← Chapters

အခန်း (၁၂၁)

Vol. 10 Ch. 121

အခန်း (၁၂၁)

Vol. 10 Ch. 121

ကျန်းရှောင်နှင့် ကျိုးရှို့လင်း၏ ဟန်းနီးမွန်းရက်သတ္တပတ် ကုန်ဆုံးသွားခဲ့ပြီး အံ့သြစရာကောင်းသည်မှာ ကျိုးစစ်မူက သူတို့ကို အလွန်အမင်း မလွမ်းခဲ့ပေ။ အားလပ်ရက်ကနေ ပြန်ရောက်တဲ့ ပထမဆုံးနေ့မှာ သူ့အဘိုးအဘွားတွေက သူ့ကို သူငယ်တန်းအထိ လိုက်ပို့ပေးကြသည်။

ကျိုးစစ်မူက သူ့အတန်းထဲက ကလေးတွေအားလုံးနဲ့ ဆရာမအနည်းငယ်အတွက် ချောကလက်တွေ ယူလာပေးခဲ့သည်။ မိန်းကလေးတွေက Hello Kitty အရုပ်တွေရကြပြီး ယောက်ျားလေးတွေက Transformers အရုပ်တွေ ရရှိကြသဖြင့် ကလေးအယောက်တိုင်း လက်ဆောင်တွေရရှိခဲ့သည်။

"စစ်မူ၊ နင့်အမေနဲ့ အဖေ မင်္ဂလာဆောင်ပြီးသွားတာကို သူတို့ကဘာလို့ လက်ဆောင်တွေ အများကြီး ယူလာတာလဲ" လို့ အတန်းဖော်တစ်ယောက်က မေးလာခဲ့သည်။

ကျိုးစစ်မူ ဂုဏ်ယူစွာကြည့်ပြီးပြောလိုက်သည်။ "မှန်တယ်။ ငါ့အဖေက မင်းသား၊ ငါ့အမေက မင်းသမီး၊ ငါက မင်းသားလေး။ ဧည့်သည်တွေ အများကြီး အများကြီး လာကြတာ..." လို့ ပြောပြီး မိနစ်နှစ်ဆယ်ကျော်ကြာအောင် မင်္ဂလာပွဲအကြောင်း ဆက်ပြောပြနေခဲ့သည်။

သူ့အတန်းဖော်တွေက သူ့ကို သဘောကျစွာ ကြည့်နေကြသည်။

တကယ်တော့ သူ့မိဘတွေက ဘတ်စ်ကားပေါ် အရင်တက်ပြီး လက်မှတ်တွေ ပေးဆောင်ကာ နောက်ပိုင်းနှစ်တွေမှာ ကျိုးစစ်မူအတွက် အတော်လေး ရှက်စရာဖြစ်သွားသည်။ အထူးသဖြင့် သူသည် သူငယ်တန်း အတန်းဖော်များနှင့် ပြန်တွေ့သောအခါတွင် အချို့က သူ့မိဘများ၏ မင်္ဂလာပွဲကို မှတ်မိနေသေးသည်။

တစ်ပတ်အကြာတွင် ကျန်းရှောင်နှင့် ကျိုးရှို့လင်း တို့သည် ဟန်းနီးမွန်းမှ ပြန်လာကြပြီး နှစ်ယောက်စလုံး အလုပ်ခွင်သို့ ပြန်သွားခဲ့ကြသည်။ ကျိုးရှို့လင်းသည် ရက်အတော်ကြာ အစည်းအဝေးတွေ ရှိခဲ့ပြီး စီမံခန့်ခွဲရန် စောင့်ဆိုင်းနေသည့် အလုပ်များ ရှိနေသည်။

စုန့်ယိဝမ်နဲ့ တခြားသူတွေမှာတော့ ကျန်းရှောင်ရဲ့စိတ်ကို သက်တောင့်သက်သာဖြစ်စေသည့် သူတို့ရဲ့ကိုယ်ပိုင်အစီအစဉ်တွေရှိသည်။ စုန့်ယိဝမ်၊ ယီလုနှင့် ယီဟန် တို့သည် ဟွားရှ တွင်နေထိုင်ကြပြီး သက်ဆိုင်ရာ အေးဂျင့်များနှင့် လွတ်လပ်စွာ စီမံခန့်ခွဲကြသည်။

ကျန်းရှောင်မှ ကိုယ်စားလှယ်များအား စုန့်ယိဝမ်နှင့် ရှုကျားရမ်တို့အား အကြံပြုခဲ့သည်။ ယီလုက အကြံပြုချက်ကို အလွယ်တကူလက်ခံခဲ့သော်လည်း ရှုကျားရမ် က ငြင်းဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှုကျားရမ်သည် ဟွားရှ နှင့် ၎င်း၏ စာချုပ်ကို ရပ်စဲပြီး Starry Entertainment တွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။

ယင်းကြောင့် ကျန်းရှောင်သည် လျန့်နန်သို့ သွားရောက်ခဲ့ပြီး ရှုကျားရမ်နှင့် နောက်ထပ်စကားပြောဆိုခဲ့သည်။ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့အနီးရှိ ကော်ဖီဆိုင်တွင် သူတို့ တွေ့ဆုံခဲ့ကြသည်။

ရှုကျားရမ် ပြောလိုက်သည်။ "ကျွန်မ ဟွားရှမှာနေခဲ့ရင်တောင် ထိပ်တန်းမင်းသမီး ဖြစ်လာမှာမဟုတ်သလို ယီလုနဲ့ ကျွန်မလည်း သေချာပေါက်ယှဉ်ပြိုင်နေရမှာ"

ကျန်းရှောင် ပြန်ပြောခဲ့သည်။ "မင်းရဲ့အသက်မွေးဝမ်းကြောင်းလုပ်တဲ့ လမ်းကြောင်းက ကွဲပြားတယ်"

ရှုကျားရမ် ခေါင်းခါလိုက်သည်။ "ဒါပေမယ့် အထူးသဖြင့် ကျွန်မ အရင်နာမည်ကြီးလာကတည်းက သူမရဲ့ လွှမ်းမိုးတာကို ကျွန်မ လက်မခံနိုင်ဘူး"

ကျန်းရှောင် ပြန်ပြောလိုက်သည်။ "ကျားရမ်၊ တစ်ခါတလေ မင်းရဲ့မာနကို သင့်လျော်သလို ဖယ်ထားဖို့လိုတယ်၊ ဒါမှမဟုတ်ရင် နောင်မှာ မင်းဒုက္ခရောက်နိုင်တယ်။ Starry Entertainment က မင်းအတွက် အသင့်တော်ဆုံးဖြစ်မှာ မဟုတ်ဘူး"

ရှုကျားရမ် ပြောခဲ့သည်။ "ရှဇီဟောင် ကျွန်မဆီ ဖိတ်ကြားစာတစ်ခု လာပေးတယ်။ ကျွန်မ join လိုက်ရင် Starry ရဲ့ ရှိပြီးသား အရင်းအမြစ်တွေကို သုံးစွဲခွင့်ရမှာ"

ကျန်းရှောင်က ရှဇီဟောင်၏ ကိုယ်ရည်ကိုယ်သွေးအကြောင်း ကြားဖူးသည်။ သူသည် ကုမ္ပဏီ၏ အနုပညာရှင်များနှင့် အထူးညှာတာခြင်း မရှိခဲ့ဘဲ ၎င်းတို့၏ စာချုပ်က အတော်လေး တောင်းဆိုထားသည်။ ထို့အပြင် Starry Entertainment က လက်ရှိထုတ်လုပ်နေတဲ့ ရှိုးတွေက ကြီးကြီးမားမား လူကြိုက်များတာ မဟုတ်ဘူး။

ကျန်းရှောင်က နောက်ထပ် ဆွဲဆောင်မှုဟာ အချည်းနှီးဖြစ်မယ်ဆိုတာကို သိနေပြီး ရှုကျားရမ် ရဲ့ ပင်ကိုယ်စရိုက်ကို သူမ ကောင်းကောင်းကြီး သိသည်။

သူမ၏နောင်တများကိုသာ ဖော်ပြနိုင်ခဲ့သည်။ "မင်းဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ ငါဘာမှထပ်မပြောတော့ပါဘူး"

ရှုကျားရမ်က ဝမ်းနည်းပူဆွေးနေတဲ့ အရိပ်အမြွက်ဖြင့် သူမကို စိုက်ကြည့်ခဲ့သည်။ "အစ်မကျန်း၊ အစ်မသာ အစ်မရဲ့အထောက်အထားကို စောစောသာ ထုတ်ဖော်ခဲ့မယ်ဆိုရင် ကျွန်မ အများကြီး အားထုတ်စရာ မလိုဘူး ပြီးတော့ ဒီလောက်ထိဆုံးရှုံးရတယ်လို့လည်း ခံစားမိမှာမဟုတ်ဘူး"

ကျန်းရှောင် အပြုံးကိုထိန်းချုပ်ထားသည်။ "ကျားရမ်၊ မင်းက စိတ်နှလုံးသားကြီးပါတယ်" သူမထပြီး ပြောလိုက်သည်။ "ငါမင်းကိုအကောင်းဆုံးဖြစ်လာဖို့ ဆုတောင်းပေးနေမယ်"

"အစ်မကျန်း"

ကျန်းရှောင် သူမ၏ လမ်းကြောင်းတွင် ရပ်လိုက်ပြီး သူမကို ကြည့်လိုက်သည်။

ရှုကျားရမ်က "အစ်မနဲ့ ဆရာမလျန့် အစ်မတို့က ......." လို့ မပြောခင် တုံ့ဆိုင်းသွားသည်။

ကျန်းရှောင် စိတ်ကိုထိန်းထားပြီး တည်ငြိမ်အေးဆေးသော ရေကန်တစ်ခုလို တည်ငြိမ်နေခဲ့သည်။ "ဆရာမ လျန့်က ​​နယ်ပယ်ထဲမှာ ဝါရင့်ပြီး ထူးချွန်တဲ့ မင်းသမီးတစ်ယောက်။ ဒီအချိန်အတွင်းမှာ သူမ ဆီကနေ မင်း အများကြီး သင်ယူခဲ့ပြီလို့ ငါထင်တယ်"

ရှုကျားရမ် တခဏအတွင်း အံ့အားသင့်သွားပြီး သူမ ပါးစပ်ထောင့်ကို ပင့်လိုက်သည်။ "ကျွန်မနားလည်ပါပြီ"

ထိုနှစ် ဆောင်းရာသီတွင် "ချန်တင်း" ရုပ်ရှင်တရားဝင် ပြီးဆုံးခဲ့သည်။ လာမည့်နွေရာသီတွင် "ချန်တင်း" သည် မေလပိုင်း ပိတ်ရက်အတွင်း ထွက်ရှိခဲ့ပြီး ၎င်း၏ဖွင့်ပွဲနေ့တွင် ယွမ် ၁၂ သန်းရရှိခဲ့သည်။ အဆုံးမှာတော့ ဒီဇာတ်ကားဟာ လျန့်ယွဲ့မျှော်မှန်းထားတဲ့ ရလဒ်ကို မရရှိခဲ့ချေ။

ရှုကျားရမ်သည် ထိုအချိန်က ကျောက်ရှင်းရန် ရခဲ့သလို ကံကောင်းခြင်းကို မရရှိခဲ့ပေ။ ဒါပေမယ့် "ချန်တင်း" ကို နိုင်ငံတကာပြိုင်ပွဲတွေအတွက် တင်သွင်းခဲ့သော်လည်း နောက်ဆုံးတွင် သူမအတွက် ဘာဆုမှ မရရှိခဲ့ပေ။

"ချန်တင်း" ဇာတ်ကားထွက်ရှိစဉ်တွင် လျန့်ယွဲ့မှာ လျှို့ဝှက်ထားတဲ့သမီးလေး တစ်ယောက်ရှိပြီး ယခုအခါ ကလေးက လက်ထပ်သွားပြီဖြစ် ကြောင်း ကောလာဟလများထွက်ပေါ်ခဲ့သည်။ ဒါပေမယ့် ဒီသတင်း ပေါ်ထွက်လာပြီး နာရီဝက်အတွင်းမှာပဲ ဖျက်ပစ်ခံလိုက်ရသည်။

နောက်တစ်နေ့တွင် ကျန်းရှောင်မှာ လျန့်ယွဲ့ ၏ညလျှို့ဝှက်သမီးဖြစ်ကြောင်း ကောလာဟလများထွက်ပေါ်ခဲ့သည်။ ကျန်းရှောင်က ဒီကောလဟာလတွေကို ဘယ်တော့မှ ဘာမှမပြောခဲ့ပေ။ နောက်ဆုံးမှာ သူတို့က တဖြေးဖြေး ပျောက်ကွယ်သွားခဲ့သည်။

ဖျော်ဖြေရေးနယ်ပယ်ထဲမှာ အမှန်တရားနဲ့ အမှားတွေ များလွန်းသည်။

ဒါပေမယ့် အဲဒါကို နောက်တစ်ကြိမ် ထားလိုက်ရအောင်။

ဟန်းနီးမွန်းထွက်ပြီးနောက် ကျန်းရှောင်နှင့် ကျိုးရှို့လင်းတို့သည် ရသစုံရှိုးပွဲများစွာတွင် ပါဝင်ရန် ဖိတ်ကြားချက်များကို လက်ခံရရှိခဲ့သည်။ ကျန်းရှောင် က သူတို့အားလုံးကို ငြင်းဆိုခဲ့သည်။

သူမသည် သူမ၏ ရွေးချယ်မှုများကို ထည့်သွင်းစဉ်းစားကာ အနုပညာရှင်ဆက်ဆံရေးနှင့် မြှင့်တင်ရေးကျွမ်းကျင်သူအဖြစ် ကုမ္ပဏီတွင် အလုပ်ဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ဒါကို ကျိုးရှို့လင်းနဲ့ ဆွေးနွေးခဲ့ပြီး သူမရဲ့ လက်ရှိအတွေ့အကြုံအရ သူမအတွက် သင့်တော်တဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တယ်လို့ သဘောတူခဲ့သည်။

နိုဝင်ဘာလလယ်တွင် "The Most Beautiful Talent Agent" ကို J Channel နှင့် Youha Video တွင်တစ်ပြိုင်နက်ထုတ်လွှင့်ခဲ့သည်။ ကြိုတင်ပရိုမိုးရှင်းလုပ်ထားသော်လည်း၊ ကနဦးအပိုင်း၏ ကြည့်ရှုမှုအဆင့်သတ်မှတ်ချက်များမှာ ထူးခြားမှုမရှိပေ။ "Our Journey" နှင့် နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံ နည်းပါးသည်။

ဒါပေမယ့် ဒုတိယပတ်တွင် အံ့ဖွယ်နည်းဖြင့် တိုးတက်လာသည်။ ပရိုဂရမ်၏ ပရိုမိုးရှင်းအဖွဲ့သည် လူကြိုက်များတဲ့ ဖျော်ဖြေရေးဆိုင်များမှ ကြော်ငြာများတွင် ရင်းနှီးမြှုပ်နှံပြီး ကြည့်ရှုသူအဆင့်သတ်မှတ်ချက်များကို တဖြည်းဖြည်း မြှင့်တင်ပေးသည့် ဖျော်ဖြေရေးဗီဒီယိုများကို ထုတ်လွှင့်ခဲ့သည်။

အဆိုပါအစီအစဉ်ကို ည ၁၀ နာရီဝန်းကျင်တွင် တီဗီ၌ထုတ်လွှင့်ခဲ့ပြီး ပဲပင်ပေါက်လေး၏ အိပ်ရာဝင်ချိန်က ကျော်လွန်သွားခဲ့သည်။ ထို့ကြောင့် ပိတ်ရက်ညနေတိုင်း၊ ကျိုး မိသားစု၏ ဖျော်ဖြေရေးလှုပ်ရှားမှုမှာ "The Most Beautiful Talent Agent" ကို ကြည့်တာပဲ။

ပဲပင်ပေါက်လေးက စိတ်အားထက်သန်နေတဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ကျန်းရှောင်ကို TV တွင် မြင်တွေ့ရခြင်းက သူ့အတွက် စွဲမက်ဖွယ်အတွေ့အကြုံကို ဖြစ်စေသည်။

အစွအစဥ်၏ ကြည့်ရှုမှုနှင့် buzz သည် တတိယပိုင်းမှ စတင်၍ တဟုန်ထိုး တိုးတက်လာခဲ့သည်။

တနင်္လာနေ့တိုင်း၊ ကျိုးစစ်မူက သူငယ်တန်းက သူငယ်ချင်းတွေဆီ "The Most Beautiful Talent Agent" ကို လှိုက်လှိုက်လှဲလှဲ ကြော်ငြာခဲ့သည်။

"ငါ့မေမေ အဲ့ထဲမှာပါတယ်! သူက ကြက်တွေကို လိုက်ဖမ်းတဲ့ မိန်းမချောလေး။ သူက ငါ့မေမေလေ ပြီးတော့ သူမက အံ့သြစရာကောင်းတယ်။ သူ ကြက်ဖမ်းနိုင်တယ်!"

ကျန်းရှောင် အဲ့မှာ လူကိုယ်တိုင်မရှိခဲ့တာ ရှက်စရာပဲ၊ မဟုတ်ရင် သူမ တုံ့ပြန်မှုများကြောင့် လွှမ်းမိုးခံရနိုင်သည်။

"The Most Beautiful Talent Agent" ၏ အလယ်အပိုင်းတွေမှာ နာမည်ကြီး အနုပညာရှင်တွေ ပိုမိုပါ၀င်လာသည်ကိုတွေ့ရပြီး ကြည့်ရှုမှုအဆင့်သတ်မှတ်ချက် ၂ ကို ကျော်သွားသောအခါ၊ ထုတ်လုပ်ရေးအဖွဲ့က ပြုံးနေတာကိုမရပ်တန့်နိုင်တော့ပေ။

အပိုင်း (၇)အပြီးတွင် ပရိုဂရမ်က နောက်ထွက်လာမယ့် လျှို့ဝှက်ဆန်းကြယ်သော ဧည့်သည်တစ်ဦး၏ အသွင်အပြင်ကို ကြေညာခဲ့ပြီး ပရိသတ်တွေရဲ့ စူးစမ်းလိုစိတ်ကို ချက်ချင်း ရောင်ပြန်ဟပ်စေခဲ့သည်။

အင်တာနက်အသုံးပြုသူတွေက ဧည့်သည်၏ ဆိုရှယ်မီဒီယာအကောင့်များသို့ စုပြုံဝင်ရောက်ကာ မှတ်ချက်တွေပေးပြီး လျှို့ဝှက်ဆန်းကြယ်သောလူက မည်သူဖြစ်သည်ကို ခန့်မှန်းရန် ကြိုးစားခဲ့ကြသည်။

ကျန်းရှောင်၏ Weibo သည် တစ်ညတည်းတွင် မှတ်ချက်ပေါင်း 5,000 ကျော်ရရှိခဲ့ပြီး သူမရရှိဖူးသမျှထဲမှာ အများဆုံးဖြစ်သည်။

ကြည်လင်သော မနက်ခင်းအလင်းရောင် - အဲ့တာက ပဲပင်ပေါက်လေးလို့ ထင်တယ်။

အိပ်ရာထဲက လရောင်လေး - အဲဒါ အစ်ကို စုန့်လို့ ထင်တယ်။

လေးလေးနက်နက်အချစ် - မစ္စတာ ကျိုး ဖြစ်နိုင်လား။

မင်းက သက်ညှာမှုမရှိဘူး - အပေါ်ကကောင်မလေး၊ အစ်မကျန်းက မစ္စတာကျိုးကို Weibo မှာတောင် မဖော်ပြဖူးဘူး။ သူ့ကို ရှိုးမှာ ခေါ်လာပေးမယ့် နည်းလမ်းမရှိဘူး..

ပိုင်ပိုင်ရဲ့ ချစ်စရာကောင်းတဲ့ ဖန်းလေး - surprise surprise။ သေချာတာကတော့ surprise တစ်ခုပါပဲ။ စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်နေပါတယ်

ပြီးတော့ မင်းက သက်ညှာမှုမရှိဘူးဆိုတဲ့တစ်ယောက်က ပိုင်ပိုင်ရဲ့ ချစ်စရာကောင်းတဲ့ဖန်လေး သို့ replyပြန်ခဲ့သည်- "သူငယ်ချင်း၊ မင်းကိုကြည့်ရတာ တော်တော်ရင်းနှီးနေသလိုပဲ။

တကယ်တော့ ကျိုးရှို့လင်းက သူ့ဇနီးဖြစ်သူနဲ့ variety showကို လိုက်သွားတယ်ဆိုတဲ့ သတင်းကြောင့်ဖြစ်ပြီး ဖျော်ဖြေရေးနယ်ပယ်မှာ ကျယ်ပြောလှသည်။ ဤသစ္စာရှိခင်ပွန်းက ကျန်းရှောင်နှင့် သူ၏အိမ်ထောင်ရေးကို လျှို့ဝှက်ထားရုံသာမက သူမနာမည်ဖြင့် ကုမ္ပဏီတစ်ခုကိုလည်း ဖွင့်လှစ်ထားခဲ့သည်။

"မူရှောင် မီဒီယာ " လို့ နာမည်ပေးထားပြီး သူတို့သားနဲ့ သူ့ဇနီးရဲ့ နာမည်ကိုပေးထားတာလို့ထင်ရင် မင်း မှားသွားလိမ့်မယ်။ တကယ်တော့ ကျန်းရှောင်ကို သူ့ရဲ့ ချစ်ခြင်းမေတ္တာကို အစွဲပြုပြီး နာမည်ပေးထားတာ။

ကျိုး စုံတွဲ မင်္ဂလာဆောင်ပြီးနောက် ကျိုးရှို့လင်း အပေါ် အမျိုးသမီးများ၏ အာရုံစိုက်မှုမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။

ယခုရက်ပိုင်းအတွင်း စီအီးအို ကျိုးဆီ ညစာစားဖို့အတွက်ဖိတ်စာတွေ ပေးဖို့ အမျိုးသမီး အနည်းငယ်သာ ဖိတ်ဖို့ကြိုးပမ်းခဲ့တယ်ဆိုတာကို ကျန်းချင်က ကျန်းရှောင်ကို သီးသန့် အစီရင်ခံတင်ပြထားခဲ့သည်။

ကျန်းရှောင် သူ့ကို အမြဲယုံကြည်ထားသည်။

"The Most Beautiful Talent Agent" ရဲ့ နောက်ဆုံးအပိုင်းမှာတော့ ကျိုးရှို့လင်းကားထဲမှာဆင်းလာချိန် ကင်မရာမင်းက ကျွမ်းကျင်စွာဖြင့် ရိုက်ချက်အချို့ကို ရိုက်ယူခဲ့ပြီး သူ့ရဲ့ခြေထောက်တွေကနေ ရှည်လျားတဲ့ရှည်တံကိုဆန့်ထုတ်ပြီးလျှောက်လှမ်းကာ နောက်ဆုံးမှာ ကျိုးရှို့လင်းရဲ့မျက်နှာပေါ်လာခဲ့သည်။

ကင်မရာမင်းက ရည်ရွယ်ချက်ရှိရှိ သည်းထိတ်ရင်ဖိုစရာကောင်းအောင် လုပ်နေတာလားလို့ ပရိသတ်တွေ မတွေးတောဘဲမနေနိုင်ခဲ့ကြပေ။

ကျိုးရှို့လင်း ပထမဦးစွာ ထွက်ပေါ်လာတဲ့အချိန်မှာ အားလုံးကို နှုတ်ဆက်စကားပြောခဲ့သည်။ "အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်က ကျန်းရှောင်ရဲ့အမျိုးသား ကျိုးရှို့လင်းဖြစ်ပါတယ် " ဟု နွေးထွေးယဉ်ကျေးသော အမူအရာဖြင့် လူတိုင်းကို ဝေးဝေးမှ အသိမပေးဘဲ ချိတ်ဆက်ခံစားစေခဲ့သည်။

ရှိုးအဖွဲ့သားတွေက အစပျိုးစာသားတင်ပေးခဲ့သည် - ကျိုး စုံတွဲကို နွေးထွေးစွာ ကြိုဆိုပါသည်။

ကြည့်ရှုသူ အများအပြားက ၎င်းတို့၏ ကွန်ပျူတာနှင့် ရုပ်မြင်သံကြား ဖန်သားပြင်များရှေ့တွင် စိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့ကြသည်။

အစီအစဉ်အစကတည်းက ကျန်းရှောင်ရဲ့ ဆိုရှယ်မီဒီယာ အထူးသဖြင့် သူမရဲ့ Weibo မှာ မက်ဆေ့ခ်ျတွေ ပြည့်လျှံနေခဲ့သည်။ ပရိသတ်တွေက မှတ်ချက်များ ချန်ထားခဲ့ကြတာ -

"ငါ့ယောက်ဖက အရမ်းချောတာပဲ!"

"အစ်မရဲ့အမျိုးသားက သူမရဲ့သူဌေးပဲ!"

"ငါတို့ ခဲအိုကို ထောက်ခံတယ်!"

"ဝိုး ငါအရမ်းစိတ်လှုပ်ရှားနေပြီ။ ဟုတ်တယ် ဒါမှငါ့ခဲအို။ ချစ်တယ် မွ!"

ဒီအခိုက်အတန့်မှာ ပရိသတ်အချို့က ကျိုးရှို့လင်း ရဲ့ Weibo ကို စစ်ဆေးလိုက်တော့ ကျန်းရှောင်ကိုပဲ follow လုပ်ထားပြီး ပိုစ့်တစ်ခုတည်းသာတင်ထားသည် အဲ့တစ်ခုက ကျန်းရှောင်ကို ဆဲဆိုခြင်းအား ဆန့်ကျင် ကာကွယ်ခဲ့သည့်ပိုစ့်ပင်။

အဆိုပါ ထုတ်ဖော်မှုအပြီးတွင် စက်တင်ဘာလတွင် သူတို့၏ မင်္ဂလာပွဲမှ ကျိုးရှို့လင်းရဲ့ နှလုံးသားထဲက ချစ်ခြင်းမေတ္တာကို ဖော်ပြသည့် ဗီဒီယိုမှာ Weibတွင် စတင်ပျံ့နှံ့လာခဲ့သည်။

ယခုအချိန်တွင် ကျန်းရှောင်လည်း Weibo ကိုရှာဖွေနေပြီး စနေနေ့တွင် သူမက ကျိုးစစ်မူနှင့် စစ်တုရင်ကစားသည်။

ကျန်းရှောင် စာကြည့်ခန်းထဲကို ၀င်သွားပြီး စကားပြောခဲ့သည်။ "ယောကျ်ား ဒီတစ်ခါတော့ ရှင်က အာရုံခံစားမှုတစ်ခုပဲ"သူမ ပြုံးပြီး ဖုန်းကို မြှောက်လိုက်သည်။ "မမျှော်လင့်ဘဲ ဒီရှိုးက တကယ်ကောင်းသွားတယ်"

ကျိုးရှို့လင်းက ဘာမှမထူးခြားသည့် အမူအရာဖြင့် ထိုနေရာတွင်ထိုင်ပြီး သူ့နောက်ထပ်လှုပ်ရှားမှုကို ပြုလုပ်နေသည်။

ကျိုးစစ်မူက သူ၏ မျက်ခုံးလေးတွေကိုကြုတ်ပြီး သူနောက်ထပ် လှုပ်ရှားမှုကို လေးလေးနက်နက် စဉ်းစားနေမိသည်။

ကျန်းရှောင် ပြောလိုက်သည်။ "ဟေ့ ရှင်တို့နှစ်ယောက်လုံးမှာ ဘာမှတုံ့ပြန်မှုမရှိဘူးလား"

ကျိုးစစ်မူ ပြန်ဖြေခဲ့သည်။ "မေမေ၊ ဖေဖေက နာမည်ကြီးဆယ်လီတစ်ယောက် မဟုတ်ဘူး"

ကျိုးရှို့လင်း ထပ်ပေါင်းပြောလိုက်သည်။ “ရှိုးရဲ့နောက်ဆုံးအပိုင်းအတွက် Weibo မှာကိုယ်တို့မိသားစုဓာတ်ပုံကို တင်လို့ရမယ်လို့ တွေးထားတယ်"

ကျန်းရှောင် ရွှတ်နောက်နောက်ဖြင့် သူ့နောက်ကျောကို မှီလိုက်သည်။ "ကောင်းတာပဲ၊ ဒီတစ်ခါတော့ စစ်မူရဲ့ မျက်နှာကို မအုပ်ထားတော့ဘူး၊ ကျွန်မတို့ မင်္ဂလာဆောင်က ဓာတ်ပုံတင်ရင်ကော ဘယ်လိုလဲ"

ကျိုးစစ်မူ ကြားဖြတ်ဝင်ပြောလိုက်သည်။ "ဒါ အကြံကောင်းလို့ သားထင်တယ်"

ပြတင်းပေါက် အပြင်ဘက်တွင် မရေမတွက်နိုင်သော အလင်းရောင်များ ထွန်းလင်းတောက်ပနေခဲ့သည်။ ဒီမှာတော့ စစ်တုရင်ကစားပြီး မိသားစုဆုံစည်းခဲ့ကြသည်။

ကျန်းရှောင် စစ်တုရင်ခုံကို တစ်ချက်ကြည့်လိုက်သည်။ "စစ်မူ၊ ထောင့်မှာ ဖမ်းဖို့ သုံးကြိမ်ရွှေ့ဖို့လိုတယ် ပြီးတော့ အစွန်းတလျှောက်ကနေ ငါးနေရာရွှေ့"

ကျိုးစစ်မူ ခေါင်းညိတ်လိုက်ပြီး မြန်မြန် လှုပ်ရှားလိုက်သည်။

ကျိုးရှို့လင်းက မျက်ခုံးပင့်ကာ ရွှတ်နောက်နောက် ပြောလိုက်သည်။"ပရမ်းပတာဖြစ်အောင် လုပ်တယ်"

ကျိုးစစ်မူ ပြန်ပြောခဲ့သည်။ "ဒါက သားအမိချင်း နှလုံးသားချင်း ဆက်သွယ်မှုလေ"

ထို့နောက် ကျိုးရှို့လင်းက လှုပ်ရှားမှုတစ်ခုပြုလုပ်ပြီး ကျောက်အဖြူရောင် အုပ်စုကြီးကို ခုံပေါ်မှ အေးဆေးစွာ ဖယ်ရှားလိုက်သည်။

ကျိုးစစ်မူက စစ်တုရင်ခုံကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "သားကြီးလာရင် သားလည်း အနိုင်ယူပြမယ် သူ စစ်တုရင်ခုံကို စတင်ထုပ်ပိုးလိုက်သည်။

ကျန်းရှောင် သူ့ခေါင်းလေးကိုပုတ်လိုက်သည်။ "ဟုတ်တယ်၊ နောင်မှာ သားရဲ့အဖေကို သေချာပေါက် ကျော်သွားလိမ့်မယ်"

နောက်တပတ်ရောက်လာတော့ “The Most Beautiful Talent Agent” ရဲ့ နောက်ဆုံးဖိုင်နယ်ကိုလည်း အမှတ်အသားပြုခဲ့ကြသည်။

ကျိုး ဇနီးမောင်နှံက ရှိုးပွဲတွေမှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေဖြစ်လာခဲ့ပြီး ကျိုးရှို့လင်းက အခြားအစီအစဉ်နှစ်ခုအတွက် ဖိတ်ကြားချက်များကို လက်ခံရရှိခဲ့ပြီး သူနှင့်သူ့သားကို ပါဝင်ရန် ဖိတ်ကြားခံရသည်။

စနေနေ့ ညနေ ကိုးနာရီတိတိမှာ ကျိုးရှို့လင်းရဲ့ Weibo ပို့စ်မှာ သူတို့သုံးယောက်ရဲ့ မိသားစုဓာတ်ပုံကို ထုတ်ဖော်ပြသခဲ့သည်။

[ငါ့မိန်းမနဲ့ ငါ့သားကို လူတိုင်းနဲ့ မိတ်ဆက်ပေးမယ်။ ငါ့ဇနီးနဲ့ ငါ့သားအပေါ် မင်းတို့ရဲ့ချစ်ခြင်းမေတ္တာအတွက် မင်းတို့ရဲ့ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ငါ့ရဲ့ထာဝရအချစ်]

ယခုအချိန်တွင် ကျန်းချင်သည် သူ၏ကွန်ပြူတာတွင် စောင့်ဆိုင်းနေပြီး Weibo ကို ကုမ္ပဏီ၏တရားဝင်အကောင့်တွင် ပထမဆုံးပြန်လည်တင်ခြင်းဖြစ်ခဲ့သည်။ [Congratulations ! မစ္စတာ ကျိုးရဲ့ အထောက်အထားကို နောက်ဆုံးမှာ အသိအမှတ်ပြုခဲ့ပြီ ]

ကျိုးယန်ယန် - ငါ့ရဲ့ ချစ်တူလေး [❤]

ချင်ယီလု: အိုး၊ ငါအရမ်းစိတ်လှုပ်ရှားပြီး ငိုမိတော့မယ်။

The Most Beautiful Talent Agent V- ဒီနေ့ညရဲ့ ဇာတ်လမ်းတွဲကို အချိန်မှန်ကြည့်ဖို့ မမေ့ပါနဲ့၊ surprise တွေရှိတယ်။ Surprise !Surprise !

ကျိုးရှို့လင်း၏ Weibo ပို့စ်ကြောင့် "The Most Beautiful Talent Agent" ၏ နောက်ဆုံးအပိုင်းသည် ကြည့်ရှုသူအဆင့်သတ်မှတ်ချက် 5% ရရှိခဲ့ပြီး ၎င်းသည် ယနေ့အထိ အဆင့်သတ်မှတ်ခံရမှုအများဆုံးပြည်တွင်းရှိုးဖြစ်လာခဲ့သည်။

အစီအစဉ်တင်ဆက်သည့် surprise မှာ ကာတွန်းပုံစံဖြင့် အိမ်မှ ကျိုးစစ်မူ ပြေးသွားသည့် မြင်ကွင်းဖြစ်သည်။

ဤထပ်တိုးမှုလေးသည် မိသားစုဝင်သုံးဦးကို ထိပ်တန်းအဆင့်ရေးပန်းအစားဆုံး အကြောင်းအရာတွေထဲသို့ လျင်မြန်စွာတွန်းပို့ခဲ့သည်။

အန်တီကြီး ပရိသတ်တွေက ပိုပြီးနားထောင်ရတာကို အသည်းယားလာကြပြီး ကျန်းရှောင်အတွက် မက်ဆေ့ချ် များစွာကို သူမရဲ့ Weibo မှာ ပဲပင်ပေါက်လေးရဲ့ နေ့စဉ်စွန့်စားခန်းတွေကို မျှဝေပေးမယ်လို့ မျှော်လင့်ပါတယ်ဆိုပြီး အကြံပြုထားကြသည်။

ကျန်းရှောင်က ကျေကျေနပ်နပ် သဘောတူခဲ့သည်။

ကျိုးရှို့လင်းက ကလေးရဲ့ အခန်းထဲသို့ ဖုန်းနဲ့ဝင်လာခဲ့သည်။ ဇနီးနှင့် သားဖြစ်သူတို့က ပုံဆွဲရင်း

အလုပ်များနေကြသည်။

သူ တံခါးကိုမှီပြီး သူတို့ကိုကြည့်နေလိုက်သည်။

ကျန်းရှောင်က သူ့ကို သတိထားမိပြီး မော့ကြည့်လိုက်တော့ သူတို့ မျက်လုံးချင်းဆုံသွားသည်။ "၁၀နာရီထိုးနေပြီလား"

ကျိုးရှို့လင်း အပြုံးကို ဆင်မြန်းထားပြီး သူမဘေးနားသို့ လှမ်းလာကာ သူမကိုဖုန်းကမ်း ပေးလိုက်သည်။ "မစ္စစ်ကျိုး၊ ကိုယ့်ရဲ့ Weibo ပို့စ်ကို shareပေးပါလား "

စိတ်အားထက်သန်စွာဖြင့် ကျန်းရှောင် ပြောလိုက်သည်။ "ရှင် ဘယ်တုန်းက တင်လိုက်တာလဲ၊ ကျွန်မ စစ်ဆေးကြည့်ဦးမယ်။ ဝိုး!"

ကျိုးစစ်မူက သူ့အဖေနဲ့အမေကို လှမ်းကြည့်လိုက်သည်။ "သားလည်း ကြည့်မယ်"

ကျိုးရှို့လင်းက သူ့သားရဲ့ဆံပင်တွေကို ပွတ်သပ်လိုက်ကာ သူ့အကြည့်တွေကတော့ ကျန်းရှောင်ဆီမှာပဲရှိနေခဲ့သည်။

"ကောင်းပြီ၊ အခုတော့ နည်းနည်း နားလိုက်ဦး။ မနက်စောစော ကိုယ်တို့တွေ တောင်တက်ကြမယ်။ မင်းတို့နှစ်ယောက်လုံး မထနိုင်ကြဘူးဆိုရင်တော့ ကိုယ်လည်း တာဝန်မယူဘူး"

ကျန်းရှောင် နူးညံ့စွာပြောလိုက်သည်။ "ယောကျ်ားကလည်း အဲ့လိုမလုပ်ပါနဲ့"

ကျိုးစစ်မူလည်း လိုက်ပြောခဲ့သည်။ "ဖေဖေကလည်း အဲ့လို မလုပ်ပါနဲ့"

ကျိုးရှို့လင်း ခေါင်းငုံ့ကာ သူမရဲ့နဖူးကို အနမ်းပေးလိုက်သည်။

သူ့ခြေရင်းမှာ အဖြူရောင်အမွှေးလုံးလေးက "မြောင်"လို့ အော်ခဲ့သည်။

နွေးထွေးပြီး သက်တောင့်သက်သာရှိသော အခန်းထဲတွင် ပြင်ပကမ္ဘာက နှင်းများဖုံးလွှမ်းနေသဖြင့် သူတို့ ကျေနပ်နေကြသည်။

ကျယ်ပြောလှသော အသက်တာကြီးတွင် သူတို့ အတူနေထိုင်ခဲ့ကြသည်။

သူ သူမရဲ့လက်ကို ကိုင်ပြီး ပြောလိုက်သည်။ "သွားကြရအောင်"

ဟယ်လို မစ္စတာ ကျိုး

All Chapters