အခန်း (၆၁၆-၆၁၈)
Vol. 42 Ch. 616-618
အခန်း(၆၁၆)
"ဦးလေးနှစ် သခင်လေးကျန်းက ကျွန်မဖိတ်ကြားထားတဲ့ အထူးဧည့်သည်ပါ.. သူ့ကို လျှိအိမ်တော်ကနေ မောင်းထုတ်စေချင်ရင် ကျွန်မသဘောတူလားဆိုတာ အရင်ဆုံးမေးရမယ်"
လျှိလင်ကျူး၏ လှပသော မျက်နှာလေးက အေးစက်သွားခဲ့သည်။
"အဖေက တံခါးပိတ် မကျင့်ကြံခင်မှာ လျှိုမိသားစုရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်ဖို အဘိုးရီကျန်းကိုပဲ လွှဲအပ်ခဲ့တယ် .. ဒါကြောင့် သခင်လေးကျန်း အနေနဲ့ လျှိမိသားစုရဲ့ အထူးဧည့်တပည့်ဖြစ်မဖြစ် ဆိုတာနဲ့ ပတ်သက်ပြီး ဦလေးနှစ်မှာ ဆုံးဖြတ် ပိုင်ခွင့်မရှိဘူး ထင်တယ်"
"လင်ကျူး.. လျှိုမိသားစုရဲ့ အထူးဧည့်တပည့် ဆိုတာက မိသားစုရဲ့ အဓိကတပည့်နဲ့ အဆင့်တန်းချင်း အတူတူပဲ.. အထူးဧည့်တပည့်တိုင်းက ရှင်းလင်းတဲ့ နောက်ခံအကြောင်းအရာနဲ့ ထူးခြားတဲ့ပါရမီတွေ ရှိကြတယ်.. မိသားစုရဲ့စည်းမျဥ်းအရ အထူးဧည့်တပည့် အရေအတွက်က သုံးယောက်ထက် ပိုလိုမရဘူး.. အခု လျှိုမိသားစုမှာ အထူး ဧည့်တပည့်နှစ်ယောက်တောင် ရှိနေပြီ.. ဒီနောက်ဆုံး နေရာအတွက် အကြီးအကဲက ရှင်းချီကို ပေးဖို ငါ့ကို ကတိပေးထားတယ်"
လျှိရွှယ်ယင်းက အေးစက်စွာပြုံး၍ ပြောလိုက်သည်။
ထိုစကားကို ကြားလျှင် လျှိလင်ကျူး အံ့အားသင့်သွားခဲ့သည်။
သူမက ရုတ်တရက် အကြီးအကဲ လျှိုရီကျန်းကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"အဘိုးရီကျန်း.. ဒါတကယ်ပဲလား "
လျှိလင်ကျူးက ရှင်းချီနဲ့ မစိမ်းပေ။
ရှင်းချီသည် လျှိမိသားစု၏ လက်အောက်ခံ မိသားစု ဖြစ်သော ရှင်းမိသားစုမှ တပည့်တစ်ဦး ဖြစ်သည်။
ချင်းလွမ်နယ်မြေတွင် ရှင်းမိသားစု၏ အင်အားသည် မကြီးမားပေ။
သိုသော် ထိုမိသားစုတွင် ရှင်းချီကဲ့သို့ ပါရမီရှင်တစ်ဦး ရှိနေခဲ့သည်။
ရှင်းချီသည် အသက်၁၉နှစ်အရွယ်မှာပင် ပဥ္စမအဆင့်အလယ်အလတ် သားရဲသခင် ဖြစ်လာခဲ့သူ ဖြစ်၏။
ဤကောင်လေး၏ သားရဲယဥ်ပါးခြင်း ပါရမီသည် သူမ၏ အဂ္ဂိရတ်ပါရမီနှင့် တန်းတူအဆင့်နည်းပါးပင်။
ရှင်းချီသာ လျှိမိသားစု၏ အထူးဧည့်တပည့် ဖြစ်လာခဲ့လျှင် သူမ အနေဖြင့် ကျန်းချန်ကို အထူးဧည့်တပည့် ရာထူးပေးအပ်ရန် အတွက် အလွန်ခက်ခဲသွားမည်မှာ သံသယဖြစ်စရာပင် မလိုပေ။
"ရွှယ်ဖုန်းပြောတာ အမှန်ပဲ"
လျှိုရီကျန်းက ခေါင်းညိမ့်၍ ပြောလိုက်သည်။
"ရှင်းချီက ချင်းလွမ်နယ်မြေရဲ့ နာမည်ကျော် ပါရမီရှင်သားရဲသခင် တစ်ယောက်ဖြစ်တဲ့ အတွက် သူက ငါတို့ လျှိုမိသားစုရဲ့ အထူးဧည့်တပည့် ဖြစ်ဖို အရည်အချင်း ပြည့်မီတယ်"
ကျုံးကျိုးတိုက်ကြီးနှင့် အပြင်ဘက်ဒေသများသည် ကျယ်ပြောလှသောနယ်မြေများ ရှိကြ၍ အဂ္ဂိရတ်သခင်များ နှင့်သားရဲသခင်များ ကဲ့သို့ အလုပ်အကိုင်များ အတွက် ကြီးမားသော လိုအပ်ချက် ရှိသည်။
ထိုကြောင့် ဤနေရာတွင် အဂ္ဂိရတ်သခင်နှင့် သားရဲသခင်များ၏ အဆင့်အတန်းသည် မြောက်ပိုင်းတောရိုင်းဒေသထက် ပို၍ တန်ဖိုးရှိ၏။
အထူးသဖြင့် ကျုံးကျိုးကုန်းမြေ၏ အပြင်ဘက်ဒေသတွင် အဂ္ဂိရတ်သခင်နှင့် သားရဲသခင် ပို၍ ရှားပါးသည်။
စန်းဟိုင်ကျွန်းတွင် သတ္တမအဆင့် အဂ္ဂိရတ်သခင်နှင့် သတ္တမအဆင့်သားရဲသခင်များ မရှိကြပေ။
အဆုံးသတ်တွင် သတ္တမအဆင့် အဂ္ဂိရတ်သခင် သန့်စင်သည့် သတ္တမအဆင့် ဆေးလုံးများသည် နတ်ဝိညာဥ်ဘုရင်အဆင့်အတွက် အလွန် အထောက်အကူ ဖြစ်သည်။
ထို့အပြင် သတ္တမအဆင့် သားရဲသခင်သည် နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူ နှင့် ယှဥ်နိုင်သည့် သတ္တမအဆင့်သားရဲကို လေ့ကျင့်ပေးနိုင်သည့် စွမ်းရည် ရှိ၏။
ထိုကဲ့သိုသောလူမျိုး စန်းဟိုင်ကျွန်းတွင် ထွက်ပေါ်လာသည်နှင့် စန်းဟိုင်အဖွဲအစည်းက ဖိတ်ကြားပေလိမ့်မည်။
ဤရှင်းချီတွင် ထိုကဲ့သို့ အလားအလာ ရှိနေသည်မှာ သံယသဖြစ်စရာပင် မလိုပေ။
၎င်းက လျှိုမိသားစု၏ အထူးဧည့်တပည့် ဖြစ်လာပြီး လျှိုမိသားစု၏ ပျိုးထောင်ပေးမှုအောက်တွင် စန်းလန် အဖွဲအစည်းထဲ ဝင်ရောက်နိုင်သည့် သတ္တမအဆင့် သားရဲသခင်ဖြစ်လာခဲ့လျှင် သူတို့ လျှိုမိသားစုသည် အကျိုးအမြတ် ကြီးကြီးမားမား ရရှိလာမည် ဖြစ်၏။
"သခင်လေးကျန်းရဲ့ သိုင်းပါရမီက တကယ်ကို အားကောင်းတယ်.. တင်းမိသားစုက တင်းဟုန်ထက် လုံးဝ မလျော့ဘူး.. အဘိုးရီကျန်း ထပ်ပြီး စဥ်းစားကြည့်ပေးပါဦး"
လျှိုလင်ကျူးက ကျန်းချန် အတွက် ဧည့်တပည့်ရာထူး မရမည်ကို စိုးရိမ်၍ အကြီးအကဲ ရီကျန်းကို ပြောလိုက်သည်။
"ဟားဟား... ဒါကရယ်စရာပဲ.. နာမည်မရှိတဲ့ ကောင်လေးတစ်ယောက်က ချင်းလွမ်နယ်မြေရဲ့ နံပါတ်တစ် သိုင်းပါရမီရှင် တင်းဟုန်နဲ့ နှိုင်းယှဥ်ဖို ဘယ်လိုအရည်အချင်းရှိမှာလဲ.. တကယ်ပဲ သူ့ရဲ့ သိုင်းပါရမီက တင်းဟုန်နဲ့ ယှဥ်နိုင်ရင်တောင် ဒီနယ်မြေမှာ သားရဲသခင်ထက် ဘယ်သူမှ အရေးမပါဘူး"
လျှိုရွှယ်ယင်းက မထီမဲ့မြင်အမူအရာဖြင့် ပြောလိုက်သည်။
သူ၏ စူးရှသော အကြည့်များသည် ကျန်းချန်၏ ကိုယ်ပေါ်သို ထပ်မံ ကျရောက်သွားခဲ့၏။
"ကောင်လေး မင်းက ငါတို့ လျှိုမိသားစုရဲ့ အထူးဧည့်တပည့် ဖြစ်ဖို့ မထိုက်တန်ဘူး.. ဒီကနေ ထွက်သွားလိုက်စမ်းပါ"
ထိုစကားကိုကြားလျှင် လျှိုလင်ကျူးသည် အလွန်ပင် ဒေါသ ထွက်သွားခဲ့သည်။
သူမ စကားပြောတော့မည်ဆဲဆဲတွင် ကျန်းချန်၏ ခပ်ထေ့ထေ့ရယ်သံသည် ခန်းမထဲတွင် ပဲ့တင်ထွက်လာခဲ့၏။
"ဟားဟား.. ငါက လျှိမိသားစုရဲ့ အထူးဧည့်တပည့်ဖြစ်ဖို မထိုက်တန်ဘူး ဆိုတော့ မင်းအနောက်က ကောင်လေးကရောထိုက်တန်လို့လား.. သူက ၁၉နှစ်အရွယ် ပဥ္စမအဆင့်အလယ်အလတ် သားရဲသခင် အဆင့်လောက်ပါပဲ.. သားရဲသခင် အဆင့်ချင်း ယှဥ်ရင်တောင် ငါက သူ့ထက်သာတယ်"
အခန်း (၆၁၆) ပြီး၏။
အခန်း(၆၁၇)
ကျန်းချန်၏ ခပ်ထေ့ထေ့ ရယ်သံက ခန်းမထဲရှိ လူအားလုံးကို ရုတ်တရက် တုန်လှုပ်သွားစေခဲ့သည်။
လျှိလင်ကျူးပင် မယုံကြည်နိုင်သော အမူအရာဖြင့် ကျန်းချန်ကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"သခင်လေးကျန်း.. ရှင်က တကယ်ပဲ သားရဲသခင်လား"
"အမှန်ပဲ"
ကျန်းချန်က ပြန်ဖြေလိုက်ပြီးနောက် လျှိုရွှယ်ယင်း၏ ဘေးမှ ရှင်းချီကို အသာအယာပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ ငါက သားရဲယဥ်ပါးခြင်း ပညာရပ်ကို အပျင်းပြေလောက်ပဲ လေ့လာခဲ့တာပါ.. ဒါပေမယ့်လည်း ဒီကောင်နဲ့ ယှဥ်ရင်တော့ အများကြီးပိုသာတယ်"
တကယ်လည်း ကျန်းချန်သည် သားရဲယဥ်ပါးခြင်းအတတ်တွင် အချိန်အများအပြား အသုံးမပြုခဲ့ပေ။
သူ့တွင် အဆတစ်ရာစနစ် ရှိနေ၍ မီးလျှံသားရဲ ကြီးထွားလာသည်နှင့်အမျှ စနစ်သည် သူ့ကို သားရဲသခင်နှင့် ပတ်သက်သည့် အတွေ့အကြုံ တန်ဖိုးအား အဆတစ်ရာ အလိုအလျောက်ရရှိစေမည် မဟုတ်ပါလား။
ထို့ကြောင့် ကျန်းချန်၏ သားရဲသခင်အဆင့်သည် လက်ရှိအချိန်တွင် ပဥ္စမအဆင့်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။
အထူးသဖြင့် နောက်ဆုံးအကြိမ်က မီးလျှံသားရဲကို နိုးထစေပြီးနောက်တွင် ကျန်းချန်သည် ပဥ္စမအဆင့်၊အဆင့်မြင့် သားရဲသခင် အဆင့်သို့ တစ်ခါတည်း ရောက်ရှိသွားပြီး ဆဋ္ဌမအဆင့်သားရဲသခင် အဆင့်သို့ရောက်ရန် အနည်းငယ်သာ လိုအပ်တော့သည်။
ရှင်းချီက သားရဲယဥ်ပါးခြင်း အတတ်နှင့်ပတ်သက်၍ ပါရမီမဆိုးသော်လည်း ကျန်းချန်ကမူ လုံးဝ ဂရုမစိုက်ခဲ့ပေ။
"ဟမ့်..အရှက်မရှိ ပြောရဲသေးတယ်"
လျှိုရွှယ်ယင်းက မထီမဲ့မြင် အမူအရာဖြင့် လှောင်ရယ်၍ မေးလိုက်သည်။
"မင်းက သားရဲယဥ်ပါးခြင်းအတတ်မှာ ရှင်းချီထက် ပိုတော်တယ်ဆိုတော့ ရှင်းချီနှင့် ယှဥ်ပြိုင်ဖို့ သတ္တိရှိလား"
ရှင်းချီ၏ သားရဲယှဥ်ပါးခြင်းပါရမီကို စန်းဟိုင် တစ်ကျွန်းလုံးမှာပင် လူအနည်းငယ်လောက်သာ ယှဥ်နိုင်၏။
ဤကောင်လေး၏ သားရဲယဥ်ပါးခြင်း ပါရမီက ရှင်းချီထက်ပင် ကျော်လွန်နေမည်ဟု လျှိုရွှယ်ယင်း အမှန်တကယ် မယုံကြည့်ခဲ့ပေ။
လျှိုရွှယ်ယင်းထံမှ မေးခွန်းကိုကြားလျှင် ကျန်းချန်က မဲ့ပြုံးပြုံးကာ မေးခွန်း ပြန်ထုတ်လိုက်သည်။
"ငါသူ့ကို အနိုင်ရရင် အထူးဧည့်တပည့် ရာထူးက ငါ့အတွက်လား"
"ဒီကိစ္စကို မင်းအနိုင်ရမှပဲ ဆက်ပြောကြတာပေါ့ "
လျှိုရွှယ်ယင်းက အေးစက်စက် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို သူ့နံဘေးရှိ ရှင်းချီကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
"ရှင်းချီ...သူနဲ့ ယှဥ်ပြိုင်ဖို့ သတ္တိရှိလား"
"ဘာလို့ မရှိရမှာလဲ"
ရှင်းချီက လျှိုရွှယ်ယင်း၏ စကားကို ပြန်ဖြေပြီးသည်နှင့် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
သူက ကျန်းချန်ကို စူးရှစွာကြည့်၍ ပြောလိုက်၏။
မင်းက သားရဲ ယှဥ်ပါးခြင်းအတတ်မှာ အရမ်းအားကောင်းတယ်လို့ ကိုယ့်ကိုကိုယ် အမွှန်းတင်ထားမှတော့ မင်းရဲ့ သားရဲယဥ်ပါးခြင်း အတတ်က ဘယ်လောက် အားကောင်းလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ရှင်းချီက စကားဆုံးသည်နင့် သူ၏ သားရဲယဥ်ပါးခြင်းအိတ်ထဲကနေ ရွှေရောက်ငှက်ကြီး တစ်ကောင်ကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
ရွှေရောင်ငှက် ထွက်ပေါ်လာသည်နှင့် ခန်းမထဲတွင် ထူးဆန်းသော အော်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကြီးမားသော ရွှေရောင်အတောင်ပံများသည် လေပြင်းများကို တိုက်ခိုက်စေခဲ့သည်။
ရှင်းချီက ကျန်းချန်ကို ရန်လိုသော အမူအရာဖြင့် ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"ဒါက ငါ့ရဲ့ပဥ္စမအဆင့်သားရဲ ဖြစ်တဲ့ ရွှေတောင်ပံ ဟင်္သာငှက်ပဲ.. မကြာသေးခင်ကပဲ ငါ့သားရဲရဲ့ စိတ်က ရိုင်းစိုင်းပြီး ထိန်းချုပ်ရ ခက်လာခဲ့တယ်.. ဒါကို ဖြေရှင်းဖို့ အကြံဉာဏ်များပေးနိုင်မလား "
ချင်းလွမ်နယ်မြေ၏ နာမည်ကျော်သားရဲပါရမီရှင် အနေဖြင့် ရှင်းချီသည် သူ၏ ကိုယ်ပိုင်သားရဲ လေ့ကျင့်သည့် နည်းစနစ်ကို အတော်လေး ယုံကြည်မှုရှိသည်။
ဤနှစ်များတစ်လျောက်တွင် ရှင်းချီသည် သားရဲယဥ်ပါးခြင်းအတတ်တွင် သူ့ကို အထင်သေးသောသူနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း ဖြစ်၏။
ထို့ကြောင့် သူက သူ့ရှေ့မှ ကောင်လေးကို အပြတ်အသတ် အနိုင်ယူရန် စိတ်အားထက်သန်နေခဲ့သည်။
ကျန်းချန်နှင့် ရှင်းချီတို့၏ တိုက်ပွဲကို အကြီးအကဲ လျှိုရီကျန်းသည် လုံးဝ မတားဆီးခဲ့ပေ။
သူ၏အိုမင်းသော မျက်ဝန်းထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ရှိနေခဲ့သည်။
ဤကမ္ဘာတွင် အရာအားလုံးကို စကားပြောရန်အတွက် အင်အားအပေါ်တွင်သာ မူတည်၏။
ကျန်းချန်ဟု ခေါ်သည့် ဤကောင်းလေးသည် အမှန်တကယ်ပင် သားရဲယှဥ်းပါးခြင်း အတတ်၌ ရှင်းချီထက် ပိုပြီး ပါရမီရှိလျှင် လျှိုရီကျန်းသည် ကျန်းချန်ကို လျှိုမိသားစု၏ အထူးဧည့်တပည့် အဖြစ် သတ်မှတ်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
သူ့ရှေ့မှ ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကိုကြည့်ကာ ကျန်းချန်သည် စိတ်ထဲကနေ မဲ့ပြုံး ပြုံးလိုက်သည်။
ဤရှင်းချီက လိမ်မာပါးနပ်ပြီး အတော်ပင် လှည့်စားတတ်သူ ဖြစ်သည်။
၎င်းက သူ့ကို အခက်အခဲ ဖြစ်စေဖို့အတွက် ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို စိတ်ဖောက်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်။
ဤကဲ့သို့သေည အခြေနေမျိုးတွင် ရှင်းချီနှင့် အဆင့်တူ သားရဲသခင်ပင် ရွှေရောင်အတောင် ပံဟင်္သာငှက်ကို ငြိမ်သက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ကံမကောင်းစွာဖြင့် ရှင်းချီသည် သူ့ကို အလွန်ပင် လျော့တွက်ထားခဲ့သည်။
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားခဲ့ပြီး သူ၏ မောက်မာသော အသံသည် ခန်းမထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထွက်လာခဲ့၏။
"ဟားဟား.. ဂုဏ်သိက္ခာကြီးမားတဲ့ ပဥ္စမအဆင့် အလယ်လတ် သားရဲသခင်က သူ့ရဲ့ သားရဲကိုတောင် မထိန်းချုပ်နိုင်ဘူးတဲ့လား.. ကောင်းပြီလေ.. အနာဂတ်မှာ ဒါမျိုး ထပ်မဖြစ်ရအာင် မင်းကို စေတနာနဲ့ အကြံဉာဏ်တွေ ပေးရသေးတာပေါ့"
အခန်း (၆၁၇) ပြီး၏။
အခန်း(၆၁၈)
"ဟားဟား..ကောင်လေး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲလှချည်လား"
ရှင်းချီက ကောက်ကျစ်စွာပြုံး၍ မေးခွန်းထုတ်လိုက်သည်။
"မင်းကိုယ်မင်း ငါ့ကို အကြံဉာဏ်ပေးဖို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား"
သူ၏ရွှေရောင်အတောင်ပံ ဟင်္သာငှက်သည် သူ၏ထိန်းချုပ်မှုအောက်တွင် စိတ်ဖောက်နေခြင်း ဖြစ်သည်။'
ဤကောင်လေးသည် ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို ငြိမ်သက်အောင် လုပ်ချင်သည်ဆိုလျှင် သားရဲသခင်အဆင့်၌ သူ့ထက် ပိုမြင့်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
သူနှင့် သက်တူရွယ်တူ နီးပါး ကောင်လေး တစ်ယောက်သည် သားရဲသခင် အဆင့်တွင် ပဉ္စမအဆင့်ကို ရောက်ရှိနေမည်ဟု ရှင်းချီ ဘယ်လိုမှ မယုံကြည်ခဲ့ပေ။
"မင်းမှာ အကြံဉာဏ်ပေးပိုင်ခွင့် ရှိမရှိဆိုတာကို မင်းရဲ့ မျက်လုံးတွေကို ပြူးပြီး သေချာလေးကြည့်ထားလိုက်"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ရွှေရောင်အတောင်ပံဟင်္သာငှက် ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားခဲ့သည်။
ရွှေရောင်အတောင်ပံ ဟင်္သာငှက်သည် ထိုခဏတွင် ကျန်းချန်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်သည့် အမူအရာဖြင့် ပြင်းထန်စွာ စိုက်ကြည့်နေခဲ့၏။
ကျန်းချန်က ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို စူးစိုက်ကြည့်လိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။
ထို့နောက် သူက လေထဲတွင် လက်ဟန်များကို အလျင်အမြန်လှုပ်ရှားလိုက်ရာ ထူးဆန်းသော စွမ်းအင် တစ်ခုသည် သူ၏ လက်ထဲ၌ အလျင်အမြန် စုစည်းသွားခဲ့၏။
ကျန်းချန်က ထိုစွမ်းအင်များကို ထိန်းချုပ်ကာ ရွှေရောင်အတောင်ပံ ဟင်္သာငှက်၏ ဦးခေါင်းပေါ်သို့ လက်ဝါးဖြင့် ရိုက်နှိပ်လိုက်သည်။
"ရှေးခေတ်သားရဲ ထိန်းချုပ်ခြင်းနည်းစနစ်"
ဤနည်းစနစ်သည် သားရဲများကို ကျွန်ပြု၍ ထိန်းချုပ်သည့် နည်းစနစ်တစ်ခု ဖြစ်သည်။
ဤကောင်လေးက သူ့ကို ရည်ရွယ်ချက်ရှိရှိ ရွှေရောင်အတောင်ပံဟင်္သာငှက်ကို စေလွှတ်ပြီး အခက်အခဲဖြစ်စေသည့် အတွက် သူက ရှေးဟောင်းသားရဲထိန်းချုပ်ရေးနည်းစနစ်ကို အသုံးပြုကာ ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို သူ၏ ကိုယ်ပိုင်သားရဲအဖြစ် အတင်းအကြပ် ပြောင်းလဲပစ်လိုက်သည်။
သူက ဤကောင်လေးကို သားရဲ ဆုံးရှုံးရသည့် ဝေဒနာအား သိစေချင်ခဲ့သည်။
ကျန်းချန်၏ ရှေးဟောင်းသားရဲ ထိန်းချုပ်ရေးနည်းစနစ်အောက်တွင် ရွှေရောင်အတောင်ပံ ဟင်္သာငှက်သည် ဦးခေါင်းငုံ့သွားခဲ့သည်။
အစောပိုင်းက အလွန်ရိုင်းစိုင်းနေသည့် ရွှေရောင်အတောင်ပံဟင်္သာငှက်သည် ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သွား၏။
ကျန်းချန်က ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို ကြည့်ကာ တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
"ဒီကိုလာခဲ့စမ်း.."
ကျန်းချန်၏ အမိန့်ကိုရသည်နှင့် ရွှေရောင်အတောင်ပံဟင်္သာငှက်သည် ကျန်းချန်ဆီသို့ နာခံမှုရှိစွာဖြင့် လျှောက်သွားခဲ့ပြီး အဆုံးသတ်တွင် ကျန်းချန်၏ ဘေး၌ မလှုပ်မယှက် ရပ်နေခဲ့၏။
ဤထူးဆန်းသည့် မြင်ကွင်းကိုမြင်လျှင် ခန်းမတစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်း၏ ကျန်းချန်ကို ကြည့်နေသော အကြည့်များတွင် မယုံကြည်နိုင်သည့် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
ကျန်းချန်၏ သာမန်လှုပ်ရှားမှုလေး တစ်ခုသည် ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို ငြိမ်သက်သွားစေပြီး အမိန့်ကိုပင်နာခံအောင် ပြုလုပ်နိုင်လိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ဤကောင်လေး၏ သားရဲယဉ်ပါးခြင်းစွမ်းရည်သည် ရှင်းချီထက်ပင် အမှန်တကယ် ပိုမိုအားကောင်းနေပါသလော။
"မဖြစ်နိုင်ဘူး..ဒါမဖြစ်နိုင်ဘူး"
ရှင်းချီက မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
သူ၏နှုတ်မှလည်း လက်မခံနိုင်သော လေသံဖြင့် အော်ဟစ်လိုက်သည်။
သူက အတွေးတစ်ချက်ဖြင့် သားရဲထိန်းချုပ်ရေးနည်းစနစ်ကို လှုံ့ဆော်ကာ ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို သူ၏ ဘေးသို့ ပြန်လည်ခေါ်ယူရန် ကြိုးစားခဲ့သည်။
သို့သော်လည်း သူနှင့် ရွှေရောင်အတောင်ပံ ဟင်္သာငှက် ကြားရှိဆက်သွယ်မှုသည် အကြောင်းအရာ မည်မည်ရရ မသိရဘဲ ပျောက်ကွယ်သွားသည်ကို ရှင်းချီ ထိတ်လန့်တကြား တွေ့လိုက်ရ၏။
သူက မည်သည့် သားရဲထိန်းချုပ်ရေးနည်းနစ်ဖြင့် လှုံဆော်ပါစေ၊ ရွှေရောင်အတောင်ပံ ဟင်္သာငှက်နှင့် အဆက်အသွယ် ပြန်ရရန် နည်းလမ်း မရှိတောပေ။
"မင်း.. မင်းငါ့ရဲ့ ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို ဘာလုပ်လိုက်တာလဲ"
ရှင်းချီက ကျန်းချန်ကိုကြည့်၍ ဒေါသတကြီး ပြောလိုက်သည်။
မူလတွင် သူသည် သူ၏ ထိန်းချုပ်မှုအောက်မှ ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို ကျန်းချန်က ငြိမ်သက်အောင် မလုပ်နိုင်ဟု ထင်မြင်ခဲ့သည်။
သို့သော်လည်း တကယ့်လက်တွေ့တွင်မူ သူက မျက်နှာဖြတ်ရိုက်ခံလိုက်ရ၏။
ကျန်းချန်သည် ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို ငြိမ်သက်စေရုံသာမက သူ၏ ရွှေရောင်အတောင်ပံ ဟင်္သာငှက်အပေါ် ထိန်းချုပ်ထားမှုကိုပါ ဖယ်ရှားပစ်လိုက်သည်။
[ဒီကောင်လေးရဲ့ သားရဲယဉ်ပါးခြင်းအတတ်က တကယ်ကိုကြောက်စရာကောင်းတာပဲ]
"မင်းငါ့ကိုမစွပ်စွဲနဲ့.. ငါဘာမှမလုပ်ခဲ့ဘူး.. မင်းရဲ့ ရွှေရောင်အတောင်ပံ ဟင်္သာငှက်က လိမ္မာပါးနပ်ပြီး အခြေအနေကို သိတဲ့ငှက်တစ်ကောင်ပဲ.. သူ့ရဲ့ အရင်ပိုင်ရှင်က သူနဲ့ မထိုက်တန်လောက်အောင် ညံ့ဖျင်းတယ်လို့ ထင်တဲ့အတွက် မင်းကို စွန့်ပစ်လိုက်တာပဲ"
ကျန်းချန်က ရှင်းချီကို ပြုံးဖြီးဖြီးကြည့်ကာ ပြောလိုက်သည်။
ထို့နောက်တွင် သူ၏ ခနဲ့တဲ့တဲ့ ရယ်သံသည် ခန်းမထဲတွင် ဖြည်းဖြည်းချင်း ပဲ့တင်ထပ်လာခဲ့၏။
"ဒါကြောင့် အခုကစပြီး ငါက သူ့ရဲ့ ပိုင်ရှင်အသစ်ပဲ"
အခန်း(၆၁၈)ပြီး၏။