← Chapters

အခန်း (၁၀၃)

Vol. 8 Ch. 103

အခန်း (၁၀၃)

Vol. 8 Ch. 103

ကျန်းရှောင်က သူမအလုပ်ကို အပြီးသတ်ပြီးနောက် ရှားရှားပါးပါး အားလပ်ချိန်တစ်ခုရခဲ့သည်။ တစ်နေ့နေ့လည်ခင်းတွင် သူမက အန်တီနဲ့အတူ မူမူကို ခေါ်ရန် သရုပ်ဆောင်အငယ်တန်း လေ့ကျင့်ရေးစခန်း သို့သွားခဲ့သည်။ သူ လမ်းလျှောက်ရင်း စကားစမြည်ပြောကြပြီး စာသင်ခန်းအပြင်ဘက် စင်္ကြံဆီသို့ ရောက်လာခဲ့သည်။

အထဲမှာ အတန်းတစ်တန်းက အတန်းတက်နေရတုန်း ဆရာက စတိတ်စင်ပေါ်မှာ သရုပ်ပြနေသည်။

ကျန်းရှောင် စတိတ်စင်မြင့်ပေါ်ရှိလူကို ရှင်းရှင်းလင်းလင်း မြင်လိုက်သောအခါတွင် သူမ၏ အမူအရာမှာ ခဏတာ အေးခဲသွားခဲ့သည်။ လျန့်ယွဲ့ က ဘာလို့ ဒီမှာရှိနေတာလဲ။

သူမရဲ့အန်တီလည်း လျန့်ယွဲ့ ကို သတိပြုမိသွားပြီး အမှတ်ရနေသကဲ့သို့ မျက်လုံးတွေကိုမှေးထားသည်။ "ဒါ ဖန်းဝမ် လား" ကမ္ဘာကြီးက တကယ့်ကို သေးငယ်နေတာလား၊ ဒါမှမဟုတ် သွေးသားရင်းမြစ်တွေက သူတို့ကိုပဲဆွဲနေတာလား။

ကျန်းရှောင် လက်သီး ဆုပ်ထားလိုက်သည်။

လျန့်ယွဲ့က "Dream of the Red Chamber" မှ မြင်ကွင်းတစ်ခုစီကို ကွက်ကွက်ကွင်းကွင်းဖော်ပြထားသည့် အမူအရာဖြင့် ဆွေးနွေးမှုတစ်ခုကို သရုပ်ဖော်ပြနေသည်။

"ကောင်းပြီ၊ ဒီနေ့ အတန်းကို ဒီမှာ အပြီးသတ်လိုက်ကြမယ်။ အချိန်ရရင် မင်းတို့ရဲ့ ဖျော်ဖြေတာတွေကို ပြန်ကြည့်မယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ!"

အတန်းပြီးသွားတော့ ကလေးတွေက တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။

ပဲပင်ပေါက်လေးက ရှေ့ဆုံးတန်းတွင်ထိုင်ပြီး လျန့်ယွဲ့က မြင်ကွင်းကိုပြောင်းလိုက်သွားသလိုမျိုး သူမရဲ့အိတ်ထဲမှ lollipop ကို ထုတ်ကာ ပဲပင်ပေါက်လေးဆီ လျှောက်သွားလိုက်သည်။

ပဲပင်ပေါက်လေးက ၎င်းကိုမြင်ပြီး မျက်လုံးကြီးကြီးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ "သားအတွက်လား" သူ ဝမ်းသာအားရ ပြုံးလိုက်သည်။

လျန့်ယွဲ့က သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းလိုက်သည်။ "ဟုတ်တယ်" ကလေးက ကျန်းရှောင်နဲ့ တော်တော်တူတာပဲ။

ပဲပင်ပေါက်လေး ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ်" ဒါပေမယ့် သူ မယူဘူး။ "သားရဲ့အဖွား သားကို လာကြိုတော့မှာမို့ သား ဒါကိုယူလို့ရမလားလို့ မေးလိုက်ဦးမယ် "

လျန့်ယွဲ့က မမြင်နိုင်လောက်တဲ့ သက်ပြင်းကို ချလိုက်သည်။ "မင်းအမေ အခုတလော အလုပ်လုပ်တာအဆက်ပြေနေရဲ့လား"

"မေမေက အရမ်းအလုပ်များတယ်၊ သူ အလုပ်သွားတယ်"

"ဟုတ်လား။ မင်း သူမကို လွမ်းနေလား"

"လွမ်းတာပေါ့။ သား ​မေ​မေ့ကို ညဘက်​​တွေ့လို့ရ​တယ်​ ပြီးတော့ ​နေ့တိုင်း မေမေက သားနဲ့နေပေးတယ် "

"မူမူ၊ မင်း သရုပ်ဆောင်ဖြစ်ချင်လား"

"မဖြစ်ချင်ဘူး။ သားက ကျောင်းတက်ချင်တာ၊ မေမေကပြောတယ် ကလေးတွေက စာကိုကြိုးကြိုးစားစားလုပ်ရမယ်တဲ့ "

လျန့်ယွဲ့ သက်ပြင်းချလိုက်သည်။ "မင်းအမေ ပြောတာမှန်တယ်"လျန့်ယွဲ့လက်လှမ်းပြီး သူ့ကိုပုတ်ပေးတော့မယ့်အချိန်မှာ ပဲပင်ပေါက်လေးက ကျန်းရှောင် ကိုတွေ့သွားပြီး သူ့ထိုင်ခုံပေါ်ကနေ ခုန်ချသွားခဲ့သည်။

"မေမေ၊ သားကိုလာကြိုတာလား"

ကျန်းရှောင်က သူ့ကိုမြှောက်ပြီး ပွေ့ချီလိုက်သည်။ "မေမေက အနီးနားက အစည်းဝေးမှာ ရှိနေတော့ သားကိုကြိုဖို့ လာလိုက်တာ"

သူမ လျန့်ယွဲ့ ယဉ်ကျေးစွာကြည့်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "မစ္စစ် လျန့် ၊ ကျွန်မတို့ အရင်သွားနှင့်လိုက်ပါဦးမယ်"

" ရှောင်ရှောင်၊ ငါတို့ အချင်းချင်း ဆုံနေကြပြီပဲ။ အတူတူထမင်းစားရင်ကော ဘယ်လိုလဲ"

ကျန်းရှောင် ခဏတုံ့ဆိုင်းသွားသည်။ "တောင်းပန်ပါတယ် မစ္စစ် လျန့်၊ ကျွန်မ မိသားစုက ကျွန်မတို့ပြန်လာမှာကိုစောင့်နေလို့ပါ။ နောက်တစ်ခါမှ စားကြတာပေါ့"

လျန့်ယွဲ့ မျက်မှောင်ကြုတ်ကာ နောက်ထပ် မတိုက်တွန်းခဲ့ပေ။ "ကောင်းပြီ၊ ငါတို့ နောက်တစ်ကြိမ် အစီအစဉ်ဆွဲလို့ရပါတယ်။"

ကျန်းရှောင်က ပဲပင်ပေါက်လေးနဲ့အတူ ထွက်လာပြီး သူမရဲ့အန်တီနားကို ရောက်လာသည်။ လျန့်ယွဲ့ ကို သူမ မတွေ့ချင်တာကြောင့်မို့ သူမ အထဲ ဝင်မသွားခဲ့တာ။

အန်တီဖြစ်သူက လမ်းလျှောက်လာရင်း ငြိမ်သက်နေပြီး မကူညီနိုင်တော့ဘဲ မေးလိုက်သည်။ " ရှောင်ရှောင်။ သိပြီးသွားပြီလား "

"ဟုတ်"

အန်တီဖြစ်သူက သက်ပြင်းချလိုက်သည်။

"အန်တီ၊ ဖေဖေနဲ့ သူမ ကြား ဘာတွေဖြစ်ခဲ့တာလဲ"

အန်တီဖြစ်သူက မျက်ခုံးကြုတ်လိုက်သည်။ "ဒါတွေအားလုံးက အတိတ်မှာပဲလေ"

"ပြောပြလို့မရဘူးလား"

ကျန်းလီ လျန့်ယွဲ့ကို ပထမဆုံးမြင်လိုက်ရသောအခါ သူမ၏အလှမှာ စွဲဆောင်ခံလိုက်ရသည်။ ထိုခေတ်တွင် ပလပ်စတစ်ဆာဂျရီမရှိ၊ ဇိမ်ခံအလှကုန်တွေ မရှိပေ။ လျန့်ယွဲ့၏ အလှသည် အပြင်ပန်း အသွင်အပြင် မဟုတ်ဘဲ၊ ရင်သပ်ရှုမောဖွယ် ကောင်းလွန်းလှသော သူမ၏ အနှစ်သာရမှ ထွက်ပေါ်လာတာပင်။

ကျန်းလီက သူမကို ပထမဆုံးစတွေ့ကတည်းက ထိုမြင်ကွင်းကို ဘယ်တော့မှ မမေ့နိုင်ခဲ့ပေ။ ထိုအချိန်က လျန့်ယွဲ့ ကို ဖန်းဝမ်လို့ ခေါ်သေးသည်။ သူမရဲ့ အစ်ကိုဖြစ်သူက သူမလက်ကို ဆုပ်ကိုင်ထားရင်း သူ့မျက်နှာပေါ်မှာ နူးညံ့မှုအပြည့်နဲ့။

"ဝမ်ဝမ် ဒါ ကိုယ့်ရဲ့ညီမလေး"

လျန့်ယွဲ့က သူမကို ချိုချိုသာသာ ပြုံးပြခဲ့သည်။ "မင်္ဂလာပါ လီလီ။ ညီမရဲ့အစ်ကိုက ညီမအကြောင်း အစ်မကို ခဏခဏ ပြောပြတယ်"

ကျန်းလီ၏ မှတ်ဉာဏ်ထဲတွင် သူမအစ်ကိုနှင့် ဖန်းဝမ်က အမှန်တကယ်ကို ရွှေစုံတွဲတစ်တွဲပင်။ သို့သော်လည်း ကျန်းမိဘတွေက သူတို့၏ဆက်ဆံရေးကို သဘောမတူကြပေ။ ထို့ကြောင့် သူမရဲ့အစ်ကိုနှင့် သူတို့၏ မိဘတွေကြား တင်းမာမှုတွေ တိုးလာခဲ့သည်။

ဖန်းဝမ်က မင်းသမီးဖြစ်ဖို့ အမြဲအိပ်မက်မက်ခဲ့တာကို ကျန်းလီ သိသည်။ သူမအတွက်ကတော့ ဒီအိပ်မက်က လက်တွေ့မကျသလိုပဲ။ ဒါပေမယ့် ဖန်းဝမ် အဲဒါကို တကယ်အောင်မြင်လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။

သူမသည် ဒရာမာအဖွဲ့သားများအတွက် audition လုပ်ပြီး ရွေးချယ်ခံခဲ့ရသည်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ပြိုင်ရတာ အံ့သြစရာကောင်းသည်။

သူမရဲ့အစ်ကိုက သူမ သွားဖို့အတွက် ဆုံးဖြတ်တာကို သဘောမတူဘဲ သူတို့နှစ်ယောက်ရဲ့ ပထမဆုံး အဓိက အငြင်းအခုံဖြစ်ခဲ့သည်။ နောက်ဆုံးတော့ သူမအစ်ကိုက စိတ်လျှော့ပေးလိုက်သည်။ ထိုအချိန်တွင် ဖန်းဝမ်က နောက်ဆုံးမှာ သူ့ကို ထားသွားမည်ဖြစ်ကြောင်း သူ သိခဲ့သည်။ အဲဒါကြောင့် သူ့တုံ့ပြန်မှုက အရမ်းပြင်းထန်သည်။

ယခုမူ ရှောင်ရှောင်က မိခင်တစ်ဦးဖြစ်နေပြီဖြစ်ပြီး ဖန်းဝမ်၏ ပြန်လည်ပေါ်လာခြင်းမှာ အဓိပ္ပါယ်မရှိပေ။ လူတိုင်းက မတူညီသော ရွေးချယ်မှုများ ပြုလုပ်ထားကြပြီး ကျန်းလီသည် သူမ အစ်ကိုနှင့် ဖန်းဝမ်တို့၏ ရွေးချယ်မှုအတွက် အပြစ်မတင်နိုင်သော်လည်း သူမသည် ၎င်းတို့နှင့် အမှန်တကယ် သဘောမတူခဲ့ပေ။

ဒါပေမယ့်လည်း အခု ရှောင်ရှောင် ပျော်ရွှင်နေသဖြင့် သူမ ကျေနပ်သည်။

ကျန်းရှောင်က ပဲပင်ပေါက်လေး၏ စိတ်လှုပ်ရှားမှုနှင့်အတူ လိုက်ပါသွားသေးသည်။ သူ လေ့ကျင့်ရေးစခန်းမှာ ဆက်တက်ချင်ရင်တော့ သူမက ခွင့်ပြုမှာပါ။ သူမက ကျိုးရှို့လင်းကို ထိုအကြောင်းအား ပြောပြခဲ့ပြီး ကျိုးရှို့လင်းကလည်း သူမလိုပဲ သဘာဝတရားအတိုင်း လျှောက်လှမ်းခွင့်ပေးထားသည်။ လျန့်ယွဲ့ ၏ရောက်ရှိလာမှုက သူတို့မိသားစု ဘဝကို ဘယ်လိုမှပြောင်းလဲစေမှာမဟုတ်ပေ။

နောက်ဆုံးမှာတော့ စက်တင်ဘာလတွင် ကျောင်းစဖွင့်မည်ဖြစ်ပြီး ပဲပင်ပေါက်လေး ကျောင်းပြန်တက်ရတော့မည်။

လျန့်ယွဲ့ သည် သရုပ်ဆောင် အငယ်တန်း လေ့ကျင့်ရေးစခန်း တွင် တစ်ပတ်လျှင် နှစ်ရက်ခွဲ အချိန်ဖြုန်းပြီး ပဲပင်ပေါက်လေး ပြန်ရောက်လာတိုင်း သူ စကားတွေ ပြောခဲ့သည်။

"ဒီနေ့ ဆရာမက သားကို ချီးကျူးတယ် ပြီးတော့ သကြားလုံး ဒါမှမဟုတ် ချောကလက်တွေလည်း ပေးတယ်။ အဖွားက အရမ်းကောင်းတယ်!"

ကျန်းရှောင်က ဒါကိုကြားတော့ သက်ပြင်းချလိုက်သည်။ သရေစာတွေက သွားပိုးစားတာကို အနိုင်ယူရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သူမ ဘာမှမသိသလို ပြုမူကာ လျန့်ယွဲ့ ကို သူစိမ်းတစ်ယောက်လို ဆက်ဆံခဲ့သည်။

ဩဂုတ်လတွင် ကျန်းရှောင် ငါးပေါင်ကျပြီးနောက် သူမသည် "The Most Beautiful Talent Manager" အတွက် ပထမဆုံး ပရိုမိုးရှင်းပွဲကို တက်ရောက်ခဲ့သည်။ ဧည့်သည်များစွာ စုဝေးခဲ့ကြသည်။

လုပ်ဖော်ကိုင်ဖက်တွေက တစ်ခါတစ်ရံတွင် ပြိုင်ဘက်များဖြစ်လာကြသည်။ အထူးသဖြင့် အရင်းအမြစ်များကို ယှဉ်ပြိုင်သည့်အခါတွင် ဖြစ်နိုင်သည်။ အပေါ်ယံမှာ ပြုံးပြပြီး စကားစမြည် ပြောနေကြပေမယ့် နောက်ကွယ်မှာတော့ မကျေမချမ်း ဖြစ်နေတာတွေရှိသည်။

ရှန်းမီနာ ရောက်လာသောအခါ သူမက အခြားလူနှစ်ယောက်နှင့် ပေါင်းသင်းဆက်ဆံခဲ့ပြီး ကျန်းရှောင်မှာ အထီးကျန်နေပုံရသည်။

သရုပ်ဆောင်တွေက ၎င်းတို့၏ သရုပ်ဆောင်မှုစွမ်းရည်ကို ယှဉ်ပြိုင်ခဲ့ရပြီး ယခုအခါ အရည်အချင်းရှိတဲ့ မန်နေဂျာတွေကလည်း စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရှန်းမီနာက အပြုံလေးဖြင့် မေးလိုက်သည်။ "ကျန်းရှောင် မင်းက အံ့ဩဖို့ကောင်းတာပဲ။ လျှို့ဝှက်အိမ်ထောင်နဲ့ ကလေးရှိနေတာက ငါတို့အနုပညာရှင်တွေကို စီမံခန့်ခွဲတာထက်တောင် ပိုခက်တယ်"

ကျန်းရှောင် ရေးရေးလေးပြုံးလိုက်သည်။ "ကျွန်မကတော့ ဒါကို လျှို့ဝှက်အိမ်ထောင်ရေးလို့ မခေါ်ဘူး။ နောက်ဆုံး ကျွန်မက အရည်အချင်းရှိတဲ့ မန်နေဂျာတစ်ယောက်ပဲ၊ ကျွန်မရဲ့ကိုယ်ရေးကိုယ်တာဘဝကို ဘယ်သူကမှ ဂရုမစိုက်ကြဘူးလေ "

ရှန်းမီနာမေးလိုက်သည်။ "ဒါပေမယ့် မင်းလက်ထပ်တာ တော်တော်စောတယ်။ မင်းနှစ်ယောက် ကျောင်းတက်ကတည်းက ချိန်းတွေ့ဖူးကြတာလား"

ကျန်းရှောင် ရေတစ်ငုံသောက်ပြီး တုံ့ပြန်ပြောတော့မယ့်အချိန်မှာ သူမရဲ့ဖုန်းမြည်လာခဲ့သည်။ "တောင်းပန်ပါတယ် ဒီဖုန်းကို ကိုင်မှရမှာမလို့ပါ "

သူမ ထွက်သွားပြီးနောက် ရှန်းမီနာရဲ့ လေသံက အေးစက်သွားသည်။ "သူ့ယောက်ျားက အသက်လေးဆယ်ကျော်ပြီး ထိပ်ပြောင်ကြီးလို့ ငါကြားထားတယ်"

"တကယ်လား။ အဲဒါက ချေးပုံပေါ် စိန်ကို ချထားသလိုပဲ။ ကျန်းရှောင်မှာ ဘယ်လိုအရသာမျိုးရှိနေတာလဲ"

" ပိုက်ဆံကြောင့်ပဲ ဖြစ်မှာပေါ့။ ကျန်းရှောင်က ဆင်းရဲတဲ့ နောက်ခံကနေ လာတာ လူတိုင်းသိတယ်"

"အာ"

ကျန်းရှောင် ကော်ရစ်ဒါမှာ ဖုန်းပြောနေသည်။ သူမအသံက ရွှင်မြူးနေသည်။ "မစ္စတာ ကျိုး..."

ကျိုးရှို့လင်း အသက်ပြင်းပြင်းရှူလိုက်သည်။ "ရှောင်ရှောင်၊ အဲ့မှာ ပြီးသွားပြီလား"

"ပြီးခါနီးပြီ။ ဒါရိုက်တာ စကားပြောလို့ပြီးသွားပြီ။ ဘာကိစ္စရှိလို့လဲ"

ကျိုးရှို့လင်း ခဏလောက် တုံ့ဆိုင်းသွားသည်။ "ယန်ယန် ရိုက်ကွင်းမှာ ဒဏ်ရာရသွားလို့ ဆေးရုံတင်ထားရတယ်"

"တကယ်ပြောနေတာလား"

"တကယ်" ကျိုးရှို့လင်း မျက်ခုံးကြုတ်လိုက်သည်။ "အဖေနဲ့အမေလည်း ဆေးရုံရောက်နေပြီ"

ကျန်းရှောင်ရဲ့ အမူအရာက ဆိုးရွားသွားသည်။ "ကျွန်မ ဒါရိုက်တာကို သွားပြောပြီး အခုချက်ခြင်းပြန်လာခဲ့မယ်။ ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်"

"ကောင်းပြီ"

တစ်နာရီကြာပြီးနောက် ကျန်းရှောင်နဲ့ ကျိုးရှို့လင်းတို့ မြို့၏ပထမဆုံးဆေးရုံသို့ရောက်ရှိလာသည်။ ယန်ယန် ကို ခွဲစိတ်ပြီးနောက် ပိုးသတ်ထားတဲ့ အခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

မေမေကျိုးက ဖေဖေကျိုးရဲ့ ရင်ခွင်ထဲတွင် ငိုကြွေးနေကာ သူမ၏ ဝမ်းနည်းပူဆွေးမှုကို မထိန်းနိုင်တော့ပေ။

ကျိုးရှို့လင်းနဲ့ သမားတော်ကြီးက ဘေးနားတွင် ရပ်နေသည်။

ဒေါက်တာက ဆေးအစီရင်ခံစာကို ပြန်သုံးသပ်ခဲ့သည်။ "ဘယ်ဘက်လက်နဲ့ ဘယ်ခြေထောက်မှာ မီးလောင်ဒဏ်ရာ နှစ်ဆယ်ရာခိုင်နှုန်းခန့် လောင်ကျွမ်းသွားပေမယ့် အနာဂတ်မှာ အရေပြားဖြတ်တဲ့ခွဲစိတ်မှုလုပ်ရင်တောင် အမာရွတ်တွေကတော့ ကျန်နေဦးမယ်"

ကျန်းရှောင်ရဲ့ နှလုံးသား နစ်မြုပ်သွားရသည်။ သူမကျိုးရှို့လင်း လက်ကို ညင်သာစွာ ညှစ်လိုက်သည်။

ကျိုးရှို့လင်းရဲ့ မျက်ခုံးတွေ နက်နဲစွာ ကြုတ်သွားသည်။ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကိုသပ်လိုက်သည်။ "ကျွန်တော် နားလည်ပြီ"

ယန်ယန်က သူမ ရုပ်ရည်သွင်ပြင်ကို အမြဲသတိရှိနေခဲ့ပြီး ဤဒဏ်ရာက သူမအတွက် သိသိသာသာ ထိုးနှက်သွားလိမ့်မည်မှာ သေချာသည်။

ကျန်းရှောင် အသက်ပြင်းပြင်းရှူလိုက်သည်။ "ကျွန်မ စုန့်ယိဝမ်ဆီ ဖုန်းခေါ်လိုက်မယ်"

ကျိုးရှို့လင်း သူ့အမူအရာကို ဖြေလျှော့လိုက်သည်။ "ကိုယ်အမေ့ကို သွားကြည့်လိုက်ဦးမယ်"

မေမေ ကျိုး စိတ်ဓာတ်ကျနေသည်။ သူမရဲ့သမီးငယ်ဘဝကတည်းက သူမရဲ့ခန္ဓာကိုယ်မှာ အမာရွတ်တစ်ခုလေးမှမရှိခဲ့ဘူး အခုချိန်မှာတော့ သူမ ဒီလိုမျိုးခံစားနေရပြီ။

"ရှို့လင်း၊ ဒါ ဘယ်လိုဖြစ်ရတာလဲ၊ ယန်ယန် အနာဂတ်မှာ ဘာဖြစ်သွားမှာလဲ"

ကျိုးရှို့လင်း သက်ပြင်းချလိုက်သည်။ "မေမေ၊ နောက်ကျ ပိုကောင်းလာပါလိမ့်မယ်"

"ငါ့ကိုမလိမ်ပါနဲ့ ငါသိတယ်။ ပိုကောင်းလာရင်တောင် အရင်ကနဲ့ တူတော့မှာမဟုတ်ဘူး။ အနာဂတ်မှာ သူမ ဘာဖြစ်မှာလဲ"

ကျိုးရှို့လင်း သူမကို နှစ်သိမ့်ပေးလိုက်သည်။ "ဒါကို စဉ်းစားကြည့်။ အနည်းဆုံးတော့ သူမ အန္တရာယ် မရှိတော့ဘူးလေ"

မေမေကျိုး တိတ်ဆိတ်သွားသည်။

ဖေဖေကျိုးက သူမပုခုံးကို ပုတ်လိုက်သည်။ "ယန်ယန် နိုးလာတဲ့အခါကျရင် ကိုယ်တို့တွေ သူမ ရှေ့မှာ ဝမ်းနည်းနေတဲ့လက္ခဏာတွေ ပြလို့မရဘူးနော်"

မေမေကျိုး နှုတ်ခမ်းကိုက်လိုက်သည်။ "သူမ ပိုကောင်းလာတဲ့အခါကျရင် ကျွန်မတို့ သူမကို ဖျော်ဖြေရေးလောကထဲကနေ နှုတ်ထွက်သွားအောင်လုပ်မှရမယ်"

ကျန်းရှောင်နဲ့ ကျိုးရှို့လင်းတို့ အဲ့တာကို ဆွေးနွေးခဲ့ကြပြီး မီဒီယာတွေရဲ့ သတင်းတွေကို ဖိနှိပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဒီအချိန်အတောအတွင်း ယန်ယန် အများကြီး အာရုံစိုက်ခံနေရမှာကို သူတို့မလိုချင်ကြပေ။

All Chapters