(မင်္ဂလာပါ ဆရာကျင်း extra 4.2)
Vol. 10 Ch. 127
တခဏချင်းမှာပဲ၊ ကမ္ဘာကြီးက ချင်ယီလုကို လှည့်ပတ်သွားစေခဲ့ပြီး သူမကို သစ်သားကုတင်ဆီ ချီခေါ်သွားခဲ့သည်။
ဖြူစင်တဲ့ ကန့်လန့်ကာလေးတွေက ဖြည်းညှင်းစွာ ကျဆင်းလာသည်။
ကျင်းကျုံးပိုင်က သူမရဲ့ အဝတ်အစား ကြယ်သီးတွေကို ဖြည်းညှင်းစွာ ဖြုတ်လိုက်ပြီး သူမ၏ ဖြူဖွေးနေတဲ့ အသားအရေကို ပေါ်လွင်စေခဲ့သည်။ သူ ဖြည်းညှင်းစွာ ငုံ့လာကာ သူမ၏ ညှပ်ရိုးပေါ် နမ်းရှိုက်လိုက်သည်။
ချင်ယီလုရဲ့ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်လာသည်ကို သူခံစားမိလိုက်သည်မှာ ထင်ရှားသည်။
"ကောင်းတယ်!" ဒါရိုက်တာက ရပ်ခိုင်းလိုက်သည်။ "အရမ်းကောင်းတယ်၊ အားလုံး အနားယူကြရအောင်"
ချင်ယီလု အသက်ပြင်းပြင်း ရှူလိုက်ပြီး ကျင်းကျုံးပိုင် က သူမကို အဝတ်တွေ ကမ်းပေးလိုက်သည်။ သူမ အမြန်ဝတ်လိုက်သည်နှင့် သူမ၏ အဝတ်အစားနှင့် ရုန်းကန်နေရတဲ့ သူမ၏လက်တွေက အလွန်တုန်ယင်နေသည်။
ထိုအချိန်တွင် သူကလည်း အင်္ကျီကို ချွတ်ထားခဲ့ပြီး သူ့ ကြံ့ခိုင်သော ခန္ဓာကိုယ် အပေါ်ပိုင်းကို ပေါ်လွင်စေခဲ့သည်။
သူ အမြန်ပြန်ဝတ်လိုက်သည်နှင့် ချင်ယီလု သည် သူမ၏ အဝတ်အစားများနှင့် ရုန်းကန်နေရဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါတွင် ပြဿနာရှိနေနိုင်သည်ကို သူသဘောပေါက်လိုက်သည်။ "ဒီဝတ်စုံက ပြဿနာရှိနေပုံပဲ။ ဆရာ ကျင်း၊ ကျွန်မကို ကူညီပေးဖို့ လီလီ ခေါ်ပေးလို့ရမလား "
ကျင်းကျုံးပိုင် သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမအဝတ်အစားတွေကို ညှိပေးဖို့ လက်လှမ်းလိုက်သည်။ ဒါပေမယ့် သူ့မျက်လုံးတွေက သူမလည်ပင်းမှာ သူ့အနမ်းတွေဖြင့် ချန်ထားရစ်ခဲ့သော အမှတ်အသားများကို တစ်ချက် ဖမ်းမိသွားခဲ့သည်။
ချင်ယီလုမှာ နောက်ဆုံးတွင် အ၀တ်စားဝတ်လို့ ပြီးသွားခဲ့ပြီး ယခုအခါ သူမ မျက်နှာက နီရဲလာကာ သွေးထွက်နိုင်တဲ့ပုံပေါ်သည်။ သူမက သူ့ကို လေးလေးနက်နက် ကျေးဇူးတင်စကား ဆက်ပြောခဲ့သည်။ "ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်!"
ညနေပိုင်းတွင် ကျင်းကျုံးပိုင်က အနားယူရန် သူ့အခန်းသို့ ပြန်လာခဲ့သည်။
အားစူးလည်း အဲဒီမှာရှိသည်။ "အစ်ကို ပိုင် အစ်ကို စိတ်ခံစားချက် မကောင်းနေဘူးလား"
ကျင်းကျုံးပိုင် သူ့လက်ကို မြှောက်ပြီး နဖူးကို နှိပ်နယ်လိုက်သည်။
"ဟီးဟီးဟီး၊ ဒီနေ့ ယီလုကိုနမ်းပြီးတော့ အပြစ်ရှိတယ်လို့ ခံစားနေရတာလား"
ကျင်းကျုံးပိုင် မျက်လုံးဖွင့်ပြီး သူ့ကို အေးစက်တဲ့အကြည့် ကြည့်ပေးလိုက်သည်။
"ဒါက ယီလုရဲ့ ပထမဆုံးအနမ်းလို့ကြားထားတယ်"
"ဗျစ်တောက်ဗျစ်တောက်ပြောနေတာ ရပ်လိုက်တော့"
အားစူး သူ့ကိုယ်သူ ထိန်းချုပ်ပြီးပြောလိုက်သည်။ "အစ်ကို ပိုင်၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒါရိုက်တာ ကျင်းနဲ့ တွေ့ခဲ့တယ် သူက ကျွန်တော့်ဆီ အစ်ကို့ကို မက်ဆေ့ချ်ပေးခိုင်းခဲ့တယ်။ အစ်ကို့ရဲ့ ၃၃ နှစ်ပြည့်မွေးနေ့ကို ကျင်းပဖို့တွက် "
"ကောင်းပြီ၊ ငါ့မွေးနေ့အတွက် လက်ဆောင်ပေးဖို့ အဆင်သင့်ပြင်ထားဖို့ သူ့ကိုပြောလိုက်"
အားစူး မေးလိုက်သည်။ "စကားမစပ်၊ အစ်ကို့ဘဝမှာ ဘယ်တော့မှ လက်မထပ်ဖို့ စိတ်ပိုင်းဖြတ်ထားတာလား"
ကျင်းကျုံးပိုင် လေးလေးနက်နက် တွေးတောပြီး ဖြေးဖြေးချင်း ပြန်ဖြေခဲ့သည်။ "အစီအစဥ်တွေက ပြောင်းလဲသွားနိုင်တယ်"
အားစူးရဲ့ ခေါင်းဦးရေပြားတွေ တင်းကျပ်လာသည်။ "ကောင်းတယ်! ကောင်းတယ်! ကောင်းတယ်!"
မင်္ဂလာဆောင်ည scene ကို ပြီးဆုံးသွားပြီးနောက် ချင်ယီလုမှာ ထိုညတွင် အိပ်မက်တစ်ခုမက်ခဲ့သည်။ သူမသည် ကျင်းကျုံးပိုင်ကို ပွေ့ဖက်ထားကာ အကြိမ်ပေါင်းများစွာ သူ့ကိုနမ်းပြီး သူ့ကို "ယောကျ်ား-ယောကျ်ား-" ဟု ချိုသာစွာ ခေါ်ခဲ့သည်။
နောက်တစ်နေ့တွင် ကျင်းကျုံးပိုင် သူမဆီကနေ အကွားအဝေးတစ်ခုထိ ရှောင်နေသည်ကို သူမ သတိပြုမိခဲ့သည်။
သူမရဲ့ Weibo အကောင့် "ပိုင်ပိုင်ရဲ့ ချစ်စရာကောင်းတဲ့ဖန်လေး"အကောင့်မှာ စာသားပိုစ့်တစ်ခုတင်ခဲ့သည်။ " အိုး ပိုင်ရှန်းမှာ ကောင်းမွန်တဲ့ ခန္ဓာကိုယ်ရှိတယ်။ သူ့ရဲ့အနာဂတ် ဇနီးကတော့ အရမ်းကံကောင်းတာပဲ [blush] [blush]"
"The Tale of XX" ထုတ်လုပ်ရေး အတွက် အစီအစဉ်မှာ indoor scene များကို ဦးစွာ ရိုက်ကူးရန် ဖြစ်ပြီး နောက်ပိုင်းတွင် outdoor scene များကို ချန်ထားရန် ဖြစ်သည်။ ထို့ကြောင့် ဧပြီလကုန်တွင် ချင်ယီလုသည် သူမ၏ ဇာတ်ဝင်ခန်းများကို ပြီးမြောက်ခဲ့သည်။
ထိုအချိန်က သူမသည် ကျင်းကျုံးပိုင် အပေါ် ခံစားချက်များ ရှိနေနိုင်သည်ကို သူမ သိလိုက်ရသည်။ အိမ်ထောင်ပြုရန် ရည်ရွယ်ချက်မရှိသော အမျိုးသားတစ်ဦးကို ချစ်မိခြင်းက အမှန်တကယ်ကို ရှုပ်ထွေးပါသည်။
သူမရဲ့ခံစားချက်တွေကို သတိထားမိချိန်မှာတော့ တစ်ယောက်တည်း တွေးကြည့်ရင်း အချိန်တော်တော်ကုန်သွားခဲ့သည်။ နောက်ဆုံးတော့ ကျန်းရှောင်ဆီ အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ကျိုး စုံတွဲက ပဲပင်ပေါက်လေးကို မုန်ညင်းပန်းပွင့်များကြည့်ရှုရန် ခေါ်လာခဲ့သည်။
ချင်ယီလု ပြောလိုက်သည်။ "အစ်မကျန်း ၊ အခု ညီမ ဘာလုပ်ရမလဲ။ ညီမ သူ့အကြောင်း ညပေါင်းများစွာ ဆက်တိုက် အိပ်မက်မက်နေတာ။ အစတုန်းကတော့ ဒီကောင်နေရာမှာ အချိန်အကြာကြီး ရိုက်ခဲ့တာကြောင့်မို့လို့ ထင်ခဲ့ပေမယ့် တစ်ရက်လောက် သေသေချာချာတွေးကြည့်ပြီးမှ အဲ့လိုမဟုတ်ဘူးလို့ထင်တယ်"
ကျန်းရှောင် လမ်းလျှောက်ရင်း သူမနဲ့ ဖုန်းပြောနေသည်။ "တကယ်တော့ဘအစ်မ ကျင်းကျုံးပိုင် ကို ကောင်းကောင်းသိတယ်။ သူ လက်ထပ်တာကို ဆန့်ကျင်တယ်ဆိုတဲ့ အတွေးက အပြင်မှာ ထင်ကြေးပေးသလို ဖြစ်နိုင်တယ်။ သူသဘောကျရတဲ့လူနဲ့ ဆုံတွေ့ဖို့ ဖြစ်နိုင်တယ်"
ချင်ယီလု ပြောလိုက်သည်။ "ရုပ်ရှင်ပြီးတာနဲ့ ဒီည ညီမတို့တွေ အတူတူ ညစာစားကြမှာ။ သူ့ကို ညီမ တိုက်ရိုက်ပြောချလိုက်မယ်။ သူ ညီမလိုမျိုး မခံစားရဘူးဆိုရင်တော့ ညီမလက်လွှတ်လိုက်မယ်"
ကျန်းရှောင် တခစ်ခစ်ရယ်ပြီး မေးလိုက်သည်။ "ရှန်းချန်ကော ဒီကိစ္စကို သိလား"
ချင်ယီလု ပြန်ပြောလိုက်သည်။ "ညီမ သူ့ကို မပြောပြထားဘူး။ ညီမသာ သူ့ကိုပြောလိုက်ရင် သူ သေလောက်အောင်ဆူမှာ သေချာတယ်"
ကျန်းရှောင်ပြောလိုက်သည်။ "တကယ်တော့ ကျိုးရှို့လင်းရော အစ်မရောက ဘယ်လိုစတိုင်မျိုးကို ကျင်းကျုံးပိုင် တကယ် ကြိုက်မလဲဆိုတာကို စောင့်မျှော်နေကြတာ။ ချန်းယင်နဲ့ ကျင်းကျုံးပိုင်ကို အကောင်းဆုံးလိုက်ဖက်တယ်လို့ လူတွေက အချိန်အတော်ကြာကတည်းက ထင်ခဲ့ကြပေမယ့် ကံမကောင်းစွာပဲ ဒီနှစ်တွေ အများကြီးအတွင်းမှာ သူတို့ကြားထဲမှာ ဘာမှ တိုးတက်မှုမရှိလာဘူး”
ကျင်းကျုံးပိုင်က သူမရဲ့ ပုံစံကို မကြိုက်နိုင်လောက်ဘူးဟုတွေးကာ ချင်ယီလု သက်ပြင်းချလိုက်သည်။
ထိုညတွင် ရုပ်ရှင်စတူဒီယိုအနီးရှိ ဟိုတယ်တစ်ခုတွင် သီးသန့်အခန်းကို မှာထားခဲ့သည်။ သရုပ်ဆောင်များစွာ တက်ရောက်ခဲ့ကြပြီး ခွဲခွာရန် နီးကပ်လာသည်နှင့်အမျှ ၎င်းတို့သည် စိတ်အေးလက်အေး ရှိခဲ့ကြသည်။
ချင်ယီလုသည် အရက်ပါဝင်မှု မမြင့်မားသော်လည်း အရက် အနည်းငယ်ပါတဲ့ ခွက်ကိုလက်ခံခဲ့ရသည်။ သူမလို အရက်မသောက်တတ်သူအတွက် ဒါက လုံလောက်သည်။ ညစာစားနေစဉ်တွင် သူမ၏ အတွေးတွေက အနည်းငယ်ဝေဝါးလာသည်။
ဇာတ်လမ်းတွဲက ဒုတိယ အမျိုးသမီး ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးက မေးခဲ့သည်။ "ယီလု၊ နင် ဇာတ်ကားသုံးကားမှာ သရုပ်ဆောင်ပြီးသွားပြီ။ အမျိုးသားသရုပ်ဆောင် သုံးယောက်ထဲမှာ ဘယ်မင်းသားကို အကြိုက်ဆုံးလဲ"
ချင်ယီလုက သူမ၏လက်ပေါ် မေးစေ့တင်ကာပြောလိုက်သည်။ "သေချာပေါက် အဲ့တာက ဒါ ယွမ်ရှု့ ပဲပေါ့။ သူကသူ့တစ်ဘဝလုံး ကျန့်ဖူ တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တယ်။ သူ့လို ယောက်ျားမျိုးကို အမျိုးသမီးတိုင်းက ချစ်ကြတယ်လေ ဟုတ်တယ်မလား "
ကျင်းကျုံးပိုင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမ အနည်းငယ် မူးနေသော်လည်း သူမ မေးခွန်းကို ရှင်းရှင်းလင်းလင်း ဖြေနိုင်ခဲ့သည်။
ချင်ယီလုက ထပြီး အပြင်ဘက် သန့်စင်ခန်းကို သွားဖို့လုပ်လိုက်သည်။
ခဏကြာတော့ သူမ ပြန်မလာသေးတာကြောင့် ကျင်းကျုံးပိုင်က သူမကိုရှာဖို့ ထလိုက်သည်။
သူထွက်သွားချိန်မှာတော့ သရုပ်ဆောင်အချို့က ဟာသလုပ်ကာစနောက်ခဲ့ကြသည်။ "ပိုင်ရှန်းက ယီလုကို ဘယ်လောက် စိုးရိမ်နေတယ်ဆိုတာ နင်တို့ သတိထားမိကြလားဟေ့"
"ပိုင်ရှန်းက ကျန်းရှောင်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတော့ ယီလု ကတော့ ကံကောင်းပါတယ်၊ သူမက ကျန်းရှောင်ရဲ့ အချစ်ဆုံးပဲ"
"ဒါပေမယ့် ဒါက ဘာအဓိပ္ပာယ်မှ မရှိဘူး"
နောက်ဆုံးမှာတော့ ကျင်းကျုံးပိုင် ချင်ယီလုကို ရှာတွေ့သွားတဲ့အချိန် သူမက နံရံကို မှီပြီး ကန်ထဲမှ ငါးများကို ကြည့်နေသည်။ သူမဆီ လှမ်းလာပြီး ပြောလိုက်သည်။ “လူတိုင်း မင်းကို စောင့်နေကြတယ်”
ချင်ယီလုက သူ့ကို မော့ကြည့်ပြီး ပြုံးပြလိုက်သည်။ "ဆရာ ကျင်း၊ ဒီငါးနှစ်ကောင်က အတွဲတွေလို့ ထင်လား"
"သေချာတော့မသိဘူး"
"သူတို့က အတွဲတွေလို့ ကျွန်မ ထင်တယ်"
ကျင်းကျုံးပိုင်က သူမလက်မောင်းကို ကူတွဲပေးလိုက်သည်။ "မင်းသောက်တာ အရမ်းများနေပြီ။ မင်းလက်ထောက်ကို လာခေါ်ခိုင်းလိုက်တော့"
ချင်ယီလုက သူ့လက်မောင်းကို မှီပြီး သူ့ကို လေးလေးနက်နက် စိုက်ကြည့်နေသည်။ "ဆရာ ကျင်း၊ ဆရာက အရမ်းချောတယ်၊ အထူးသဖြင့် ရှေးခေတ်ဝတ်စုံတွေ ဝတ်ထားတဲ့အချိန်။ ဆရာ ကျင်း ....."
"ကျွန်မ ဆရာ့ကို ကြိုက်နေတယ်လို့ထင်တယ်"
ကျင်းကျုံးပိုင် သူ့လမ်းကြောင်းတွေကို ရပ်တန့်လိုက်သည်။
"နည်းနည်းတင်မကဘူး၊ အများကြီး" ချင်ယီလု က သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားရင်း သူမရဲ့မျက်နှာပေါ်မှာ စိုးရိမ်မှုအပြည့်နဲ့ပင်။ "ကျွန်မကို ကြိုက်လား ကျွန်မရဲ့ယောက်ျား"
ကျင်းကျုံးပိုင် တခစ်ခစ်ရယ်လိုက်သည်။ "မင်းရဲ့ဇာတ်ကောင်ထဲ အရမ်းနစ်မွန်းလွန်းနေတယ် ထင်တယ်"
"ဒါဆို ဒီလိုဆိုရင်ကော ကျွန်မ ကို စမ်းသပ်ဖို့အချိန်ကာလတစ်ခု ပေး။ ကျွန်မတို့ လိုက်ဖက်မှုရှိမရှိ သိဖို့ တစ်နှစ်ခွဲလောက် အချိန်ပေးကြည့်။ လိုက်ဖက်မှုမရှိဘူးဆိုရင် ကျွန်မတို့ နှုတ်ထွက်လိုက်ကြမယ်လေ"
ကျင်းကျုံးပိုင် မျက်စိစွေကြည့်လိုက်သည်။ "ငါ့ကို ယုံကြည်မှုမရှိလို့လား ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာလား။ တစ်နှစ်ခွဲလား။
အစမ်းသပ်ခံ ကာလကို သက်တမ်းတိုးနိုင်တယ်လို့ ငါပြောလိုက်ရင်ကော ဘယ်လိုလုပ်မလဲ"
"ဘယ်လောက်ကြာတဲ့အထိလဲ" သူမ မျက်တောင်ခတ်လိုက်သည်။
ကျင်းကျုံးပိုင်ရဲ့ နှုတ်ခမ်းတွေက အနည်းငယ် ကွေးသွားသည်။ "တစ်သက်လုံးဆိုရင်ကော ဘယ်လိုလဲ"
ချင်ယီလု ကျယ်လောင်စွာ ပြုံးလိုက်ပြီး သူမ လက်ကိုမြှောက်ကာ သူ့မျက်နှာကို ညင်သာစွာ ကိုင်လိုက်ပြီး သူ့ကိုဆွဲဆိတ်လိုက်သည်။ "ဒါက အမြင်မှားနေတာ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား"
ကျင်းကျုံးပိုင် တခစ်ခစ်ရယ်လိုက်သည်။ " အင်း မင်းကို ပြန်လိုက်ပို့ပေးမယ်"
"ဟင့်အင်း ဟင့်အင်း ဟင့်အင်း" ချင်ယီလု သည် ဤမျှကြီးမားသောအခွင့်အရေးကို လက်လွတ်မခံချင်တော့ပေ။
"သောက်ချင်သေးလို့လား"
သူမ နှုတ်ခမ်းကို ကိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။ "ရှင့်ကို နမ်းချင်တယ်" သူမအသံက နိမ့်ဆင်းသွားသည်။ " ဟိုနေ့က ရှင် ကျွန်မကို နမ်းတော့ ကျွန်မ အရမ်းစိတ်လှုပ်ရှားနေခဲ့တာ။ ကျွန်မ နမ်းတဲ့ ခံစားချက်ကို တကယ်ခံစားခွင့် အတွေ့အကြုံ မရှိခဲ့ဖူးဘူး..."
ကျင်းကျုံးပိုင်သည် အနည်းငယ်ရိုင်းစိုင်းသော အမူအရာနှင့် ဆက်ဆံနေရသလို ခံစားနေရသည်။ သူက အခိုင်အမာပြောလိုက်သည်။ "အရင်ပြန်လိုက်ဦး။ မင်းသတိရှိလာတဲ့အခါကျမှ ဒီအကြောင်းကို ငါတို့ပြောလို့ရတယ်"
"ကျွန်မ မမူးဘူး၊ ကျွန်မ အရမ်းသတိရှိတယ်။ ကျွန်မ တကယ်သတိရှိနေရင် ရှင်ကို မနမ်းရဲမှာကို ကျွန်မကြောက်တယ်"
ကျင်းကျုံးပိုင် သက်ပြင်းချလိုက်သည်။ "ဒါကို မှတ်ထားလိုက်မယ်"
ချင်ယီလုက သကြားလုံး အသစ်တစ်လုံးရထားတဲ့ ကလေးတစ်ယောက်လိုပင်။ "ကျွန်မရဲ့ယောက်ျား၊ ရှင်က အရမ်းတော်တယ်။ ကျွန်မ ရှင့်ကို အရမ်းကြိုက်တယ်"
ဧပြီလကုန်တွင် "The Tale of XX" အတွက် ရိုက်ကူးရေး ပြီးဆုံးသွားခဲ့သည်။
မေလအစောပိုင်းတွင် Pa Pa Weekly က ကျင်းကျုံးပိုင်နှင့် ချင်ယီလုတို့ ချိန်းတွေ့နေသည့်ပုံများကို ဖော်ပြခဲ့သည်။
ပရိတ်သတ်တွေ ရွှင်မြူးခဲ့ကြသည်။
"ပိုင်ရှန်း နောက်ဆုံးတော့ စျေးကွက်ထဲက ထွက်သွားပြီပဲ"
"ဒါက အမှန်ပဲလား။ ဒါပေမယ့် ဒီ tabloid မဂ္ဂဇင်းက ဘယ်တော့မှ ယုံကြည်လို့ မရဘူး၊ ယုံလို့ရပါ့မလားမသိဘူး။"
"ငါတို့ နောက်ထပ် အသေးစိတ်တွေလိုတယ်!"
.....
ကံမကောင်းစွာပဲ၊ နှစ်ယောက်စလုံးက ဒီသတင်းကို တိုက်ရိုက် တုံ့ပြန်ခြင်းမရှိခဲ့ပေ။ တကယ်တမ်းမှာတော့ ချင်ယီလုရဲ့ ဒီသတင်းကို မြင်လိုက်ရတဲ့အချိန် ရှန်းချန် ဒေါသဖြစ်သွားပြီး သူမ တစ်စစီဆုတ်ဖြဲခံခဲ့သည်။ စူပါစတားတစ်ဦးနှင့် ရင်းနှီးမှုရလာကာ သူမက သူမရဲ့အသက်မွေးဝမ်းကြောင်းအလုပ်တွင် တက်သစ်စကြယ်ပွင့်တစ်ဦးဖြစ်ပြီး စူပါစတားက ငယ်ရွယ်တဲ့သူ မဟုတ်ကြောင်းပြောခဲ့သည်။
"အစ်ကို ပိုင်၊ သူဘာတွေတွေးနေတာလဲ၊ လက်ထပ်ဖို့ စီစဉ်နေတာလား"
ချင်ယီလု ခေါင်းညိတ်လိုက်သည်။
"လျှို့ဝှက်အိမ်ထောင်ရေးလား"
ချင်ယီလု ခေါင်းခါလိုက်သည်။
ရှန်းချန်းက သူ့စိတ်တွေ ပျက်လုနီးပါးဖြစ်နေပြီ။ " ငါ ပိုင်ရှန်းနဲ့ မင်းရဲ့အစီအစဥ်တွေ အကြောင်း လေးလေးနက်နက် စကားပြောဖို့ လိုနေပြီ"
ဇူလိုင်လတွင် "XX Chronicles" နှင့် premiere မတိုင်မီသတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။ အဓိက သရုပ်ဆောင်အဖွဲ့ဝင်များ အားလုံး တက်ရောက်ခဲ့ကြသည်။ သတင်းထောက်တွေက မေးခွန်းတွေမေးရန် အခွင့်အရေးကို လက်လွတ်မခံဘဲ အများစုမှာ ခေါင်းဆောင်နှစ်ယောက်ကို အာရုံစိုက်သည့် မေးခွန်းများဖြစ်သည်။
ပိုင်ရှန်း ရောက်သောအခါတွင် လူတွေက လွန်စွာကျူးကျော်ခြင်းမပြုရန် သတိထားနေကြဆဲဖြစ်သည်။ ထို့ကြောင့်၊ ကိုယ်ရေးကိုယ်တာ မေးခွန်းအများစုသည် ချင်ယီလုကို ဗဟိုပြုထားသည်။
"ယီလု၊ "The Tale of XX" ပြီးတော့ မင်းရဲ့အကြီးမားဆုံး လက်ဆောင်က ဘာများဖြစ်မလဲ"
အဲဒါကို စဉ်းစားပြီးနောက် ချင်ယီလုက သူမရဲ့ အကြီးမားဆုံး လက်ဆောင်က boyfriend ဟု ပြန်ဖြေချင်ခဲ့သည်။ ဒါပေမယ့် သူမ သတင်းထောက်တွေကို မပြောနိုင်ခဲ့ဘူး။ "မစ္စတာ ကျင်း ရဲ့ လမ်းညွှန်မှုတွေကြောင့်မို့ ကျွန်မရဲ့ သရုပ်ဆောင်စွမ်းရည်တွေ တိုးတက်လာခဲ့တယ်လို့ ထင်ပါတယ်
"ပိုင်ရှန်းကကော "
နူးညံ့သောအပြုံးဖြင့် ကျင်းကျုံးပိုင်က ချင်ယီလု ဆီသို့ ခေါင်းလှည့်လာကာ သူ့အကြည့်တွေက နူးညံ့မှုနှင့် ပြည့်နှက်နေပြီး သူ့အသံမှာ သာယာနေလေသည်။
"ကျွန်တော့်ရဲ့အကြီးမားဆုံး လက်ဆောင်က ကျွန်တော့်ကောင်မလေးရဲ့ ပထမဆုံးအနမ်းလို့ ထင်ပါတယ်" သူမရဲ့လက်ကို ဆုပ်ကိုင်ထားတဲ့ သူ့ရဲ့လက်တွေကိုမြှောက်ပြလိုက်သည်။ "အားလုံးထင်နေကြတဲ့အတိုင်း အခုကျွန်တော်တို့ တွဲနေကြပါပြီ"
ချင်ယီလု ခဏလောက် နှုတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး XX Chronicles ကို အာရုံစိုက်ပေးကြပါနော်"