← Chapters

(မင်္ဂလာပါ ဆရာကျင်း extra 4.1)

Vol. 10 Ch. 126

(မင်္ဂလာပါ ဆရာကျင်း extra 4.1)

Vol. 10 Ch. 126

"The Tale of XX" ဇာတ်ကားရိုက်ကူးရန် နှစ်လအလိုမှာ နွေဦးအစောပိုင်းကာလ ရောက်ရှိလာခဲ့သည်။ ဒီနှစ်မှာ ချင်ယီလု အသက် ၂၄ နှစ်ဖြစ်သွားပြီ။ သူမ မိခင်က ဘုရားကျောင်းတစ်ခုမှ ဘေးကင်းစေတဲ့ ကျောက်စိမ်းတုံးတစ်ခုကို ရယူခဲ့ပြီး ဆရာတစ်ဦးဆီမှ ကောင်းချီးပေးတာခံယူကာ သူမကို အမြဲဆောင်ထားရန် တိုက်တွန်းခဲ့သည်။

နှစ်လကျော်ကြာ လက်တွဲပြီးနောက်ပိုင်း သရုပ်ဆောင်အချင်းချင်း ဆက်ဆံရေးက သိသိသာသာ တိုးတက်လာပုံပေါ်သည်။

The Tale of XX' သည် Weibo တွင်တရားဝင်ရုပ်ပုံများထုတ်ပြန်ပြီးကတည်းက "All the Way North!" CP က စိတ်လှုပ်ရှားစွာဖြင့် ပေါက်ကွဲသွားသည်။

ချင်ယီလုသည် ၎င်းတို့၏ fan base လှိုင်းကို တွန်းလှန်ပြီး follower 800,000 ရရှိသောကြောင့် အမှန်တကယ်ရှက်ရွံ့မိသည်။ ထို့ကြောင့် သရုပ်ဖော်မှုအတွင်း သူမသည် ကျင်းကျုံးပိုင်၏ "ကပ်ဖား" အဖြစ်ပင် ဖြစ်လာခဲ့သည်။

The Tale of XX ဇာတ်ကား ရိုက်ကူးမှုတွင် သုံးပုံတစ်ပုံလောက်မှာ ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့၏ ခမ်းနားသော မင်္ဂလာပွဲတစ်ခု ရှိခဲ့သည်။ ထိုအချိန်မှစ၍ ကျင်းကျုံးပိုင်နှင့် ချင်ယီလုတို့သည် ဖန်သားပြင်ပေါ်တွင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ပိုမိုရှိလာခဲ့သည်။

ဥပမာအားဖြင့် လက်တွေကိုင်ကြတာ

ဥပမာအားဖြင့် ပါးပြင်ကို နမ်းကြတာမျိုး။

ဥပမာအားဖြင့်၊ ရံဖန်ရံခါ ခေါင်းဆောင်မင်းသားက ခေါင်းဆောင်မင်းသမီးကို ချီခေါ်သွားတာမျိုး။

...

ဤဇာတ်ဝင်ခန်းများကို ရိုက်ကူးသည့်အခါတိုင်း၊ ချင်ယီလု ရှက်သွေးတွေဖြာကာ သူမ၏ နှလုံးသားက ခုန်ပေါက်နေပြီး ကျင်းကျုံးပိုင်ကို ကြည့်ရန်ပင် အလွန်ရှက်နေခဲ့သည်။ သူတို့ အတူတူစားသောက်ကြတဲ့ နေ့ရက်တွေမှာ သူမက သူ့ဆီကနေ တိတ်တဆိတ် ပုန်းနေတတ်သည်။

ဒါပေမယ့် အရေးကြီးတဲ့ ဇာတ်ဝင်ခန်းများ မရောက်သေးကြောင်း ချင်ယီလု သိသည်။

စီးရီးတွင် မင်းသားနဲ့မင်းသမီးတို့ အတူတူ အချိန်ဖြုန်းရင်း စနောက်ကျီစယ်ကြရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ခံစားချက်များ တဖြည်းဖြည်း ပေါက်ဖွားလာကြသည်။ ခေါင်းဆောင်မင်းသားက ခေါင်းဆောင်မင်းသမီးကို မစရရင်မနေနိုင်ပေ။

ကျင်းကျုံးပိုင်က ခေါင်းဆောင်မင်းသားရဲ့ "လူဆိုး" ဇာတ်ရုပ်ကို ကောင်းစွာပုံဖော်ခဲ့သည်။

အထူးသဖြင့် ကျင်းကျုံးပိုင်ကဲ့သို့သော လုပ်ဖော်ကိုင်ဖက် တစ်ဦးနှင့် အလုပ်လုပ်သောအခါတွင် သရုပ်ဆောင်တစ်ဦးဖြစ်ရခြင်းမှာ အမှန်တကယ်ပင် စိန်ခေါ်မှုဖြစ်ကြောင်း ချင်ယီလုမှ လေးနက်စွာ ခံစားခဲ့ရသည်။ မည်သည့်အချိန်၌မဆို သူမရဲ့ သရုပ်ဆောင်ရတဲ့အခန်းမှာ သူမကိုယ်တိုင် စိတ်မထိန်းနိုင်ခဲ့ပေ။

တစ်ညနေခင်းတွင် မက်မွန်ပွင့်သစ်တောတွင် အေးအေးလူလူ လမ်းလျှောက်ထွက်သည့် ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ကူးရေးလုပ်လို့ ပြီးသွားခဲ့ကြပြီး ရိုက်ကူးရေး အဖွဲ့ဝင်တွေအတွက် ဒါကို တစ်နေ့တာဟု ခေါ်သည်။

ချင်ယီလုရဲ့ ဗိုက်က ဆာလောင်မှုကြောင့် ကျယ်လောင်စွာ မြည်လာပြီး ရုပ်ရှင်ရိုက်ပြီးသည်နှင့် စားစရာတစ်ခုခုကို ယူလာပေးရန် လီလီကို တောင်းဆိုခဲ့သည်။

လီလီက ဘီစကစ်တစ်ဝက်ကို ကမ်းပေးကာ ပြောခဲ့သည်။ "ခြောက်ကျော်နေပြီ၊ ပိုစားရင် ကိုယ်အလေးချိန် ထိန်းထားနိုင်မှာ မဟုတ်ဘူး"

ချင်ယီလုက လီလီကို သနားစရာကောင်းစွာ ကြည့်ပြီးပြောလိုက်သည်။ "နောက်တစ်ခါ တစ်ဝက်လောက် မပေးနဲ့၊ ကျန်တစ်ဝက်ကို ပစ်တာက ဖြုန်းတီးတာပဲ"

"XX Chronicles" ၏ ရိုက်ကူးရေး အဖွဲ့သားများကို ကူညီဆောင်ရွက်ပေးခြင်းက တကယ်ကောင်းသည်။ ဒုတိယမင်းသားဆိုရင် သူ ပထမဆုံး ရောက်တုန်းက လေးပေါင်တက်သွားသည်။ ချင်ယီလုလည်း သူမ၏ မန်နေဂျာနှင့် လက်ထောက်က သူမကို အနီးကပ် စောင့်ကြည့်မနေပါက ကိုယ်အလေးချိန် သူမလည်း ကိုယ်အလေးချိန် အနည်းငယ် တက်သွားနိုင်သည်။

အနီးနားရှိ ကျင်းကျုံးပိုင်က ဒါကိုကြားတော့ ပြုံးသွားခဲ့သည်။ အမျိုးသမီး ကြယ်ပွင့်တွေက ကင်မရာထဲမှာ သူတို့ကိုယ်သူတို့ ကြည့်ကောင်းနေစေဖို့အတွက် မကြာခဏ သူတို့ကိုယ်သူတို့ တင်းကြပ်ရသည်။

"အစ်ကို ပိုင်၊ အားစူး အစ်ကို့အတွက် ညစာ လာပို့ထားတယ်"

ကျင်းကျုံးပိုင်က သူ့နောက်က အလင်းတန်းတစ်ခုကို ခံစားလိုက်ရပြီး မေးခဲ့သည်။ "ဘာတွေလဲ"

"ဘဲကင်၊အင်း ကကတစ် ပင်လယ်ငါးကြော်နဲ့၊ စကားမစပ် ဇီးသီးဝိုင်လည်းပါတယ်။ မကြာသေးခင်က အစ်ကို ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတယ် တခြားလူတွေ ကိုယ်အလေးချိန် တက်လာပေမယ့် အစ်ကိုကတော့ ကိုယ့်လေးချိန် ကျသွားတယ်လို့ အားစူးကပြောတယ်။အစ်ကို ကိုယ်ကိုယ့်ကို ကောင်းကောင်းဂရုစိုက်သင့်တယ်လို့ ထင်တယ်"

ချင်ယီလုက အစားအသောက်ဘူးများကို ချောင်းကြည့်ကာ လီလီက သူမကို ဆွဲထုတ်ပြီးပြောလိုက်သည်။ "ကြည့်နေတာကိုရပ်လိုက်တော့ ပိုကြည့်လေလေ ဗိုက်ပိုဆာလာလိမ့်မယ်"

ချင်ယီလု မျက်လုံးတွေကိုမှိတ်ထားပြီး အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။ "ငါ အနံ့ခံမိတယ်။ ဘဲကင်၊ ကြွပ်ကြွပ်ရွရွအရေခွံလေး၊ အသားတွေရဲ့ အနံ့သင်းသင်းလေး အရသာရှိတယ် တကယ်ကို အရသာရှိတယ်"

လီလီ - "........"

ကျင်းကျုံးပိုင် လှည့်ကြည့်လိုက်တော့ သူမ ဘဝင့ကျနေတာကို တွေ့လိုက်ရသည်။ "ယီလု-"

ချင်ယီလု ရုတ်​တရက်​ မျက်​လုံးဖွင့်​လိုက်​သည်​။

"စားစရာတွေက အများကြီးပဲ၊ အတူတူစားရအောင်"

"ကောင်းပါပြီ"

လီလီက သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ခေါင်းကို ယမ်းပြခဲ့သည်။

ချင်ယီလုက သူမအနားကို ချဉ်းကပ်ပြီးပြောလိုက်သည်။ "လုပ်ပါ ငါ အနံ့ အရသာခံ ကြည့်ချင်လို့ပါနော်။ ငါ လောဘမကြီးဘူး။ အစ်ကို ချန်ကို မပြောနဲ့နော် "

ကျင်းကျုံးပိုင်၏ လက်ထောက်က အသုံးအဆောင်ပစ္စည်းနှစ်စုံ ယူဆောင်လာခဲ့ပြီး ချင်ယီလုက ရွှင်မြူးစွာ ကူညီခဲ့သည်။ "ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မဘာသာ လုပ်နိုင်ပါတယ်"

ကျင်းကျုံးပိုင်က သူမ ပြန်လည်ရွှင်ပျလာတာကို ကြည့်ရင်း မေးလိုက်သည်။ " ရှန်းချန်က ဒီလောက်နောက်ကျနေခါမှ လာမှာတော့ မဟုတ်ဘူးမလား?"

"သူ ကျွန်မကို ထောက်ခံတဲ့ သဘောတူညီချက်တစ်ခု ညှိနှိုင်းဖို့ ကူညီပေးနေသလိုပဲ" ချင်ယီလု တိုးတိုးလေးပြောလိုက်သည်။ "သူဒီမှာရှိနေရင် ကျွန်မ ဒီလိုမစားရဲဘူး"

"မင်းက လုံးဝ မဝပါဘူး" ကျင်းကျုံးပိုင်က သူမကို ကိုင်ကာ ပြောလိုက်သည်။ သူမက ကိုယ်အလေးချိန် ပေါင် ၉၀ ကျော်သာရှိ၍ အဝလွန်နေတာမျိုးမရှိပေ။

ဒါက ချင်ယီလုကို စိတ်အနှောင့်အယှက်အဖြစ်စေဆုံးပဲ။ "ကျွန်မ ကင်မရာထဲမှာ ကြည့်ရင် ဝနေမှာ စိတ်ပူတယ်။ အဖေရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို အမွေဆက်ခံဖို့ စိတ်ပူတယ်"

"မင်းအဖေက ဘယ်လောက်တောင် ဝလို့လဲ"

ချင်ယီလုက သူမရဲ့ဖုန်းကိုဖွင့်လိုက်ပြီး သူ့အဖေနဲ့ ဓါတ်ပုံတစ်ပုံကို ရှာလိုက်သည်။ "ဒီမှာ ဖေဖေက အခုဒီပုံစံအတိုင်းပဲ"

ကျင်းကျုံးပိုင်က ဖေဖေချင် ရဲ့ ဓာတ်ပုံကိုကြည့်ရန် ခေါင်းငုံ့လိုက်သည်။သူ့ အရပ်က 6'3" (1.9 မီတာ) လောက်ရှိပေမယ့် သူ့ ဘီယာဗိုက်က ပိုသိသာနေသည်။

ချင်ယီလုက ဘီယာဗိုက်နဲ့ မုတ်ဆိတ်မွေးနဲ့ ခေါင်းတုံးထားတဲ့သူကို ဖော်ပြခဲ့ဖူးသည် သူ့မှာ ခံ့ညားပြီး လေးနက်တဲ့ အကြည့်မျိုး ရှိသည်။ လူဆိုးဂိုဏ်းက သူဌေးတစ်ဦးကို သတိရမိသွားသည်။

"ဒါမျိုးဗီဇကြောင့်ဖြစ်မှာ မဟုတ်ဘူး"

ချင်ယီလုသည် သူမ၏ တူတွေကို ကိုက်ကာ အံသြစွာ ကြည့်နေသည်။

"မင်းအဖေရဲ့ အရပ်အမောင်းကို မင်းအမွေမဆက်ခံထားဘူး"

ချင်ယီလု ပေါက်ကွဲတော့မည်။ သူမရဲ့အရပ်က 5'3" (161 cm)။ ဒရမ်မာဇာတ်ကားတွေ ရိုက်ကူးရတဲ့အခါမှာတော့ ဖိနပ်အပြားကို ဝတ်ဆင်ထားရသောကြောင့် သူ့ဘေးမှာရပ်တဲ့အခါ သူမ အနည်းငယ်ပိုပုသွားသည်။ ဒါပေမယ့် သူမ ခေတ်ပြိုင်ဇာတ်လမ်းတွေ ရိုက်ကူးရတဲ့အခါမှာတော့ ဒေါက်မြင့်ဖိနပ်စီးတာက

လုံးဝပြဿနာမရှိဘူး။

“အဲဒါကဘာလို့လဲဆိုတော့ ကျွန်မက လမစေ့ဘဲမွေးလာတဲ့ကလေးဆိုတော့ သန္ဓေတည်ချိန်အတွင်း အာဟာရကို အပြည့်အဝ မစုပ်ယူနိုင်ခဲ့ဘဲ စောမွေးလာလို့ပါ။ ဒါပေမယ့် ကျွန်မမှာ အရပ်မြင့်တဲ့ မျိုးရိုးဗီဇတော့ ရှိပါတယ်၊ အဲဒါက ကျွန်မရဲ့ နောက်မျိုးဆက်ကို မထိခိုက်စေဘူး"

ကျင်းကျုံးပိုင် - ".........."

သူတို့ သတိမထားမိလိုက်ခင် ချင်ယီလုက ဘဲခြေထောက်နှင့် တစ်ဒါဇင်ခန့် ကြီးမားသော ပုဇွန်ကို ကိုက်စားခဲ့သည်။ " ဆရာ ကျင်း-"

"ဟွန်" ကျင်းကျုံးပိုင်က တည်ငြိမ်စွာ တုံ့ပြန်ခဲ့သည်။

" မနက်ဖြန်ရဲ့ scene က......"

ကျင်းကျုံးပိုင် ဘဲသားတစ်တုံးကို ဖြည်းညှင်းစွာဝါးလိုက်သည်။ အံ့သြစရာကောင်းတာက၊ အရသာက အရမ်းကောင်းတယ် သူ အားစူးကို ဒီဟာ ထပ်ဝယ်ခိုင်းရမယ်။

"ဇာတ်ညွှန်းထဲက အိပ်ခန်းဇာတ်ကွက်ကို ဆိုလိုတာ၊ အဲ့မှာနမ်းတဲ့ ဇာတ်ဝင်ခန်းရယ်၊ ပြီးတော့ ကျွန်မကို ချီသယ်ပြီးချပေးရမှာ......"ချင်ယီလုမှာ ဒီလိုမျိုး ရိုက်ကူးရေး အတွေ့အကြုံ မရှိခဲ့ဘူး။ "နမ်းတဲ့အခန်းကို လူစားထိုးရိုက်မှာလား ဒါမှမဟုတ်..."

ကျင်းကျုံးပိုင် သူမကိုကြည့်လိုက်သည်။ "မင်းမှာ သီးသန့်တောင်းဆိုစရာတွေရှိလား"

ချင်ယီလု မျက်တောင်ခတ်လိုက်သည်။ "အင်း... ကျွန်မ ဘယ်လိုမျိုး တောင်းဆိုလို့ရနိုင်မလဲ။ ရုပ်ရှင်ဘုရင်ကြီးကို ကျွန်မက တောင်းဆိုရဲပါ့မလား။ ကျွန်မ ဆိုလိုတာက....."

"ကျွန်မ အရင်က နမ်းတဲ့အခန်းတွေ မရိုက်ခဲ့ဖူးဘူး ပြီးတော့ အတွေ့အကြုံလည်း မရှိဘူး။ နက်ဖြန်တော့ ကျွန်မအတွက် ကိုးရိုးကားယား နိုင်နေမှာကို ကြိုပြင်ဆင်ထားမှရမယ် " ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ချင်ယီလု က သူမစိတ်ထဲက ပြောလိုက်သည်။

ကျင်းကျုံးပိုင် ချိုသာစွာပြန်ပြောလိုက်သည်။ "အဆုံးအဆမဲ့တဲ့ဓားနဲ့ နဂါး သတ်ဖြတ်သူ " မှာ ယီဟန်နဲ့ ဒီ scene ကို ဘယ်လိုရိုက်ခဲ့တာလဲ။ လူစားထိုး သုံးထားတာလား"

"ကျွန်မတို့ လူစားထိုးသုံးခဲ့ကြတာ အဲ့တာကအတူပဲ "ချင်ယီလုက သူမ၏ အတွေ့အကြုံကို စိတ်အားထက်သန်စွာ ပြောပြခဲ့သည်။ "ယီဟန်နဲ့ ကျွန်မ ကောင်းကောင်း သရုပ်ဆောင်ခဲ့ကြပါတယ် ပြီးတော့ အဲဒီ scene ကို တစ်ကြိမ်တည်းနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ"

ကျင်းကျုံးပိုင် ခဏလောက်စဉ်းစားလိုက်သည်။ "ကောင်းပြီ၊ လူစားထိုးမသုံးဖို့ မနက်ဖြန်ရဲ့scene အတွက် မင်း ပြင်ဆင်ထားသင့်တယ်"

ချင်ယီလု သူ့ကို အံ့သြစွာ စိုက်ကြည့်ရင်း လည်ချောင်းကို ရှင်းထုတ်လိုက်သည်။ "ဒါဆို...... ကျေးဇူးပြုပြီး ကျွန်မကို စောင့်ရှောက်ပေးပါဦးနော်"

သူမရဲ့အကြည့်တွေကို ဆုံလိုက်ရတော့ ကျင်းကျုံးပိုင် ညင်သာစွာ ပြုံးလိုက်သည်။ "ကျေးဇူးပြုပြီး ငါ့ကိုလည်း စောင့်ရှောက်ပေးပါ"

ရိုမန့်တစ်ဆန်တဲ့ အလင်းရောင် မှိန်မှိန်ဖျော့ဖျော့နဲ့ bedroom sceneကို နေ့ခင်းဘက်တွင် ရိုက်ကူးခဲ့သည်။ ကျက်သရေရှိပြီး ရင်းနှီးမှုအပြည့်ရှိသော ပတ်ဝန်းကျင်ကို ဖန်တီးထားသည်။

ချင်ယီလုသည် သူမ၏ အသက်မွေးဝမ်းကြောင်းအတွက် စိတ်အနှောင့်အယှက် အဖြစ်စေဆုံး မြင်ကွင်းကို ရင်ဆိုင်ခဲ့ရသည်။ ရှန်းချန်က သူမကို နှစ်သိမ့်ပေးဖို့ ရောက်လာပြီး ပြောခဲ့သည်။ "မင်းသမီးတစ်ယောက်ရဲ့ ကျွမ်းကျင်မှုကို ပြသဖို့ လိုတယ်"

"ရှန်ကော အစ်ကို နားမလည်ပါဘူး"

လီလီ သက်ပြင်းချလိုက်သည်။ "လူတော်တော်များများက ဒီအခွင့်အရေးကို လိုချင်နေကြတာ ပြီးတော့ ပိုင်ရှန်း ကိုယ်တိုင် နင်နဲ့ သရုပ်ဆောင်နေတာပဲ၊ သူ့ရဲ့ အမျိုးသမီးပရိသတ်တွေက နင်ကို ဘယ်လောက်တောင် မနာလိုဖြစ်လိုက်ကြမလဲဆိုတာ နင်သိဖို့လိုတယ်"

ချင်ယီလု သူ့မျက်နှာကို အုပ်လိုက်သည်။ "ငါ့မှာ အတွေ့အကြုံမရှိဘူး"

"ပိုင်ရှန်းမှာ သေချာပေါက် အတွေ့အကြုံရှိတယ်၊ ဒါကြောင့် နင်က သဘာဝအတိုင်းလေးပဲ အလိုက်အထိုက်လေး နေလိုက်ရင် နင် အဆင်ပြေသွားလိမ့်မယ်။ နင့်လိုပဲ ခေါင်းဆောင်မင်းသမီးတွေက ဒီလိုမျိုး ပထမဆုံးအကြိမ် ကြုံခဲ့ကြရတာပဲ" လို့ ရှန်းချန်က သူမကိုစိတ်ချစေခဲ့သည်။

"ကျွန်မ ရိုက်ကူးရေးပြီးသွားရင် ဘဲကင်စားချင်တယ်"

"ရတယ်"ရှန်းချန် သဘောတူလိုက်သည်။

ရိုက်ကူးရေး တည်နေရာကို ဝင်လိုက်တဲ့အချိန်မှာ ညဉ့်နက်နေပြီ။ ကျင်းကျုံးပိုင်က နန်းတော်မှ သူ့အိမ်သို့ ပြန်လာပြီးနောက် ရက်အနည်းငယ်ကြာသောအခါတွင် သူ့တပ်တွေကို ဦးဆောင်ပြီး စစ်တိုက်ထွက်ရတော့မည် ဖြစ်သည်။ သူဘယ်တော့ ပြန်လာမယ်ဆိုတာ ဘယ်သူမှမသိကြဘူး။

ကျင်းကျုံးပိုင် အိပ်ခန်းထဲဝင်သွားခဲ့သည်။ အိမ်ထောင် ကျပြီးကတည်းက သူတို့နှစ်ယောက်ဟာ ကုတင်ခွဲပြီး အိပ်ခဲ့ကြတာ။

ညဘက်မှာတော့ အိမ်အစေခံတွေကို အိမ်ထဲဝင်ခွင့် မပေးထားတဲ့အတွက် သူတို့တွေက သူတို့ရဲ့ လက်ရှိအခြေအနေကို မသိခဲ့ကြပေ။

ချက်ယီလုက ကုလားထိုင်တစ်လုံးမှာ ထိုင်ရင်း

ရှေးစာအုပ်တစ်အုပ်ကို ဖတ်နေရတာကို စိတ်အားထက်သန်နေပြီး သူမအနောက်ကနေ သူ ချဥ်းကပ်လာတာကို သတိမထားမိလိုက်ပေ။

"နောက်ကျနေပြီ အနားမယူသေးဘူးလား။ ဘာစာဖတ်နေတာလဲ" လို့ သူကမေးလာခဲ့သည်။

ချင်ယီလု လှည့်ကြည့်ပြီး "ယောကျ်ား" ဟု ခေါ်လိုက်သည်

ယောကျ်ား....သူတို့ အိမ်ထောင်သက်က တစ်နှစ်ခွဲရှိပြီသူမက ယွမ်မိသားစုရဲ့ အကြီးဆုံး မြေးမဖြစ်သည်။ သူထွက်သွားရတဲ့အချိန် ယွမ်မိသားစုအတွင်းမှ တာဝန်တွေ အများကြီးက သူမ ပခုံးပေါ် ကျလာလိမ့်မည်။

ကျင်းကျုံးပိုင်ရဲ့အကြည့်တွေ ပြင်းထန်လာပြီး မေးရိုးများ တင်းလာကာ အေးစက်မှု အရိပ်အမြွက် ထွက်ပေါ်လာသည်။

"ယောကျ်ား"ချင်ယီလု တိုးတိုးလေးပြန်ခေါ်လိုက်ပြီး သူမရဲ့မျက်လုံးတွေက စိုးရိမ်မှုကိုပြသနေသည်။

ကျင်းကျုံးပိုင်ရဲ့ လည်ချောင်းက အနည်းငယ် လှုပ်ရှားသွားသည်။ "ရှင်မ၊ အခုမှစပြီး သုံးရက်နေရင် ကိုယ် တပ်ဖွဲ့ဝင်တွေကိုဦးဆောင်ပြီး တိုက်ပွဲဝင်ရတော့မယ်"

ချင်ယီလု၏ မျက်နှာက ခဏမျှ အေးခဲသွားပြီး သူမ၏ အမူအရာ ကွဲလွဲသွားသည်။ "ယောကျ်ား၊ ကျေးဇူးပြု၍ သတိထားပြီးနေပါ။ ရှင် အောင်ပွဲခံပြီးပြန်လာတဲ့နေ့ကျရင် ရှင့်ကို မြို့တံခါးမှာ ကျွန်မစောင့်နေမယ်"

ကျင်းကျုံးပိုင် ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူမ၏ မေးစေ့ပေါ် သူ့ လက်ချောင်းထိပ်တွေနဲ့ ထိတွေ့လိုက်သည်။ "ရှင်မ..."

သူမရဲ့ နှုတ်ခမ်းကို သူ နမ်းလိုက်တဲ့အခါမှာတော့ ချင်ယီလု ရဲ့ စိတ်လှုပ်ရှားနေတဲ့ အသက်ရှူသံတွေ ရပ်တန့်သွားပုံရသည်။ သူ့နှုတ်ခမ်းတွေက အေးမြနေပေမယ့် သူ့လက်ချောင်းထိပ်တွေက ပူလောင်သောနွေးထွေးမှုကို သယ်ဆောင်လာသည်။

"ရှင်မ၊ ကျွန်မ အိမ်နဲ့ ဝေးနေရတဲ့အချိန်မှာ ဂရုစိုက်ပြီးနေပါ " စကားတိုင်းက သူမနှလုံးသားကို ထိမိသွားသည်။ "ကိုယ့်မှာ တစ်ခုခုဖြစ်လာခဲ့ရင် အနာဂတ် အတွက် ကိုယ် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသား"

ချင်ယီလု သူ့ကို စိုက်ကြည့်ရင်း မျက်လုံးတွေတောင် မခတ်မိခဲ့ပေ။ သူ့အနမ်းက စောစောက သူမကို တုန်လှုပ်သွားစေခဲ့တာဆိုရင် အခု သူ့စကားတွေက သူမကို ကြောက်ရွံ့မှုတွေ ပြည့်နှက်နေစေပြီ။

ကျင်းကျူံးပိုင် သက်ပြင်းတစ်ချက်ချလိုက်သည်။ "ကိုယ် မင်းကို မနမ်းသင့်ဘူး။ အင်း မင်း ကောင်းကောင်း အနားယူတော့"

သူ လှည့်ထွက်သွားဖို့ လုပ်လိုက်သော်လည်း သူ့အင်္ကျီလက်ကို ဆွဲထားခဲ့သည်။

ချင်ယီလုက သူ့အင်္ကျီကို အတင်းဆွဲထားခဲ့သည်။ "ယောကျ်ား၊ မသွားပါနဲ့"

ကျင်းကျုံးပိုင်က နေရာမှာ ခဏရပ်နေခဲ့သည်။

သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်နေကြပြီး ဒီည သူ ဒီမှာနေရင် ဘာဖြစ်လာမယ်ဆိုတာကို နှစ်ယောက်လုံး သိနေကြသည်။

အဆုံးမှာတော့ စိတ်ခံစားမှုတွေက အကြောင်းပြချက်အပေါ်မှာ အောင်ပွဲခံခဲ့သည်။

ကျင်းကျုံးပိုင် ဖြည်းညှင်းစွာ ပြန်လှည့်လာပြီး သူ့အကြည့်တွေ ပူလောင်လာသည်။ "ရှင်မ၊ မင်းရဲ့ယောကျ်ားကို နေခွင့်ပြုပါ"

All Chapters