အခန်း (၁၀၆)
Vol. 9 Ch. 106
သြဂုတ်လကုန်၌ ကျန်းရှောင်သည် သူမ၏ခရီးကို စတင်ခဲ့သည်။ ထွက်ခွာသည့်နေ့တွင် သားအမိသားဖသုံးယောက်လုံး ခြံဝင်းထဲတွင် ရပ်နေကြပြီး သားအဖနှစ်ယောက်စလုံး သူမအား တွန့်ဆုတ်နေတဲ့ အမူအရာဖြင့် ကြည့်နေကြသည်။ အမှန်မှာ၊ သူတို့က သားအဖတွေဖြစ်ပြီး၊ သူတို့၏အကြည့်တွေက ဤအခိုက်အတန့်တွင် တစ်စုတစ်စည်းတည်းဖြစ်နေသည်။
ကျန်းရှောင် လေးလံနေတဲ့နှလုံးသားကို ခံစားလိုက်ရသည်။ ဒါက သူမ အိမ်ထောင်ပြုပြီးကတည်းက ဒီခရီးက သူမသွားဖူးတဲ့ထဲမှာ အကြာဆုံး စီးပွားရေးခရီးတစ်ခုဖြစ်သည်။ "မကြာခင်ပြန်လာမှာပါ"
ကျိုးရှို့လင်းက ခုထိ စကားမပြောသေးပေမယ့် သားဖြစ်သူကတော့ ငိုယိုပြီး အသည်းကွဲနေပြီပင်။ "မေမေ၊ သညးကို တကယ်ပဲ မခေါ်သွားဘူးလား"
"မေမေက အလုပ်လုပ်ဖို့ သွားမှာလေ"
ပဲပင်ပေါက်လေးက သူမ၏ခြေထောက်တွင် တွယ်ကပ်နေသည်။ "မေမေ၊ သား မြန်မြန်ကြီးလာချင်တယ်၊ သားပိုက်ဆံရှာတဲ့အခါကျရင် မေမေ အလုပ်သွားစရာမလိုတော့ဘူး"
သူ့လေသံက သူ့အဖေကပဲ တော်တော် အသုံးမကျသလိုမျိုး အသံထွက်နေသည်။
ကျိုးရှို့လင်းက ပဲပင်ပေါက်လေးကို မထီမဲ့မြင်ပြုတဲ့ အကြည့်ဖြင့်ကြည့်လိုက်သည်။ "ကျိုးစစ်မူ၊ ဒီမနက် Soy Milkကို အစာကျွေးဖို့ မေ့နေတာလား"
ပဲပင်ပေါက်လေးက နှစ်ကြိမ် မျက်တောင်ခတ်လိုက်သည်။ "မကျွေးရသေးဘူး ထင်တယ်။ ဖေဖေ သားကိုကူပြီး သူမကို အစာကျွေးပေးလို့ရမလား "
ကျိုးရှို့လင်း ခပ်တည်တည်နဲ့ပြောလိုက်သည်။ "သနားစရာကောင်းလိုက်တာ၊ သူမ တစ်ညလုံး ဘာမှ မစားရသေးဘူး။ သူမရဲ့ဗိုက်တော့ အခုထိအောင့်နေတော့မှာပဲ"
ပဲပင်ပေါက်လေးက မျက်ခုံးကိုကြုတ်ကာ သူ့ဗိုက်လေးကို ထိလိုက်သည်။ သူ့အမေနဲ့ စကားပြောချင်ပေမယ့် Soy Milkကိုလည်း ဗိုက်မဆာစေချင်ပေ။
"မေမေ ဂရုစိုက်ပြီးနေနော် သူစိမ်းတွေနဲ့ စကားမပြောနဲ့၊ ကြုံသလိုလည်း မစားနဲ့။ မေမေ၊ သားအခုပဲ Soy Milkကို အစား သွားကျွေးလိုက်ဦးမယ်"
ကျန်းရှောင် ပြန်ပြောလိုက်သည်။ "ကောင်းပါပြီ" အခု သူမရဲ့သားက ကြောင်ကို သူမထက် ပိုတန်ဖိုးထားပုံရသည်။
ကျိုးရှို့လင်း မျက်ခုံးကြုတ်လိုက်သည်။ ကောင်ဆိုးလေး၊ ငါ့ရဲ့စာကြောင်းတွေကို ခိုးသွားတယ်။
ကံကောင်းထောက်မစွာ၊ မီးလုံးကြီးက နောက်ဆုံးတွင် ကျန်ခဲ့သည်။
ကျိုးရှို့လင်း စကားပြောခဲ့သည်။ "ဒီပွဲမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ကြုံလာရရင် နေရာမှန်မှာ လိုက်လျောညီထွေ ဖြစ်အောင်နေ။ ကိုယ့်အတွက်တော့ စိတ်မပူနဲ့"
ကျန်းရှောင် မျက်ခုံးပင့်လိုက်သည်။ "ဘာဖြစ်နိုင်မှာမလို့လဲ။ ကျွန်မက နာမည်ကြီး ဆယ်လီမဟုတ်သလို အင်တာနက်သုံးစွဲသူတွေကလည်း ကျွန်မရဲ့ယောကျ်ားအကြောင်း သိပ်စိတ်မ၀င်စားကြဘူး။ အခုအချိန်မှာ လူတိုင်းက ပဲပင်ပေါက်လေးကို မြင်ချင်နေကြတာ "
ကျိုးရှို့လင်း သူမရဲ့ဆံပင်ကိုသပ်ပေးလိုက်သည်။ "ပရိုဂရမ်အဖွဲ့က အဆင့်သတ်မှတ်ချက်တွေနဲ့ ဆွေးနွေးမှုတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အချက်အချို့ကို ဖန်တီးဖို့ သေချာပေါက်ကြိုးစားလိမ့်မယ်"
ဖျော်ဖြေရေး နယ်ပယ်မှ မန်နေဂျာ အများအပြားကို လျှော့တွက် မထားသင့်ပေ။ ဖျော်ဖြေရေးလောကမှာ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့အားလုံးမှာ ကိုယ်ပိုင်လှည့်ကွက်တွေရှိကြသည်။
"စိတ်မပူပါနဲ့ ကျွန်မ သတိထားပါ့မယ်။ ဒါဆို ကျေးဇူးပြုပြီး ဒီအချိန်လေးမှာ အလုပ်ကြိုးစားလုပ်" သူမ ခေါင်းကို အနည်းငယ်စောင်းကာ သူ့ကို ကြည့်လိုက်သည်။
သူမရဲ့ မျက်လုံးတွေထဲမှာ ချစ်ခင်မှုအပြည့်ရှိနေသည်။ အနားမှာ ဘယ်သူမှမရှိချိန်မှာ သူမ ရုတ်တရက် ခြေဖျားထောက်ပြီး သူ့ရဲ့နှုတ်ခမ်းကို ခပ်မြန်မြန် နမ်းလိုက်သည်။ "သွားပြီ"
"ခဏ-" ဒါက ခဏတာ အနမ်းလေးနဲ့ နှုတ်ဆက်ဖို့ သူမ ရည်ရွယ်ထားတာလား။
"ဟင်"
“နှုတ်ဆက်တဲ့အနမ်းက ဒီလိုမျိုးဖြစ်သင့်တာ” ထိုစကားနဲ့ သူ့နှုတ်ခမ်းတွေက သူမကို နွေးထွေးမှုတစ်ခု ဖန်တီးပေးခဲ့သည်။
ကံကောင်းထောက်မစွာ သူတို့က သူတို့ရဲ့ကိုယ်ပိုင်အိမ် ခြံဝင်းထဲတွင် ရှိနေခဲ့သည်။ ကံကောင်းထောက်မစွာ ကျန်းရှောက်က ပရိုဂရမ်အဖွဲ့သားတွေကို သူမကို လာမခေါ်ခိုင်းဖို့ အခိုင်အမာပြောထားခဲ့လို့သာပင်။ ဒီလိုမှမဟုတ်ဘဲ ဒီမြင်ကွင်းကိုသာ ထုတ်လွှင့်ခဲ့မယ်ဆိုရင် အာရုံစိုက်စရာတွေ ဖြစ်လာမှာသေချာသည်။
ကျိုးရှို့လင်းရဲ့ လက်ချောင်းထိပ်တွေက သူမ၏ရဲ့နှုတ်ခမ်းထောင့်ကို ညင်သာစွာ ခြေရာခံခဲ့သည်။ "ကိုယ်တို့သားလေးပြောတာကို မှတ်ထား"
ကျန်းရှောင်ရဲ့ မျက်လုံးတွေက ပြုံးနေခဲ့သည်။ "ကျွန်မ ရှင့်ကို တိတ်တိတ်လေး ဖုန်းဆက်လိုက်မယ်"
ကျိုးရှို့လင်း မျက်ခုံးကို အနည်းငယ်ကြုတ်လိုက်သည်။ "မစ္စစ်ကျိုး၊ မင်း ကိုယ့်ကို ပွင့်ပွင့်လင်းလင်း ခေါ်ရင်လည်း ကိုယ် စိတ်မဆိုးဘူး။ ကိုယ်ဘာပဲလုပ်နေနေ မင်းဖုန်းကို ချက်ချင်းပြန်ဖြေမှာ"
ကျန်းရှောင် သူမရဲ့နှုတ်ခမ်းတွေကိုဖိကာ ဖြည်းညှင်းစွာ ရယ်လိုက်သည်။ "သွားတော့မယ်"
ယွင်နီ မြို့က ဂျေ ပြည်နယ် အရှေ့ဘက်ခြမ်းရှိ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း ဒေသတွင်း ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ရှုခင်းသာ ခရီးသွားဧရိယာကို ဖန်တီးပေးခဲ့သည်။
လူသိများတဲ့ နေရာတွေလောက် မကျော်ကြားတဲ့အတွက် ခရီးသွားတွေ သိပ်မရှိပေ။ ပင်လယ်က ကြည်လင်ပြာလဲ့နေပြီး လေက လတ်ဆတ်ကာ သာယာကာ ပရိုဂရမ်အဖွဲ့က အမှန်တကယ်ပင် ကြိုးစားအားထုတ်ခဲ့ကြသည်။
"The Most Beautiful Talent Manager" ရဲ့ ပရိုဂရမ်အဖွဲ့မှ တရားဝင်အခြေချပြီးနောက်တွင် ဧည့်သည်လေးဦးကို အတွဲတွေတွဲပေးကာ ခြံဝင်းတစ်ခုအတွင်း နေထိုင်သည့်နေရာကို မျှဝေခဲ့သည်။
တရားမျှတမှုရှိစေရန်၊ ဘယ်သူနဲ့တွဲရမည်ဆိုတာကို ဆုံးဖြတ်ရန် မဲနှိုက်ခဲ့ကြပြီး၊ နောက်ဆုံးတွင် ကျန်းရှောင်က ရှန်းမီနာနဲ့တွဲရပြီး ဖန်းမူက စွင်းကျင့် နှင့်တွဲခဲ့သည်။
အစပိုင်းတွင် လူတိုင်းက အနည်းငယ်တောင့်တင်းနေပြီး အဆင်မပြေတဲ့ အမူအရာများဖြင့် ကင်မရာရှေ့တွင် ရှိနေကြသည်။ သူတို့အတွက် ပရိုဂရမ်အဖွဲ့ က စိတ်ပြင်ဆင်မှုတွေ လုပ်ပေးထားကြပေမယ့် သူတို့က ပရော်ဖက်ရှင်နယ် အနုပညာရှင်တွေ မဟုတ်ကြပေ။
ဒါရိုက်တာမှ စကားနှစ်ခွန်းကို မကြာခဏ ပြန်ပြောပေးရသည်။
"ကိုယ့်ရဲ့ပုံစံအစစ်အမှန်ကိုပဲ ပြ"
"ငါတို့ကို လူတွေလို မဆက်ဆံနဲ့"
သူတို့လွန်လွန်ကဲကဲ ဖြစ်လာတဲ့အခါတိုင်း ဒါရိုက်တာက သူတို့ကို သတိပေးခဲ့သည်။
ဒါပေမယ့် ဒုတိယနေ့မှာတော့ လူတိုင်းက အဲဒါကို ကျင့်သားရသွားပြီး သူတို့ရဲ့ စည်းချက်ထဲကို ဝင်သွားသည်။
ဒါရိုက်တာပြောသလိုပဲ သူတို့ကို လူသားတွေအဖြစ် တကယ်မဆက်ဆံတော့ဘူး။
သူတို့လေးယောက်က အသီးအရွက်တွေခူးပြီး အတူတူချက်ပြုတ်ကာ အိမ်ကိုလည်း သပ်သပ်ရပ်ရပ်လုပ်ကြသည်။ သူတိုအားလုံးက သူတို့ရဲ့ ပထမဆုံး လက်တွဲဖော်ကို စောင့်မျှော်နေကြသည်။
အားလုံးစီစဉ်ပြီးသည်နှင့် ပထမအသုတ် ပါတနာတွေ ရောက်လာသည်။
ရှန်းမီနာက သရုပ်ဆောင် XX ကို ခေါ်လာကာ ဖန်းမူက အားကစားလောကမှ အမျိုးသား အားကစားသမား XXX ကို ခေါ်ဆောင်လာပြီး စွင်းကျင့်က အမျိုးသမီး hostကို ခေါ်လာခဲ့သည်။
ပရိုဂရမ်အစမှာ.......သူတို့က နာမည်ကြီးဆယ်လီတွေကို မဖိတ်ဘူး။ ကျန်းရဲ့ဖေဖေ ပေါ်လာသောအခါတွင် လေထုက ရုတ်တရက် ပြောင်းလဲသွားကြသည်။ လောကကြီးကို စိတ်ကုန်နေတဲ့ ရှေးပန်းချီဆရာက မှားယွင်းတဲ့ ခံစားချက်ကို ပေးစွမ်းခဲ့သည်။
တကယ်တော့ ပရိုဂရမ်အဖွဲ့က ကျန်းရှောင်ကို ကြိုမေးထားပြီး သူမ ခေါ်လာမှာ သေချာကြောင်း အတည်ပြုခဲ့သည်။
ကျန်းရှောင် စကားပြောလိုက်သည်။ "ဒါက ကျွန်မအဖေနဲ့ ပထမဆုံးအကြိမ် ခရီးသွားဖူးတာပါ"
ပရိုဂရမ်အဖွဲ့က အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။
ကျန်းယိက ပုံမှန်ပုံစံအတိုင်း ဆံပင်ရှည်ကြီးနဲ့ ဆံထုံးသေးသေးလေးထုံးထားသည်။
ကျန်းရှောင်က သူ့ရဲ့suitcaseကို ကူသယ်ပေးလိုက်သည်။
"ရပါတယ်"
"ဖေဖေ၊ အိတ်ထဲမှာ ဘာတွေထည့်လာတာလဲ။ ခွဲစိတ်ထားတဲ့ဟာကို "
"ပဲပင်ပေါက်လေးက သမီးအတွက် ဖရဲသီးတစ်လုံးယူသွားခိုင်းလို့"
"လေးနေတော့မှာပဲ"
“အလေးချိန်က အဓိက ပြဿနာမဟုတ်ဘူး။ လမ်းမှာ ဖရဲသီး ပိမိသွားမှာကို စိုးရိမ်လို့တောက်လျှောက် ကိုင်ထားရတယ်"
"ဒီကလေးကတော့ ဖေဖေ့ကို စိန်ခေါ်ရတာ ကြိုက်နေတာပဲ"
ကျန်းယိ တခစ်ခစ်ရယ်လိုက်သည်။ "သမီး ငယ်ငယ်တုန်းကလည်း ဒီလိုပဲ။ ပထမဆုံးအကြိမ် သူငယ်တန်းမှာ ချယ်ရီခရမ်းချဉ်သီးတွေ ကျွေးတာကိုမစားဘဲ အိပ်ကပ်ထဲထည့်ပြီး ဖေ့ဖေ့အတွက် တိတ်တိတ်လေး ယူလာပေးတာလေ"
ကျန်းရှောင် အံ့သြသွားသည်။ ပထမအချက်က ဒါကို သူမ လုံးဝ မမှတ်မိဘူး၊ ဒုတိယအနေနဲ့ သူတို့ အစီအစဉ်တစ်ခု ရိုက်ကူးနေတာ - သူ့အဖေက ဒါကို ကင်မရာရှေ့မှာ ပြောခဲ့တာလား။
သူမသည် ကင်မရာနှင့် ဝေးရာသို့ ရွှေ့ကာ သူ့ကို မျက်စိမှိတ်ပြလိုက်သည်။
ကျန်းယိ မေးလိုက်သည်။ "ဘာဖြစ်နေတာလဲ။ မျက်လုံးထဲ ဖုန်ဝင်သွားလို့လား"
ကျန်းရှောင် - "... " သူမအဖေက သူတို့ showရိုက်ကူးနေတာကို တကယ်မေ့နေတာလား။ သူမ ကင်မရာကို ရှောင်လိုက်ပြီး သူမရဲ့အဖေကို သတိထားဖို့ အမြန် သတိပေးလိုက်သည်။
ကျန်းယိ ရုတ်တရက်ဆိုသလို သတိရသွားသည်။ "အစီအစဉ်တစ်ခု ရိုက်နေတာ မေ့တော့မလို့"
ညနေပိုင်းတွင် ပထမဆုံး ဧည့်သည်များကို ကြိုဆိုရန်အတွက် အားလုံးစုပြီး ထမင်းစားကြသည်။
သူတို့သည် ၎င်းတို့၏ နေ့စဉ်ဘဝတွင် စျေးဝယ်ထွက်ခြင်း သို့မဟုတ် အပြင်မှာ မှာစားလေ့ရှိသော်လည်း ဤအစီအစဉ်အတွက် သူတို့အားလုံးသည် ဟင်းချက်ခြင်းအတွက် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။ ကျန်းယိ နဲ့ ကျန်းရှောင်တို့ကတော့ အဲ့အတွက်မပါဝင်ခဲ့ပေ။ အဲ့အစား လူတိုင်းအတွက် လက်ဖက်ရည်ဖျော်ပေးခဲ့သည်။
လူကြီးတစ်ယောက်အနေအဖြစ် ကျန်းယိကို လူတိုင်းက "ဦးလေးကျန်း " ဟု ယဉ်ကျေးစွာခေါ်ခဲ့ကြသည်။
လက်ရှိတွင် ယောကျ်ားလေးက တစ်ယောက်တည်းဖြစ်သောကြောင့် ဖန်းမူက ကျန်းယိနဲ့ ပိုရင်းနှီးခဲ့သည်။ "ဦးလေးကျန်း၊ ဒါက ဘယ်လိုလက်ဖက်ရည်မျိုးလဲ" လက်ဖက်ရည်အရောင်က အနီရင့်ရင့်နဲ့ သောက်လိုက်ရင် ငန်တဲ့အရသာရှိသည်။
"ဒါကို ချင်ဟိုင်းကနေ ယူလာတာ။ ဒေသအခေါ်အဝါက 'အိုချာ" တဲ့။ ဆားနဲ့ စီချွမ်း ငရုတ်ကောင်းမှုန့်တွေ ပါတယ်။ အဲဒါကို သောက်ရတာ ကျင်းသားမရနေပေမယ့် အစာအိမ်အတွက် ကောင်းတယ် "
ဖန်းမူက အစာအိမ် ပြဿနာရှိသဖြင့် ၎င်း၏ အကျိုးကျေးဇူးများကို ကြားသိပြီးနောက် ခွက်ကြီးကြီးတစ်လုံး သောက်လိုက်သည်။
"ဒါကို ကျွန်တော် ပထမဆုံး စမ်းသောက်ဖူးတာ။ ဦးလေးကျန်း၊ ဦးလေးက နေရာတော်တော်များများကို ခရီးထွက်ဖူးတာလား"
ကျန်းယိက ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ ခရီးသွားအတွေ့အကြုံတွေကို ဝေမျှပေးခဲ့သည်။
အားလုံးအခြေချပြီးသောအခါ ကျန်းယိ ပြောနေသည့် အတိတ်အကြောင်း နားထောင်ရန် ဝိုင်းဖွဲ့လာကြသည်။
စွင်းကျင့်က စပ်စုချင်စိတ်ဖြင့် နောက်ပိုင်းမှာ ကျန်းယိရဲ့ နာမည်ကို အင်တာနက်ပေါ်တွင် ရှာဖွေခဲ့သည်။ ကျန်းယိက တိုင်းပြည်တွင် ထင်ရှားသော ပန်းချီဆရာတစ်ဦးဖြစ်ကြောင်း တွေ့ရှိလိုက်ရသဖြင့် အားလုံး အံ့အားသင့်သွားကြသည်။ ပန်းချီကားက သူ့ဝါသနာသက်သက်ဟု ယခင်က ထင်ခဲ့ကြဖူးသည်။ ထုတ်လုပ်ရေးအဖွဲ့က ဒါကို ရှင်းရှင်းလင်းလင်း မပြောထားခဲ့ပေ။
“အသက်မွေးဝမ်းကြောင်း အမျိုးမျိုးရှိတဲ့ လူတွေဟာ မတူညီတဲ့ တောင်တွေနဲ့တူတယ်” ဆိုတဲ့ စကားက အမှန်ပင်။
ညဉ့်နက်တော့ အဖွဲ့တွေက အနားယူနေကြပြီ။
စွင်းကျင့်က ရှန်းမီနာကို ဘေးသို့ ဆွဲခေါ်ခဲ့သည်။ "ကျန်းရှောင်ရဲ့ မိသားစုက အခြေအနေ မကောင်းဘူးလို့ သူတို့ပြောနေခဲ့တာ မဟုတ်ဘူးလား။ ငါစစ်ဆေးကြည့်လိုက်တော့ လေလံတင်တဲ့အိမ်မှာ ဦးလေးကျန်းရဲ့ ပန်းချီကားတစ်ချပ်က အနည်းဆုံး ဒေါ်လာ ၂၀၀,၀၀၀ တန်တယ်တဲ့"
ရှန်းမီနာ ဒေါသတကြီး ကြည့်နေသည်။ "သူမကို ဘယ်သူသိမှာလဲ။ သူမက ကောင်းကောင်း ဝှက်ထားတာကိုး!"
စွင်းကျင့် ပြောလိုက်သည်။ "ငါတို့အားလုံး သူမ လှည့်စားတာကို ခံလိုက်ရပြီ" သူတို့အားလုံးဟာ သူတို့ကိုယ်သူတို့ တခြားသူတွေနဲ့ နှိုင်းယှဥ်လေ့ ရှိကြပြီး သူများတွေကို ယုတ်ညံ့တယ်လို့ မြင်ကြပေမယ့် ရုတ်တရက် တခြားတစ်ယောက်ယောက်က အရမ်းတော်နေတော့ လူတိုင်းကို စိတ်မသက်မသာဖြစ်စေခဲ့သည်။
ရှန်းမီနာ မျက်မှောင်ကြုတ်လိုက်သည်။ "နားရအောင်။ ငါသူမရဲ့လျှို့ဝှက်ဆန်းကြယ်ဧည့်သည်ကို စောင့်မျှော်လိုက်ဦးမယ်"
The Most Beautiful Talent Agent ၏ တရားဝင် Weibo အကောင့်မှ အဖွဲ့ဓာတ်ပုံကို တင်ခဲ့သည်။ လရောင်အောက်မှာ လူတိုင်းက ခြံဝင်းထဲက စားပွဲရှည်ကြီးတစ်ဝိုင်းမှာ ထိုင်နေကြရင်း ပျော်စရာကောင်းတဲ့အချိန်လေးပင်။
Weibo ပို့စ်ကို တိုက်ရိုက်လွှင့်တင်လိုက်သည်နှင့် ၎င်းတို့တစ်ဦးစီက ၎င်းကို မျှဝေခဲ့ကြပြီး buzz များ စတင်ပေါ်ပေါက်လာခဲ့သည်။ ဧည့်သည်တော် အများအပြားကလည်း အာရုံစိုက်မှုကို ခံရသည်။
ထုတ်လုပ်ရေးအဖွဲ့က ကျန်းရှောင်နဲ့ ကျန်းယိတို့၏ "သားအဖ" ပေါင်းစပ်မှုကိုလည်း သိမ်းပိုက်ခဲ့သည်။ ထုတ်လုပ်ရေးအဖွဲ့ရဲ့ Weibo အကောင့်မှာ ဖရဲသီးပုံတစ်ပုံကို ပေါက်ကြားခဲ့ပြီး ချစ်လှစွာသော ဖခင်ဖြစ်သူက သူ့ရဲ့သမီးအတွက် ဖရဲသီး ယူဆောင်လာတာကို မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေကို ရင်ခုန်စေခဲ့သည်။
ဖခင်၏ချစ်ခြင်းမေတ္တာက တောင်ကဲ့သို့ပင်။
တစ်ချိန်တည်းမှာပဲ ကျန်းရှောင်က သူမရဲ့ Weibo မှာ ဖရဲသီးဓာတ်ပုံကို တင်ခဲ့သည်။
[ကျွန်မသား ဖရဲသီးကို ကျွန်မရဲ့ဖေဖေကို ယူသွားခိုင်းတယ်တဲ့။ ကျေးဇူးတင်ပါတယ်! မေမေ့ရဲ့သားလေး! PS: ပဲပင်ပေါက်လေးက ဖရဲသီးကို ငယ်ငယ်ကတည်းက မကြိုက်ခဲ့ဘူး။ ပထမဆုံး စမ်းကြည့်တဲ့အချိန်မှာ ငိုသွားတယ်။ ဖရဲသီးက သွေးနဲ့တူတဲ့ ကြောက်စရာကောင်းတဲ့ အသီးတစ်မျိုးလို့ သူတွေ့သွားတာ..... အဲ့ဒါကြောင့် ကျွန်မတို့ အိမ်မှာ ဖရဲသီးစားတိုင်း ကျွန်မယောက်ျားနဲ့ ကျွန်မပဲ စားနေကျ ]
လေလွင့်နေတဲ့ ဂူဂူး - ကျန်းကျဲ၊ ရှိုးမှာ ပဲပင်ပေါက်လေးကို ခေါ်လာရမှာ။
ယိဝမ်ရဲ့ဘော့စ်ကိုချစ်တယ် - ပဲပင်ပေါက်လေးရဲ့ အသွင်အပြင်ကို တောင်းဆိုပါတယ်။
ပိုင်ပိုင်ရဲ့ချစ်စရာကောင်းတဲ့ ဖြတ်သွားဖြတ်လာ ပရိတ်သတ်- ပဲပင်ပေါက်လေး။ ပဲပင်ပေါက်လေး။ ငါ့ရဲ့ အိုင်ဒေါကို ပြောင်းတော့မယ်။