည်။ "တော်ပြီ။ မင်းအလုပ်ပြန်လာတော့။ မင်းအလုပ်ကိုပဲ အာရုံစိုက်"

ကျင်းကျုံးပိုင် ဖုန်းကို ချလိုက်ပြီး ထိုအချိန်တွင် သူ၏ အေးဂျင့်က သူ့ဆီ ချဉ်းကပ်လာခဲ့သည်။ "အခု "Heading North'က Weibo အကောင့်မှာ Follower တစ်သိန်းကျော်ရှိလာပြီး ဆရာနဲ့ ချင်ယီလုတို့ အပတ်စဉ် ဗီဒီယိုကလစ်တစ်ခုရှိတယ်။ တစ်ခုချင်းစီမှာ shareတွေနဲ့like ထောင်ချီရှိတယ်။ ဒီကိန်းဂဏာန်းတွေကို ဝယ်ထားတာများလားဆိုပြီး သံသယဖြစ်မိတယ်။ ဒါက ချင်ယီလုရဲ့ လျှို့ဝှက်အကောင့်တစ်ခုလို့ ထင်လား"

ကျင်းကျုံးပိုင် တခစ်ခစ်ရယ်ပြီး ပြန်ပြောလိုက်သည်။ "မထင်ဘူး"

"စစ်ပြီးပြီမလို့လား"

"ငါ သိသလောက်ကတော့ ချင်ယီလုက ကွန်ပြူတာပိုင်းမှာ တုံးအတဲ့သူတစ်ယောက်ပဲ။ သူမက ဗီဒီယိုကလစ်တွေနဲ့ အဆင်မပြေဘူး၊ ဓာတ်ပုံတွေကို ဘယ်လို တည်းဖြတ်ရမလဲဆိုတာပဲ သူမသိနိုင်တယ်"

ချင်ယီလုသည် ခြေတံရှည်အောင် photoshopping လုပ်တဲ့နေရာတွင် အထူးကျွမ်းကျင်ပြီး သူမကိုယ်တိုင်လည်း အရပ်မရှည်တာကြောင့် ဖြစ်နိုင်သည်။

အေးဂျင့်က ခေါင်းခါလိုက်သည်။ "အဲဒီတုန်းက ကျန်းရှောင်နဲ့ လက်မတွဲဖို့ ကျွန်တော် အကြံပေးခဲ့တယ်၊ ဒါပေမယ့် ဆရာက စကားနားမထောင်ဘူး။ အခု ဆရာ့မှာပြဿနာကြီးတစ်ခု ပေါ်လာပြီ။ ဒါက ဆရာ့ရဲ့နာမည်ကျော်ကြားမှုကို ပြောင်ပြောင်တင်းတင်း အရင်းပြုနေတာ၊ ဟူး.. အဲ့တုန်းက ကျန်းရှောင်ကို တကယ်လျှော့တွက်ခဲ့မိတယ်။ အခု ကြည့်ကြည့်လိုက် သူမ စီမံခန့်ခွဲတဲ့ လူတွေ အားလုံး သိသာထင်ရှားတဲ့ အရှိန်အဟုန်ကို ရရှိနေကြပြီ။ အခု ကျွန်တော်တို့ ပြိုင်ဖက်တွေ ဖြစ်လာပြီ"

"အဲ့တာက သူမ ကိုယ်တိုင် ရခဲ့တာပါကွာ"

အေးဂျင့်က သက်ပြင်းချလိုက်သည်။ “အင်း၊ အခု သူမလည်း လူနည်းစုကို စော်ကားနေပြီ။ ကြားဖူးတယ်။ တစ်ချို့က သူမကို ဒုက္ခပေးချင်နေကြတယ်လို့ ကြားတယ်"

All Chapters