( ကျိုးစစ်မူ extra 1.2)
Vol. 10 Ch. 133
သူ့မိဘတွေက သူမကို ကျောင်းမှာ တစ်ယောက်တည်း ထားခဲ့ကြလို့ ချင်းယိ အရမ်းဒေါသထွက်ခဲ့သည်။
ချင်းယိက သူမရဲ့နှုတ်ခမ်းတွေကို ဖိကိုက်ထားခဲ့သည်။ "ကလေးတွေမှာ လူ့အခွင့်အရေး လုံးဝမရှိဘူး" အဲဒီ့နောက် သူမလှည့်ပြီး စာသင်ခန်းထဲသို့ ဝင်သွားလိုက်သည်။
လင်းဝူက ကားပေါ်သို့ ပြန်လာကာ passenger ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ “သူမ အနာဂတ်မှာ ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ ကောင်းကောင်း သင်ယူနိုင်လာလိမ့်မယ်။ ဒါမှ သူမရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်မှာ"
ချင်းဟန် ရယ်မောသည်။ “ဒီနေ့ခေတ် ကလေးတွေက ကိုယ်တို့ ခေတ်ကထက် ကွဲပြားခြားနားတဲ့ အရာတွေကို ထိတွေ့ခွင့်ရကြပြီး မြန်မြန်ဆန်ဆန်ပဲ သင်ယူတတ်မြောက်ကြတယ်။ ယိယိရဲ့ ဘာသာစကားဖော်ပြနိုင်စွမ်းက အသက်တူကလေးတွေထက် အများကြီးသာတယ်။ ဒါကြောင့် တစ်ခါတလေကျရင် အရမ်းချဲ့ကားလွန်းတယ်"
လင်းဝူ ခေါင်းကိုစောင်းကာ မေးလိုက်သည်။ "ဒါက ကလေးကြီးတွေနဲ့ ပိုပြီး ဆက်သွယ်လို့များလား"
ချင်းဟန် မျက်မှောင်ကြုတ်လိုက်သည်။ "ဖြစ်နိုင်တယ်။စစ်မူကလည်း အရမ်းအဖိုးတန်တယ်"
လင်းဝူ ပြုံးလိုက်သည်။ "စစ်မူ ပိုပိုပြီး တည်ငြိမ်လာတယ်လို့ ကျွန်မတော့ ထင်မိတယ်။ စကားမစပ် ကျန်းရှောင် ပိတ်ရက်မှာ လျန့်နန်ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့တော်ကို သွားဖို့ပြောထားတယ်"
ချင်းဟန် - "မင်း ဒီကလေးကို သဘောကျနေတာပဲ"
လင်းဝူ နှုတ်ခမ်းတွေကို ဖိလိုက်သည်။ "သူက ယိယိကို ကောင်းကောင်း ဂရုစိုက်တာကိုး"
ချင်းဟန် စကားပြောတာ ရပ်လိုက်သည်။
မိသားစု နှစ်စုရဲ့ ဆက်ဆံရေး ကောင်းမွန်သည်။ ချင်းယိသည် တစ်ခါတစ်ရံ ကျိုး မိသားစုဆီမှာ နေပြီး ကျိုးစစ်မူသည်လည်း ချင်း မိသားစုမှာ တစ်ညတလေနေသည်။
"ကောင်းပါတယ်။ မင်းလိုပဲပေါ့ မင်းမှာ ရှန်ယိထင်နဲ့ ချွီချန် တို့ရှိတယ်လေ၊ မင်းငယ်ငယ်တုန်းက မင်းကို အဖော်ပြုဖို့ တစ်ယောက်ယောက်ရှိတယ်၊ ဒါကြောင့် မင်း ကြီးပြင်းလာတော့ မင်း အရမ်းအထီးကျန်မနေခဲ့ဘူး"ချင်းဟန် သူမကို တစ်ချက်ကြည့်လိုက်သည်။
"ကိုယ်တို့ သုံးယောက်က သူငယ်ချင်းတွေပဲ၊ ကိုယ်ကတော့ ငယ်ငယ်ကတည်းက မိန်းကလေးတွေကို နမ်းတဲ့နည်းကို သိတဲ့ ကျိုးစစ်မူနဲ့ မတူဘူး။ (ယိယိ ငယ်ငယ်လေးတုန်းက ကျိုးစစ်မူ နမ်းလိုက်တာကို ပြောနေတာလေ)"
လင်းဝူ စကားပြောတာ ရပ်လိုက်ပြီး ဒေါက်တာ ချင်းက သူ့ရင်ဘတ်မှာ မီးလုံးကို ကိုင်ထားပြန်ပြီ။
စနေနေ့ နံနက်အစောပိုင်းတွင် မိသားစုနှစ်စုသည် ၎င်းတို့၏ကိုယ်ပိုင်ကားဖြင့် လျန့်နန်မြို့သို့ မောင်းနှင်ခဲ့ကြသည်။
လျန့်နန်သို့ ရောက်ပြီးနောက် သူတို့သည် ဗီလာတစ်ခုတွင် တည်းခိုကြပြီး လူကြီးတွေက သန့်ရှင်းရေးလုပ်ရန် အခန်းဆီသို့ သွားခဲ့ကြသည်။
ကျိုးစစ်မူနှင့် ချင်းယိတို့က ဧည့်ခန်းထဲတွင် ကစားနေကြသည်။
ချင်းယိက ဤကာလအတွင်း ပလတ်စတစ် (clay) ဆော့ကစားရတာကို စွဲလန်းပြီး နေ့တိုင်း ၎င်းနှင့် ကစားရန် ဘယ်သောအခါမှ မငြီးငွေ့ပေ။ "ကိုကို မူမူ၊ ကိုကို့အတွက်တစ်ခု လုပ်ပေးမယ်နော်"
ကျိုးစစ်မူက သူမလက်ထဲတွင် ဖန်တီးထားတဲ့ အရာများစွာကို ကြည့်ကာ ၎င်းတို့သည် မည်သည့်အရာဖြစ်သည်ကို သူ မပြောနိုင်ပေ။ သူ အနည်းငယ်ပြုံးလိုက်သည်။ "ညီမလေးရဲ့ဖေဖေပုံ လုပ်နိုင်လား"
ချင်းယီ ရယ်မောလိုက်သည်။ "ဖေဖေက ကိုကို့ လောက် ကြည့်မကောင်းဘူး"
ကျိုးစစ်မူ - "ကောင်လေးတွေကို ကြည့်ကောင်းတယ်လို့ သုံးလို့မရဘူး "
ချင်းယိ - "ဒါဆို ဘာကိုသုံးရမှာလဲ"
ကျိုးစစ်မူ - "ချောတယ်လို့သုံးရမှာ"
ချင်းယိ - "ချောတယ်? ချောတယ်? ညီမလေး သိတယ်။ ညီမလေး အင်္ဂလိပ်စာလေ့လာထားတယ်။"
ကံကောင်းထောက်မစွာ ယိယိမှာ အမြီးမရှိနေလို့သာ။ မဟုတ်ရင် သူမ အမြှီးကို စတင်ဝှေ့ယမ်းနေလိမ့်မည်။
ကျိုးစစ်မူ ပြုံးလိုက်သည်။ "ဟုတ်တယ်"
ချင်ယိ clay ဖြင့် နာနာခံခံ ကစားနေစဥ် ကျိုးစစ်မူက ကျောင်းလွယ်အိတ်ကိုဖွင့်ကာ သူနှင့်အတူသယ်ဆောင်လာတဲ့ စာအုပ်ကိုထုတ်ခဲ့သည်။
"ကိုကို စစ်မူ၊ မူလတန်းကျောင်းတက်ရတာပျော်စရာကောင်းလား"
"မူကြိုတက်ရတာနဲ့တော့ မတူဘူး။ မူလတန်းကျောင်းက နေ့တိုင်း စည်းကမ်းနဲ့ အိမ်စာတွေ လုပ်ဖို့လိုတယ်"
ချင်းယိ ခေတ္တတိတ်ဆိတ်နေပြီး ဘာမှပြန်မပြောခဲ့ပေ။
ကျိုးစစ်မူ - "မကြောက်ပါနဲ့ မူလတန်းကျောင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်"
ချင်းယိ - "ကိုကို စစ်မူ၊ ကိုကို စာကိုကြိုးကြိုးစားစားသင်ရမယ်နော်။ နောင်မှာ ညီမလေး မူလတန်းကျောင်းတက်ရင် ညီမလေးရဲ့ အိမ်စာတွေကို ကိုကို ကူညီပေးရမယ်။ ညီမလေးက အိမ်စာလုပ်ရတာ မကြိုက်ဘူး"
ကျိုးစစ်မူ - "......."
လူကြီးတွေ ထွက်လာချိန်မှာတော့ သူတို့ဒီလိုလှပတဲ့ မြင်ကွင်းကို ကြည့်ရှုခဲ့ကြသည်။ ကျိုးစစ်မူက ကျောကို မတ်မတ်ထားပြီး ခေါင်းငုံ့ကာ စာအုပ်ဖတ်နသည်။ ချင်းယိက ကျိုးစစ်မူ ဘေးမှာထိုင်နေပြီး clay ကို ညှစ်ရန် အာရုံစိုက်ခဲ့သည်။
လင်းဝူ သက်ပြင်းချလိုက်သည်။ "မူမူက သူ့အဖေနဲ့ ပိုတူလာတယ်"
ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။ "ငါ ငယ်ငယ်တုန်းက အရမ်းတုံးခဲ့တာ၊ ဒါပေမယ့် အခု ငါ ရှို့လင်းနဲ့ အရမ်းတူနေပြီ"
လင်းဝူ ချိုသာစွာပြောလိုက်သည်။ "မူမူ၊ ယိယိ၊ လက်တွေဆေးကြတော့ ထမင်းစားချိန်ရောက်ပြီ"
ချင်းယိသည် သူမညှစ်ထားသော clayအရုပ်နှင့်အတူ ပြေးလာခဲ့သည်။
ချင်းဟန်က သူမကို ကောက်ချီပြီး မေးလိုက်သည်။ "သမီးလေး ဘာတွေလုပ်နေတာလဲ"
ချင်းယိ - "ဖေဖေ ဘယ်လိုထင်လဲ"
ချင်းဟန် သူမကို သေသေချာချာကြည့်လိုက်သည်။ "ဒါက ဖေဖေ လား"
ချင်းယိ ဂုဏ်ယူစွာပြောလိုက်သည်။ "ဒါ သမီးရဲ့ ရုပ်ချောတဲ့ ကိုကိုမူမူလေ "
လူတိုင်း - "......"
ချင်းဟန် ကျိုးစစ်မးကို ကြည့်လိုက်သည်။ ကျိုးစစ်မူက သူ့နှာခေါင်းကို ထိပြီး လင်းဝူကို ကြည့်လိုက်သည်။ "အန်တီ သားတို့ ဘယ်သွားစားကြမှာလဲ"
လင်းဝူ - "......"
......
ချင်းယိသည် ထိပ်တန်း classမှ ဘွဲ့ရပြီးနောက် နွေရာသီတွင် တီဗီဌာနမှကျင်းပသော ပြည်နယ်လူငယ်စွမ်းရည်ပြပွဲတွင် ပါဝင်ခဲ့သည်။
အိမ်ရှိ ဆွေမျိုးတွေ အားလုံး လာရောက် အားပေးခဲ့ကြသည်။
ကျိုးစစ်မူလည်း လာခဲ့သည်။ သူက သူ့အမေလို အရပ်ရှည်လာပြီ။ "အန်တီ၊ ဦးလေး၊ ကျွန်တော့်ရဲ့မိဘတွေ ဒီနေ့ အလုပ်ရှုပ်နေလို့ ဒီကို သား တစ်ယောက်တည်းပဲ လာခဲ့တာ"
လင်းဝူ ပြန်တုံ့ပြန်လိုက်သည်။ "ယိယိက သားကို လာပြီလားလို့ မေးနေတာ"
"ကျွန်တော် ညီမလေးကို သွားတွေ့လိုက်ဦးမယ်"
ကျိုးစစ်မူသည် စင်နောက်ဘက်သို့ သွားလိုက်သည်။ ချင်းယိက သူမဘေးနားရှိ ကလေးများနှင့် စကားပြောနေသည်ကို သူ မြင်လိုက်ရပြီး သူမ လုံးဝ ကြောက်နေတဲ့ပုံမပေါ်ပေ။
"ယိယိ"
"ကိုကို၊ လာပြီလား"
"ခဏလောက်ထိ စိတ်မလှုပ်ရှားစေနဲ့နော်"
"ပြဿနာမရှိပါဘူး"
ကျိုးစစ်မူ ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး သူမရဲ့ဆံပင်ရှည်တွေကို ထိဖို့ သူ့လက်ကို မြှောက်လိုက်သည်။
အဲဒီနေ့က ချင်းယိ ရဲ့ တစ်ကိုယ်တော် စန္ဒယားတီးပြမှုက တကယ်ကို အံ့သြစရာကောင်းလှသည်။ Mozart ၏ "Sonata" သည် တည်ငြိမ်သော အရှိန်အဝါနှင့် ချောမွေ့သော အသံဖြင့် ခြောက်နှစ်အရွယ် ကလေးတစ်ဦး၏ တစ်ကိုယ်တော်ဖျော်ဖြေမှုဖြစ်သည်။
ချင်း မိသားစုသည် ဤနယ်ပယ်တွင် ချင်းယိမှာ အရည်အချင်းရှိမှန်း သိသော်လည်း ဤမျှ ကောင်းမွန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ဖေဖေချင်း ဇဝေဇဝါဖြစ်သွားသည်။ "ဒါက ဘယ်သူနဲ့တူတာလဲ။ ငါတို့မိသားစုက ဂီတပညာရှင်ကို မျိုးဆက်ပေါင်းများစွာ မမွေးထုတ်ခဲ့ပါဘူး"
မေမေချင်းက ပြုံးလိုက်သည်။ "ယိယိမှာ ကျွန်မရဲ့ မိန်းကလေးတွေအကြောင်း စိတ်ကူးယဉ်တာတွေနဲ့ပြည့်နေတာ။ ကျွန်မ အရင်က ဒီလိုမိန်းကလေးမျိုး လိုချင်ခဲ့ဖူးတာ"
ချင်းဟန်က လင်းဝူကို ဘေးတိုက်ကြည့်လိုက်သည်။ "သူမက လင်းဝူ နဲ့တူတယ်၊ မြောင် လူမျိုးစုက သဘာဝအတိုင်း သီဆိုကခုန်တတ်တယ်၊ ဂီတစွမ်းရည်လည်းရှိတယ် " (လင်းဝူက မြောင် နွယ်ဖွား၊ တရုတ်လူမျိုးအနည်းစု)
လင်းဝူက နှုတ်ခမ်းကို အနည်းငယ် ဖိလိုက်သည်။
ချင်းဟန်က သူ့အသံကို မျိုသိပ်ထားပြီးပြောခဲ့သည်။ "ချင်းယိ ကံကောင်းသွားပြန်ပြီ။ စာမေးပွဲမှာ အပိုအမှတ်တွေ ရရုံတင်မကဘဲ သူ့အမေရဲ့ ဂီတစွမ်းရည်ကိုလည်း အမွေဆက်ခံထားတယ်" (တိုင်းရင်းသားလူနည်းစုတွေက Gaokao ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်ပိုရသွားပါတယ် )
တကယ်တော့ လင်းဝူက သီချင်းကို လုံးဝမသိခဲ့သလို သူမရဲ့ခံစားချက်အတိုင်းပဲ သီဆိုခဲ့တာပင်။
"ချင်းဟန်၊ ယိယိ စန္ဒယားကို သင်ယူရတာ ဝါသနာပါရင် သူမကို ဆက်လေ့လာခိုင်းလိုက်"
"ကိုယ်လည်း အဲ့လိုပဲတွေးထားတယ်"
သူတို့နှစ်ယောက်လုံးက အတွေ့အကြုံရှိသူတွေပင်။ သင်ယူမှုကို စိတ်ပါဝင်စားပြီး စိတ်ရှည်သည်းခံနိုင်သရွေ့ သူတို့ဘာပဲလုပ်လုပ် ပျော်ရွှင်ကြလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်သည်။
ချင်းယိသည် တစ်လမ်းလုံး တည်ငြိမ်နေပြီး၊ သူမက ချင်းဟန်နှင့် လင်းဝူလို စာလေ့လာတဲ့နေရမှာ ကောင်းမွန်မှု မရှိသော်လည်း သူမ၏ အဆင့်တွေက အမြဲတမ်း ထိပ်ဆုံး အဆင့်ငါးဆယ်တွင် ရှိနေသည်။
ကျိုးစစ်မူ က သူမရဲ့ လေ့လာမှုမှာ သူမ သိပ်ဂရုမစိုက်ဘူးလို့ အမြဲခံစားခဲ့ရသည်။ စာမေးပွဲဖြေဖို့အတိုင်ခင်အချိန်တိုင် သူ သူမနဲ့ ပြန်သုံးသပ်မှုတွေလုပ်ပေးရသည်။
ချင်းယိ ဂျူနီယာ အထက်တန်း တတိယနှစ်ရောက်သောအခါ ကျိုးစစ်မူက ပီ တက္ကသိုလ်ကို ပညာသင်ကြားဖို့သွားနေပြီ။ တစ်ယောက်နဲ့တစ်ယောက် ခွဲနေရပြီး နှစ်ယောက်သား အပတ်တိုင်း ဖုန်းပြောဖြစ်ကြသည်။
"ကိုကို စစ်မူ၊ ညီမလေး စနေနေ့ကျရင် စန္ဒယားတီးဖို့ S မြို့ကို သွားရမယ်"
" နောက်တစ်ပတ်မှာ အထက်တန်း စာမေးပွဲ ဖြေရမှာမဟုတ်ဘူးလား"
"အဆင်ပြေလောက်မှာပါ"
“အခွင့်အရေးရဖို့ အမှတ် ၁ အလယ်တန်းကျောင်းရဲ့ လက်ရှိဝင်ခွင့်ရမှတ်က မြို့တော်ရဲ့ ထိပ်ဆုံး ၁၀၀၀ စာရင်းထဲမှာပဲ ဖြစ်ရမယ်"
"စာမေးပွဲမဖြေခင် ညီမလေးကို ဖိအားမပေးပါနဲ့နော် ဟုတ်ပြီလား"
"ညီမလေး အမှတ်၁ အလယ်တန်းကျောင်းကို မတက်ရရင် ကိုကို ဘွဲ့ရပြီးရင် တရုတ်ပြည်မှာ ပညာမသင်တော့ဘဲ နေလိုက်မှာနော် "
ချင်းယိ - "......"
ကျိုးစစ်မူ - "ကောင်းပြီ၊ သေချာအဲ့တာကို စဉ်းစားထား.."
ဖုန်းချပြီးနောက် ချင်းယိ ဧည့်ခန်းထဲတွင် စာရင်းမဲ့စွာ ထိုင်နေခဲ့သည်။
မေမေချင်းက သူမကို စကားလုံးအနည်းငယ်ဖြင့် ခေါ်ခဲ့သော်လည်း သူမ မကြားလိုက်ပေ။ "ယိယိ အသီးစားဦး"
"ဟုတ်ကဲ့ အဖွား"
မေမေချင်းက သူမကို စိုးရိမ်တကြီးကြည့်နေသည်။ ဒီကလေးက စာမေးပွဲ မဖြေဆိုခင် ပြည့်စုံတဲ့ certificate ကို ဘယ်လို ရအောင် လုပ်ရမလဲဆိုတာကို မသိဘူး။
လာမယ့် စနေနေ့မှာတော့ ချင်း မိသားစုက သူမ အပြင်ထွက်ဖို့ အဆင်သင့်မဖြစ်သေးတာကို တွေ့လိုက်ရသည်။
ချင်းဟန် မျက်မှောင်ကြုတ်လိုက်သည်။ "သမီး S မြို့ကို မသွားတော့ဘူးလား"
ချင်းယိ - "ဘယ်အချိန်ရှိပြီလဲ၊ သမီး နာရီနဲ့ ယှဉ်ပြီး စာကျက်ဖို့ ဘယ်လို စိတ်ကူးရနိုင်မလဲ။ အမှတ် (၁) အလယ်တန်းကျောင်းကိုတက်ဖို့ သမီး မအောင်မြင်ခဲ့ရင် သမီးရဲ့မိဘတွေ မျက်နှာပျက်အောင် လုပ်မိသလိုဖြစ်လိမ့်မယ်"
ချင်းဟန် မျက်ခုံးပင့်လိုက်ပြီး ဂုဏ်ယူမိသလို ခံစားလိုက်ရသည်။ "စိတ်အေးအေးထား၊ မေမေနဲ့ဖေဖေက သမီးကိုယုံတယ်"
သူနဲ့ လင်းဝူတို့ နှစ်ယောက်တည်း ရှိနချိန်မှာတော့ သူ့သမီးလေး ပြောခဲ့တဲ့ စကားတွေကို သူမကို ပြန်ပြောပြခဲ့သည်။ "ယိယိက ပိုပိုပြီး ဥာဏ်ကောင်းလာတယ်"
လင်းဝူ ပြုံးလိုက်သည်။ "ဒါက စစ်မူက သူ့ကိုသွားခွင့်မပေးဘဲ အိမ်မှာ စာကျက်ခိုင်းလို့လေ"
ချင်းဟန် - "..." ငါ့နှလုံးသားလေး နာလိုက်တာ။