အခန်း (၁၀၁)
Vol. 8 Ch. 101
ထိုအချိန်တွင် Weibo တွင် မှတ်ချက်များစွာ ထွက်ပေါ်လာပြီး ကျန်းရှောင် စစ်ဆေးဖို့ နှိပ်လိုက်သည်။ သူမရဲ့ မကြာသေးခင်က တင်ထားတဲ့ ပို့စ်ကို ပရိသတ်အားလုံးက တုံ့ပြန်ခဲ့ကြသည်။
[ညဉ့်နက်မှ ခွေးစာ ပန်းကန်ကြီးကြီး တစ်ပန်းကန်အပြည့် ထပ်စားနေရတယ်။ ငါ ဗိုက်ပြည့်နေပြီ]
[အစ်မ ကျန်း၊ ပဲပင်ပေါက်လေးကို သရုပ်ဆောင်ဖို့ ခေါ်လာခဲ့။ ပဲပင်ပေါက်လေးကို ယိကောရဲ့သားအဖြစ် သရုပ်ဆောင်ခိုင်းလိုက်"
[ယောက္ခမ၊ ယောက္ခမရဲ့ချွေးမက ဒီမှာပါ!]
မှတ်ချက်တွေက ကျန်းရှောင်၏ မျှော်လင့်ချက်ကို လုံးဝကျော်လွန်သွားခဲ့သည်။
ကျန်းရှောင်က ချစ်စရာကောင်းတဲ့ ကလေးတွေရဲ့ အစီအစဉ်တွေအတွက် စျေးကွက်အကြောင်း တခြား အရည်အချင်းရှိတဲ့ မန်နေဂျာတွေ ပြောနေတာကို နောက်ဆုံးတော့ နားလည်သွားသည်။
ယခုအချိန်တွင် ဤချစ်စရာကောင်းသောကလေးများသည် TVB ၏ အဓိကနေ့ရက်များအတွင်းနာမည်ကြီး host -လူသတ်သမားသရုပ်ဆောင်များနှင့်အလွယ်တကူယှဉ်နိုင်သည်။
သူမရဲ့ ပဲပင်ပေါက်လေးက အမှန်တကယ်ကို ကြယ်ပွင့်အလားအလာရှိနေကြောင်း တွေ့ရှိခဲ့သည်။
[အစ်မကျန်း၊ အစ်မ အရမ်းကံကောင်းတာပဲ!]
ပရိသတ်တွေကတော့ သူမရဲ့ယောကျ်ားကို သိပ်စိတ်မဝင်စားဘဲ ပဲပင်ပေါက်လေးကို ပြင်းပြင်းထန်ထန် ချစ်ခင်အားပေးကြသည်။
ကျန်းရှောင်က အနာဂတ်မှာ "ဖေဖေ ဘယ်သွားမလို့လဲ"ဆိုတဲ့ ပရိုဂရမ်များတွင် ခင်ပွန်းဖြစ်သူ ကျိုးရှို့လင်း နှင့် ပဲပင်ပေါက်လေးတို့ ပါဝင်နိုင်ခြေကို ရွှင်မြူးနေတဲ့စိတ်ဖြင့် နေ့ခင်းကြောင်းတောင်အိမ်မက်မက်နေသည်။ဒါမှမဟုတ် သူမက "မေမေက နတ်ဘုရားတစ်ပါး "နဲ့ ပူးပေါင်းဖို့ ပဲပင်ပေါက်လေးကို ခေါ်သွားနိုင်သည်။
သူမ log out လုပ်ဖို့ ပြင်ဆင်နေချိန်တွင် ဒက်စတော့ပေါ်ရှိ ဖိုင်တွဲတစ်ခုကို သတိထားမိလိုက်သည်။
ကျန်းရှောင် မကူညီနိုင်ဘဲ ကလစ်နှိပ်ပြီး ကြည့်လိုက်သည်။ အဲဒါကို ဖတ်ပြီးနောက် သူမ နားလည်သဘောပေါက်သွားသည်။
ကျိုးရှို့လင်း ပဲပင်ပေါက်လေးကို ရေချိုးပေးတာ နာရီဝက်ကြာသွားသည်။ သူ အိပ်ခန်းထဲဝင်သွားတော့ ကျန်းရှောင် ပျောက်နေတာကို တွေ့လိုက်ရသည်။ ထို့နောက် စာကြည့်ခန်းထဲ သွားလိုက်သည်။
သူဝင်လာမှန်းသိပြီး သူမ လုပ်နေတဲ့ဟာကို ဆက်လုပ်ခဲ့သည်။
ကျန်းရှောင် ကွန်ပြူတာဖန်သားပြင်ကို တစ်ချက်ကြည့်လိုက်သည်။ "ခိုးကြည့်နေတယ်ပေါ့"
ကျန်းရှောင် ပြုံးဖြဲဖြဲလုပ်လိုက်သည်။ "မဟုတ်ပါဘူး၊ ကျွန်မ ပေါ်တင် ကြည့်နေတာ။ ရှင်ဘာလုပ်ဖို့ စီစဉ်နေတာလဲ"
ကျိုးရှို့လင်း မျက်လုံးတွေကို မှေးပြီးကြည့်လိုက်သည်။ "ဘာလို့ အဲ့လိုလူမျိုးက ဒီလုပ်ငန်းမှာ ရှိနေရမှာလဲ"
ကျန်းရှောင် ခဏလောက် စဉ်းစားကြည့်လိုက်သည်။ "ကျေးဇူးပြုပြီး ရှင် ဝင်မပါလို့မရဘူးလား၊အဲ့တာကို ကျွန်မကိုယ်တိုင် ကိုင်တွယ်လို့ရပါတယ် "
သူမ သူ့လက်ကို ကိုင်လိုက်သည်။ "အဲဒီတုန်းက ရှင့်ကို ကျွန်မပြောခဲ့တာတွေကို မှတ်မိလား။ အရာရာတိုင်းအတွက် ကျွန်မ ရှင့်ကို အားကိုးမနေချင်ဘူး။ ဟုတ်တယ် ရှင် မရှိဘဲနဲ့ ကျွန်မ အခုရထားတဲ့ အရာတွေကို ကျွန်မအောင်မြင်နိုင်မှာ မဟုတ်ဘူး"
ကျိုးရှို့လင်း သူ့နှုတ်ခမ်းတွေကို ဖိလိုက်သည်။ "ကိုယ်ကလည်း စီးပွားရေးသမားတစ်ယောက်ဆိုတာကို မင်းမေ့သွားပြီလား။ ကိုယ် မင်းကိုကူညီပေးတယ်ဆိုတာက ကိုယ့်ကိုကိုယ် ကူညီတာပါပဲ"
သူက ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်ပြီး ကျန်းရှောင်က တုံ့ပြန်ခဲ့သည်။ "လုပ်ငန်းမှာ ကျွန်မကို ပံ့ပိုးပေးနေတဲ့ သူဌေးကြီးရှိတယ်ဆိုတဲ့ ကောလာဟလတွေ အများကြီးရှိတယ်ဆိုတာကို ရှင် မသိဘူးလား။ သူတို့က ကျွန်မကိုမနာလိုဖြစ်နေကြတယ်!"
သူမ သူ့ရဲ့နားရွက်နား တိုးကပ်သွားလိုက်သည်။ "ကျေးဇူးတင်ပါတယ်!"
သူတို့နှစ်ယောက်ကြားမှာ "ငါ နင့်ကို ချစ်တယ်" လို့ သူတို့တစ်ခါမှ မပြောဖူးပေ။
စကားလုံးတွေထက် ပိုလှပတဲ့ ကတိတစ်ခုက သူတို့ရဲ့ အပြန်အလှန်နားလည်မှုနဲ့ ပေါင်းသင်းဆက်ဆံမှုပဲ။
"ဘာပဲဖြစ်ဖြစ်ပါ၊ မိုရီဟန်က ဟန်ရွေ့ နဲ့ သူ့ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းတော့မယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်" ယနေ့တွင် သူမ ဆူပူကြိမ်းမောင်းခံခဲ့ရပြီး ကျောက်ရှင်းရန်လည်း ဒီကိစ္စထဲ ဆွဲသွင်းခံခဲ့ရသည်။
ထိုအဖြစ်အပျက်တစ်ခုလုံးက ထိုအချိန်တွင် အကြီးအကျယ် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး ကိစ္စများကို ငြိမ်သက်စေရန် ကျောက်ရှင်းရန်ကို လုပ်ငန်းမှထွက်ခွာရန် တွန်းအားပေးခဲ့သည်။
ကျိုးရှို့လင်း တုံ့ပြန်ခဲ့သည်။ "အစက စီစဉ်ပေးထားတဲ့ လက်ထပ်ပွဲဖြစ်ပေမယ့် ဟန်ရွေ့က ထိန်းချုပ်ထားလွန်းတယ်။ ရီဟန်က သူ့ကိုယ်သူ ဒီလိုမျိုး တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားမှာ မဟုတ်ဘူး"
ကျန်းရှောင် သက်ပြင်းချလိုက်ပြီး ရုတ်တရက် သူမစိတ်ထဲ ခါးသွားသလို ခံစားလိုက်ရသည်။ ကျိုးရှို့လင်းနဲ့ တွေ့ဆုံရတာက သူမအတွက် တကယ့်ကို ကံကောင်းခြင်းတစ်ခုပဲ။
"ရှင်းရန် မြန်မြန်ဆန်ဆန် ရှေ့ဆက်နိုင်မယ်လို့ မျှော်လင့်တယ်။ ဒီလိုယောက်ျားမျိုးတွေနဲ့ ကြုံတွေ့ရတဲ့ အမျိုးသမီးတွေက တကယ့်ကို ကံကြမ္မာရဲ့အလိုကျပဲ။ အနာဂတ်မှာ ရှင် မိုရီဟန်နဲ့အပြင်ထွက်တာကို ရှောင်သင့်တယ်" ထိုစကားကို ပြောပြီးနောက် သူမ သူမရဲ့စကားအတွက် နောင်တရသွားသည်။
ကျိုးရှို့လင်းက သူ့မျက်လုံးများတွင် ရွှတ်နောက်နောက် အရိပ်အယောင်ဖြင့် သူမကို ငြိမ်သက်စွာ ကြည့်နေသည်။ သူက ခေါင်းငုံ့ကာ တိုးညှင်းသော အရိပ်အမြွက်ကို ကိုင်ဆောင်ထားသည်။
"မင်း စိတ်ပူနေရင် မင်း အနားယူနှုတ်ထွက်ပြီးရင် ကိုယ့်လက်ထောက်အဖြစ် လာလုပ်လို့ရတယ်နော်"
ကျန်းရှောင် သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။ "အိပ်မက်မက်နေလိုက်။ ကျွန်မ ရေသွားချိုးတော့မယ်"
"မစ္စစ် ကျိုး၊ ကိုယ် ရေပြန်မချိုးချင်တော့ဘူး"
နောက်တစ်နေ့တွင် "Heart of the End of the World" ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က ခေါင်းဆောင်မင်းသား နေရာကို အစားထိုးရန်အတွက် အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။
ဒါရိုက်တာက စိတ်ပူပြီး စိတ်ပျက်စွာ ပြောလိုက်သည်။ "ကျုပ်တို့မှာ အချိန် တစ်ပတ်ပဲကျန်တော့တယ်၊ အခု ခင်များက ကျုပ်ကို ခေါင်းဆောင် မင်းသားအသစ်တစ်ယောက်လိုတယ်လို့ ပြောနေတယ်"
လုဖျင် ပြန်ဖြေခဲ့သည်။ "ခေါင်းဆောင်မင်းသားတွေ အများကြီး ရှိပါတယ်။ ခင်များအတွက် ကျုပ်အခုချက်ချင်းတစ်ယောက် ရှာပေးမယ်"
"ရှုပ်အောင်မလုပ်စမ်းပါနဲ့ မစ္စတာလု၊ အခု စုန့်ယိဝမ်လို လူကို ဘယ်မှာရှာမှာလဲ"
"ဒါဆိုရင် မိုလင်းချန်ကို ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခွင့်ပြုပါ"
"မိုလင်းချန် အကြောင်း မင်းမသိဘူးလား။ ဒုတိယမင်းသား အဖြစ် သူ့ရဲ့ ဇာတ်ရုပ်က ဇာတ်ကွက်နည်းနည်းပဲ ရှိလို့ အတိအကျ လက်ခံလိုက်တာက သူ့ဇာတ်ရုပ်ကို သူကျေနပ်လို့ "
"ခင်များက ဘာလို့ဒီလောက်လောနေတာလဲ။ ရန်ပုံငွေကိစ္စအတွက် ခင်များစိတ်ပူစရာမလိုဘူး"
"မစ္စတာလု၊ စုန့်ယိဝမ်က ခေါင်ဆောင်မင်းသားအဖြစ် သရုပ်ဆောင်ပေးရင် သူ့ရဲ့ လက်ရှိကျော်ကြားမှုက ဇာတ်ကားကို သွယ်ဝိုက်ပြီး မြှင့်တင်ပေးလိမ့်မယ်။ခေါင်းဆောင်မင်းသမီးက လူသစ်ဖြစ်နေတယ်။ နောက်ထပ် လူသစ်တစ်ယောက်ကို ခေါင်းဆောင်မင်းသားလုပ်ခိုင်းရင် ကျုပ် ဒီဟာကို မလုပ်တော့ဘူး" သူ စိတ်ပူလို့မရဘူးလား။ ဒီလိုဒုက္ခပေးမယ့် ထုတ်လုပ်သူနဲ့ တွဲရတာ တကယ်ကံမကောင်းဘူး။
လုဖျင်က ကျန်းရှောင် သူ့ဆီလာအောင်လုပ်ဖို့ ကြိုးစားနေတာ။ သူမက ဟွားရှရဲ့ Chief Talent Agent မဟုတ်လား။ တကယ်လို့ ဒီထုတ်လုပ်မှု ပျက်သွားရင်တော့ သူ့ရာထူးကို ဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူး။
ကျန်းရှောင်နဲ့ စုန့်ယိဝမ်တို့ နှစ်ဦးစလုံး အဆိုပါသတင်းကို ရရှိခဲ့သည်။ ကျန်းရှောင် သူ့ဆီ လှမ်းဆက်သွယ်တော့မယ့်အချိန် စုန့်ယိဝမ်က သူမကိုလာရှာခဲ့သည်။
"အစ်မကျန်း၊ ကျွန်တော် "Heart of the End of the World" ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ"
"အဲဒါကို အလျင်စလိုမလုပ်ပါနဲ့၊ သူတို့ တရားဝင်စာချုပ်မချုပ်ရသေးဘူး။ သူတို့စကားပြောနေကြရုံပဲရှိသေးတယ်။သူတို့ကို အပြီးသတ်လိုက်မယ်ဆိုရင် ငါတို့ ဒဏ်ကြေးငွေ သုံးဆပေးရမှာ " လို့ ကျန်းရှောင်က ပြုံးပြီးပြောလိုက်သည်။
"စောင့်စရာမလိုဘူး။ စရိုက်က အရမ်းကြောက်စရာကောင်းတဲ့ လုဖျင်လို လူမျိုးနဲ့ ကျွန်တော် မပူးပေါင်းနိုင်ဘူး"
ကျန်းရှောင် ခဏလောက် စဉ်းစားကြည့်လိုက်သည်။ "ဒါဆိုရင် 'ဇာတ်ကောင်ကို ငြင်းပယ်တယ်' ဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန်လိုက်ရအောင်။ သူရဲ့ရုပ်ရှင်က မင်းအတွက် ဇာတ်ကားတစ်ကားကို ညှိနှိုင်းနေတယ်။ အစ်မ သူနဲ့ စကားပြောပြီးပြီ၊ သူက မင်းကို သရုပ်ဆောင်ခိုင်းဖို့ စိတ်ဝင်စားနေတယ်။ ဒါပေမယ့် ဒီနှစ်ကုန်ထိ ရုပ်ရှင်စမရိုက်သေးဘူး"
စုန့်ယိဝမ် ပြုံးလိုက်သည်။ "ဝူ ရုပ်ရှင်က စောင့်ရကျိုးနပ်ပါတယ်"
သူတို့ရဲ့ အစီအစဉ်ကို ဆွေးနွေးပြီးနောက် စတူဒီယိုကိုယ်စား ကြေညာချက်ထုတ်ခဲ့သည်။
"မကြာသေးမီက အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ကောလဟာလတွေ ရှိခဲ့ပါတယ်။ ဒီကောလဟာလတွေကို မယုံကြပါနဲ့! ယိဝမ်က "Heart of the End of the World" မှာ ခေါင်းဆောင်မင်းသားနေရာကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပိုကောင်းတဲ့ ဇာတ်ညွှန်းတွေကို ရွေးချယ်ပြီး လူတိုင်းအတွက် ပိုကောင်းတဲ့ အလုပ်တွေကို တင်ပြနိုင်ဖို့ မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"
ဒီသတင်းထွက်လာပြီးတာနဲ့ စုန့်ယိဝမ်ရဲ့ ပရိသတ်တွေ အံ့အားသင့်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ထုတ်လုပ်ရေးအဖွဲ့က ကမောက်ကမ ဖြစ်ခဲ့သည်။ ဒါရိုက်တာပြောသလိုပဲ စုန့်ယိဝမ်လို လုပ်ရည်ကိုင်ရည်ရှိတဲ့ ခေါင်းဆောင်မင်းသားနေရာအတွက် လူကို သူတို့ဘယ်လို ရှာတွေ့နိုင်မှာလဲ။
လုဖျင် ဒေါသထွက်သွားသည်။ "ကျန်းရှောင်ဆီ ဖုန်းဆက် သူမနဲ့ တွေ့ဖို့ စီစဉ်လိုက်"
လက်ထောက်က ကြောက်ရွံ့တုန်လှုပ်နေသည်။ " သူမကို ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် ကျန်းရှောင် ဆရာနဲ့ မတွေ့ချင်ဘူးလို့ ပြောတယ်"
"သေစမ်းကွာ။ ဒီမိန်းမ ရူးနေတာလား။ ဆင်းသွား။ သူတို့ ဆက်မလျှောက်ရင် သူတို့ ပိုက်ဆံပေးရမှာ!"
"လျော်ကြေးငွေကို မနက်ဖြန် ဆရာ့ရဲ့အကောင့်ထဲ လွှဲပေးမယ်လို့ ပြောတယ်"
"စုန့်ယိဝမ် စိတ်တွေ လွတ်သွားပြီလား။ ကျန်းရှောင်က သူ့ဆီစာလုံးတစ်မျိုးမျိုး ထည့်ထားလို့လား"
စုန့်ယိဝမ် စကားပြောပြီးသည်နှင့် ဖျော်ဖြေရေး အသိုင်းအဝိုင်းအတွင်း ချက်ချင်း ကျယ်လောင်စွာ ဆွေးနွေးသွားခဲ့သည်။ စုန့်ယိဝမ်၏ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် ၎င်း၏ အေးဂျင့်ကို ကာကွယ်ပုံတို့ကို လူအများက အံ့ဩခဲ့ကြသည်။ တစ်ဖက်တွင်၊ နယ်ပယ်ရှိလူများက ကျန်းရှောင်ကို အာရုံစိုက်လာကြသည်။ ဒီအေးဂျင့်က တကယ်ကို ထူးခြားသည်။
သူမက ကျိုးယွင် နောက်တစ်ယောက်များလား။ ဟွားရှက အမှန်တကယ်ကို စွမ်းဆောင်နိုင်ခဲ့သည်။ ကျိုးယွင် ထွက်သွားပြီးနောက်မှာ ကျန်းရှောင် ရောက်လာတာ။
လုပ်ငန်းတွင်းရှိ စွမ်းဆောင်နိုင်သော အေးဂျင့်တွေအားလုံးက ဟွားရှကလို့ ဘာကြောင့် ထင်ရတာလဲ။
ကျိုးရှို့လင်းက သူ့ အတိတ်ဘဝမှာ ဘယ်လို ကုသိုလ်ကောင်းမှုတွေကိုတွေ လုပ်ခဲ့တာလဲ။
ကျိုးရှို့လင်းက လုဖျင်ကို လွယ်လွယ်နဲ့လွှတ်မထားဘဲ သဘာဝကျကျနဲ့ သူ့အပေါ် တူညီတဲ့ နည်းဗျူဟာကို အသုံးပြုခဲ့သည်။ နှစ်ရက်အတွင်း လူသစ်များအတွက် လျှို့ဝှက်စည်းမျဉ်းများအကြောင်း သတင်းတွေက ဝဘ်ဆိုဒ်အမျိုးမျိုးတွင် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်တွင် လုဖျင်မှာ ကုမ္ပဏီအစည်းအဝေးတစ်ခုတွင် ရှိနေပြီး "Heart of the End of the World" တွင် ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ရန် နောက်ထပ် လူငယ်သရုပ်ဆောင်တစ်ဦးနှင့် ဆက်သွယ်ဖို့ စီစဉ်နေသည်။ သူ့စိတ်ထဲတွင် သူ စုန့်ယိဝမ်ကို အကြိမ်တစ်ထောင် ကျိန်ဆဲခဲ့သည်။ သူ့လက်ထောက်က သူ့ဆီအလျင်စလို ပြေးလာသည်။
"လုဖျင်၊ တစ်ခုခုတော့ မကောင်းတော့ဘူး"
လုဖျင် တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်နှာက ဖြူဖျော့လာကာ "မီဒီယာတွေအားလုံးကို မြန်မြန်ဆက်သွယ်ပြီး သူတို့ရဲ့သတင်းတွေကို ရုပ်သိမ်းဖို့ ပြော" ဆိုပြီး စိုးရိမ်တကြီးနဲ့ ပြောလိုက်သည်။
လက်ထောက်က တောင့်တင်းနေတဲ့ အမူအရာရှိနေသည်။ "ချက်ချင်းလုပ်လိုက်ပါ့မယ်"
မီဒီယာတွေက လုဖျင်၏ ဘက်ကို လျစ်လျူရှုကာ ၎င်းတို့ နှစ်သက်သည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် လူသိများလာပြီးနောက် လုဖျင်နှင့် ရင်းနှီးတဲ့ ဆက်ဆံရေးရှိသည့် အမျိုးသမီး အနုပညာရှင်များစွာလည်း ရှေ့ကိုထွက်ပေါ်လာခဲ့သည်။
၎င်းတို့ထဲမှ တစ်ဦးက လုဖျင်အား အရှက်မရှိဘူးဟုပြောပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ သူမကို အစတုန်းကတော့ ခေါင်းဆောင်မင်းသမီးနေရာ ပေးမယ်လို့ ကတိပေးခဲ့သော်လည်း နောက်ဆုံးတွင် သူမနှင့် အတူအိပ်ပြီးနောက် ၎င်းကို ငြင်းဆိုခဲ့သည်။
နံပါတ်(၂) က လုဖျင် သည် သူမ၏ စိတ်ခံစားမှုများနှင့် ဆော့ကစားပြီး သူတို့အတူတွဲနေစဥ်မှာ အခြားအမျိုးသမီးများနှင့် အတူရှိနေသည်ဟု ဒေါသတကြီး စွပ်စွဲခဲ့သည်။