← Chapters

အခန်း (၁၁၄)

Vol. 9 Ch. 114

အခန်း (၁၁၄)

Vol. 9 Ch. 114

သူငယ်ချင်းလေး ကျိုးစစ်မူကတော့ ပိုက်ဆံတင်မကဘဲ Yakult နှစ်ဘူးနှင့် ကွတ်ကီးအထုပ်အနည်းငယ်ကိုပါ ယူဆောင်လာသောကြောင့် အိမ်မှထွက်ပြေးရန် ပြင်ဆင်မှုတွေက တော်တော်လေးကို နှံ့စပ်သည်။

"အရာရှိကြီး၊ ဟိုစောနက မမကော" ကျိုးစစ်မူက ကုလားထိုင်ပေါ်တွင် ထိုင်ကာ ခြေထောက်တိုတိုလေးတွေကို လှုပ်နေပြီး သူ၏ Yakult ကို နည်းနည်းချင်း စုပ်သောက်နေသည်။

ရဲအရာရှိကြီးက ပြန်ဖြေခဲ့သည်။ “သူက ကောင်းတဲ့အလုပ်လုပ်ခဲ့တော့ တခြားရဲအရာရှိက သူ့ကို ရဲကားနဲ့ ကျူရှင်လိုက်ပို့ပေးနေတာ ”

ကျိုးစစ်မူ အာမေဋိတ်သံပြုလိုက်သည်။ "သား အဲ့မမရဲ့နာမည်ကိုတောင် မသိခဲ့ရဘူး၊ နောင်မှာ သား ဘယ်လိုဆက်သွယ်ရမလဲ"

ရဲအရာရှိကြီးက နှုတ်ဆိတ်နေသည်။

တစ်ဖက်တွင် ရဲအရာရှိ၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် ကျန်းရှောင်နှင့် ကျိုးရှို့လင့းတို့ ပရိုဂရမ်မှ ချက်ချင်းထွက်ခွာသွားခဲ့သည်။ ကံကောင်းထောက်မစွာ ဒီနေ့က နောက်ဆုံးအပိုင်းဖြစ်တာကြောင့် နှုတ်ဆက်ဖို့အချိန်တန်ပြီပင်။

သူတို့သားလေး အိမ်ကနေ ထွက်ပြေးသွားကြောင်းကို လူတိုင်းကြားတဲ့အခါ စိုးရိမ်ပူပန်မှုတွေ ရောထွေးပြီး ကြည်နူးမှုတွေပါ ခံစားလာရသည်။

ကျန်းရှောင် နောက်သို့လိုက်နေတဲ့ ကင်မရာမန်းက ကျန်းရှောင်နှင့် ကျိုးရှို့လင်းတို့ ထွက်ခွာသွားသောရုပ်ပုံများကို ဖမ်းမိသည်အထိ ဆက်လက်ရိုက်ကူးခဲ့သည်။

"The Most Beautiful Talent Agent" ၏ ဒီဇင်ဘာလ ဇာတ်လမ်းတွဲတွင် အစီအစဉ်က နောက်ဆုံး မြင်ကွင်းတွင် မှတ်စုတစ်ခု ထည့်သွင်းခဲ့သည် -

['ကလေးက သူ့မိဘတွေကို တွေ့ချင်တဲ့ ဆန္ဒကြောင့် အိမ်ကနေ ထွက်ပြေးသွားတဲ့အတွက် သူတို့နှစ်ယောက် စောစောထွက်ခဲ့ရတယ်။ ဘေဘီကျိုး အိမ်ကို မြန်မြန်ပြန်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"]

နှစ်များစွာကြာပြီးနောက် ကျိုးစစ်မူက သူ့ကောင်မလေးကို အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။ သူမသည် "The Most Beautiful Talent Agent" ကို သူ့အိမ်တွင် နေ့လယ်ခင်းလုံး ကြည့်နေခဲ့သည်။ နောက်ဆုံးအပိုင်းကို ကြည့်ပြီး ရယ်မောရင်း ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာခဲ့သည်။ သူမက ပြောခဲ့သည် "စစ်မူ၊ ကလေးဘဝတုန်းက နင့်ရဲ့ အာရုံစိုက်မှုကို ရှာဖွေပုံက တကယ်ကို မှတ်သားစရာကောင်းတာပဲ"

အပြန်ခရီးတွင် ကျန်းရှောင်နှင့် ကျိုးရှို့လင်းတို့သည် ၎င်းတို့၏ မိသားစုဆီ ဆက်သွယ်ခဲ့ပြီး စစ်မူက ရဲစခန်းတွင် ရှိနေကြောင်း အသိပေးခဲ့သည်။

ဖေဖေကျိုးနဲ့ မေမေကျိုး၊ အဒေါ်တွေနဲ့ ဦးလေးတွေက အရမ်းစိုးရိမ်ပြီး စစ်မူ ထွက်ပြေးသွားကြောင်း ကြားသိရသဖြင့် ရဲစခန်းသို့ချက်ချင် ပြေးပြီးသတင်းပို့လုနီးနီးပင်။ ဒါပေမယ့် ကျိုးရှို့လင်း၏ ခေါ်ဆိုမှုကိုလက်ခံရရှိပြီးနောက် လူတိုင်း စိတ်သက်သာရာရသွားကြသည်။

မေမေကျိုးက ရဲစခန်းကို ချက်ချင်းသွားဖို့ အမိအရတိုက်တွန်းခဲ့သည်။

ကျိုးရှို့လင်းက အေးဆေးတည်ငြိမ်စွာ ပြန်ပြောခဲ့သည်။ " မလိုပါဘူး၊ သူ့ကို အဲ့မှာ အလေးအနက် စဥ်းစားဆင်ခြင်းခိုင်းရမယ်။ ကျန်းရှောင်နဲ့ ကျွန်တော် သူ့ကို သွားခေါ်လာခဲ့မယ်"

မေမေကျိုးက ပြောခဲ့သည်။ "... သူ့ကို အရမ်းကြီး မတင်းကြပ်နဲ့ဦးနော်"

မြင်လား၊ ဒါက မျိုးဆက်တွေတစ်လျှောက် အထူးချစ်နေကြတာ။ ဒါဟာ ကျိုးရှို့လင်း ငယ်ငယ်ကသာဆိုရင် သူ တော်တော်လေး အပြစ်ပေး ခံရနိုင်တယ်။

ကျိုးရှို့လင်း ဆက်ပြောလိုက်သည်။ "ကျွန်တော် သိပါတယ်" စစ်မူ၊ မင်းက တော်တော်လေးကို တစ်ခုခုပဲ၊ သုံးနှစ်လေးပဲရှိသေးတယ် ရဲစခန်းကိုသွားနေပြီ။

ကျန်းရှောင်မှာ ဤအခြေအနေကြောင့် အမှန်တကယ်ပင် အံသြသွားခဲ့သည်။ သူက အရမ်းတော်တဲ့ စစ်မူ လေးပါ၊ ဒီလို ရဲတင်းတဲ့ အကျင့်ကို သူ ဘယ်လိုလုပ်နိုင်ရတာလဲ။

ကျိုးရှို့လင်း ပြောလိုက်သည် "ဒီတစ်ခါတော့ ကိုယ်တို့ သူ့ကို သင်ခန်းစာပေးရမယ်"

ကျန်းရှောင် မျက်မှောင်ကြုတ်လိုက်သည်။ "ကျွန်မ အဝေးမှာရောက်နေတာ ကြာပြီ။ သူ့ စရိုက်တွေပျက်သွားတာများလား"

ကျိုးရှို့လင်း နည်းနည်းတော့ အကူအညီမဲ့သလို ခံစားရပြီး ပြောလိုက်သည်။ “ကလေးတွေက ကြီးပြင်းလာတာနဲ့အမျှ သူတို့စိတ်ကူးစိတ်သန်းတွေက ပိုဖွံ့ဖြိုးလာတယ်။ စိတ်မပူပါနဲ့"

ကျန်းရှောင် သက်ပြင်းချပြီးပြောလိုက်သည်။ "အခု သူက အသက်လေးလည်းရလာပြီ သူ့မှာကိုယ်ပိုင် အတွေးအခေါ်တွေ ရှိလာတော့ ကျွန်မတို့ သူ့ကို က​လေးတစ်ယောက်လို ဆက်​ဆံ​နေ​လို့မရတော့ဘူး"

ကျိုးရှို့လင်းကတော့ သိပ်စိတ်မပူပေ။ သူ မှတ်ချက်ပြုပေးခဲ့သည်။ “ယောက်ျားလေးတွေဆိုတာ ရံဖန်ရံခါတော့ ဒုက္ခပေး တတ်တယ်”

သုံးနာရီကျော်ကြာပြီးနောက် သူတို့ ရဲစခန်းသို့ ရောက်ရှိလာကြသည်။

ကျန်းရှောင်က စစ်မူလေးကို မြင်သည်နှင့် သူ့ထံသို့ ပြေးသွားပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ "စစ်မူ၊ မင်းအမေကို သေအောင်လုပ်နေတာလား"

စစ်မူလေးက သူ့အမေကိုမြင်လိုက်ရတော့ ဝမ်းသာပီတိဖြစ်ပြီး ကျယ်လောင်စွာပြုံးကာ သူမ၏ပါးပြင်ကို ဖျစ်လိုက်သည်။ "မေမေ၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့။ သား စောင့်နေတာကြာပြီ"

ကျန်းရှောင်က သူ့ကို အနီးကပ် စစ်ဆေးကြည့်ပြီး နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားသည်။

ကျိုးရှို့လင်းက ရဲအရာရှိတွေကို ကျေးဇူးတင်ကြောင်းပြောခဲ့သည်။ "ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ ဆရာ့ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

"အဲဒါကို မပြောပါနဲ့၊ ဒါက ကျွန်တော်တို့လုပ်သင့်တဲ့အရာပါ။ ခင်များတို့ အလုပ်တွေရှုပ်နေတယ်ဆိုရင်တောင် ကလေးကိုတော့ လျစ်လျူမရှုသင့်ဘူး။ ခင်များသူတို့နဲ့ အတူတူနေဖို့ အချိန်ပေးရမယ်။ ငွေရှာဖို့က အရေးကြီးတယ်ဆိုပေမယ့် ကလေးရဲ့ငယ်ဘဝလေးကို လျစ်လျူမရှုထားသင့်ဘူး ” ဟု ရဲအရာရှိက အကြံပေးခဲ့သည်။

ကျိုးရှို့လင်း ခေါင်းညိတ်ပြလိုက်ပြီး စစ်မူလေး၏ ခေါင်းကို ပုတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် ရဲအရာရှိကြီး"

ကျိုးစစ်မူက မော့ကြည့်ပြီးပြောလိုက်သည်။ "ရဲအရာရှိကြီး၊ ရဲအရာရှိကြီးက တကယ်ကို အံ့သြစရာကောင်းတယ်။ သားရဲ့အဖေနဲ့အမေကို ရှာတွေ့အောင် ကူညီပေးခဲ့တယ်"

လူတိုင်း မပြုံးနိုင်ဘဲ မနေနိုင်ခဲ့ကြပေ။ "ကောင်းပါပြီကွာ မင်းအဖေနဲ့အမေနဲ့ အိမ်ပြန်တော့။ မင်းဒီလိုထပ်ပြီး ထွက်မပြေးရဘူးနော်"

အိမ်ကနေထွက်ပြေးတာက အရေးကြီးတဲ့ကိစ္စဖြစ်ပြီး လျစ်လျူမရှုထားနိုင်ပေ။

အိမ်ပြန်ရောက်ပြီးနောက် ကျိုးရှို့လင်းက လူကြီးတွေကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် အချက်ပြခဲ့သည်။

"ကျိုးစစ်မူ၊ ဒီကိုလာ!" သူက တင်းမာတဲ့အမူအရာနဲ့ သင်ခန်းစာပေးဖို့ ခေါ်လိုက်သည်။

စစ်မူလေးကတော့ သူ့အဖေ စိတ်ဆိုးနေမှန်းကို မသိခဲ့ပေ။ သူ "ဖေဖေ!"လို့ခေါ်လိုက်သည်။

"ဒီနေ့ မင်းအရမ်းကြီးတဲ့ အမှားတစ်ခုလုပ်ခဲ့တယ်"

စစ်မူ မျက်တောင်လေးကို ခတ်ပြီး ကျန်းရှောင်ကို ကြည့်လိုက်သည်။

ကျန်းရှောင်က ခေါင်းကို လှည့်လိုက်သည်။

"လျှောက်ပတ်မပြေးရဘူးလို့ အ​ဖေနဲ့​အ​မေ​ပြောခဲ့တဲ့စကား​တွေကို မင်း​မေ့သွားပြီလား" ကျိုးရှို့လင်းက သူ၏ဖားပုံသဏ္ဍာန် ကျောပိုးအိတ်ကို တစ်ချက်ကြည့်လိုက်သည်။ "မင်း ကိုယ့်ကိုကိုယ် တကယ်ရီး ခရီးသွားဖားလို့ ထင်နေတာလား"

ကျိုးစစ်မူက ကျန်းရှောင် ပေါင်ပေါ်သို့ ချက်ချင်းခုန်တက်သွားသည်။ "ဒါပေမယ့် စစ်မူက မေမေ့ကို အရမ်းလွမ်းနေတာလေ။ ဖေဖေကျတော့ မေမေကို သွားတွေ့လို့ရပြီး သားကျတော့ ဘာလို့တွေ့လို့မရတာလဲ "

ကျိုးရှို့လင်း လက်ပူးလက်ကြပ် ဖမ်းခံလိုက်ရသည်။ "အဖေနဲ့အမေက အလုပ်သွားလုက်တာလေ"

"မေမေက ပရိုဂရမ်တစ်ခုမှာ record သွားလုပ်တာ။ သားလည်း လုပ်နိုင်တယ်၊ သား Little Star Training Camp ကိုတောင် သွားတက်ခဲ့တာလေ " ဒီထုတ်ပြန်ချက်ရဲ့ အဓိပ္ပာယ်ကတော့ ကျိုးရှို့လင်းက သင်တန်းတောင် မတက်ခဲ့တာတောင် သူဘာလို့ ပရိုဂရမ်သွားတက်ရတာလဲဆိုတာပဲ။

ကျိုးရှို့လင်း အခိုင်အမာပြောလိုက်သည်။ “အဖေနဲ့အမေက အရွယ်ရောက်ပြီးသား”

ထိုစကားတစ်ခွန်းက စစ်မူလေးကို စကားမပြောနိုင်အောင်ဖြစ်စေခဲ့သည်။

ကျိုးရှို့လင်း ဆက်ပြောလိုက်သည်။ "မင်း အမှားလုပ်မိသွားတာကို သိပြီလား။ မင်း ထွက်ပြေးသွားတာက အဖိုး၊ အဖွား၊ အန်တီနဲ့ဦးလေးတွေကို အရမ်းစိုးရိမ်သွားကြတယ်။ ဖေဖေနဲ့အမေတို့လည်း အလုပ်ကနေ စောစောပြန်လာခဲ့ရတယ်"

စစ်မူလေး နှုတ်ခမ်းစူလိုက်သည်။ "ဝါးးးး... သား တောင်းပန်ပါတယ်!"

ကျိုးရှို့လင်းက ဤကဲ့သို့ ကြမ်းတမ်းသော စကားလုံးများကို ပထမဆုံးအကြိမ် အသုံးပြုခဲ့တာဖြစ်သည်။ "မင်း ဒါကိုနောင်မှာ ထပ်ပြီး မလုပ်ရတော့ဘူးနော် အိုခေလား"

“အိုခေ ” စစ်မူက မျက်ရည်စတွေနဲ့ ပြန်ဖြေခဲ့သည်။

ကျန်းရှောင်က သူ့အတွက် လေးလေးနက်နက်ကို ဝမ်းနည်းမိသော်လည်း သူ့ကို ဆုံးမနေတဲ့အချိန်မှာတော့ သူမ ဘက်လိုက်ဖို့ မလုပ်နိုင်ခဲ့ပေ။

သူမ ဆောင့်ကြောင့်ထိုင်လိုက်သည်။ “စစ်မူ၊ ဒီကမ္ဘာမှာ လူကောင်းတွေနဲ့ လူဆိုးတွေ ရှိကြတယ်။ အမေ့ရဲ့ အတန်းဖော်တစ်ယောက် ကလေးတုန်းက တစ်ယောက်တည်း အပြင်ထွက်သွားတဲ့အချိန် လူကုန်ကူးသူတွေရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရတယ်"

စစ်မူလေးက သူမကို ဖက်ထားသည်။ "မူမူ အဲဒါကို မလိုချင်ဘူး"

"ကောင်းပြီ၊ ဒါပေမယ့် နောက်ဆို ဘယ်တော့မှ သားတစ်ယောက်တည်း လျှောက်မသွားရဘူးနော် "

စစ်မူလေး တိုးတိုးလေးပြောလိုက်သည်။ "မေမေ၊ သား Yakult ဆယ်ဘူးကော "

ဒီလိုအချိန်မျိုးမှာ Yakult ကို လိုချင်တာက ဘာဆန္ဒလဲဟ။

ကျိုးရှို့လင်း လည်ချောင်းရှင်းလိုက်သည်။ "မင်းအမှားလုပ်မိရင် ပြစ်ဒဏ်ကို လက်ခံရမယ်။ တစ်ဘူးတောင်မှမရဘူး"

စစ်မူလေးက နှုတ်ခမ်းကိုစူပြီး တင်းတင်းစေ့ထားသော်လည်း အဆုံးတွင် သူအဲ့တာကို လက်ခံခဲ့သည်။

ကလေးနှင့် ဆက်ဆံပြီးနောက် သူတို့ စာကြည့်ခန်းမှ ထွက်လာကြသည်။ သူတို့တံခါးဖွင့်လိုက်သည်နှင့် လူကြီးလေးယောက်က တံခါးစောင့်နတ်တွေလိုမျိုး တံခါးဝတွင် ရပ်နေကြသည်။

ကျိုးရှို့လင်း ခေါင်းယမ်းလိုက်ကာ သူတို့ကိုစိတ်ဖြေဖျောက်ပေးခဲ့သည်။ "စိတ်မပူပါနဲ့တော့ ကျွန်တော် သူ့ကိုမရိုက်ခဲ့ပါဘူး!"

ဖေဖေကျိုးက ကြားဖြတ်ပြောလိုက်သည်။ "သင့်လျော်တဲ့ စည်းကမ်းရှိတာကလည်း အရေးကြီးတယ်"

ကျိုးရှို့လင်း မပြုံးဘဲမနေနိုင်ခဲ့ပေ။ ပြီးတော့ ကျိုးစစ်မူကို သူရိုက်လိုက်မယ်ဆိုရင် သူတို့အိမ်ခေါင်မိုး ပြိုသွားလိမ့်မယ်လို့ တွေးလိုက်မိသည်။

ကျိုးစစ်မူ အိမ်ကနေထွက်ပြေးသွားတာက မိခင်တစ်ယောက်အနေဖြင့် ကျန်းရှောင် အတွက် ခက်ခဲသော အခြေအနေတစ်ခုဖြစ်ပြီး သူမက ကိုယ့်ကိုကိုယ် အပြစ်တင်ခဲ့သည်။

အဲဒီညက သူတို့အိမ်ပြန်ရောက်ပြီးတဲ့ နောက်မှာတော့ သူမ သူ့ကလေးရဲ့ အခန်းထဲမှာ အချိန်ကုန်ပေးခဲ့သည်။

ကျိုးစစ်မူက မေးခွန်းပေါင်းများစွာကို စူးစမ်းချင်စိတ်နဲ့မေးခဲ့ပြီး ကျန်းရှောင်က စိတ်ဝင်စားစရာတွေအားလုံးကို သူနဲ့ဝေမျှခဲ့သည်။

"မေမေ၊ နောက်တစ်ခေါက် မေမေ အလုပ်ကိစ္စနဲ့ သွားစရာရှိရင်သားကို ခေါ်သွားလို့ရမလား"

ကျန်းရှောင်က သူ့နဖူးကို နမ်းပြီးပြောလိုက်သည်။ "ရတာပေါ့။ သား အချိန်ရတိုင်း အမေ့ကို အလုပ်ကိုလိုက်ချင်တဲ့အခါတိုင်း အမေ လိုက်ပို့ပေးမယ်"

ကျိုးစစ်မူက သူမကို တိုးဝှေ့ပူးကပ်ပြီးနေကာ ပြောလိုက်သည်။ "မေမေ၊ သား အရမ်းလွမ်းနေတာ။ ဒီည သားနဲ့ အတူတူအိပ်လို့ရလား"

ကျန်းရှောင် ရဲ့ နှလုံးသားတွေ အရည်ပျော်သွားကျသွားသည်။ "မေမေ သားနဲ့အတူနေပေးမှာပေါ့"

အလုပ်ပြီးတာနဲ့ ကျိုးရှို့လင်း အိမ်ပြန်ရောက်တော့ သားအမိနှစ်ယောက်သား ပွေ့ဖက်ထားတာကို တွေ့လိုက်ရသည်။ သူက သူတို့အနားတွင် ညင်သာစွာလှဲလျောင်းလိုက်ချိန် ကျန်းရှောင်ကို သူ့လှုပ်ရှားမှုများဖြင့် နှိုးမိသွားသည်။

"ဘယ်နှစ်နာရီရှိပြီလဲ" လို့ သူမ မေးလိုက်သည်။

"ဆယ့်တစ်နာရီလောက် ရှိနေပြီ"

ကျန်းရှောင် သူမခန္ဓာကိုယ်ကို လှည့်ပြီး မေးလိုက်သည်။ "အလုပ်ပြီးသွားပြီလား"

ကျိုးရှို့လင်း နှိမ့်ချသော အသံဖြင့် ပြန်ပြောလိုက်သည်။ "အဲဒီနေ့ညက သတင်းတွေ အကုန်ဖျက်ပြီးပြီ၊ ဘယ်သူလုပ်တယ်ဆိုတာ မင်း ခန့်မှန်းလို့ ရလား"

ကျန်းရှောင်ရဲ့ စိတ်က တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။ " ရှန်းမီနာ လား"

ကျိုးရှို့လင်း သူမပါးကို နမ်းပြီးပြောလိုက်သည်။ "မင်းဘယ်လိုသိတာလဲ"

“အဲဒီနေ့က ရိုက်ကွင်းမှာ ရှင့်ကို ဖုန်းဆက်တော့ သူမမျက်နှာက ထူးဆန်းနေတယ်။ ပရိုဂရမ်ရဲ့ နောက်ဆုံးအဆင့်တွေမှာ သူမရဲ့ အမူအရာ တစ်ခုလုံး ပျက်သွားတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျွန်မကောင်းမွန်တဲ့ အရင်းအမြစ်တွေကို လုံခြုံအောင်စီမံထားခဲ့ပေမယ့် တခြားဘယ်သူ့ကိုမှ အလစ်မသုတ်နိုင်ခဲ့ဘူး။ 'ချန်တင်း' အတွက် ခေါင်းဆောင်မင်းသမီး နေရာကို အစက ရန်ယွမ်ကို သတ်မှတ်တယ်လို့ကြားခဲ့ပေမယ့် နောက်ပိုင်းမှာ ဒါရိုက်တာ လျန့်က ကျားရမ်

ကို ခန့်လိုက်တယ်”

သူမ သက်ပြင်းတစ်ချက် ချလိုက်သည်။ "ရှန်းမီနာက တစ်ချို့ အရာတွေအတွက် မကျေမနပ် ဖြစ်နေပုံရတယ်"

ကျိုးရှို့လင်းက သူမဆံပင်ကို လက်ချောင်းထိပ်တွေနဲ့ ကစားခဲ့သည်။ လုဖျင်လည်း ပါဝင်ပတ်သတ်နေကြောင်းကို သူမကိုမပြောချင်ဘူး။

မည်သို့ပင်ဆိုစေကာမူ လုပ်ငန်းနယ်ပယ်ရှိ လူတိုင်းက ၎င်းတို့၏ ဆက်ဆံရေးအကြောင်းကို အခု သိနေကြပြီ။ အတိတ်က ထင်မြင်ချက်တွေနဲ့ ဝေဖန်မှုတွေက အရေးမကြီးတော့ပေ။

"ဒီရက်တွေထဲမှာ ကိုယ်တို့ မင်္ဂလာဝတ်စုံ စမ်းဝတ်ကြည့်ကြမယ်" လို့ ကျိုးရှို့လင်း ပြောလိုက်သည်။

ကျန်းရှောင်က သူမနားရွက်နားက သူ့ရဲ့အသက်ရှုသံကို နားထောင်ပြီးမေးလိုက်သည်။ "ကျွန်မ အဲ့တာကို လူသိရှင်ကြားဖြစ်အောင် လုပ်မယ်လို့ ရှင်ခန့်မှန်းထားပြီးသားလား။ မင်္ဂလာဝတ်စုံက အဆင်သင့်ဖြစ်နေပြီပေါ့"

"ကိုယ်တို့ လက်ထပ်ဖို့အကြောင်း ပြောကတည်းက မင်္ဂလာဝတ်စုံက အဆင်သင့်ဖြစ်နေပြီ" သူမ မျက်လုံးတွေကို လေးလေးနက်နက် စိုက်ကြည့်ရင်း ပြောလိုက်သည်။

ကျန်းရှောင် ခတ္တရပ်တန့်ပြီးပြောလိုက်သည်။ "ဒီတော့ ဒီလောက်တောင်ကြာသွားပြီပေါ့"

ကျိုးရှို့လင်းရဲ့လက်က သူမရဲ့ခန္ဓာကိုယ်ပေါ် ညင်ညင်သာသာနဲ့ ကြင်နာစွာပွတ်သပ်နေပြီး သူမရဲ့အိပ်ဂါဝန် အောက်နားကို ကျွမ်းကျင်စွာ ချော်ဝင်လာခဲ့သည်။ "အကောင်းဆုံးအမျိုးသားအတွက်၊ ကိုယ်တို့ ကျင်းကျုံးပိုင်ကို မေးလို့ရမလား။ ပြီးတော့ ဂုဏ်ထူးဆောင်အမျိုးသမီးအတွက် လင်းဝူဆိုရင် အဆင်ပြေမလား"

ကျန်းရှောင်က တိုးတိုးလေးညည်းပြီး တုံ့ပြန်ခဲ့သည်။ "မနက်ဖြန် အဲ့တာကို ကျွန်မ လင်းဝူနဲ့ စကားပြောကြည့်လိုက်မယ်"

ကျိုးရှို့လင်း၏ လုပ်ရပ်တွေက ရဲတင်းလာကာ ကျန်းရှောင် သူ့ကို တွန်းထုတ်လိုက်ပြီး သူ၏ အနမ်းတွေကြောင့် သူမတစ်ကိုယ်လုံး နီရဲလာသည်။ "ပဲပင်ပေါက်လေး ရှိတယ်လေ"

"ကိုယ်တို့ အခန်းထဲ ပြန်သွားကြမယ်"

"မရဘူး၊ ဒီည သူနဲ့ အတူအိပ်မယ်လို့ ကတိပေးထားတယ်"

"ဒါဆို ကိုယ့်ကို ဘယ်တော့ အချိန်ပေးမှာလဲ" ကျိုးရှို့လင်း သူမမေးစေ့ကို ကိုက်လိုက်ပြီး သူမရဲ့မေးစေ့ကိုပင့်လိုက်သည်။ "ကိုယ်တို့ မနက်မှပြန်လာကြမယ်လေ"

သူတို့ အိပ်ယာပေါ်ကနေထလိုက်ချိန်မှာ ပဲပင်ပေါက်လေးက ရုတ်တရက် သူ့ခြေထောက်တွေကို ကန်ပြီး တီကောင်လိုမျိုးတွန့်လိမ်ပြီး ငိုနေခဲ့သည်။ "မေမေ... မေမေ..."

ကျန်းရှောင်က သူ့ကို နှစ်သိမ့်ပေးဖို့ အလျင်အမြန်သွားပြီး သူမရဲ့ရင်ခွင်ထဲထည့်ထားခဲ့ပြန်သည်။

ကျိုးရှို့လင်း သက်ပြင်းချလိုက်သည်။ "သူ အိမ်ကထွက်ပြေးသွားပေမယ့် တကယ့် ပြစ်ဒဏ်ကို မခံလိုက်ရဘူး။ အခု သူက ပိုလို့တောင် အာရုံစိုက်ခံနေရပြီ။ ကိုယ်တို့မိသားစုက ဘယ်သူမှ သူ့ကို ယှဉ်လို့မရဘူး"

ကျန်းရှောင်က အပြုံးကို မျိုသိပ်ထားပြီး ပြောလိုက်သည်။ "ကျွန်မ ဒီနောက်ပိုင်း သူနဲ့ အချိန်အများကြီး မကုန်ရသေးဘူးလေ။ ကလေးတွေက အမြဲတမ်း လုံခြုံနေဖို့ လိုအပ်တယ်"

ကျိုးရှို့လင်းက သူဘာပဲပြောပြော ဒီည သူမ ထွက်သွားမှာမဟုတ်ဘူးဆိုတာ သူ သိသည်။

သူတို့ရဲ့ ဆက်ဆံရေးကို လူသိရှင်ကြား ထုတ်ပြပြီးတဲ့နောက်မှာ သူတို့ရဲ့ ဘဝအပေါ် သိသိသာသာ သက်ရောက်မှု မရှိခဲ့ပေ။ တစ်ခုတည်းသောပြောင်းလဲမှုမှာ ကျန်းရှောင် ကုမ္ပဏီသို့ သွားသောအခါတွင် သူမ လုပ်ဖော်ကိုင်ဖက်တွေက သူမကို စနောက်ဖို့ သည်းမခံနိုင်ခြင်းပင်ဖြစ်သည်။

ဒီမှာလည်း "သူဌေးကတော်"ဟိုမှာလည်း "သူဌေးကတော်" နဲ့။

ကျန်းရှောင် ကူကယ်ရာမဲ့ဖြစ်စွာ ပြောလိုက်သည်။ "အောက်တိုဘာလမှာ လူတိုင်းကို မင်္ဂလာသကြားလုံးတွေ ပေးပါ့မယ်"

All Chapters