← Chapters

အခန်း (၁၁၁)

Vol. 9 Ch. 111

အခန်း (၁၁၁)

Vol. 9 Ch. 111

"မစ္စစ်ကျိုး ကိုယ့်ကိုလွမ်းနေပြီလား" ကျိုးရှို့လင်းရဲ့ သာယာတဲ့အသံ ထွက်ပေါ်လာပြီး ဇနီးဖြစ်သူကို နောက်တစ်ကြိမ် စနောက်ဖို့လုပ်လာသည်။

ဖုန်းသည် စပီကာခလုတ် နှိပ်ထားသောကြောင့် သူခုနက ပြောခဲ့သော စကားများကို လက်ရှိလူတွေကြားရုံသာမက နောက်ပိုင်းထုတ်လွှင့်မှုတွင်လည်း နိုင်ငံတစ်ဝန်းမှ ပရိသတ်များလည်း ကြားနိုင်မည်ဖြစ်သည်။

ရှန်းမီနာ ရုတ်တရက် တုန်လှုပ်သွားပြီး မယုံနိုင်စရာများဖြင့် ပြည့်နှက်သွားသည်။ ဒီအသံက....

ကျန်းရှောင်က တခြားသူတွေရဲ့ အပြုအမူများကို ဂရုမစိုက်ဘဲ သူ့ကိုအမြန်သတိပေးလိုက်သည်။ "ကျွန်မ ဂရိုဂရမ် ရိုက်နေတာ"

ကျိုးရှို့လင်း - "...... " သူ လည်ချောင်း ရှင်းလိုက်သည်။ "မစ္စစ်ကျိုးမှာ ညွှန်ကြားစရာ တစ်ခုခုများရှိလို့လား"

ကျန်းရှောင် ပြန်ပြောလိုက်သည်။ "မနက်ဖြန် ယွင်နီ မြို့ကိုလာခဲ့ဖို့ ရှင့် ဖိတ်ပါတယ်"

ကျိုးရှို့လင်းရဲ့ နှုတ်ခမ်းတွေ ပြုံးကာ ကွေးတက်သွားသည်။ "မစ္စစ် ကျိုး၊ စီစဉ်ထားတဲ့အတိုင်းကိုယ် လာခဲ့မယ်"

ကျန်းရှောင်သည် လူတိုင်းရှေ့မှာ ကျိုးရှို့လင်း နှင့် စကားပြောရင်း ငြိမ်သက်မနေနိုင်ခဲ့ပေ။ သူမ ပြောလိုက်သည်။ "ကျွန်မ အခု ဖုန်းချလိုက်တော့မယ်"

"ခဏလေး"

"ဟုတ်"

"မင်းရဲ့သား ကိုယ့်အနားမှာရှိတယ် သူက မင်းနဲ့စကားပြောချင်လို့တဲ့"

ကျန်းရှောင် ပြုံးလိုက်သည်။

ပဲပင်ပေါက်လေးက ဖုန်းကိုယူလိုက်ပြီး ပျော်ရွှင်စွာ ပြတ်သားပြီး ချစ်စရာကောင်းတဲ့ အသံဖြင့်ပြောလိုက်သည်။ "ရှောင်ရှောင်၊ သား အရမ်းလွမ်းနေတာ" သူ၏ အသံက နူးညံ့ပြီး ချစ်စရာကောင်းသည်။

ကျန်းရှောင်က အိမ်က သူမရဲ့ မင်းသားငယ်လေးက သူ့အဖေကို တဖန် တုပလာကြောင်း သိလိုက်သည်။

"ရှောင်ရှောင် သားတို့ဘာလို့ video chat မလုပ်တာလဲ"

"အမေ အလုပ်လုပ်နေတယ်လေ ချစ်လေး၊ သားက ဘာလုပ်နေတာလဲ"

"ဖေဖေက သားကို အိမ်စာတွေ ကူလုပ်ပေးနေတာ။ မေမေ၊ အိမ်ကိုဘယ်တော့ ပြန်လာမှာလဲ။ မူမူ မေမေ့ကို အရမ်းလွမ်းနေပြီ"

ကျန်းရှောင်ရဲ့ နှလုံးသားကို ထိမိသွားပြီး သူမ၏ မျက်လုံးတွေက ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။ သူမ၏အသံက နူးညံ့သိမ်မွေ့ပြီး မိခင်မေတ္တာအပြည့်ရှိသည်။

“နောက်လေးရက်ပဲ ရှိတော့တယ်နော် ချစ်လေး။ ရက်တွေတွက်ထား မေမေ လေးရက်နေပြီးရင် အိမ်ပြန်လာခဲ့မယ်နော်"

မူမူ - အိုခေ ၊ တစ်၊ နှစ်၊ သုံး၊ လေး၊ ပြီးပြီ......"

ကျန်းရှောင် - " ...... မေမေ ဆိုလိုတာက လေးရက်နဲ့လေးည ကြာမယ်လို့ပြောတာ "

"မေမေ၊ သား စနေတာပါ " ပဲပင်ပေါက်ကလေးက ဝမ်းသာအားရနဲ့ပြောလိုက်သည်။

"မေမေ၊ သား မေမေ့ကို တိတ်တိတ်လေးပြောပြစရာရှိတယ် ဦးဦး ယွမ်ယွမ်က အချစ်နဲ့တွေ့နေပြီ။ တီတီ့ကို သွား မပြောနဲ့နော်။ ဦးဦးက သားရဲ့သူငယ်တန်းဆီ သူ့ကောင်မလေးကို ခေါ်ပြီးလာလည်တာ သားအတွက် Yakulk ငါးဘူးဝယ်ပေးသွားတယ်"

ကျန်းရှောင် သူမရဲ့ ရယ်သံကိုထိန်းထားသည်။ "ကောင်းပြီ မေမေ ဘယ်သူ့ကိုမှ မပြောပြဘူးနော်။ မေမေပြန်လာရင် Yakult ဆယ်ဗူးဝယ်လာခဲ့မယ်!"

ပဲပင်ပေါက်လေးက တင်ပါးကိုလှုပ်ပြီး ရယ်လိုက်သည်။ "မေမေ၊ ဖေဖေက အရမ်းလွန်နေပြီ။ သား ဖေဖေနဲ့ အတူမနေချင်တော့ဘူး။ သားအိပ်နေတဲ့အချိန်မှာ မေမေ့ကိုတွေ့ဖို့ ခိုးပြီးထွက်သွားတယ် သားကိုလည်းမခေါ်သွားဘူး! မေမေ၊ နောက်တစ်ခါ မေမေ အလုပ်ကိစ္စနဲ့ သွားရင် သားကို ခေါ်နော် "

ကျန်းရှောင် ရှက်ရွံ့သွားပြီး မျက်လုံးထောင့်မှာ အနက်ရောင်မျဉ်းတွေ ပေါ်လာသည်။ "မေမေ သိပါပြီ၊ မေမေ ပြန်လာမှ အဲဒီအကြောင်း ပြောကြရအောင်"

ငါတို့ စကားဆက်ပြောနေမယ်ဆိုရင် ငါတို့မိသားစုရဲ့လျှို့ဝှက်ချက်တွေအားလုံး သူ့ကြောင့် ဖော်ထုတ်မိသွားလိမ့်မယ်။ သူမက ဖုန်းကိုအမြန်ချပြီး တောင်းပန်တဲ့မျက်နှာနဲ့ ရှင်းပြလိုက်သည်။ "ကျွန်မသားက အရမ်းချစ်စရာကောင်းတယ်နော် "

လူတိုင်း - "....."

ခဏတာ တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ယောက်က မေးလာသည်။ "ကျန်းရှောင်၊ အမျိုးသားရဲ့ နာမည်က ကျိုး လား"

ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။

"တိုက်ဆိုင်လိုက်တာ။ မင်းရဲ့သူဌေးနာမည်ကလည်း ကျိုး ပဲ "

ကျန်းရှောင် အသက်ရှုကြပ်လာပြီး ပြတ်သားစွာကြည့်လိုက်သည်။ "အရမ်းတိုက်ဆိုင်တာပေါ့၊ ကျွန်မ အမျိုးသားရဲ့နာမည်က ကျိုးရှို့လင်း တဲ့"

လူတိုင်း - "......"

ရှန်းမီနာ စိတ်ရှုပ်သွားကာ တဖြည်းဖြည်း စိတ်မသက်မသာဖြစ်လာသည်။

စွင်းကျင့်က မေးခဲ့သည်။ " ဘာဖြစ်လို့လဲ၊ မင်းမျက်နှာက ဘာဖြစ်နေတာလဲ"

ရှနမီနာ လက်သီးတွေကို တင်းတင်းဆုပ်ပြီး ပြောလိုက်သည်။ "သန့်စင်ခန်းသွားလိုက်ဦးမယ်"

"Pa Pa Weekly" နှင့် လုဖျင်ဘက်မှ သတင်းထုတ်ခြင်း ရှိ၊ မရှိ မသိသောကြောင့် ဘာမှမဖြစ်ခင် သူမ အမြန်ထကာ ရပ်တန့်ခိုင်းလိုက်ရသည်။

အသံဖမ်းထားတာကို သူမ ပိတ်လိုက်ပြီး သန့်စင်ခန်းထဲသို့ ၀င်ကာ လုဖျင်ကို အမြန်ခေါ်လိုက်သည်။

ဖုန်းက တစ်ခါမှ ပြန်မဖြေလာခဲ့ပေ။

ရှန်းမီနာ စိုးရိမ်တကြီး လှည့်ပတ်ပြီးလျှောက်ရင်း တေမရဲ့လက်ဖဝါးတွေမှာ ချွေးအေးတွေ ထွက်လာခဲ့သည်။ သူမ နှုတ်ခမ်းထောင့်ကို ကိုက်ပြီး ထပ်ခေါ်ကြည့်ပေမယ့် ရလဒ်က အဖြေပြန်မလာသေးပေ။

သူမ အပြင်ထွက်မလာတာကြာပြီကို တွေ့လိုက်ရတော့ စွင်းကျင့်က သူမကို လိုက်ရှာခဲ့သည်။ "မီနာ အဆင်ပြေရဲ့လား"

ရှန်းမီနာ၏ မျက်လုံးအောက်ခြေတွင် မှုန်ကုပ်ကုပ်နှင့် ပြည့်နေပြီး တံခါးကို ဆွဲဖွင့်လိုက်သည်။ "ပြေပါတယ်"

"မီနာ အဆင်ပြေရဲ့လား"

ရှန်းမီနာ ညင်ညင်သာသာ ရယ်မောလိုက်ပြီး သူမရဲ့ အပြုံးကမှိန်ဖျော့သွားသည်။ "ရုတ်တရက်ကြီး ကိုယ့်ကိုယ်ကို အရေးပါလွန်းပြီး ငါ့ရဲ့ အရည်အချင်းတွေက လွန်ကဲနေတယ်လို့ ခံစားနေရတယ်"

စွင်းကျင့်က သူမ ဆိုလိုချင်တာကို နားလည်သည်။ " တကယ်တော့ ကျန်းရှောင်က ဟွာရှား ရဲ့ အမျိုးသမီး သူဌေးဖြစ်မယ်လို့ ဘယ်သူမှ မထင်ထားကြဘူး။ ဒီတစ်ခါတော့ လူတော်တော်များများ သူတို့ရဲ့ မျက်မှန်တွေပြုတ်ကြသွားကြလိမ့်မယ်"

ရှန်းမီနာ ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်သည်။ ရှုကျားရမ်၏ "ချန်တင်း" က ခေါင်းဆောင်မင်းသမီး နေရာကို ခိုးယူသွားကတည်းက သူမ၏ ဒေါသကို မျိုမချနိုင်ခဲ့ပေ။ ကျန်းရှောင်လည်း အစီအစဉ်မှာ ပါလာတာကို သိလိုက်ရတော့ ကျန်းရှောင်ကို နှိမ်နှင်းဖို့ သူမ ကြံရွယ်ထားပြီးသားပင်။ "ဟုတ်တယ်၊ အံ့သြစရာတွေ အများကြီးပဲ"

သူတို့ နှစ်ယောက် ခန်းမထဲ ပြန်ရောက်တော့ အရာအားလုံးဟာ ယခင်အတိုင်းပင် ဖြစ်ပုံရသော်လည်း အငွေ့အသက်များက သိသိသာသာ ပြောင်းလဲသွားသည်။

ဧည့်သည်တွေက ကျန်းရှောင်ကို ပို၍ စိတ်အားထက်သန်နေကြပြီး မေးခွန်းများစွာ မေးခဲ့ကြသည်။ ဟွားရှ၏ အမျိုးသမီးသူဌေးဆိုတဲ့ ဘွဲ့က လူတိုင်း နှစ်သက် နှစ်သက်တဲ့ ဘွဲ့ တစ်ခု ဖြစ်သည်။

ဒါက အဖြစ်မှန်ပင်။

ကျန်းရှောင်က လူတိုင်း၏ မေးခွန်းများကို ယဉ်ယဉ်ကျေးကျေး ဖြေဆဲဖြစ်သော်လည်း လူတိုင်းက ထက်မြက်ပြီး ကိုယ်ရေးကိုယ်တာမေးခွန်းများကို မမေးကြပေ။

တစ်ဖက်က ကျင်းကျုံးပိုင်ကတော့ သူ့လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေဆဲပင်။ ကျန်းရှောင်က ရှောင်ထွက်သွားပြီး သူမရဲ့လက်ထဲက ရေခွက်ကို သူ့ကို ပေးလိုက်သည်။

"ဆရာကျင်း-"

ကျင်းကျုံးပိုင် ပြုံးလိုက်သည်။ "မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"

ကျန်းရှောင်က သူ့ဟာသကို ဂရုမစိုက်ခဲ့ပေ။ "ဆရာ ကျင်း၊ လာလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မ ဝိုင်အစား လက်ဖက်ရည်နဲ့ ဆုတောင်းပေးပါရစေ"

ကျင်းကျုံးပိုင်လည်း သူ့ခွက်ကို မြှောက်လိုက်သည်။ "ဒါက အားထုတ်မှုပါပဲ"

"မေးစရာရှိတယ်"

"ဘာလို့ ပရိုဂရမ်ကို လာဖို့ ငါ သဘောတူခဲ့တာလဲဆိုတာလား" ကျင်းကျုံးပိုင်က သိပ်ဂရုမစိုက်ဘူး။ "ငါက မင်းရဲ့အမျိုးသားနဲ့ အသက်တူတယ်"

ကျန်းရှောင် - "......"

"ကျိုးရှို့လင်းရဲ့သားက Soy Milk နဲ့ ဆော့နေပြီ၊ ငါက လူပျိုဖြစ်နေတုန်း"

"ဒါဆို အိမ်ထောင်ပြုမယ့်သူရှာဖို့ ဒီကိုရောက်နေတာလား။ ဒါဆိုရင်တော့ "သင်တစ်ယောက်ပဲဖြစ်မယ်ဆိုရင်" ဆိုတဲ့နေရာကို သွားသင့်တယ်"

ကျင်းကျုံးပိုင် ခေါင်းခါလိုက်သည်။ "ရန်ရန်က ငါ့ကို လာခိုင်းတာ၊ ငါ မသွားရင် သူအိမ်ကို တစ်နှစ်ပြန်မလာဘူးလို့ ပြောလို့"

ကျန်းရှောင် အံ့ဩသွားသည်။

"ကျန်းရှောင်၊ ငါ လူကြီးတွေ ကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှ မပြောတော့ပါဘူး ရန်ရန်က အရမ်းကြင်နာတတ်တယ်။ သူမ မင်းရဲ့ အထောက်အထားကို ရှာတွေ့ပြီးကတည်းက သူ့နှလုံးသားထဲကနေ လှိုက်လှိုက်လဲလဲ တောင်းပန်နေမိတာ"

ကျန်းရှောင် ခေါင်းငုံ့လိုက်သည်။

"ဖြစ်နိုင်မယ်ဆိုရင် သူမကို မင်းရဲ့ သာမန်သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပြီး လက်ဖက်ရည်သောက်ဖို့ ခဏခဏ ခေါ်ပါ။ အန်တီလျန့်ကို မင်း အသိအမှတ်မပြုချင်ဘူးဆိုရင် အတင်းကြီး လုပ်စရာမလိုဘူး"

"ဆရာကျင်း။ ကျေးဇူးတင်ပါတယ်" ကျန်းရှောင် အလေးအနက်ပြောနေတာ။ "ဆရာက ကျွန်မကို နှစ်တွေကြာတဲ့အထိ ကူညီပေးခဲ့တယ်။ ဆရာ့ရဲ့အကြောင်းပြချက်က ဘယ်လိုပဲဖြစ်နေပါစေ ကျွန်မ ကျေးဇူးတင်စကားပြောဖို့ အခွင့်မသာခဲ့ဘူး"

ကျင်းကျုံးပိုင်ရဲ့ မျက်နှာက မပြောင်းသွားပေ။ "အစကတော့ ဂရုဏာစိတ်မရှိပေမယ့် နောက်ပိုင်းမှာ အဲ့တာက တန်ဖိုးရှိမှန်း သိလာတယ်။ အထူးသဖြင့် မင်းနဲ့ပတ်သက်တဲ့ ထူးခြားတဲ့ အရာတစ်ခုရှိတာ မင်းသိလား"

"ဘာလဲ"

"မင်းမှာ အရှုံးမပေးဘဲ ငြင်းဆန်နေတဲ့ သတ္တိရှိတယ်"

ကျန်းရှောင် နှုတ်ဆိတ်နေသည်။ "မရှုံးမခံနိုင်တဲ့ သန်မာတဲ့လူ" သူမ မျက်လုံးတွေကို မှေးကျဥ်းလိုက်သည်။

"ကျွန်မ ငယ်ငယ်တုန်းက စိတ်လိုက်မာန်ပါလုပ်ခဲ့တာတွေ အမြဲရှိခဲ့တယ်၊ ဘာကိုမှ မကြောက်ခဲ့ဘူး၊ ဘာကိုမှ ဂရုမစိုက်ခဲ့ဘူး"

ကျင်းကျုံးပိုင်က သူ့ခွက်ကို ချလိုက်သည်။ "ဟုတ်တယ်။ ရန်ရန်က မင်းနဲ့ တော်တော်တူတယ်"

ကျန်းရှောင် အသံ ပျောက်သွားသည်။ တကယ်တော့ ဒီအချက်က လျန့်ယွဲ့ ရဲ့ အမွေဖြစ်လောက်သည်။ "မစ္စတာ ကျင်း၊ ကျွန်မ ရန်ရန်ကို အရမ်းအားကျတယ်"

"ဟင်"

"ရှင့်လိုအစ်ကိုတစ်ယောက်ကို လူ့အဖွဲ့အစည်းက ကျွန်မကို အကြွေးတင်နေတယ်"

ကျင်းကျုံးပိုင် ရယ်မောလိုက်ပြီး သူ့လက်နှစ်ဖက်ကို ဖွင့်လိုက်သည်။ "လာ၊ အစ်ကို့ကို ဖက်ပေးပါဦး"

ကျန်းရှောင်အဲ့တာကို မယုံနိုင်လောက်အောင်ပါပဲ သူ့ကို ဖက်ထားရင်း သူ့ခန္ဓာကိုယ်က အနံ့က မွှေးကြိုင်နေသည်။

ကျင်းကျုံးပိုင်က သူမနားထဲ တိုးတိုးလေးပြောလိုက်သည်။ "မလှုပ်နဲ့၊ ကင်မရာရှိတယ်" ကင်မရာက သူတို့ကို ချိန်ထားပြီး ရိုက်ချက်က လှပမယ်ဆိုတာ အာမခံသည်။

"ကျန်းရှောင်၊ ဘီ မြို့မှာ ရန်ရန် လုပ်ခဲ့တာက နည်းနည်းတော့ ရယ်စရာကောင်းတယ်၊ ကျိုးရှို့လင်း လုပ်ခဲ့တာမှန်တယ်။ ဒါပေမယ့် ငါက အစ်ကိုကောင်းတစ်ယောက်။ ကျိုးရှို့လင်းက ငါ ဒီပရိုဂရမ်ကိုလာမှာ အရမ်းဆန့်ကျင်နေတယ်လို့ကြားတယ် အခု ငါ မင်းကို ဖက်ထားတယ်ဆိုတာကို သူသိသွားရင် သူ့မျက်နှာပေါ်မှာ အံ့သြစရာအရိပ်အယောင်ရှိမယ်လို့ ငါထင်တယ်"

မျှော်လင့်ထားသည့်အတိုင်း ရုပ်ရှင်သရုပ်ဆောင်၏ မကောင်းတဲ့အရသာက လူအများကို စွဲလမ်းစေသည်။

အစီအစဉ် အဆုံးသတ်တဲ့အချိန်မှာ ဆယ်နာရီထိုးနေပြီပင်။ အားလုံး အနားယူဖို့ပြန်သွားကြပြီး ပြန်လမ်းအတိုင်း လျှောက်လာရင်း ရုတ်တရက် ဖန်းမူက အနောက်ကနေ ပြေးတက်လာသည်။

"ကျန်းရှောင်၊ Weibo ကိုကြည့်၊ မင်းအကြောင်းတစ်ခုခုရှိနေတယ်"

ကျန်းရှောင် မျက်နှာက မည်းမှောင်သွားသည်။ "မကောင်းတာတွေများလား" သူမရဲ့ Weibo ကို အမြန်ဖွင့်လိုက်သည်။ private မက်ဆေ့ချ်နှင့် ကောမန့် တစ်ရာကျော်ရှိနေသည်။ သူမရဲ့နာမည်ကို ပြန်ရှာကြည့်လိုက်တော့ ဖျော်ဖြေရေး Weibo အကောင့်တော်တော်များများက ဒီသတင်းကို တင်ထားကြသည်။

[အသိုင်းဝိုင်းထဲက လှပတဲ့ အေးဂျင့်ဖြစ်တဲ့ ကျန်းရှောင် ဟာ ဟွားရှရဲ့ ဥက္ကဌ ကျိုးရှို့လင်း ရဲ့ အငယ်အနှောင်းလို့ သံသယဖြစ်မိ။]

အောက်ဖော်ပြပါသည် အားလုံးအမှန်ဖြစ်ကြောင်းကို ညွှန်ပြသည့် အမျိုးအစားအားလုံး၏ စာရင်းတစ်ခုဖြစ်သည်။

ကျန်းရှောင် သက်ပြင်းချလိုက်သည်။ "ဒီနေ့ ကျွန်မသာ အဲ့တာကိုမပြောခဲ့ဘူးဆိုရင် ကျိုးရှို့လင်းနဲ့ ကျွန်မက ဒီလိုမျိုး ဆက်ဆံရေးမျိုးလို့ ရှင်တို့ထင်ကြမှာလား"

ဖန်းမူက ဘာမှပြန်မပြောခဲ့ပေ။

အောင်မြင်လွန်းတဲ့ အမျိုးသမီး တစ်ယောက် အထူးသဖြင့် လှပတဲ့အမျိုးသမီးဆိုရင် သူမအကြောင်းကို လူတွေကို အမြဲပြောချင်လာအောင်ဖြစ်စေသည်။

ကျန်းရှောင် ခေါင်းငုံ့ထားရင်း မျက်တောင်လေးတွေ တဖျပ်ဖျပ်ခတ်နေသည်။ "လွှတ်ထားလိုက် "

ဖန်းမူ အကြုပေးလိုက်သည်။ "မင်း ကြေညာချက်ထုတ်ချင်လား"

ကျန်းရှောင်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူမလေသံက ခိုင်မာသည်။ "ကျွန်မ ထိုင်ပြီးတော့ ပါးရိုက်ခံရတာကို စောင့်ကြည့်ချင်တယ်၊ နောက်ပြီး နာမည်ပျက်ကြေးရဖို့ လိုက်ချင်တယ်"

ဖန်းမူ သူ့နှာခေါင်းကို ထိလိုက်သည်။ "ဒီအပတ်စဉ် မဂ္ဂဇင်းတော့ ဒေဝါလီခံနိုင်လောက်မယ်ထင်တယ်"

ဒီလို အတင်းအဖျင်း သတင်းတွေ ထွက်နေတာ၊ စောင့်ကြည့်နေသူတွေ အများကြီးရှိခဲ့ပြီး လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင် ထင်မြင်ချက်တွေကို ဖော်ပြခဲ့ကြသည်။

တကယ်တော့ ကျန်းရှောင်က ဒီလိုသတင်းတွေ မကြာခဏ ကြားရတာ ကောင်းတဲ့ကိစ္စမဟုတ်ဘူးဆိုတာ သိသည်။ ပထမအချက်ကတော့ သူမကိုယ်တိုင်က နာမည်ကြီးတစ်ယောက် မဟုတ်သေးပေ။ ဒုတိယအနေနဲ့ကတော့ သူမရဲ့အနုပညာသမားတွေအတွက် အကျိုးသက်ရောက်မှု မရှိဘူး။ တတိယအချက်မှာ မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုတာက သူမအပေါ် လူအများ၏ အမြင်ကို ပြောင်းလဲသွားစေနိုင်သည်။

ဒါပေမယ့် ယခုအချိန်တွင် သူမလုပ်ခဲ့တဲ့ ဘယ်အရာကမှ သူမပုံရိပ်ကို ဖြူစင်အောင် ဆေးကြောခြင်းမှာ ပရိုဂရမ်ထုတ်လွှင့်ခြင်းကဲ့သို့ ထိရောက်မှု ရှိမှာမဟုတ်ပေ။

သူမက စာနယ်ဇင်းတွေကို သူတို့ပြောချင်တာကို ပြောခွင့်ပြုဖို့ ဆုံးဖြတ်လိုက်သည်။

Pa Pa Weekly က အဆိုပါသတင်းကို ထုတ်ပြန်ပြီးနောက် ကျိုးရှို့လင်းနှင့် ကျန်းရှောင်တို့၏ဇာတ်လမ်းသည် တရုတ်ဖျော်ဖြေရေးနယ်ပယ်တွင် ပျံ့နှံ့သွားခဲ့ပြီး ရှော့ခ်ရစရာဖြစ်သွားခဲ့သည်။ ကျိုးရှို့လင်း၏ဇနီးက ကျန်းရှောင် ဖြစ်လာလိမ့်မည်ဟု ဘယ်သူကမှ မမျှော်လင့်ထားခဲ့ကြပေ။

အစမှ အဆုံးထိ အစက်များကို ဘယ်သူကမှ ဆက်ထားနိုင်ခြင်း မရှိခဲ့ကြပေ။

Pa Pa Weekly က သတင်းထုတ်ပြီးသည်နှင့် ချက်ချင်းဆိုသလို လူကြိုက်များသည့်အကြောင်းအရာများကို ဝယ်ယူခြင်းဖြင့် လူကြိုက်များအောင် ဖန်တီးရန် မူလက လုဖျင် နှင့် စီစဉ်ခဲ့ပြီး ၎င်းတို့သည် အကောင့်အတုများ၏ ကွန်ရက်ကိုပင် ပြင်ဆင်ထားခဲ့သည်။

All Chapters