အခန်း (၁၁၉)
Vol. 10 Ch. 119
ကျန်းရှောင်က သူ့ကို ကြည့်ပြီး မှတ်ချက်ပေးခဲ့သည်။ "ကလေးတွေက နေ့တိုင်း ပြောင်းလဲနေတာ၊ ဒါပေမယ့် နင်ကတော့ လုံးဝ မပြောင်းလဲသွားဘူး"
လင်းဝူက ဖျတ်ခနဲ ပြုံးလိုက်သည်။ "ပဲပင်ပေါက်လေးက ကျိုးရှို့လင်းနဲ့ ပိုပိုပြီးတူလာတယ်"
ကျန်းရှောင် ပြောလိုက်သည်။ "အစတုန်းက သူ နင့်ကိုလာကြိုပေးဖို့ပဲ။ ဒါပေမယ့် သူ့မှာ အလုပ်ကိစ္စသွားစရာလေးရှိနေလို့ ငါတို့ ဟိုတယ် အရင်သွားကြမယ်။ မင်္ဂလာဝတ်စုံက အခန်းထဲမှာ "
လင်းဝူ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ဒါက ပြဿနာမဟုတ်ပါဘူး"
ကျန်းရှောင် ခဏရပ်တန့်ပြီး ပေါ့ပေါ့ပါးပါးမေးလိုက်သည်။ "ချင်းဟန်က နင်နဲ့အတူရှိနေတာ မဟုတ်ဘူးလား"
လင်းဝူ ပြန်ပြောခဲ့သည်။ "သူ ငါ့ကို ဖုန်းဆက်တယ် မနက်ဖြန်ညနေမှ လာမယ်လို့ပြောတယ်"
ကျန်းရှောင်က သူမကို သိနေတဲ့ အကြည့်ကို ပေးခဲ့ပြီး လင်းဝူက နားလည်တဲ့ အကြည့်ဖြင့် တုံ့ပြန်ခဲ့သည်။
ပဲပင်ပေါက်လေးက သူ့အမေကို တစ်ချက်ကြည့်လိုက်သည်။ "မေမေ၊ ခေါင်းကိုက်နေလို့လား"
ကျန်းရှောင် - "......."
သူတို့ ဟိုတယ် ပြန်ရောက်တော့ လင်းဝူက သူမ၏ ခရီးဆောင်အိတ်ကို အမြန်ဖြေခဲ့သည်။ သုံးယောက်သား နေ့လည်စာအတူစားဖို့ ဟိုတယ်ရဲ့ စားသောက်ဆိုင်ကို ဆင်းခဲ့ကြသည်။
လင်းဝူနဲ့ ကျန်းရှောင်တို့က အတူတူ မြန်မြန်စားတဲ့ အလေ့အကျင့်ကို မျှဝေခဲ့ကြသည်။ ဒါပေမယ့် ဒီအတောအတွင်းမှာ ကျန်းရှောင်သည် သူမ ၅၀% ပြည့်ခါနီးအထိသာ စားခဲ့သည်မှာ ထင်ရှားသည်။
လင်းဝူ မေးလိုက်သည်။ "နင် ဝိတ်ချဖို့ ကြိုးစားနေတာလား"
ကျန်းရှောင် ခေါင်းခါပြီး ပြောလိုက်သည်။ "ငါအရမ်းကြီး မဝနေချင်လို့။ မင်္ဂလာပွဲအတွက် အစားထိန်းနေတာ"
လင်းဝူ ပြုံးပြီးပြောလိုက်သည်။ "ဒါပေမယ့် နင်က အရမ်းပိန်နေပြီးသားပါ!"
ပဲပင်ပေါက်လေးက ပါးစပ်ကို လက်ကိုင်ပုဝါဖြင့် သုတ်ပြီး စကားဝိုင်းတွင် ဝင်ပြောခဲ့သည်။ "ဘာလို့လဲဆိုတော့ မေမေက ဖေဖေသယ်ရင် အရမ်းလေးနေမှာကို ကြောက်နေတာ"
လင်းဝူက သူ့ခေါင်းလေးကို ဖွရင်း မေးလိုက်သည်။ "စားချင်တာရှိသေးလား"
ပဲပင်ပေါက်လေးက ပန်းကန်ကို လက်ညှိုးထိုးပြပြီး ပြောခဲ့သည်။ "အသားစားရတာ ကြိုက်တယ်၊ ဒါပေမယ့် တစ်တုံးပဲ ကျန်တော့တယ်။ အန်တီ စားလိုက် "
ကျိုးစစ်မူ၏ ချိုမြိန်တဲ့ အမူအရာကြောင့် လင်းဝူ၏ နှလုံးသား အရည်ပျော်ကျသွားခဲ့သည်။
နေ့လယ်စာလည်း စားလို့ပြီးတော့မည်။ ကျိုးရှို့လင်း ကမန်းကတန်း ရောက်ချလာခဲ့သည်။
လင်းဝူ ထရပ်ပြီး သူ့ကိုနှုတ်ဆက်လိုက်သည်။ "မတွေ့တာကြာပြီနော်" လူတစ်ယောက်၏ အသွင်အပြင်ကို သူမ သိပ်ဂရုမစိုက်ဖူးသော်လည်း ကျိုးရှို့လင်းကို သူမ မြင်လိုက်တိုင်း သူမ မကူညီနိုင်ဘဲ အနည်းငယ်တော့ မှင်သက်သွားမိသည်။
သူမစိတ်ထဲရောက်လာတဲ့ အကောင်းဆုံးဖော်ပြချက်မှာ အရမ်းနွေးထွေးပြီး "ရုပ်ကလည်းချော အရပ်ကလည်းရှည်တယ်"ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအချိန်တွင် သူ့ဘေးနားရှိ ဇနီးနှင့်သားတို့က သူ့ရဲ့နွေးထွေးမှုရရှိခဲ့သည်။
ကျိုးရှို့လင်းက သူ့လက်ကို ဆန့်ပြီးပြောလိုက်သည်။ "တောင်းပန်ပါတယ် ကျွန်တော် နောက်ကျသွားတယ်" သူ၏ နွေးထွေးမှုနှင့် တွေးခေါ်မှုတို့ကို ထင်ရှားစေပြီး လင်းဝူက ၎င်းကို သတိပြုမိခဲ့သည်။ ကျန်းရှောင်နှင့် သူမ၏ ဆက်ဆံရေးကြောင့် ကျိုးရှို့လင်းသည် လင်းဝူ ကို မိသားစုဝင်တစ်ဦးအဖြစ် မှတ်ယူခဲ့သည်။
ကျိုးရှို့လင်းကလည်း သူမကို အလွန်လေးစားသည်။
"ဖေဖေ" ပဲပင်ပေါက်လေးက သူ့အာရုံကို လိုက်ရှာခဲ့သည်။
ကျိုးရှို့လင်းက သူ့သားကို ကြည့်ပြီးမေးလိုက်သည်။ "ဘာလို့ ဒီနေ့ဒီလိုမျိုး ဝတ်စားထားတာလဲ"
ကျန်းရှောင်က ပြုံးပြီး ဘာမှပြန်မပြောခဲ့ပေ။
အောက်တိုဘာလ ၆ ရက်နေ့ သာယာလှပတဲ့ ကောင်းကင်ပြင်ကြီး အောက်တွင် မင်္ဂလာပွဲကို ရိကျင်း တော်ပေါ်အပန်းဖြေစခန်းတွင် ကျင်းပခဲ့သည်။ စိမ်းလန်းစိုပြေသော မြက်ခင်းပြင်များ၊ အရောင် ဖျော့ဖျော့ ပန်းပွင့်များနှင့် လေပြည်တို့က ခမ်းနားထည်ဝါသော မြင်ကွင်းကို ဖန်တီးပေးခဲ့ကြသည်။
ဧည့်သည်တွေ အချိန်ဇယားအတိုင်း ရောက်လာကြပြီး အားလုံး နေရာယူခဲ့ကြသည်။ ကျိုး မိသားစုမှ ဆွေမျိုးတွေ အရေအတွက်များလာပြီး ကျန်းရှောင်၏ အဘိုးအဘွားများကိုပင် မင်္ဂလာပွဲကို တက်ရောက်ရန် ကျင်းချန်သို့ ခေါ်ဆောင်ခဲ့သည်။
ကျန်းယိ အပေါ် ၎င်းတို့၏ ကနဦး မကျေမချမ်းဖြစ်တာမျိုးတွေရှိခဲ့သော်လည်း ကျန်းယိကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပြီး သူနှင့် ဆက်ဆံရေး လုံးဝ ဖြတ်တောက်ထားသည်။ ဒါပေမယ့် အချိန်က သူတို့၏ နာကြည်းမှုကို လျော့ပါးစေခဲ့သည်။
ပဲပင်ပေါက်လေးကြောင့် ၎င်းတို့၏ ရပ်တည်ချက် ပျော့ပျောင်းလာသည်ကို တွေ့မြင်ရပြီး သက်ကြီးရွယ်အို ဇနီးမောင်နှံက ၎င်းတို့၏ မြေးမလေး ကျန်းရှောင် အပေါ် အပြစ်ရှိကြောင်းနှင့် ကျေးဇူးတင်ကြောင်း ခံစားရဆဲ ဖြစ်သည်။
လျန့်ယွဲ့ နှင့် ဒါရိုက်တာ ကျင်းတို့ မလာခဲ့ပေ။ ဒါရိုက်တာ ကျင်း နေမကောင်းဖြစ်နေပြီး မင်္ဂလာပွဲကိုမတက်ရောက်နိုင်ကြောင်း သူတို့ အခိုင်အမာပြောခဲ့ပေမယ့် ကြင်စဦးဇနီးမောင်နှံတွေဆီတော့ သူတို့ရဲ့ ကောင်းချီးလက်ဖွဲ့တွေကို ပေးပို့ခဲ့သည်။
ကျင်းကျုံးပိုင်နှင့် ကျင်းရှု့ရန်တို့က မင်္ဂလာပွဲသို့ တက်ရောက်ခဲ့ပြီး လူထုဆီမှ သံသယ တစ်စုံတစ်ရာကို မရရှိခဲ့ပေ။
ချန်းရင် အပါအဝင် ဟွားရှ၏ စာချုပ်ချုပ်ထားသည့် အနုပညာရှင်များအားလုံး တက်ရောက်ခဲ့ကြသည်။
စုန့်ယိဝမ်နှင့် ချင်ယီလုတို့က အတူလာခဲ့ကြပြီး ယနေ့ လူတိုင်း၏ ၀တ်စားဆင်ယင်မှုက ရိုးရှင်းသော်လည်း အခမ်းအနားအတွက် သင့်လျော်သည်။
ချင်ယီလု စင်ပေါ်ကို ကြည့်လိုက်သည်။ "စီအီးအို ကျိုး က ဆရာ ကျင်းကို သူ့ရဲ့အကောင်းဆုံးလူအဖြစ် ဖိတ်ခေါ်မယ်လို့ ငါ မထင်ခဲ့ဘူး"
စုန့်ယိဝမ် တခစ်ခစ်ရယ်လိုက်သည်။ "ဘယ်သူက စီအီးအို ကျိုး ရဲ့ အကောင်းဆုံးလူ ဖြစ်ချင်မှာလဲ။ မင်းအဲဒီကို တက်ပြီးတာနဲ့ မင်းအစစ်ဆေးခံရလိမ့်မယ်။ နောက်ပြီး ဒီစင်မြင့်ပေါ်မှာ မိသားစု သုံးယောက်က ရပ်နေသရွေ့ ဘယ်သူက အကောင်းဆုံးယောက်ျား၊ ဘယ်သူက ဂုဏ်သရေရှိ အပျိုရံဆိုတာက အရေးမကြီးတော့ဘူး
ကျိုးရှို့လင်းနဲ့ ကျန်းရှောင်တို့ရဲ့ ဆက်ဆံရေးကို သူတို့အသိုင်းအဝိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် သိခဲ့ကြပေမယ့် ဒါဟာ သူတို့ သုံးယောက်သား မိသားစုအဖြစ် ပထမဆုံးအကြိမ် ပေါ်လာတာ ဖြစ်သည်။ ကျန်းရှောင် ၏ Weibo တွင် မကြာခဏ ဖော်ပြလေ့ရှိသည့် "ပဲပင်ပေါက်လေး" အကြောင်း လူတိုင်းက သိချင်နေကြသည်။
ချင်ယီလု အပြုံးမပျက်ခဲ့ပေ။ "နင်က ဘာလို့ ကျိုးယန်ယန်နဲ့ သွားမထိုင်တာလဲ"
စုန့်ယိဝမ် ရှေ့ဆုံးတန်းကို လှမ်းကြည့်လိုက်သည်။ ကျိုးယန်ယန်က သူမ၏ ဒဏ်ရာမှ ပြန်လည်သက်သာလာကာ သူမထိုင်ခုံတွင် ထိုင်နေသည်။
"နင်တို့နှစ်ယောက် ရန်ဖြစ်ထားကြတာလား"
"မဟုတ်ဘူး"
" ရန်ဖြစ်ထားတာပဲဖြစ်ရမယ်။ သူမရဲ့ ဒဏ်ရာတွေက သူမကို ခဏခဏ စိတ်တိုရအောင်လုပ်မိနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်" မင်းသမီး ကျိုးက ကိုင်တွယ်ရခက်တယ်လို့ သူမ အရင်က ကြားသိခဲ့ရပေမယ့် နှလုံးသားရေးရာမှာတော့ တစ်ဖက်သားအတွက် ခံနိုင်ရည်ရှိဖို့ ဆန္ဒရှိခဲ့သည်။
စုန့်ယိဝမ် သူ့ရဲ့အကြည့်ကိုရွှေ့လိုက်ပြီး ညာဘက်မှ အဋ္ဌမတန်းကို တစ်ချက်ကြည့်လိုက်သည်။ ဟိုမှာထိုင်နေတာက ကျန်းရှောင်ရဲ့ အတန်းဖော်တွေ။ ချင်းဟန်၏ အသွင်အပြင်က ယနေ့ခေတ် အမျိုးသားအကျော်အမော်များကြားတွင်ပင် ၎င်း၏ ကျက်သရေကို မပျောက်ပျက်စေတာကြောင့် သူ ချက်ခြင်း သတိပြုမိခဲ့သည်။
ငယ်ရွယ်နုပျိုတဲ့ အချစ်ဇာတ်လမ်းကို ဘယ်သူတွေက မခံစားဖူးကြလို့လဲ။
ဆယ်မိနစ်မှာ မင်္ဂလာပွဲစခဲ့သည်။
တီးဝိုင်းက "Wedding March" ကို ရင်ခုန်စရာကောင်းပြီး ပျော်ရွှင်ဖွယ်ကောင်းသော လေထုကို ဖန်တီးကာ တီးခတ်ခဲ့သည်။
ကျန်းရှောင်က သူ့အဖေရဲ့လက်ကို ဆုပ်ကိုင်ထားပြီး ပဲပင်ပေါက်လေးက သူမရဲ့ သတို့သမီး ရထားကို သယ်ဆောင်သွားသည်။ အားတက်သရော ဂီတသံနှင့်အတူ သူမသည် ဗဟိုစင်မြင့်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
သူမ နှလုံးခုန်သံတွေက အံ့သြစရာကောင်းစွာ ခုန်ပေါက်နေခဲ့သည်။
ကြော့မော့တဲ့ အနက်ရောင်ဝတ်စုံကို ဝတ်ထားသည့် ကျိုးရှို့လင်းသည် ထိုနေရာတွင် ရပ်နေပြီး သူ့အကြည့်တွေက သူမဆီကနေ ဘယ်တော့မှ မခွာခဲ့ပေ။
ဖေဖေကျန်းက သူမလက်ကို ကျိုးရှို့လင်းဆီ အပ်နှံခဲ့ပြီး သူ့မျက်လုံးတွေက တောက်ပစွာ လင်းလက်နေခဲ့သည်။ ဟုတ်တယ်၊ သူအသက်ကြီးလာတာနဲ့အမျှ သူချစ်ရတဲ့သူနဲ့ တစ်သက်လုံး အချိန်မကုန်ဆုံးနိုင်ပေမယ့် သူ့သမီးလေး ပျော်ရွှင်နေသရွေ့တော့ သူ့မှာ တခြားဆန္ဒတွေ မရှိတော့ဘူး။
စင်မြင့်ပေါ်တွင် သတို့သမီးအရံတွေနဲ့ သတို့သားအရံတို့သည် သတို့သားနှင့် သတို့သမီးနောက်တွင် ရပ်ကာ ချစ်စဖွယ် ပန်းပွင့်မိန်းကလေးက သတို့သမီး၏ ခြေရင်းတွင် ရပ်နေလေသည်။
အခမ်းအနားမှူးက ကျင်းချန်ရှိ နာမည်ကြီးဖြစ်သည်။ လေထုက နွေးထွေးပြီး အိုဗာဖြစ်နေတဲ့ ခံစားချက်တွေ သိပ်မရှိလှပေ။
ပဲပင်ပေါက်လေးက လက်ဆောင်ဘူးကို ကိုင်ထားပြီး ကျိုးရှို့လင်းက သူ့လက်မှ လက်စွပ်ကို ယူလိုက်သည်။ သူက ကျန်းရှောင် လက်ကို ဆုပ်ကိုင်ထားပြီး ရိုးရှင်းသော်လည်း အဖိုးတန်လက်စွပ်ကို သူမလက်သူကြွယ်တွင် စွပ်ပေးလိုက်ကာ သူမမျက်လုံးတွေကို နက်နက်နဲနဲကြည့်လိုက်သည်။ သူသည် သူမ၏ မျက်နှာလွှားဇာကို မတင်လိုက်ပြီး သူမကို ညင်သာစွာ ပွေ့ဖက်ကာ သူမ၏ နှုတ်ခမ်းထောင့်စွန်းကို နမ်းရန် ငုံ့လိုက်သည်။
အနမ်းတွေ ပြီးသွားပြီ။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်မှုတွေ ပြည့်နေတဲ့ မျက်လုံးတွေနဲ့ကြည့်ခဲ့ကြသည်။
ကျိုးရှို့လင်း လည်ချောင်းက အတက်အဆင်း လှုပ်ရှားသွားသည်။ "မစ္စစ် ကျိုး၊ ဒီနေ့ မင်း အရမ်းလှနေတယ်"
ကျန်းရှောင်က ခေါင်းမော့ကာ သူ့ကို စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်ရဲ့ ပထမဆုံးတွေ့ဆုံမှု၊ ပထမဆုံးထမင်းအတူစားတဲ့ အမှတ်တရများစွာက သူမ မျက်လုံးရှေ့မှာ တောက်ပလာခဲ့သည်။ သိသာထင်ရှားစွာပင် သူမသည် အရာအားလုံးကို လေးလေးနက်နက် မှတ်မိနေခဲ့သည်။
ကျိုးရှို့လင်းက သူမလက်ကို ဆုပ်ကိုင်ပြီးပြောလိုက်သည်။ "ကိုယ်ဒီနေ့ကို စောင့်နေတာ လေးနှစ်ကျော်ပြီ"
ကျန်းရှောင် ပြုံးလိုက်ပြီး သူမရဲ့ နှလုံးသားမှာ ခံစားချက်တွေ ပြည့်နှက်နေသည်။ "ရှင့်ကို ကျွန်မသိလာတာ ဆယ်နှစ်ရှိပြီ"
ကျိုးရှို့လင်းက သူမနဖူးကို ငုံ့နမ်းလိုက်သည်။ "ကျန်းရှောင် ကိုယ် မင်းကို ချစ်တယ်"
ကျန်းရှောင် မျက်ရည်တွေ စီးကျလာသည်။ "ကျိုးရှို့လင်း၊ ကျွန်မလည်း ရှင့်ကို ချစ်တယ်"
ရှင့်ကြောင့် ကျွန်မဘဝက မှားယွင်းနေတာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ခဲ့တာ။
ရှင့်ကြောင့် အချစ်ရဲ့ အနှစ်သာရကို ကျွန်မ ယုံကြည်တယ်။
အလျင်စလို ဆုံတွေ့ခဲ့ကြသော်လည်း အတူရှိနေခြင်းက တစ်သက်တာခရီးဖြစ်လိမ့်မည်။
"ဖေဖေ၊ မေမေ၊ သားကို မချစ်ကြတော့ဘူးလား" ကျိူးစစ်မူက ခြေဖျားထောက်လိုက်ပြီး သူ့ရဲ့မျက်လုံးကြီးကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့အသံက စိတ်ညစ်နေတဲ့ အရိပ်အယောင်ကို သယ်လာခဲ့သည်။
လက်စွပ်ကိုင်သူလေး မူမူက သူ့ပုံစံကို ရုတ်တရက်ပြောင်းသွားကာ ပရိသတ်ကို အနည်းငယ် ပဟေဠိိဖြစ်သွားစေသည်။
ကျိုးရှို့လင်းနှင့် ကျန်းရှောင်တို့၏ မင်္ဂလာပွဲသည် အလွန့်အလွန် ချိုမြိန်သော အထိအတွေ့များဖြင့် ပြည့်နှက်နေသည်ဟု ဆိုရပေမည်။ ပွဲထဲရှိပန်းတွေက ကျန်းရှောင် နှစ်သက်သော နှင်းဆီအဝါဖျော့ဖျော့နှင့် အဖြူရောင်နှင်းဆီများဖြင့် လှပပြီး ရင်ခုန်စရာကောင်းသော လေထုကို ဖန်တီးပေးသည့် ကလေးများ၏ အငွေ့အသက်များပင် ဖြစ်သည်။
လွန်ခဲ့သောနှစ်များက ပုံစံတူ လက်စွပ်အတုများနှင့် နှိုင်းယှဉ်ပါက ယခုတစ်ကြိမ်တွင် အဆိုပါ မင်္ဂလာလက်စွပ်ကို ပြင်သစ်နိုင်ငံတွင် အထူးစိတ်ကြိုက်ပြုလုပ်ခဲ့သည်။
ကျိုးရှို့လင်းသည် သူ့မိန်းမအပေါ် ချစ်ခြင်းမေတ္တာက အကန့်အသတ်မရှိမှန်း သိသာထင်ရှားသည်။
မြက်ခင်းရဲ့ ထောင့်တစ်ဖက်မှာ လွန်ခဲ့သည့် ၂၆ နှစ်က ကျန်းရှောင် ၏ ဓာတ်ပုံများကို ပြသထားသည့် အသဲပုံသဏ္ဍာန် ဓာတ်ပုံနံရံတစ်ခုရှိသည်။ သူမရဲ့အဖေနှင့် အဒေါ်တို့က ပေးထားသည့် ငယ်စဉ်ကလေးဘဝ ဓာတ်ပုံအချို့ရှိပြီး အခြားဓာတ်ပုံများကို သူမ၏ကျောင်းနှင့် အတန်းဖော်များမှ ကျိုးရှို့လင်းဆီမှ တွေ့ရှိခဲ့ကြသော်လည်း ဓာတ်ပုံအများစုမှာ ကောလိပ်ကျောင်းဆင်းချိန်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ဤဓာတ်ပုံများအားလုံးကို ကျိုးရှို့လင်းမှ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ကျန်းရှောင်သည် သူမရဲ့ များစွာသောဓာတ်ပုံတွေကို သူ ရိုက်ယူထားမှန်း အဲ့အချိန်ကျမှ သိလိုက်ရသည်။
အခမ်းအနားအပြီးတွင် မိသားစုဝင် ၃ ယောက်သား ဓာတ်ပုံရိုက်ရန် နံရံတွင် မတ်တပ်ရပ်ခဲ့ကြသည်။ မူမူ လေးက ပြုံးကာ သူ့မျက်လုံးများ တောက်ပနေပြီး ဒီနေ့ရဲ့ အဓိက ဇာတ်ဆောင်တစ်ယောက်လို ခံစားနေနိုင်သည်။
ကျန်းရှောင်က ကျိုးရှို့လင်းရဲ့ ပခုံးကို မှီပြီးပြောလိုက်သည်။ "ရှင် မူမူ ရဲ့ ဓာတ်ပုံတွေ ရိုက်လေ့ရှိတယ်ထင်တယ်"
ကျိုးရှို့လင်းလက်က သူမခါးကို ဖက်ထားခဲ့သည်။ "မစ္စစ် ကျိုး၊ ကိုယ့်ရဲ့ကျောင်းသားဘဝတုန်းက ဓာတ်ပုံဆုတွေ တော်တော်များများရခဲ့တာကို ကိုယ် မင်းပြောဖို့မေ့သွားတယ်။ ဒါကြောင့် ကိုယ်တို့တစ်ဘဝလုံး မင်းအတွက် ကိုယ် ဓာတ်ပုံတွေ အများကြီး ရိုက်ပေးမယ်။ ကိုယ်တို့မြေးတွေကို သူတို့အဖွားက ငယ်ငယ်ကတည်းက အရမ်းလှတယ်ဆိုတာကို သိအောင်ပြောပြမယ်"
ကျန်းရှောင် တခစ်ခစ်ရယ်လိုက်ပြီး ခြေဖျားထောက်ကာ မေးစေ့ကို နမ်းလိုက်သည်။ "ယောကျ်ား ဒါတွေအားလုံးက ရှင့်တာဝန်ပဲ"
အဲဒီနေ့မှာ ပန်းတွေ ပွင့်နေခဲ့ပေမယ့် ငါတို့ရဲ့ အပြုံးတွေက ပျော်ရွှင်မှုလောက် မတောက်ပသေးဘူး။