← Chapters

အခန်း (၁၁၀)

Vol. 9 Ch. 110

အခန်း (၁၁၀)

Vol. 9 Ch. 110

ကျိုးရှို့လင်းက ကျန်းရှောင်၏ မွေးဖွားလာပုံကို အဲ့လိုမျိုးဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မသိခဲ့ပေ။ အဲဒီတုန်းက မိခင်က မတော်တဆ ကိုယ်ဝန်ရခဲ့ရင် ရှားပါးတဲ့ သွေးအမျိုးအစားကြောင့် ကလေးယူရမယ်ဆိုတာ သူမ သူ့ကိုပြောခဲ့တာကို အံ့သြစရာမရှိတော့ဘူး။

ကျိုးရှို့လင်း သူ့လမ်းကြောင်းတွင် ရပ်တန့်သွားပြီး သူ့အကြည့်တွေက သူမကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

ကျန်းရှောင် ခေါင်းကို မော့ပြီး သူ့နဲ့အကြည့်ချင်းဆုံခဲ့သည်။ "ကျွန်မ အဆင်ပြေပါတယ်၊ ကျွန်မက အဲဒါကို ငြိမ်းချမ်းအောင် လုပ်ထားပြီးသားပါ။ အရင်တုန်းကတော့ ဒီဝမ်းနည်းမှုတွေကို ကျွန်မနှလုံးသားထဲမှာပဲ မြှုပ်နှံထားခဲ့တယ်၊ ဒါပေမယ့် အခုတော့ ရှင်နဲ့ ပဲပင်ပေါက်လေးတို့ကြောင့် ကျွန်မ ဖြည်းဖြည်းချင်း လွှတ်ချလိုက်ပြီ"

ကျိုးရှို့လင်း၏ အသံက တဖြည်းဖြည်း ပြန်ရောက်လာသည်။ "မင်း အဆင်ပြေတယ်ဆိုလို့ ဝမ်းသာပါတယ်။ ဒါက မင်းရဲ့ နှလုံးသားထဲမှာ အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာကို ကိုယ် အမြဲတမ်း စိုးရိမ်နေခဲ့တာ။ အခု ပြေလည်သွားတော့ ကိုယ်တို့ ဒါကို မေ့ပစ်လိုက်လို့ရပြီ။ ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြလို့ မရနိုင်တဲ့ အရာတွေ ဒီလောကမှာ အများကြီး ရှိတယ်"

"ဟုတ်တယ်၊ ရှင်နဲ့အဖေတို့ အမေရိကန်မှာ တွေ့ပြီး ဒီလိုအန္တရာယ်ရှိတဲ့ အတွေ့အကြုံတွေ ရခဲ့လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး" သူ့ ရင်ဘတ်ကို သူမရဲ့လက်ချောင်းထိပ်ဖြင့် ညွှန်ပြလိုက်သည်။

"ကျွန်မသံသယဖြစ်မိတာရှိတယ်၊ ရှင့် အသက်ကိုကယ်ခဲ့တဲ့အတွက် အဖေ့ကိုပြန်ပေးဆပ်ဖို့ ကျွန်မကိုလက်ထပ်ခဲ့တာများလားလို့"

ကျိုးရှို့လင်း၏ ပါးစပ်ထောင့်တွင် အပြုံးတစ်ခု တိုးဝင်လာပြီး သူ့အသံက နူးညံ့သည်။ "ဒီလိုကျေးဇူးတွေ ပြန်ဆပ်ဖို့ အားလုံးကို ပေးလိုက်တာလေ မစ္စစ်ကျန်း၊ မင်း ကျေနပ်မှုမရှိဘူးလား"

ကျန်းရှောင် နှာမှုတ်လိုက်သည်။ "ရှင်းပါတယ်၊ အဲဒါတွေ အားလုံးကို သေသေချာချာ စီစဉ်ထားပြီး ဘာမှ မဖြစ်လာမှာကို ကျွန်မ စိုးရိမ်တယ်"

သူမ ခေါင်းငုံ့ကာ သူ့ကိုပွေ့ဖက်လိုက်သည်။ "ရှင်က ကလေးကို လိုချင်တာလို့တောင် ကျွန်မထင်ခဲ့တာ"

ကျိုးရှို့လင်း သူမရဲ့ဆံပင်တွေကို ညင်သာစွာ နမ်းလိုက်သည်။ "တောင်းပန်ပါတယ်၊ အစကတည်းက ကိုယ် ရှင်းမပြခဲ့မိဘူး။ ကိုယ်ပြောလိုက်ရင် မင်း အဝေးကို ထွက်ပြေးသွားမှာ ကိုယ်စိုးရိမ်ခဲ့လို့ပါ"

အဲဒီတုန်းက သူမက အရမ်း ဆက်ဆက်ထိမခံလေး။

ကျန်းရှောင်ရဲ့ မျက်နှာက သူ့ရင်ဘတ်နှင့် ထိကပ်သွားသည်။ "ကျွန်မတို့လည်း ပဲပင်ပေါက်လေး ကို ကျေးဇူးတင်သင့်တယ် မဟုတ်လား။ သူ့ရဲ့ မမျှော်လင့်ထားတဲ့ ရောက်ရှိလာခြင်းကြောင့်သာ မဟုတ်ခဲ့ရင်၊ ကျွန်မတို့ အခုရှိနေတဲ့ အခြေအနေမှာ ရှိနေမှာတောင် မဟုတ်ဘူး"

"ဟုတ်တယ်၊ သူက သူရဲကောင်းကြီး။ ဒါကြောင့် အောက်တိုဘာလမှာ ကိုယ်တို့မင်္ဂလာဆောင်ပြီးရင် သူ့ကို လက်စွပ်ကိုင်တဲ့သူ လုပ်ခိုင်းလိုက်မယ်"

ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။ "အိုခေ"

"ဒီပရိုဂရမ် ပြီးသွားရင်၊ အောက်တိုဘာလမှာ မင်္ဂလာဆောင်မယ်"

"အိုခေ"

အဝေးက ဆူညံသံတွေကြားတော့ ကျန်းရှောင် က ဟိုကြည့်ဒီကြည့်နဲ့ပြောလိုက်သည်။ "သူတို့ ပြန်လာကြပြီ။ ဟေ့ ရှင် မြန်မြန်သွားတော့"

ကျိုးရှို့လင်း တုံ့ဆိုင်းသွားသည်။ "......"

ကျန်းရှောင်က သူ့အတွက် ကားတံခါး ဖွင့်ပေးပြီး ပြောလိုက်သည်။ "လမ်းမှာဂရုစိုက်ပြီးသွား"

ကျိုးရှို့လင်း မကူညီနိုင်တော့ဘဲ ခေါင်းယမ်းလိုက်သည်။ "မင်း..." သူမ သူ့ကို ကားထဲကို တွန်းပို့လိုက်သည်။

ကျန်းရှောင် အနားမှာ ရပ်လိုက်ပြီး သူမရဲ့ ချီတုံချတုံ အမူအရာနဲ့ နောက်ဆုံးမှာ ပြောခဲ့သည်။ "နောက်ရက်အနည်းငယ်ကျရင် ရှင် အားနိုင်လား "

ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "မစ္စစ် ကျိူး ၊ ကိုယ် အလုပ်ကိစ္စနဲ့ ဒီရက်ပိုင်းအတွင်း ခရီးထွက်ဖို့ရှိတယ်။ မင်းမှာ အစီအစဉ်ရှိလို့လား"

ကျန်းရှောင်သူ့ကို စူးစူးဝါးဝါးကြည့်လိုက်က်သည်။ "ရှင် အချိန်မရရင်လည်း ထားလိုက်တော့" သူမရဲ့ နှုတ်ခမ်းပေါ်မှ ပျော်ရွှင်နေတဲ့ အပြုံးဖြင့် ပျော်ရွှင်စွာ ခြေလှမ်းများ လှမ်းကာ လှည့်ထွက်သွားလိုက်သည်။

ကျိုးရှို့လင်း ကားပြတင်းပေါက်မှန်ကို တင်လိုက်ပြီး ကားကို စတင်စက်နှိုးကာ အမြန်ထွက်သွားခဲ့သည်။

အပြန်လမ်းတွင် ကျန်းရှောင်မှာ ရှန်းမီနာ၊ အခြားသူများနှင့် တိုက်ဆိုင်စွာ တွေ့ဆုံခဲ့သည်။

ရှန့းမီနာက မေးခဲ့သည်။ "ကျန်းရှောင်၊ အနက်ရောင် Bentley ကို အခု တွေ့လိုက်မိလား"

ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။

"အဲဒါဘယ်သူလဲ"

ကျန်းရှောင် ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။ "ကျွန်မလည်း သေချာမသိဘူး"

ရှန်းမီနာ မျက်ခုံးကြုတ်လိုက်သည်။ "ရှင် ဒီကို ဘယ်လိုလုပ်ပြီး ထွက်လာတာလဲ"

ကျန်းရှောင် ပြန်ပြောလိုက်သည်။ "ကျွန်မ လေ့ကျင့်ခန်းလုပ်ဖို့ ထွက်လာတာ မဟုတ်ရင် ကျွန်မအရိုးတွေ တောင့်တင်းသွားလိမ့်မယ်"

ရှန်းမီနာ တခစ်ခစ်ရယ်လိုက်သည်။ "ရှင် အဆင်ပြေသွားတဲ့ပုံပဲ " သူမ ခဏလောက်စဉ်းစားပြီး အဲ့ကားက ကျင်းချန်မှ လိုင်စင်နံပါတ်ပြားဆိုတာကို သတိပြုမိသွားသည်။ ဘယ်လိုလုပ်ပြီး ယွင်နီမှာရောက်နေတာလဲ။ သူမ လိုင်စင်နံပါတ်ကို တိတ်တဆိတ် မှတ်သားထားလိုက်သည်။

ခြံဝင်းထဲပြန်ရောက်တော့ ရှန်းမီနာက သူမရဲ့လက်ထောက်ကို ဖုန်းဆက်ဖို့ ရေချိုးခန်းထဲသွားတဲ့အခါ ဒီအခွင့်အရေးကို ယူခဲ့သည်။ "ကျေးဇူးပြုပြီး ငါ့အတွက် ဒီလိုင်စင်နံပါတ်ကို စစ်ကြည့်ပေး "

"မီနာ၊ ဒါက ကျင်းချန်က ကား"

"ဟုတ်​တယ် ဖြစ်နိုင်ရင် အမြန်​ဆုံး သိ​ရအောင်​​လုပ်ပေး"

"ကောင်းပြီ"

ချင်ယီလုက ကျိုးရှို့လင်း လာလည်သွားတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောခဲ့ပေ။ သူမ ပြန်သွားစဉ်တွင် အနည်းငယ် ဝမ်းနည်းပုံရပြီး ​ပြောခဲ့သည်။ "ကျွန်မတကယ် မသွားချင်ဘူး။ ကျင်းကျုံးပိုင် လာတော့မယ်၊ကျွန်မရဲ့ခဲအိုလည်း လာနေပြီ"

အနီးနားရှိ ယီဟန်က အမှတ်တမဲ့ကြားသွားပြီး စနောက်ခဲ့သည်။ "ယောက်ဖက တကယ်လာတာလား။ အစ်မကျန်း၊ အစ်မ ပိုချစ်ပြဖို့ လိုတယ်နော် !"

ကျန်းရှောင်က သူတို့ကို မြန်မြန် သွားဖို့ တိုက်တွန်းလိုက်ပြီး သူတို့ရဲ့ သရုပ်ဆောင်မှုကို အာရုံစိုက်ဖို့ သူတို့ကို ညင်သာစွာ တွန်းအားပေးပြီး သတိပေးလိုက်သည်။

ချင်ယီလု သက်ပြင်းချလိုက်သည်။ "စိတ်လှုပ်ရှားစရာအကောင်းဆုံးမြင်ကွင်းတွေကို လွတ်သွားသလို ခံစားရတယ်။ ကျွန်မ အေးအေးဆေးဆေး နေလို့ရမလား"

အိမ်အပြန်လမ်းတွင် ချင်ယီလုက Weibo ကိုဖွင့်ပြီး မက်ဆေ့ချ်တစ်ခုတင်ခဲ့သည်။

[ "The Most Beautiful Manager " ထုတ်လွှင့်မှုအတွက် အရမ်းစိတ်လှုပ်ရှားမိတယ်။ အံ့သြမှုတွေနဲ့ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတာ။ တကယ်ကို မထွက်သွားချင်ဘူး! နိုဝင်ဘာလမှာတွေ့ကြမယ်နော်။ [စောင့်မျှော်ကြည့်ရှုပေးကြပါ ] [စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ] 】

ပို့စ်တင်ပြီးတာနဲ့ သူမရဲ့ ပရိသတ်တွေက တုံ့ပြန်မှုတွေ စတင်ခဲ့သည်။

လုလုရဲ့ရတနာ - ဟမ်။ ရိုက်ကူးရေးက ပြီးသွားပြီလား

မြောက်ဘက်သို့ ဦးတည်နေသည် - လုလု၊ ငါတို့အစ်ကို ပိုင် လည်းသွားတဲ့ပုံပဲ။ နင် သူ့ကို တိုက်မိခဲ့တာလား။

ဖားရဲ့သားလေး ဘယ်သွားတာလဲ - အသေးစိတ်အချက်အလက်တွေကို ဖွင့်ချပေးပါ။ ဓာတ်ပုံတွေ လိုချင်တယ်။

ချင်ယီလု ပြန်ပြောလိုက်သည် - မရှိဘူး [လက်ဖြန့်ပြတဲ့ပုံ ]

သူမရဲ့ တုံ့ပြန်မှုက မှတ်ချက်တွေကို ထပ်ပြီး ဆူပွက်စေခဲ့သည်။

ရလဒ်အနေဖြင့် ကျန်းရှောင်က ကျင်းကျုံးပိုင် ယွင်နီ မြို့သို့ရောက်ရှိပြီးနောက် သူ့ ကိုတွေ့သောအခါ အနည်းငယ် ရှက်သွားခဲ့သည်။ သူမရဲ့ သူငယ်ချင်းကောင်းတွေက သူ့ရဲ့ပရိသတ်တွေဖြစ်ပြီး သူမရဲ့အနုပညာရှင်တွေကလည်း သူ့ရဲ့ပရိသတ်တွေဖြစ်ကြသည်။

ရှန်းမီနာက တစ်ရက်အကြာတွင် သူမလက်ထောက်ဆီမှ ဖုန်းလက်ခံရရှိခဲ့သည်။

"အစ်မ နာ၊ အဲဒီလိုင်စင်နံပါတ်ပိုင်ရှင်က ဟွားရှက မစ္စတာ ကျိုးရှို့လင်း ဆိုတာ သိခဲ့ရတယ်"

ရှန်းမီနာ အသက်ပြင်းပြင်းရှူလိုက်သည်။ "သေချာရဲ့လား"

"သေချာတယ်"

"ဒါဆို ကျန်းရှောင်နဲ့ ကျိုးရှို့လင်းလား " ရှန်းမီနာ၏ ဦးနှောက်က သတင်းအချက်အလက်တွေကို လျင်မြန်စွာ လုပ်ဆောင်နေသည်။ "ကျန်းရှောင်ရဲ့အမျိုးသားက ကျိုးရှို့လင်း ဖြစ်နေမလား "

"ဒါပေမယ့် မစ္စတာကျိုးက အိမ်ထောင်ကျပြီး ကလေးယူထားတာကြာပြီ မဟုတ်ဘူးလား။ ကျန်းရှောင်က သူ့ရဲ့မယားငယ်များလား။ အဲ့လိုမှမဟုတ်ရင် ကျန်းရှောင်က မကြာသေးခင် နှစ်တွေအတွင်းမှာ ဒီလိုအရင်းအမြစ်ကောင်းတွေကို ဘယ်လိုလုပ်ရနိုင်မှာလဲ။ ကျန်းရှောင်က မစ္စစ်ကျိုး ဆိုရင် သူမအနေနဲ့ အေးဂျင့် အလုပ်ဆက်လုပ်မှာလား။" ရှန်းမီနာလည်း ဒီစာကြောင်းတွေကို တွေးတောနေခဲ့သည်။

"ဒီအချက်အလက်တွေကို 'Pa Pa Weekly' နဲ့ လုဖျင် ဆီ ပို့သင့်တယ်။ သူတို့ ဘာဆက်လုပ်ရမယ်ဆိုတာသိလောက်တယ်။ ချက်ချင်းလုပ်လိုက်တော့"

"ကောင်းပါပြီ"

"The Most Beautiful Manager " တွင် တတိယမြောက် ဧည့်သည်တော်တွေထဲမှာ ယခုအချိန်ထိ ပေါ်ထွက်လာခဲ့တဲ့ အကြီးမားဆုံး ကြယ်ပွင့်ကတော့ ကျင်းကျုံးပိုင်ဖြစ်သည်။ အခုလို ဝါရင့်သရုပ်ဆောင်တစ်ယောက် ရောက်ရှိလာခြင်းနဲ့အတူ၊ ပရိုဂရမ်၏ ယခင်က သက်ဝင်လှုပ်ရှားနေသော ပုံစံက ရုတ်တရက်ပြင်းထန်လာသည်။

ဘယ်သူကမှ ပေါ့ပေါ့ဆဆ မလုပ်ရဲကြပေ။

ဒါရိုက်တာအဖွဲ့ က ကမောက်ကမ ဖြစ်နေသည်။

ကျင်းကျုံးပိုင်ကို ယခင်က variety showတွေမှာ ဘယ်သူကမှ ဖိတ်ကြားခဲ့ခြင်းမရှိသည်မှာ အံ့ဩစရာမဟုတ်ပေ။ အခု သူတို့ ဘာကြောင့်ဆိုတာကို နားလည်လာသည်။

ညနေခင်းတွင် ဂိမ်းက ဟင်းချက်ပြိုင်ပွဲဖြစ်လာသည်။ ကျင်းကျုံးပိုင်က ရှဉ့်ငါးနှင့် ဂုံးကောင်များကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ခဲ့သည်။ ဟင်းလျာများ ခင်းကျင်းပြီးသည်နှင့် လူတိုင်းက စိတ်အားထက်သန်စွာ ခူးခပ်ခြင်းဖြင့် ကျေးဇူးတင်ကြောင်း ပြသခဲ့ကြသည်။ အစားအစာတွေက ကြယ်ငါးပွင့်ဟိုတယ်များမှ ဟင်းလျာများကို ပြိုင်ဆိုင်နိုင်လောက်အောင် အရသာရှိပြီး လူတိုင်းက အမှန်တကယ် သဘောကျခဲ့ကြသည်။

"အစ်ကို ပိုင်၊ အစ်ကို့ရဲ့ ဟင်းချက်စွမ်းရည်က အံ့သြစရာကောင်းလိုက်တာ"

ကျင်းကျုံးပိုင်က ပြုံးပြီးပြန်ပြောခဲ့သည်။ "ကျွန်တော့် ညီမလေးက အစားအသောက်နဲ့ပတ်သက်ရင် အရမ်းဂျီးများတတ်တယ်၊ သူမ ငယ်ငယ်တုန်းက ကျွန်တော်တို့လူကြီးတွေက အလုပ်တွေရှုပ်နေတာကြောင့် ကျွန်တော်ကပဲ သူမကို ခဏတာ ပြုစုပေးခဲ့ရတာ။ သူ အစားစားဖို့ ငြင်းဆန်နေရင် ကျွန်တော် ဘယ်လိုပဲ ကြိုးစားပြီးချော့ချော့ အဆင်မပြေဘူး ဒါနဲ့ သူမအတွက် ဟင်းချက်ပေးဖို့ ဆုံးဖြတ်လိုက်တယ်"

"ကောင်းကင်ဘုံက ငါ့ကိုအစ်ကိုတစ်ယောက် အကြွေးတင်နေတယ်" လို့ တစ်ယောက်ယောက်က အော်ပြောခဲ့သည်။

ကျန်းရှောင်က လတ်လတ်ဆတ်ဆတ်လုပ်ထားတဲ့ ဇီယာအာလူးတွေကို စားပွဲပေါ်တင်လိုက်ပြီး သူတို့စကားပြောသံကို အမှတ်မထင် ကြားလိုက်သည်။ ဒီအာလူးတွေက ပဲပင်ပေါက်လေး အကြိုက်ဆုံးဖြစ်တယ်ဆိုတာကို သူမ သိသည်။

"အစ်မကျန်း၊ အစ်မက အိမ်မှာ ခဏခဏ ဟင်းချက်စားနေကြလား "လို့ တစ်ယောက်ယောက်က မေးလိုက်သည်။

"ကျွန်မက အိမ်မှာ ချက်စားဖို့ အခွင့်အလမ်း များများစားစား မရှိဘူး။ ကျွန်မရဲ့ ယောက္ခမတွေနဲ့ အတူ စားလေ့တော့ ရှိတယ်" လို့ ကျန်းရှောင် ပြန်ဖြေခဲ့သည်။

"အစ်မရဲ့အမျိုးသားက ဟင်းတွေချက်ပေးလား"

"သူက ကျွန်မထက် ဟင်းချက်တာ ပိုကောင်းတယ်"

"ကျန်းရှောင်၊ ဘယ်လိုလုပ်ပြီး အစောကြီး လက်ထပ်လိုက်တာလဲ"

လူတိုင်းက ဒီမေးခွန်းကို တော်တော်စိတ်ဝင်စားနေကြပုံရပြီး ကျင်းကျုံးပိုင်ကတောင် သူမဘက်လှည့်လာသည်။

ကျန်းရှောင် အနည်းငယ် ပြုံးလိုက်သည်။ "ကျွန်မရဲ့အမျိုးသားနဲ့ ကျွန်မက အထက်တန်းကျောင်းမှာ တွေ့ခဲ့ကြတာ"

"Wow မြင်မြင်ချင်း အချစ်ပေါ့!"

"ကျွန်မအမျိုးသားက ကျွန်မရဲ့ အတန်းဖော်ရဲ့ အစ်ကို။ နောက်ပိုင်း ကျွန်မ တက္ကသိုလ်က ဘွဲ့ရပြီးတဲ့နောက်မှာ သူနဲ့ပြန်ဆုံတွေ့ပြီး လက်ထပ်ခဲ့ကြတာ"

" အရေးကြီးဆုံးအပိုင်းကို ကျော်သွားပစ်တယ်"

ကျန်းရှောင် ရယ်လိုက်သည်။ "ဒီနေ့ မစ္စတာ ကျင်း ဒီမှာ ရောက်နေပြီလေ ဒါက ရှားရှားပါးပါး အခွင့်အရေးပဲ၊ ဘာလို့ မစ္စတာ ကျင်းကို မမေးတာလဲ"

ဘေးက ရှန်းမီနာ က လှောင်ရယ်လိုက်သည်။ ကျန်းရှောင်က သူမ၏ အနုပညာရှင်များကို ကောင်းမွန်စွာ ထုပ်ပိုးပေးထားရုံသာမက သူမကိုယ်တိုင်လည်း ပါသည်။ သူမ ဘာကြောင့် debut မလုပ်တာလဲ။

ဤအခိုက်အတန့်တွင် ပရိုဂရမ်အဖွဲ့မှ လှုပ်ရှားမှုကတ်များ ထုတ်ပေးခဲ့ပြီး လူတိုင်းတစ်ခုစီ ရရှိခဲ့သည်။

[ကျေးဇူးပြု၍ စတုတ္တမြောက် လျှို့ဝှက်ဆန်းကြယ်သည့်ဧည့်သည်တော် အခုပဲ ဖုန်းဆက်ပြီး မနက်ဖြန် အစီအစဉ်မှာ ဖိတ်ခေါ်ပေးပါ]

အားလုံး၏ မျက်နှာတွေက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။ တကယ်တော့ ဒီအပိုင်းကို လူတိုင်းသိပြီးသားပင်။ လျှို့ဝှက်ဆန်းကြယ်ဧည့်သည်သည် ပရိသတ်အတွက် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုသာဖြစ်သည်။

သူတို့ ဖုန်းနံပါတ်တွေကို အသီးသီး ခေါ်ဆိုလိုက်ကြသည်။

ရှန်းမီနာက သူမ၏ကောလိပ် စီနီယာကိုဖိတ်ခဲ့ပြီး၊ စွင်းကျင့်က အဆိုတော် XXကို ဖိတ်ကာ၊ ဖန်းမူက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကိုဖိတ်ပြီး နောက်ဆုံးတော့ ကျန်းရှောင်ရဲ့ အလှည့်ရောက်လာသည်။

အားလုံးက သူမကို မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြသည်။

ကျင်းကျုံးပိုင် စနောက်လိုက်သည်။ "ကျန်းရှောင်၊ စိတ်မလှုပ်ရှားနဲ့"

ကျန်းရှောင် ဖုန်းကိုကိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ ပြုံးလိုက်ရင်း သူမရဲ့အသံက ကြည်လင်နေသည်။ "ကျွန်မဖိတ်ကြားထားတဲ့ဧည့်သည်တော်ကတော့ ကျွန်မရဲ့အမျိုးသားပါ "

သူမ ဖုန်းခေါ်လိုက်ပြီး ရင်းနှီးပြီးသား ringtone ကို နားထောင်ပြီး ခဏကြာတော့ ဖုန်းပြန်ဖြေလာခဲ့သည်။

"ဟယ်လို မစ္စတာ ကျိုး "

All Chapters