(ကျိုးစစ်မူ extra 2)
Vol. 10 Ch. 134
ယခုအချိန်တွင် ချင်းယိက HS တွင် ပထမနှစ်တက်နေပြီး စစ်သင်တန်းများ မဖြစ်မနေ လုပ်နေရသည်။
...
ကျောင်းက ကျောင်းသူ/သားအသစ်များကို ဖုန်းယူဆောင်လာခွင့်မပြုသည့်အပြင် မိဘတွေက ၎င်းတို့၏ကလေးများထံ ဆက်သွယ်လို့လည်းမရပေ။
ပထမနေ့မှာတော့ ချင်းဟန်က အဆင်ပြေနေပြီး ဆေးရုံမှာ ပုံမှန်အတိုင်းပင်။
"ဒါရိုက်တာ ချင်း၊ အမှတ် ၁ အလယ်တန်းကျောင်းက ဒီနှစ် စစ်ရေးလေ့ကျင့်မှု နှစ်ရက်ကို ၁၂ ရက် ထပ်တိုးတယ်လို့ ကြားတယ်"
" ဟုတ်တယ်။ ကျောင်းအုပ် ဟောင်ကအထက်တန်းကျောင်းကို သုံးနှစ်လောက် မတက်ခင်မှာ သူတို့ခံနိူင်ရည်ရှိကြအောင်လို့ လို့ပြောတယ် "
" ဟုတ်တယ်။ အခုဆို ကလေးတွေလက်ထဲမှာ အီလက်ထရွန်းနစ်ပစ္စည်းတွေ နေ့စဉ်ရှိနေတော့ မျိုးဆက်တိုင်းက အရင်ခေတ်တွေထက် ပိုဆိုးလာတယ်။ စကားမစပ် သမီးလေးကို လွမ်းနေပြီလား"
ချင်းဟန်က case book ကိုယူကာပြီး လမ်းလျှောက်ရင်းစကားပြောခဲ့သည်။ "လင်းဝူက ကျွန်တော့်ကို အခုဒီလိုဘဝမျိုးနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ခိုင်းထားတယ်"
ဟားဟားဟား
ချင်းဟန်က သူ့သမီး၏ လိုက်လျောညီထွေရှိမှုကို မကြောက်ပေ။ သူ့မှာ အတွေးတစ်ချို့ရှိသည်။
ညနေဘက် သူ ပြန်ရောက်လာတော့ လင်းဝူက စနောက်ခဲ့သည်။ "မနက်ဖြန် ကျွန်မတို့ အလုပ်ပြီးလို့ သွားကြည့်ကြရင်ကော"
ချင်းဟန် တိတ်တဆိတ်ပြောလိုက်သည်။ "ဆယ့်နှစ်ရက်လေးပဲဟာ ။ ပြီးသွားတဲ့အခါမှ ကိုယ်တို့ သူ့ကို သွားခေါ်ကြမယ်"
လင်းဝူက နှုတ်ခမ်းကို ဖိလိုက်သည်။ "အဲ့နေ့ကျရင် စစ်မူ ပြန်လာမှာ"
ချင်းဟန် စိတ်ရှုပ်ထွေးနေပုံရသည်။
"ရှင်ရော ကျွန်မရော အလုပ်ထဲမှာပဲရှိနေမှာဆိုတော့၊ မူမူ ကိုပဲ ယိယိကို သွားခေါ်ခိုင်းလိုက်မယ် "
ချင်းဟန် - "ကိုယ်တို့လည်း အချိန်ပေးနိုင်ပါတယ်"
လင်းဝူ - "ဒီအချိန်မှာ ယိယိက ကျိုးစစ်မူကို ပိုအတွေ့ချင်ဆုံးဖြစ်မယ်လို့ ထင်တယ်"
ချင်းဟန် - "......."
လင်းဝူ - "အားဟန် ရှင် ပိုရက်ရောပြီး မူမူကို သဝန်တို မနေပါနဲ့တော့ ” ကံကောင်းစွာနဲ့ သူမပဲ သူ့ရဲ့ ဒီဘက်ခြမ်းကို သိသည်။
ချင်းဟန် အံကြိတ်လိုက်သည်။ "ဒီကောင်လေးကို မင်းဘယ်လိုမြင်လဲတော့ ကိုယ်မသိဘူး"
ကျိုးစစ်မူ ဘီ မြို့တော်မှ ပြန်လာခဲ့သည်။ သူ့မိဘတွေနဲ့ တွေ့ဖို့အချိန်တောင်မရှိပေ။ အိမ်ပြန်ပြီး ခရီးဆောင်အိတ်ကိုချကာ အမှတ် ၁ အလယ်တန်းကျောင်း ဂိတ်ပေါက်ဆီ ပြေးသွားခဲ့သည်။
ယခုအချိန်တွင် အမှတ်(၁)အလယ်တန်းကျောင်းအ၀င်ဝတွင် သားသမီးများကို စောင့်မျှော်နေသော မိသားစုများဖြင့် ပြည့်နေသည်။
သူ့ပါးစပ်ထောင့်ကို လှုပ်ရုံမှမတတ်နိုင်ခဲ့ပေ။ ကလေးမလေး မကြာခင် သူ့ကိုတွေ့တဲ့အချိန်မှာ သူမမှာ ဘယ်လိုအမူအရာမျိုးရှိမလဲလို့ သူ တွေးမိသည်။ တရုတ်နှစ်သစ်ကူးတုန်းက သူတို့ ဆုံခဲ့ကြပြီး ဒီနှစ်မှာတော့ သူမမွေးနေ့အတွက် သူ ပြန်လာဖို့ အချိန်တောင် မရှိပေ။
ကျောင်းတံခါးပွင့်လာပြီး ပုံဖျက်ထားသော ယူနီဖောင်းဝတ်ဆင်ထားသည် ဆယ်ကျော်သက်တွေက သူတို့ရဲ့ခရီးဆောင်အိတ်တွေကိုဆွဲပြီး ဖြည်းညှင်းစွာ လျှောက်လာခဲ့ကြသည်။
ကျိုးစစ်မူက လူအုပ်ကြားထဲမှာ ချင်းယိကို တစ်ချက်တည်းနဲ့ မြင်လိုက်သည်။
သူမ တကယ်ကို မည်းနေပြီ။
လမ်းတစ်လျှောက်လုံးတွင် သူမ အတန်းဖော်တွေနဲ့ စကားစမြည်ပြောကာ ရယ်မောနေသည်။ ဤဆယ့်နှစ်ရက်အတွင်း သူမ အလွန်ပျော်ရွှင်နေပုံရသည်။
ကျိုးစစ်မူ ကျော်ဖြတ်ပြီး နှစ်မီတာအကွာအဝေးကနေ "ချင်းယိ" လို့ အသံနက်ကြီးနဲ့ အော်လိုက်သည်။
ချင်းယိ ကြက်သေသေ သွားခဲ့လေသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမရဲ့ ခရီးဆောင်အိတ်ကို လွှတ်လိုက်ပြီး အမြန်ပြေးလာကာ သူ့ကို ပွေ့ဖက်လိုက်သည်။ "ကျိုးစစ်မူ!" သူမ သူ့နာမည်ကို အကျယ်ကြီး ခေါ်လိုက်သည်။ "ဘာလို့ ဒီရောက်နေတာလဲ"
ကျိုးစစ်မူရဲ့နှုတ်ခမ်းပေါ် မှာ အပြုံးရှိနေသည်။ "စည်းကမ်းတွေ ထပ်မရှိတော့ဘူး"
ချင်းယိ၏ မျက်နှာက အပြုံးများ ပြည့်နှက်နေပြီး သူမ၏ ဖြူဖွေးသော သွားများကို ပြသထားသည်။
ညနေ ငါးနာရီထိုးတော့ ကောင်းကင်မှာ နေမင်းကြီးက တောက်ပနေတုန်းပဲ။
ကျိုးစစ်မူက သူမရဲ့ ခရီးဆောင်အိတ်ကို သွားယူလိုက်သော်လည်း ကောင်မလေးတွေက သူ့ကို ဆက်ကြည့်နေလေသည်။ "မင်္ဂလာပါ၊ အစ်ကိုက ချင်းယိရဲ့အစ်ကိုပါ"
ချင်းယိ၏ အပြုံးက အနည်းငယ် တုံ့ဆိုင်းသွားသည်။
အတန်းဖော် A - "ချင်းယိ၊ နင့်မှာ အစ်ကိုရှိတယ်လို့ ငါတို့ကိုတောင် မပြောဖူးဘူးနော်"
အတန်းဖော် B - "မင်္ဂလာပါ အစ်ကို!"
ကျိုးစစ်မူက သူတို့ကို ခေါင်းညိတ်ပြလိုက်သည်။ "မင်းတို့အချိန်ရရင် အိမ်မှာ ချင်းယိနဲ့ လာကစားကြလေ"
"ဟုတ် ဟုတ် !"
"အရင်သွားနှင့်တော့မယ်နော်"
"အစ်ကို၊ နှုတ်ဆက်ပါတယ်!"
ချင်းယိ - "...နှုတ်ဆက်ပါတယ်"
ထိုအတန်းဖော်တွေက သူမကို မျက်စိမှိတ်ပြခဲ့ကြသည်။
သူက အရမ်းပေါ်ပျူလာဖြစ်နေတာဖြစ်ရမယ်။
ကျိုးစစ်မူက ချင်းယိကို ပြန်ပို့ပေးခဲ့သည်။ ချင်းယိ အိမ်ပြန်ရောက်တာနဲ့ ရေသန့်တစ်ပုလင်းကိုတွေ့ပြီး ပုလင်းအများစုကို သောက်ပြီး စိတ်သက်သာရာရသွားခဲ့သည်။
"စစ်မူ၊ ပြန်မလာဘူးလို့တော့ ကျွန်မ မထင်ထားပါဘူး"
"ကိုယ့်ကို သတိရနေတာလား" သူ့နှုတ်ခမ်း
ပေါ်မှာ အပြုံးတစ်ခုရှိသည်။
ချင်းယိ နှုတ်ခမ်းကို ကိုက်လိုက်ပြီး သဲသဲကွဲကွဲမကြားရတဲ့အသံဖြင့်ပြောလိုက်သည်။ "မဟုတ်ပါဘူး၊ ကျွန်မရဲ့လက်ဆောင်ကော ဘယ်မှာလဲ" သူမ လက်ဆန့်လိုက်သည်။
ကျိုးစစ်မူ သူမကို ကြည့်လိုက်သည်။ ရှစ်လကြာ ပျက်ကွက်ပြီးနောက် ကလေးမလေးက များစွာပြောင်းလဲသွားသည်။ "မင်း အသားအရမ်းညိုသွားတယ်၊ မင်းကို whitening mask ဝယ်ပေးမှဖြစ်မယ်"
ချင်းယိသည် မယုံနိုင်စွာဖြင့် ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်သည်။ “…......” သူမ ဒေါသထွက်သွားသည်။ သူမ လှည့်ပြီး ရေချိုးခန်းထဲဝင်ကာ မှန်ထဲမှာ သူ့ကိုယ်သူ ကြည့်နေမိသည်။ "တကယ်မည်းသွားသလိုပဲ " လို့ပြောလိုက်ပြီး အဝတ်အစားတွေကို ချွတ်ကာ သူမရဲ့ဗိုက်ကို တစ်ချက်ကြည့်လိုက်သည်။
ယှဥ်စရာ မရှိ၊ ထိခိုက်မှုမရှိ၊ တကယ်မည်းနေပြီ။
သူမ မျက်နှာကို ပုတ်ပြီးပြောလိုက်သည်။ "နင် suncream လိမ်းဖို့ မပျင်းခဲ့သင့်ဘူး။ အား ဟား ဟား ..."
"ယိယိ-" ကျိုးစစ်မူ တံခါးအပြင်ဘက်ကနေပြီး တံခါးခေါက်ခဲ့သည်။
"သွားရအောင်"
ချင်းယိသည် သူမဘဝတွင် အဆိုးဆုံးအခိုက်အတန့်ကို သူ့ကိုမမြင်စေချင်တာကြောင့် ဝမ်းနည်းနေခဲ့သည်။ "ကျွန်မ ပြန်ဖြူလာတဲ့အခါမှ ပြန်လာခဲ့"
ကျိုးစစ်မူ - "မင်း ခဏနေရင် ပြန်ဖြူလာလိမ့်မယ်"
ချင်းယိက သူ့ကို ဂရုမစိုက်စေချင်ဘူး။
အထဲမှာ လှုပ်ရှားမှုမရှိတာကိုမြင်တော့ ကျိုးစစ်မူ မျက်မှောင်ကြုတ်လိုက်သည်။ "ယိယိ၊ မင်းရဲ့ရုပ်အဆိုးဆုံးပုံကို ကိုယ်မြင်ဖူးတယ်"
ချင်းယိ - "... ကျွန်မမှာ ရုပ်အဆိုးဆုံးအချိန်တွေ ရှိသေးတာလား"
ကျိုးစစ်မူ ရယ်လိုက်သည်။ "မင်းမွေးတုန်းက မျောက်ကလေးလိုပဲ မင်းရဲ့အရေပြားကရှုံ့တွပြီး နီရဲနေခဲ့တာ"
ချင်းယိ - "လူလိမ်။ ကျွန်မ မွေးလာတုန်းက ရုပ်ရည်အရမ်းလှပြီး မြင်မြင်ချင်း အလှလေးတစ်ယောက်လို ဖြစ်နေတာလို့ ကျွန်မရဲ့အဖိုးအဖွားတွေ ပြောဖူးတယ်"
ကျိုးစစ်မူ အဲ့တာကို တောင့်ခံခဲ့ပြီး အပြုံးလေးနဲ့ပြောလိုက်သည်။ "ဟုတ်တယ်၊ အဲ့ဒါကြောင့် ကိုယ်မင်းကို နမ်းခဲ့တာ"
ချင်းယိ - "ကျွန်မကို နမ်းခဲ့တာလား"
ကျိုးစစ်မူ - "ဟုတ်တယ် မြန်မြန်ထွက်လာတော့။ ကိုယ် မင်းကိုအပြင် လိုက်ပို့ပေးမယ် မင်း အရုပ်မကောက်ချင်ဘူးလား။ ကိုယ့်မှာအချိန်က အကန့်အသတ်ပဲရှိတာနော်။ မင်း မသွားချင်ရင်လည်း ထားလိုက်တော့"
တံခါးက ချက်ချင်းပွင့်လာသည်။
ချင်းယိသည် သူမမျက်နှာပေါ်တွင် သဘာဝမကျသော အကြည့်ဖြင့် ထွက်လာခဲ့သည်။ "မျက်နှာသစ်လိုက်မယ်"
ကျိုးစစ်မူ ခေါင်းညိတ်လိုက်သည်။
ညနေခင်းတွင် ကျိုးစစ်မူက သူမအား ပီဇာစားရန် ခေါ်သွားပြီး အင်တာနက် နာမည်ကြီး နို့လက်ဖက်ရည်တစ်ခွက် ဝယ်ခဲ့သည်။ နာရီဝက်လောက် တန်းစီစောင့်ပြီးရင် အဲ့တာက လုံလောက်ပြီ။
အိမ်ပြန်သွားတော့ ချင်းယိက အရုပ်နှစ်ရုပ်ကို သယ်လာသည်။
ကျိုးစစ်မူရဲ့ လက်ထဲမှာ နောက်ထပ်ပစ္စည်းအနည်းငယ်ရှိနေသေးပြီး သူ သူမထက်ခြေတစ်လှမ်း ထက်ဝက်ခန့် ကြိုလှမ်းခဲ့သည်။
ချင်းယိက နှုတ်ခမ်းပေါ်မှ အပြုံးဖြင့် သူ၏ အရပ်ရှည်တဲ့အသွင်အပြင်နဲ့ ကျောပြင်ကို ကြည့်လိုက်သည်။ "ကျိုးစစ်မူ"
ကျိုးစစ်မူ ရပ်ပြီး လှည့်ကြည့်လိုက်တော့ သူ့မျက်လုံးတွေက သူမမျက်နှာပေါ် ကျလာပြီး ချစ်ခင်မှုတွေနဲ့ ပြည့်နေတဲ့ သူ့မျက်လုံးတွေနဲ့ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ"
ချင်းယိ ခေါင်းမော့ပြီး မျက်တောင်ခတ်လိုက်သည်။ "အသားဖြူတဲ့ မိန်းကလေးတွေကို ကြိုက်လား"
.....
ကျိုးစစ်မူက ချင်းယိ ရဲ့ကြီးထွားမှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သူမ မှတ်မိနိုင်တဲ့အချိန်ကတည်းက သူမဘဝမှာ ကျိုးစစ်မူ၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေပုံရသည်။
သူမ လမ်းလျှောက်စပြုလာသောအခါတွင် သူက သူမလက်ကိုကိုင်ပြီး တစ်လှမ်းချင်း လမ်းလျှောက်သင်ပေးခဲ့သည်။
သူမ စကားစမြည်ပြောလာသောအခါတွင် ကိုကိုဆိုတဲ့စကားလုံးကို အထပ်ထပ်အခါခါ ခေါ်တတ်အောင် သင်ပေးခဲ့သည်။
သူမ စာမေးပွဲဖြေတိုင်း သူမကို စိတ်ရှည်ရှည်နဲ့ ပြန်လည်သုံးသပ်ပေးတတ်သည်။
.....
သူက အရမ်းတော်တယ်။ သူဘယ်လိုမိန်းကလေးမျိုးကို ကြိုက်တာလဲ။ ချင်းယိက အဲ့တာကိုသိချင်နေပြီး စိတ်တထင့်ထင့်ဖြစ်နေသည်။
ကျိုးစစ်မူ မူလတန်းကျောင်းတက်စဉ်က မိန်းကလေး အတန်းဖော်များဆီမှ မှတ်စုများ စတင်ရရှိခဲ့ပြီး အထက်တန်းကျောင်းတွင် မကြာခဏ စာရတာ စိတ်လာခဲ့သည်။
တစ်ခါက ချင်းယိက သူ့ဆီရေးထားတဲ့ ရည်းစားစာတစ်စောင်ကို မတော်တဆ ဖတ်မိသွားခဲ့သည်။
ဒါဟာ သူမ "သဘောကျတယ် " ဆိုတာကို ဘယ်လိုဖော်ပြရမလဲဆိုတာ ပထမဆုံးအကြိမ် သိခဲ့တာလည်း ဖြစ်သည်။
"မင်္ဂလာပါ အတန်းဖော် ကျိုးစစ်မူ၊ ငါက Senior High School ရဲ့ အခန်း ၄ က XXX ပါ။ အထက်တန်း ပထမနှစ်ကနေ အထက်တန်း တတိယနှစ်အထိ ငါ လေ့ကျင့်ခန်းလုပ်တိုင်း လူအုပ်တွေထဲမှာ နင့်ကို လိုက်ရှာခဲ့တယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ငါ နင့်ကို တိတ်တိတ်လေး အာရုံစိုက်ခဲ့တယ်၊ နင့်ရဲ့ဆံပင်ပုံစံ၊ နင့်ရဲ့ဖိနပ်တွေကို အာရုံစိုက်ခဲ့ပြီး စာမေးပွဲတိုင်းမှာ နင့်ရဲ့အဆင့်တွေကို ငါ တိတ်တိတ်လေး ချရေးထားခဲ့တယ်။ ငါနင့်ကို ငါ့ရဲ့ပန်းတိုင်အဖြစ် ယူဆထားပြီး ပထမဆုံး စာမေးပွဲခန်းနဲ့ ပိုနီးအောင်လို့ငါ အမြဲတမ်းကြိုးစားခဲ့တယ်။ ဒီနေ့ နင့်ကိုပြောပြချင်တာ တစ်ခုရှိတယ် ကျိုးစစ်မူ ငါနင့်ကိုသဘောကျတယ် ......."
ချင်းယိက ရှက်ရွံ့သောမျက်နှာဖြင့် စာကိုဖတ်လို့ပြီးပြီးချင်းမှာ ကျိုးစစ်မူက ဖျော်ရည်ခွက်နဲ့ အခန်းထဲဝင်လာခဲ့သည်။ "ယိယိ "
ချင်းယိ မတ်တတ်ရပ်နေတာကို ဖမ်းမိသွားပြီး သူမရဲ့ နှလုံးခုန်သံက ခုန်ပေါက်နေခဲ့သည်။ “ဟို......ဒါ.......” သူမ ရှက်ရွံ့ပြီး ဘယ်လို ရှင်းပြရမှန်း မသိခဲ့ပေ။
ကျိုးစစ်မူက သူမလက်ထဲတွင်ရှိနေတဲ့ဟာကို ငုံ့ကြည့်ကာ ဖြည်းညှင်းစွာ လျှောက်လာပြီး ဖျော်ရည်ကိုစားပွဲပေါ်ချပေးလိုက်သည်။ သူ မျက်မှောင်ကြုတ်ပြီး သူမလက်ထဲက စာတစ်စောင်ကို ယူလိုက်သည်။
"ရည်ရွယ်ချက်နဲ့ ချောင်းကြည့်ခဲ့တာ မဟုတ်ပါဘူး၊ သိချင်လို့ပါ " ချင်းယိ ရှက်သွားသည်။
ကျိုးစစ်မူက တိတ်ဆိတ်နေပြီး သူမကို ပညာပေးဖို့ ဒီအခွင့်အရေးကို ယူဖို့ ဆုံးဖြတ်လိုက်သည်။
“တကယ်လို့ ဒီစာက ကိုကို့ကို တခြားသူရေးပေးထားတဲ့ ရည်းစားစာဆိုတာ သိခဲ့ရင် ညီမသေချာပေါက် ဒါကို ဖတ်မှာမဟုတ်ဘူး" ချင်းယိ ထပ်ပြီး အလေးပေးပြောဆိုခဲ့သည်။
ကျိုးစစ်မူက သူမအား စူးရှသော မျက်လုံးများဖြင့် ကြည့်နေသည်။
ချင်းယိ တံတွေး မျိုချပြီးပြောလိုက်သည်။ "ကျိုးစစ်မူ ၊ အထက်တန်း တတိယနှစ်က အရေးကြီးတဲ့ကာလလေ။ ကိုကို အရင်ဆုံးစာကိုပဲလေ့လာမှရမယ်"
ကျိုးစစ်မူ၏ မျက်လုံးများတွင် အပြုံးတစ်ခု တောက်ပလာခဲ့သည်။ "ကိုယ် ကောင်းကောင်း စာသင်နေတာပဲ။ ကိုယ် ဘယ်လို စာမေးပွဲကျနေလို့လဲ "
သူမရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။ "XXX ကိုကြိုက်လား။ ကိုကို့ရဲ့ ရည်စားလုပ်ပေးဖို့ သူ့ကိုကတိပေးဖူးလား"
ကျိုးစစ်မူက သူ့နှုတ်ခမ်းတွေကိုဖိလိုက်ပြီး ဒေါသထွက်နေတဲ့ ကလေးမလေးရဲ့ အကြည့်ကို ကြည့်လိုက်သည်။ သူမေးလိုက်သည်။ "မင်း XXX ကို ဘယ်လိုထင်လဲ"
ချင်းယိရဲ့နှလုံးသားက ရုတ်တရက် အဆင်မပြေဖြစ်သွားသည်။ "အမှတ် ၁ အလယ်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီး ဟောင်က ခွေးပေါက် အချစ်ဇာတ်လမ်းတွေကို ဖမ်းတတ်တယ်လို့ ညီမ မပြောဖူးဘူးလား။ ကိုကို ဖမ်းမိသွားရင် ဘယ်လိုလုပ်မလဲ" ငါ အဲ့တာကို အရမ်းမုန်းတယ်!
ကျိုးစစ်မူ သူမလက်ထဲကို ဖျော်ရည်တွန်းပို့ပေးလိုက်သည်။ "ကိုယ် အထက်တန်းကျောင်းတုန်းက အချစ်ဇာတ်လမ်းတွေ မပြောတတ်ဘူး၊ ကောလိပ်မှာလည်း ဒါကို လုပ်မှာမဟုတ်ဘူး"
ချင်းယိ မျက်တောင်ခတ်လိုက်သည်။ "ဘာလို့လဲ၊ ကိုကို ကောလိပ်မှာ ချစ်မိသွားတာမျိုးလည်းရှိရင်ရှိလာမှာပေါ့"
ကျိုးစစ်မူ မျက်ခုံးပင့်လိုက်သည်။ "ကောင်းပြီလေ ကိုယ် ကောလိပ်တက်တက်ရင်..."
ချင်းယိ ချက်ချင်း သူ့ပါးစပ်ထောင့်ကို အုပ်လိုက်သည်။ "ကိုကိုပြောတာ မှန်တယ်လို့ထင်တယ်၊ ကောလိပ်မှာ မချစ်မိသွားစေနဲ့။ ကိုကို့ မိဘတွေရဲ့ မျှော်လင့်ချက်တွေကို လျော့သွားအောင်မလုပ်နဲ့"
ကျိုးစစ်မူ ညင်သာစွာ ပြုံးလိုက်သည်။ "ကိုယ်လည်း မင်းကို အဲ့လိုပြောချင်တယ်။ တခြားကောင်လေးတွေ မင်းကို ရည်းစားစာတွေ ပို့လာရင် မဖတ်နဲ့"
ချင်းယိ - "သူများတွေ ဘယ်လိုရေးလဲဆိုတာ ညီမ လေ့လာလို့ရဘူးလား"
ကျိုးစစ်မူ - "အိုး- မင်းလည်း သင်ယူချင်တာလား။ ဒါဆို ဘယ်သူ့ဆီ စာရေးမလို့လဲ"
ချင်းယိ ခြောက်သွေ့စွာ ပြုံးလိုက်ပြီး စိတ်ထဲကနေ ညည်းညူလိုက်သည် ကိုကို့ဆီ ရေးမလို့ပေါ့။
ထိုအချိန်မှစ၍ ချင်းယိသည် ကျိုးစစ်မူ ချမှတ်ထားသော စည်းကမ်းများကို အမြဲလိုက်နာခဲ့ပြီး သူမဆီအခြားသူများရေးတဲ့ ရည်းစားစာများကို ဖတ်ရန် ငြင်းဆန်ခဲ့သည်။ ယခု သူမသည် အထက်တန်းကျောင်းသူလေးဖြစ်ပြီး သူက ဂျူနီယာ ဖြစ်နေပြီ။
သူမ တကယ်ကို သိချင်နေခဲ့သည်၊ သူဘယ်လိုမိန်းကလေးမျိုးကို ကြိုက်တာလဲဆိုတာ။
ကျိုးစစ်မူ ညင်ညင်သာသာ ပြုံးလိုက်သည်။ "ကိုယ်ကြိုက်တဲ့ ကောင်မလေးက ဉာဏ်ကောင်းတဲ့သူမဖြစ်ရဘူး"
ချင်းယိ - "ဒီလို ရိုးရိုးရှင်းရှင်းကြီးလား"
ကျိုးစစ်မူ - "ဒါဆို မင်းက ဘယ်လိုဖြစ်စေချင်တာလဲ"
ချင်းယိ - "ဥပမာ၊ သူမရဲ့ ခန္ဓာကိုယ်လား၊ သူမရဲ့ စရိုက်လား၊ သူမရဲ့ ကျွမ်းကျင်မှုလား ကတတ်တာလား၊ စန္ဒယားတီးတတ်တာလားဆိုတာပေါ့"
ကျိုးစစ်မူ - "ဟုတ်တယ်၊ ဒါတွေသိထားရတာ ကောင်းပါတယ်။ နောင်မှာ ဒီလိုမိန်းမမျိုးကို မင်းသိခဲ့ရင် ကိုယ်ကို မိတ်ဆက်ပေး"
ချင်းယိ အံကြိတ်လိုက်သည်။ ဘယ်လိုတောင် ဆိုးဝါးလိုက်လဲ။
ကျိုးစစ်မူက အရုပ်ကိုယူလိုက်ပြီး သူမရဲ့ ခေါင်းညိမ့်ညင်သာသာဖိလိုက်သည်။ "ကိုယ့်မှာ ကိုယ့်ရဲ့ကိစ္စအတွက် ကိုယ်ပိုင် အစီအစဉ်တွေ ရှိတယ်။ မင်းကအခု စာကိုပဲ ကြိုးစား!"
ချင်းယိ နှုတ်ခမ်းဆူလိုက်သည်။ "ကိုကိုက ညီမကို ကွန်ထရိုးလုပ်ရတာကိုပဲကြိုက်နေတာ"
ကျိုးစစ်မူ သူမကို အိမ်ပြန်ပို့ပေးခဲ့သည်။ ထိုအချိန်တွင်ချင်းဟန်နှင့် လင်းဝူတို့ နှစ်ယောက်လုံး အိမ်တွင် ရှိနေကြသည်။
“ဦးလေး၊ အန်တီ.." သူတို့ကို အေးအေးဆေးဆေး ရက်ရောစွာ နှုတ်ဆက်လိုက်သည်။
လင်းဝူ သူ့ကို ကြည့်လိုက်သည်။ ပဲပင်ပေါက်လေးတောင် ရုတ်တရက် ကြီးပြင်းလာပြီပဲ။ "ဒီတစ်ခါ အိမ်မှာ ဘယ်နှစ်ရက်နေဖို့ အစီအစဉ်ရှိလဲ"
"တစ်ပါတ်"
"စာတွေလုပ်နေရလို့ အလုပ်များနေလား"
"အဆင်ပြေပါတယ်။ ကျွန်တော် ဘွဲ့ရဖို့ ပြင်ဆင်နေတာ"
" တရုတ်ပြည်မှာ ဘွဲ့လွန်ကျောင်းတက်မှာလား"
"ဟုတ်တယ်ဗျ"
လင်းဝူ သူမရဲ့နှုတ်ခမ်းတွေကို ဖိပြီး ပြုံးပြလိုက်သည်။ ဒီကလေးက သူလုပ်သမျှအတွက် အစီအစဉ်တကျ ရှိသည်။ ကံကြမ္မာရဲ့ အံ့သြစရာကောင်းတဲ့ အစီအစဉ်ပဲ။ ကျန်းရှောင်မှာ ပူပင်ကြောင့်ကြမှုမရှိတဲ့ ပင်ကိုစရိုက်ရှိပြီး ထိုသို့သော စရိုက်ရှိသည့် သားလေးကို မွေးဖွားခဲ့သည်။ သူမနှင့် ချင်းဟန်တို့မှာ အေးဆေးတည်ငြိမ်ပြီး သီးသန့်နေတတ်တဲ့ ပင်ကိုယ်စရိုက်ရှိသော်လည်း သူတို့သမီးလေးရဲ့ ပင်ကိုစရိုက်က သူတို့နှင့်မတူဘဲ ကျန်းရှောင်ရဲ့ပင်ကိုစရိုက် အနည်းငယ်ပါနေသည်။
"ယိယိ၊ စစ်မူ ဆီကနေ သင်ယူထားရမယ်နော် "
ချင်းယိ ပြန်ပြောလိုက်သည်။ "သမီး သိပါတယ်!"
ချင်းဟန် ပြောလိုက်သည်။ "ယိယိ၊ သမီးရဲ့ကိုယ်ပိုင်အကြံဉာဏ်တွေ နောက်ကိုပဲ လိုက်။ စစ်မူ၊ ငါတို့ အရမ်းကြီးစာအုပ်ကြီးအတိုင်း လုပ်လို့မရဘူး "
ကျိုးစစ်မူ ပြောလိုက်သည်။ "ဦးလေး၊ ကျွန်တော် ဦးလေးပြောတာကို သဘောတူပါတယ်။ ယိယိရဲ့ ဂီတစွမ်းရည်က တကယ့်ကို ရှားပါးပြီး တန်ဖိုးရှိပါတယ်"
ချင်းယိ သူမ၏ နှုတ်ခမ်းတွေကိုဖိကာ ပြုံးလိုက်ပြီး ချီးမွမ်းခြင်းအတွက် အနည်းငယ် ရှက်သွားသည်။ "အဲဒါက သိပ်ကောင်းတာတော့ မဟုတ်ပါဘူး၊ သာမာန်လူတွေထက် ဂီတခံစားမှု ပိုကောင်းလာလို့ပါပဲ"
ကျိုးစစ်မူက သူမကို ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက နူးညံ့ပြီး အနည်းငယ် မှင်သက်သွားသည်။
ချင်းဟန် မကြာခဏ ချောင်းဟန့်လိုက်သည်။
ကျိုးစစ်မူ ကိုယ့်အမူအရာကို ပြန်ထိန်းလိုက်သည်။ "နောက်ကျနေပြီဆိုတော့ ကျွန်တော် အိမ်ပြန်လိုက်ပါဦးမယ်။ နောက်နေ့တွေ့မယ်။ ဦးလေးချင်း၊ အန်တီ နှုတ်ဆက်ပါတယ်နော်"
လင်းဝူ - "လမ်းမှာ ဂရုစိုက်အုံးနော်"
ချင်းယိက သူ့နောက်ကျောကို ကြည့်နေခဲ့သည်။ သူမ သက်ပြင်းကို တိတ်တိတ်လေး သက်ပြင်းချပြီး အရုပ်လေးကို ပွေ့ဖက်လိုက်သည်။ "ဖေဖေနဲ့ မေမေ သမီး ရေအရင်သွားချိုးလိုက်ဦးမယ်"
ချင်းဟန်က လင်းဝူကိုကြည့်လိုက်သည်။ "ကျိုးစစ်မူက ကျန်းရှောင်နဲ့ နည်းနည်းဆင်တယ်"
"ဘာကိုလဲ"
"နေပါဦး"ချင်းဟန် ပြုံးလိုက်သည်။ "အရွယ်နဲ့မလိုက်တဲ့ ကလေးတွေအတွက် အဲ့တာက မလွယ်ကူဘူး ခဏလေး"
လင်းဝူက သူဘာကိုဆိုလိုသည်ကို နားလည်သည်။ "ဟုတ်တယ်။ ယိယိက အထက်တန်း ပထမနှစ်ကျောင်းသူလေးပဲရှိသေးတယ် ပြီးတော့ ချစ်စရာကောင်းတဲ့ စိတ်ထားရှိတယ်။ ယိယိ အထက်တန်းကျောင်း မဆင်းခင် သူ့ခံစားချက်ကို ထုတ်ပြောရဲမှာမဟုတ်တာ သေချာတယ်"
ချင်းဟန်က ဒါက အမှားအယွင်းရှိတယ်လို့ မထင်ခဲ့ပေ။ "သူက ဒီနေရာမှာ တော်တော်လေးကို တော်တယ်။ သူ့မှာ အရင်တုန်းက ကိုယ့်လို မျိုးနဲ့ တော်တော်တူတဲ့ အမူအရာရှိတယ်"
လင်းဝူ - "..."
ချင်းယိ ရေချိုးပြီးနောက် လင်းဝူ၏ maskကို ထုတ်ကာ အပြင်မထွက်မီ သူမမျက်နှာပေါ် ကပ်ခဲ့သည်။
ချင်းဟန်က ဒါကိုမြင်တော့ ခဏတာ အံ့အားသင့်သွားသည်။ "ယိယိ သမီးက ငယ်သေးတယ်၊ အလျင်လိုမနေနဲ့"
"ဖေဖေ၊ သမီး တော်တော် အသားမည်းသွားတယ် ၊ဒါကို မြန်မြန် ပြန်ပြောင်းမှရမယ်။ စစ်မူက သမီးကို အသားမည်းသွားတယ်လို့ပြောတယ်။ ဟေး! ယောက်ျားလေးတွေက အသားဖြူတဲ့ မိန်းကလေးတွေကို သဘောကျတယ်တဲ့”
ချင်းဟန် - "......"
ချင်းယိ - "ဖေဖေ၊ ဘယ်လိုလုပ်ရင် ဖေဖေ့ရဲ့ အသားအရေလို ဖြူလာနိုင်လဲ။ မေမေ့ကကျတော့ ဘာလို့ အရမ်းဖြူနေတာလဲ"
ချင်းဟန် - "မင်းအမေက မွေးကတည်းက အသားဖြူတယ်။ ယိယိ -" သူ ခဏရပ်တန့်လိုက်သည်။
"ဖေဖေ ဘာကိစ္စရှိလို့လဲ"
ချင်းဟန် ခဏလောက်စဉ်းစားလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။ လီမွန်နိတ်သောက်တာက အသားအရေကို ဖြူစေတယ်"
"မနက်ဖြန်သောက်လိုက်မယ်!"
ချင်းဟန် စိတ်ဓာတ်ကျသွားသည်။
ကျိုးစစ်မူ အိမ်ပြန်ရောက်သောအခါ သူ့အဖေနှင့်အမေလည်း ပြန်ရောက်နေကြပြီပင်။ နှစ်တွေကြာလာတာနဲ့အမျှ သူ့မိဘတွေက အရမ်းချစ်ခင်လာခဲ့ပြီး ဘယ်တော့မှ အဲ့တာကို မဖုံးကွယ်ထားပေ။
"မင်း ချင်း မိသားစုဆီကနေ ပြန်လာတာလား" လို့ ကျိုးရှို့လင်း မေးလိုက်သည်။
"ဟုတ်တယ်။ မုန့်လိုက်ကျွေးဖို့ ယိယိကို သွားခေါ်တာ "
ကျန်းရှောင် ပြုံးလိုက်သည်။ "သားရဲ့ဦးလေး ချင်း ကော ဘယ်လိုနေလဲ"
ကျိုးစစ်မူ သူ့နှာခေါင်းကို ထိလိုက်ပြီး "အချိန်တိုင်း အဆင်မပြေနေဘူး"
ကျန်းရှောင် နည်းနည်းလေးလေးနက်နက် ကြည့်သည်။ "စစ်မူ၊ ယိယိက ငယ်သေးတယ်၊ ဒါကြောင့် အရမ်းစိတ်မလှုပ်ရှားပါနဲ့"
ကျိုးရှို့လင်း ရေကို အေးအေးဆေးဆေး သောက်လိုက်သည် "ကိုယ်သာ ချင်းဟန် နေရာမှာသာဆိုရင် အသည်းကွဲနေလောက်ပြီ။ ကိုယ့်ရဲ့ အဖိုးတန်သမီးလေးကို နေ့တိုင်း တခြားသူတွေရဲ့ သားတွေက ပစ်မှတ်ထားနေကြတယ်လေ"
ကျန်းရှောင် သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "စိတ်မကောင်းပါဘူး မစ္စတာ ကျိုး၊ ရှင့်မှာအဲဒီလို အတွေ့အကြုံ ရှိလာမှာ မဟုတ်တဲ့အတွက် သနားစရာပဲ"
ကျိုးစစ်မူ ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
အနာဂတ်က ရှည်တယ် သုံးနှစ်ပဲ။ သူထပ်စောင့်နိုင်သေးတယ်!