( ကျိုးစုံတွဲ extra 1 )
Vol. 10 Ch. 130
တစ်ရက်မှာတော့ ကျိုးရှို့လင်းက တစ်ပတ်ကြာ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားခဲ့သည်။ သူ့ခရီးစဉ်ရဲ့ နောက်ဆုံးညနေခင်းမှာ နှုတ်ဆက်ညစာစားပြီး နောက်ဆုံးလေယာဉ်နဲ့ အိမ်ပြန်လာခဲ့သည်။ သူဘယ်မှာပဲရှိနေပါစေ၊ လုပ်ငန်းဆောင်တာများ ပြီးသွားသောအခါတွင် သူမနှင့် သူတို့၏သားကို နှလုံးသားထဲတွင် နက်နက်နဲနဲ တောင့်တမိသည်။
နောက်တစ်နေ့ မနက်မှာတော့ ကျန်းရှောင် တစ်ဝက်တစ်ပျက် အိပ်မောကျနေတုန်း ဧည့်ခန်းထဲက လှုပ်ရှားမှုတချို့ကို ကြားလိုက်ရသည်။ ဒါပေမယ့်လည်း သူမ၏ ကုမ္ပဏီမှ အနုပညာရှင်တစ်ဦးနှင့် ပတ်သက်သည့် အရှုပ်တော်ပုံတစ်ခုနှင့် ပတ်သက်၍ သူမ နောက်ကျတဲ့ အချိန်ထိနေခဲ့ပြီး ပင်ပန်းနွမ်းနယ်မှုကြောင့် မျက်လုံးမဖွင့်နိုင်ဖြစ်နေသည်။
ကျိုးရှို့လင်း အိပ်ခန်းတံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ရာ ကုတင်ပေါ်က အနည်းငယ် ကွေးကွေးလေးနေနေတဲ့သူကို တွေ့လိုက်ရသည်။ အနီးကပ်သွားလိုက်ရင်း သူ့ကုတ်အင်္ကျီကို ချွတ်ကာ ကုတင်အစွန်းမှာ ထိုင်လိုက်သည်။
သူမ မျက်နှာကို စောင်ထဲတွင် မြှုပ်နှံထားပြီး သူမရဲ့ဆံပင်များကို ညင်သာစွာ သပ်ရန်လက်လှမ်းလိုက်သည်။ ခေါင်းငုံ့ကာ သူမရဲ့ လည်ပင်းနားသို့ တိုးကပ်ပြီးအောရှရှအသံဖြင့် ပြောလိုက်သည်။ "မစ္စစ် ကျိုး၊ ခုနစ်နာရီထိုးနေပြီ"
ကျန်းရှောင် မျက်လုံးဖွင့်လာပြီး ပြောလိုက်သည်။ "ရှင်ပြန်လာပြီလား။ ကျွန်မ အရမ်းပင်ပန်းနေလို့!" သူမ လက်ဆန့်ကာ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ရစ်ပတ်ထားလိုက်သည်။
ကျိုးရှို့လင်း ပြုံးပြီးပြောလိုက်သည်။ "ထပြီး မနက်စာစား၊ ပြီးမှပြန်အိပ်လိုက်"
"နောက်ထပ် နာရီဝက်လောက် အိပ်ပါရစေ" ကျန်းရှောင် ညင်သာစွာ တောင်းပန်လိုက်သည်။
ကျိုးရှို့လင်းက ထုံးစံအတိုင်း သဘောမတူပေ။ သူမရဲ့နားရွက်ကို နမ်းလိုက်ပြီး သူ့လက်ကို သူမရဲ့အင်္ကျီအတွင်းဘက်သို့ ဖြည်းညှင်းစွာ တိုးဝင်ခဲ့သည်။ "ကောင်းပြီလေ ကိုယ် မင်းနဲ့ အတူအိပ်ပေးမယ်။ ကိုယ် လေယာဉ်ပေါ်မှာ နာရီနဲ့ချီပြီးနေခဲ့ရတာဆိုတော့ ခြေထောက်တွေ ဆန့်ဖို့လိုတယ်"
ကျန်းရှောင် တစ်ခုခုလွဲနေပြီဆိုတာ သဘောပေါက်သွားပြီး သူမချက်ချင်းသတိရှိလာသည်။ သူမ သူ့လက်ကို အတင်းဆွဲဖယ်ပြီး အသက်ရှုမဝစွာဖြင့် သတိပေးလိုက်သည်။" မူမူကို နေ့လည်ကျရင် ရေကူးဖို့လိုက်ပို့ရအောင်"
ကျိူးရှို့လင်း အကြိမ်အနည်းငယ် ရယ်မောလိုက်ပြီး သူ့လုပ်ရပ်ကို ရပ်တန့်လိုက်ကာ သူမရဲ့ ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ "ကောင်းပြီ"
မနက်စာပြင်ဆင်ဖို့ သူတို့အတူတူ မီးဖိုချောင်ထဲ သွားခဲ့ကြသည်။ ပြတင်းပေါက် အပြင်ဘက်မှာ ငှက်ကလေးတွေက သစ်ပင်တွေမှာ တေးဆိုနေကြသည်။ ကျန်းရှောင်က သူ့ကို ကူညီပေးပြီး သူ ကြက်ဥကို ကျွမ်းကျင်စွာကြော်တာကို စောင့်ကြည့်ခဲ့သည်။
ပဲပင်ပေါက်လေး မူကြိုနဲ့ သူငယ်တန်းကျောင်းတက်တုန်းက သူ့အတွက် သူမ အသဲပုံကြက်ဥကြော်လုပ်ပေးခဲ့ဖူးသည်။ ဒါပေမယ့် အခု မူလတန်းကျောင်းမှာ ပဲပင်ပေါက်လေးက ထူးထူးခြားခြား ကြီးထွားမှုနှင့် ပြောင်းလဲမှုများကို ပြသခဲ့သည်။
ကျိုး မိသားစုက သူ့အတွက် နိုင်ငံခြားဘာသာစကား နည်းပြဆရာကို သီးသန့် ငှားရမ်းထားသည်။ ယခုအခါ သူ၏ စကားပြောစွမ်းရည်က နိုင်ငံခြားသို့ ဆက်သွယ်ရာတွင် အတားအဆီးမရှိပေ။ ကျန်းရှောင်နှင့် ကျိုးရှို့လင်းတို့သည် ပဲပင်ပေါက်လေး၏ ပညာရေးကို အာရုံစိုက်လာခဲ့ကြသော်လည်း အမှန်မှာ ၎င်းတို့အတွက် စိတ်ပူစရာမလိုပေ။ သူ့အရွယ်ကလေးငယ်များကြားတွင် သူက ထူးခြားလှသည်။ သူငယ်တန်းနှစ်များအတွင်း အမျိုးသား မူကြိုအင်္ဂလိပ်စာပြိုင်ပွဲ ချန်ပီယံဆုကိုပင် ရရှိခဲ့သည်။
ကျိုးရှို့လင်းနှင့် ကျန်းရှောင်တို့ နှစ်ယောက်လုံး ပြိုင်ပွဲကို တက်ရောက်ခဲ့ကြသည်။ ပဲပင်ပေါက်လေးက ပြိုင်ပွဲမစမီတွင် လုံးဝ စိတ်မလှုပ်ရှားခဲ့ပုံရသည်။
ကျန်းရှောင် ပြင်ဆင်ထားသည့် သူမ၏ အားပေးစကားတွေက အသုံးမဝင်တော့ပေ။ ဆန့်ကျင်ဘက်အနေနဲ့ ပဲပင်ပေါက်လေးက သူမကို နှစ်သိမ့်စကားပြောခဲ့သည်။ "မေမေ၊ အရမ်းစိတ်ပူစရာ မလိုဘူး။ အရေးကြီးဆုံးအရာက ပြိုင်ပွဲမှာပါဖို့ပဲ၊ သား ပထမဆုရမလား မရဘူးဆိုတာက အရေးမကြီးပါဘူး"
"ဒါပေမယ့် မင်း ပထမနေရာကို အနိုင်ယူချင်တယ်မလား"
"အင်း ဒါပေါ့၊ ဒါက အရမ်းကြီး မခက်ခဲလောက်ပါဘူး"
ကျန်းရှောင် - "..."
ကျိုးရှို့လင်းက သူမခါးကို ပွေ့ဖက်ပြီးပြောလိုက်သည်။ "ကြည့်၊ မင်းရဲ့သားက မင်းထက်တောင်မှ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ပိုကောင်းနေသေးတယ်"
ကျန်းရှောင် ပဲပင်ပေါက်လေးအကြောင်း တွေးကာ မပြုံးဘဲ မနေနိုင်ခဲ့ပေ။
နေ့ခင်းဘက်မှာတော့ သူတို့စုံတွဲက ပဲပင်ပေါက်လေးကို ကြိုဖို့ ကျိုးလူကြီးတွေရဲ့ အိမ်ဆီ သွားခဲ့ကြသည်။ သောကြာနေ့ညနေခင်းတွင် ပဲပင်ပေါက်လေး၏ အဖွားက သူ့ကို ပရဟိတပွဲတစ်ခုသို့ ခေါ်သွားကာ သူ့အဖိုးအဖွားအိမ်တွင် တစ်ညတာ အိပ်စက်ခဲ့သည်။
ကျိုးရှို့လင်းက နှစ်စဉ်နှစ်တိုင်း ပရဟိတလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည်။ ကမ္ဘာပေါ်မှာ ကောင်းကောင်းမစားနိုင်၊ ကျောင်းမတက်နိုင်တဲ့ ကလေးတွေ အများကြီးရှိနေသေးတယ်လို့ ကျိုးစစ်မူ ကို ပြောပြခဲ့သည်။ ကျိုးစစ်မူက သူကြီးပြင်းလာတဲ့အခါ သူ့အဖေနဲ့အတူ ဒီကလေးတွေကို ကူညီချင်တယ်လို့ ပြောခဲ့သည်။
ထို့ကြောင့် မေမေကျိုးက သူ့ကို အလှူပွဲသို့ ခေါ်သွားလိုသည်ဟု ပြောသောအခါတွင် သူက လိုက်ဖို့ သဘောတူခဲ့သည်။
လျန့်ယွဲ့ ကို တွေ့ကြသောအခါ မေမေကျိုး၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲခြင်းမရှိပေ။
နှစ်ယောက်သား ရိုးရှင်းစွာ နှုတ်ဆက်ခဲ့ကြသည်။
လျန့်ယွဲ့က ငုတ်တုတ်ထိုင်နေပြီး ပဲပင်ပေါက်လေးကို ကြည့်လိုက်သည်။ "မူမူ၊ ငါ့ကို မှတ်မိသေးလား"
ပဲပင်ပေါက်လေးက ဝတ်စုံပြည့်လေးကို ၀တ်ဆင်ထားပြီး ချောမောကာ ချစ်စရာကောင်းသည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "မင်္ဂလာပါ အဖွား"
လျန်ယွဲ့က ပြုံးပြီး သူ့ဆံပင်တွေကို ဖွဖို့ လက်လှမ်းလိုက်သည်။ "မင်္ဂလာပါကွယ်။ မတွေ့တာကြာတော့ အရပ်တောင် ပိုရှည်လာပြီနော် "
"ဟုတ်တယ်၊ သား အခုတစ်ဆိုဒ်ပိုကြီးတဲ့ ဘောင်းဘီကို ဝတ်တယ်။ မေမေကပြောတယ် သားက ဖေဖေ့လို အရပ်ရှည်မှာတဲ့"
လျန့်ယွဲ့ မျက်လုံးတွေကိုမှေးကြည့်လိုက်သည်။ "မင်းကိုယုံပါတယ်။ မင်းရဲ့ အင်္ဂလိပ်စာပြိုင်ပွဲကို ကြည့်ပြီးသွားပြီ မင်းအရမ်းတော်တာပဲ"
ကျိုးစစ်မူ ပြုံးပြီးပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အဖွား။ သား ဆက်ပြီး ကြိုးစားပါ့မယ်။ ဖေဖေလို အံ့အားသင့်စရာကောင်းတဲ့သူ ဖြစ်လာအောင် သား ကြီးပြင်းချင်တယ်"
"ဘာလို့ မင်းအဖေလို ဖြစ်ချင်ရတာလဲ"
"ဘာလို့လဲဆိုတော့ ဖေဖေက အကောင်းဆုံးပြီးတော့ မေမေက သူ့ကို အချစ်ဆုံးလို့ ပြောနေတော့လေ။ သားကြီးပြင်းလာတဲ့အခါကျရင် မေမေ့ကို ဂရုစိုက်ပေးချင်တယ်။ လူတိုင်းမှာ အမေရှိပေမဲ့ သားရဲ့မေမေကတော့ သူ ငယ်ငယ်လေးကတည်းက အမေ မရှိတော့တာ။ မေမေက အရမ်းသနားစရာကောင်းတယ်"
လျန့်ယွဲ့ ငြိမ်ကျသွားသည်။
မေမေ ကျိုးက ကျိုးစစ်မူရဲ့လက်ကို အမြန်ကိုင်လိုက်ပြီးပြောလိုက်သည်။ "စစ်မူ၊ အဆာပြေစာ မစားချင်ဘူးလား။ ဟို့ရှေ့မှာ ကိုယ့်ဘာသာကိုယ် သွားယူစားလိုက်နော်"
"အိုခေ" သူ လျန့်ယွဲ့ကို ပြန်ကြည့်လိုက်သည်။ "နှုတ်ဆက်ပါတယ် အဖွား"
လျန့်ယွဲ့က သူ့ပုံစံကို လေးလေးနက်နက် စိုက်ကြည့်နေသည်။ "သူတို့ စစ်မူကို ကောင်းကောင်းမွန်မွန် မွေးမြူထားကြတာပဲ"
မေမေကျိုးက ပြုံးပြီးပြောလိုက်သည်။ "ဒီနေ့ ရှင်လာမယ်ဆိုတာ ကျွန်မ မသိထားဘူး"
လျန့်ယွဲ့ ၏ မျက်လုံးတွေ လင်းလက်သွားသည်။ "စိတ်မပူပါနဲ့ ကျွန်မမှာ ကျွန်မရဲ့နည်းလမ်းရှိပါတယ်"
"ကောင်းတာပေါ့။ ရှောင်ရှောင်က အေးချမ်းတဲ့ဘဝကို လိုချင်တယ်ဆိုတာ ရှင်လည်းသိတာပဲ၊ အမှန်က စစ်မူက ရှောင်ရှောင်ရဲ့ စိတ်နေစိတ်ထားကိုအမွေရထားတာ။ သူတို့နှစ်ယောက်လုံးက အရမ်းသဘောကောင်းကြတယ်။ ဒီထက်ပိုပြီး အနာဂတ်မှာ လာမရှုပ်ဖို့လည်း ကျွန်မတို့မျှော်လင့်ပါတယ်"
လျန့်ယွဲ့ ၏ မျက်နှာက ဖျော့တော့သွားသည်။ လွန်ခဲ့သည့် နှစ်နှစ်ကျော်က အခြေအနေများစွာတွင် သူမ ကျိုးရှို့လင်းနဲ့ ကြုံတွေ့ခဲ့ရပေမယ့် ကျန်းရှောင်ကို တစ်ခါမှ မမြင်တွေ့ရခဲ့ပေ။
ကျန်းရှောင်က သူမနှင့် အဆက်အသွယ် အားလုံးကို ဖြတ်တောက်ရန် စိတ်ပြင်းပြခဲ့သည်။
"မေမေ၊ ဖေဖေ၊ မနေ့ညက အန်တီရှု့ရန်ရဲ့ အမေကို တွေ့ခဲ့တယ်။ သူက သားကို ချီးကျူးသွားသေးတယ်"
ကျန်းရှောင်က သူ့ဆံပင်တွေကို ဖြီးပေးနေပြီး သူမရဲ့ အမူအရာက အပြုံးအရိပ်အမြွက်နဲ့ တည်တည်ငြိမ်ငြိမ်ပါပဲ။ "ဒါပေမယ့် မင်း သိပ်ဂုဏ်ယူမနေသင့်ဘူး"
"ဒါပေမယ့် အဖွားက သားကိုမြင်ရင် နည်းနည်းတော့ ဝမ်းနည်းနေသလိုမျိုး သား ခံစားမိတယ်"
"ဘာဖြစ်လို့လဲ"
"သူက သားတွေ့တဲ့အခါတိုင်း ဝမ်းနည်းနေသလိုပဲ"
“မဟုတ်တာ။ အဲ့လိုမဖြစ်နိုင်ပါဘူး ဘာလို့လဲဆိုတော့ အဖွားက အသက်ကြီးနေပြီ။ သားကိုတွေ့တော့ သူ့ရဲ့ငယ်ဘဝကို ပြန်တွေးမိသွားလို့နေမှာပါ။ အဲ့တာက ဝမ်းနည်းတာ မဟုတ်ဘူး၊ လွမ်းဆွတ်နေတာ သက်သက်ပဲ"
ပဲပင်ပေါက်လေးက နားလည်ပုံရသည်။
နောင်တရမှုအားလုံးကို တည့်မတ်သွားအောင် လုပ်လို့ မရနိုင်ဘူး။
မိသားစုသုံးယောက်သား မြို့ပြနှင့် ဝေးကွာသော မြို့တော်ရှိ ဟိုတယ်တစ်ခုသို့ သွားကာ သာယာလှပသော ပတ်၀န်းကျင်— ၎င်းတို့တွင် အမျိုးမျိုးသော အားကစားလှုပ်ရှားမှုများ ရှိသော်လည်း ပုံမှန်နေ့တွေလို လူသိပ်မများပေ။
ယနေ့တွင် ရေကူးကန်က လူမရှိနေသေးပေ။
ကျိုးရှို့လင်းက ပဲပင်ပေါက်လေးကို သူ့ရေကူးဝတ်စုံလဲပေးဖို့ ကူညီပေးခဲ့ပြီး နှစ်ယောက်စလုံး ရေကူးကန်ထဲသို့ အရင်ဝင်ခဲ့ကြသည်။ ကျိုးရှို့လင်းရဲ့ လမ်းညွှန်မှုနဲ့အတူ ပဲပင်ပေါက်လေးက လှပစွာ ရေကူးတတ်သွားခဲ့သည်။
ကျန်းရှောင် ရေကူးကန်ဘေးတွင်ထိုင်ကာ ခြေထောက်များကို အေးမြသောရေထဲတွင် စိမ်ထားပြီး အပူဒဏ်မှ သက်သာရာရစေရန် သူမ ပခုံးပေါ် မျက်နှာသုတ်ပုဝါကို ပတ်ထားသည်။
ဒီလိုနေ့ရက်တွေက တကယ်ကို သာယာနေခဲ့သည်။
ကျိုးရှို့လင်းကို ကြည့်ရင်း သူမ မျက်လုံးမှေးခဲ့သည်။ သူသည် ကျယ်ပြန့်သော ပခုံးပြင်နှင့် ခါးကျဉ်ကျဥ်နဲ့ ရေကူးဘောင်းဘီကိုသာ ၀တ်ဆင်ထားပြီး သူ၏ တိကျသေချာသော အသွင်အပြင်ကို ပြသထားသည်။ သူ၏ ကြွက်သားတွေက အဆီပိုမရှိဘဲ တင်းမာပြီး ပိန်ပါးသည်။ သူ့ရဲ့ပုံမှန်လေ့ကျင့်ခန်း လုပ်ရိုးလုပ်စဉ်က ပြေလည်သွားတယ်ဆိုတာ ထင်ရှားသည်။
ကျန်းရှောင် သူမ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ဗိုက်က ယခင်ကထက် အနည်းငယ်ပိုပြီးပြည့်ဝိုင်းလာကာ ရင်ဘတ်က cup အရွယ်အစားကကြီးလာသည်။
ယနေ့တွင် သူမသည် ပဲပင်ပေါက်လေး၏ ကမြင်းခြင်းကြောင့် ပျောက်နေတဲ့ မလေးလုံခြည်နဲ့ သုံးထည်ပါ ရေကူးဝတ်စုံကို ယူဆောင်လာခဲ့သည်။ ကျန်းရှောင် သည် ရှေးရိုးဆန်ပြီး ထိုကဲ့သို့ ထင်ရှားပေါ်လွင်သော ရေကူးဝတ်စုံကို မဝတ်ရဲပေ။
ကျိုးရှို့လင်းက သူမအနားကို ချဉ်းကပ်ပြီးပြောခဲ့သည်။ "ကိုယ်နဲ့ နှစ်ပတ်လောက် ရေကူးချင်လား"
ကျန်းရှောင် ခေါင်းခါလိုက်သည်။ "ကျွန်မ ရှင်နဲ့လိုက်မကူးနိုင်ဘူး"
ကျိုးရှို့လင်းသည် သူမက မည်သည့်လေ့ကျင့်ခန်းပုံစံကိုမျှ စိတ်အားထက်သန်ခြင်း မရှိကြောင်း သိထားပြီး၊ မိန်းကလေးအများစုတွင် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သည်ဟု သူယူဆခဲ့သည်။ နောက်ထပ် သဲသဲမဲမဲမရှိဘဲ သူမရဲ့လက်ဆွဲပြီး သူမကို ရေကန်ထဲသို့ ဆွဲချကာ သူမ မျက်နှာသုတ်ပုဝါကို အနီးရှိ ကုလားထိုင်ပေါ်သို့ ပေါ့ပေါ့ဆဆ ပစ်ချလိုက်သည်။
ကျန်းရှောင် အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး သူ့အပေါ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း သူမရဲ့နှလုံးခုန်သံတွေက ခုန်ပေါက်နေသည်။
ကျိုးရှို့လင်းက သူမကို လက်နှစ်ဖက်ကနေ မြှောက်ထားကာ သူ့မျက်နှာက ရေစိုနေကာ ရေစက်လေးတွေက သူ့ပါးပြင်ပေါ် မှာကပ်နေသည်။ "ကြောက်လို့လား" သူ မေးလိုက်သည်။
ကျန်းရှောင်က သူမရဲ့ကြောက်တဲ့စိတ်ကို ငြင်းဆန်ကာ ခေါင်းယမ်းလိုက်သည်။
ကျိုးရှို့လင်းက သူမကို ပွေ့ဖက်ထားဖို့ ဆုံးဖြတ်လိုက်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေက တပြိုင်နက် ဖိကပ်သွားခဲ့သည်။
သူနှင့်အတူ အနီးနားတွင် သူမက ချက်ချင်း ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ သက်သာရာရသွားသည်။ သူတို့သည် ကနဦးတွင် အနည်းငယ် ရေကူးရန် ရည်ရွယ်ထားသော်လည်း ၎င်း၏ ကိုင်ဆွဲမှုကြောင့် ၎င်းတို့၏ အစီအစဉ်များကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သူမ၏ ရင်ဘတ်ပေါ်က အနီကွက်လေးတွေ အများအပြားကို သူ သတိပြုမိပြီး ၎င်းတို့ကို စိုက်ကြည့်ခဲ့သည်။
ကျန်းရှောင်က သူ့ကို တင်းတင်းမာမာ ကြည့်ပြီးပြောလိုက်သည်။ "ကျွန်မ ရေကန်နားမှာပဲ ခဏထိုင်နေလိုက်မယ်။ ရှင်က ရေဆက်ကူးနေလိုက်"
သူက တခစ်ခစ်ရယ်ကာ သူမကိုဖက်ထားပြီး လက်လွှတ်ရန် ငြင်းဆန်ခဲ့သည်။ "မင်း မကြာသေးခင်ကစပြီး ကိုယ်အလေးချိန်တက်လာတယ်"
ကျန်းရှောင် နှုတ်ခမ်းစူပြီး တုန့်ပြန်လိုက်သည်။
"ဒါပေမယ့် ကိုယ် မင်းကို မြှောက်နိုင်တုန်းပဲ" ဟု သူက ပြုံးဖြဖြဲလုပ်ပြခဲ့သည်။
အဲဒါနဲ့ သူက သူမကို ရေထဲကနေ ဖြည်းဖြည်းချင်း ဆွဲမလိုက်ပြီး ကျန်းရှောင်ရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းဟာ မျက်နှာပြင်ထက်မှာ ရှိနေသည်။
"ကျိုးရှို့လင်း!"
လင်မယားတွေက အခိုက်အတန့်၏ လျှို့ဝှက်ချက်ကို အခွင့်ကောင်းယူကာ တစ်ယောက်ကိုတစ်ယောက် ရွှတ်နောက်နောက်နဲ့ စနောက်ကျီစယ်နေကြသည်။
ပဲပင်ပေါက်လေးက အေးအေးဆေးဆေး ရေကူးလာပြီး စကားပြောခဲ့သည်။ "ဖေဖေ၊သားလည်း မေမေကို အမြင့်ကို မြှောက်ချင်လို့။ အိုး မေမေ၊မေမေ အလက်ဂျစ်တွေဖြစ်နေတာလား။ မေမေ့ ရင်ဘတ်က နီနေပြီ "
ကျန်းရှောင် ကျိုးရှို့လင်းကို စိုက်ကြည့်လိုက်သည်။
ကျိုးရှို့လင်း ပခုံးတွန့်ကာ ပြုံးပြလိုက်သည်။ "ဖေဖေ နောက်မှ မေမေ့ကို ပေးဖို့ဆေးဝယ်ပေးလိုက်မယ် အဲ့လိုဆိုသက်သာသွားလိမ့်မယ် "
ပဲပင်ပေါက်ငယ်က ဘာမှမသိဘဲ သဘောတူကာ ခေါင်းညိတ်ခဲ့သည်။
ကျိုးရှို့လင်းက သူမပါးကို နမ်းပြီးပြောလိုက်သည်။ "မစ္စစ်ကျိုး၊ နှစ်ကျော့ကူးလို့ မင်းအနိုင်ရရင် မင်းရဲ့တောင်းဆိုချက်တစ်ခုကို ဖြည့်ဆည်းပေးမယ်လို့ ကိုယ်ကတိပေးတယ် " သူမရဲ့ စိုစွတ်နေသော ဆံပင်များကို ပွတ်သပ်ကာ သူ့ရဲ့ ချစ်ခင်တွယ်တာသော အမူအရာတွေက ပြည့်နှက်နေခဲ့သည်။
နောက်ဆုံးတွင် ကျန်းရှောင်က ပြိုင်ပွဲတွင် အနိုင်ရခဲ့သော်လည်း သူမသည် ထိုသို့ပြုလုပ်ရန် လှည့်ကွက်အနည်းငယ်ကို အသုံးပြုခံခဲ့ရသည်။
နောက်ပိုင်းမှာတော့ သူမဟာ Twitter မှာ ဓာတ်ပုံတစ်ပုံကို တင်ခဲ့သည်။ သူမ၏ မိုက်ခရိုဘလော့ဂ်ကို နောက်ဆုံးအကြိမ် အပ်ဒိတ်လုပ်ခဲ့သည်မှာ တစ်လခွဲကြာပြီဖြစ်သည်။
ရွှန်းလဲ့သောရေ၏ အစွန်းတွင် ကျိုးရှို့လင်းက ပဲပင်ပေါက်လေး၏ လက်ကို ကိုင်ထားပြီး သူ့လှုပ်ရှားမှုကို ပြုပြင်ရန် ဘေးတိုက်လှည့်လိုက်သည်။ အဲ့ဒီမှာ လဲလျောင်းနေတဲ့ ပဲပင်ပေါက်လေးက ဖင်တုံးကိတ်ကိတ်လေးတွေနဲ့ အနီရောင် စူပါမင်း အတွင်းခံဘောင်းဘီက အရမ်းဆွဲဆောင်မှုရှိနေခဲ့သည်။
သူမ စားရေးသားခဲ့သည် - "နှစ်တွေ ကောင်းမွန်ပါစေ၊ အချိန်လည်း မဟောင်းနွမ်းချင်ဘူး။ ရှင်နဲ့ကျွန်မတို့ အတူရှိနေမယ်ဆိုရင် ဒီဘဝကပြီးပြည့်စုံ လုံလောက်ပါပြီ"