အခန်း (၁၁၈)
Vol. 10 Ch. 118
ကျိုးရှို့လင်းကို စနောက်ခြင်း၏ ရလဒ်က ကျန်းရှောင် အိမ်ပြန်ရောက်တဲ့အခါ သူမ တံခါး၌ အသက်ရှူမဝဖြစ်လျက် ပိတ်မိခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
"မနက်ဖြန် မင်္ဂလာပွဲအတွက် ဓာတ်ပုံရိုက်ရအုံးမယ်!"လို့ သူမ သတိပေးလိုက်သည်။ "အိုး၊ အိမ်မှာ ကျွန်မတို့လိုအပ်တဲ့ ပစ္စည်းတွေမရှိဘူး"
ကျိုးရှို့လင်းက သူ့နဖူးနဲ့ သူမနဖူးကို ထိကပ်ထားခဲ့သည်။ "ကိုယ်က အသက်ကြီးနေပြီလို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား၊ ကိုယ့်အတွက် သမီးလေး အမြန်လိုချင်နေပြီလား"
ကျန်းရှောင် တောက်ခေါက်လိုက်သည်။ "ကျွန်မ မူးနေတဲ့အချိန်မှာ ပြောတဲ့စကားကို ရှင်ယုံနေတာလား "
"ယုံတယ်! မင်းပြောသမျှ အရာအားလုံးကို ကိုယ်ယုံတယ်" ကျိုးရှို့လင်းက သူမရဲ့မျက်တောင်တွေကို နမ်းပြီး ရယ်လိုက်သည်။ "အဆင်သင့်ဖြစ်ပြီလား"
ကျန်းရှောင်က သူ့ လည်ပင်းကို ဖက်ပြီး စကားတစ်ခွန်းမှ မပြောခဲ့ပေ။ အဲဒီအစား သူမကစပြီး သူ့ နှုတ်ခမ်းကို စနမ်းလိုက်သည်။
သူတို့ပြီးသွားတော့ ကျိုးရှို့လင်းက သူမကို ဆုပ်ကိုင်လိုက်ပြီး မျက်ခွံတွေကို နမ်းလိုက်သည်။ "မူမူအနားမှာ မရှိနေတာ အရမ်းကောင်းတယ်"
“ဟမ်” ဟု သူမ နားမလည်စွာ ပြန်တုံ့ပြန်လိုက်သည်။
ကျိုးရှို့လင်းက သူမနားကို တတိတိကိုက်ပြီး ပြောလိုက်သည်။ "မင်း တော်တော် ချစ်စိတ်ပြင်းပြနေတာပဲ"
ကျန်းရှောင် မျက်နှာက ချက်ချင်း နီရဲသွားပြီး မျက်လုံးဖွင့်ရန် ငြင်းဆန်ခဲ့သည်။
သူ့လက်က သူမခါးဆီ လျှောချလာသည်။ "မင်းမသိဘူး ကိုယ်တို့ပထမဆုံး အိမ်ထောင်ကျတုန်းက မင်းက သီးခြားကုတင်မှာ အိပ်ခိုင်းခဲ့တယ်။ အစတုန်းကတော့ ကိုယ် ညတိုင်း အိပ်လို့မပျော်ဘူး"
"ရှင့်ရဲ့အိပ်ရာကို ကျွန်မ ယူထားတာကြောင့်မလား။ ကျန်းချင်က ရှင့်ရဲ့ပိုင်နက်လို့ပြောတယ်"
ကျိုးရှို့လင်းက သူမရဲ့နားကိုတတိတိကိုက်ပြီး ပြောလိုက်သည်။ "မဟုတ်ဘူး၊ ကိုယ်က လူတွေရဲ့ ပိုင်နက်ပဲ။ ကိုယ် မြည်းစမ်းပြီးပြီ၊ အခု ကိုယ် စွဲနေပြီ"
ကျန်းရှောင် မျက်လုံးများကိုဖွင့်၍ သူ့နှုတ်ခမ်းဆီ လက်ချောင်းထိပ်ဖြင့် ခြေရာခံလိုက်သည်။ "အိုး၊ အဖိုးကြီးကျိုး၊ ရှင်က စကားချိုချိုလေးတွေပြောတာ တော်သားပဲ "
အဖိုးကြီး ကျိုး ...
အဖိုးကြီးကျိုး...
ကျိုးရှို့လင်း မျက်စိမှေးလိုက်သည်။ "အဖိုးကြီးကျိုးလား။ ဟမ်"
ကျန်းရှောင်၏ တုန်လှုပ်ချောက်ချားနေတဲ့ စိတ်က ရုတ်တရက် ရှင်းသွားသည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ယောကျ်ား၊ ယောင်္ကျား၊ ရှင် နားကြားမှားနေတာ"
ကျိုးရှို့လင်းက သူမကိုယ်ပေါ်တက်ပြီး သူမကိုအောက်ဘက်မှာချုပ်ထားကာ သူမ၏ ခံစားချက်တွေ ပြည့်လျှံနေသော မျက်လုံးတွေကို ကြည့်လိုက်သည်။ "ကိုယ့် အကြားအာရုံ ကျဆင်းလာတဲ့ အထိတော့ ကိုယ်အသက်မပြည့်သေးဘူး!"
ကျန်းရှောင် - "..."
နောက်တစ်နေ့တွင် ကျန်းရှောင်သည် ကိုးနာရီထိုးသည်အထိ အိပ်နေသောကြောင့် မင်္ဂလာဓာတ်ပုံရိုက်ဖို့ မွန်းလွဲပိုင်းအထိ ရွှေ့ဆိုင်းထားရသည်။
Weibo မှာ သူမရဲ့ ခံပြင်းမှုတွေကို ဖွင့်ဟခဲ့သည်။
"မနေ့က၊ ကျွန်မရဲ့အမျိုးသားကို အဖိုးကြီးကျိုးလို့တစ်ကြိမ်လေးပဲခေါ်ခဲ့တာ ပြီးတော့ ယောက်ျားလို့ အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ပြောနေရတာတောင်မှ လျှာချော်သွားတာကို ကျွန်မ မဖြေရှင်းနိုင်ခဲ့ဘူး။ ကျွန်မက အသက် ၃၂ နှစ်ရှိပြီ နုံအတုန်းပဲ။ [Facepalm]"
အပြာရောင် ကြာပန်း - "ဒါဆို ခဲအိုရဲ့ နောက်ဆုံး နာမည်က ကျိုးပေါ့ !"
You Are My Star - "ယောကျ်ားက အရမ်းချစ်စရာကောင်းတာပဲ"
ပိုင်ပိုင် ရဲ့ ချစ်စရာ ဖန်လေး - "ငါ နောက်ဆက်တွဲ ရှိသေးလားလို့ တွေးမိတယ်။ (ငါ့ရဲ့ မကောင်းမှုကို ခွင့်လွှတ်ပါ။)
စတော်ဘယ်ရီသီးလေး - "အပေါ်ထပ်က၊ နင်တစ်ယောက်တည်း မဟုတ်ဘူး၊ ငါတို့လည်း ခွေးလေးရဲ့ပြစ်ဒဏ်ကို မြင်ချင်တယ်။ အဲ့အတွက် တောင်းဆိုပါတယ်။
မှတ်ချက်များ ထွက်ပေါ်လာခဲ့သည် ... ကျန်းရှောင် တစ်ခုခုတော့ မှားနေပြီဟု ခံစားမိသည်။ အခုခေတ်မှာ လူတိုင်းက စိတ်ကူးယဉ်ဆန်လွန်းကြသည်။
.......
စက်တင်ဘာလ နောက်ဆုံးနေ့တွင် ကျိုးရှို့လင်းသည် ရုပ်သံဌာနတစ်ခုနှင့် အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့သည်။
အင်တာဗျူးသည် မိနစ် ၂၀ ကြာပြီး သမားရိုးကျ မေးခွန်းများဖြင့် စတင်ခဲ့သည်။ သူတို့သည် ကျိုးရှို့လင်း၏ တိုးတက်မှု အတွေ့အကြုံနှင့် ဟွားရှ ရုပ်ရှင်နှင့်ရုပ်မြင်သံကြား၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆွေးနွေးခဲ့ကြသည်။
ကျိုးရှို့လင်းသည် သူ၏ကိုယ်ပိုင်ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီကို စတင်သောအခါတွင် သူရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများနှင့် ၎င်းတို့ကို မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့သည်ကို ပြောပြကာ ထိုးထွင်းအမြင်များစွာပေးခဲ့သည်။ အောင်မြင်မှုဆိုတာ ကြိုးကြိုးစားစားနဲ့ အလုပ်ကြိုးစားမှုပေါ်မှာ မူတည်တယ်လို့ သူက အလေးပေး ပြောကြားခဲ့သည်။
အစီအစဉ်ပြီးဆုံးခါနီးမှာ hostက မေးခဲ့သည်။ "မစ္စတာကျိုး၊ လာမယ့် အနာဂတ်အတွက် မစ္စတာကျိုးမှာ အစီအစဉ်တွေရှိလား"
ကျိုးရှို့လင်းက ကင်မရာကိုကြည့်ရင်း ခဏတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ "လက်ထပ်တော့မယ်" ဒီစကားနှစ်ခွန်းက အခန်းထဲရှိလူတွေကို ရှော့ခ်ရသွားစေခဲ့သည်။ ကျိုးရှို့လင်းမှာ သုံးနှစ်အရွယ်သားလေးတစ်ယောက်ရှိတယ်ဆိုတာ လူတိုင်းသိပြီးကြပြီ။ ဒီတော့ သူက မင်္ဂလာမဆောင် ရသေးဘူးလား။
ထောက်ခံသူများနှင့် ကြည့်ရှုသူများ အံ့သြသွားကြသည်။
ကျိုးရှို့လင်း ညင်ညင်သာသာ ပြုံးလိုက်သည်။ "ကျွန်တော်တို့ ဇနီးမောင်နှံက လွန်ခဲ့တဲ့ လေးနှစ်လောက်က လက်ထပ်ခွင့် လိုင်စင်ရထားပြီးသား ကျွန်တော့်ဇနီးအပေါ်မှာ မင်္ဂလာဆောင်ဖို့တွက် ကျွန်တော် တစ်ချိန်လုံး အကြွေးတင်ထားတယ်။ ကျွန်တော် အသက်မကြီးခင်မှာ လှပတဲ့ အမှတ်တရလေး တစ်ခု ဖန်တီးချင်လို့ပါ"
host က ပြုံးပြီး ပြောလိုက်သည်။ "ကောင်းပါတယ်၊ မစ္စတာတို့ နှစ်ယောက်စလုံးကို ဂုဏ်ပြုပါတယ်၊ ဒါက သိပ်ကို ကိုယ်ရေးကိုယ်တာမဆန်ဘူးဆိုရင် မစ္စတာကျိုးရဲ့အမျိုးသမီးနဲ့ ဘယ်လိုမျိုးချစ်မိသွားပြီး ဘယ်လိုတွေ့ဆုံခဲ့ကြတာလဲဆိုတာကို မျှဝေပေးလို့ရမလား"
ကျိုးရှို့လင်း ဖြည်းဖြည်းချင်း စကားပြောခဲ့သည။ သူမျှဝေပေးတဲ့ စကားအတိုင်း သူ့အသံက စွဲမက်ဖွယ်ကောင်းသည်။ "ကျွန်တော် သူမရဲ့ဓာတ်ပုံကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်အမျိုးသမီးကို ချစ်မိသွားခဲ့တာ"
ဒီဝန်ခံချက်ကို ရုပ်မြင်သံကြားကနေ ရိုက်ကူးပြီး ထာဝရဖြစ်လာခဲ့သည်။
"မြင့်မြတ်သောသားနှင့် ဆင်းရဲတဲ့မိခင်" ဖြစ်ခြင်းနှင့်ပတ်သက်၍ ကျန်းရှောင်အကြောင်းကို ဖျော်ဖြေရေးနယ်ပယ်အတွင်း ကောလာဟလများနှင့် အတင်းအဖျင်းပြောဆိုမှုများ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
"The Most Beautiful Agent" ထုတ်လွှင့်ပြီးနောက် ကျိုးရှို့လင်း၏ ဝန်ခံချက်ကို အပိုင်းတစ်ခုအဖြစ် တည်းဖြတ်ခဲ့ပြီး ၎င်းကို "ချောမောလှပတဲ့စုံတွဲရဲ့ နေ့စဉ် ခွေးတွေကို ညှင်းပန်းနှိပ်ဆက်ခြင်း" ဟု အင်တာနက်အသုံးပြုသူများကြားတွင် လူသိများလာခဲ့သည်။
စက်တင်ဘာလ၏ နောက်ဆုံးရက်အနည်းငယ်တွင် ကျိုးစစ်မူ အလွန်ပျော်ရွှင်နေခဲ့သည်။ သူက အတန်းထဲက သူ့ဆရာမတချို့ကို ပြောခဲ့သည်။ “သားရဲ့ဖေဖေနဲ့မေမေ မင်္ဂလာဆောင်တော့မယ်”
ဆရာမတွေက နားမလည်နိုင်လောက်အောင် အံသြသွားကြသည်။
တစ်ချိန်တည်းမှာပင် ကျိုးစစ်မူသည် ၎င်း၏မိဘတွေရဲ့ မင်္ဂလာပွဲအကြောင်း အတန်းဖော်များအား ပညာပေးခဲ့သည်။
"နင်တို့ မိဘတွေရဲ့ မင်္ဂလာပွဲကို ဘယ်သူမှ မတက်ဖူးကြဘူးလား"
တခြားကလေးတွေက ခေါင်းခါခဲ့ကြသည်။
ကျိုးစစ်မူက သူ့သူငယ်ချင်း ရန်ရန်ရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။ "ဟေး စိတ်မကောင်းမဖြစ်ပါနဲ့။ ငါ့ ဖေဖေနဲ့မေမေက ငါ့ကို အရမ်းချစ်လို့ ငါ ကြီးပြင်းလာတာကိုစောင့်ပြီး သူတို့ရဲ့ လက်စွပ်ကိုင်တဲ့သူ ဖြစ်လာဖို့ စောင့်နေကြတာ"
ရန်ရန် ဟွန့် ခနဲပြောလိုက်သည်။ "ငါ့ဖေဖေနဲ့မေမေကလည်း ငါ့ကိုချစ်တယ်"
ကျိုးစစ်မူ ပြောလိုက်သည်။ "ဒါပေမယ့် မင်းအဖေနဲ့အမေက သူတို့မင်္ဂလာဆောင်ကို မင်းကို မဖိတ်ဖူးမလား"
ရန်ရန် ပြန်ပြောလိုက်သည်။ "ငါ့မိဘတွေရဲ့ မင်္ဂလာဆောင် ဓာတ်ပုံတွေကိုတော့ မြင်ဖူးပေမယ့် ငါက မမွေးသေးဘူးလေ"
ကျိုးစစ်မူ ထပ်ပေါင်းပြောလိုက်သည်။ "ငါ့ ဖေဖေနဲ့မေမေက မင်္ဂလာဆောင် ဓာတ်ပုံရိုက်ဖို့ကိုတောင် ငါ့ကို ခေါ်သွားခဲ့တာ။ အမေ့ရဲ့ မင်္ဂလာဝတ်စုံကို ငါ ကူညီပေးခဲ့တာ"
တခြားကလေးတွေက သူ့ကို မနာလိုစိတ်နဲ့ ကြည့်နေကြသည်။
သူက မျက်နှာကို အုပ်ပြီးပြောလိုက်သည်။ "ငါ့ကို ဒီလို မကြည့်ကြနဲ့လေ။ ပိတ်ရက်ပြီးလို့ ကျောင်းပြန်တက်ရင် မေမေနဲ့ဖေဖေတို့ မင်္ဂလာဆောင်က သကြားလုံးတွေ အများကြီး ယူလာပေးမယ်" သူ့မျက်နှာမှာ ဘဝမြင့်ပြီး ဂုဏ်ယူနေတဲ့ အကြည့်တွေ ရှိနေပြီး ဘယ်မိသားစုဘက်က အမွေဆက်ခံထားလဲ ဆိုတာတော့ မသိရသေးပေ။
ကျိုးရှို့လင်းနဲ့ ကျန်းရှောင်တို့ရဲ့ မင်္ဂလာပွဲကိုတော့ အောက်တိုဘာလ ၆ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားသည်။ တရုတ်ပြက္ခဒိန်အရ ကောင်းတဲ့နေ့ဟု သတ်မှတ်ကြပြီး မေမေကျိုးနှင့် အန်တီ ကျန်းလီတို့က ရွေးချယ်မှုအပေါ် ဝမ်းသာခဲ့ကြသည်။
ဒါပေမယ့်လည်း ကျိုးရှို့လင်းနှင့် ကျန်းရှောင်တို့သည် ဤအရာများနှင့်ပတ်သက်၍ အယူသီးခြင်းမရှိခဲ့ကြပေ။ ချစ်ခင်ရသူတွေနဲ့ မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာ နေနိုင်သရွေ့ နေ့ရက်တိုင်းက ကောင်းတဲ့နေ့ဖြစ်မယ်လို့ ယုံကြည်ကြသည်။
အောက်တိုဘာလ ၄ ရက်နေ့တွင် လင်းဝူက ဘီ မြို့တော်ကနေ ကျင်းချန်ဆီ လေယာဥ်နဲ့ပြန်လာခဲ့သည်။ ကျန်းရှောင်က ကျိုးစစ်မူကို ခေါ်သွားရန် အစပိုင်းတွင် မစီစဉ်ထားသော်လည်း လူယုတ်မာလေးက ကျိုးရှို့လင်းနှင့် စကားပြောဆိုနေတာကို သူမ ကြားလိုက်ရသည်။ အန်တီလင်းဝူ လာမယ်ဆိုတာကြားတော့ သူတို့နဲ့ လိုက်ခဲ့ဖို့ အခိုင်အမာပြောနေခဲ့သည်။
အင်း၊ သူလိုက်ချင်ရင်လည်း ဘာလို့မခေါ်နိုင်ရမှာလဲ။ မသွားခင်မှာ ကောင်လေးက သူ့ရဲ့အနောက်တိုင်း ဝတ်စုံသေးသေးလေးကို ၀တ်ပါရစေလို့ တောင်းဆိုခဲ့သည်။
ကျန်းရှောင် မေးလိုက်သည်။ "ဒီဝတ်စုံက မင်္ဂလာဆောင်တဲ့နေ့မှာ ဝတ်ဖို့ ရည်ညွှန်းထားတာ မဟုတ်ဘူးလား"
ကျိုးစစ်မူ ပြန်ပြောလိုက်သည်။ "သား ဝတ်ပြီး အန်တီလင်းကို ကြည့်ခိုင်းမို့"
ကျန်းရှောင် က သူ့ကို တိုက်ရိုက်စိုက်ကြည့်ရင်းပြောလိုက်သည်။ "အမေတွေက သူတို့ရဲ့သားအကြောင်း အသိဆုံးပဲ"
ကျိုးစစ်မူ လှည့်ပြီး ပြောလိုက်သည်။ "မေမေ၊ သားဒီဝတ်စုံကို မဝတ်တော့ဘူး၊ တခြားတစ်မျိုး ရွေးရအောင်"
ကျန်းရှောင် ပြုံးပြီးပြောလိုက်သည်။ "ရတယ်၊ သားကိုယ်တိုင်ပဲ ရွေးလို့ရတယ်"
ကျိုးစစ်မူရဲ့ မျက်လုံးတွေ တောက်ပလာပြီး ကျိုးယန်ယန် ပေးထားတဲ့ သုံးထည်ပါတဲ့ ဝတ်စုံကို ကောက်ယူလိုက်သည်။ - အင်္ကျီအဖြူလက်တို၊ မီးခိုးရောင် သက္ကလပ်ဘောင်းဘီတိုနှင့် ဝတ်စကုပ်သေးသေးလေးနဲ့ သူ့ရဲ့ ရွေးချယ်မှုက တော်တော်ခမ်းနားသည်။
"မေမေ၊ နက်ကတိုင် တပ်ရင်ကော"
ကျန်းရှောင် စဥ်းစားလိုက်သည်။ "သား ရည်းစားနဲ့သွားတွေ့မို့လား ဒါမှမဟုတ် တစ်ခုခုကို တွေးနေတာလား"
ဝတ်စုံအသစ်ကို လဲပြီးနောက် ကျန်းရှောင်က သူ့ကိုဓာတ်ပုံရိုက်လိုက်ပြီး သူ့မျက်နှာကို ဖား အီမိုဂျီဖြင့်အုပ်ကာ အွန်လိုင်းပေါ်တွင် တင်ခဲ့သည်။
【ငါ့ရဲ့ညီအစ်မကောင်းလေးကို သွားကြိုမို့ကို ပဲပင်ပေါက်လေးက ဒီဝတ်စုံကို ဝတ်မလို့တဲ့။ ငါသူ့ကိုတကယ်ပြောချင်တာက ငါ့ရဲ့ညီအစ်မကောင်းမှာ နှစ်သက်နေတဲ့သူရှိပြီးသား မင်းမှာအခွင့်အရေးမရှိတော့ဘူးလို့ ။]
CoolCool - ပဲပင်ပေါင်လေးရဲ့ ရှေ့မြင်ကွင်းကိုတွေ့ခွင့်ရဖို့ တောင်းဆိုပါတယ်။
Everyday's Fangirl- ပဲပင်ပေါက်လေး ကြီးလာပြီ၊ ဟားဟားဟား။
ငါဒီမှာ၊ နင်ကဘယ်မှာလဲ - အစ်မကျန်း ၊ ကျေးဇူးပြုပြီး ပဲပင်ပေါက်လေးကို ပွဲဦးထွက်ခိုင်းလိုက်။ အန်တီတွေက သေချာပေါက် ထောက်ခံမှာ။
မကြာသေးမီနှစ်များအတွင်း ၎င်းတို့၏အလုပ်များသည့်အချိန်ဇယားများကြောင့် ကျန်းရှောင်နှင့် လင်းဝူ တို့သည် တွေ့ဆုံရန် အခွင့်အရေး များစွာမရရှိခဲ့ပေ။ ဒါပေမယ့် အချိန်နှင့်အကွာအဝေးက ၎င်းတို့၏ဆက်ဆံရေးကို မပြောင်းလဲစေခဲ့ပေ။
လင်းဝူက သူမ၏ ခရီးဆောင်အိတ်ကို တွန်းကာ လူအုပ်နှင့်အတူ ထွက်လာခဲ့သည်။ သူမသည် ရိုးရှင်းပြီး ပေါ့ပါးတဲ့ အင်္ကျီအဖြူ၊ အပြာရောင် ဂျင်းဘောင်းဘီနဲ့ ဘွတ်ဖိနပ်တို့ကို ဝတ်ဆင်ထားသည်။
ဒါတောင်မှ သူမမျက်နှာက လူအုပ်ထဲမှာ လျစ်လျူရှုဖို့ ခက်သည်။
"အန်တီ၊ အန်တီ!" ကျိုးစစ်မူ အကျယ်ကြီး အော်လိုက်သည်။
အစက လင်းဝူ၏ သီးသန့်အမူအရာများက ချက်ချင်းပြောင်းလဲသွားသည်။ ချိုင့်ထဲတွင် ပန်းများရုတ်တရက်ပွင့်သွားသကဲ့သို့ သူမ၏ပါးစပ်ထောင့်မှ မျက်လုံးများဆီသို့ အပြုံးတစ်ခု တောက်ပလာသည်။ သူမ အရှိန်မြှင့်ပြီး သူတို့ဆီ လျှောက်သွားလိုက်သည်။ "ပဲပင်ပေါက်လေး!" သူမ၏ အသံက ချိုမြိန်ပြီး ကြည်နူးစရာ ကောင်းသည်။
"အန်တီ၊ အရမ်းလွမ်းနေတာ" ကျိုးစစ်မူက လင်းဝူကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေသည်။
ကျန်းရှောင် မကူညီနိုင်ဘဲ ငြင်းလိုက်သည်။ “ကျိုးစစ်မူ၊ လှတဲ့ အမျိုးသမီးတွေကို ဒီလို မကြည့်သင့်ဘူး”
လင်းဝူက သူမ၏လက်တွေကိုဖွင့်ကာ ကျိုးစစ်မူကို ဖက်လိုက်သည်။ "သူ့ကို နောက်ဆုံးတွေ့ခဲ့တာက လွန်ခဲ့တဲ့ ရှစ်လ၊ ကိုးလလောက်က နှစ်သစ်ကူးတုန်းကပဲ။ ပဲပင်ပေါက်လေးက တော်တော်ကြီးလာပြီနော် "