(မင်္ဂလာပါ ဆရာကျင်း extra 2)
Vol. 10 Ch. 123
ချင်ယီလုနှင့် ကျင်းကျုံးပိုင်တို့ အကင်စားသောက်ဆိုင်တွင် အတူတူ ပေါ်လာသောအခါ အားစူးနှင့် အခြားလူအချို့က မကူညီနိုင်ဘဲ စိုက်ကြည့်နေကြသည်။
"အစ်ကို ပိုင်၊ ယီလုကို ဘယ်လိုဖြစ်ပြီး ဒီကို ခေါ်လာတာလဲ။ အစ်ကို ယီလုကို ညစာကျွေးမယ်ဆိုတာ သိခဲ့ရင်၊ ကျွန်တော်တို့ ပိုပြေပြစ်တဲ့ နေရာတစ်ခု ရွေးမှာပေါ့ " အားစူးက ပြုံးပြီးစခဲ့သည်။
ချင်ယီလုက သဘာဝကျကျ ထိုင်ခုံကိုယူပြီး ပြန်ပြောလိုက်သည်။ "ကျွန်မက အကင်တွေ အမြဲ ကြိုက်ခဲ့တာပါနော်၊ အခုတော့ လွတ်လွတ်လပ်လပ်နဲ့ အလွန်အကျူးကြီးတော့ စားလို့မရတော့ဘူး"
"မင်းရဲ့ အေးဂျင့်က ဒီအတွက် မင်းကို ဆူတော့မှာလား" လို့ အားစူးက မေးလိုက်သည်။
"မဆူပါဘူး၊ သူမက ကျွန်မရဲ့ကိုယ်ရေးကိုယ်တာသင်တန်းဆရာကို ပို့ထားတယ် ပြီးတော့ ကျွန်မလက်ထောက်က ကျွန်မရဲ့အိမ်က မုန့်တွေအားလုံးကို သိမ်းခိုင်းလိုက်မှာ " ဟု ချင်ယီလုက ပြန်ဖြေလိုက်သည်။
အားစူး သက်ပြင်းချလိုက်သည်။ "ကျန်းရှောင်က တော်တော်ကို အထင်ကြီးစရာကောင်းလာတယ်။ ပြန်တွေးကြည့်လိုက်မယ်ဆိုရင် ... အင်း သူမရဲ့ရှက်စရာကောင်းတဲ့ အခိုက်အတန့်တွေကို မပြောတော့ပါဘူး။ ဒါမှမဟုတ် ငါတို့နောက်တစ်ကြိမ်တွေ့ရင် သူမ ငါ့အကြောင်း တစ်ခုခုပြောလို့ရတာပေါ့"
အကင်တွေရဲ့ စွဲမက်ဖွယ်ရနံ့က လူတိုင်းရဲ့ စားချင်စိတ်ကို တိုးစေသည်။ ချင်ယီလုက သူမကိုယ်တိုင် အများကြီးစားနေမိတာကို မသိစိတ်က သိလိုက်သည်။
စားသောက်ရင်း စကားစမြည်ပြောခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း လူတိုင်း တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးလာခဲ့ကြသည်။ ချင်ယီလုက အသက် ၂၃ နှစ်ပဲရှိသေးတယ် ပြီးတော့ သူတို့အားလုံးက သူမထက်အသက်ကြီးသည်။ ထို့အပြင် ချင်ယီလုမှာ စစ်မှန်တဲ့ သီချင်း သီဆိုနိုင်တဲ့ အရည်အချင်းအချို့ရှိသဖြင့် အဲ့တာက သူတို့ကို ပိုမိုစကားပြောဆိုနိုင်စေခဲ့သည်။
ကျင်းကျုံးပိုင်က စကားများများမပြောဘဲ ညာဘက်တွင်ထိုင်ကာ ဘီယာတစ်ဘူးကိုဖွင့်လိုက်သည်။ သူမအကြည့်ကို သတိထားမိတော့ ခေါင်းကို လှည့်ပြီးမေးလိုက်သည်။ "သောက်ချင်လား"
ချင်ယီလုက သူမရဲ့ခေါင်းကို အကြိမ်ကြိမ်ခါပြခဲ့သည်။
ကျင်းကျုံးပိုင် ပြုံးပြီးပြောလိုက်သည်။ "မင်းသောက်ချင်တယ်ဆိုရင်တောင် ငါ မင်းကိုပေးလို့မရဘူး"
“ဖူး” တခြားသူတွေက တခစ်ခစ်ရယ်ကုန်ကြသည်။
"အစ်ကိုပိုင်၊ အစ်ကို့မှာ ဒီလိုဟာသတွေ အမြဲရှိနေခဲ့တာလား"
ကျင်းကျုံးပိုင်ရဲ့ မျက်လုံးတွေရွှေ့သွားကာ ပိုင်ရှင်ကိုကြည့်ပြီးပြောလိုက်သည်။ "ကျွန်တော်တို့ကို Sprite နှစ်ပုလင်းယူလာပေးပါ"
ပိုင်ရှင်က ပြန်ဖြေခဲ့သည်။ "ရတာပေါ့"
ပိုင်ရှင်က Sprite နှစ်ပုလင်းကို အမြန်ယူလာပြီး စားပွဲပေါ်တင်ပေးခဲ့သည်။
ကျင်းကျုံးပိုင် ချင်ယီလုကို ပြောလိုက်သည်။ "ဒီမှာ မင်းအတွက် "
အားစူးက ကြားဖြတ်ဝင်ပြောခဲ့သည်။ "အစ်ကိုပိုင်၊ကျွန်တော်လည်း Sprite လိုချင်တယ်"
ချင်ယီလုက ချက်ချင်း သူ့ကို ပုလင်းတစ်လုံး ပေးပြီးပြောလိုက်သည်။ "ရော့ ယူလိုက်"
ဒီကလေးက သူ နောက်နေတာကို မသိတာလားဆိုတာကို တွေးပြီး အားစူး ပဟေဠိဖြစ်သွားသည်။
ချင်ယီလု အလေးအနက် ပြောလိုက်သည်။ "တစ်ခါတစ်လေ သောက်တာကရပါတယ်။ Sprite၊ Cola နဲ့ Draft Beer တွေလိုဟာတွေက အဆင်ပြေပါတယ်။ ဥပမာအနေနဲ့ ကျွန်မအဖေက အသက်သုံးဆယ်မှာ ဘီယာသောက်ရတာကို ကြိုက်သွားတယ်၊ အသက်လေးဆယ်ရောက်တော့ ဘီယာဗိုက်ရှိလာတယ်"
ယောက်ျားတွေအားလုံး သူမကို ကြည့်နေကြသည်။
ချင်ယီလု သူတို့ကိုပညာပေးပြီးပြောလိုက်သည်။ "ကျွန်မအဖေက အားကစားလုပ်ရတာ မကြိုက်ဘူး သူ အသက်လေးဆယ်ကျော်မှာ မြေထဲပင်လယ်ကြီးဖြစ်လာတယ်။ သူ့ ခေါင်းကိုတောင် ရိတ်ပစ်လိုက်ရတယ်။ မေမေက သူမငယ်ငယ်တုန်းက မျက်စိကန်းသွားခဲ့တာလို့ အမြဲပြောတယ်။ ဒါကြောင့်မို့ ကျွန်မကို ရည်းစားရှာတဲ့အခါကျရင် မျက်လုံးကျယ်ကျယ်ဖွင့်ထားဖို့ အမြဲတမ်းတတွတ်တွတ် ပြောတတ်တယ်။ သူမက နောက်ထပ် မြေထဲပင်လယ် (ထိပ်ပြောင်) သားမက် မလိုချင်တော့ဘူးတဲ့"
အမျိုးသားတွေအားလုံး ဝါးလုံးကွဲ ရယ်မောသွားကြပြီး လူတိုင်းက ဟက်ဟက်ပက်ပက် ရယ်မောခဲ့ကြသည်။
ကျင်းကျုံးပိုင်က လက်ထဲမှာ ဘီယာကို ကိုင်ထားပြီး ပြောလိုက်သည်။ "ဒီဘီယာနဲ့ ဘာမှမဆိုင်ဘူးလို့ မင်း အမေက ပြောသင့်တယ်"
ချင်ယီလုက သူ့ကို စုန်ချည်ဆန်ချည် ကြည့်ပြီးပြောလိုက်သည်။ "ဘီယာဗိုက်က ဘီယာနဲ့ သေချာပေါက် ဆက်စပ်တယ်" သူမသည် အထူးလေးနက်သောအမူအရာနှင့် ဆွဲငင်အား၏ အရိပ်အမြွက်ဖြင့် ပြောခဲ့ပြီး ကျင်းကျုံးပိုင်တောင်မှ သူမက မှန်ကန်တဲ့အချက်ကို ပြုလုပ်နေသည်ဟုတောင် ထင်သွားပုံရသည်။
အားစူးလည်း မျက်ရည်ကျလောက်အောင် ရယ်ရင်း ပြောလိုက်သည်။ "အစ်ကို ပိုင်၊ ကျွန်တော်
မမှားဘူးဆိုရင် အစ်ကိုက ဒီနှစ် ၃၂ ပြည့်ပြီ မဟုတ်လား။ အဲ့ခါကျတော့ အစ်ကို ယီလု ရဲ့ အကြံပေးချက်ကို လိုက်နာပြီး လျှော့သောက်သင့်တယ်" လို့ပြောလိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါပေမယ့် အစ်ကိုပိုင်မှာတော့ တကယ်ကို ထူထဲတဲ့ဆံပင်ရှိတယ်"
"ရပါတယ်၊ 'Bawang' Duang-Duang- ဘရန်းတံဆိပ်နဲ့ ဆံပင်ပြဿနာတွေကို ဖြေရှင်းလို့ရပါတယ်"
ချင်ယီလုက သူမ စကားမှားသွားကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ပိုင်ရှန်း ရှေ့မှာ သူမ ဘယ်လိုလုပ် ရဲရင့်နိုင်မှာလဲ။ "ဆရာ ကျင်း၊ ကျွန်မ ဆရာ့အကြောင်း ပြောခဲ့တာမဟုတ်ပါဘူး "
ကျင်းကျုံးပိုင် ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။
ထို့နောက်တွင် ကျင်းကျုံးပိုင်က ထိုဘီယာကို နောက်တစ်ကြိမ် မကိုင်တော့သည်ကို ချင်ယီလု သတိပြုမိခဲ့သည်။
.......
အချိန်တွေကြာလာတာနဲ့အမျှ သူတို့နှစ်ယောက် ပိုရင်းနှီးလာပြီး သူတို့ရဲ့ဆက်ဆံရေးက ပိုရင်းနှီးလာခဲ့ကြသည်။
ကျင်းကျုံးပိုင် ပြောလိုက်သည်။ "ငါ ဘီယာသောက်တာ ရပ်လိုက်ပြီ"
ချင်ယီလုသည် သူမစကားတွေက ကျင်းကျုံးပိုင် အပေါ် သက်ရောက်မှုရှိမှန်း သိလိုက်သည်။
တီဗီဒရာမာတွင် "Between you and me " ၏ ဇာတ်ဝင်သီချင်းက တီဗီဒရာမာတွင် ရေပန်းစားလာသည်နှင့်အမျှ သီချင်းက ချက်ချင်းပင် မီးထတောက်သွားခဲ့သည်။
ချင်ယီလုသည် မှတ်ချက်တွေကြား လှန်လှောကြည့်နေပြီး အားလုံးက သူမကို သီချင်းကောင်းကောင်းဆိုနိုင်သည်ဟု ပြောထားကာ သူမအသံကို ချီးမွမ်းခဲ့ကြသည်။ သူမ စိတ်လှုပ်ရှားနေပြီး ပန်းသီးတစ်လုံးကို ကိုက်လိုက်ကာ သရက်သီးကို ယူလိုက်သည်။ အနီးနားမှာ သခွားသီးအရသာ အာလူးကြော်တစ်ထုပ်လည်း ရှိသေးသည်။
သူမရဲ့ဖုန်းက "Between you and me" သီချင်းကို ဖွင့်ထားဆဲပင်။
တခြား အနုပညာရှင်တွေကတော့ နုပျို နုနယ်တဲ့ အမျိုးသမီးတွေ၊ သူမကျတော့ ကြမ်းတမ်းတဲ့ ယောကျာ်းတစ်ယောက်လို သရုပ်ဆောင်နေတာလား။
သူမ၏ လက်ထောက် လီလီက ဒါကို သည်းမခံနိုင်တော့ပေ။ "ကျန်းရှောင် ဒီလွန်ခဲ့တဲ့ နှစ်ရက်က အလုပ်ကိစ္စနဲ့ ခရီးထွက်နေတယ်။ သူမ ပြန်လာရင်တော့ နင့်ရဲ့ ကိုယ်အလေးချိန်ကို စစ်ဆေးလိမ့်မယ်"
ချင်ယီလု တခစ်ခစ်ရယ်လိုက်သည်။ "နင့်မှာ နင် မလိုအပ်တဲ့ ခရာအပို မရှိဘူးလား"
လီလီက တုန်လှုပ်သွားဟန်ဖြင့် "နင် ဘယ်သူ့ကို စနောက်ဖို့ကြိုးစားနေတာလဲ"
ချင်ယီလု ချိုသာစွာ ပြန်ဖြေလိုက်သည်။ "ငါက ငါ့ကိုယ်ငါနဲ့ အစ်ကိုပိုင်ကို စနေတာ"
လီလီက သက်ပြင်းတစ်ချက်ချကာ အကောင့်တစ်ခုကို လှူဒါန်းခဲ့သည်။
ချင်ယီလုက သူမအမည်ကို ပိုင်ပိုင်ရဲ့ ချစ်စရာကောင်းတဲ့ဖန် အဖြစ် ရွှတ်နောက်နောက်ဖြင့် ပြောင်းခဲ့သည်။
လီလီက ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး မလိုက်ဖက်သည်ကို တွေ့လိုက်ရသည်။ "စကားမစပ် အစ်မကျန်းက "အဆုံးအဆမဲ့တဲ့ဓားနဲ့ နဂါး သတ်ဖြတ်သူ" မှာ ခေါင်းဆောင်မင်းသမီးနေရာရဖို့ ပြင်ဆင်နေတာမဟုတ်လား။ ပြီးခဲ့တဲ့ နှစ်ရက်က မူရင်းဝတ္ထုကို ကြည့်ပြီး တီဗီစီးရီးရဲ့ အစောပိုင်းဗားရှင်းတွေကို ကြည့်လိုက်"
ချင်ယီလု မေးလိုက်သည်။ "ငါက ကျောက်မင် နေရာလား" သူမလို ဖြူစင်တဲ့ အသစ်စက်စက် အမျိုးသမီး ဇာတ်ဆောင် နေရာကို တကယ် အာမခံနိုင်မလား ဆိုတာ သူမ သံသယ ရှိခဲ့သည်။
လီလီလည်း အနည်းငယ်စိုးရိမ်မိသည်။ " အစ်မကျန်းက နင့်ကို အဲ့တာဖတ်ခိုင်းတယ်ဆိုရင် နင်ဖတ်သင့်တယ်။ နင့်ရဲ့ကာရိုက်တာကို ပြုစုပျိုးထောင်ဖို့ အဲ့တာက ကူညီပေးလိမ့်မယ်"
ချင်ယီလု ခေါင်းညိတ်လိုက်သည် "နင်မှန်တယ်။ လီလီ၊ ဒီကုမ္ပဏီက ငါ့အတွက် followerတွေကို ဒီပြီးခဲ့တဲ့နှစ်ရက်လောက်က ဝယ်ခဲ့တာလား"
သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး အဲ့တာက ပြောဖို့ခက်ခဲနေတာကိုရှာတွေ့ခဲ့သည်။ “ငါ့ရဲ့ followerက ၈,၀၀၀ ကနေ ၃၀၀,၀၀၀ကျော်ထိ ခုန်တက်သွားတယ်။ ဒီထဲမှာ follower အတုတွေ ဘယ်လောက်များနေလိုက်မလဲ"
လီလီက သူမကို ထိတ်လန့်စွာကြည့်ကာ ပြောလိုက်သည်။ "နင်ကိုယ်တိုင် ဝယ်ထားတာလို့ ငါထင်တာ"
ချင်ယီလုရဲ့ ပါးစပ် လှုပ်ယမ်းသွားသည်။ “ဒါတွေအားလုံးက တကယ့် follower အစစ်တွေလို့ ပြောနေတာလား။ အစ်ကိုပိုင်ရဲ့ ကျော်ကြားမှုကနေ ငါ အကျိုးအမြတ်တွေ ရလာတာလား"
လီလီ ခေါင်းညိတ်လိုက်သည်။ "မဟာနတ်ဘုရားရဲ့ ရောင်ဝါက နင့်အပေါ်ကို တောက်ပနေတယ်"
ချင်ယီလု ပြောလိုက်သည်။ "ငါ သူ့ဆီ နောက်ဆုံးအကြိမ် အလည်သွားတုန်းက အသီးအနှံတချို့ ယူသွားခဲ့တယ်။ ကျေးဇူးတင်စရာကောင်းတာက အဲ့တာတွေက ဖြုန်းတီးလိုက်တာ မဟုတ်ဘူးပဲ "
သူမက ခဏရပ်တန့်ပြီး ပြောလိုက်သည်။ "လီလီ၊ ဖန်တွေက အစ်ကိုပိုင်နဲ့ ငါ့ကို ပြီးပြည့်စုံတဲ့အတွဲလို့ ပြောနေကြတယ်။ သူတို့က ငါတို့ကို #ယီလုကျုံးပိုင်#" လို့ ခေါ်နေကြပြီ"
လီလီသည် လွန်ခဲ့တဲ့ နှစ်ရက်လောက်က Weibo ကို ရှာဖွေနေခဲ့သည်။ "Between You and Me" သီချင်းက ချင်ယီလု ၏ကျော်ကြားမှုကို မြှင့်တင်ပေးခဲ့သည်။ သူမဘဝတွင် ကံကောင်းခြင်းတစ်ခု ရခဲ့ပုံရသည်။
"အဲ့တော့ နင် နည်းနည်းလျှော့စားသင့်တယ်။ "အဆုံးအစမဲ့တဲ့ဓားနဲ့ နဂါး သတ်ဖြတ်သူ " မှာ ခေါင်းဆောင်မင်းသမီးနေရာကိုရခဲ့ရင် နင်က နောက်ထပ် Gigi Lai ဒါမှမဟုတ် Jessica Hsuan ဖြစ်နိုင်တယ်" သူမ စကားပြောရင်းနဲ့ မုန့်တွေအားလုံးကို အိတ်အကြီးကြီးထဲ ထည့်လိုက်သည်။
ကျင်းကျုံးပိုင်လည်း အွန်လိုင်းမှ #ယီလုကျုံးပိုင်# CP ကို ကြားခဲ့သည်။ သူသည် ထိုကဲ့သို့သော သတင်းများကို မကြာခဏ မကြည့်တတ်သော်လည်း အားစူးက ၎င်းကို သူ့နားထဲ မကြာခဏ ပြောလေ့ရှိသည်။
အားစူးက အထဲမှာ သစ်သီးအနည်းငယ်ပါတဲ့ အိုးတစ်အိုးကို ပြုလုပ်ထားပြီး ကျင်းကျူံးပိုင်ဆီ ခွက်တစ်ခွက် ယူလာခဲ့သည်။ "စမ်းသောက်ကြည့်။ ဒီကောင်မလေး ယီလုက deliveryနဲ့ ပို့ထားတာ"
ကျင်းကျုံးပိုင် သောက်စရာကို အနီးကပ်စစ်ဆေးပြီး တစ်ငုံသောက်လိုက်သည်။ အရသာက တော်တော်ကောင်းသည်။
"အဲဒါကိုကြားရတာ ကျွန်တော့်အတွက်လည်း ပထမဆုံး အကြိမ်ပဲ။ အဲဒါကို passion fruit လို့ခေါ်တယ်" ဟု အားစူးက ရှင်းပြခဲ့သည်။
"ဒီသစ်သီးကို ရေထဲမှာစိမ်တာက အပူကင်းစင်အောင်လို့၊ အဆုတ်ကို စိုစွတ်စေတယ်၊ ယားယံတာကို သက်သာစေတယ်၊ ချောင်းဆိုးတာကို ကုသဖို့အတွက် ကောင်းတယ်။ လွန်ခဲ့တဲ့ နှစ်ရက်က မင်း ချောင်းဆိုးနေတာ မဟုတ်လား။ များများသောက်သင့်တယ်"
ကျင်းကျုံးပိုင်က သူ့နှုတ်ခမ်းတွေကို ဖိပြီးပြောလိုက်သည်။ "မဆိုးပါဘူး"
"သူမက ပြောတယ် မင်းအဲ့တာကို ကြိုက်တယ်ဆိုရင် မင်းအတွက် ထပ်ဝယ်ပေးမယ်တဲ့"
ကျင်းကျုံးပိုင်က ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြန်ပြောခဲ့သည်။ "ငါ့ကိုယ့်စား သူမကို ကျေးဇူးတင်စကားပြောပေးလိုက်"
"သူမကို နောက်ထပ် Follower ၃၀၀,၀၀၀ ရလာအောင် ကူညီပေးခဲ့တဲ့အတွက် သူမကလည်း မင်းကိုကျေးဇူးတင်ချင်ပါတယ်တဲ့"
ကျင်းကျုံးပိုင် မကူညီနိုင်ဘဲ ပြုံးလိုက်ပြီး ချင်ယီလု၏ပရိုဖိုင်ကိုရှာဖွေရန် Weibo ကိုဖွင့်ဖို့ သူ့ဖုန်းကိုလှမ်းယူလိုက်သည်။
Followers - ၂၆၆
ပရိသတ် - ၃၀၀,၅၂၄
Weibo ပို့စ် - ၉၉
သူမရဲ့ ပရိုဖိုင်ကို ဝင်ကြည့်တဲ့အခါမှာတော့ အချိုပွဲနဲ့ bubble tea အကြံပြုချက်တွေနဲ့ ပြည့်နှက်နေပြီး အစားအသောက် ဝါသနာရှင်တစ်ယောက်ရဲ့ Weibo ရဲ့ ခံစားချက်ကို ပေးစွမ်းနေတာကို သူ တွေ့ရှိခဲ့ရသည်။
ကျင်းကျုံးပိုင်က သူမကို follow လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အခုချိန်မှာတော့ သူတို့က mutual follower တွေ ဖြစ်နေကြောင်း ပြသနေသည်။
အားစူးက အာမေဋိတ်သံပြုလိုက်သည်။ "ဒီpassion fruitက အဖိုးမဖြတ်နိုင်တဲ့ဟာလား"
တစ်ချိန်တည်းမှာပဲ ဒရာမာဇာတ်လမ်းတွဲအတွက် လိုက်ဖက်တဲ့ ၀တ်စုံတစ်စုံအတွက် ပြင်ဆင်နေတဲ့ ချင်ယီလုက သူမမှာ Follower အသစ်တစ်ယောက်ရရှိထားကြောင်း ရုတ်တရက် တွေ့ရှိခဲ့ရသည်။ သူမမှာ Follower ၃၀၀,၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး သူမဟာ သူမရဲ့ပရိသတ်တွေရဲ့စာရင်းကို မကြာခဏစစ်ဆေးလေ့ရှိသည်။
သူမရဲ့ ၃၀,၅၂၀ follower က ယွမ် ၅၂၀ အနီရောင်စာအိတ်လက်ဆောင်ဖြင့် Weibo ကို screenshot ရိုက်ကာ ပို့စ်တင်ရန် အစီအစဉ်ကို ပြုလုပ်ခဲ့သည်။ "အိုးမိုင်ဂေါ့၊ ကျင်းကျုံးပိုင်က ငါ့ကိုfollowထားတယ် "
ပရိသတ်တွေ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြသည်။
ပိုင်ရှန်းက ချင်ယီလုကို follow လုပ်ထားသည်။
ကျင်းကျုံးပိုင် အတွက် ရည်ရွယ်ထားသော fan group chat အမျိုးမျိုးတွင် ပရိသတ်တွေက သတင်းကို အချင်းချင်း အားတက်သရော မျှဝေခဲ့ကြသည်။
ချင်ယီလု၏ နောက်လိုက် အရေအတွက်က လျင်မြန်စွာ တိုးလာခဲ့သည်။
ထူးဆန်းသည်မှာ ပိုင်ရှန်း၏ ပရိသတ်တွေက ကျင်းကျုံးပိုင်နှင့် ချင်ယီလုတို့၏ CP ကို ဆန့်ကျင်ပုံမပေါ်ပေ။ ဒါက ချင်ယီလုရဲ့ အမြင်မှာသာမက ကျင်းကျုံးပိုင်ရဲ့ စတူဒီယိုကလည်း ထူးဆန်းနေသည်။
ချင်ယီလုသည် ယောက်ျားဆန်သောအဝတ်အစားကို ၀တ်ဆင်ထားပြီး ကျောက်မင် ၏ အမျိုးသားပုံစံကို ပုံဖော်ထားကာ သူရဲကောင်းဆန်သော ရောင်ဝါကို လွှမ်းခြုံထားသည်။ သူမ ဖုန်းကိုကိုင်လိုက်ပြီး လီလီကို ခေါ်လိုက်သည်။
လီလီ - "ဘာဖြစ်လို့လဲ၊ သန့်စင်ခန်း သုံးချင်လို့လား"
ချင်ယီလုက ငိုတော့မည့် အမူအရာဖြင့် ကြည့်လိုက်သည်။
လီလီ - "မထိန်းထားနိုင်တော့ဘူးလား"
ချင်ယီလု လည်ချောင်း ရှင်းလိုက်သည်။ "ဘုရားရေ။ ငါ့ရဲ့ passion fruitက တကယ့်ကို အံ့ဖွယ် အသီးပဲ။ ပိုင်ရှန်းက အဲ့တာကိုသောက်ပြီးတာနဲ့ ငါ့ကို follow လုပ်သွားတယ်"
လီလီက အံ့အားသင့်သွားသည်။ "ဘုရားရေ သူက နင့်ကို တကယ် follow ထားတာပဲ၊ ပိုင်ရှန်းက အစစ်အမှန်ဖြစ်ဖို့ ကြိုးစားနေတာပဲ"
ချင်ယီလု အနည်းငယ် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ "မြန်မြန်လေး အစ်ကျန်းဆီ သတင်းပို့။ ငါဘာဆက်လုပ်ရမလဲ"
လီလီ - "ရပြီ၊ ငါ အခု သူမကို ခေါ်နေတယ်"
သူ့ကိုယ်သူ တည်ငြိမ်အောင် အသက်ပြင်းပြင်းရှူပြီးနောက် ချင်ယီလုသည် ကျင်းကျုံးပိုင်ဆီသို့ စိတ်ရင်းမှန်ဖြင့် private မက်ဆေ့ချ်တစ်စောင် ပေးပို့ခဲ့သည်။
"ဆရာ ကျင်း၊ ကျွန်မ တကယ် စိတ်လှုပ်ရှားမိတယ်။ ဆရာ တကယ် follow လုပ်ထားတာပဲ[Excited]ဆရာ့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို စောင့်ရှောက်ပေးပါဦး[Bow]"
Follower သန်း ၇၀ ရှိတဲ့ Weibo influencer နဲ့ follower ၃၀၀,၀၀၀ ကျော်ရှိတဲ့ လူသစ်တစ်ယောက်ကြားက ကွာဟချက်က ကြီးမားသည်။
ဒါပေမယ့် ဤကဲ့သို့ ဖြစ်ပေါ်လာသော စကားတစ်ခုရှိသည်။ "အင်တာနက်သည် လူများကို ကြိုးတစ်ခုတည်းဖြင့် ချည်နှောင်ထားသည်။ ဤချိတ်ဆက်မှုကို မြတ်နိုးပါ " တဲ့။ သူမ အဲ့တာကိုမြတ်နိုးမှာ သေချာသည်။