(ကျိုးစစ်မူ Extra End )
Vol. 10 Ch. 135
ချင်းယိသည် သူမ မွေးဖွားလာကတည်းက အရာအားလုံး အဆင်ပြေချောမွေ့ခဲ့ပြီး သူမ နေ့တိုင်း စန္ဒယားတီးနေဆဲဖြစ်သည်။ သူမရဲ့ ပြောင်မြောက်လှတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် သူမ ကျောင်းထဲဝင်သွားတာနဲ့ ယောက်ျားလေး တော်တော်များများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ သူမကို အမှတ် ၁ အလယ်တန်းကျောင်း၏ ကျောင်းပန်းလေးဟု သီးသန့် အမည်ပေးထားကြသည်။
ဒါပေမယ့်လည်း သူမသည် ဤအရာကို ဂရုမစိုက်ခဲ့ပေ။
ကျိုးစစ်မူ ပြောထားသည့်အတိုင်း သူမသည် ကြိုးစားအားထုတ်မှု၏ 80% ကို စာသာလေ့လာခဲ့သော်လည်း အဲ့တာက လုံလောက်သည်။ သူမ comicတွေ ဖတ်တယ်၊ ရုပ်ရှင်ကြည့်တယ်၊ တင်းနစ်ကစားတယ် ပြီးတော့ တခြား အရာအားလုံးမှာ ပါဝင်လှုပ်ရှားနေသည်။
သူမ ပျော်နေသရွေ့ ချင်းဟန်နဲ့ လင်းဝူတို့က သူမကို စာမေးပွဲမှာ ပထမနေရာကို ဘယ်တော့မှ မယူခိုင်းပေ...
သူမရဲ့မိဘတွေလျှောက်တဲ့လမ်းက သူမအတွက် မသင့်တော်ချေ။
ချင်းယိ အထက်တန်းကျောင်း တက်ပြီးနောက် ကျိုးစစ်မူက တစ်ပတ်မှာ သုံးည ပုံမှန်ဆက်သွယ်ခဲ့သည်။ တစ်ခါတရံ ချင်းယိက သူမ မဖြေရှင်းနိုင်တဲ့ မေးခွန်းတွေကို ပေးတတ်ပြီး သူတို့ကို ခွဲခြမ်းစိတ်ဖြာဖို့ သူက ကူညီပေးတတ်သည်။ တခါတရံ ကျိုးစစ်မူအလုပ်များနေချိန်၊ ချင်းယိက အတန်းထဲတွင် စိတ်ဝင်စားစရာအကြောင်းအရာများကို တိတ်တဆိတ် ပြောလေ့ရှိပြီး တစ်ခါတစ်ရံတွင် သူက စကားတစ်ခွန်းစ နှစ်လုံးစပြောတတ်သည်။
အတန်းထဲရှိ ချင်းယိနှင့် ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ကြသည့် မိန်းကလေး အတန်းဖော်တွေက သူမမှာ သြဇာကြီးမားတဲ့ အစ်ကို ရှိကြောင်း အားလုံး သိကြပြီး အချို့ က ချင်းယိကို ကျိုးစစ်မူရဲ့ ဖုန်းနံပါတ်ကိုတောင် တောင်းခဲ့ကြသည်။
ချင်းယိက အချိန်တိုင်းကို ငြင်းဆိုခဲ့ပြီး နောက်ဆုံးမှာတော့ တစ်ယောက်ယောက်က သူမကိုပြောခဲ့သည်။ "ချင်းယိ၊ နင် သူ့ကိုသဘောကျ လား ဒါဆို နင် သူ့ကို ကိုယ့်ဘာသာကိုယ် သိမ်းထား!"
ချင်းယိရဲ့ လှပတဲ့ မျက်လုံးလေးတွေက တောက်ပနေခဲ့သည်။ "ဟုတ်တယ်၊ ငါ သူ့ကို သဘောကျတယ်" သူမက အပြင်လူတွေရှေ့တွင် ပွင့်ပွင့်လင်းလင်း ပြောရဲသည်။
"ဒါဆို အစပျိုးလိုက်တော့။ သူက အရမ်းတော်တယ်၊ သူ့ကို ကြိုက်တဲ့သူတွေ အများကြီးရှိမှာပဲ။ နင် တက္ကသိုလ်မှာ လွတ်လွတ်လပ်လပ် ချစ်ပိုင်ခွင့်ရှိတယ်၊ ဒါပေမယ့် သူ တခြားတစ်ယောက်ကို သဘောကျသွားရင် ဘယ်လိုလုပ်မလဲ"
"အခြားမိန်းကလေးတွေ သူ့ကို လိုက်ပိုးနေတာ ရှိတယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေကို လိုက်ပိုးတယ်၊ သူတို့ကြားမှာ ကန့်လန့်ကာတစ်ခုတော့ရှိတယ်။ ဒါကသိပ်တော့မလွယ်ဘူး!"
ချင်းယိ နှုတ်ခမ်းကို ဖိပြီး ပြုံးလိုက်သည်။"နင် ဘယ်လိုလုပ် ဒီလောက်ထိ သိနေတာလဲ" သူမ နည်းနည်းတော့ ရှက်သွားသလို ခံစားလိုက်ရသည်။ "ကောင်းပြီ။ ငါ နားလည်ပြီ!"
ဒါကို သူမ မတွေးခဲ့မိဘူး! ဒါပေမယ့် သူမ ဘာလုပ်သင့်လဲ။ သူတို့ကြားက အသက်ငါးနှစ်ကွာတာက ဘာကြောင့်လဲ။ သူမ လိုက်မမီနိုင်ဘူး သူတို့ကို နေရာ နှစ်နေရာခွဲထားတုန်းပဲ။ သူတို့ကို Cowherd နဲ့ Weaver Girl တို့နဲ့ နှိုင်းလို့ရနိုင်သည်။
ချင်းယိ အထက်တန်းကျောင်း ပထမနှစ်တက်သည့် ဆောင်းရာသီ၌ သူမ၏ ကြီးကြီး ဖြစ်သူက အိပ်နေရင်းနဲ့ အေးချမ်းစွာ သေဆုံးသွားခဲ့သည်။
ချင်းယိ သူမအမေနှင့် အဖွား၏ နီရဲနေတဲ့ မျက်လုံးတွေကို ကြည့်လိုက်သည်။ သူမရဲ့အမေက သတင်းရပြီးကတည်းက အကြိမ်ကြိမ် တိတ်တိတ်လေး ငိုခဲ့သည်။ သူမ အဲ့တာကို မကြည့်ရဲဘူး အဲ့တာကြောင့် အပြင်ကို ပြေးထွက်လာပြီး တစ်ယောက်တည်း ငိုခဲ့သည်။
မတော်တဆ ကျိုးစစ်မူက သူမကို "ယိယိ" ဟုခေါ်ခဲ့သည်။
"ကျိုးစစ်မူ၊ ဘဝက ဘာလို့ အဆုံးသတ်ရမှာလဲ"
ကျိုးစစ်မူက ကလေးမလေးရဲ့ ခပ်အက်အက်အသံကို နားထောင်ခဲ့သည်။ “ဒါကြောင့်မို့ ကိုယ်တို့ရဲ့ကန့်သတ်ထားတဲ့နှစ်တွေမှာ တစ်ယောက်ကို တစ်ယောက် ပိုပြီး မြတ်နိုးလာအောင်နေကြဖို့လိုတာပေါ့"
ချင်းယိရဲ့ မျက်ရည်တွေစီးကျလာခဲ့သည်။ ရှောင်ယဲ့ (သူမရဲ့ခွေး) သေသွားတုန်းက သူမသည် ကျယ်လောင်စွာ အော်ဟစ်ငိုယိုခဲ့ပြီး အချိန်အကြာကြီး ရင်ထဲမှာနေလို့မကောင်းနေခဲ့ပေ။ နောက်ပိုင်းမှာတော့ အိမ်မှာ အိမ်မွေးတိရိစ္ဆာန်တွေ မမွေးတော့ဘူး။
"ကျိုးစစ်မူ၊ ညီမနဲ့ ထာဝရတစ်သက်လုံးနေပေးမှာလား" သူမ မီးခိုးရောင် ကောင်းကင်နှင့် မြေကြီးကိုရဲ့အကွားအဝေးကို လှမ်းကြည့်ကာ သူမနှလုံးသားက ရုတ်တရက် ဗလာကျင်းနေ သလို ခံစားနေရသည်။
" ဒါပေါ့"ကျိုးစစ်မူရဲ့ အသံသည် နူးညံ့ပြီး သိမ်မွေ့သည်။ "ယိယိ၊ ကိုယ် မင်းအနားမှာအမြဲရှိနေမှာပါ"
အဘွားကြီးရဲ့ ဈာပနကို သုံးရက်ကြာကျင်းပခဲ့ပြီး ရွာရှိ အိမ်နီးနားချင်းတွေ တော်တော်များများ ကဝမ်းနည်းကြောင်းပြပြီး အဘွားကြီးကို နှုတ်ဆက်ဖို့ အပြေးလာခဲ့ကြသည်။
နောက်တစ်နေ့တွင် ကျိုးရှို့လင်း၊ ကျန်းရှောင်နှင့် ကျိုးစစ်မူတို့လည်း ရောက်လာကြသည်။
ကျန်းရှောင်က လင်းဝူကို ပွေ့ဖက်ပြီးပြောခဲ့သည်။ "စိတ်မကောင်းပါဘူး"
လင်းဝူကတော့ ရင်ထဲမှာတစ်ဆို့နေပြီး စကားမပြောနိုင်ခဲ့ပေ။ သူမရဲ့ ကြီးကြီးသာ မရှိခဲ့ရင် သူမဆိုတာ ရှိလာခဲ့မှာမဟုတ်ပေ။ သူမရဲ့ နှလုံးသားထဲမှာ သူမရဲ့ အဒေါ်ကြီးက သူမရဲ့ အဖွားအရင်းပဲ။
ကျိုးစစ်မူနဲ့ ချင်းယိတို့ အပြင်ဘက်လမ်းဆီသို့ လမ်းလျှောက်ခဲ့ကြသည်။
ချင်းယိ မေးလိုက်သည်။ "ကိုကို ခုထိ အားလပ်ရက် မရသေးဘူးမလား"
ကျိုးစစ်မူ သူမကိုကြည့်လိုက်သည်။ "ဆရာမဆီ ခွင့်တောင်းလာတာ။ မင်းရဲ့ကြီးကြီးရဲ့ နောက်ဆုံးခရီးကို ကြည့်ဖို့ ကိုကိုလာသင့်တာမလို့လေ"
ချင်းယိ မျက်တောင်ခတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ်"
ကျိုးစစ်မူ သူ့လက်ကို မြှောက်လိုက်ပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ "အရူးမလေး"
ချင်းယိရဲ့ စိတ်မသက်မသာဖြစ်နေတဲ့ မျက်ရည်တွေ ထွက်ကျလာပြန်သည်။ "ညီမ ကြီးကြီးနဲ့ခွဲမနေနိုင်ဘူး။ ကြီးကြီးက အရမ်းကောင်းတယ်။ ညီမ ငယ်ငယ်လေးကတည်းက ဟင်းသီးဟင်းရွက် စိုက်နည်းတွေကို သင်ပေးတယ်။ သူက နွေရာသီဆိုရင် ပုစဥ်းရင်ကွဲတွေကူဖမ်းပေးတယ်"
ကျိုးစစ်မူ သူ့နှလုံးသားထဲမှာ တိုးညင်းစွာ သက်ပြင်းချလိုက်သည်။ သူ မပြန်သွားလို့မရဘူးလား။ ကလေးမလေးက စိတ်ကူးယဉ်ဆန်လွန်းနေတယ် သူမ အရမ်းဝမ်းနည်းနေတာပဲဖြစ်ရမယ်။ ဒီအချိန်မှာ သူမကိုဘယ်သူမှ ဂရုစိုက်ပေးနိုင်ကြမှာမဟုတ်ဘူး။
"မငိုနဲ့တော့နော်၊ မင်းရဲ့ကြီးကြီးက မင်းပြုံးနေတာကို အကြိုက်ဆုံးမဟုတ်ဘူးလား" သူ သူမရဲ့ မျက်နှာကို ဆုပ်ကိုင်လိုက်ကာ မျက်ရည်ကျနေတဲ့ မျက်လုံးတွေကို ကြည့်လိုက်သည်။
ချင်းယိ သူ့မျက်နှာကို လှည့်လိုက်သည်။ "ရုပ်ဆိုးနေတယ်!" သူမ မျက်နှာကို အမှတ်တမဲ့ သုတ်လိုက်သည်။
"ငါ မင်းကို မကြိုက်တာမှ မဟုတ်တာ" ကျိုးစစ်မူ သူမရဲ့မျက်နှာကို သေသေချာချာ သုတ်ပေးလိုက်သည်။
အဘွားကြီး၏ ဈာပနအပြီးတွင် ချင်းမိသားစုမှ မေမေလင်းကို ခေါ်ဆောင်သွားခဲ့သည်။ မေမေလင်းက အသက်ကြီးနေပြီဖြစ်ပြီး ချင်းဟန် ကိုယ်တိုင်လုပ်ဆောင်ခဲ့သည့် လွန်ခဲ့သော ၂ နှစ်ခန့်က နှလုံးခွဲစိတ်မှုခံယူထားခဲ့သည်။
လင်းဝူက သူမအား တုန်းလင်တွင် တစ်ယောက်တည်း နေခွင့်မပြုနိုင်တော့ပေ။ ချင်းယိ၏ ဖြားယောင်းမှုကြောင့် မေမေလင်းသည် နောက်ဆုံးတွင် ၎င်းတို့နှင့်အတူ နေထိုင်ရန် သဘောတူခဲ့သည်။ တစ်ချိန်က လင်းဝူ၏ ဘဝတွင် သူမက ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်ကို သူမ ကြောက်ရွံ့နေခဲ့မိတာပင်။
မေမေချင်းလည်း ပျော်ရွှင်နေခဲ့သည်။ "ယိယိကို ပြုစုစောင့်ရှောက်ပေးဖို့ တောင်းဆိုပါတယ်နော်"
ချင်းမိသားစုက သူမ၏ အကူအညီလိုအပ်နေကြောင်း မေမေလင်း စိတ်ထဲတွင် သိခဲ့သည်။ မေမေချင်းက သူ့မြေးအတွက် အရာရာကို ဂရုစိုက်ခဲ့သည်။ သူမသည် လင်းဝူနှင့် ချင်းဟန်တို့ထက် ပိုအာရုံစိုက်ပေးခဲ့သည်။ သူမက မေမေချင်းကို နှလုံးသားထဲမှ သဘောကျပြီး သူမကို အလွန်လေးစားသည်။
ချင်းယိက အထက်တန်းကျောင်းမှာ သုံးနှစ်လောက် အေးအေးဆေးဆေးနေခဲ့သည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲမပြီးမချင်း သူမ စိတ်အေးလက်အေး ရှိနေဆဲဖြစ်သည်။ အစိုးရိမ်ဆုံးကတော့ သူမရဲ့ အဖိုးအဖွားတွေပါ။
ချင်းယိက သူမအဖေရဲ့ တုံ့ပြန်မှုက တကယ့်ကို ထူးဆန်းတယ်လို့ ခံစားခဲ့ရသည်။ ချင်းဟန်က နေ့စဥ် အလုပ်သွားလိုက် ပြန်လိုက် လုပ်နေဆဲဖြစ်ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဖို့ သူမကို လိုက်ပို့မယ်လို့တောင် မပြောခဲ့ချေ။
ထိုညတွင် ချင်းဟန်က ဆေးဘက်ဆိုင်ရာ စာတမ်းများကို ဖတ်နေတုန်းဖြစ်ပြီး ချင်းယိက သူ့ကို အကြိမ်ကြိမ် ကြည့်ခဲ့သည်။
"ဘာရှိလို့လဲ" လို့ ချင်းဟန် မေးလိုက်သည်။
"ဖေဖေ၊ ဖေဖေ သမီးအပေါ် ယုံကြည်မှုလွန်ကဲနေတာလား။ စာမေးပွဲမှာ သေချာပေါက် ကောင်းကောင်းလုပ်နိုင်မယ်လို့ ထင်နေတာလား"ချင်းယိရဲ့နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုရှိနေသည်။
ချင်းဟန် သူ့မှတ်စုစာအုပ်ကို ပိတ်လိုက်သည်။ "သာမာန်ပါပဲ၊ သာမာန် စာမေးပွဲတစ်ခုလို သဘောထား"
ချင်းယိ - "...ဖေဖေ၊ ဖေဖေ့ကိုကြည့်ရတာ စိတ်ပူနေတဲ့ပုံ စိတ်လှုပ်ရှားနေတဲ့ပုံလည်း မပေါ်ဘူး။ စာမေးပွဲဖြေမယ့်သူရဲ့ မိဘတွေ စိတ်လှုပ်ရှားနေကြတာမျိုး ဖေဖေ့ဆီမှာမရှိနေဘူး "
ချင်းဟန် ရုတ်တရက် ပြုံးလိုက်ပြီး သူ့လက်ကို မြှောက်ကာ သူမရဲ့လက်ကိုကိုင်လိုက်သည်။ "ဖေဖေ စိတ်မပူပါဘူး၊ သမီးဖေဖေက သူ့ဘဝရဲ့ တင်းမာတဲ့အခိုက်အတန့်တိုင်းမှာ သမီးရဲ့မေမေနဲ့ အတူရှိနေခဲ့တာ။ မင်းမေမေ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေတုန်းက ဖေဖေ အပြင်မှာ ရပ်ပြီး သူ့ကို မပြောရဲခဲ့ဘူး။ ပြီးတော့ မင်းမေမေက မင်းကိုမွေးပေးခဲ့တယ်။ ဒါနဲ့ ယိယိ၊ ဖေဖေ စိတ်တည်ငြိမ်သွားတာကြာပြီ"
ချင်းယိ သူမရင်ဘတ်ကို ကာလိုက်သည်။ "ဖေဖေ၊ သမီးကို အမှိုက်ပုံးထဲက ကောက်လာတာ"
ချင်းဟန် တစ်စုံတစ်ယောက်က ဒေါသထွက်နေပြီဟု တွေးလိုက်မိသည်။
ကျိုးစစ်မူ အမှန်တကယ် စိုးရိမ်နေသော်လည်း ကျောင်းတွင် တစ်ခုခုရှိသဖြင့် အပြင်ထွက်ခွင့်မရဘဲ သူမ စာမေးပွဲဖြေနေရတာကို ပြန်သွားပြီး အဖော်မလုပ်ပေးနိုင်ခဲ့ပေ။
သူက ယိယိကို ဖုန်းထဲကနေပြောခဲ့သည်။ "ယိယိ၊ ကိုယ် မင်းကို ဘီ မြို့တော် မှာ စောင့်နေမယ်။ စာမေးပွဲကို ကောင်းကောင်းဖြေခဲ့"
ချင်းယိ မေးလိုက်သည်။ "ညီမ စာမေးပွဲမအောင်ရင် ဘယ်လိုလုပ်မလဲ"
ကျိုးစစ်မူရဲ့ နှလုံးသားက နာကျင်သွားသည်။ "မင်းကို လွန်ခဲ့တဲ့ ခြောက်လလောက်က ဘယ်လိုသင်ပေးခဲ့တာလဲ။ မင်းမှာ ယုံကြည်ချက် လုံးဝမရှိဘူးလား"
ချင်းယိ တိတ်ဆိတ်နေခဲ့သည်။
"စာမေးပွဲအောင်ရင် မင်းအတွက် လက်ဆောင်တစ်ခုရှိတယ်"
"ဘာလက်ဆောင်လဲ"
"မင်း စာမေးပွဲအောင်တဲ့အထိ ကိုယ်တို့စောင့်မယ်"
ချင်းယိ နှုတ်ခမ်းကို ဖိလိုက်သည်။ "ဒါဆို စာမေးပွဲအောင်သွားရင် ကိုကို ဆန္ဒတစ်ခု ပေးနိုင်မလား"
ကျိုးစစ်မူ နှုတ်ဆိတ်နေသည်..
"ယန်ကော်က ကော်ရှန်းကို ဆန္ဒ ၃ ခု ပေးခဲ့တာ ညီမက ကိုကို့ဆီက တစ်ခုပဲ လိုချင်တာကို"
"ကိုယ်က ယန်ကော် မဟုတ်ဘူး မင်းကလည်း ကော်ရှန်း မဟုတ်ဘူး" ကျိုးစစ်မူက ချင်းယိကို စိတ်ကုန်အောင်လုပ်ခဲ့သည်။
"ဒါဆို သဘောတူလား"
"ကောင်းပြီလေ"ကျိုးစစ်မူ အသံနက်ကြီးဖြင့် ပြောလိုက်သည်။
" ကတိနော်။ ကျိုးစစ်မူကို တစ်သက်လုံး ပြောင်းလဲခွင့်မပေးတော့ဘူးနော်" ချင်းယိ ရဲ့ အသံက စိတ်လှုပ်ရှားမှုအပြည့်နဲ့ ရှိနေသည်။
.......
အထက်တန်းကျောင်းသုံးနှစ်က မျက်စိတစ်မှိတ်အတွင်းမှာ တကယ်ကို ရွေ့လျားသွားခဲ့သည်။ ငါတို့တွေ ကြီးပြင်းလာသည်နှင့်အမျှ အမှတ်ရစရာအကောင်းဆုံးနှစ်တွေက ဒီသုံးနှစ်ဖြစ်သည်။
ချင်းယိသည် သူမ၏ အထက်တန်းကျောင်း ဒုတိယနှစ်တွင် နိုင်ငံ၏ ထိပ်တန်း ဂီတကျောင်းများထဲမှ တစ်ခုဖြစ်သည့် ဘီ မြို့တော် ရှိ Conservatory of Music ၏ စန္ဒယားဌာနသို့ လျှောက်ထားရန် ဆုံးဖြတ်ခဲ့သည်။ ပထမအချက်မှာ သူမသည် စန္ဒယားတီးခြင်းကို နှစ်သက်ပြီး ဒုတိယအချက်မှာ ဘီ မြို့သို့ရောက်သောအခါ ကျိုးစစ်မူ နှင့် ပိုနီးလာမည်ဖြစ်သည်။
အထက်တန်းကျောင်း အနုပညာစာမေးပွဲအတွက် ပထမအကျော့ အင်တာဗျူးတွင် လင်းဝူနှင့် ချင်းဟန် တို့သည် အားလပ်ရက်တွင် ဘီမြို့တော် သို့ လိုက်ပါသွားကြသည်။
မထွက်ခွာမီတွင် ချင်မိသားစုသည် သေးငယ်သော တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပြီး ပတ်ဝန်းကျင်က အနည်းငယ် စိတ်အိုက်စရာကောင်းသည်။
မေမေချင်းက ချင်းယိကို ကြည့်လိုက်သည်။ "အဲ့လောက်အဝေးကြီးကို သွားမှာလား။ အဲ့နေရာနဲ့ မရင်းနှီးဘူးလေ"
ချင်းယိ - "အဖွား၊ ကျိုးစစ်မူ ရှိနေတာကို မေ့သွားပြီလား"
ချင်းဟန် အေးစက်စွာပြောလိုက်သည်။ " ရှန်ဟိုင်း ဂီတကောလိပ်ကလည်း တော်တော်ကောင်းမယ်လို့ ထင်တယ်"
ချင်းယိ သူမအဖေကိုကြည့်နေကာ စက္ကန့်အနည်းငယ်မျှ မိန်းမောသွားသည်။ "အဖိုး၊ အဖွား၊ ဖေဖေ၊ မေမေ သမီးက အရွယ်ရောက်လာပြီနော်။ အသက် ဆယ့်ရှစ်နှစ်ရှိပြီ၊ စိတ်မပူနဲ့တော့၊ နိုင်ငံခြားမှာလည်း သမီးသွား ဖျော်ဖြေခဲ့ဖူးတာပဲ။ နောက်ပြီး ဖေဖေ၊ မေမေရဲ့ လွတ်လပ်ခွင့်နဲ့ ခွန်အားကို အမြဲလေးစားတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ သမီးလည်း ဒါကို လိုချင်တယ်လေ"
ချင်းဟန် ခဏလောက် ပြောစရာစကားမရှိဖြစ်သွားခဲ့သည်။
လင်းဝူရဲ့ မျက်နှာပေါ်မှာ တည်ငြိမ်သော အမူအရာရှိသည်။ သူမ ချင်းဟန်ကို ကြည့်ပြီး ရယ်ချင်နေခဲ့သည်။ အဖေတွေမှာ သူတို့သမီးတွေအပေါ် ရှုပ်ထွေးပွေလီသော စိတ်ခံစားမှုများ အမြဲရှိတတ်ကြသည် ချင်းဟန်မှာလည်း ခြွင်းချက်မရှိပေ။ "ယိယိ၊ နောင်ကျ နိုင်ငံခြားမှာ ပညာသင်ကြားခွင့်ရရင် သွားမှာလား"
ချင်းယိ အံ့ဩသွားပြီး သူမရဲ့အမေ ဘာကြောင့် ဒီလိုမေးရတာလဲလို့ သိချင်မိသွားသည်။
"မေးခွန်းကို ဖြေဖို့ အလျင်စလိုမဖြစ်နဲ့ သမီးဖေဖေနဲ့ မေမေကတော့ သမီးကောလိပ်တက်တဲ့အခါကျရင် အနာဂတ်မှာ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကို သေသေချာချာ စဥ်းစားဖို့ကိုပဲ မျှော်လင့်တယ်"
"ကောင်းပါပြီ မေမေ"
တစ်ချိန်လုံး တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သော ဖေဖေချင်းက လင်းဝူကို သဘောကျစွာဖြင့် စိုက်ကြည့်နေသည်။ ထို့နောက် သူက ချင်းယိကို ပြောလိုက်သည်။ "အဖိုးလည်း ယန်ရင်က ကောင်းတယ်လို့ ထင်တာပဲ။ ဘယ်မှာဝေးလို့လဲ။ သမီးရဲ့ဖေဖေဆို အရင်တုန်းက အဲ့တက္ကသိုလ်မှာ တက်ခဲ့တာပဲလေ မဟုတ်ဘူးလား" ချင်းဟန်ရဲ့ မျက်လုံးတွေတွန့်သွားခဲ့သည်။
ချင်းယိက သူ့အဖိုး၏ လက်မောင်းကို ချစ်ခင်စွာ ဆုပ်ကိုင်ထားသည်။ "အဖိုး၊ အနာဂတ်မှာ သမီးရဲ့ဖျော်ဖြေပွဲရဲ့ အဓိက ပရိသတ်အဖြစ် C ထိုင်ခုံကို အဖိုးအတွက် သီးသန့်ထားပေးမယ် "
ဖေဖေချင်က ရွှင်မြူစွာပြောလိုက်သည်။ "ကောင်းပြီ ကတိနော်"
ချင်းမိသားစုမှ ကျန်သုံးယောက်မှာ အားကိုးရာမဲ့တဲ့ ပုံပေါက်နေသည်။
ချင်းဟန်နဲ့လင်းဝူတို့ အပေါ်ထပ်တက်သွားတဲ့အခါ သူအံကြိတ်ပြီးပြောလိုက်သည်။ "သားလေးတစ်ယောက် မွေးခဲ့သင့်တယ်ဆိုတာကို ကိုယ်သိသွားပြီ"
လင်းဝူ တစ်ခစ်ခစ် ရယ်မောလိုက်သည်။ "ဒီလိုဆက်လုပ်နေရင် ရှင့်ရဲ့ AB နေရာကို ဆုံးရှုံးရမှာ မဟုတ်ဘူး"
ချင်းဟန် သူမလက်ကို ဆုပ်ကိုင်လိုက်သည်။ "ကျန်းရှောင်က အကြီးကျယ်ဆုံး အနိုင်ရသူပဲ!"
ချင်းယိသည် ယန်ရင် စန္ဒယားဌာနတွင် လျှောက်ထားပြီး ပဏာမနှင့် ပြန်လည် စာမေးပွဲ နှစ်ခုစလုံးတွင် ပထမအဆင့် ရရှိခဲ့သည်။ ယေဘူယျအားဖြင့်တော့ ယန်ရင်ကိုဝင်ရတာ ဘာပြဿနာမှမရှိပေ။
ထိုနေ့တွင် လင်းဝူ၊ ချင်းဟန်နှင့် ကျိုးစစ်မူတို့က ကျောင်းအနီးမှာ စောင့်နေကြသည်။
ချင်းဟန်က ကျိုးစစ်မူ နဲ့ ကိုးရိုးကားရားနိုင်တဲ့ စကားတွေအများကြီး မပြောခဲ့သော်လည်း လင်းဝူကတော့ သူတို့ဆေးရုံမှာ မကြာသေးမီက ရိုက်ကူးခဲ့သော တီဗီစီးရီးအကြောင်း ကျိုးစစ်မူနှင့် ဆက်ပြောနေခဲ့သည်။ "သားရဲ့ဦးလေး (စုန့်ယိဝမ်) ကတော့ နှစ်တွေတစ်လျှောက်လုံး လုံးဝပြောင်းလဲမသွားဘူး"
ကျိုးစစ်မူ ခေါင်းညိတ်လိုက်သည်။ "ကျွန်တော့်ရဲ့ ဦးလေးရော အန်တီရောက (စုန့်ယိဝမ်နဲ့ ကျိုးယန်ယန် ) အသားအရေထိန်းသိမ်းမှုက အရမ်းအရေးကြီးတာမို့ အလေးထားကြတယ်လေ။ ကျိုးကျိုး မူကြိုတက်နေတဲ့ သုံးနှစ်သားအရွယ်မှာ သူမရဲ့မျက်နှာပေါ် တစ်ရှူးလေးတင်ပြီး mask ကပ်ထားသလိုမျိုးတောင်လုပ်ခဲ့တာ"
လင်းဝူ ရယ်မောလိုက်သည်။ "ကျိုးကျိုးကို မတွေ့ရတာကြာပြီ၊ အခု သူ ဘယ်လိုနေလဲ"
ကျိုးစစ်မူ ခေါင်းယမ်းလိုက်သည်။ "ကျွန်တော့်အန်တီက သူမအတွက် အဆင့်အတန်းမြင့်ပြီး သူမကို စိတ်ဝင်စားစရာကောင်းတဲ့ အတန်းတွေ အများကြီးမှာ စာရင်းသွင်းထားတယ်။ ကျိုးကျိုးက အဲဒါတွေကို သိပ်စိတ်မဝင်စားဘူး"
လင်းဝူ နားမလည်ပေ။ ကျိုးယန်ယန်က ၎င်းတို့နှင့် ယှဉ်ပြိုင်နေဆဲပင်။ သူမနဲ့ စုန့်ယိဝမ်တို့က အိမ်ထောင်ပြုတာနောက်ကျပြီး သမီးလေးတစ်ယောက်ကို ခက်ခက်ခဲခဲမွေးခဲ့ကြရသည်။ ကံကောင်းထောက်မစွာ၊ လင်းဝူ ထိုအချိန်က အဲ့မှာရှိနေလို့၊ မဟုတ်ရင် အန္တရာယ်ဖြစ်နေမှာ။
စုန့်ယွီကျိုး မွေးဖွားလာပြီးနောက် ကျိုးယန်ယန် သည် ဖျော်ဖြေရေးနယ်ပယ်မှ အနားယူကာ အချိန်ပြည့်မိခင်တစ်ဦးဖြစ်လာခဲ့သည်။ သူ့သမီးလေးကို ပြုစုစောင့်ရှောက်ဖို့ စိတ်အားထက်သန်ပြီး သမီးကို သူမလိုချင်တဲ့လူဖြစ်အောင် ပြုစုပျိုးထောင်ပေးချင်ခဲ့တာ။ နောက်ပိုင်းတွင်၊ စုန့်ယွီကျိုးသည် ယိယိနှင့် အလားတူဆရာဆီမှ စန္ဒယားသင်ယူရန် တောင်းဆိုခဲ့သည်။ လင်းဝူက ဒါကို အားလုံးသိတယ်။
“ကျွန်တော့်အန်တီကလည်း ကျိုးကျိုးကို အမှတ် ၁ အထက်တန်းစာမေးပွဲကို ဖြေဆိုစေချင်နေတာလေ"ကျိုးစစ်မူ အကူအညီမဲ့စွာပြောလိုက်သည်။ "ကျိုးကျိုးက အနာဂတ်မှာ ယန်ရင်ကို လျှောက်ဖို့ သူ့အမေ သူ့ကို တောင်းဆိုမှာကို အရမ်းကြောက်နေပြီ"
လင်းဝူ ရယ်လိုက်သည်။ "သားရဲ့ဦးလေး ဂရုမစိုက်ဘူးလား"
ကျိုးစစ်မူ ခေါင်းယမ်းလိုက်သည်။ "သူ သူမကို မထိန်းနိုင်တော့ဘူး။ အန်တီလင်း၊ အန်တီနဲ့ ကျွန်တော့်အမေတို့ အမှတ် ၁ အလယ်တန်းကျောင်းမှာ ကျောင်းတက်တုန်းက ကျွန်တော့်အန်တီနဲ့ ဆက်ဆံရေး မကောင်းခဲ့ဘူးလား"
မိသားစုကအဲ့တာကို တစ်ခါမှ မပြောဖူးပေမယ့် သူအဲ့လို ခံစားမိတုန်းပဲ။
"ဒါတွေအားလုံးက အတိတ်ကဟာတွေပါပဲ၊ ဒါပေမယ့် အဲ့တာတွေက ဘာမှမဟုတ်တော့ပါဘူး"
ကျိုးစစ်မူ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ "အဲဒါက ဦးလေး ချင်း ကြောင့်ပဲ"
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။
များမကြာမီတွင် ချင်းယိသည် စာမေးပွဲခန်းထဲမှ အေးအေးဆေးဆေး မျက်နှာထားဖြင့် ထွက်လာခဲ့သည်။
ချင်းဟန် စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချရင်း တွေးလိုက်မိသည်။ သူစိတ်မလှုပ်ရှားဘူးဆိုတာက အတုပဲ။
ချင်းယိမှာ သူ့အဖေကို နှစ်သိမ့်ရန် အချိန်မရှိပေ။ သူမသည် စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။ "ကျိုးစစ်မူ၊ စိတ်မပူနဲ့တော့၊ စာမေးပွဲအောင်မှာ သေချာတယ်။ အဲ့တော့ ညီမရဲ့ကတိကို ဖြည့်ဆည်းပေးတော့"
ကျိုးစစ်မူရဲ့နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုရှိနေပြီး သူမရဲ့ဆံပင်တွေကို ထိဖို့ သူ့လက်ကို မြှောက်တော့မည်။ သူ့မျက်လုံးထောင့်ကနေ ချင်းဟန်က သူ့ဘေးရှိနေတာကို တွေ့လိုက်ရပြီး သူ့လက်သီး ဆုပ်ထားကိုမြင်လိုက်ရသည်။
"ဦးလေးချင်းက ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ မြို့မှာ ဒုတိယရပြီး အန်တီလင်းက top scorer ဆိုတော့ ဦးလေးက မဆိုးပါဘူး"
ထိုသို့သော မြှောက်ပင့်ပေးမှုကြောင့် ချင်းဟန်သည် သဘာဝအတိုင်း သူ့ကို အေးစက်စွာ မဆက်ဆံနိုင်တော့ပေ။ ဒါကိုစဉ်းစားကြည့်လိုက်တော့ သူ့သမီး ဘီမြို့တော်ကိုလာရင် သူ ဂရုစိုက်စောင့်ရှာက်ပေးတာကို သူမ လိုအပ်လိမ့်မည်။
ယခုနှစ်ကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းထွက်သည့်နေ့တွင် ချင်းယိသည် အံ့သြစရာများစွာမရှိသကဲ့သို့ အမှတ်များကို တည်ငြိမ်စွာစစ်ဆေးခဲ့သည်။
ချင်းဟန်က အမှတ် ၁ အလယ်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးဟောင်ကို မေးကြည့်လိုက်တော့ သူ့သမီးရဲ့ ရမှတ်က ပထမလိုင်းထက် ရမှတ် ၃၀ ပိုများနေတာကို သိလိုက်ရသည်။ သူ့မျက်နှာမှာ ဂုဏ်ယူမှုတွေနဲ့ ပြည့်နေသည်။
ချင်းယိ သူမရဲ့ဖုန်းကို ကိုင်ပြီးပြောလိုက်သည်။ "ကျိုးစစ်မူဆီ ဖုန်းဆက်လိုက်ဦးမယ်"
ချင်းဟန် - "..."
ဖုန်းက စက္ကန့်အနည်းငယ်ကြာမြည်ပြီးနောက် ကျိုးစစ်မူက ဖုန်း ပြန်ဖြေခဲ့သည်။ "ယိယိ"
ချင်းယိ ရှုံ့မဲ့မဲ့လုပ်လိုက်သည်။ "ကျိုးစစ်မူ၊ တောင်းပန်ပါတယ်၊ ကိုကို့ရဲ့မျှော်လင့်ချက်အတိုင်း ညီမ မအောင်မြင်ခဲ့ဘူး၊ ညီမရဲ့မိဘတွေရဲ့ နှစ်ပေါင်းများစွာပြုစုပျိုးထောင်လာပေးခဲ့ရတာကို ရှက်လိုက်တာ၊ ကျောင်းက ဆရာဆရာမတွေရဲ့ သွန်သင်ဆုံးမမှုတွေကို ကျွန်မ ရှက်လိုက်တာ "
ကျိုးစစ်မူ မျက်မှောင်ကြုတ်လိုက်သည်။ " သရုပ်ဆောင်လို့ ပြီးပြီလား။ အမှတ်ဘယ်လောက်ရလဲ"
ချင်းယိ နှုတ်ခမ်းစူလိုက်သည်။ "ကိုကိုက အရမ်းပျင်းစရာကောင်းတာပဲ။ ၆၀၂ မှတ်!"
ကျိုးစစ်မူ ညင်သာစွာ ပြုံးလိုက်သည်။ "မင်းရဲ့ ဆန္ဒကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"
ငါ့ရဲ့ဆန္ဒကိုရတယ်?!
ချင်းယိ နှုတ်ခမ်းကိုကိုက်လိုက်သည်။ "ကိုကို ကတိပေးခဲ့တာကို မှတ်မိသေးလား"
ကျိုးစစ်မူ - "ဘာလဲ"
ချင်းယိ စိုးရိမ်တကြီးနဲ့ ပြောလိုက်သည်။ "ညီမတို့ အထက်တန်း ပထမနှစ်တုန်းက သဘောတူညီချက်တစ်ခု လုပ်ခဲ့တယ်လေ။ ကိုကို ညီမကို ဆန္ဒတစ်ခုလုပ်ပေးမယ်လို့ ကတိပေးခဲ့တာလေ မှတ်မိပြီလား"
ကျိုးစစ်မူ ညည်းညူလိုက်သည်။ "ဒါဆို မင်းရဲ့ဆန္ဒက ဘာလဲ"
ချင်းယိ အသံမြင့်လိုက်သည်။ "ညီမ တွေးထားတာက..."
ကျိုးစစ်မူ ၏ အမူအရာက တောင့်တင်းလာသည်။
ချင်းယိ၏ သူရဲကောင်းစိတ်ဓာတ်က ချက်ခြင်း ပျောက်ကွယ်သွားခဲ့သည်။ " ပြန်စဉ်းစားကြည့်လိုက်ဦးမယ်"
ကျိုးစစ်မူ တံတွေးမျိုချလိုက်သည်။ "ဖြေးဖြေးစဥ်းစား၊ ကိုယ် ဇူလိုင် ၇ ရက်နေ့ ပြန်လာမယ်" ချင်းယိဆီမှ ပေါက်ကွဲထွက်လာသော စကားလုံးတွေက သူမနှလုံးသားထဲတွင် နစ်မြုပ်နေခဲ့ပြီး သူမ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
"လေယာဉ်က 12:20 မှာထွက်မှာ " ကျိုးစစ်မူ ထပ်ပြီး သတိပေးလိုက်သည်။ "ကိုယ့်ကိုလာကြိုပေး လက်ဆောင်တစ်ခုပါလာမယ်"
ချင်းယိ လက်ဆောင်ကို အရင်ရမည်ဟု သူမ ရုတ်တရက် သတိရသွားသည်။
ချင်းယိသည် နိုင်ငံတွင်းရှိ သူမ၏မေဂျာတွင် အမှတ်အများဆုံးဖြင့် ယန်ရန်က လက်ခံခဲ့သည်။ ချင်း မိသားစုသည် အလွန်ပျော်ရွှင်ခဲ့ပြီး ချင်းဟန် ဘီ တက္ကသိုလ် ဝင်ခွင့်ရရှိခဲ့သည့်အချိန်ထက်ပင် ပို၍စိတ်လှုပ်ရှားခဲ့ကြသည်။
ချင်း မိသားစုသည် သူမအတွက် ဆရာသမားဂုဏ်ပြုပွဲ အခမ်းအနားကို စတင်ပြင်ဆင်ခဲ့ပြီး အတန်းဖော်များစွာ၏ ဆရာသမားဂုဏ်ပြုပွဲသို့လည်း အတန်းဖော်များစွာကို တက်ရောက်ခဲ့သည်။ ထိုအချိန်တွင် သူမက နေ့တိုင်းစားသောက်ခဲ့သည်။
ဇူလိုင်လ ၇ ရက်နေ့၊ ကျိုးစစ်မူ ပြန်ရောက်တဲ့နေ့အထိပင်။
ချင်းယိသည် မနေ့ညက ဂါဝန်တစ်ထည်ကို ရွေးချယ်ခဲ့ပြီး အပြင်ထွက်သည့်အခါ အသစ်ဝယ်ထားသည့် သားရေဖိနပ်ကိုပင် ၀တ်ခဲ့သည်။ သူမရဲ့ ကလေးဆန်မှုအများစုက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
"ဖေဖေ ကျေးဇူးပြုပြီး သမီးကို လေဆိပ်ဘတ်စ်ကားမှတ်တိုင်ကို ခေါ်သွားပေး။ စစ်မူ ဒီနေ့ပြန်လာမှာ သမီးသူ့ကိုသွားကြိုမို့ "
ချင်းဟန် သူ့သမီးကို ကြည့်လိုက်သည်။ မိန်းကလေးတစ်ယောက်ရဲ့ ဆယ့်ရှစ်နှစ်က အသွင်ကူးပြောင်းမှုလို့ ခေါ်တာတော့ အမှန်ပင်။ "ကောင်းပြီ"
ချင်းယိက တခဏတာ အံ့အားသင့်သွားပြီး သူ့အဖေကို သံသယဖြင့် ကြည့်လိုက်သည်။ သူမက တိုးတိုးလေး ပြောလိုက်သည်။ "ဖေဖေ့ကို ဒီနေ့ စကားပြောရတာ အရမ်းလွယ်လိုက်တာ"
လင်းဝူက သူမရဲ့နောက်ကျောဘက်က မမြင်ရတဲ့ ဇစ်ကို ဆွဲလိုက်သည်။ "မြန်မြန်လုပ် မနက်စာစားလိုက်အုံး"
"သိပါတယ်!" ချင်းယိက ပြုံးပြီး တုံ့ပြန်ခဲ့သည်။
ထမင်းစားပြီးနောက် ချင်းဟန်သည် အလုပ်သွားရာလမ်းတွင် သမီးဖြစ်သူကို ဘတ်စ်ကားဂိတ်မှာချပေးခဲ့သည်။ သမီးဖြစ်သူ လေဆိပ်ဘတ်စ်ကားပေါ်တက်နေတာကို ကြည့်ရင်း သက်ပြင်းကို တိတ်တိတ်လေး ခိုးချခဲ့သည်။ “ဒီတစ်ခါ ကျိုးစစ်မူရဲ့ ရည်ရွယ်ချက်က မရိုးရှင်းဘူးလို့ ခံစားရတယ်"
လင်းဝူ ခဏလောက် စဉ်းစားလိုက်သည်။ "သူ့မှာ ချစ်သူမရှိသေးဘူး၊ သူ ယိယိကို စောင့်နေတယ်လို့ ရှင်မပြောနိုင်ဘူးလား"
ဟုတ်ပါတယ် ချင်းဟန် သိပေမယ့် သူအဲ့တာကိုဘယ်တော့မှ မစဉ်းစားခဲ့ဘူး။ "ယိယိက အသက် ဆယ့်ရှစ်နှစ်ပဲရှိသေးတာ"
"ကျွန်မ အသက်ဆယ့်ရှစ်နှစ်တုန်းက ရှင်လည်း ရှင့်ရဲ့အချစ်ကို ကျွန်မဆီ ဝန်ခံခဲ့တာပဲလေ " လင်းဝူ ပြောလိုက်သည်။ "စစ်မူ ကြီးပြင်းလာတာကို ရှင့်စောင့်ကြည့်ခဲ့တာပဲ သူ့ကို ခုထိ မသိသေးဘူးလား"
ချင်းဟန် နှာမှုတ်ပြီး ပါးစပ်ပိတ်လိုက်သည်။
ကားက နောက်လမ်းဆုံကို မောင်းလာပြီး မီးနီကို စောင့်ရင်း ချင်းဟန် ရုတ်တရက် စကားပြောလိုက်သည်။ " မင်း မကြာသေးခင်က ယိယိနဲ့ စကားပြောဖို့ အချိန်ရနေတာပဲ သူ့ကို ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမလဲဆိုတာ သင်ပေးလိုက်အုံး"
လင်းဝူက ဆရာဝန်တစ်ဦးဖြစ်ပြီး တုံ့ပြန်ခြင်းမပြုမီ သူမ စက္ကန့်အနည်းငယ်မျှ စဉ်းစားခဲ့သည်။ သူမ ဒေါသထွက်ပြီး ရယ်စရာကောင်းတာကို ခံစားခဲ့ရသည်။ "ကျွန်မ သိပါတယ်"
သားဖွားမီးယပ်အထူးကုဌာနမှာ ဒီလိုအရာတွေ အများကြီးတွေ့ဖူးသည်။ မိန်းကလေးတွေက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ အမြဲသတိရှိရမယ်။
ဒါပေမယ့်လည်း ချင်းဟန် မျက်စိကန်းနေပြန်မှာကို စိုးရိမ်ပြီး သူမကတော့ ကျိုးစစ်မူကို ယုံကြည်နေဆဲပင်။
ချင်းယိက ထွက်ပေါက်သို့ နာရီဝက် စောရောက်ခဲ့သည်။ ဤသည်မှာ သူမ၏ ပထမဆုံး လေဆိပ်ကို လာကြိုခြင်းဖြစ်ပြီး သူမ သိသိသာသာ စိတ်လှုပ်ရှားခဲ့သည်။
တစ်လမ်းလုံး ရုန်းကန်နေရသည် နောက်သူနဲ့တွေ့ရင် ဘယ်လိုစကားပြောရမလဲ။
ဒီဆန္ဒကို အကောင်အထည်ဖော်ရင် သူသဘောတူမှာလား။
အသက်ပြင်းပြင်းရှူပြီး မျက်လုံးကိုရှေ့ဘက်သို့ စူးစိုက်စိုက်ကြည့်နေမိသည်။
လေယာဉ်က နောက်ကျနေတဲ့အတွက် အနီးနားက ကုလားထိုင်ပေါ်မှာ တိတ်တိတ်လေးထိုင်ပြီး ပျင်းလို့ ရေးထားတဲ့စာကို ထုတ်လိုက်သည်။
ဒီစာကို လွန်ခဲ့တဲ့ သုံးနှစ် သူမ အထက်တန်း ကျောင်းသူလေးဘဝက ရေးခဲ့တာ။ ပြန်ကြည့်ဖို့ သူမမှာ သတ္တိမရှိခဲ့ဘူး။
စောင့်ဆိုင်းခြင်းက လူတွေကို ပိုပိုပြီး ဂနာမငြိမ်ဖြစ်စေသည်။ ချင်းယိ သူမ၏ လက်ဖဝါးပေါ်မှ ချွေးများကို ခံစားလိုက်ရပြီး စာအိတ်ကို အမြန်ဖယ်လိုက်သည်။
နောက်ဆုံးတော့ ဒီလေယာဉ်ပေါ်က ခရီးသည်တွေ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာခဲ့ကြသည်။
ချင်းယိသည် ကျိုးစစ်မူ၏ အကျွမ်းတဝင်ရှိသော ရုပ်ကို ရှာမတွေ့မီ အချိန်အကြာကြီး စောင့်ခဲ့ရသည်။ သူက ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ထားပြီး လန်းဆန်းပြီး ချောမောသည်။
သူက သူမကို လူအုပ်ကြားထဲမှာ တစ်ချက်တည်းနဲ့တွေ့ခဲ့သည်။ ကလေးမလေးက ဒီနေ့ သူမရဲ့ဆံပင်ရှည်တွေကို နားနောက်မှာသိမ်းထားပြီး ကလစ်တွေနဲ့ ညှပ်ထားသည်။ သူမက နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းနေသည်။
ချင်းယိ ချက်ချင်းပြေးပြီး သူ့ကို ပွေ့ဖက်လိုက်သည်။ "ပြန်လာပြီပေါ့"
ကျိုးစစ်မူ ခရီးဆောင်အိတ်ကို လွှတ်လိုက်ပြီး သူ့ရဲ့လက်နှစ်ဖက်က သူမရဲ့ခါးကို ဖက်ထားလိုက်သည်။ "လေယာဉ်က နောက်ကျနေလို့ မင်းကို အချိန်အကြာကြီး စောင့်စေမိပြီ"
"ဟုတ်တယ်! စောင့်နေတာကြာပြီ။ ကျိုးစစ်မူ၊ ကိုကို့ကိုတကယ် လွမ်းနေတယ်ဆိုတာ ညီမ သဘောပေါက်ခဲ့တယ် " သူမ ခြေဖျားထောက်ပြီး မတ်တပ်ရပ်ကာ ခေါင်းကို သူ့ပခုံးပေါ် ညင်သာစွာ တင်လိုက်သည်။
ကျိုးစစ်မူရဲ့နှလုံးက ဒရမ်တစ်ခုလို ခုန်ပေါက်နေသည်။ "ယိယိ၊ ဂုဏ်ယူပါတယ်!" သူမရဲ့ပါးကို နမ်းချင်သော်လည်း စိတ်ကို ထိန်းထားလိုက်သည်။ "ယိယိ၊ အရင်လွှတ်ပေးဦး။ ကိုယ် မင်းကို လက်ဆောင်ပေးဦးမယ်"
ချင်းယိ အံကြိတ်လိုက်သည်။ "ဒါဆို ကျွန်မရဲ့စကားကို အရင်နားထောင်"
ကျိုးစစ်မူ မျက်ခုံးပင့်လိုက်သည်။"ကိုယ့်ရဲ့စကားကို အရင်နားထောင်" ဒီကိစ္စကို သူဝန်ခံပါရစေ။ လာလုပ်လိုက်စမ်းပါကွာ။
လူများဖြတ်သွားသော လေဆိပ်ခန်းမဆောင်တွင် ယောက်ျားလေးနှင့် မိန်းကလေး နှစ်ယောက်က နက်နက်ရှိုင်းရှိုင်း ချစ်ကြိုက်နေကြသည်။ ကမ္ဘာကြီးက အရမ်းကြီးတယ်၊ သူတို့မျက်လုံးထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက်ပဲရှိကြပြီး ဘယ်သူမှ မရှိကြပေ။
ကျိုးစစ်မူ ခရီးဆောင်အိတ်ကို ဖွင့်လိုက်တော့ အထဲမှာ ဘူးတစ်ဘူးသာ ရှိသည်။
"ဘာရီးလဲ" ချင်းယိ စိတ်ဝင်တစား မေးလိုက်သည်။
ကျိုးစစ်မူက ဘူးကို ဖြည်းညှင်းစွာဖွင့်ပြီး ပြောလိုက်သည်။ "လက်ဆောင်လေ"
၎င်းသည် စန္ဒယားဂီတသေတ္တာတစ်ခု ဖြစ်နေခဲ့သည်။ ကလေးမလေးက စန္ဒယားခုံပေါ်တွင် ထိုင်နေသည်။
သူမ၏ နူးညံ့သော လက်ချောင်းများဖြင့် စန္ဒယားတီးနေသည်။
ချင်းယိ အနီးကပ်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဒီအရုပ်က......" ငါနဲ့တော်တော်တူတယ်! သူမ သူ့ကို ရှော့ခ်ရစွာကြည့်လိုက်ရင်း သူမရဲ့အဖြူအမည်းမျက်လုံးတွေထဲမှာ သူနဲ့ ပြည့်နှက်နေသည်။
"ကိုယ့်ရဲ့ကောင်မလေး" ကျိုးစစ်မူ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ယိယိ ကိုယ့်ရဲ့ကောင်မလေး ဖြစ်ပေးနိုင်မလား"
ချင်းယိ တစ်ချိန်တည်းမှာ ရယ်လည်းချယ်ချင် ငိုလည်းငိုချင်နေခဲ့သည်။ သူမလက်မြှောက်ပြီး သူ့လည်ပင်းကို ပွေ့ဖက်လိုက်သည်။ "ဖြစ်ပေးပါ့မယ်"
ကျိုးစစ်မူ ပြုံးလိုက်သည်။ "မင်းရဲ့ ဆန္ဒက ဘာလဲ"
ချင်းယိ တိတ်တခိုး ပြောလိုက်သည်။ "ကျွန်မရဲ့ဆန္ဒက ကမ္ဘာကြီးငြိမ်းချမ်းဖို့ပဲ။ အိပ်မက်တွေ တကယ်ဖြစ်လာပြီ"
ကျိုးစစ်မူ သူမ၏ နှာသီးဖျားကို ဖျစ်လိုက်ပြီး သူ့မျက်နှာပေါ်မှာ တုန်နေအောင်ချစ်နေတဲ့ အကြည့်ဖြင့် ပြောလိုက်သည်။ "ကောင်းပြီ"
....
နှစ်များစွာကြာပြီးနောက် ကျိုးစစ်မူက ချင်းယိနှင့် အင်္ဂလန်တွင် ဖျော်ဖြေရန် လိုက်ပါသွားခဲ့သည်။ ဖျော်ဖြေတင်ဆက်မှုတွင် ၎င်းတို့နှစ်ဦးသည် သိမ်းမြစ်တစ်လျှောက် လမ်းလျှောက်ခဲ့ကြသည်။
လေပြေအေးအေးလေးနဲ့ နေကလည်း မခြောက်သွေ့နေပေ။
ချင်းယိ တိုးတိုးလေး ပြောလိုက်သည်။ "ကျိုးစစ်မူ ရှင့်ကို ဘယ်အချိန်က ချစ်မိသွားမှန်းတော့ မသိဘူး။ ရှင့်ကို မတွေ့ရတဲ့အခါကျရင် အရမ်း လွမ်းတယ်၊ ရှင့်ကိုတွေ့ရင် အရမ်းပျော်တယ်။ ရှင့်ရဲ့ရည်းစားဖြစ်ချင်ခဲ့တယ် .. "
"ဒါပဲလား"
"ဟုတ်တယ်!"
"ဒါက အချိန် အကြာကြီးလေ့လာပြီးမှ ရေးခဲ့တဲ့မင်းရဲ့ရည်းစားစာလား"
"ပထမဆုံးရေးဖူးတဲ့စာဆိုတော့ အတွေ့အကြုံတော့ မရှိဘူး။ ကျွန်မ ပထမနှစ် အထက်တန်းကျောင်းသူလေးတစ်ယောက်ဖြစ်နေတုန်းကလေ။ ဒါက တော်တော်ကောင်းမယ်လို့ ထင်တာပဲ။ ကောင်းတယ်လို့ မထင်ရင် ကိုယ့်ဘာသာ ရည်းစားစာ ရေးလိုက်"
ကျိုးစစ်မူ ပြုံးပြီး ပြောလိုက်သည်။ "ကိုယ် ရေးဖို့လိုလို့လား။ သေချာနားထောင်နော်" သူ့မှာယုံကြည်မှုအပြည့်ရှိသည်။
ချင်းယိက သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်။
သူ ရပ်တန့်လိုက်ပြီး ဒူးတစ်ဖက်ထောက်ထိုင်လိုက်သည်။
ချင်းယိ အံ့ဩသွားပြီး သူ့အိတ်ကပ်ထဲက လက်စွပ်ကို ထုတ်နေတာကို ကြည့်နေခဲ့သည်။
"ချင်းယိ၊ ကိုယ့်ကို လက်ထပ်ပါ"
ချင်းယိ စိတ်လှုပ်ရှားပြီး မျက်ရည်တွေ ဝဲလာပြန်သည်။ ကျိုးစစ်မူက သူမမျက်ရည်မကျခင် သူမရဲ့ဘယ်ဘက်လက်သူကြွယ်ပေါ် လက်စွပ်စွပ်ပေးလိုက်သည်။
"မငိုနဲ့တော့!" ထိုသို့ပြောပြီးနောက် သူမကို နက်နက်ရှိုင်းရှိုင်း နမ်းလိုက်သည်။
ချင်းယိ - "ကျိုးစစ်မူ၊ ဘယ်တုန်းက ကျွန်မကို ချစ်သွားခဲ့တာလဲ"
ကျိုးစစ်မူ - "ဒါက မြင်မြင်ချင်း ချစ်သွားတာဖြစ်နိုင်တယ်" မင်းမွေးတဲ့နေ့မှာ မင်းကို နမ်းဖို့ ကိုယ်မထိန်းထားနိုင်ခဲ့ဘူး။
နှစ်ယောက်သား လက်ချောင်းချင်း တွဲယှက်လျက် သူတို့ရဲ့ကျောပြင်က နေရောင်၏ အလင်းရောင်အောက် နှလုံးသားကို နွေးထွေးသွားစေသော ပန်းချီကားတစ်ချပ်နှင့် တူနေခဲ့သည်။