← Chapters

(ကျိုးစစ်မူ extra 1)

Vol. 10 Ch. 132

(ကျိုးစစ်မူ extra 1)

Vol. 10 Ch. 132

@လင်းဝူနှင့် ချင်းဟန်တို့၏ မင်္ဂလာပွဲ (ဟယ်လို...မစ္စတာကျိုးတွင် မကြာခဏပြောလေ့ရှိသည့် ကျန်းရှောင်ရဲ့bff တွေပါ"

မင်္ဂလာပွဲက ရင်ခုန်စရာကောင်းပြီး လှပသည်။

ကျိုးစစ်မူက နက်ကတိုင်နှင့် ဝတ်စုံပြည့်ကို ၀တ်ထားသည်။ သူ့ရဲ့ ချောမောတဲ့ အသွင်အပြင်က လက်ရှိ ကောင်မလေးတွေ အားလုံးကို သူနဲ့ ဆော့ကစားချင်နေစေသည်။

ဒါပေမယ့် လင်းဝူရဲ့ဗိုက်ထဲမှာ ကလေးရှိနေတယ်ဆိုတာကို သူ ကြားသိရပြီးနောက်မှာတော့ သူအရမ်းကို စိတ်လှုပ်ရှားခဲ့သည်။ သူ့အမေက သူ့အတွက် ညီမလေးကို မမွေးပေးနိုင်မှန်း သိပြီးနောက်မှာ လင်းဝူရဲ့ ရင်သွေးအပေါ် သူ့ရဲ့မျှော်လင့်ချက်ကို ထားခဲ့သည်။

ကျန်းရှောင်နဲ့ ချင်းဟန်က ဟာသလုပ်ခဲ့ကြသည်။ "မင်းမှာ သမီးတစ်ယောက်ရှိမယ်ဆိုရင် မူမူ ကတော့ မင်းမိသားစုအပေါ်မှာ မူတည်နေလိမ့်မယ်"

ကျိုးစစ်မူ လင်းဝူ၏ ဗိုက်ကို ညင်သာစွာထိလိုက်သည်။ "ကျေးဇူးပြုပြီး အသံကို လျော့ပေးပါ သားရဲ့ညီမလေး အိပ်ပျော်နေလို့"

လင်းဝူက သူ့ခေါင်းလေးကို ကိုင်လိုက်သည်။ "မူမူက အရမ်းတော်တာပဲ"

ကျန်းရှောင် သူ့ကို စနောက်ခဲ့သည်။ "မူမူ၊ သား အန်တီရဲ့ဗိုက်ထဲက ညီမလေးက သားရဲ့အနာဂတ်ဇနီးဖြစ်နိုင်မလား"

ကျိုးစစ်မူ လေးလေးနက်နက် စဥ်းစားခဲ့သည်။ "အိုခေ။ သားရဲ့အန်တီနဲ့ သားရဲ့ညီမလေးကို သား အရမ်းသဘောကျတယ်"

ချင်းဟန် နှာမှုတ်လိုက်သည်။ "ဒါဆို မင်း အလုပ်ကြိုးစားမှရမယ်"

ကျိုးစစ်မူ ချင်းဟန်ကို ကြည့်လိုက်သည်။ "ကောင်းပြီလေ"

" တောင် တောင် တောင်" တံခါးအပြင်ဘက်မှ အသံတိုးတိုးလေး ထွက်ပေါ်လာခဲ့သည်။

မေမေချင်းက အမျိုးသမီးတစ်ဦးနှင့်အတူ အထဲဝင်လာခဲ့သည်။ “ချင်းဟန်၊ လင်းဝူ၊ ဒါက မင်းတို့ရဲ့အဒေါ်ဝမ်းကွဲလေ ”

ချင်းဟန် ထိုအမျိုးသမီးကို မမှတ်မိတော့ လင်းဝူကို ကြည့်ဖို့ ခေါ်လိုက်သည်။

"Congratulations ပါ " သူမရဲ့အိတ်ထဲက ဘူးတစ်ဘူးကို ထုတ်လိုက်သည်။ "မင်းရဲ့ဝမ်းကွဲညီမက ဒါကို အန်တီ့ကို ပြင်ဆင်ခိုင်းထားတာ"

မေမေချင်း ခေါင်းညိတ်လိုက်သည်။ "ယူလိုက်လေ "

လင်းဝူ - "ကျေးဇူးတင်ပါတယ် အန်တီ"

မေမေချင်း မေးလိုက်သည်။ "ယီလုကော "

အန်တီချင် - "ကျွန်မ မိတ်ကပ်လိမ်းဖို့ ရေချိုးခန်းသွားတုန်းက သူ မင်္ဂလာဆောင်ကို လာမယ်လို့တော့ ပြောတယ်၊ အိုင်ဒေါ အိတ်က အရမ်းကိုလေးလွန်းတာပဲ"

မေမေချင်း ပြုံးလိုက်သည်။ "အနုပညာရှင်တွေ အားလုံးက ဒီလိုပါပဲ"

သူတို့စကားပြောနေတုန်း လှပတဲ့မိန်းကလေးတစ်ယောက်ဝင်လာပြီး ကျန်းရှောင်ကို တွေ့တဲ့အခါ ရှက်ပြုံးလေးပြုံးပြခဲ့သည်။ "အစ်မ ကျန်း အစ်မလည်း မင်္ဂလာပွဲလာတက်တာလား "

အန်တီချင်က မျက်မှောင်ကြုတ်လိုက်သည်။ "ဒီကိုလာ၊ နင့်အန်တီနဲ့ နင့်ရဲ့ဝမ်းကွဲအစ်ကိုကို လာတွေ့ဦး"

"မင်္ဂလာပါ အန်တီ" သူမက ခေါင်းညိတ်ပြလိုက်သည်။ "မင်္ဂလာပါ အစ်ကိုနဲ့ မရီး "

မေမေချင်း ပြုံးပြလိုက်သည်။ "ယီလုက TVထဲက ထက်တောင် ပိုလှတာပဲ"

ယီလု ရှက်ရွံ့စွာ ပြုံးလိုက်သည်။

ကျန်းရှောင်က ချင်ယီလုနှင့် ချင်းဟန်တို့က ဆွေမျိုးတွေဖြစ်မည်ဟု မထင်ထားခဲ့ပေ။

လူကြီးတွေ ထွက်ခွာသွားပြီးနောက် အားလုံးက လွတ်လွတ်လပ်လပ် ရယ်မောခဲ့ကြသည်။

ချင်ယီလုက ပြောပြခဲ့သည်။ “ကျွန်မတို့ မိသားစုနှစ်စုက ဆွေမျိုးတော်ကြတယ် ဖြစ်နိုင်တာကတော့ ချင်းဟန်နဲ့ ကျွန်မက အဖိုးကို မျှသုံးခဲ့ကြလို့ဖြစ်မယ်။ အရင်က ချင်းဟန်အကြောင်း ပြောတာ ကျွန်မမိဘတွေပြောတာတော့ ကြားဖူးတယ်"

ချင်းဟန် ပြုံးလိုက်သည်။ "ငါ့ဦးလေးနဲ့ အန်တီက ငါ့ကို ပြောနေကြတာလား"

ချင်ယီလု ပြုံးပြီးပြောလိုက်သည်။ "အစ်ကိုက ဉာဏ်ကောင်းတယ်။ အစ်ကိုက ငယ်ငယ်လေးကတည်းက နံပါတ်တစ်။ ကျွန်မ အစ်ကို့ဆီက သင်ယူပါရစေ " ထိုအချိန်တုန်းက သူမ ချင်းဟန်ကို မုန်းတီးခဲ့သည်။ နင့်မှာ ဘာလုပ်စရာမှမရှိတဲ့အခါ နင် ဉာဏ်ကောင်းလဲဘာလုပ်ရမှာလဲ။ သူက အမှတ် ၁ အလယ်တန်းကျောင်းက ဖြစ်ပြီး သူမက အမှတ် ၆ အလယ်တန်းကျောင်းက နှိုင်းစရာကိုမရှိဘူး။

ချင်းဟန်က သူမရဲ့ မျက်နှာပေါ်က အမှတ်အသားတွေ ကို စကင်န်ဖတ်ပြီး ပြောခဲ့သည်။ "ကျေးဇူးပါ ညီမဝမ်းကွဲ၊ မင်းက အရမ်းတော်တာပဲ"

ချင်ယီလု လင်းဝူ ကို ကြည့်လိုက်သည်။ ဒီလူနှစ်ယောက်က တကယ်ကို ကောင်းကင်ဘုံက ဖန်တီးထားတဲ့စုံတွဲတွေပဲ။ နှလုံးခွဲစိတ်ဆရာဝန်နှင့် သားဖွားမီးယပ်အထူးကုဆရာဝန်တို့ဆိုတာ ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုပဲ။

ညနေ ၆နာရီ ၆မိနစ် တွင် မင်္ဂလာပွဲကို အချိန်မှန်စတင်ခဲ့သည်။

လင်းဝူမှာ အဖေမရှိတာကြောင့် သူ့အဖေ ချင်း က သူမလက်ကို ကိုင်ကာ စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ မင်္ဂလာပွဲကို လာတဲ့သူတွေကတော့ အနည်းငယ် အံ့အားသင့်နေကြပေမယ့် ချင်းမိသားစုက လင်းဝူကို သဘောကျနေတာကိုလည်း သူတို့တွေ့ခဲ့ရသည်။

ချင်းဟန်က အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး စင်မြင့်အလယ်တွင် မတ်တပ်ရပ်နေသည်။

လင်းဝူက သူ့ဆီကို တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။

သူ့ရဲ့လက်ကို ဆန့်တန်းကာ ဒူးတစ်ဖက်ထောက်လိုက်ပြီး ခေါင်းကို အနည်းငယ် မြှောက်လိုက်ကာ မျက်လုံးတွေက ကြယ်တွေကို တောက်ပနေခဲ့သည်။

လက်စွပ်ကို ရိုရိုသေသေနဲ့ ဝတ်ဆင်ပေးပြီး သူမရဲ့ နားထဲကို ကတိတစ်ခုပေးခဲ့သည်။

တစ်ယောက်နဲ့တစ်ယောက် တစ်သက်လုံး အားကိုးကြရအောင်။

.....

ချင်း မိသားစုတွင် အဖိုးတန် မြေးမလေးတစ်ဦးမွေးဖွားခဲ့သည်။ နံနက်စောစောတွင် မေမေချင်းက သူမ၏ ဆွေမျိုးများအား သတင်းကောင်းကို အလျင်အမြန်ကြေညာခဲ့သည်။ လူတိုင်း ဆေးရုံကို လာစရာ မလိုဘဲ လင်းဝူ နဲ့ ကလေးကို အရင် အနားယူစေခိုင်းဖို့ ကြိုတင်ပြောထားခဲ့သည်။

ဒါပေမယ့် ထိုနေ့မွန်းတည့်ချိန်တွင် ကျိုးရှို့လင်းနှင့် သူ့မိသားစုတို့ ရောက်ချလာခဲ့သည်။

ကျန်းရှောင်က လင်းဝူကို သူမရဲ့ကလေးပြုစုတဲ့နည်းလမ်း အတွေ့အကြုံကို သင်ကြားပေးခဲ့သည်။ တစ်ဖက်တွင်လည်း ကျိုးရှို့လင်းနှင့် ချင်းဟန်တို့က မိဘအုပ်ထိန်းမှု အတွေ့အကြုံများကို အပြန်အလှန်ဖလှယ်ခဲ့ကြသည်။

ကျိုးစစ်မူက ကုတင်ဘေးမှာလှဲနေပြီး သူ့ညီမလေးကို စေ့စေ့ကြည့်ခဲ့သည်။ "ညီမလေး ယိယိ၊ ကိုကို့နာမည်က မူမူပါ " ထိုစကားကို ပြောပြီးနောက် ယိယိ၏ နဖူးလေးကို နမ်းလိုက်သည်။ (first kiss)

လူတိုင်း - "........"

ကျိုးရှို့လင်း အနည်းငယ်ရှက်သွားသည်။ "မူမူက ညီမလေးတစ်ယောက် အမြဲလိုချင်နေခဲ့တာ" သူ့သားရောက်လာတာနဲ့အမျှ ယိယိ ကို သူ့မိသားစုရဲ့သမီးတစ်ယောက်လိုယူဆထားတာကြောင့် သူ ဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။

ချင်းဟန်ရဲ့ မျက်လုံးတွေတွန့်သွားခဲ့သည်။ သူ့သမီးကို သူတောင်မှ မနမ်းရသေးဘူး။

ကျိုးစစ်မူက သူ့လက်လေးကို ဆန့်ထုတ်လိုက်ပြီး ယိယိ ၏လက်ကို ညင်သာစွာကိုင်ခဲ့သည်။ "ကိုကို့ညီမလေးဆီက နို့နံ့သင်းသင်းလေးရတယ် "

ကျန်းရှောင် တစ်ခစ်ခစ် ရယ်မောလိုက်သည်။ "ချင်းဟန်၊ ငါ့ရဲ့ ကျိုးစစ်မူကို နင်ဘယ်လိုထင်လဲ"

ချင်းဟန် အနည်းငယ် ပြုံးလိုက်သည်။ "ဒါက ယိယိ ပေါ်မှာပဲ မူတည်တယ်"

ကျန်းရှောင် သူ့သားဘက်ကို လှည့်ပြီးပြောလိုက်သည်။ “မူမူ၊ သား အခုကတည်းကစပြီး ယိယိ အပေါ်မှာ ဂရုစိုက် စောင့်ရှောက်ပေးရမယ်နော်"

ကျိုးစစ်မူ အလေးအနက်ပြောခဲ့သည်။ "ယိယိက အရမ်းချစ်စရာကောင်းတယ်၊ သားသူ့ကို အရမ်းသဘောကျတယ်"

လက်ရှိ လူကြီးတွေ ရယ်မောသွားခဲ့ကြသည်။

ကလေး ချင်းယိက ဆိတ်ငြိမ်သော ကိုယ်ရည်ကိုယ်သွေးရှိပြီး တကယ်ကို အကျင့်စာရိတ္တကောင်းမွန်လှသည်။ ခုနစ်လမှာ သူမ ထိုင်နေနိုင်ပြီ။ အသက် ဆယ့်နှစ်လသားအရွယ်တွင် သူမသည် အဖေနဲ့အမေကို ခေါ်နိုင်နေကာ ရှောင်ယဲ့အား အရုပ်တွေ ပစ်ပေးနိုင်နေပြီပင်။ (Samoyed ခွေးအိုကြီး )

ရှောင်ယဲ့က ချင်းယိ မွေးလာကတည်းက သူမနဲ့နေခဲ့တာ။ သူတို့အတူတူ ကစားကြသည်။ သူမ တွားသွားတဲ့အချိန်မှာ သူက ချင်းယိ နောက်က တကောက်ကောက် လိုက်ခဲ့သည်။

ရိုးသားတဲ့ ရှောင်ယဲ့က သူ၏နောက်ဆုံးနေ့ရက်တွေကို ချင်းယိနှင့် နေ့တိုင်းကုန်ဆုံးခဲ့ပြီး သူတို့ရဲ့ဆက်ဆံရေးက အလွန်ကောင်းမွန်ခဲ့သည်။

ရှောင်ယဲ့ သေဆုံးသွားသည့်နေ့တွင် ချင်းယိက ကျယ်လောင်စွာ အော်ဟစ်ငိုယိုခဲ့ပြီး ခွေးရဲ့နာမည်ကို ဆက်တိုက်ခေါ်နေခဲ့သည်။" ရှောင်ယဲ့ - ရှောင်ယဲ့ကို လိုချင်တယ် "

မိသားစုက ဘယ်လောက်ပဲ ဖြားယောင်းသွေးဆောင်ပြီး ချော့ဖို့ ကြိုးစားနေပါစေ ချင်းယိက စကား နားမထောင်ပေ။

"ယိယိ ဖွားဖွားက ယိယိကို Samoyed အသစ်အကောင် ဝယ်ပေးမယ်လေ "

"ဒါပေမယ့် အဲ့တာက ရှောင်ယဲ့မှ မဟုတ်တာ"

" ယိယိက လိမ္မာပါတယ်၊ ရှောင်ယဲ့က အသက်ကြီးပြီ။ သူ တခြားကမ္ဘာကို ရောက်သွားတာ "

"ရှောင်ယဲ့ သေသွားပြီဆိုတာ သမီးသိပါတယ်၊ ဒါပေမယ့် သူကဘာလို့ သေသွားရတာလဲ"

သူ့အဖွားက ဒီမေးခွန်းကို ဘယ်လိုရှင်းပြရမှန်းမသိခဲ့ပေ။ မေမေလင်းနှင့် မေမေချင်းတို့ ချွေးသီးချွေးပေါက်များထွက်လာကာ နောက်ဆုံးတွင် လင်းဝူဆီ ဖုန်းဆက်ကာ အဖြေတစ်ခုစဉ်းစားရန် တောင်းဆိုခဲ့သည်။

လင်းဝူက ချင်းယိ၏ ဝမ်းနည်းနေတဲ့ ခံစားချက်ကို ဖုန်းထဲတွင် အနည်းငယ် နှစ်သိမ့်ပေးခဲ့သည်။ "မေမေ ဒီည ကိုကို မူမူကို မေမေတို့အိမ်လာဖို့ ဖိတ်လိုက်မယ်၊ ကျေးဇူးပြုပြီး သမီးလေးက ကိုယ့်ကိုယ်ကို ပြင်ဆင်ထားလိုက်နော် "

ချင်းယိ ရှိုက်နေသည် - "ဟုတ်ကဲ့"

ညနေပိုင်းတွင် ကျန်းရှောင်က ကျိုးစစ်မူကို လိုက်ပို့ပေးခဲ့သည်။ ချင်းယိ ဝမ်းနည်းနေမှန်း ကျိုးစစ်မူက သိထားတာကြောင့် သူ့ကြောင်လေးကို သူမကိုပြဖို့ ခေါ်လာခဲ့သည်။

ချင်းယိကို သူ ဘယ်လို နှစ်သိမ့်ပေးမလဲတော့ သူ မသိဘူး။ ချင်းယိရဲ့ စိတ်က အမှန်တကယ် ကောင်းမွန်လာခဲ့သည်။

ချင်းဟန် ပြုံးပြီးပြောလိုက်သည်။ "အသက်တူတဲ့လူတွေအချင်းအချင် ဆက်သွယ်တာက ပိုလွယ်တယ်"

ဒီစကားလုံးတွေက ချဉ်နေတာပဲ။

...

ချင်းယိက ၃ နှစ်တွင် မူကြို တက်ခဲ့ပြီး ကျိုးစစ်မူက ရှစ်နှစ်သားအရွယ်တွင် ဒုတိယနှစ် မူလတန်းကျောင်းသားဖြစ်နေပြီ။

ချင်းဟန်က သူမကို မူကြိုကို ကားမောင်းပြီး ကြိုပို့လုပ်ပေးသည်။

ကားပေါ်ရောက်သည်နှင့် ချင်းယိက ရေရွတ်ခဲ့သည်။ " ဖေဖေနဲမေမေ၊ သမီးက ဘယ်တော့ကြီးလာမှာလဲ"

လင်းဝူက သူမရဲ့ ဆံပင်ကိုကူစည်းပေးနေသည်။ "အခုချိန်ကနေရေရင် အနှစ်နှစ်ဆယ်လောက်ပေါ့"

ချင်းယိက သူမရဲ့လက်ချောင်းတွေနဲ့ရေတွက်ခဲ့သည် "တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်..."

"နှစ်နှစ်မဟုတ်ဘူး၊ အနှစ်နှစ်ဆယ်လေ "

ချင်းယိ ခဏမျှ တိတ်ဆိတ်သွားပြီး "သမီး မူကြို တက်ရတာ လုံးဝမကြိုက်ဘူး" လို့ လေးလေးနက်နက် ပြောလိုက်သည်။

လင်းဝူ - "ဒါပေမယ့် ကလေးတိုင်း မူကြိုတက်ရမှာပဲလေ မဟုတ်ရင် သမီး ဘယ်လိုလုပ် အတတ်ပညာတွေ တတ်မြောက်မှာလဲ။ သမီး အသိပညာတွေ ဘယ်က ရလာမှာလဲ"

ချင်းယိ သက်ပြင်းချလိုက်သည်။ "သမီးက ကိုကို မူမူလို မူလတန်းကျောင်းတက်ချင်တာ"

ချင်းဟန် - "သမီး အသက်သုံးနှစ်မှာ မူလတန်းကျောင်းတက်ရလိမ့်မယ်။ စိတ်မပူနဲ့"

ချင်းယိက သူ့အဖေကိုကြည့်လိုက်သည်။ "ဖေဖေက သမီးကို ကိုကိုမူမူ နဲ့ အတူတူ ကျောင်းတက်လို့ရအောင် ဘာလို့အသက်တူတူဖြစ်အောင် မလုပ်ပေးခဲ့ရတာလဲ"

ချင်းဟန် အပြင်းအထန် ရိုက်ခံလိုက်ရသလို သူ့နှလုံးသားက ခံစားနေရသည်။ "ဖေဖေနဲ့ မေမေ ငယ်ငယ်တုန်းက စာသင်ရတာကို အရမ်း အလေးအနက်ထားခဲ့ကြလို့ အိမ်ထောင်ပြုတာ နောက်ကျသွားတယ်လေ "

ချင်းယိက သူမ နားလည်သလိုမျိုး ခေါင်းညိတ်လိုက်သည်။

All Chapters