← Chapters

( ကျိုးစုံတွဲ extra end)

Vol. 10 Ch. 131

( ကျိုးစုံတွဲ extra end)

Vol. 10 Ch. 131

မတ်လတွင် မြက်ပင်များ ကြီးထွားလာပြီး orioles တွေ ပျံသွားကာ ရာသီဥတုက တဖြည်းဖြည်းချင်း ပိုပြီး ပူနွေးလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျိုးစစ်မူရဲ့ ခြောက်နှစ်ပြည့်မွေးနေ့ကို ရောက်လာတော့မည်။

ကျန်းရှောင်က ဒီနှစ်မှာ သူလိုချင်တဲ့ မွေးနေ့လက်ဆောင်ကို အကြိမ်ပေါင်းများစွာ တိုးတိုးလေးမေးခဲ့သည်။ ကလေးက သက်ပြင်းချခဲ့သည်။ “မေမေ ၊ သားလိုချင်တာကို ပြောပြလိုက်မယ်ဆိုရင် အဲ့တာက စပရိုက်မဖြစ်တော့ဘူးလေ ”

ကျန်းရှောင် ပခုံးတွန့်လိုက်သည်။ "အမေက လက်ဆောင်ရွေးတဲ့နေရာမှာ အဆိုးဆုံးပဲ" အရုပ်တွေ၊ စာအုပ်တွေအပြင် ကလေးကို ဘာများပေးလို့ရနိုင်မလဲ။ ကံမကောင်းစွာပဲ၊ သူတို့၏ ကလေးမှာ အလွန်မြင့်မားသော တောင်းဆိုမှုများရှိခဲ့သည်။

ကျိုးစစ်မူ ရေရွတ်လိုက်သည်။ "ဒါပေမယ့် ဖေဖေ့ရဲ့ လက်ဆောင်တွေကိုတော့ အမြဲတမ်း ကောင်းကောင်းစဉ်းစားထားပါတယ်"

ကျန်းရှောင် တခစ်ခစ်ရယ်လိုက်သည်။ "ဒါကတော့ ဖေဖေ့ကို လက်ဆောင်ပေးရတာက အမေဒီအတိုင်း ပေါ့ပေါ့ပါးပါး ရွေးလိုက်တာလေ။ အခု သားရဲ့အဖေအတွက် မေမေအဲ့တာကို ပြင်ဆင်နေတယ်"

ကျိုးစစ်မူ မေးစေ့ကိုကိုင်လိုက်သည်။ "မေမေတို့တွေက ဒီလိုပေါ့ပေါ့ပါးပါးတွေကြီးပဲ အဲ့ဒါကြောင့်မို့ သားဒီလိုဖြစ်သွားတာ"

ကျန်းရှောင် သူ့ခေါင်းလေးကို ဖွလိုက်သည်။ "မင်းက လူပါးဝတဲ့ ပဲပင်ပေါက်လေးပဲ!"

ကျိုးစစ်မူအနည်းငယ် ပြုံးပြလိုက်ပြီး သူမကို မျက်စိမှိတ်ပြလိုက်သည်။ "မေမေ့မှာအချိန် တစ်​ပတ်​ရှိ​သေးတယ်​​"

ညနေခင်းတွင် ကျိုးရှို့လင်းက အီးမေးလ်အချို့နှင့် ပတ်သက်ကာ သူ့စာကြည့်ခန်းထဲမှာရှိနေသည်။ ကျန်းရှောင်က သူ့ကို ရေတစ်ခွက်ယူလာပေးပြီး လက်ဆောင်ကိစ္စ ဆွေးနွေးဖို့ အခွင့်အရေးယူလိုက်သည်။ သူမ အတော်လေး စိတ်ပူနေသည်။ "ကျွန်မတို့ ဘာလက်ဆောင်ပေးရင် ကောင်းမယ်လို့ထင်လဲ"

ကျိုးရှို့လင်းက အတော်လေးစိတ်ထိန်းထားပြီး သားဖြစ်သူအတွက် စွယ်စုံကျမ်းတစ်စုံကို ပြင်ဆင်ထားကြောင်း ပြောပြခဲ့သည်။

ကျန်းရှောင် ခဏလောက်စဉ်းစားပြီးနောက် သူမ မျက်လုံးတွေ တောက်ပလာခဲ့သည်။ "ဒါဆို ဒီနှစ်အတွက် ရှင် ကျွန်မအတွက် ဘာလက်ဆောင်ပြင်ဆင်ထားလဲ" သူတို့သားလေးမွေးနေ့မှာ နှစ်စဉ်နှစ်တိုင်း သူမ သူ့ဆီက လက်ဆောင်တစ်ခုရခဲ့သည်။

ကျိုးရှို့လင်း ကွန်ပြူတာကို ပိတ်လိုက်ပြီး သူမလက်ကိုဆွဲကိုင်ကာပြောလိုက်သည်။ "အခု ကိုယ်ပြောပြလိုက်မယ်ဆိုရင် စပရိုက်ဘယ်ဖြစ်တော့မလဲ။ မစ္စစ်ကျိုး ကျေးဇူးပြုပြီး စိတ်ရှည်ပါဦး"

ကျန်းရှောင် ပခုံးတွန့်လိုက်ပြလိုက်သည်။ "ရှင့်ရဲ့သားလည်း အခုလေးတင် ရှင်နဲ့တစ်ပုံစံတည်းပဲပြောခဲ့တာ"

ကျိုးရှို့လင်း ပြုံးလိုက်သည်။ "ပေါင်းသင်းမှုရဲ့ လွှမ်းမိုးမှုပဲ။ ကိုယ် အခု မင်းနဲ့ ခပ်ဆင်ဆင် ဖြစ်နေပြီလို့ မင်း မထင်မိဘူးလား" သူ ခေါင်းငုံ့ပြီး မျက်လုံးချင်းဆုံသွားခဲ့သည်။

ကျန်းရှောင် ပြုံးလိုက်သည်။ "ဒါက ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးရဲ့ လက္ခဏာပဲလေ"

"ဖေဖေ၊ ဒီသင်္ချာပုစ္ဆာကို ဘယ်လိုဖြေရှင်းရမလဲ" ကျိုးစစ်မူက လေပွေတစ်ခုလို အရှိန်ပြင်းစွာ ပြေးဝင်လာပြီး စာကြည့်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

ကျန်းရှောင်နှင့် ကျိုးရှို့လင်း၏ လျင်မြန်သော လုပ်ရပ်များကြားမှ သူအဲ့တာကိုမြင်ခဲ့သည်။ သူက မျက်လုံးကို အမြန်အုပ်ပြီး ပြောလိုက်သည်။ "သား ဘာမှ မတွေ့ဘူးနော်"

ကျိုးရှို့လင်း လည်ချောင်း ရှင်းလိုက်သည်။ "စစ်မူ၊ဖေဖေ မင်းကိုပြောထားတယ်လေ၊ အထဲမဝင်လာခင် တံခါးခေါက်ထားရမယ်လို့။ အဲ့တာက ယဉ်ကျေးတဲ့အပြုအမူပဲ"

ကျိုးစစ်မူက သူ့လက်လေးကို လျှောချခဲ့ပြီး အနည်းငယ် စိတ်ထိခိုက်နေတဲ့ အမူအရာဖြင့် မျက်ခုံးလေးကိုကြုတ်ခဲ့သည်။ "တောင်းပန်ပါတယ် ဖေဖေ"

ကျန်းရှောင် သူမဆီကိုလာဖို့ လက်ဟန်ပြလိုက်သည်။ "ဘာပြဿနာရှိနေလို့လဲ"

ကျိုးစစ်မူက သူမကို သင်္ချာပုစ္ဆာတစ်ခု ပေးခဲ့သည်။ "ဒီတစ်ပုဒ်"

မူလတန်းကျောင်းအဆင့် သင်္ချာပုစ္ဆာပါ။ ကျန်းရှောင်သည် သူ့သားကို စေ့စေ့စပ်စပ် လေ့လာကြည့်ရာ သူ့မျိုးရိုးဗီဇအများစုသည် ကျိုးရှို့လင်းဆီမှ ဖြစ်ရမည်ကို သိသဖြင့် သက်ပြင်းမချဘဲမနေနိုင်ခဲ့ပေ။ သူမက ကျောင်းတက်နေစဉ်အတွင်း အလုပ်ကြိုးစားသော ကျောင်းသားမဟုတ်သည်မှာ သေချာသည်။

အထက်တန်းကျောင်းတွင် သင်္ချာပြိုင်ပွဲများ၌ အောင်မြင်ပါက ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် အပိုအမှတ်များ ရရှိနိုင်ပြီး ဂုဏ်သိက္ခာရှိသော တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိအောင်ပင် ကူညီပေးနိုင်သည်။ လင်းဝူ နှင့် ချင်းဟန်တို့သည် အထက်တန်းကျောင်း ပထမနှစ်တွင် ထိုကဲ့သို့သော ပြိုင်ပွဲများတွင် အတူတကွ ပါဝင်ခဲ့ဖူးသည်။

ကျိုးရှို့လင်း ထိုင်ခုံမှထကာ ကျိုးစစ်မူ အားအဲ့တာကို ပေးလိုက်သည်။ သူ့ဘေးမှာ ရပ်ပြီး သူ့အတွက် ပုစ္ဆာကို ဖြည်းညှင်းစွာ ဖြေရှင်းပေးခဲ့သည်။

ကျိုးစစ်မူ ခေါင်းညိတ်ပြီး ​ပြောလိုက်သည်။ "အိုး၊ သား သိပြီ။ သား နားလည်သွားပြီ။ ဖေဖေ၊ ဖေဖေက အံ့သြစရာကောင်းလိုက်တာ" သူက လက်မထောင်ပြလိုက်သေးသည်။

ကျန်းရှောင်က သူ့ခင်ပွန်းကို လေးလေးနက်နက်ကြည့်ကာ ဝန်ခံခဲ့သည်။ "ဟန်နီ၊ ရှင်က တကယ်ကို အံ့သြစရာကောင်းတာပဲ"

ကျိုးရှို့လင်းသည် ဤချိုသာသောစကားများကို ကျင့်သားရသော်လည်း ၎င်းတို့ကို တန်ဖိုးထားဆဲဖြစ်သည်။

သူတို့သားလေးရဲ့လက်ဆောင်အတွက် ကျန်းရှောင် ခဏလောက်စဉ်းစားပြီး နောက်ဆုံးမှာ စက်ရုပ်အသေးလေးတစ်ရုပ်ဝယ်ပေးဖို့ အဆုံးသတ်လိုက်သည်။ ထိုနေ့တွင် သူမသည် စက်ရုပ်ကို ဝယ်ရန် သွားစဉ် ကျောက်ရှင်းရန်နှင့်လည်း တွေ့ဆုံခဲ့သည်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ကျောက်ရှင်းရန် သည် အလုပ်အတွက် လုံးလုံးလျားလျား မြှုပ်နှံပြီး ကျင်းမြို့တော်သို့ ပြန်လာခဲသည်။ သူမကို လိုက်ပိုးပမ်းတဲ့ အမျိုးသားအများအပြားရှိပေမယ့် သူမကတော့ လက်မခံခဲ့ချေ။ ယခုအခါ သူမသည် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား စက်မှုလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံနေပြီး တီဗီဒရာမာများတွင် ပါဝင်သရုပ်ဆောင်နေကာ လွန်ခဲ့သည့် ၂ နှစ်ကထက် ပိုမိုတက်ကြွနေပုံရသည်။

"မကြာခင်၊ စစ်မူ အသက် ခြောက်နှစ် ပြည့်တော့မယ်နော်။ ငါကတော့ အန်တီကြီးဖြစ်နေပြီ"

"နင်က ဘယ်နေရာက အိုနေလို့လဲ " ကျောက်ရှင်းရန် သည် သူ့ကိုယ်သူ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့ပြီး အသက်နှစ်ဆယ်ကျော်အရွယ် မိန်းမပျိုနှင့်တူသည်။

"အဲဒီ ဆယ့်ခုနစ်နှစ် ဒါမှမဟုတ် ဆယ့်ရှစ်နှစ် အရွယ် မိန်းကလေးတွေကို ငါမြင်ရတဲ့အခါ ငါကတော့ နှစ်တိုင်း ဆယ့်ရှစ်နှစ်ပဲ ဖြစ်ချင်တာတော့ ငါလည်းမတတ်နိုင်ဘူး" သူမ သက်ပြင်းချလိုက်သည်။ "ရော့ ဒါက ပဲပင်ပေါက်လေးအတွက်"

"ကျေးဇူးတင်ပါတယ်" ကျန်းရှောင် ခဏတုံ့ဆိုင်းသွားသည်။ "ငါဟိုတလောက မိုရီဟန်နဲ့ ဆုံခဲ့သေးတယ် "

ကျောက်ရှင်းရန်ကော်ဖီကို မွှေပြီး ပြောခဲ့သည်။ "ပြီးခဲ့တဲ့လက ပွဲတစ်ခုမှာ ငါသူ့ကိုတွေ့တယ်"

"နင်တို့နှစ်ယောက်..." ကျန်းရှောင်သည် မိုရီဟန်မှာ ကျောက်ရှင်းရန် အတွက် ခံစားချက်များ ရှိနေသေးကြောင်း ကောလာဟလများကို ကြားဖူးခဲ့သည်။

ကျောက်ရှင်းရန် ပခုံးတွန့်ပြလိုက်သည်။ "ပြန်သွားရမလား မသွားရဘူးလားဆိုတာက၊ လက်ရှိဘဝကို ငါကျေနပ်နေတယ်။ လမ်းမှာ right person နဲ့တွေ့ခဲ့ရင် ငါချစ်မိသွားရင်တော့ လက်ထပ်မယ်။ အဲ့တာကတော့ သူဖြစ်လာမှာတော့ မဟုတ်ဘူး" သူမ မျက်တောင်ခတ်လိုက်ပြီး ခါးသီးသော အရိပ်အမြွက်က သူမ၏ နှုတ်ခမ်းများပေါ်တွင် တောက်ပလာသည်။

"တကယ်လို့ သူ့ဆီမှာ....ငါ့ကလေးသာ ရှိနိုင်ရင် မူကြိုတက်နေလောက်ပြီ"

ကျန်းရှောင် ခါးသက်သည့်အရသာရှိသော သူမ၏ ကော်ဖီကို တစ်ငုံသောက်လိုက်ရာ သူမမျက်ခုံးကို ကြုတ်သွားစေခဲ့သည်။

"ကျန်းရှောင်၊ ယောက်ျားတိုင်းက ဥက္ကဌ ကျိုးလို မဟုတ်ဘူး။ ဟိုအရင်တုန်းက နင့်ကို ငါ ဘယ်လောက် မနာလို အားကျမိလဲဆိုတာ နင်သိမှာမဟုတ်ဘူး " ကျောက်ရှင်းရန် တဖြည်းဖြည်း တိုးညှင်းသောလေသံဖြင့် ပြောလိုက်သည်။

နောင်တအတွက် ဖြေဆေးမရှိဘူး။

ကျန်းရှောင် အချိန်အတော်ကြာအောင် အတွေးထဲနစ်မွန်းနေပြီး ကော်ဖီခွက်၏ အနားတွင် သူမ၏ လက်ချောင်းထိပ်တွေနဲ့ ခြေရာခံနေခဲ့သည် ။

နောက်တစ်နေ့တွင် ကျိုးရှို့လင်းသည် VC Financial Magazine နှင့် အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့သည်။

အစတုန်းကတော့ ကျိုးရှို့လင်းမှာ အင်တာဗျူးလုပ်ရန် ရည်ရွယ်ချက်မရှိခဲ့သော်လည်း VC မှလူများက သူ့ကိုရှာဖွေရန် ကုမ္ပဏီဆီ တိုက်ရိုက်လာခဲ့သည်။ နာရီအနည်းငယ်စောင့်ပြီးနောက် ကျန်းရှောင်က သတင်းထောက်ကို အထဲ ခေါ်လာခဲ့သည်။

သတင်းထောက်က အပြစ်ကင်းသော မျက်နှာဖြင့် ယခုမှအလုပ်စလုပ်သည့် အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ "ဥက္ကဌ ကျိုး၊ ကျူးကျော်ဝင်ရောက်မှုအတွက် တောင်းပန်ပါတယ်။ ဒီနှစ်က VC ရဲ့ ဆယ်နှစ်ပြည့် နှစ်ပတ်လည်နေ့ဆိုတော့ ဥက္ကဌကျိုးကို အင်တာဗျူးချင်လို့ပါ" ဟု သူမက ပြောခဲ့သည်။

ယဉ်ကျေးသမှုဖြင့် ကျိုးရှို့လင်းက သူမအားအချိန် ဆယ်မိနစ်ပေးခဲ့သည်။

သူမ ပြီးသွားတဲ့အခါ ကျိုးရှို့လင်းက အကျဉ်းချုံးစဉ်းစားပြီးပြောခဲ့သည်။ "မင်းက ဂျေ တက္ကသိုလ်က ကဘွဲ့ရထားတာလား"

လူငယ် သတင်းထောက်က အနည်းငယ် အံ့သြသွားပြီး “ဟုတ်ကဲ့” လို့ ပြန်ဖြေလိုက်သည်။

ကျိုးရှို့လင်း ပြုံးပြီးပြောလိုက်သည်။ "ငါ့မိန်းမကလည်း ဂျေ တက္ကသိုလ်က ဘွဲ့ရထားတာ"

လူငယ်သတင်းထောက်က စိတ်အေးလက်အေးနဲ့ပြောလိုက်သည်။ "ကျွန်မ သိပါတယ်။ ကျောင်းတက်တုန်းက လူတွေက စီနီယာအစ်မအကြောင်း မကြာခဏ ပြောကြတယ်။ သူက ကျွန်မတို့ဌာနမှာ နာမည်ကြီးတယ်၊ အတန်းထဲမှာ ပါမောက္ခတွေတောင် အစ်မရဲ့အကြောင်း ပြောတတ်ကြတယ်"

နောက်ပိုင်းတွင် ကျိုးရှို့လင်းက VC နှင့် အင်တာဗျူးကို သဘောတူခဲ့သည်။

လူငယ် သတင်းထောက်က စကေးကျတဲ့ မေးခွန်းများဖြင့် ကောင်းစွာ ပြင်ဆင်ထားသည်။ ဒါပေမယ့်လည်း ဥက္ကဌ ကျိုး နှင့်ပတ်သက်သော ကိုယ်ရေးကိုယ်တာမေးခွန်းအချို့ကို မေးနိုင်ပါ့မလားဆိုတာကို သူမ အနည်းငယ် စိတ်လှုပ်ရှားနေသဖြင့် လက်ထောက်ကျန်း အား မေးခွန်းကို ကြိုတင် ပြသခဲ့သည်။ သူမ စိတ်လှုပ်ရှားနေတာကြောင့်မို့ သူမက ကျန်းရှောင်အား မေးခွန်းအနည်းငယ်ကို ပြသခဲ့သည်။ ခွင့်ပြုချက်ရပြီးနောက်တွင် သူမသည် အင်တာဗျုးပြုလုပ်ရာတွင် ပိုမိုသက်တောင့်သက်သာရှိလာသည်။

ကျိုးရှို့လင်းက အလွန်နှိမ့်ချတတ်သူဖြစ်ပြီး အင်တာဗျူးက အလွန်ချောမွေ့ခဲ့သည်။ ကျန်းရှောင်၏ အကြောင်းအရာ ပေါ်လာသောအခါ သူ့အမူအရာ တစ်ခုလုံး ပြောင်းလဲသွားသည်။ နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် သူ၏ နက်ရှိုင်းသော အကြည့်များက သူ၏ ချစ်ခင်မှုကို ထင်ရှားစေသည်။

သတင်းထောက် - ဥက္ကဋ္ဌ ကျိုး၊ ဥက္ကဌရဲ့ အမျိုးသမီးနဲ့ အိမ်ထောင်သက် ခြောက်နှစ်ရှိပြီဆိုတော့ အငြင်းအခုံဖြစ်ဖူးတာများရှိလား။

ကျိုးရှို့လင်း - မရှိပါဘူး ကျွန်တော့်အမျိုးသမီးက ကျွန်တော့်ထက် ခြောက်နှစ်ငယ်တယ်။ သားရဲ့စကားအရ ငယ်တဲ့သူကို ကျွန်တော် အနိုင်ကျင့်လို့ မရဘူး။

သတင်းထောက် - ဥက္ကဋ္ဌ ကျိုး၊ ကျန်းရှောင်က ထူးချွန်တဲ့ အေးဂျင့်တစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်မတို့အားလုံးလည်း သိထားပြီးသားဖြစ်ပါတယ်၊ သူမ အေးဂျင့်အဖြစ် ဆက်မလုပ်တော့ လူအများက နှမျောနေကြတယ်။ သူမဆီမှာ သူမရဲ့ အနုပညာအလုပ်တွေကို ပြန်လုပ်ဖို့ အစီအစဉ်များရှိပါသလား။

ကျိုးရှို့လင် - သူမ ပြန်လာလုပ်ဖို့ ဆန္ဒရှိနေရင် ကျွန်တော် သူ့ကိုတားမှာမဟုတ်ပါဘူး

သတင်းထောက် - သူမကို supportပေးမှာလား

ကျိုးရှို့လင်း အနည်းငယ် ပြုံးလိုက်သည် - သူမက အရမ်းအလုပ်ကြိုးစားတယ်။ အေးဂျင့်အဖြစ် လုပ်ကိုင်နေတဲ့ချိန်အတွင်းတုန်းကဆို သူမက ယိဝမ်၊ ယီလု နဲ့ တခြားသူတွေဆီ နေ့တိုင်းနီးပါး ဆက်သွယ်ခဲ့ရပြီးတော့ ယိဝမ် တည်းခိုမယ့် ဟိုတယ်တွေကိုတောင် စီစဉ်ပေးခဲ့တယ်။ အဲဒီလို ပြုစုပေးတာတွေကို ကျွန်တော် မနှစ်သက်ခဲ့ဘူး။

သတင်းထောက် - ဥက္ကဋ္ဌ ကျိုး၊ ကျန်းရှောင်နဲ့ ပတ်သက်ပြီး ဘာက ဆွဲဆောင်မှုအရှိဆုံးလဲ။

ကျိုးရှို့လင်း တုံ့ဆိုင်းမနေခဲ့ပေ - လောကဓံကိုကြံ့ကြံ့ခံနိုင်ပြီး အကောင်းမြင်တတ်တာ။ ကျွန်တော့်ဇနီးမှာ ရှည်လျားပြီး အထီးကျန်ဆန်ခဲ့တဲ့ ကလေးဘဝရှိခဲ့ပေမယ့် သူမရဲ့ ပင်ကိုယ်စရိုက်က ထူးထူးခြားခြား အကောင်းမြင်ပြီး ကြင်နာတတ်တာပဲ။

သတင်းထောက် - ဥက္ကဌရဲ့အမျိုးသမီးကို တကယ်ချစ်တာပဲနော်။

ကျိုးရှို့လင်း တိတ်ဆိတ်နေပြီး သူ့လက်ချောင်းတွေပေါ်က သူ့လက်သူကြွယ်ပေါ်ရှိ လက်စွပ်ကို ခြေရာခံခဲ့သည်။

ဒီလက်စွပ်ကို ကျန်းရှောင်နဲ့ လက်ထပ်ပြီးကတည်းက သူ့လက်သူကြွယ်မှာ ဝတ်ဆင်ခဲ့တာပင်။

....

ကျိုးစစ်မူရဲ့ မွေးနေ့မှာတော့ ကောင်လေးက လက်ဆောင်တွေ အများကြီးရခဲ့သည်။

ကျိုးယန်ယန်နှင့် စုန့်ယိဝမ်တို့က သူ့ကို တော်တော်စျေးကြီးတဲ့ ကားအသေးလေး တစ်စီးကို ပေးခဲ့သည်။

စုန့်ယိဝမ်၏ အကူအညီဖြင့် ကျိုးစစ်မူသည် အလျင်အမြန် ဆွဲခံထားလိုက်ရပြီး သူ့မျက်နှာပေါ်တွင် ကြီးမားသောအပြုံးဖြင့် အိမ်တစ်အိမ်လုံးဆီ ကားပတ်မောင်းခဲ့သည်။

ကျန်းရှောင်က ကျိုးရှို့လင်း၏ လက်ကိုချိတ်ထားသည်။ "ကျွန်မ သူ့ကိုအရုပ်ကားတွေ ကြိုက်လားလို့ မေးတော့ သူက ငြင်းဆန်ပြီး ခေါင်းခါခဲ့တာ"

ကျိုးရှို့လင်း အပြုံးကိုချိုးနှိမ်ထားခဲ့သည်။ "မင်း သူ့ကို မသိသေးပါဘူး။ သူလိုချင်တာက စပရိုက်ဖြစ်သွားတာကိုပဲ"

ကျန်းရှောင် ပြောလိုက်သည်။ "သူ့ကို စိတ်ကျေနပ်အောင်လုပ်ပေးရတာက ခက်တယ်"

ထိုအချိန်တွင် ကျန်းရှောင်က စက်ရုပ်ကို တိတ်တဆိတ် ထုတ်ယူလာခဲ့သည်။ အဲ့အကောင်းလေးက ကျိုးစစ်မူဆီ သေးငယ်သော ခြေလှမ်းများဖြင့် လျှောက်သွားခဲ့သည်။ "စစ်မူ၊ စစ်မူ"

ကျိုးစစ်မူ ကားကိုရပ်ပြီးမေးလိုက်သည်။ "မင်းကဘယ်သူလဲ"

ကျန်းရှောင် မျက်ခုံးပင့်လိုက်ပြီးပြောလိုက်သည်။ "ဒါက ရှောင်မူ၊ အတန်းဖော် ရှောင်မူ။ birthday song "

ရှောင်မူ ပြောလိုက်သည်.ယ "ကောင်းပါပြီ"

မွေးနေ့သီချင်းစတင်ခဲ့သည်။

ကျိုးစစ်မူက စိတ်ဝင်တစားကြည့်ကာ စက်ရုပ်ကို ကောက်ကိုင်လိုက်သည်။ "ဒါက နောက်ထပ် ဘာလုပ်နိုင်သေးလဲ"

ကျန်းရှောင် ပြောလိုက်သည်။ " ပုံပြင်တွေပြောပြနိုင်တယ်၊ သီချင်းဆိုနိုင်တယ်။ အိမ်မှာနေရင်း အဲ့တာကို သား စူးစမ်းကြည့်လို့ရတယ်"

ကျိုးစစ်မူ မျက်နှာချိုသွေးခဲ့သည်။ "အမေ၊ မေမေ့ကို ချစ်တယ်နော်"

ကောင်းပြီ၊ ဒီလက်ဆောင်က သူ့ကို တကယ်သဘောကျစေတယ်။

ညနေခင်းတွင် အိမ်ပြန်ရောက်ပြီးနောက် ကျိုးစစ်မူ သည် ၎င်း၏စက်ရုပ်ကို သူ့အခန်းထဲသို့ သယ်သွားခဲ့သည်။

ကျန်းရှောင်က ကျိုးရှို့လင်း ကိုကြည့်ကာ သူမ၏လက်ကို ဆန့်လိုက်သည်။ "ကျွန်မရဲ့ လက်ဆောင်ကောဘယ်မှာလဲ"

ကျိုးရှို့လင်း ခေါင်းယမ်းလိုက်ပြီး အိတ်ကပ်ထဲမှ ကတ္တီပါဘူးကို ထုတ်ကာ ဖြည်းညှင်းစွာဖွင့်လိုက်ပြီး အဲ့ထဲက ဆွဲကြိုးတစ်ကုံကို ထုတ်ယူခဲ့သည်။

ကျန်းရှောင် လည်ဆွဲကို စိုက်ကြည့်ရင်း မျက်လုံးများကိုစွေထားသည်။

ကျိုးရှို့လင်းက သူမရဲ့လက်ဖဝါးထဲ ဆွဲကြိုးထည့်ပေးပြီးပြောလိုက်သည်။ "တန်ဖိုးမဖြတ်နိုင်တဲ့အရာက သူ့ရဲ့ပိုင်ရှင်ဆီ ပြန်ရောက်လာပြီ"

ကျန်းရှောင် မျက်နှာရှုံ့မဲ့မဲ့ဖြစ်သွားသည်။ "ပျောက်သွားပြီလို့ ထင်နေခဲ့တာ"

ကျိုးရှို့လင်းက သူမကို သူ့ရင်ခွင်ထဲတွင်ထည့်ကာဖက်ထားလိုက်သည်။ "ဆွဲသီးက ပြင်လို့ မရတော့ဘူး"

ကျန်းရှောင်၏ မျက်လုံးတွေ အနည်းငယ် စိုစွတ်လာသည်။ "ဒါက ကျွန်မအမေထားခဲ့တဲ့ ဆွဲကြိုးလေ"

သူမရဲ့ဆံပင်တွေကို နမ်းပြီးပြောလိုက်သည်။ "ကိုယ်သိပါတယ်၊ ကိုယ် မင်းကို မြန်မြန်မပြောခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်"

ကျန်းရှောင် သူ့ကို မော့ကြည့်လိုက်ပြီး သတိပြုမိသွားခဲ့သည်။ "ဒါဆို ဒါက ကျွန်မဟာဆိုတာကို ရှင်ဒီတစ်လျှောက်လုံး သိနေခဲ့တာပေါ့"

သူက ရယ်မောရင်း သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူတို့ရဲ့ လက်ချောင်းတွေက ရောယှက်ခဲ့သည်။ "မစ္စစ်ကျိုး၊ ကိုယ် ဒါကို စီစဉ်နေတာ ကြာပြီ"

လွန်ခဲ့သည့် ခြောက်နှစ်က ဟိုတယ်စင်္ကြံ၏ ကော်ဇောပေါ်တွင် ဆွဲကြိုးတစ်ကုံးကို သူတွေ့ရှိခဲ့သည်။ ခဏကြာတော့ သူမက အဲ့တာကို လာရှာခဲ့သည်။

ထိုညတွင် သူတို့ အတူတူနေခဲ့ကြပြီး မထင်မှတ်ပဲ နတ်သမီးလေးတစ်ပါးကို ရရှိခဲ့သည်။

[ပြီးပါပြီ]

All Chapters