← Chapters

အခန်း (၁၀၅)

Vol. 9 Ch. 105

အခန်း (၁၀၅)

Vol. 9 Ch. 105

ကျိုးယန်ယန်၏ ဒဏ်ရာသတင်းကို မီဒီယာများက ထုတ်ဖော်ပြသခဲ့သည်။ သတင်းအာရုံကို လိုက်ရှာရင်း သတင်းထောက် အများအပြား ဆေးရုံကို ရောက်လာပြီး အခြေအနေကို ထောက်လှမ်းခဲ့ပြီး ဓာတ်ပုံတချို့ ရိုက်မိဖို့ မျှော်လင့်နေကြသည်။ ကျိုးယန်ယန်၏ ပုံတွေကို သူတို့မတွေ့ခဲ့ရသော်လည်း ဆေးရုံသို့ ဝင်ထွက်နေသည့် စုန့်ယိဝမ်၏ ပုံအများအပြားကို ဖမ်းယူရရှိခဲ့သည်။

ဒါက သတင်းတန်ဖိုးကို တိုးစေသည်။

ထိုအချိန်အတောအတွင်း ကျိုးယန်ယန်မှာ ပို၍ အကောင်းမြင်လာခဲ့သည်။ တစ်ပတ်အကြာတွင် သူမသည် Weibo မှာ ဆယ်လ်ဖီပုံတစ်ပုံ တင်ခဲ့သည်။

"ဘဝခြေရာများ၊ မီးတောက်တွေထဲမှ ပြန်လည်မွေးဖွားလာခြင်း [heart]"

စုန့်ယိဝမ် သူမဖုန်းကို ယူကာပြောလိုက်သည်။ "ကောင်းကောင်းအနားယူပြီး ဒီအရာတွေနဲ့ အနှာင့်အယှက်ဖြစ်ခံနေတာတွေကို ရပ်လိုက်တော့။ ဗိုက်ဆာနေပြီလား။ ကိုယ် စားစရာတစ်ခုခု မှာလိုက်မယ်"

ကျိုးယန်ယန် ခေါင်းခါလိုက်ပြီး သူမရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ကြည့်လိုက်သည်။ "အဲဒီတုန်းက သေရတော့မယ်လို့ ထင်နေတာပြီးတော့ ကျွန်မ နာကျင်မှုကို မခံစားနိုင်ခဲ့ဘူး"

သူ မျက်မှောင်ကြုတ်လိုက်သည်။ "အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့တော့"

ကျိုးယန်ယန် ပေါ့ပေါ့ပါးပါး ဆက်ပြောလိုက်သည်။ "ခွဲစိတ်တဲ့ညက ကျွန်မ အိပ်မက်မက်ခဲ့တယ်"

စုန့်ယိဝမ် မေးလိုက်သည်။ "ဘယ်လိုအိပ်မက်မျိုးလဲ"

ကျိုးယန်ယန်က သူမ မျက်လုံးတွေကို မှေးလိုက်သည်။ "ကျွန်မ အထက်တန်း စီနီယာနှစ်ကို ပြန်ရောက်သွားပြီး သင်္ချာအတန်း ပြီးသွားတဲ့အချိန်ကို အိပ်မက်မက်နေတာ။ နောက်အပတ်မှာ လစဉ်စာမေးပွဲဖြေရမှာ။ လင်းဝူ နဲ့ ချင်းဟန်တို့က မေးခွန်းတွေ ဆွေးနွေးနေကြတယ်၊ ကျန်းရှောင်လည်း အဲဒီမှာပဲ ရှိနေတယ်။ ကျွန်မလည်း ရှိနေတယ်။ လင်းဝူ၊ ကျန်းရှောင်တို့နဲ့ ကျွန်မရဲ့ဆက်ဆံရေး ဘယ်တုန်းကမှ မကောင်းခဲ့ဘူး..."

"ချင်းဟန် ကြောင့်လား" စုန့်ယိဝမ် သူမကို စေ့စေ့ကြည့်လိုက်သည်။

ကျိုးယန်ယန်က သူ့အကြည့်ကို မရှောင်ခဲ့ပေ။ "ဟုတ်တယ်၊ ကျွန်မတို့ အတန်းထဲက ကောင်မလေးတော်တော်များများက သူ့ကို သဘောကျကြတယ်၊ ကျွန်မလည်း သူတို့ထဲက တစ်ယောက်ပဲ။ သူရဲ့အဆင့်တွေကအရမ်းကောင်းတယ် ပြီးတော့ အခု ဆရာဝန် ဖြစ်နေပြီ။ ယိဝမ်၊ သူ့ကြောင့်မို့ ကျွန်မ သိပ္ပံပညာကို ရွေးချယ်ခဲ့တာ၊ အထက်တန်း ဒုတိယနှစ်မှာ၊ အဖေ့ကို ကျွန်မ သူနဲ့အတူတူ အတန်းတက်ရအောင် စီစဉ်ခိုင်းခဲ့တာ"

ဆေးရုံခန်းထဲမှာတော့ ငြိမ်သက်နေသည်။

စုန့်ယိဝမ် ရဲ့ အသံကအောပြီး နက်နဲသည်။ "ယန်ယန်၊ မင်းဘာပြောဖို့ကြိုးစားနေတာလဲ"

"ကျွန်မက အရမ်းဇွတ်တရွတ်နိုင်ပြီး အမှားတွေ အများကြီးလုပ်ဖူးတယ်။ ကျန်းရှောင်ကို သဘောမကျခဲ့သလို သူမရဲ့ 2B ခဲတံတွေကိုတောင် လဲပြီး သူမရဲ့ အဖြေတွေကို ရှင်းရှင်းလင်းလင်း မသိရအောင်လုပ်ခဲ့တာ"

စုန့်ယိဝမ်က သူမ၏ ညာလက်ကို ဆုပ်ကိုင်ထားပြီး သူ၏ မေးစေ့က တင်းသွားကာ သူ့မျက်ခုံးကြားမှု လွမ်းဆွေးမှု အရိပ်အမြွက် ပေါ်လာသည်။ "အဲဒီတုန်းက မင်း မရင့်ကျက်သေးလို့လေ"

ကျိုးယန်ယန် လှောင်ပြုံး ပြုံးလိုက်သည်။ "ကျွန်မ မှားတဲ့အရာတွေ တစ်ခုထက်ပိုပြီးလုပ်ဖူးတယ်" သူမရဲ့လက်ကိုဆွဲဖယ်လိုက်ပြီး သူ့မျက်နှာကို ထိလိုက်သည်။

"ယိဝမ် ရှင်သိရဲ့လား။ တကယ်တော့ ရှင့်ရဲ့ဘေးတစောင်းပုံက ချင်းဟန် တော်တော်တူတယ်"

စုန့်ယိဝမ် မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။

"တောင်းပန်ပါတယ်" ကျိုးယန်ယန် စိတ်ရှုပ်ထွေးနေပုံရသော်လည်း သူမ သူ့ကို အပြုံးရေးရေးလေး ပေးလိုက်သည်။

စုန့်ယိဝမ်က နောက်ဆုံးစကားမပြောခင် သူ့နှုတ်ခမ်းတွေကို အချိန်အကြာကြီး ဖိထားသည်။ “အဲဒိီညတုန်းက မင်း အသိစိတ်လွတ်နေတဲ့ချိန် မင်း သူ့နာမည်ကို ဆက်တိုက်ခေါ်နေတာ"

ကျိုးယန်ယန် ထိတ်လန့်သွားပြီး သူမ ရေရွတ်လိုက်သည်။ "တောင်းပန်ပါတယ်"

တောင်းပန်တာလေးတစ်ခုက ဘာတွေပြောင်းလဲနိုင်လို့လဲ။

တံခါးအပြင်ဘက်တွင် ကျန်းရှောင်က ပဲပင်ပေါက်လေးရဲ့ လက်ကို ကိုင်ထားသည်။

"မေမေ၊ သားတို့ အထဲဝင်သင့်လား"

ကျန်းရှောင်က သူတို့စကားတွေကို ခိုးနားထောင်ဖို့ မရည်ရွယ်ပေမယ့် သူမ ကြားလိုက်ရပြီး အနည်းငယ် စိတ်မကောင်းဖြစ်မိတာကို မရှောင်နိုင်ခဲ့ပေ။ သူမကိုယ်တိုင်စိတ်ကိုထိန်းပြီး လက်ကို မြှောက်ကာ တံခါးခေါက်လိုက်သည်။

"တံခါးလော့ခ်မချထားဘူး။ အထဲ ဝင်လာခဲ့ပါ"

ပဲပင်ပေါက်လေးက ပြေးဝင်သွားခဲ့သည်။ "တီတီ"

ကျိုးယန်ယန်ရဲ့ နှုတ်ခမ်းတွေကွေးသွားကာ ပြုံးလိုက်သည် "မူမူ၊ နောက်ဆုံးတော့ တီတီ့ကို လာတွေ့ပြီပေါ့"

ပဲပင်ပေါက်လေး နှုတ်ခမ်းစူလိုက်သည်။ "တီတီ အရမ်းနာသွားလား"

"မနာတော့ပါဘူး"

ပဲပင်ပေါက်လေးက ပတ်တီးတွေနဲ့ ပတ်ထားသည့် သူမ၏ လက်နှင့် ခြေထောက်ကို ကြည့်ကာ အသည်းကွဲသွားသလို ခံစားလိုက်ရသည်။ "တီတီ မြန်မြန်ပြန်ကောင်းလာရမယ်နော်"

ကျန်းရှောင်က သူတို့ဘေးမှာ ထိုင်နေတဲ့ စုန့်ယိဝမ်ကို ကြည့်လိုက်သည်။ ဘာမျက်နှာအမူအရာမှ မပြဘဲ ထိုနေရာတွင် ထိုင်နေကာ တုံ့ပြန်တဲ့အနေနဲ့ သူမကိုရေးရေးလေးပြုံးပြခဲ့သည်။

ပဲပင်ပေါက်လေးက သူ့တီတီကို စစ်ဆေးပြီးနောက် စုန့်ယိဝမ်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သူက ရှက်တတ်တဲ့ ကလေးမဟုတ်သလို စုန့်ယိဝမ်က သူ့ကိုကြည့်နေတာကို မြင်တော့ သူ့ရဲ့ အဖြူရောင် သွားလေးတွေ ပေါ်လာသည်။

ကျိုးယန်ယန်ပြောလိုက်သည်။ "မူမူ၊ သူ့ကို ဦးဦးလို့ခေါ်လိုက် "

ပဲပင်ပေါက်လေးက ခြေတိုတိုဖြင့် ခြေလှမ်းသေးသေးလေးလှမ်းကာ စုန့်ယိဝမ် ဆီသို့ လျှောက်လာခဲ့သည်။ "သား အရင်က ဦးဦးကို တွေ့ဖူးတယ်"

ကျန်းရှောင် ရှင်းပြလိုက်သည်။ "မင်းသရုပ်ဆောင်ခဲ့တဲ့ တီဗီစီးရီးမှာ သူ မင်းကို မြင်ဖူးတာ"

ပဲပင်ပေါက်လေးက မော့ကြည့်လိုက်သည်။ "သားရဲ့ဦးဦးပေါ့ ဟုတ်လား။ တီတီက ဦးဦးရဲ့ပုံတွေကို သားကိုပြတယ်။ ဦးဦး...." "ဦးဦး" ဆိုပြီးခေါ်လိုက်တာက ကျယ်လောင်ပြီး အနည်းငယ် အဆင်မပြေပေ။

ကျန်းရှောင်၏ အမူအရာမှာ တောင့်တင်းသွားကာ သူမ အတင်းပြုံးပြီး ပြောလိုက်သည်။ "မူမူ၊ တီတီအတွက် လက်ဆောင်တွေ ယူလာတာမဟုတ်ဘူးလား၊ လာ တီတီ့ကို ပေးလိုက်ဦး"

ပဲပင်ပေါက်လေးရဲ့ အာရုံကို အောင်မြင်စွာ လမ်းကြောင်း ပြောင်းခဲ့သည်။

စုန့်ယိဝမ် မတ်တပ်ထရပ်လိုက်သည်။ "မနက်ဖြန် ပဲရစ်ကို သွားရမှာဆိုတော့ အိမ်ပြန်ပြီး ပြင်ဆင်လိုက်ဦးမယ်။ ယန်ယန် ကျန်းမာရေး ဂရုစိုက်ပြီး ကောင်းကောင်းအနားယူ "

ကျိုးယန်ယန်က ဒီရုတ်တရက် ထွက်ခွာသွားတာကို မမျှော်လင့်ထားပေမယ့် နောက်ထပ် မေးခွန်းတွေ မမေးခဲ့ပေ။ "လမ်းခရီးမှာ ဘေးကင်းပါစေ"

စုန့်ယိဝမ် ခေါင်းညိတ်လိုက်သည်။

ကျန်းရှောင်နဲ့ သူ အတူတူ ထွက်ခွာသွားကြသည်။

အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိပြီး ပါးစပ်ထဲထည့်လိုက်သည်။

"မင်း ဆေးလိပ်သောက်တာကို သတင်းထောက်တွေမိသွားမှာ မကြောက်ဘူးလား" ကျန်းရှောင်က သူ့ထံမှ စီးကရက်ကို ယူရန် ကြိုးစားသော်လည်း စုန့်ယိဝမ်က သူမလက်ကို ရှောင်လိုက်သည်။

"တစ်လိပ်ပဲ သောက်မှာ။ အစ်မကျန်း၊ ဆက်လုပ်ပါ။ ကျွန်တော်မှာ နားတွေရှိတယ်"

"ဒီတစ်ခါတော့ မစွက်ဖက်တော့ဘူး။ ဓာတ်ပုံဆရာကို ဓာတ်ပုံများများ ရိုက်ခိုင်းဖို့ မမေ့နဲ့။ မီဒီယာကို ပေးခဲ့တဲ့ ဓာတ်ပုံတွေအတွက်တော့ သူတို့ကိုအရမ်းကြီး မထိသွားစေနဲ့"

"အစ်မကျန်း၊ ကျွန်တော်က တကယ်ပဲ ချင်းဟန်နဲ့ တူလား"

ကျန်းရှောင် လည်ချောင်း ရှင်းလိုက်သည်။ "နည်းနည်းပါပဲ"

စုန့်ယိဝမ် ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ "ကျွန်တော့်ရဲ့ မျက်နှာကို ထပ်ပြီး ကျေနပ်မှုမရှိတော့ဘူး"

"ယန်ယန် ပြောတာကို သိပ်ဂရုစိုက်မနေပါနဲ့"

"ကျွန်တော် အဆင်ပြေပါတယ်။ အခုကျွန်တော် ပြန်လာခဲ့မယ်" စုန့်ယိဝမ် ပြုံးလိုက်သည်။

"ကျွန်တော့်ရဲ့ပထမဆုံးအချစ်ရေးမှာ ဒီလိုဆန်းကျယ်တဲ့အခြေနေကို ကြုံခဲ့ရတာပဲလေ။ အတွေ့အကြုံပိုရလာတာနဲ့အမျှ ကျွန်တော် ခံနိုင်ရည်မရှိနိုင်တော့တာ ဖြစ်နိုင်တယ်"

ကျန်းရှောင် အံကြိတ်လိုက်သည်။ "မင်းရဲ့အလုပ်ကို သေချာအာရုံစိုက်ဖို့ပဲ လုပ်ပါ။ မှန်ကန်တဲ့ အတွေးအမြင်ကို ရအောင်ယူ။ မင်းတို့နှစ်ယောက်လည်း စိတ်အေးအေးထားဖို့ လိုတယ်"

"အစ်မက ရက်စက်လိုက်တာ!" သူ့လက်ကို ဝှေ့ယမ်းကာ လှည့်ထွက်သွားပြီး သူ့နောက်ကျောက တဖြည်းဖြည်းမှေးမှိန်သွားခဲ့သည်။

သူ့ပုံသဏ္ဍာန်က အေးစက်ပြီး ဥပေက္ခာပြုကာ သူ့အနီးနားရှိလူများ၏ အကြည့်များကို ဂရုမစိုက်ဘဲ နောက်ပြန်မလှည့်တော့ဘဲ ရှေ့တည့်တည့် လျှောက်သွားခဲ့သည်။

ဒီအချိန်မှာ အလုပ်က အကောင်းဆုံး ဖျန်ဖြေပေးတဲ့အရာပဲ။

ကျန်းရှောင် လူနာခန်းသို့ ပြန်လာခဲ့သည်။ ကျိုးယန်ယန် ထိုနေရာတွင် လှဲနေပြီး ကျိုးစစ်မူနဲ့ အိုင်ဒေါ ဒရာမာ ကြည့်နေသည်။

ကျိုးယန်ယန် သူမရဲ့ မျက်ခွံတွေကို အနည်းငယ်ပင့်လိုက်သည်။ " အစ်ကိုကော "

"သူ့ သူငယ်ချင်းရဲ့ မွေးနေ့ပါတီသွားတယ် " ကျန်းရှောင် ခဏတာ တုံ့ဆိုင်းသွားသော်လည်း ထပ်မမေးဖို့ ဆုံးဖြတ်လိုက်သည်။

ကျိုးယန်ယန်နဲ့ သူမရဲ့ ဆက်ဆံရေးက ဘယ်တုန်းကမှ အထူးတလည်ရင်းနှီးမှု မရှိခဲ့သလို သူမ အဲဒီနယ်နိမိတ်ကိုလည်း မဖြတ်ကျော်နိုင်ခဲ့ပေ။ သူမ အပူထိန်းခွက်ကိုထုတ်ကာ ကျိုးယန်ယန်ကို အသားဆန်ပြုတ် တစ်ပန်းကန် တိုက်လိုက်သည်။

ကျိုးယန်ယန်ရဲ့ စိတ်တွေ တည်ငြိမ်နေခဲ့သည်။ အသားဆန်ပြုတ်ကို အကုန်သောက်ခဲ့သည်။

ကျိုးရှို့လင်းက ယွိရှောင်ယွိ အမည်ရှိ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦး၏ မွေးနေ့ပွဲကို တက်ရောက်ခဲ့သည်။ ညနေခင်းတွင် မလွှဲမရှောင်သာ သောက်ခဲ့တော့ မူးလာပြီး ကျန်းချင်မှ ပြန်ခေါ်လာခဲ့ရသည်။

ကျန်းရှောင် မျက်ခုံးကြုတ်လိုက်သည်။ " သူဘယ်လောက်ထိ သောက်ခဲ့တာလဲ"

"ဝိုင်နီတစ်ပုလင်းလောက်"

ကျန်းရှောင် ပြောလိုက်သည်။ "Boss ယွိ ရဲ့ အရှိန်အဝါက တကယ်ကို ကြီးတာပဲ။ သူ အရက်မူးတာကို ကျွန်မ ပထမဆုံးမြင်ဖူးတာပဲ"

ကျန်းချင် ပြုံးဖြဲဖြဲလုပ်လိုက်သည်။ "သူ မစ္စတာမိုနဲ့ တခြားသူတွေနဲ့ အရက်သောက်နေတာ ပြီးတော့ အကုန်လုံး နည်းနည်း များသွားကြတယ် "

"ပြန်ပြီးကောင်းကောင်း အနားယူလိုက်တော့ " လို့ ကျန်းရှောင်ပြောလိုက်သည်။

ကျန်းချင် ချက်​ချင်း ထွက်​သွားခဲ့သည်​။

ကျန်းရှောင်က သူ့ဘေးနားမှာ ထိုင်လိုက်ပြီး သူ့အင်္ကျီကို ကြယ်သီးကိုဖြုတ်ရန် ကြိုးစားလိုက်သည်။ ကြယ်သီးတွေက ကြပ်နေတော့ သူမ ၎င်းတို့နှင့် ခဏတာ ရုန်းကန်နေရသည်။

ကျိုးရှို့လင်း အသံထွက်လာခဲ့သည်။ "မင်း ဘာလုပ်နေတာလဲ"

ကျန်းရှောင်က သူ့ကို တကယ်နှိုးပစ်ပြီး ဒေါသ ထွက်ချင်နေပေမယ့် သော်နိုင် (ကြောင်လေး Soy Milk) က သူတို့နှစ်ယောက်ဆီ ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး နှစ်ကြိမ်အော်ခဲ့သည်။ တောက်ပသော အနက်ရောင် မျက်လုံးတစ်စုံက သူတို့ကို စိုက်ကြည့်နေသည်။

ကျန်းရှောင် နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့လည်ပင်းကို သူမရဲ့လက်ချောင်းထိပ်တွေနဲ့ ကစားခဲ့သည်။ "ဆရာ၊ ဝန်ဆောင်မှုတစ်ခုခုများ လိုအပ်သေးလားရှင့်။ စိတ်ကျေနပ်မှုမရှိဘူးဆိုရင် ပိုက်ဆံပေးစရာမလိုပါဘူး "

ကျိုးရှို့လင်း မျက်လုံးတွေကိုမှေးလိုက်ပြီး ကျန်းရှောင်ရဲ့ မျက်နှာကို စိုက်ကြည့်ကာ သူမခါးကို သူ့ခန္ဓာကိုယ်ဘက် ဆွဲကပ်လိုက်သည်။ "မင်းက ငါ့မိန်းမနဲ့ တော်တော်တူတာပဲ!"

ကျန်းရှောင်က သူ့ပေါင်ကိုကားယားခွထိုင်လိုက်သည်။ "ရှင့်မိန်းမက ကျွန်မလောက် လှလို့လား"

ကျိုးရှို့လင်း အပြုံးက နက်နဲလာသည်။ "ငါ့မိန်းမက ငါ့ရဲ့နတ်သမီးလေး"

နောက်ဆုံးမှာတော့ ကျန်းရှောင် မထိန်းနိုင်ဘဲ အကျယ်ကြီး ရယ်မောပစ်လိုက်သည်။ သူမ သူ့အတွက် ရေတစ်ခွက် လောင်းထည့်ပေးဖို့ သူမ ထတော့မည့်အချိန်မှာ ကျိုးရှို့လင်းက သူမရဲ့ ခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။

"ဟေး၊ ကျွန်မကို ဆင်းခွင့်ပေးဦး"

"မင်း စိတ်ကျေနပ်မှုမရှိရင် ပိုက်ဆံပေးစရာ မလိုဘူး"

.....

ခဏကြာတော့ ဧည့်သည်ခန်းထဲက အိပ်ခန်းထဲမှာ အော်သံတွေနဲ့ ပြည့်နှက်သွားခဲ့သည်။

"ကျိုးရှို့လင်း၊ ရှင် လူလိမ်!"

"ကျိုးရှို့လင်း! နောင်မှာ ရှင်ဒီလောက်ထိ သောက်ခွင့်မရှိတော့ဘူး!"

...

နောက်တစ်နေ့မနက်မှာတော့ ကျန်းရှောင် နိုးတဝက်အိပ်တဝက်ဖြင့် လည်ပင်းမှာ ယားယံတဲ့ ဝေဒနာကို ခံစားခဲ့ရသည်။ သူမလက်ကို မြှောက်ပြီး သူ့ကိုရိုက်လိုက်သည်။

ကျိုးရှို့လင်းက သူမရဲ့ လည်ပင်းကို နမ်းလိုက်သည်။ "ဒီနေ့ မပြေးတော့ဘူးလား"

ညည်းညူလိုက်ပြီး ကျန်းရှောင် ဟိုဘက်ကိုလှည့်ပြီး ဆက်အိပ်ခဲ့သည်။ သူမ ယွင်နီ မြို့မှာ အသံသွင်းဖို့သွားရန် သုံးရက်လိုသေးတယ် ပြီးတော့ တစ်လခွဲကျော်ကြာအောင် သူနဲ့တွေ့လို့မရနိုင်တော့ဘူး။

ကျိုးရှို့လင်း ထလာပြီး အဝတ်အစားလဲကာ အိပ်ခန်းထဲက ထွက်လာသည်။ သူ့သားက နိုးတောင်နိုးနေပြီး Soy Milk (ကြောင်) နဲ့ ကစားနေသည်။

"ဖေဖေ၊ မေမေခုထိ မနိုးသေးဘူးလား"

"မေမေက မနေ့ညက အိပ်ရာဝင်တာ နဲနဲနောက်ကျသွားလို့ သူ့ကိုခဏလောက် ပေးအိပ်ထားတယ် "

ပဲပင်ပေါက်လေးပြောလိုက်သည်။ "ဖေဖေတို့တွေက သားကို အမြဲတမ်း စောစောအိပ်ခိုင်းတယ်။ သား အိပ်ပျော်သွားတဲ့အခါ ဖေဖေတို့ဘာသာ ကစားကတယ်။ ဟင့်!"

ကျိုးရှို့လင်း အံ့အားသင့်သွားပြီး သားဖြစ်သူ၏ ဆံပင်တွေကို ဖွလိုက်သည်။ "လူရှုပ်ကလေး၊ ဘာလို့လဲဆိုတော့ ဖေဖေတို့က အရွယ်ရောက်ပြီးသားတွေမလို့လေ"

သူက နွားနို့နဲ့ကြက်ဥတွေ လုပ်ပေးခဲ့ပြီး ပဲပင်ပေါက်လေးက ထမင်းစားပွဲ၌ထိုင်ကာ သပ်သပ်ရပ်ရပ်စားခဲ့သည်။

ကျိုးရှို့လင်း နို့တစ်ခွက်နဲ့ အိပ်ခန်းထဲ ပြန်လာခဲ့သည်။ ကျန်းရှောင်က အိပ်ပျော်နေတုန်းပင်။ သူ သူမကို ထိုင်ခိုင်းလိုက်ပြီးဖက်ထားကာ သူမကို နွားနို့တစ်ခွက်လုံးနီးပါး တိုက်ခဲ့သည်။ "ပရိုဂရမ်အတွက် ဒီနေ့ ကိုယ်တို့ အဝတ်အစားဝယ်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား"

ကျန်းရှောင် အားအင်တွေ မရှိတော့ဘဲ မျက်လုံးတွေကို မှိတ်ထားရင်း ဒေါသတကြီးနဲ့ ပြောလိုက်သည်။ "ကျွန်မ ဘယ်လောက် အလုပ်ရှုပ်နေလဲဆိုတာ ရှင်သိနေတာကို ကျွန်မကို ရှင်လာနှောင့်ယှက်တာ"

ကျိုးရှို့လင်း ရယ်လိုက်သည်။ "ပစ္စည်းနည်းနည်းတော့ ယူလာလိုက်၊ မင်းမေ့နေတဲ့ဟာကို တစ်ယောက်ယောက်ကို ပို့ခိုင်းလိုက်မယ်"

ကျန်းရှောင် သူမ၏ မျက်ခွံများကို ပင့်လိုက်သည်။ "ရှင့်ကို ကျွန်မရဲ့ပရိုဂရမ်မှာပါဖို့ ဖိတ်ဖို့ မစီစဉ်ထားဘူး"

ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "မနေ့ညက မင်းပေးခဲ့တဲ့ ဝန်ဆောင်မှုကို တွေးကြည့်တော့ ကိုယ် အရမ်းစိတ်ကျေနပ်မှုရှိတယ်။ ပံ့ပိုးပေးတဲ့ အလုပ်ကို ကိုယ်လုပ်ပေးမယ်လေ"

All Chapters