အခန်း (၁၀၀)
Vol. 8 Ch. 100
“အမေ၊ ဒီလေ့ကျင့်ရေးစခန်းမှာ သူတို့ကို အမူအကျင့်တွေကို အဓိကထားသင်ကြားပေးတဲ့ ကျွမ်းကျင်ဆရာတွေရှိတယ် ပြီးတော့ ဂီတ၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ၊ ဂန္ထဝင်စာပေတွေမှာလည်း ပညာပေးနေတာ"လို့ ကျန်းရှောင် ရှင်းပြလိုက်သည်။
မေမေ ကျိုးက သူမကို ကြည့်ပြီး ပြောလိုက်သည်။ "မင်းတို့ရဲ့ဖျော်ဖြေရေးနယ်ပယ်ရဲ့ အလေ့အကျင့်တွေကို ငါတို့အိမ်ထဲကို မယူလာနဲ့။ စစ်မူက အခုမှ ပညာကောင်းကောင်းရနေပြီ၊ မင်းပြောသလိုပဲ၊ အခုလောလောဆယ်တော့ သူ့ကို အတိအကျ သင်ယူခိုင်းဖို့ တွန်းအားမပေးနဲ့ တခြားကလေးတွေက နွေရာသီအားလပ်ရက်တွေမှာ ကစားတာပဲဖြစ်ဖြစ် သူတို့စိတ်ဝင်စားတဲ့အတန်းတွေ တက်တာပဲဖြစ်ဖြစ် လုပ်ကြတယ်။ မင်းတို့နှစ်ယောက်က အလုပ်ကလွဲရင် ပိုအလုပ်များတယ်။ မင်းတို့နှစ်ယောက် သူ့ကိုခရီးထွက်ဖို့ ခေါ်သွားဖူးလို့လား"
ကျိုးရှို့လင်းနဲ့ ကျန်းရှောင်တို့က အခုအချိန်မှာ မေမေကျိုးနဲ့ ငြင်းခုံတာက အချည်းနှီးဖြစ်မည်ကို သိသည်။
မေမေကျိုး လှမ်းခေါ်လိုက်သည်။ "စစ်မူ၊ ခဏလောက် အဖွားဆီ လာခဲ့ဦး"
ကျိုးစစ်မူက သူ့အရုပ်တွေကို ချက်ခြင်းချလိုက်ပြီး ပြေးသွားခဲ့သည်။ "အဖွား"
"အဖွား မင်းကိုမေးမယ်၊ ဒီသရုပ်ဆောင်အငယ်တန်း သင်တန်းကျောင်းကို သွားချင်လား ဒါမှမဟုတ် အဖိုးနဲ့ အဖွားတို့နဲ့နေချင်လား။ အဖိုးက မင်းကို လက်ရေးလှ သင်ပေးနိုင်တယ်၊ အဖွားက မင်းကို ပုံပြင်တွေ ပြောပြနိုင်တယ်"
ကျိုးစစ်မူ သူ့နှုတ်ခမ်းလေးတွေကို ဖိပြီး ခေါင်းညိတ်လိုက်သည်။ "အဲဒါကို လေးလေးနက်နက် စဉ်းစားပြီးသွားပြီး သား သရုပ်ဆောင်အငယ်တန်း လေ့ကျင့်ရေးစခန်းကို သွားချင်တယ်"
မေမေကျိုးက သူမ ရင်ဘတ်ထဲ အဖုအကြိတ်တစ်ခု ခံစားခဲ့ရပြီး သူမ၏ စိတ်ပျက်အားငယ်မှုကို မဖော်ပြနိုင်ခဲ့ပေ။
ဖေဖေကျိုးက တိတ်တိတ်လေးထပြီး သူ့ရဲ့စာကြည့်ခန်းထဲ ပြန်သွားခဲ့သည်။
ကျိုးရှို့လင်းနဲ့ ကျန်းရှောင်တို့ ဆက်ပြီးစိတ်ထိန်းထားခဲ့သည်။
ကျိုးစစ်မူက သူ့မျက်လုံးတွေနဲ့ လှည့်ပတ်ကြည့်ပြီး ပြောလိုက်သည်။ “ကလေးရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ဖို့ သားကို စီးပွားရေးလောကထဲမှာ အရည်အချင်းရှိတဲ့ ကင်းထောက်တွေက သားဆီ ချဉ်းကပ်ခဲ့ဖူးတယ်" သူက တကယ်ကို အလားအလာရှိတဲ့ အရည်အချင်းရှိသူ တစ်ယောက်ပါ။
မေမေ ကျိုး စိတ်ပျက်သွားသော်လည်း ကျိုးရှို့လင်းနဲ့ ကျန်းရှောင်တို့ကို ပြောလိုက်သည်။ "မင်းတို့ အဲ့တာကိုစီစဉ်လို့ရတယ်၊ ဒါပေမယ့် ငါထပ်ပြောမယ် စစ်မူရဲ့ လုံခြုံရေးက အရင်ပဲ "
ကျိုးရှို့လင်းနဲ့ ကျန်းရှောင်တို့သည် အနာဂတ်တွင် ပဲပင်ပေါက်လေး ဖျော်ဖြေရေးနယ်ပယ်ထဲသို့ ဝင်ရောက်လာမည်ဟု အမှန်တကယ် မမျှော်လင့်ထားခဲ့ကြပေ။
ဒါပေမယ့် ပဲပင်ပေါက်လေး မူလတန်းကျောင်းကို တရားဝင် စမတက်ခင်အထိ ပျော်ရွှင်ဖွယ်ရာ ကလေးဘဝအတွေ့အကြုံကို သူ ပိုင်ဆိုင်နိုင်လိမ့်မည်ဟု သူတို့နှစ်ဦးစလုံး မျှော်လင့်ထားကြသည်။
ပဲပင်ပေါက်လေးကို သရုပ်ဆောင် အငယ်တန်း လေ့ကျင့်ရေးစခန်းသို့ ပို့ရန် ဆုံးဖြတ်ချက်ချခဲ့ကြပြီးနောက် ကျိုးရှို့လင်း သက်ပြင်းတစ်ချက်ချလိုက်သည်။
လူကြီးတွေက သူ့အပေါ် တင်းကြပ်ထားခဲ့ကြပေမယ့် ပဲပင်ပေါက်လေး အလှည့်ရောက်တော့ အခြေခံမူများအားလုံး ကွယ်ပျောက်သွားပုံရသည်။ ကျိုးရှို့လင်း သည် တစ်ချိန်က သူတို့မိသားစုသည် မင်းသမီးလေးလို ပဲပင်ပေါက်လေးကို အလိုလိုက်ကြမှာကို စိုးရိမ်ခဲ့သော်လည်း ကံကောင်းစွာပင် သူက အလိုလိုက်ခံရခြင်းမရှိခဲ့ပေ။
ညနေခင်းတွင် ဖေဖေနဲ့မေမေကျိုးတို့သည် ညစာစားနေစဉ်တွင် စကားမပြောဘဲ သိသိသာသာ မျက်လွှာချထားကြသည်။
ကျန်းရှောင်က သူတို့၏ စိတ်ခံစားချက်ကို သတိပြုမိပြီး လေးလေးနက်နက် တုန်လှုပ်သွားခဲ့သည်။ သူမ ကျိုးရှို့လင်းကိုပြောလိုက်သည်။
"ကျွန်မတို့ မိဘတွေမှာ တကယ်ကို မလွယ်ကူတဲ့အချိန်ဖြစ်နေတယ်။ သူတို့က သားသမီးတွေ ကြီးပြင်းလာဖို့ မျှော်လင့်ပြီး မြေးတွေ ကြီးပြင်းလာမယ်လို့ မျှော်လင့်ကြတယ်။ အရင်က အဖေ ဒီလောက်စိတ်ပျက်နေတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး"
ကျိုးရှို့လင်းက သူ့မိဘတွေရဲ့ ခံစားချက်ကို နားလည်ပေမယ့် သူ့မှာ သူ့ကိုယ်ပိုင်မူတွေရှိသည်။ "ကိုယ် သုံးနှစ်သားတုန်းက ကိုယ်က သူနဲ့ လုံးဝမတူခဲ့ဘူး"
ကျိုးရှို့လင်းနဲ့ ယှဉ်ရင် ကျန်းရှောင်က ပိုပြီး အေးဆေးသည့် ကလေးဘဝ ရှိခဲ့သည်။ သူသည် သူ၏ IQ မြင့်မားပြီး ပညာရပ်ဆိုင်ရာ ထူးချွန်မှုကြောင့် လူသိများနေချိန်မှာ သူမကတော့ ပိုမိုလွတ်လပ်တဲ့ စိတ်ဖြင့် ကြီးပြင်းလာကာ ရွှံ့နွံထဲတွင် ကစားခြင်း၊ မြစ်ထဲတွင် ငါဖမ်းခြင်း၊အရာရာကို အနည်းငယ် တွေ့ကြုံခံစားနေရသည်။
"စိတ်မပူပါနဲ့၊ အဖေနဲ့အမေက ရက်အနည်းငယ်အတွင်း လိုက်လျောညီထွေ ဖြစ်သွားလိမ့်မယ်။ အခုအချိန်မှာ စစ်မူ လေ့ကျင့်ရေးစခန်းမှာ လိုက်လျောညီထွေဖြစ်အောင်နေနိုင်ပါ့မလားဆိုတာကို ပိုစိတ်ပူမိတယ်"
"အဲဒါကို မေးကြည့်လိုက်တော့ သူ့အသက်အရွယ်အရ သူ သရုပ်ဆောင်အဖြစ် ရွေးချယ်ခံရဖို့ အလားအလာ မရှိပါဘူး။ သူက ဂန္ထဝင် တရုတ်ကဗျာတွေ လေ့လာဖို့ များတယ်"
ကျန်းရှောင် ပြုံးပြီး မေးလိုက်သည်။ "စစ်မူ၊ သားကို ခေတ်ပညာတတ် ဒရာမာတစ်ခုမှာ သရုပ်ဖော်လုပ်ခိုင်းရင် သား လုပ်ဖို့ဆန္ဒရှိလား"
ကျိုးစစ်မူက သူ့ရဲ့ Rubik's Cube ကို ချပြီးပြောလိုက်သည်။ "သမိုင်းဝင် ဒရာမာလား။ ဟင့်အင်း ကျေးဇူးတင်ပါတယ်။ ရှေ့က ကတုံးနဲ့နောက်မှာဆံပင်အရှည်ကြီးနဲ့ ဆံပင်ပုံစံကို သား မကြိုက်ဘူး"
ကျန်းရှောင် အပြုံးကို မျိုသိပ်ပြီး ကျိုးရှို့လင်းကို ကြည့်ကာပြောလိုက်သည်။ "ရှင်ကြားတယ်မလား"
အိမ်ပြန်ရောက်ပြီးနောက် ကျိုးရှို့လင်းသည် ကုမ္ပဏီတွင် နောက်ကျတဲ့အချိန်ထိ အလုပ်လုပ်နေသေးတဲ့ ကျန်းချင်ဆီမှ ဖုန်းလက်ခံရရှိခဲ့သည်။
"မစ္စတာ ကျိုး၊ မှတ်ချက်တွေတင်တဲ့လူကို ကျွန်တော်တို့ ဖော်ထုတ်ပြီးပါပြီ။ အဲ့ဒီ တစ်စုံတစ်ယောက်ရဲ့နာမည်က လုဖျင် လို့ခေါ်ပါတယ်"
"သူက ဘယ်သူလဲ" ကျိုးရှို့လင်း ဒီလူအကြောင်း တစ်ခါမှ မကြားဖူးပေ။
"သူက "Heart of the World" ရဲ့ ပရိုဂျူဆာတစ်ယောက်ပါ ပြီးတော့ ခေါင်းဆောင်မင်းသမီးရဲ့ လက်ထောက်လည်းဖြစ်တယ်။ မနေ့ညက မဒမ် သူနဲ့ ညစာစားခဲ့တယ်"
ကျိုးရှို့လင်းက စားပွဲပေါ်ကို သူ့လက်ချောင်းတွေနဲ့ ညင်သာစွာ ခေါက်နေသည်။ "မင်းတွေ့ထားတဲ့ အချက်အလက်ကို ငါ့အီးမေးလ်ထဲ ပို့လိုက်"
"ဟုတ်ကဲ့" ကျန်းချင် ထပ်ပေါင်းပြောလိုက်သည်။ "လုဖျင်က ကြောက်စရာကောင်းတဲ့ စရိုက်ရှိတာကြောင့် နာမည်ကြီးတယ်။ သူကပွဲဦးထွက် အမျိုးသမီး အနုပညာရှင်တွေကို လိုက်ရတာကြိုက်တယ် အထူးသဖြင့် လှတဲ့မိန်းကလေးတွေ ”
ကျိုးရှို့လင်း ရယ်မောလိုက်သည်။
"မစ္စတာ ကျိုး၊ မနေ့ညက ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားမှုမှာ မဒမ်လည်း ပါဝင်ခဲ့တာကို ကျွန်တော် သိခဲ့ရတယ် ပြီးတော့ သူမနဲ့ ရန်ဖြစ်ခဲ့တဲ့သူက သူပဲ"
ကျိုးရှို့လင်း အနည်းငယ် အံ့သြသွားသည်။ သူမ မနေ့ညက ဤအဖြစ်အပျက်ကို သူ့ကို မပြောပြခဲ့ပေ။
"အသေးစိတ်အချက်အလက်ကို ဆရာ့ရဲ့အီးမေးလ်ထဲ ကျွန်တော် ချက်ချင်းပို့လိုက်ပါ့မယ်" လို့ ကျန်းချင် က သူဌေးကြီး စိတ်လွတ်သွားမှာကို စိုးရိမ်ပြီး သတိကြီးကြီးနဲ့ ပြောလိုက်သည်။
ကျိုးရှို့လင်း အခြေအနေအသေးစိတ်ကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်သည်။ ပုံမှန်အားဖြင့် သူ့မှာ အေးဆေးတည်ငြိမ်တဲ့ အမူအရာ ရှိတတ်သော်လည်း ယခု သူ့မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်သွားသည်။
ဒီလိုလူပြတ်မျိုးတွေက ဖျော်ဖြေရေးနယ်ပယ်မှာ ကင်ဆာရောပဲ။
ကျန်းရှောင်က သူ့ကို သတ္တိရှိရှိနဲ့ ကန်ကျောက်ခဲ့တဲ့ ဗီဒီယိုကိုကြည့်ပြီး သူ မကူနိုင်ဘဲပြုံးလိုက်ကာ သူ့ရဲ့တင်းမာတဲ့အမူအရာက တဖြည်းဖြည်း ပြေလျော့သွားသည်။ မဆိုးပါဘူး။ သူမမှာ ကျွမ်းကျင်မှုအချို့ရှိသည်။
သူက ပရိုဂျူဆာလား။ ကျိုးရှို့လင်းက ဒီကိုယ်ဘာသာကိုယ်ကြေညာနေတဲ့ ကျွမ်းကျင်ပညာရှင်က ဘာလုပ်နိုင်သလဲဆိုတာကို သိချင်မိသည်။
ထိုအချိန်တွင် တံခါးဝ၌ ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည်။
ကျိုးစစ်မူက သူ့လှည့်ကွက်တွေကို လိုက်ခဲ့ပြန်သည်။
"မေမေ၊ သားက ယောက်ျားလေး၊ ရေချိုးဖို့ မေမေထပ်ပြီး ကူညီလို့မရဘူး"
"မင်းကိုယ်ဘာသာကို ဘယ်လိုချိုးမှာလဲ။ ခေါင်းလျှော်ဖို့ လိုသေးတယ်လေ "
"ဖေဖေ့ကို ချိုးပေးစေချင်တယ်"
ကျိုးရှောင် ဒေါသမထွက်ခင် ကျိုးရှို့လင်းက ထပြီး အပြင်ကို ထွက်လာခဲ့သည်။ ကျိုးစစ်မူက ရေချိုးခန်းတံခါးဝမှာ ကိုယ်လုံးတီးနှင့် ရပ်နေပြီး လက်တစ်ဖက်က တံခါးဘောင်ကို တွန်းထားကာ ဖယ်ပေးဖို့ငြင်းဆန်နေတာကို သူ တွေ့လိုက်ရသည်။ သူ့ခါးမှာ ရေကူးဘောကွင်းကို စွပ်ထားသည်။
"ဖေဖေ၊ ဖေဖေ၊ ရေချိုးရအောင်" ပဲပင်ပေါက်လေးကလည်း ရွှင်မြူးစွာ အော်ပြောလိုက်သည်။
ကျိုးရှို့လင်းက သူ့ရေကူးဘောကွင်း ကောက်ကိုင်လိုက်သည်။ "ရေချိုးလို့တော့ရတယ် ဒီညရေမကူးဘူး" ပြီးတော့ သူ ကျန်းရှောင်ကို ကြည့်လိုက်သည်။ "ကိုယ် ဂရုစိုက်ပေးလိုက်မယ်"
ကျန်းရှောင် ရေရွတ်လိုက်သည်။ "အနာဂတ်မှာ မင်းမိန်းမနဲ့အတူတူ ရေချိုးမလို့လား"
ကျိုးရှို့လင်း ခဏလောက် ခေတ္တရပ်တန့်ကာ ရယ်လိုက်ပြီး သူ့မိန်းမကို တိတ်တဆိတ် လှည့်ကြည့်လိုက်သည်။ တခါတရံမှာ သူမ၏ ရွဲ့စောင်းတဲ့ မှတ်ချက်တွေ ထုတ်ပြောနိုင်မှုက အမှန်တကယ်ပင် တုနှိုင်းမမှီပေ။ သူက ပဲပင်ပေါက်လေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ "မင်းအရင်သွား၊ ဖေဖေ ခဏနေရင်လာခဲ့မယ်"
ကျန်းရှောင် သားအဖနှစ်ယောက်နဲ့ မတိုက်ခိုက်ချင်တော့ပေ။ "စာကြည့်ခန်းထဲပဲ သွားတော့မယ်"
ကျိုးရှို့လင်းက သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ရုတ်တရက် သူ့ရင်ခွင်ထဲတွင် သူမကိုယ်တိုင်ရောက်နေတာကို သူမ တွေ့လိုက်ရသည်။ "ဘာဖြစ်နေတာလဲ။ မနာလိုဖြစ်နေတာလား"
ကျိုးရှို့လင်း၏ မျက်လုံးတွေက ရွှင်မြူးခြင်းများဖြင့် ပြည့်နှက်နေသည်။ "မင်းရဲ့ယောကျ်ားက မင်းရဲ့သားကို အရင်ကူချိုးပေးပြီးသွားရင် နောက်မှ မင်းနဲ့ကိုယ်အတူလိုက်ချိုးပေးမယ်"
"သွား၊ အရှက်မရှိတဲ့လူ!" ကျန်းရှောင်ရဲ့ မျက်နှာက ရုတ်တရက် နီရဲလာပြီး သူ့ကို အမြန်တွန်းထုတ်ကာ စာကြည့်ခန်းထဲ အမြန်လျှောက်သွားလိုက်သည်။
စာကြည့်ခန်းထဲတွင် ကျန်းရှောင်က သူမ၏ စားပွဲတွင် ကွန်ပျူတာနဲ့ ဆက်လက်အလုပ်လုပ်ခဲ့သည်။ Weibo အကောင့်ထဲဝင်လိုက်ပြီး ဒီနေ့မှာ follower 100,000 ထပ်တိုးလာတာကို တွေ့လိုက်ရတော့ အားလုံးက စုန့်ယိဝမ် နဲ့ တခြားသူတွေရဲ့ coattils ပေါ်မှာ များပေါ်တွင် စီးနေကြတဲ့ဖန်တွေဖြစ်တာကြောင့် အံ့အားသင့်သွားခဲ့သည်။
ပရိသတ်တွေ တော်တော်များများကတော့ သူမကို အဆိုးမြင်တဲ့မှ တ်ချက်တွေကြောင့် မထိခိုက်စေဖို့နဲ့ သူတို့ရဲ့အကြိုက်ဆုံး သရုပ်ဆောင်တွေကို ပိုကောင်းတဲ့roleတွေမှာ လက်မှတ်ရေးထိုးပြီး ပိုနာမည်ကြီးပြီးလူကြိုက်များလာအောင်လုပ်ပေးဖို့ တိုက်တွန်းတဲ့မှတ်ချက်တွေ ချန်ထားခဲ့ကြသည်။
ပရိသတ်တွေက တကယ်ကို စေတနာထားခဲ့ကြသည်။
သေချာတာကတော့ တစ်ချို့ပရိသတ်ကလည်း သူတို့သုံးယောက်ရဲ့ မိသားစုဓာတ်ပုံကို မြင်ချင်တယ်ဆိုတဲ့ မှတ်ချက်တွေလည်း ချန်ထားခဲ့ကြသည်။
ကျန်းရှောင်က ထုံးစံအတိုင်း ထိုကဲ့သို့သော ဓာတ်ပုံကို မတင်သော်လည်း သူမ ခဏလောက် စဥ်းစားပြီး Weiboကို update တင်ခဲ့သည်။
【ပိတ်ရက်တုန်းက ကျွန်မယောကျ်ားနဲ့ ကျွန်မ ပဲပင်ပေါက်လေးကို သူ့အဖေလို ဝိုင်းပြီး အနာဂတ်မှာ သူ့အဖေလိုမျိုး ပြည့်စုံပြီးနှစ်ပိုင်းလုံးညီမျှတဲ့ သူဖြစ်စေဖို့နဲ့ ကျောင်းရဲ့အငွေ့အသက်ကို ခံစားခွင့်ရဖို့ ရည်ရွယ်ချက်နဲ့ ဂျေ တက္ကသိုလ်ကို ခေါ်သွားခဲ့တယ်။ လမ်းမှာ ကောင်လေးတော်တော်များများက ကောင်မလေးတွေကိုတင်ပြီး စက်ဘီးစီးပြီး ကျွန်မတို့နားကနေ ဖြတ်သွားနေတာကို တွေ့လိုက်ရတယ်။ ပဲပင်ပေါက်လေးက အခုလောလောဆယ်မှာတော့ သူ့ရဲ့စက်ဘီးက ဘီးလေးဘီးရှိနေပေမယ့် သူက စက်ဘီးစီးရတာကို တကယ်နှစ်သက်တယ်။ အစ်ကိုတွေ အစ်မတွေ အားကျနေတဲ့ ပုံပေါက်တာတွေ့တော့ သူကပြောခဲ့တယ်။ 'မေမေ၊ သား စက်ဘီးစီးတတ်လာပြီးရင် သား..."ကျွန်မကတော့ "မေမေနဲ့ တူတူစီးမယ်' ဆိုပြီး ပြောမယ်လို့ ထင်ခဲ့တာ။ အဲ့အစား ကျွန်မရဲ့သားတော်မောင်ကလေ 'မေမေ၊ သား စက်ဘီးစီးတတ်သွားရင် သော်သော် (သူ့အတန်းထဲက မိန်းကလေး) ကို သားနဲ့အတူ ခေါ်တင်စီးမယ် တဲ့'။ ကျွန်မယောကျ်ားကတော့ ပေါ့ပေါ့ပါးပါးပြောခဲ့ပါတယ် 'ရပါတယ်၊ ကိုယ် မင်းကို ခေါ်တင်စီးမယ်တဲ့']
ပို့စ်တင်ပြီးနောက် သူမက စုန့်ယိဝမ်နဲ့ အခြားသူများ၏ Weibo အကောင့်ကို စစ်ဆေးခဲ့သည်။ စုန့်ယိဝမ်၏ Weibo ကို ၎င်း၏ စတူဒီယိုမှ စီမံခန့်ခွဲခဲ့ပြီး ချင်ယီလု နှင့် ယီဟန်တို့က ၎င်းတို့၏ ကိုယ်ပိုင်အကောင့်များကို ထိန်းချုပ်ထားဆဲဖြစ်သည်။
ကျန်းရှောင် ယခုအချိန်တွင် သူတို့၏ ဆိုရှယ်မီဒီယာအကောင့်များကို အနီးကပ် စောင့်ကြည့်နေပြီး ရုတ်တရက် ပေါက်ကွဲထွက်လာသည့် မှတ်ချက်အချို့ကို လက်ခံရရှိလာမည်ကို စိုးရိမ်နေသည်။
"အဆုံးအဆမဲ့တဲ့ဓားနဲ့ နဂါး သတ်ဖြတ်သူ " ဇာတ်ကားရိုက်ကူးမှုအပြီးတွင် ၎င်းတို့၏ Weibo အကောင့်များကို ပြန်လည်ထိန်းချုပ်ရန် စီစဉ်ထားပြီး ၎င်းတို့အား စီမံခန့်ခွဲရန်အတွက် စတူဒီယိုသို့ လွှဲပြောင်းပေးအပ်သွားမည်။
ချင်ယီလုက ယခုအခါ Weibo တွင် တစ်နေ့တခြား ပို့စ်တင်နေပြီး သူမ၏ ညွှန်ကြားချက်များကို လိုက်နာနေသည်။ သူမရဲ့ Weibo မှာ တိုက်ပွဲက ကြည့်လို့ကောင်းသည်။ သူမရဲ့ "ကျောက်မင် "ရဲ့ သရုပ်ဖော်ပုံက တကယ်ကို စွဲမက်ဖွယ်ကောင်းပြီး သပ်ရပ်လှပတဲ့ ၀တ်စားဆင်ယင်မှုနဲ့ စတိုင်လ်ကျသည်။ ထို့အပြင် ချင်ယီလု၏ ယောက်ျားဆန်ဆန်အသွင်အပြင်က ဆွဲဆောင်မှုရှိသော အထိအတွေ့ကို တိုးစေသည်။
မူရင်းဂန္ထဝင်က မြင့်မားသောမျှော်လင့်ချက်များရှိနေသော်လည်း၊ ဤပြန်လည်ရိုက်ကူးမှုက စိတ်လှုပ်ရှားမှုကိုဖြစ်ပေါ်စေခဲ့သည်။