← Chapters

အခန်း (၁၀၂)

Vol. 8 Ch. 102

အခန်း (၁၀၂)

Vol. 8 Ch. 102

ဓာတ်ပုံတွေနဲ့ အသံဖမ်းထားတာတွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်နေကာ ခိုင်လုံသော အထောက်အထားများက လွှမ်းခြုံထားသည်။ အကြီးမားဆုံးဒရာမာက ဒီ့ထက်မပိုပါဘူး..

လုဖျင် သူ့လက်ထောက်၏ အစီရင်ခံစာကို နားထောင်ရင်း လုံးလုံးလျားလျား အားမရှိသလို ခံစားနေရသည်။ "ကျွန်တော် မီဒီယာတော်တော်များများကို ဆက်သွယ်ပြီးပြီ..."

"သူတို့ကို ဆက်သွယ်ပြီးပြီလား။ အစီရင်ခံစာတွေကို သူတို့ဘာကြောင့် ပြန်မရုပ်သိမ်းသေးတာလဲ"

"မစ္စတာလု၊ ကျွန်တော် ဘာလုပ်ရမှန်းမသိဘူး။ ဖြစ်နိုင်ရင် သူတို့ကို ဆရာကိုယ်တိုင် ဆက်သွယ်သင့်တယ်"

လုဖျင်ရဲ့ မျက်လုံးတွေက ခေါင်းလောင်းကဲ့သို့ ပြူးကျယ်သွားပြီး စားပွဲပေါ်ကိုပြင်းပြင်းထန်ထန်ရိုက်လိုက်တာကြောင့် ရေခွက်ကလဲသွားခဲ့သည်။ "သေစမ်း။ ဘယ်သူက ငါ့ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလဲ။ ကျန်းရှောင် လုပ်နေတာလား "

လက်ထောက်က ခေါင်းယမ်းလိုက်သည်။ "ကျွန်တော် မသိဘူး၊ ဒါပေမယ့် သူမ မဟုတ်သလိုပဲ။ ကျန်းရှောင် ဒီရက်ပိုင်း အလုပ်ရှုပ်နေပုံရတယ်၊ သူမက မန်နေဂျာအစီအစဥ် ထုတ်လုပ်ရေးမှာ ပါတော့မလို့” သူမမှာ အချိန်ရှိမှာ မဟုတ်ဘူး။

လုဖျင် အံကြိတ်လိုက်သည်။ "ငါ့ကို အပုပ်ချဖို့ ကြိုးစားနေတာ ဘယ်သူလဲဆိုတာ ရှာကြည့်လိုက် သူတို့ နောင်တရစေရမယ်! မြန်မြန်လေး ငါ သြစတြေးလျသွားဖို့ လေယာဉ်ကြိုချိတ်ထားပေး။ ငါခဏလောက်တော့ ရှောင်နေလိုက်မယ်"

"ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်မှာလဲ"

"PR ဌာနက ဘာအတွက်လဲ။ ကုမ္ပဏီက သူတို့ကို ဘာမှ မပေးထားလို့လား" ဒီအချိန်မှာ သူ့နာမည်ကို ရှင်းဖို့ ကြိုးစားတာက အထောက်အကူမဖြစ်ဘူးဆိုတာကိုလေးလေးနက်နက် သဘောပေါက်ပြီး စိတ်ပျက်လက်ပျက် အော်လိုက်သည်။

လက်ထောက်က “နားလည်ပါပြီ” လို့ အသံတောင့်တောင့်ကြီးနဲ့ ပြန်ဖြေခဲ့သည်။

သူတို့လုပ်ထားတာကို PR က ဘယ်လောက်ပဲ အလုပ်လုပ်ပေးပေး လုဖျင်ရဲ့ ဂုဏ်သတင်းကို အခု မကယ်တင်နိုင်သေးဘူး။

လုဖျင်ရဲ့ အရှုပ်တော်ပုံ ပေါ်ပေါက်လာသောအခါ ၎င်းက သူ့အတိတ်က သားကောင်တွေကို သက်သာရာရစေခဲ့သည်။ ဒါပေမယ့် လုဖျင်က တစ်စုံတစ်ဦးကို စော်ကားခဲ့ကြောင်း သတိပြုမိသူများက ချက်ချင်းပြောနိုင်သော်လည်း အဓိကချက်မှာ မည်သူကို စော်ကားခဲ့သည်ကို သူကိုယ်တိုင်ပင် မသိခဲ့ပေ။

ကျန်းရှောင်သည် သူမ၏စတူဒီယိုတွင် စာချုပ်ချိုးဖောက်မှု ပြစ်ဒဏ်ကို တိုက်ရိုက်ပေးပို့ခဲ့ပြီး လုဖျင်ကို ထပ်ဆက်သွယ်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

လုဖျင် ဘက်မှာတော့ အခြေအနေတွေက ပရမ်းပတာ ဖြစ်သွားသည်။ ကုမ္ပဏီ၏ ထိပ်တန်းအရာရှိများက သူ့ကိုရာထူးမှ ဖယ်ရှားခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်လျက်ရှိသည်။

လုဖျင် ကဲ့သို့သော လူများကို လုပ်ငန်းတိုင်းတွင် တွေ့နိုင်သော်လည်း သူက အခြားသူများနှင့် ပြိုင်ဆိုင်နိုင်စွမ်းရှိသည်။ လောဘနဲ့ တွန်းအားပေး စွမ်းအားမရှိသူတွေဟာ သူ့ရဲ့ နည်းပရိယာယ်တွေရဲ့ သားကောင်အဖြစ် သဘာဝအလျောက် ကျဆုံးသွားလိမ့်မည်။

ကျန်းရှောင်က ယခုနှစ်တွင် JTV ကို အာရုံစိုက်နေသည့် "အလှဆုံးမန်နေဂျာ" အမျိုးအစားရှိုးတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည်။ မန်နေဂျာလေးယောက်ကို ပင်လယ်ကမ်းစပ်မြို့လေးမှာ သုံးရက်လောက်နေဖို့ ဖိတ်ခေါ်ပြီး သူတို့ရဲ့ဘဝနဲ့ အလုပ်တွေကို အာရုံစိုက်ခဲ့သည်။ ရှိုးက အပိုင်းတစ်ခုစီတွင် သူငယ်ချင်း သို့မဟုတ် မိသားစုဝင်တစ်ဦးဦးကို ဧည့်သည်အဖြစ် ဖိတ်ကြားရန် မန်နေဂျာတစ်ယောက်စီလိုသည်။

ကျန်းရှောင်က သူမ၏ ရုံးခန်းထိုင်ခုံမှ ထကာပြောလိုက်သည်။ " ရှောင်ယွိ၊ အစ်မ မစ္စတာကျိုး နဲ့ ခဏလောက် စကားသွားပြောလိုက်ဦးမယ်"

ရှောင်ယွိ တုံ့ဆိုင်းသွားပြီးပြောလိုက်သည်။ "အစ်မကျန်း၊ အစ်မနဲ့တူတူ တစ်ခုခု ယူမသွားတော့ဘူးလား"

"ဟမ်"

ရှောင်ယွိ ဆက်ပြောလိုက်သည်။ "မစ္စတာ ကျိုးက အစ်မအတွက် အွန်လိုင်းမှာ စကားပြောနေတာ၊ သူက အစ်မအတွက်ပဲ Weibo အကောင့်ကိုတောင် စဖွင့်ခဲ့တာလေ။ သူ့ကို ကျေးဇူးတင်တဲ့ သင်္ကေတတစ်ခုအနေနဲ့ အနည်းဆုံး ထမင်းတစ်နပ် ဒါမှမဟုတ် လက်ဆောင်လေးတစ်ခု ပေးရမယ်မဟုတ်ဘူးလား"

ကျန်းရှောင် တွေးလိုက်မိသည်။ "ငါ သူ့ကို ကျေးဇူးမတင်ဘူးဆိုတာ နင် ဘယ်လိုသိလဲ"

သူမ လည်ချောင်းကို ရှင်းလိုက်သည်။ "ငါ နားလည်ပါတယ်။ ဒီနေ့တော့ ဘာမှ မပြင်ဆင်ထားပေမယ့် နောက်တစ်ကြိမ်တော့ ပြင်လိုက်မယ်" အဲ့လိုနဲ့ သူမက သူမလက်ထောက်ရဲ့စိတ်ပျက်နေတဲ့အကြည့်ကို လျစ်လျူရှုပြီး ကျိုးရှို့လင်းကို တွေ့ရန်အပေါ်ထပ်တက်သွားခဲ့သည်။

ကျန်းချင်က ကျန်းရှောင်ကို တွေ့တာနဲ့ ပြုံးလိုက်သည်။ "မဒမ် ပို့စ်ကို စစ်ဆေးဖို့ ဒီကိုလာတာလား"

ကျန်းရှောင်က သူ့အနားကို ချဉ်းကပ်လာပြီး ကျန်းချင် အမြန်နောက်တစ်လှမ်း ဆုတ်သွားခဲ့သည်။

"မဒမ်၊ ကျေးဇူးပြုပြီး မဒမ်ရဲ့အကွာအဝေးကို ထိန်းပေးပါ။ ကျွန်တော် မဒမ် နဲ့အရမ်းနီးကပ်နေရင် မစ္စတာကျိုး ကျွန်တော့်ကို သတ်မှာကြောက်တယ်"

တခါတရံတွင် ကျန်းရှောင်က ကျိုးရှို့လင်း ဘာကြောင့် ကျန်းချင်ကို အလွန်နှစ်သက်ရတာလဲလို့ သူမ တွေးမိသည်။ ကျန်းချင်က ဟာသလုပ်နိုင်တာကြောင့် ဖြစ်နိုင်သည်။ "လက်ထောက် ကျန်း၊ ရှောင်ယွိဆီမှာ ရှင့် အတွက် လက်ဆောင်တစ်ခု ရှိတဲ့ပုံပဲ"

ကျန်းချင်ရဲ့ အကြည့်တွေ လွှဲသွားသည်။ "သူမက ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်က သေးသေးလေးပဲ လုပ်ပေးခဲ့တာကို"

ကျန်းရှောင် ရယ်လိုက်သည်။ "ရှင့်ကို ရည်းစားရစေခဲ့တဲ့ ကျေးဇူးလေးတစ်ခုပေါ့။ ရှင့်လက်ကိုမြှောက်လိုက်တာက တော်တော်ကျွမ်းကျင်တာပဲ"

ကျန်းချင် ကိုယ့်စိတ်ကိုယ်ထိန်းလိုက်သည်။ "မစ္စစ် ကျန်း၊ ကျွန်တော့်မှာ မစ္စစ်ရဲ့နယ်မြေကို ကျူးကျော်ဖို့ ဘယ်လိုလုပ် သတ္တိရှိနိုင်မှာလဲ "

"ရှင်တောင်မှ ကျူးကျော်နိုင်လို့လား"

"အစ်မကျန်း " ကျန်းချင် ချက်ချင်းဆိုသလို သူ့လေသံကို ပြောင်းလိုက်ပြီး လေးနက်စွာ ကျိန်ဆိုခဲ့သည်။ " စိတ်ချပါ၊ မစ္စတာ ကျိုးနဲ့ ကျွန်တော် အလုပ်ကိစ္စနဲ့ ခရီးတွေထွက်နေသမျှ သူ့အနားကနေ သုံးပေအကွာကို ဘယ်အမျိုးသမီးမှ မကပ်စေရဘူး"

သူတို့စကားပြောနေစဉ် အစည်းအဝေးခန်းတံခါးပွင့်လာကာ ကျိုးရှို့လင်းက အရပ်ရှည် ထူးထူးခြားခြား ပြေပြစ်တဲ့ အမျိုးသမီးတစ်ဦးနဲ့ထွက်လာခဲ့သည်။

ကျန်းချင် ရေရွတ်လိုက်သည်။ "ဘာလို့ ငါ့မျက်နှာကို ချက်ချင်းဖြတ်ရိုက်လိုက်တာလဲ"

ကျန်းရှောင် တိုးတိုးလေး ရယ်လိုက်သည်။

ကျိုးရှို့လင်းက လိမ္မာပါးနပ်စွာဖြင့် လက်ကို ဆန့်လိုက်သည်။ "မစ္စစ် ယွီ၊ ပူးပေါင်းခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်"

သူမ၏ ပြောင်မြောက်သော မိတ်ကပ်လိမ်းခြယ်ထားတဲ့ အမူအရာဖြင့် လှပတဲ့ အမျိုးသမီးက ပြုံးပြီး တုံ့ပြန်ခဲ့သည်။ "တကယ်ကို ဝမ်းသာပါတယ် မစ္စတာ ကျိုး၊ ကျွန်မ စောင့်မျှော်နေမယ်နော်"

နှစ်ယောက်သား မတ်တပ်ရပ်နေကာ အဲ့တာက အဝေးကိုအကြည့်လွှဲရခက်တဲ့ မြင်ကွင်းပင်။

ကျိုးရှို့လင်း ဘေးကို ကြည့်လိုက်ပြီးနောက် ကျန်းရှောင် နဲ့ ကျန်းချင်ကို လှည့်ကြည့်လိုက်သည်။

ချောမောလှပတဲ့အမျိုးသမီးက အကြည့်ကိုလွှဲကာ မလှုပ်မယှက်ဘဲနေနေတဲ့ သူတို့နှစ်ဦးဆီအကြည့်ရောက်သွားခဲ့သည်။ "မစ္စတာ ကျိုး အလုပ်များနေတာပဲ။ ကျွန်မ အရင်သွားလိုက်ပါဦးမယ်"

တစ်ဖက်လူထွက်သွားသည်နှင့် ကျိုးရှို့လင်းက သူမကို စိတ်ဝင်တစားကြည့်လိုက်သည်။ "မင်း ဒီကို ရုတ်တရက် ဘာတွေသယ်လာတာလဲ"

ကျန်းရှောင် အနားကို လျှောက်သွားလိုက်သည်။ "စီးပွားရေး" သူမ ခေါင်းကိုမော့ပြီးသူ့ရုံးခန်းထဲကို လျှောက်သွားလိုက်သည်။

ကျိုးရှို့လင်းက သူမကို ရေတစ်ခွက်ထည့်ပေးလိုက်ပြီး ကျန်းရှောင်က ဖန်ခွက်ကို ကြည့်ရင်း သူမရဲ့ဟာနဲ့ တိုက်ဆိုင်မှန်း သိလိုက်ရသည်။ "ဒါကို ဘယ်တုန်းက ရခဲ့တာလဲ။ ကျွန်မ မသိဘူးကော"

"ကိုယ်ရဲ့ ​နောက်​ဆုံးအလုပ်​ခရီးက​နေ ယူလာ တာ"

ဒီလူက တကယ်ကို သိမ်မွေ့တယ်။

ကျန်းရှောင် သူ့ကို စိုက်ကြည့်နေသည်။ "ဒီvariety show မှာလည်း ရင်းနှီးမြှုပ်နှံထားတာလား"

ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။ "မင်းဆန္ဒရှိတဲ့အတိုင်းလုပ်။ မင်း ပါချင်တယ်ဆိုရင် ပါလိုက်"

ကျန်းရှောင် မျက်တောင်ခတ်လိုက်သည်။ "ဒါပေမယ့် episode တစ်ခုစီတိုင်းမှာ သူငယ်ချင်းတစ်ယောက်ကို ဖိတ်ဖို့ လိုတယ်၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်မ သေချာမသိဘူး"

"မင်းစိတ်ထဲမှာ အခု တစ်စုံတစ်ယောက်ရှိနေပြီလား" ကျိုးရှို့လင်းသည် သူမ၏ ပြောကြားချက်တွင် ပါဝင်ရန် ရည်ရွယ်ချက်ကို ညွှန်ပြနေမှန်း သိသည်။

"ယိဝမ်က ရွေးချယ်စရာတစ်ခုပဲ။ အစက သူ့ကို variety show တွေဆီ တွန်းပို့ဖို့ စီစဉ်ထားတာ။ ယီလုကတော့ မသင့်တော်ဘူး၊ သူမ အရမ်းဆွဲဖယ်ခံရမှာကို ကျွန်မ ကြောက်တယ်"

ကျန်းရှောင် ဖန်ခွက်ကို ချလိုက်ပြီး သူ့ဆီလျှောက်သွားလိုက်သည်။ "ကျွန်မ ကျင်းကျုံးပိုင်ကို ဖိတ်လို့ ရတာပဲ။ သူ့ရဲ့ ကျော်ကြားမှု ကြောင့် သူ့ရဲ့ ပါဝင်မှုက လှိုင်းထစေမှာ သေချာတယ်"

ကျိုးရှို့လင်း ခနဲ့တဲ့တဲ့နဲ့ မပြုံးတပြုံး လုပ်လိုက်သည်။ သူမက လေးနက်နေမှန်း သူသိပေမယ့် သူမ၏ အကြံတွေက အလွန်လှပသည်ဟု ထင်မိသည်။

ကျန်းရှောင် စိတ်ပျက်တဲ့ အရိပ်အမြွက်ဖြင့် ပြောလိုက်သည် း။ "ဒီလူတွေအကုန်လုံး အဆင်မပြေဘူးဆိုရင် ကျွန်မ ယွမ်ယွမ်ကို ခေါ်လိုက်ပါမယ်လေ ။ ဝမ်းကွဲမောင်လေး တစ်ယောက်ကိုခေါ်တာက မိသားစု ချစ်ခင်မှုအတွက်လည်း ကောင်းတာပဲ"

ကျိုးရှို့လင်း မျက်ခုံးပင့်ပြီး အခိုင်အမာပြောလိုက်သည်။ “မိသားစုဝင်တွေကိုလည်း ခွင့်ပြုထားတယ်”

ကျန်းရှောင် တုံ့ဆိုင်းသွားပြီး စသလိုနောက်သလိုနဲ့ မေးလိုက်သည်။ "ရှင့်ကို ဒါမှမဟုတ် ပဲပင်ပေါက်လေးကို ခေါ်ရမှာလား"

ကျိုးရှို့လင်း သူ့မျက်လုံးမှေးပြီး ကြည့်လိုက်ကာ သူ့အကြည့်တွင် အန္တရာယ်ရှိတဲ့ အရိပ်တစ်ခုရှိနေသည်။ "မင်း ဘယ်လိုထင်လဲ"

ကျန်းရှောင်၏ နက်မှောင်တဲ့ မျက်လုံးများထဲသို့ စူးစူးရဲရဲ အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ "ယောင်္ကျား၊ ရှင်က သာမာန်အားဖြင့် အလုပ်အရမ်းကြိုးစားလွန်းတယ်။ တခြား show တွေနဲ့ ရှင်ကို ဘယ်လိုလုပ် ဒုက္ခပေးရက်မှာလဲ။ ဟီးဟီး၊ ကျွန်မတို့သားကို ခေါ်သွားလိုက်ပါ့မယ်" သူနဲ့အတူတူ show ကိုသွားရမှာလား။ အဲ့တာက ပေါက်ကွဲသွားစေလိမ့်မယ်။

"အိုခေ။ ကိုယ် မပါရရင် ကျင်းကျုံးပိုင်လည်း မပါရဘူး"

ဘာ “ဒီ ဆင်ခြင်တုံတရားနဲ့ ဆွေးနွေးကြရအောင်” ဆိုတဲ့ ပေါက်ကရပဲ။ တစ်စုံတစ်ယောက်က သဝန်တွေတိုပြီး ယုတ္တိမတန်စွာ လွှမ်းမိုးချုပ်ကိုင်လာခဲ့သည်။

ဇူလိုင်လကုန်ပြီးနောက်"အလှဆုံးမန်နေဂျာ" ၏ပထမရာသီအတွက် ဧည့်သည်စာရင်းကို အပြီးသတ်ခဲ့သည်။ ပုံမှန်ဧည့်သည်တွေကတော့ ကျန်းရှောင်၊ ရှန်းမီနာ၊ ဖန့်မူ နဲ့ စွင်းကျင့်တို့ပင်။

မန်နေဂျာလေးယောက်က အသက်အရွယ်အားဖြင့် အကြမ်းဖျင်း တူညီကြပြီး အားလုံးက ယခုအချိန်တွင် နယ်ပယ်တွင်း အကျော်ကြားဆုံး အနုပညာရှင်အချို့ကို ကိုယ်စားပြုထားကြသည်။ ဒါက ကိစ္စတွေကို အဆင်ပြေစေပြီး ရှိုးရဲ့နာမည်ကျော်မှုကို မြှင့်တင်ပေးပါလိမ့်မည်။

ကျန်းရှောင်ကတော့ သူမ၏ ဧည့်သည်ရွေးချယ်မှုအတွက် ရုန်းကန်နေရသည်။

သူမရဲ့မိသားစုက သူမ ရှိုးမှာပါတာကို သိလိုက်သည်နှင့် ဧည့်သည်ရွေးချယ်မှုအကြောင်း ဆွေးနွေးကြပြီး လူတိုင်းက ဧည့်သည်အဖြစ် ပါဝင်ချင်ကြသည်။

သူမရဲ့ ဒုတိယအဒေါ်ဖြစ်သူက ကျန်းရှောင်နဲ့ အထူးစကားပြောရန် လာရောက်ခဲ့ပြီး ကျိုးရှို့ဇဲကိုshowမှာခေါ်ဖို့ပြောခဲ့သည် အဲ့တာက နိုင်ငံပိုင်ရုပ်မြင်သံကြားတွင် bline date လုပ်ရန် သူ့အတွက် အဲ့တာက အခွင့်ကောင်းဖြစ်မည်ဟုပြောခဲ့သည်။

ကျန်းရှောင် ပြုံးပြလိုက်သည်။ "အန်တီ၊ အဲဒါက တစ်တိုင်းပြည်လုံးရဲ့ ရှေ့မှောက်မှာ public ချပြတဲ့ blind dateပွဲ မဟုတ်လား"

ဒုတိယအဒေါ်ကလည်း ရယ်သွားခဲ့သည်။ “ငါ ဘယ်လောက် အရေးတကြီး ဖြစ်နေတယ်ဆိုတာ သူ သိသွားအောင်လေ ”

မေမေကျိုးက အကြံပြုခဲ့သည်။ "ရှောင်ရှောင်၊ သမီး ယန်ယန် နဲ့ သွားလို့ရတယ်လေ။ ယောက်မ ဆက်ဆံရေးကို မပြောနဲ့ပေါ့ ကျောင်းကသူငယ်ချင်းလို့ပဲပြောလိုက်"

ကျန်းရှောင် ခဏလောက်စဉ်းစားလိုက်သည်။ show မှာ သူတို့ငြင်းခုံတာတွေ ဖြစ်လာရင် ဘယ်သူက ဖျန်ဖြေပေးမှာလဲ။ သူမ ပြတ်ပြတ်သားသား မငြင်းဆိုသော်လည်း နောက်မှပဲ စဉ်းစားမယ်လို့ ပြောလိုက်သည်။

နောက်ပိုင်းတွင် ကျိုးရှို့လင်းက သူ့မှာ အရန်ဧည့်သည်တွေစာရင်းတွင်ပင် မရှိသောကြောင့် အခြားသူများ ပါဝင်ရန် မကြိုးစားသင့်ကြောင်းပြောကာ ကျန်းရှောင် ၏ အကျပ်အတည်းကို ဖြေရှင်းပေးခဲ့သည်။

သေချာစဉ်းစားပြီးနောက် ကျန်းရှောင်က သူမဖခင်၊ စုန့်ယိဝမ်၊ ကျင်းကျုံးပိုင်(အရန်အဖြစ်) နှင့် အခုလောလောဆယ်တွင် မည်သူမည်ဝါဖြစ်သည်ကို ထုတ်ဖော်မပြောဘဲ လျှို့ဝှက်ဆန်းကြယ်တဲ့ဧည့်သည်ကို ဧည့်သည်စာကဒ်မှာထည့်ဖို့ ဆုံးဖြတ်ချက်ခဲ့သည်။

စုန့်ယွမ်က နောက်ဆုံးနေရာအတွက် လျှို့ဝှက်ဆန်းကြယ်တဲ့ ဧည့်သည်ဖြစ်နိုင်မလားဟု မသိမသာမေးမြန်းခဲ့ပြီး ၎င်းသည် တစ်ခုတည်းသောအထိုင်သာကျန်ရှိတော့သည်ဟု သုံးသပ်ခဲ့သည်။

သူ့ရဲ့အစ်မကို တိုက်ရိုက်မမေးနိုင်တာကြောင့် ကျိုးရှို့လင်းကို သွားတွေ့ခဲ့သည်။

စုန့်ယွမ်က ဆံပင်ကို ရွှေရောင်ဆိုးထားဆဲဖြစ်သည်။ ကျန်းချင်သာ သူ့ကို မခေါ်လာခဲ့ရင် ဒီထပ်ကိုတောင် သူရောက်မှာ မဟုတ်ဘူး။

သူ ကျိုးရှို့လင်းရဲ့ စားပွဲရှေ့မှာ ရပ်လိုက်သည်။ "ယောက်ဖ ကျွန်တော့်အစ်မ ထူးခြားတဲ့ ဧည့်သည်တစ်ယောက်အကြောင်း ယောက်ဖကို တစ်ခုခုပြောထားသေးလား"

ကျိုးရှို့လင်း ခေါင်းခါလိုက်သည်။

"ဒါဆို ကျွန်တော်ဖြစ်နိုင်ပါ့မလား" စုန့်ယွမ် သူ့ကိုယ်သူညွှန်ပြလိုက်သည်။

ကျိုးရှို့လင်း ပြုံးလိုက်သည်။ "မဖြစ်နိုင်တာလည်း မဟုတ်ဘူး"

စုန့်ယွမ် သက်ပြင်းချလိုက်သည်။ "ယောက်ဖ၊ကျွန်တော်က စံနှုန်းနဲ့ ဘယ်လောက် ကိုက်ညီလဲကြည့်ပေး။ ကျွန်တော်က ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောတယ်၊ ထက်မြက်တယ်၊ အရည်အချင်းရှိပြီး showမှာ သီချင်းဆိုပြနိုင်တယ်....ဘားတစ်ခုမှာ ဖျော်ဖြေဖူးပြီး မိန်းကလေးပရိသတ်တွေ အများကြီးကို ဆွဲဆောင်ခဲ့တယ်။ အခုလည်း ကျွန်တော့် ဖေ့စ်ဘွတ်ခ်ကို သူတို့ follow လုပ်နေကြတုန်းပဲ "

ကျိုးရှို့လင်း တွေးတောလိုက်သည်။ "ယွမ်ယွမ်၊ လက်ရှိပြည်တွင်းပရိသတ်တွေက ထိုင်းစတိုင်ဆံပင်ပုံစံကို အမှန်တကယ် မသွားကြဘူး"

စုန့်ယွမ် တခဏမျှ တိတ်ဆိတ်သွားပြီး သူ့ပါးစပ်က လှုပ်ယမ်းသွားသည်။ "ယောက်ဖ နှုတ်ဆက်ပါတယ်" သူ စော်ကားသလိုခံစားလိုက်ရသည်။ ဒေါသအရမ်းထွက်တယ်။ ဒါရိုက်တာ တိုနီ ဒီဇိုင်းဆွဲထားတဲ့ ဆံပင်ပုံစံညှပ်တာအတွက် သူ 1888 RAB ပေးခဲ့ရတယ်။

သူထွက်သွားတော့ ကျိုးရှို့လင်း မကူညီနိုင်ဘဲ ရယ်လိုက်သည်။ တကယ်တမ်းတော့ ကျန်းရှောင်က သူ့ဆီ လျှို့ဝှက်ဆန်းကြယ်တဲ့ ဧည့်သည်အကြောင်း ဘာမှ မပြောခဲ့ပေ။

အဲ့တာက ပဲပင်ပေါက်လေးဖြစ်နိုင်တယ်လို့ သူ ခံစားနေရသည်။

All Chapters