အခန်း (၉၇)
Vol. 8 Ch. 97
ဇွန်လကုန်လွန်ပြီးနောက် ဇူလိုင်လနှင့် သြဂုတ်လ၏ နွေရာသီအားလပ်ရက် စတင်ခဲ့ပြီး ကျောင်းသားတွေ အနားယူခဲ့ကြသည်။
ထိုနှစ်တွင် နွေရာသီရုပ်ရှင်ရုံမှာ ထူးထူးခြားခြား စည်ကားနေပြီး တရုတ်ရုပ်ရှင် box office တွင် အမိုက်စား ခေတ်မီစစ်ပွဲ ရုပ်ရှင်တစ်ခုနှင့်အတူ ဆိုရှယ်မီဒီယာပလက်ဖောင်း အမျိုးမျိုးကို လွှမ်းမိုးကာ လေဆင်နှာမောင်းကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ပရိုမိုးရှင်းဖြင့် လွှမ်းမိုးခဲ့သည်။
တစ်ချိန်တည်းမှာပင် စုန့်ယိဝမ် ပါဝင်သရုပ်ဆောင်ထားသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဒရာမာအသစ် "Heart of the End of the World" စတင်ရိုက်ကူးတော့မည်ဖြစ်သည်။
ဒါရိုက်တာ၊ ပရိုဂျူဆာ၊ ထုပ်လုပ်ရေးအဖွဲ့နှင့် ထိပ်တန်းသရုပ်ဆောင်များစွာသည် Imperial Court Club တွင် ဒင်နာပွဲလုပ်ခဲ့ကြသည်။ ကျန်းရှောင်နဲ့ စုန့်ယိဝမ် တို့လည်း ထိုညနေခင်းတွင် တက်ရောက်ခဲ့သည်။
ဒီဒရာမာမှာ ဒုတိယမြောက် အမျိုးသားဇာတ်ဆောင်အဖြစ် သရုပ်ဆောင်တဲ့ မင်းသားကတော့ မိုရီဟန်ရဲ့ ညီဖြစ်သူ မိုလင်းချန် ဖြစ်သည်။
သူက အဓိကအားဖြင့် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပေမယ့် မကြာသေးမီက ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ရန် ဇာတ်ညွှန်းကောင်းအချို့ကို ရွေးချယ်ခဲ့သည်။
အမျိုးသမီးဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် မင်းသမီးမှာ ချောင်ယွီဖေး ဖြစ်ပြီး လူငယ် အိုင်ဒေါ ဒရာမာဇာတ်လမ်းတွဲနှစ်ခုတွင် ပါဝင်ခဲ့ပြီး ၎င်း၏ အလားအလာကောင်းသည့် ဧည့်ခံပွဲအတွက် ဤပရောဂျက်သို့ ရောက်ရှိလာခဲ့သည်။
ချောင်ယွီဖေး၏ အေးဂျင့်သည် လုပ်ငန်းနယ်ပယ်တွင် မစ္စတာလု သို့မဟုတ် အစ်ကိုလုဟု ရည်ညွှန်းခံရသော အသက်သုံးဆယ်ကျော် အမျိုးသားဖြစ်ကာ လုဖျင်လို့အမည်ရပြီး New Sun Media တွင် ရင်းနှီးမြှုပ်နှံထားသူလည်းဖြစ်သည်။
ကျန်းရှောင်နဲ့ စုန့်ယီဝမ်တို့ လုဖျင်ကို နှုတ်ဆက်ခဲ့ကြသည်။
လုဖျင်က သူတို့နှစ်ယောက်ကို လက်ဆွဲနှုတ်ဆက်ပြီး ကျန်းရှောင်ကို စူးစိုက်ကြည့်နေသည်။ "နောက်ဆုံးတော့ ကျွန်တော်တို့ရဲ့ မစ္စ ကျန်း ရောက်လာပြီပေါ့လေ။ ကျေးဇူးပြုပြီး ထိုင်ပါဦး"
ပျော်ပွဲရွှင်ပွဲများအပြီးတွင် ညစာစားပွဲကို စတင်ခဲ့သည်။
ချောင်ယွီဖန်က သိမ်မွေ့ပြီး သပ်ရပ်တဲ့ပုံပေါက်သော်လည်း အရက်သောက်တဲ့အခါမှာတော့ သူမအား "အရက်စားပွဲပေါ်မှ သူရဲကောင်းအမျိုးသမီး" ဟူသော ဘွဲ့ကို ရရှိခဲ့သည်။
စားပွဲပေါ်ရှိ လေထုက တဖြည်းဖြည်း ပူနွေးလာကာ အမျိုးသမီး အများအပြားက ၎င်းတို့၏ မျက်မှန်ကို ပင့်ပြီး အပြန်ပြန်အလှန်လှန် ကြည့်နေကြသည်။
ကျန်းရှောင် အရက်မသောက်သည်မှာ လူသိများသည့်အချက်ဖြစ်သည်။
လုဖျင်က ခဏခဏ တိုက်တွန်းခဲ့သည်။ "ဒါက ရှားရှားပါးပါး ပူးပေါင်းဆောင်ရွက်မှုတစ်ခုပဲလေ၊ကျွန်တော်တို့ကို မျက်နှာပေးလိုက်ပါ။ ဒီလိုဆိုရင်ကော မစ္စကျန်း တစ်ငုံသောက်လိုက် ကျန်တာကို ကျွန်တော် ဖြေရှင်းပေးပါ့မယ်"
ကျန်းရှောင်ရဲ့ နှုတ်ခမ်းဆီ အပြုံးရေးရေးလေးဖြတ်သန်းသွားခဲ့သည်။
တစ်ဖက်က ယောကျ်ားတစ်ချို့က ရယ်ခဲ့ကြသည်။ "မစ္စတာ လု၊ ကျုပ်တို့ကိုကျ သောက်စရာတွေ မယူပေးဘူးနော် ဒါပေမယ့် ကျန်းရှောင်ကိုကျတော့ မျက်နှာချိုသွေးနေတယ်"
ကျန်းရှောင် စားပွဲကြီးတစ်ဝိုက်ကို လှမ်းကြည့်လိုက်ရာ လူတိုင်းက ၎င်းတို့၏ စကားဝိုင်းတွင် ပါဝင်နေကြပုံရသော်လည်း ယနေ့ညတွင် သူမကို လက်ညိုးထိုးပြနေပုံရသည်။ "ကျွန်မ အရက်သောက်လို့မရဘူး၊ မဟုတ်ရင် အိမ်ရောက်လို့ကတော့ ဒါကို ရှင်းလို့ရမှာမဟုတ်ဘူး"
"မင်းက အရွယ်ရောက်နေပါပြီ၊ မင်းမိဘတွေက မင်းကို ချုပ်ကိုင်နေသေးတာလား" လုဖျင်က သူမဆီသို့ လျှောက်လာပြီး သူမလက်ကို ဆုပ်ကိုင်ခဲ့သည်။ သူမရဲ့ အသားအရေက ကျောက်စိမ်းကဲ့သို့ ချောမွေ့ပြီး စွဲမက်ဖွယ်ကောင်းလှသည်။
ကျန်းရှောင် လွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း လုဖျင်၏ ချုပ်ကိုင်မှုက တင်းကျပ်လာသည်။ သူက သူမကို လေးလေးနက်နက် ချင်ခင်မြတ်နိုးစွာဖြင့် စိုက်ကြည့်နေသည်။
ကျန်းရှောင်က လုပ်ငန်းနယ်ပယ်ထဲတွင် ထိပ်တန်း အလှလေးအေးဂျင့်တစ်ဦးအဖြစ် လူသိများပြီး အထူးသဖြင့် "လိမ္မာပါးနပ်သူ" မဟုတ်ဘူးဆိုရင်တောင် ထိုဂုဏ်သတင်းနှင့်အညီ နေထိုင်ခဲ့သည်။
ကျန်းရှောင် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများကို အရင်က ကြုံတွေ့ခဲ့ဖူးသည်။ သူမ၏အမူအရာက တဖြည်းဖြည်း အေးစက်လာပြီး သူမ လုဖျင်ကို သင်ခန်းစာတစ်ခုပေးရန် ဆုံးဖြတ်ခဲ့သည်။
သူမ ဘာခံစားချက်မှမပြဘဲ ပြောလိုက်သည်။ “ကျွန်မ အရက်သောက်လို့မရဘူး၊ အရက်နဲ့ အလက်ဂျစ်ရှိတယ်။ ကျွန်မ ယောက်ျားသာ ကျွန်မ အရက်သောက်ထားတာကိုသိရင် မနက်ဖြန်မှာ ဒီအလုပ်ကနေ ကျွန်မ ထွက်သွားရလိမ့်မယ်"
"အိုး မင်းကလက်ထပ်ပြီးပြီလား" လူအုပ်ကြီး အံ့သြသွားပြီး အားလုံးက သူမကိုကြည့်ရင်း စကားစမြည်ပြောနေကြတာတွေ ခဏရပ်တန့်သွားခဲ့သည်။
လူတိုင်းရဲ့အာရုံစိုက်မှုအပြောင်းအရွှေ့ကိုမြင်တော့ လုဖျင်က သူမရဲ့လက်ကို ကိုးရိုးကားရားနိုင်စွာ လွှတ်ပေးလိုက်သည်။
ကျန်းရှောင် ခပ်ဖျော့ဖျော့ပြုံးပြလိုက်သည်။ "ကျွန်မက ပျော်ပျော်ရွှင်ရွှင် နေနေရတဲ့ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ပါ"
ခေါင်းစဉ်ကို တွေးမနေဘဲ ဖန်ခွက်ကို မြှောက်လိုက်သည်။ "ရှင်တို့ အားလုံးကို လက်ဖက်ရည်နဲ့ ဆုတောင်းပေးချင်တယ်။ ကျွန်မ အရက် မသောက်နိုင်လို့ တောင်းပန်ပါတယ်"
လူတွေက သူမရဲ့စကားတွေကို သံသယဝင်နေကြသည်။ လုပ်ငန်းနယ်ပယ်မှာတော့ ကျန်းရှောင်မှာ ချစ်သူရှိတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်နေခဲ့တာ ဒီတော့ သူမကိုအိမ်ထောင်သည် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မထားခဲ့ကြပေ။
"ကျန်းရှောင် မင်းရဲ့ခင်ပွန်းက ဘာအလုပ်လုပ်တာလဲလို့ မေးလို့ရမလား"
“သူလည်း မီဒီယာလုပ်ငန်းမှာ လုပ်နေတာ"
"အိုး မင်းတို့နှစ်ယောက်လုံးက တကယ်အတူဒွန်တွဲလုပ်ကိုင်နေကြတာပဲ "
ကျန်းရှောင် ပြုံးလိုက်သည်။
သူမ နောက်ထပ် မဆွေးနွေးချင်တော့တာကြောင့် ဒီကိစ္စကို ဘယ်သူကမှ ဖိအားမပေးခဲ့ပေ။ နောက်ဆုံးတော့ သူမက စကားဝိုင်း၏ အဓိက အာရုံစိုက်မှုမဟုတ်ပေ။
ကျန်းရှောင် သူမရဲ့ ထိုင်ခုံမှာ ပြန်ထိုင်လိုက်ပြီး သူမ ညာဘက်တွင် ထိုင်နေသော မိုလင်းချန်က သူမဘက် လှည့်ကာမေးခဲ့သည်။ "ခင်များက ကျွန်တော့်ထက် အသက်ငယ်ပုံရတယ်"
"ဘယ်သူပြောလဲ။ ကျွန်မက အသက် ၂၈ ပြည့်ပြီးနေပြီ ဒါပေမယ့် ပြင်ပကမ္ဘာမှာတော့ ကျွန်မရဲ့အသက်ကို လိမ်ထားတာ။ ကျွန်မကို "အစ်မ"လို့ ခေါ်ကြတာတွေကို မကြားဖူးဘူးလား"
မိုလင်းချန် ပခုံးတွန့်လိုက်သည်။ "နှစ်အနည်းငယ်ကွာတာလောက်က ဘာများကွာခြားသွားတာမလို့လဲ။ကျွန်တော့်တို့လုပ်ငန်းမှာ အသက်အရွယ်က သိပ်အရေးမကြီးဘူး။ ကျွန်တော်တို့ဆီမှာ အသက်အရွယ် ကွာခြားချက်အရမ်းများတဲ့ စုံတွဲတွေတောင်ရှိတယ်"
ကျန်းရှောင် နှုတ်ဆိတ်နေသည်။
မိုလင်းချန် ဆက်ပြောလိုက်သည်။ "ခင်များ သူတို့ကို ခုနက လှည့်စားနေတဲ့အချိန်မှာ ခင်များမှာ တကယ်ကို ယုံကြည်ချက်ရှိနေပုံရတယ်နော်"
ကျန်းရှောင် သူမရဲ့လက်ကို ဆန့်လိုက်သည်။ "မဟုတ်ဘူး ကျွန်မ အမှန်အတိုင်းပြောနေတာ"
မိုလင်းချန်က သူမ လက်သူကြွယ်ပေါ်ရှိ လက်စွပ်ကို စိုက်ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ "ခင်များ သိပါတယ်၊ ဒီပစ္စည်းတွေက လုပ်ငန်းမှာ အသုံးများတယ်။ Taobao မှာ ခင်များလက်စွပ်တစ်ကွင်းကို ယွမ်ဒါဇင်လောက်နဲ့ ရနိုင်ပေမယ့် ဒါကတော့ ထောင်ဂဏန်းလောက် တန်မယ့်ပုံပဲ "
ကျန်းရှောင် သူမ၏ ရေခွက်ကို ကောက်ယူလိုက်ပြီး မိုလင်းချန်၏ အကြည့်က ပြဿနာရှိနေသည်ဟု ခံစားမိသည်။ လက်စွပ်က ဈေးမကြီးပေမယ့် အဲ့အပေါ်မှာ စိန်တွေရှိတယ်။ သူမကိုလူတိုင်း ယုံကြည်လာစေဖို့အတွက် လက်ထပ်ထားတယ်ဆိုတာ အတည်ပြုပေးဖို့ နောက်တစ်ခါကျရင် သူမရဲ့ လက်ထပ်စာချုပ်ကို ပြပေးစရာလိုလား။
စကားစမြည်ပြောနေစဉ် ကျန်းရှောင် ဖုန်းခေါ်ရန် အပြင်ထွက်ကာ အေးအေးဆေးဆေးနေရန် အချိန်အနည်းငယ်ယူခဲ့သည်။ သူမက ညနေပိုင်းမှာ ကျိုးရှို့လင်းနဲ့ ရုပ်ရှင်သွားကြည့်ဖို့ အစီအစဉ်ရှိသည်။ ကျိုးရှို့လင်းက ပဲပင်ပေါက်လေးကို သိပ်ပြီး အပြင်ထွက်ဖို့ ပြင်ဆင်နေပြီလို့ သူမကို ဖုန်းဆက်ပြောခဲ့သည်။
ကော်ရစ်ဒါမှာရပ်နေတဲ့ ကျန်းရှောင်သည် သူမအိတ်ကို ကောက်ယူပြီး နှုတ်ဆက်ဖို့ အထဲကို ပြန်ဝင်မလာခင် အေးမြသောလေနုအေးကို ခဏတာခံစားလိုက်သည်။
"ကျန်းရှောင်!" လုဖျင် လှမ်းအော်လိုက်သည်။ "ဘာလို့ဒီမှာရပ်နေတာလဲ"
သူ့ရဲ့အဆင့်အတန်းအရ သူသည် ယခင်က အမျိုးသမီးတစ်ဦးကို လိုက်ရန် တစ်ခါမျှ မကျရှုံးခဲ့ဖူးပေ။ သူ့မှာ ခက်ခက်ခဲခဲ ကစားခဲ့ရတဲ့ အမျိုးသမီး တော်တော်များများကိုလည်း ကြုံခဲ့ဖူးသည်။
ကျန်းရှောင် မျက်ခုံးကို မသိမသာကြုတ်ကာ ပြန်ဖြေခဲ့သည်။ "တောင်းပန်ပါတယ် မစ္စတာ လု၊ ဒါပေမယ့် ကျွန်မ အိမ်မှာလုပ်ရမယ့် အရေးတကြီးကိစ္စတချို့ရှိနေလို့ ကျွန်မ အရင်သွားနှင့်လိုက်ပါဦးမယ်"
လုဖျင်က သူမ၏ အိမ်ထောင်ရေးအကြောင်းပြောခဲ့တာက ဆင်ခြေတစ်ခုသာဖြစ်သည်ဟု ထင်မြင်ခဲ့သည်။ "ကျန်းရှောင် ငါ့ လက်ထဲမှာ script တစ်ခုရှိသည်။ မင်းမှာ အချိန်ရရင် အတူတူကြည့်ရအောင်"
မီးရောင်မှိန်မှိန်အောက်တွင် လူအများ ရံဖန်ရံခါ ဖြတ်သွားတတ်ကြသည်။
ကျန်းရှောင်မှာ ယခုအချိန်တွင် သူ့ကို ဖျော်ဖြေရန် ရည်ရွယ်ချက်မရှိပေ။ ဖျော်ဖြေရေးနယ်ပယ်တွင် အသစ်တက်လာတဲ့စတားတွေ၊ အနုပညာရှင်တွေ ဒါမှမဟုတ် ချောမောလှပတဲ့ လက်ထောက်တွေကို လိုက်ဖို့ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို အသုံးချနေကြတဲ့ လုဖျင်လို လူတွေအများကြီးရှိသည်။
"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ အစီအစဉ်တွေအားလုံးကို နောက်နှစ်အထိ ကြိုစီစဥ်ထားပြီးသားဖြစ်နေပြီ" ဟု ၎င်း၏ ချဥ်းကပ်မှုတွေကို ပယ်ချကာသူမ ပြန်ဖြေခဲ့သည်။
လုဖျင် လိမ္မာပါးနပ်စွာ ပြုံးလိုက်သည်။ "ကျန်းရှောင်၊ ဒီမှာ။ မင်း New Yang Media မှာ ပါဖို့ စိတ်ဝင်စားလားတော့ မသိဘူး။ မင်းရဲ့ အနုပညာရှင်တွေကို ခေါ်လာခဲ့ရင် ငါ ဘုတ်အဖွဲ့နဲ့ စကားပြောပြီး မင်းကို ပိုင်ဆိုင်ခွင့် ရှယ်ယာသုံးရာခိုင်နှုန်း ပေးနိုင်တယ်"
"မစ္စတာလု၊ ကျွန်မ တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်မ ဟွားရှ မီဒီယာနဲ့ တစ်သက်တာစာချုပ်ချုပ်ထားတာ" လို့သူမက သူ့ရှေ့ကိုဖြတ်လျှောက်သွားရင်း သူ့ရဲ့ချဥ်းကပ်မှုတွေကို ရှောင်ပြီး ပြန်ဖြေခဲ့သည်။
"ကျန်းရှောင် " လုဖျင်က အနီးနားမှာ ဘယ်သူမှမရှိနေတဲ့အချိန် သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ပုံမှန်မျက်နှာစာအား ဖြုတ်ချလိုက်သည်။
"အရည်အချင်းရှိတဲ့ မန်နေဂျာတစ်ယောက်ဖြစ်ဖို့က ခက်ခဲတဲ့အလုပ်ပါ၊ ပြီးတော့ မင်းဆန္ဒရှိတိုင်း ဘယ်အရာကိုမဆို မင်းကို ငါပေးနိုင်တယ် !" သူ သူမအနားသို့ တစ်လက်မ တိုးကပ်လာကာ သူမရဲ့နောက်ကျောကို နံရံဘက်ကပ်သွားစေသည်။
ကျန်းရှောင်ရဲ့ မျက်နှာက အလွန်မည်းမှောင်လာသည်။သူမ တုံ့ဆိုင်းမနေဘဲ ခြေထောက်ကို မြှောက်ကာ လျင်မြန်စွာ ကန်သွင်းပစ်လိုက်သည်။ "တောင်းပန်ပါတယ်။ ကျွန်မ တကယ်ကို မလိုအပ်ဘူး!"
လုဖျင် နာကျင်စွာသွားကာ သူမ၏လက်ကို လွှတ်လိုက်သည်။ သူ ခါးကိုင်းသွာကာ နာကျင် ဒေါသ နှင့် ဒဏ်ရာရသွားတဲ့ ခါးကို ဖိလိုက်သည်။ "ကျန်းရှောင်! မင်း။ ငါ့ဆီက စကားတစ်ခွန်းတည်းနဲ့ စုန့်ယိဝမ် ဒီပရောဂျက်မှာ ခေါင်းဆောင်မင်းသားနေရာကို ဆုံးရှုံးသွားအောင် ငါလုပ်ပစ်နိုင်တယ်"
ကျန်းရှောင် သူမ၏ ခြေလှမ်းများကို ရပ်လိုက်ပြီး သူမ ရွံရှာမှုကို ပွင့်ပွင့်လင်းလင်း ပြသလိုက်သည်။ "အားမနာနဲ့ စမ်းကြည့်လိုက် "
လုဖျင်း အံကြိတ်ရင်းပြောလိုက်သည်။ "အမှုဆောင်ပရိုဂျူဆာက ငါ့ဝမ်းကွဲမှန်း မင်းသိသင့်တယ်"
ကျန်းရှောင် သူ့ကို လှည့်ကြည့်လိုက်ပြီး ပခုံးတွန့်ပြလိုက်ပြီး ဘာမှမဟုတ်သလို ပြုံးလိုက်သည်။ "အဲ့တာ ရှင့်ကိစ္စ"
လုဖျင် အရင်က ဒီလို အရှက်ကွဲတာ မခံရဖူးပေ။ "ငါ့ကိုစောင့်ကြည့်နေလိုက်၊ အဲ့ကျမှ ငါ့ကို လာပြီးဒူးထောက်မတောင်းပန်နဲ့"
ကျန်းရှောင်သည် သူနှင့် ထပ်ပြီးအဆက်အဆံလုပ်ဖို့ စိတ်မကူးတော့ဘဲ သီးသန့်ခန်းဆီ လျှောက်သွားလိုက်သည်။
မိုလင်းချန်က အမှောင်ရိပ်ထဲမှာ လက်ပိုက်ပြီး မတ်တပ်ရပ်ကာ သူတို့ကိုစောင့်ကြည့်နေခဲ့သည်။ ကျန်းရှောင် သူ့အနားမကပ်လာခင်အထိ သူ သတိမထားမိလိုက်ပေ။
"ကျန်း... အစ်မ၊ အထင်ကြီးလောက်စရာပဲ!" သူ့ပါးစပ်ထောင့်မှာ အပြုံးလေးနဲ့ ပြောလိုက်သည်။ ဒီညမှာ ဟီးရိုးအဖြစ် သရုပ်ဆောင်ဖို့ အခွင့်အရေး ရနိုင်မယ်လို့ သူထင်ထားခဲ့ပေမယ့် ကံမကောင်းစွာဖြင့် ဇာတ်ညွှန်းက သူ့ကို ဇာတ်ညွှန်းမသတ်မှတ်ပေးခဲ့ပေ။
ကျန်းရှောင် သူ့ကို ထူးထူးခြားခြား လှမ်းကြည့်လိုက်သည်။
မိုလင်းချန်က သူမကို ပြုံးဖြဲဖြဲလုပ်ပြခဲ့သည်။ "အကြမ်းဖက်မှုမှာ အရည်အချင်းရှိတဲ့ မန်နေဂျာကို ကျွန်တော်အရင်က တစ်ခါမှ မတွေ့ဖူးဘူး။ ခင်များတကယ်ပဲ ကျွန်တော့်ရဲ့ လေးစားမှုကို ရခဲ့တယ်။ မိုရီဟန် ခင်များကို ချီးကျူးတာက အံ့သြစရာတော့ မဟုတ်တော့ပါဘူး"
"မိုရီဟန်က ကျွန်မကို ချီးကျူးတယ် " ကျောက်ရှင်းရန် မိုရီဟန်နဲ့တွဲတုန်းက ကျန်းရှောင်က သူ့ကို တစ်ကြိမ်ထက်ပိုပြီး လမ်းခွဲဖို့ သူမအကြံပေးခဲ့သည်။
မိုလင်းချန် လေးလေးကန်ကန် ပြောလိုက်သည်။ “မိုရီဟန်က ခင်များကို....... ဆူးရှိတဲ့နှင်းဆီပန်းနဲ့ တူတယ်တဲ့"
ကျန်းရှောင် ရယ်မောလိုက်သည်။ "ပွဲလည်းပြီးပြီ မစ္စတာမို၊ ရှင်အခု အိမ်ပြန်လို့ရပြီ"
ကျန်းရှောင် သီးသန့်ခန်းသို့ ပြန်သွားလိုက်ပြီး လေထုက ဆက်လက်ရှင်သန်နေခဲ့သည်။
ကျန်းရှောင် ဝင်လာတာကိုမြင်တော့ ချောင်ယွီဖေး အနည်းငယ် အံ့သြသွားသည်။
ကျန်းရှောင်က သူမ အိတ်ကို ကောက်ကိုင်လိုက်ပြီး ဒါရိုက်တာ စွင်းကို နှုတ်ဆက်ရန် လျှောက်သွားခဲ့သည်။ စုန့်ယိဝမ်က သူနှင့် ဇာတ်ညွှန်း ဆွေးနွေးနေတဲ့အချိန်ဖြစ်သည်။
စွင်းက ခေါင်းညိတ်ပြခဲ့သည်။ "မင်း အခုသွားလို့ရပြီ ငါ့ကို နောက်မှ ပြန်ဆက်သွယ်လိုက်"
စုန့်ယိဝမ်က ကျန်းရှောင်ရဲ့ အမူအရာ ပျက်နေတာကို သတိပြုမိပြီး သူမနောက်ကနေ အပြင်ဘက် လိုက်လာခဲ့သည်။
"ဘာဖြစ်လာလို့လဲ"
ကျန်းရှောင်က ခုနက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ပြောပြလိုက်သည်။
စုန့်ယိဝမ် မျက်မှောင်ကြုတ်လိုက်သည်။ " ဒီလုဖျင်ကတော့ အတင့်ရဲနေတာပဲ။ ကျွန်တော်သူ့ကိုသင်ခန်းစာသွားပေးလိုက်မယ်"
ကျန်းရှောင် သူ့ကို တားလိုက်သည်။ “ထားလိုက်တော့၊ပြဿနာမဖြစ်စေနဲ့ ပြီးတော့ သတင်းထောက်တွေကိုလည်း သတိထား။ ပြီးတော့ ငါသူ့ကို သင်ခန်းစာပေးလာပြီးပြီ။ သူ့လိုလူအတွက် ဒေါသထွက်ရတာ မတန်ပါဘူး"
စုန့်ယိဝမ် အေးစက်စွာ နှာမှုတ်လိုက်သည်။ "သူက ပြဿနာ ဖြစ်အောင်လုပ်နေတာ၊ သူက ခဏခဏ ရှောင်ထွက်သွားပြီး သူလိုချင်တာကို လုပ်နိုင်တယ်လို့ ထင်အောင် လုပ်နေတာ"
"ငါ အခု သွားတော့မယ်"
"ကျွန်တော် လိုက်ပို့ပေးမယ်လေ"
"မလိုပါဘူး၊ ငါ ရုပ်ရှင်သွားကြည့်မှာ။ အဲ့တာက အခုတလော ရေပန်းစားနေတော့ ရုပ်ရှင်ရုံကို မသွားရင် ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေကို မလေးစားရာရောက်လိမ့်မယ်"
စုန့်ယိဝမ် ပြုံးလိုက်သည်။ "ယန်ယန်လည်း အဲ့လိုတစ်ပုံစံတည်းပြောတာ။ ကျွန်တော် ပြန်လာပြီဆိုရင် ရုပ်ရှင်ကားနှစ်ကားကြည့်ဖို့ ဆွဲခေါ်သွားတတ်တယ်"
ကျန်းရှောင် မကူညီနိုင်ဘဲ ကျီစယ်သည့်သဘောဖြင့် ရယ်မောလိုက်သည်။
စုန့်ယိဝမ် စကား ထပ်မပြောခင် တုံ့ဆိုင်းသွားသည်။ "ကျန်းရှောင်၊ မင်းမှာ ချင်းဟန် ဆိုတဲ့နာမည်နဲ့ အထက်တန်းတုန်းက အတန်းဖော်တစ်ယောက်ရှိခဲ့ဖူးလား"
ကျန်းရှောင်ရဲ့ မျက်နှာက အံ့သြမှုအရိပ်အမြွက်ပြနေသည်။ "ယန်ယန်က သူ့အကြောင်း ရှင့်ကိုပြောပြခဲ့လို့လား"
"ဘီ မြို့တော်ကို အလုပ်ကိစ္စနဲ့ သူမပြီးခဲ့တဲ့ ခရီး သွားတုန်းက သူ့အကြောင်း ပြောခဲ့တာ။ သူမ အရက်မူးပြီးတော့"
"ချင်းဟန်က ငါတို့ အထက်တန်းကျောင်းက အတန်းဖော်ဆိုတာ ဟုတ်ပေမယ့် ငါတို့ အဆက်အသွယ် မရတာ ကြာပြီ"
စုန့်ယိဝမ် ခေါင်းညိတ်လိုက်ပြီး ဆက်မမေးတော့ပေ။
"အစ်မ အခုပြန်တော့မယ်နော်"