← Chapters

အခန်း (၁၀၈)

Vol. 9 Ch. 108

အခန်း (၁၀၈)

Vol. 9 Ch. 108

နောက်နေ့မနက် ကျန်းရှောင် နိုးလာတဲ့အခါ သူမမှာ အဖျားနည်းနည်း ရှိနေမှန်းသိပေမယ့် အဲ့တာကို သိပ်ဂရုမစိုက်ခဲ့ပေ။ ညနေစောင်းတော့ ဒုတိယအကြိမ်မြောက် ဧည့်သည်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ ယီဟန်နဲ့ ချင်ယီလုတို့အတူတူ လာခဲ့ကြသည်။

ချင်ယီလုက ရှပ်လက်တိုနှင့် ဘောင်းဘီတိုကို ၀တ်ဆင်ထားပြီး ဆံပင်ကို စည်းထားသည်။ သူမမျက်နှာမှာ စိတ်လှုပ်ရှားနေတဲ့ပုံသဏ္ဍာန်ရှိပြီး ရုပ်ရှင်ရိုက်ဖို့ ခေတ္တနားထားရတာ ထင်ရှားသည်။ သူမအတွက်ကတော့ ကောင်းကင်က လက်ဆောင်တစ်ခုလိုပဲ။ "အစ်မကျန်း" သူမကို ပွေ့ဖက်ထားလိုက်သည်။

ကျန်းရှောင်က ဖျော်ဖြေရေးနယ်ပယ်မှာ နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ပြီး ပုံမှန်အတိုင်း ပေါ်လာခဲ့ကာ သူမရဲ့ သရုပ်ဆောင်မှုစွမ်းရည်ကလည်း အမှတ်ရစရာပဲ။

သူမက သူတို့နှစ်ယောက်ကို ခြံဝင်းထဲသို့ဦးဆောင် ခေါ်သွားခဲ့သည်။

ချင်ယီလုက စိတ်ဝင်တစား မေးလိုက်သည်။ "အစ်မကျန်း၊ အစ်မရဲ့ တတိယမြောက်ဧည့်သည်က တကယ်ပဲ ဆရာ ကျင်းလား"

ကျန်းရှောင် ခေါင်းကိုစောင်းလိုက်သည်။ "ဟုတ်တယ်၊ သူ သဘောတူထားတယ်"

ချင်ယီလု အာမေဋိတ်သံပြုလိုက်သည်။ "ဝိုး၊ အံ့သြစရာပဲ၊ အစ်မကျန်း၊ နောက်တစ်ပိုင်းအတွက် ကျွန်မကို ဖိတ်သင့်တယ်"

ကျန်းရှောင် ရယ်မောပြီး ကျေကျေနပ်နပ် ပြောလိုက်သည်။ "အဲ့တာက လွယ်ပါတယ်၊ အရာအားလုံးကို ထုတ်မပြနဲ့။ နင့်နောက်က လိုက်လာတဲ့ ကျင်းကျုံးပိုင်ရဲ့ ပရိသတ်တွေကို သတိထား "

ချင်ယီလု ရယ်လိုက်သည်။ "စိတ်မပူပါနဲ့ ကျွန်မရဲ့ကျွမ်းကျင်မှုကို စားပွဲပေါ်တင်ထားလိုက်မယ်။ အစ်မကို အရှက်မရစေရပါဘူး။ ယီဟန်နဲ့ ကျွန်မ ထင်းခုတ်ပြီး ခဏနေ ထမင်းချက်လိုက်မယ်"

ကျန်းဝူကျိနှင့် ကျောက်မင် တို့ကိုပေါင်းထည့်တာက ကျန်းရှောင်ရဲ့ အနုပညာရှင်တွေရဲ့ ထိတွေ့ဆက်ဆံမှု တိုးမြင့်လာမည်မှာ သေချာသည်။

အရည်အချင်းပြည့်မီသော အေးဂျင့်များစွာက ဤပန်းတိုင်ကို စိတ်ထဲတွင် စွဲမှတ်ထားသည့် အစီအစဉ်တွင် ပါဝင်ခဲ့ကြသည်။ တဖက်ကလည်း သူတို့ရဲ့ စွမ်းရည်အမျိုးမျိုးကို ပြသချင်ကြပြီး တစ်ဖက်မှာလည်း သူတို့ရဲ့ အနုပညာရှင်တွေရဲ့ ထိတွေ့မှုကို မြှင့်တင်ဖို့ စိတ်အားထက်သန်ကြသည်။ သူတို့ရဲ့ကိုယ်ပိုင် အနုပညာရှင်တွေကိုမခေါ်တာက မိုက်မဲတာပဲ။

ချင်ယီလု၏ တက်ကြွသော ကိုယ်ရည်ကိုယ်သွေး နှင့် ယီဟန်၏ အလားတူ စိတ်နေသဘောထားက ခြံဝင်းနှစ်ခုလုံးကို ပိုမိုအသက်ဝင်စေသည်။ ဒါရိုက်တာအဖွဲ့ကလည်း ပိုမိုကျေနပ်အားရလာပြီး "The Most Beautiful Talent Manager " ကထုတ်လွှင့်ပြီးနောက် ကြည့်ရှုမှုသူအဆင့်သတ်မှတ်ချက်တွေ မြင့်မား လာမည်ဟု လူတိုင်းက သီးသန့် ယုံကြည်ထားကြသည်။

အဲဒီညနေခင်းမှာ လူဆယ်ယောက်လောက်စုပြီး “Truth or Dare” ဆိုတဲ့ ဂိမ်းတစ်ခုကို ဝိုင်းပြီး ကစားကြသည်။

ကံမကောင်းစွာနဲ့ပဲ ကျန်းရှောင်ရဲ့အဖွဲ့က ကံဆိုးခဲ့ပြီး ဆက်လက်တိုက်ခိုက်ခံခဲ့ရသည်။

ရှန်းမီနာက လက်ခုပ်တီးပြီးမေးလိုက်သည်။ "ကျန်းရှောင်၊ truth လား Dare လား"

ကျန်းရှောင်က သူမ၏အလှည့်ရောက်လာတာကို မြင်တော့ "Truth" ကိုရွေးချယ်ခဲ့သည်။

ရှန်းမီနာက မျက်ခုံးပင့်ပြီး စွင်းကျင့် နဲ့ ခဏလောက် တိုင်ပင်ခဲ့သည်။ "နင့်ယောကျ်ားရဲ့ အသက်ကဘယ်လောက်ရှိပြီလဲ၊ အရပ်ကဘယ်လောက်ရှည်လဲ"

ကျန်းရှောင် ဝါးလုံးကွဲ ရယ်ပစ်လိုက်သည်။ "မီနာ၊ ကျွန်မကို အရမ်းအာရုံစိုက်တာပဲ။ ကျွန်မယောက်ျားက ကျွန်မထက် ခြောက်နှစ်ကြီးတယ်၊ အရပ်က ၁၈၆ စင်တီမီတာ"

"186 စင်တီမီတာ" ရှန်းမီနာအံ့သြစွာမေးလိုက်သည်။

ကျန်းရှောင် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်၊ ကျွန်မ Weibo မှာ ဓာတ်ပုံတွေတင်ထားတယ်၊ အဲဒါ ကျွန်မတို့ မိသားစုတစ်စုလုံးပုံပဲ။ တကယ့်အစစ်အမှန်"

ရှန်းမီနာ - "ဒါဆို နင့်ရဲ့ယောကျ်ားကို ရှိုးဆီ ခေါ်လာသင့်တယ်နော် "

ကျန်းရှောင် - "သူက မီးမောင်းထိုးပြခံရတာကို မကြိုက်ဘူး"

ဖန်းမူက အခြေအနေကို ဝေဝါးသွားအောင်ကြိုးစားခဲ့သည်။ "မီနာ၊ မင်း ဘက်လိုက်လွန်းတယ်၊ ဒါက ရိုးရှင်းတဲ့ မေးခွန်းတစ်ခုပဲကို၊ ငါ့ကိုကျတော့ ချွတ်ခြုံကျအောင် စောနက ချွတ်ပစ်လိုက်တယ် "

လူတိုင်း ဝါးလုံးကွဲ ရယ်မောသွားခဲ့ကြသည်။

ဂိမ်းကို ဆက်ဆော့ခဲ့ပြီး မမျှော်လင့်ဘဲ ဒီတစ်ကြိမ်မှာတော့ ချင်ယီလုဆီ ရောက်သွားသည်။

ချင်ယီလု ရယ်လိုက်သည်။ "ကျွန်မ နေရာပြောင်းချင်တယ် အစ်မကျန်းက အန္တရာယ်များတယ်"

"အိုခေ အိုခေ ၊ Truth လား Dareလား"

"Dare" ချင်ယီလု ရဲဝံ့စွာ ပြန်ဖြေခဲ့သည်။

"ကောင်းပြီ။ မင်းနဲ့ အလုပ်လုပ်ဖူးတဲ့ မင်းသားကို ဖုန်းခေါ်ပြီး ကြောင်အသံနဲ့သုံးခါအော်ပြ"

ဒီလှုပ်ရှားမှုက တကယ့်ကို ရက်စက်လွန်းလှသည်။

တကယ်လို့ သူတို့ အခုအချိန်မှာ အစီအစဉ်ကို ရိုက်ကူးနေတာကြောင့်သာ မဟုတ်ရင် ချင်ယီလုက စားပွဲကို ရိုက်လုနီးပါး ဖြစ်သွားလိမ့်မည်။ "ယီဟန်ကို ထည့်တွက်လို့ရလား"

"မရဘူး" ယီဟန်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

ချင်ယီလု အံကြိတ်လိုက်သည်။ " ရက်စက်လိုက်တာ " သူမ ဖုန်းကို ထုတ်လိုက်ပြီး အဆက်အသွယ်များကို လှန်လှော ကြည့်လိုက်သည်။

လူတိုင်းက စနောက်နေ ကြသည်။ "ယီလု၊ အရည်အချင်းရှိတဲ့သူ တစ်ယောက်ကိုရှာ။ ကျင်းကျုံးပိုင်နဲ့ အလုပ်တွဲလုပ်ထားတာမဟုတ်ဖူးလား။ သူ့ကိုခေါ်လိုက်!"

"ဟယ်လို၊ ကျွန်မကို မထောင်ဖမ်းကြပါနဲ့!"

"ဟုတ်တယ် ဟုတ်တယ် ဆရာ ကျင်းကို ဖုန်းဆက်​လိုက်။ ဆရာကျင်းရဲ့ စွဲဆောင်မှုရှိတဲ့အ ​သံ​လေးကို အရမ်းကြားချင်​နေပြီ"

ချင်ယီလုတွင် သူမ ခေါ်နိုင်တဲ့ ယောက်ျားသရုပ်ဆောင်များစွာမရှိပေ။ စုန့်ယိဝမ်မှလွဲ၍ ကျင်းကျုံးပိုင်မှာ သူမ၏ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ပုံရသည်။

သူမသည် "ဆရာ ကျင်း " ဟု မှတ်ထားသော နာမည်ကို နှိပ်လိုက်သည်။ ကံကောင်းစွာပင် သူမက "အသည်းတုံး" ကဲ့သို့သော မိုက်မဲတဲ့ မှတ်စုကို မရေးထားခဲ့ပေ။

လူတိုင်း အသက်ရှူမဝဖြစ်နေကြသည်။

ဖုန်းပြန်မဖြေခင် ဆယ်စက္ကန့်လောက်ကြာသွားသည်။

"ဟယ်လို၊ ဘယ်သူလဲ မသိဘူး"

ဘယ်သူလဲမသိဘူး-ဘယ်သူလဲမသိဘူး-

နှလုံးခုန်နေပြီ!

လူတိုင်းက လှောင်ရယ်ခဲ့ကြသည်။

ချင်ယီလုရဲ့ မျက်နှာက နီရဲတောက်ပြောင်လာပြီး တစ်တိုင်းပြည်လုံးရှေ့မှာ ရှက်သွားသည်။ "မြောင်- မြောင် မြောင် -ဒါက လုလု ရဲ့ လေလွင့်ကြောင်ဂေဟာကပါ၊ လက်ရှိမှာ စေတနာ့ဝန်ထမ်း ခေါ်ယူနေပါတယ်ရှင့်၊လူကြီးမင်းရဲ့ ပူးပေါင်းပါဝင်မှုမှုအတွက် ကျေးဇူးတင်ပါတယ် နှုတ်ဆက်ပါတယ်ရှင့်” လို့ ပြောပြီးနောက် သူမ နှုတ်ဆိတ်သွားသည်။

လူတိုင်း အံသြစွာ ကျန်ရစ်ခဲ့သည်။

ချင်ယီလု ဆံပင်တွေကို သပ်လိုက်ပြီး ရေတစ်ငုံသောက်လိုက်သည်။ "ဆက်ကစားရအောင်။ ကျွန်မ နေရာပြောင်းချင်တယ်!"

ကျန်းရှောင်၏ ပါးစပ်ထောင့်တွင် ကျေနပ်နေတဲ့ အပြုံးတစ်ခုရှိနေသည်။ ဒီပရိုဂရမ်မှာ သူမ၏ ပါဝင်မှုက ပါဝင်ခြင်းက သူမဘဝအတွက် အပြောင်းအလဲများစွာကို ယူဆောင်လာမှာ မဟုတ်ပေမယ့် ချင်ယီလုနဲ့ ယီဟန်အတွက်ကတော့ ကွဲပြားနိုင်သည်။

ရှေ့ဆုံးတန်း ကင်မရာအဖွဲ့သားတွေက ချင်ယီလု၏ အောင်ပွဲခံသည့် အမူအရာကို ကြည့်နေကြသည်။

တကယ့်ကို ပျော်စရာကောင်းတဲ့ ညနေခင်းတစ်ခု ဖြစ်ခဲ့သည်။ ပွဲပြီးသွားတော့ အားလုံးက သူတို့ရဲ့သီးခြားနေရာဆီ ပြန်သွားကြသည်။

ချင်ယီလု က ကျန်းရှောင်ဆီ ချဉ်းကပ်ပြီးပြောလိုက်သည်။ "အစ်မကျန်း၊ ကျွန်မ တော်တော် ကောင်းကောင်း လုပ်ခဲ့တယ်၊ မဟုတ်လား"

ကျန်းရှောင် ပြုံးလိုက်သည်။ "ယီလု၊ "အဆုံးအဆမဲ့တဲ့ဓားနဲ့ နဂါး သတ်ဖြတ်သူ "ဇာတ်ကားထွက်ပြီးရင် မင်းနာမည်ကြီးလာမယ်လို့ အစကတည်းက ငါထင်ခဲ့တာ အဲ့တာက နောက်နှစ်မှာ ထွက်လာနိုင်တယ်။ ဒါပေမယ့် အခု ဒီအပိုင်းကို ပရိသတ်တွေ အားပေးကြလိမ့်မယ်လို့ထင်တယ်။ မင်းမှာ အသိဉာဏ် အမျိုးမျိုးရှိပြီး အတုအ​ယောင်မဟုတ်ဘဲ တက်ကြွနေတာ။ မင်းမှာ ငယ်ရွယ်နုပျိုတဲ့ ကျက်သရေရှိတဲ့ ဆွဲဆောင်မှုတစ်ခုရှိပြီး ငယ်ရွယ်နုပျိုတဲ့ မင်းသမီးတွေကြားမှာ တော်တော်ကိုရှားတယ်"

ချင်ယီလုက သူမလက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ "အစ်မကျန်း၊ ကျွန်မကို အရမ်းချီးကျူးနေတာပဲ ရှက်တောင်ရှက်လာပြီ။ စကားမစပ် အစ်မဘာလို့ အရမ်းနွေးနေရတာလဲ။ နေမကောင်းဘူးလား"

ကျန်းရှောင် တကယ်ကို မသက်မသာ ခံစားနေရသည် ။ "အစ်မ ဆေးယူလာတယ်၊ ပြန်မှပဲ သောက်လိုက်တော့မယ် "

အိမ်ပြန်ရောက်ပြီးနောက် ကျန်းရှောင်က ဆေးသောက်ပြီး စောစောအိပ်ရာဝင်ခဲ့သည်။ ချင်ယီလုက တစ်ခန်းတည်းနေပြီး ပစ္စည်းများကို သိမ်းရန် အလုပ်များနေသည်။

"ယီလု၊ သွားအိပ်တော့လေ"

"ကျွန်မ မပင်ပန်းပါဘူး၊ဒါက ရိုက်ကူရေးအတွက် သုံးမှာမလို့လေ"

"ရိုက်ကူးရေးက ပြီးခါနီးပါပြီ။ နောက်ဇာတ်ညွှန်းက IP ဝတ္ထု၊ ကျောင်းဝင်းဒရာမာကို အခြေခံထားတာ"

"ကုမ္ပဏီက အဲ့တာကို ဝယ်ခဲ့တာလား"

"အစ်မတို့က ဒီနှစ် ပထမနှစ်ဝက်မှာ အခွင့်အရေးတွေရထားတယ် "

ချင်ယီလု အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ "အစ်မကျန်း၊ မစ္စတာကျိုးက အစ်မအပေါ် တကယ်ကို ကောင်းတယ်။ ဒီရက်တွေထဲမှာ အဆက်အသွယ်တွေ အများကြီးပဲ အစ်မအဖေရဲ့ အမာခံ ပရိသတ်တစ်ယောက်အနေနဲ့ မစ္စတာ ကျိုးကလည်း အစ်မရဲ့ အမာခံ ပရိသတ်တစ်ယောက် ဖြစ်လာတယ်။ ကျွန်မအဖေက ဘာလို့များbig shotကြီးကို မကယ်တင်ခဲ့တာလဲ"

ကျန်းရှောင် ပြန်ပြောလိုက်သည်။ "... အိပ်တော့။ မနက်ဖြန် မင်းနဲ့ ယီဟန် ပင်လယ်ဘက်ထွက်ရမှာမဟုတ်လား"

"ဟုတ်တယ်။ ကျွန်မ ဒရာမာဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတာ ကြာပြီဆိုတော့ ခေတ်သစ်ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်သွားသလို ခံစားရတယ်။ မနေ့တနေ့ကမှ အမေ့ကို ဖုန်းဆက်ပြီး အမေနဲ့ စစကားပြောဖြစ်တာ။ ပြီးတော့ ကျွန်မက ကလေးလိုလုပ်ပြနေတယ်လို့ ပြောတယ်!"

ချင်ယီလု၏ ပြောဆိုသံကို နားထောင်ရင်း ကျန်းရှောင် တဖြည်းဖြည်း အိပ်ပျော်သွားသည်။ နိုးတစ်ဝက်၊ အိပ်တစ်ဝက်နဲ့ ဖုန်းမြည်သံကို သူမကြားလိုက်ရသည်။ သူမ သဲသဲကွဲကွဲ မကြားရတဲ့အသံနဲ့ ပြန်ဖြေခဲ့သည်။ "ဟယ်လို"

"အိပ်နေတာလား" အခြားတစ်ဖက်က ကျိုးရှို့လင်း ဖြစ်နေသည်။

"ဟုတ်တယ် နည်းနည်းပင်ပန်းနေလို့"

"အအေးမိသွားတာလား"

ကျန်းရှောင် ခဏတုံ့ဆိုင်းသွားသည်။ "အဖေ မပြန်သွားခင် ကျွန်မအတွက် စာတစ်စောင် ထားခဲ့တယ်.."

ကျိုးရှို့လင်း မျက်ခုံးကြုတ်လိုက်သည်။ "အဖေ ပြန်လာတော့ ထွက်သွားဖို့ သူ့အိတ်တွေကို ထုပ်ပိုးထားတယ်" ဒီအကြောင်းကိုလည်း သူမကို ပြောပြဖို့ သူ ဖုန်းဆက်တာ။

ကျန်းရှောင် သူမ နှလုံးသားထဲက နာကျင်မှုကို ခံစားလိုက်ရသည်။ "သူ့ကိုလွှတ်ထားလိုက်ပါ၊ ကျွန်မတို့ သူ့ကိုမတားနိုင်ဘူး"

"အဖေက စာထဲမှာ ဘာပြောထားလို့လဲ" သူမ၏ စိတ်ဓာတ်ကျနေပုံရပြီးအဲ့တာက စာနှင့် ဆက်စပ်နေပေမည်။

ကျန်းရှောင် နှာရှုပ်လိုက်သည်။ "အဲ့တာက ကျွန်မမွေးလာတဲ့အကြောင်း " သူမ ခေတ္တရပ်တန့်လိုက်သည်။

"ကျွန်မတို့တွေ့တဲ့ အချိန်ကျမှ ပြောကြရအောင်။ ပဲပင်ပေါက်လေး အိပ်ပျော်နေပြီလား"

“သူက ပုံပြင်တွေ နားထောင်နေတယ်။ သူ့အဒေါ်က သူ့အတွက် ပုံပြင်ပြောပြတဲ့ စက်တစ်လုံး ဝယ်လာပေးလို့ သူ့ဘာသာသူ ဖွင့်ပြီးနားထောင်နေတာ။ ညတိုင်း နားထောင်ဖို့ ပြောနေတာပဲ"

သားဖြစ်သူအကြောင်း ပြောတာက တေမရဲ့စိတ်တွေကို ပိုကောင်းလာစေသည်။ "ကျွန်မ သူ့ကိုအရမ်းလွမ်းတယ် ရှင့်ကိုရောပဲ"

ကျိုးရှို့လင်း ခဏလောက် ငြိမ်သက်သွားပြီး သူမကို သတိပေးလိုက်သည်။ " ဆေးသောက်ဖို့ မမေ့နဲ့၊ မင်းရဲ့ ငွေရောင်အိတ်ထဲမှာ ရှိတယ်"

"သောက်ပြီးသွားပြီ။ Good night"

ကျိုးရှို့လင်း တကယ်စိတ်မချနိုင်ခဲ့ပေ။ ကျန်းရှောင် အစိုးရိမ်ဆုံးက သူမရဲ့အမေ မဟုတ်လား။ အခုတော့ သူမရဲ့အဖေက အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေအားလုံးကိုသူမကို ပြောပြခဲ့တာနေမယ်။ ဒါနဲ့ ကျန်းရှောင် စိတ်ဓာတ်ကျသွားအောင်လုပ်ခဲ့တာက ဘယ်လိုဇာတ်လမ်းမျိုးမလို့လဲ။

သူ အချိန်ကို တစ်ချက်ကြည့်လိုက်တော့ ဆယ့်တစ်နာရီထိုးနေပြီပင်။

သူ့အိပ်ခန်းထဲပြန်သွားတော့ ကျိုးစစ်မူက မအိပ်သေးဘဲ ကုတင်ကြီးပေါ်တွင် ထိုင်ကာ ပုံပြင်တစ်ပုဒ်ကို သူ့ဘာသာသူ နားထောင်နေသည်။

"ဖေဖေ မေမေနဲ့ စကားပြောပြီးသွားပြီလား"

"မင်းမေမေက မင်းကို စောစောအိပ်ဖို့ပြောခိုင်းလိုက်တယ်"

ပဲပင်ပေါက်လေးက ထိုနေရာတွင် လှဲလိုက်ပြီး မျက်လုံးကြီးကြီးတွေကို မှိတ်တုပ်မှိတ်တုပ် လုပ်နေသည်။ "မေမေ သားကို အရမ်းလွမ်းနေတာဖြစ်မယ်။ ဖေဖေ၊ ဖေဖေ့ရဲ့မိန်းမကို လွမ်းနေလား"

ကျိုးရှို့လင်းက သူ့သားရဲ့လုပ်ရိုးလုပ်စဉ်နဲ့ ဘာတွေဖြစ်လာမယ်ဆိုတာ သိသည်။

"အိုး နက်ဖြန် မေမေနဲ့ သွားတွေ့လို့ရတယ်။ ဖေဖေ၊ အဲ့လိုမထင်ဘူးလား"

ကျိုးရှို့လင်း တိုးတိုးလေးရယ်လိုက်သည်။ "ဟုတ်​တယ်။ ဖေဖေက မင်းမေ​မေကို သွားတွေ့​လို့ရ​တယ် ဒါပေမယ့်​ မင်းကတော့ ​ကျောင်းတက်​ရမယ်​"

ပဲပင်ပေါက်လေး နှုတ်ခမ်းစူလိုက်သည်။ "ဖေဖေ မကောင်းဘူး"

"အိပ်တော့။ ကျိုးစစ်မူ မင်းက အခု ကြီးနေပြီ မင်းအမေက ငါ့မိန်းမအရင်ဖြစ်လာတယ်ဆိုတာ မင်း နားလည်ထားရမယ်၊ သူမက ငါ့အတွက် တစ်သက်လုံး သက်ဆိုင်တယ်" ဒါကို ဒီကောင်ဆိုးလေး နားလည်နိုင်ပါ့မလားဆိုတာ သူ မသိပေ။

ပဲပင်ပေါက်လေး ပို၍ပင် နှုတ်ခမ်းစူလာသည်။ "သားက မေမေ့ရဲ့ ရတနာတုံးကြီး။ မေမေက သားကို အချစ်ဆုံး"

ကျိုးရှို့လင်း စိတ်ထဲ သက်ပြင်းချလိုက်မိသည်။ "ဟုတ်ပါတယ် မင်းသာ မရှိရင် မင်းဖေဖေက မင်းမေမေကို ဒီလောက်လွယ်လွယ်နဲ့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

All Chapters