အခန်း (၁၀၇)
Vol. 9 Ch. 107
ကျန်းရှောင်က " ပိုင်ပိုင်ရဲ့ချစ်စရာကောင်းတဲ့ ဖြတ်သွားဖြတ်လာ ပရိတ်သတ်" ကို သတိပြုမိပြီး ၎င်းကိုအကျိုးသင့်အကြောင်းသင့် ရှင်းမပြနိုင်လောက်အောင် click နှိပ်လိုက်သည်။ အစားအသောက်မှသည် ဖက်ရှင်အထိ ဤ Weibo ၏စတိုင်က ချင်ယီလု ဖြစ်သည်မှာ သေချာသည်။
သူမကို ချက်ချင်း ဖုန်းဆက်လိုက်သည်။ "ခုနောက်ပိုင်း ဘယ်လိုနေလဲ"
"အဆင်ပြေနေပါတယ်။ ဒါရိုက်တာကပြောတယ် ကျွန်မရဲ့ သရုပ်ဆောင်တာက အရမ်းတိုးတက်လာတယ်လို့ ပြောတယ်"
"အဲဒါအရမ်းကောင်းတယ်"
"အဖွဲ့သားထဲက သရုပ်ဆောင်တွေ အားလုံးက ချစ်စရာကောင်းပြီး လိုက်လျောညီထွေရှိကြတယ်"
" မင်းရဲ့လူတွေအပေါ်ဆက်ဆံတာကို သတိထားဦး။ ချင်ယီလု သတိထားနေပြီး ဘယ်သူ့ကိုမှ အခွင့်အရေးမပေးနဲ့"
"ကျွန်မသိပါတယ် အစ်မကျန်း ကျွန်မက ငတုံးမဟုတ်ပါဘူး"
ကျန်းရှောင် ရယ်လိုက်သည်။ "မင်းရဲ့ Weibo trumpet အကောင့်နဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ထားတာလဲ။ ပေါ်သွားရင် မင်းဘယ်လို ကိုင်တွယ်မလဲဆိုတာ ငါကြည့်ချင်တယ်!"
"အစ်မ ဘယ်လိုသိတာလဲ"
"ငါ အကုန်ဖျက်ထားတာ။ အထူးသဖြင့် ကျင်းကျုံးပိုင် နဲ့ ပတ်သက်တာ မှန်သမျှ မင်းအခု ဖျက်သင့်တယ်။ သူ့ပရိသတ်တွေက အဲဒါကို ရှာတွေ့သွားမယ်ဆိုရင် မင်းဒုက္ခရောက်လိမ့်မယ်"
"ကျွန်မ ရိုးရိုးသားသား ဖန်းလေးတစ်ယောက်ပါပဲ"
"မင်းကလည်း နောက်လာမဲ့ မင်းသမီးပဲလေ။ မနက်ဖြန်ကစပြီး ပို့စ်တွေမတင်တော့နဲ့။ မင်းကို စောင့်ကြည့်မယ့်သူတစ်ယောက် ရှိနေလိမ့်မယ်။ နောက်ပြီး... ထားလိုက်ပါတော့၊ ငါ showမှာရိုက်ကူးရေးပြီးသွားတော့မှ နင့်ကို စကားပြောမယ်"
"ဘာကျန်သေးလဲ။ အစ်မကျန်း၊ အစ်မက ကျွန်မတို့ကို မင်္ဂလာဆောင်သကြားလုံးတွေ ဘယ်တော့မှပေးမှာလဲ။ပြီးတော့ ကြက်ဥနီနီလေးကော။ အစ်မ လက်ထပ်ပြီးသွားရင် ဒါမှမဟုတ် ကလေးရသွားရင် ပေးသင့်တယ်လေ"
ကျန်းရှောင် သူမရဲ့အသံကို လျှော့လိုက်သည်။ "နင့်ရဲ့ weightကို စဥ်းစား။ စားဖို့ကြီးပဲ စဉ်းစားနေတာပဲ!"
ထိုအချိန်တွင် ကင်မရာက သူမကို ချိန်ထားခဲ့သည်။ သူမ၏ ပြင်းထန်တဲ့ အမူအရာက အရမ်းစစ်မှန်သည်။
ကျန်းရှောင်က ကင်မရာကို နောက်ကျမှ သတိပြုမိပြီး သူမ၏ ယခင်အမူအရာနှင့် လေသံကို စိတ်ကူးကြည့်နိုင်သည်။ သူမသည် ရဲရင့်သောမျက်နှာကို ဆင်မြန်းထားကာ အသံနေအသံထားကို ပြောင်းလဲရမည်။ "အစားစားတာကို အာရုံစိုက်။ အစပ်လျှော့စား။ face mask များများသုံးပေး "
"အစ်မကျန်း အစ်မကို ရိုက်နေလို့လား၊ မကားမစပ် အစ်မရဲ့ယောကျ်ားက ဘယ်သူလဲ။ သူက အသက်လေးဆယ်ကျော် ထိပ်ပြောင်နေတဲ့လူလို့ ကောလဟာလတွေတော့ထွက်နေတယ် ကျွန်မကတော့ မယုံပါဘူး။ အစ်မရဲ့အရသာက အဲ့လိုမျိုးဆိုးရွားနေတာမျိုးတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပြီးတော့ အစ်မရဲ့အွန်လိုင်းက ဓာတ်ပုံတွေက အတုတွေလို့လည်း ပြောကြတယ်၊ အဲဒီလူက အစ်မယောက်ျားမဟုတ်ဘူး၊ သူ့ကို ငှားထားတာတဲ့"
ကျန်းရှောင် သူမရဲ့အပြုံးကို ထိန်းလိုက်သည်။ "ကောင်းပြီ၊ နှုတ်ဆက်ပါတယ်။ နင်လာခါမှ ငါတို့ ထပ်ပြောကြမယ်"သူမဟာ ဒရာမာဘုရင်မတစ်ယောက်ရဲ့ မိခင်ဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ကျွမ်းကျင်သည်။
ချင်ယီလုက သူမ၏ alt အကောင့်သို့ ဝင်ရောက်ခဲ့သည်။ သူမ သတိတောင်မထားမိဘဲ သူမပိုစ့်ပေါင်း ၃၀၀၀ ကျော် တင်ပြီးသွားပြီ။ သူမသည် ၎င်းတို့အားလုံးကို တစ်ကြိမ်တည်း မဖျက်နိုင်တော့ အချိန်ယူရန် ဆုံးဖြတ်ခဲ့သည်။ အခွင့်အရေးရတဲ့အခါ သန့်ရှင်းရေးလုပ်ရမည်။
ပထမအသုတ် ဧည့်သည်တွေက လွန်ခဲ့သော နှစ်ညက ထွက်ခွာခဲ့ပြီး လူတိုင်းအားလပ်ချိန်များ ရှိခဲ့သည်။
ကျန်းရှောင်နဲ့ ကျန်းယိတို့သည် ခရမ်းရောင် ဒေစီပန်းများဖြင့် ပြည့်နေသော အိမ်ဝင်းအတွင်းရှိ ပေါင်းကူးစင်လေးအောက်၌ ထိုင်နေကြပြီး ၎င်းတို့၏ မွှေးရနံ့က နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။
ကျန်းရှောင် ကော်ဖီတစ်ငုံသောက်လိုက်ပြီး ကျန်းယိက လက်ဖက်ရည်သောက်နေသည်။ ဒီဟာက ကြည်နူးစရာ မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။
"ဖေဖေ၊ ဒီတစ်ခါ ဘာလို့ မပန်းချီဆွဲရတာလဲ" ကျန်းယိက ဒီခရီးကို အပန်းဖြေဖို့ သက်သက် လာခဲ့တာ။ "ပြန်ရောက်မှ ပုံဆွဲမယ်။ ယွင်နီမြို့က အဖေတို့မွေးရပ်မြေကဲ့လိုပဲ တိတ်ဆိတ်တယ်"
"ဒါပေမယ့် ဒီမှာက လျန့်နန်မှာမရှိတဲ့ ပင်လယ်ရှိတယ် "
ကျန်းယိ ပြုံးလိုက်ပြီး သူ့မျက်နှာပေါ်က အရေးအကြောင်းတွေကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ "ရှောင်ရှောင်၊ ဒါက အဖေတို့တူတူသွားတဲ့ ပထမဆုံး ခရီးပဲ"
ကျန်းရှောင် နှုတ်ခမ်းတွေ တွန့်သွားသည်။ "အနာဂတ်မှာ အခွင့်အလမ်းတွေ ပိုရှိလာမှာပါ"
"အဖေ စောင့်မျှော်နေမယ်" သားအဖဆက်ဆံရေးမှာ ကွာဟချက်တွေကို ပြင်ဆင်ဖို့ သူဒီမှာပါခဲ့တာ။
မမျှော်လင့်ဘဲ "The Most Beautiful Talent Agent " မှတရားဝင် Weibo ဓာတ်ပုံကို ထုတ်ပြန်လိုက်သည်နှင့် အနုပညာလောကမှ တစ်စုံတစ်ဦးမှ ကြွေးကြော်ခဲ့သည်။
"ငါ တကယ်ကို အံ့ဩမိတယ်၊ ဆရာ ကျန်းက variety showမှာ ပါနေတယ်။ ငါ ဆရာ့ရဲ့ ပန်းချီကားတွေကို အရမ်းကြိုက်တာ လေလံပွဲမှာ လေလံဆွဲဖူးပေမယ့် အောင်ဖို့ အခွင့်အလမ်း တစ်ခါမှ မရခဲ့ဘူး။ စကားမစပ် ဆရာကျန်းက ကျိုးရှို့လင်းကြောင့် ပါတာလား"
"ဘယ်လိုဆက်ဆံရေးမျိုးလဲ"
"ဆရာ ကျန်းရဲ့ လေလံပွဲမှာ ပန်းချီကားအသစ်တစ်ချပ်ရှိတိုင်း ကျိုးရှို့လင်းက ဘယ်တုန်းကမှ မလွတ်ခဲ့ဘူး"
"ဒါဆို " The Most Beautiful Talent Manager' က ဖျော်ဖြေရေးနဲ့ အနုပညာလောကတွေ ရောနှောနေတာလား။ အဲဒါကို စောင့်မျှော်နေပါတယ်နော် "
Netizens က ရုတ်တရက် သဘောပေါက်သွားသည်။
"ကျန်းရှောင်ရဲ့ နောက်ကွယ်က လူက ကျိုးရှို့လင်း ဖြစ်နိုင်ပါ့မလား"
ဒီရုတ်တရက် ပေါ်ထွက်မှုဟာ တရားဝင် Weibo မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့သည်။ ထုတ်လုပ်ရေးအဖွဲ့က သတိမမူမိဘဲ ပါဝင်ပတ်သက်သူများကို အမြန်ဆက်သွယ်ခဲ့သည်။
ကျန်းရှောင်သည် ထိုအင်တာနက်အသုံးပြုသူဆီမှ မှတ်ချက်များကို ဖတ်ပြီး အစတွင် သူမ မှားယွင်းသည်ဟု ထင်ခဲ့သော်လည်း ယခုအခါ သူမ သေချာနေပြီဖြစ်သည်။ အင်တာနက်အသုံးပြုသူရဲ့ Weibo မှာ အနုပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပြည့်နှက်နေသည်။
ဒါပေမယ့် ကျန်းရှောင်က ဒီအကြောင်းကို တစ်ခါမျှ မကြားဖူးပေ။ သူမရဲ့ယောကျ်ားက သူမအဖေရဲ့ အမာခံပရိတ်သတ်တစ်ယောက်လား။
ဒါပေမယ့် ကျိုးရှို့လင်းက ပန်းချီကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူး။ ငါ့အဖေကလည်း တစ်ခါမှ မပြောဖူးဘူး။
ကျန်းရှောင်၏ သဘောပေါက်မှုကို မြင်လိုက်ရသော ဒါရိုက်တာက ပြောလိုက်သည်။ "မင်း မစ္စတာ ကျိုးကို ဆက်သွယ်သင့်တယ်။ ဒီအတွက် ငါတို့ ပြင်ဆင်မှုတစ်ခုလိုတယ်"
"မှန်တယ်၊ ကျွန်မ မစ္စတာကျိုးကို ဆက်သွယ်လိုက်ပါ့မယ်"
ဒါရိုက်တာ ထွက်သွားပြီးနောက် ကျန်းရှောင် ကျိုးရှို့လင်းကို ဖုန်းမခေါ်ခင် သူမ၏ စိတ်ထဲမှာ အဖြစ်အပျက်များကို အချိန်အတော်ကြာ စဉ်းစားခဲ့သည်။
ထိုအချိန်က ၁၁ နာရီထိုးနေပြီဖြစ်သဖြင့် ကျိုးရှို့လင်းက နောက်ကျတဲ့ထိ နေခဲ့သည်။ အထူးသဖြင့် ဒီနေ့သူတို့စကားမပြောဖြစ်ခဲ့ကြသောကြောင့် သူ အိပ်မပျော်နိုင်ခဲ့ပေ။
တိတ်ဆိတ်သောညဖြစ်သဖြင့် ကျိုးရှို့လင်းက ပဲပင်ပေါက်လေးကို သိပ်ဖို့ စီမံထားခဲ့သည်။ ဒုက္ခပေးသူလေးက ဒီနေ့ သူ့ရဲ့လေ့ကျင့်ရေးစခန်း ပြီးမြောက်ခဲ့ပြီး၊ နေ့ခင်းဘက်တွင် ဖျော်ဖြေပွဲတစ်ခုကို ကြည့်ရှုခဲ့ပြီး ညဘက်တွင် အိပ်ပျော်ရန် အလွန်စိတ်လှုပ်ရှားနေသေးသည်။
ကျန်းရှောင်၏ ခေါ်ဆိုမှုကို သူ မြင်လိုက်သောအခါတွင် သူမမေးမည့်အရာကို သဘာဝကျကျ သိလိုက်သည်။ အွန်လိုင်းမှာ သတင်းတွေ မြင်ပြီးသား။ ကျန်းယိက ရှိုးတွင် ပါဝင်လာသောအခါတွင် သူသည် နောက်ထပ်ဘာဖြစ်လာမည်ကို ကြိုမြင်ခဲ့သည်။
ကျိုးရှို့လင်းက သူ့ဖိနပ်ကို စီးပြီး လမ်းလျှောက်ရင်း ဖုန်းပြောခဲ့သည်။ "ရှိုး ရိုက်နေတုန်းလား"
ကျန်းရှောင်က ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ "ဟင့်အင်း ကျွန်မ အနားယူနေတာ။ ကင်မရာတွေ အကုန်ပိတ်သွားပြီ။ အဖေနဲ့ တခြားသူတွေ နေ့လည်က ပြန်သွားကြပြီး ယီလုနဲ့ ယီဟန်တို့ မနက်ဖြန် နေ့လည်ကျရင် လာမှာ"
ကျိုးရှို့လင်း လသာဆောင်သို့ ထွက်ခဲ့သည်။ ဖန်သားကနေ တစ်ဆင့် ညကောင်းကင်ယံမှာ ကြယ်တွေကို မြင်နေရသည်။ "အချိန်တွေ ကုန်သွားပြီ၊ သုံးရက်တောင် ကုန်သွားပြီပဲ"
ကျန်းရှောင် ခေတ္တရပ်တန့်လိုက်သည်။ "အွန်လိုင်းမှာ သတင်းတွေ့ပြီးပြီလား"
"ဟင်။ ဘာသတင်းလဲ" သူ တမင်မေးလိုက်သည်။
ကျန်းရှောင် အံကြိတ်လိုက်သည်။ "ရှင်နဲ့ အဖေ့အကြောင်းပဲ"
"အားလုံးအမှန်တွေပဲလေ"
"ရှင်တို့ဆီက ကျွန်မ ဘာမှလည်း မကြားခဲ့ရဘူး။ ဘာတွေဖြစ်ခဲ့တာလဲ အတိအကျပြောပြ"
ကျိုးရှို့လင်း ညင်သာစွာ ပြုံးလိုက်သည်။ "အမေရိကန်မှာ ကျောင်းတက်နေတဲ့အချိန် ကိုယ် မင်းအဖေနဲ့ ဆုံခဲ့တာ"
"Wow ဘယ်တုန်းကလဲ"
"မင်းကိုယ်ကို ပထမဆုံး စတွေ့ပြီး တစ်နှစ်လောက်ကြာတဲ့အချိန်က ဖြစ်မယ်။ အမေရိကန်မှာ သေနတ်တွေပစ်ခတ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု ရှိနေတာ မင်းအဖေလည်း အခင်းဖြစ်တဲ့နေရာမှာ ရှိနေခဲ့တယ်"
ကျန်းရှောင်သည် ဤကမ္ဘာကြီးက ဒီလောက်ထိ တိုက်ဆိုင်နေမည်ကို မယုံနိုင်ခဲ့ပေ။ ကျိုးရှို့လင်းသည် ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို ဖြည်းညှင်းစွာ ပြန်ပြောပြခဲ့သည်။
"မင်းအဖေက သေနတ်နဲ့ပစ်ခံပြီး အဲ့တာကိုမလုပ်နိုင်တော့မှာစိုးလို့ တရုတ်ကိုပြန်သွားပြီး မင်းကိုရှာခိုင်းတာ"
"ဒါဆို ရှင်ကျွန်မကို သိခဲ့တာလား"
"သူ မင်းရဲ့ ဓာတ်ပုံပေးလိုက်တာ"
"ဒါဆို ရှင်ကျွန်မကို ချက်ခြင်းမှတ်မိနေတယ်ပေါ့"
"မှန်တယ်"
ကျန်းရှောင် အသက်ပြင်းပြင်းရှူရင်း ပြောလိုက်သည်။ "ကျိုးရှို့လင်း ရှင်က မိုက်မဲတဲ့ မြေခွေးပဲ။ တကယ်တော့ စီးပွားရေးသမားတွေက လိမ္မာပါးနပ်တယ်။ ရှင်နဲ့ ဖေဖေ ဒီဟာကို ကျွန်မဆီက သိမ်းထားကြတာ အချိန်တော်တော် ကြာသွားပြီပဲ !"သူမ မည်သည့်သဲလွန်စကိုမဆို မမြင်ဘဲကန်းနေသလိုပဲ။
"ကိုယ်ရဲ့လေဒီလေး၊ ကိုယ်မှားသွားပါတယ်"
"ရှင် ဒါကို ရှောင်နိုင်မယ် မထင်နဲ့၊ ကျွန်မ ပြန်လာမှ ဒီအကြောင်း ပြောမယ်!"
"အကျိုးဆက်တွေကိုကိုယ် ကျေကျေနပ်နပ်ကြီး လက်ခံပါ့မယ်။ နောက်လည်းကျနေပြီ၊ မင်းကောင်းကောင်းအိပ်ပျော်အောင်အိပ်ဦး။ တခြားဟာတွေကို အရမ်းတွေးမနေနဲ့!"
ကျန်းရှောင် စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းချလိုက်သည်။
ဒါကြောင့် ကျိုးရှို့လင်းက သူမအဖေကြောင့် သူမအပေါ် ကောင်းပေးခဲ့တာ။ အဲ့တုန်းက ဖေဖေက သူ့ကို ကျည်ဆန်တွေဆီကနေ ကာထားပေးခဲ့တာ။သူတို့ဆက်ဆံရေးရဲ့အစမှာ ဒီအချက်ရှိရမယ်။
သူမသည် အမည်မသိ လက်ထောက်တစ်ဦးအဖြစ်မှ နောက်ဆုံးတွင် ကျိုးရှို့လင်း၏ ဘက်သို့ တဖြေးဖြေးပြောင်းရွှေ့သွားရခြင်းမှာ အံ့သြစရာမဟုတ်ပေ။
သူမ မသိတဲ့ အရာတွေ ရှိနေခဲ့တာပဲ။
ညက ပိုနက်လာသည်နှင့်အမျှ နောက်နေ့အတွက် အလုပ်များကို စဉ်းစားရင်း ကျန်းရှောင် အိပ်ဖို့လုပ်လိုက်သည်။ သူမရဲ့ခေါင်းအုံးကို ခင်းကျင်းနေချိန် အိပ်ယာပေါ်မှာ စာအိတ်တစ်အိတ်ကို ရုတ်တရက် တွေ့လိုက်ရသည်။
ကျန်းရှောင် နားမလည်နိုင်သော ခံစားချက်ကို ခံစားလိုက်ရသည်။ ထိုအချိန်တွင် ဘေးပတ်ပတ်လည်တွင် ကင်မရာများမရှိ၊ သို့မဟုတ်ပါက ၎င်းသည် ရှိုး၏တစ်စိတ်တစ်ပိုင်းဟု သူမထင်ကောင်းထင်နိုင်သည်။
စာအိတ်ပေါ်ရှိ လက်ရေးကို အလွန်ရင်းနှီးပြီး အဲ့တာက သူမအဖေ ရေးထားတာ။
"ချစ်ခြင်းမေတ္တာဖြင့် ရှောင်ရှောင် ဆီသို့ "
ကျန်းရှောင် စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ သူမအဖေရေးထားတဲ့စာကို တွေ့လိုက်ရသည်။ စကားလုံးတွေ အပြည့်နဲ့ စာရွက်ကို သူမလက်ထဲမှာ ကိုင်ထားရင်း သူမရဲ့ကျောပြင်တွေ အေးစက်လာသည်။
အစမှအဆုံးကို ဆယ်မိနစ်ကျော်ကြာအောင်ဖတ်ရင်း သူမ၏ ခွန်အားများ တဖြည်းဖြည်း ဆုတ်ယုတ်လာသည်ဟု ခံစားမိသည်။ သူမ ကုတင်စွန်းတွင် လဲကျသွားခဲ့သည်။
အဲ့လိုလား! အဲ့လိုလား!
ဖေဖေ၊ ဒါနဲ့ ဒီတစ်ခေါက် အစီအစဉ်မှာ ပါပေးတာက သမီးကို ဒီဟာပြောပြဖို့လား။
သူမ ဘာကိုမှ ဂရုမစိုက်တော့ပေ။
ကျန်းရှောင် မျက်လုံးထောင့်တွေကနေ မျက်ရည်တွေး စီးကျလာသည်။ သူမ ခေါင်းငုံ့ကာ အလင်းရောင်က သူမမျက်နှာပေါ် အရိပ်တစ်ခုလို ကျရောက်လာခဲ့သည်။