← Chapters

Ch 85

Vol. 7 Ch. 85

Ch 85

Vol. 7 Ch. 85

“ဒီယဲ့ဖန်း!”

ယဲ့ဖန်းအကြောင်း တွေးလိုက်ရုံနဲ့တင် လျိုရှုယွင်၏ နှလုံးသားထဲ ခဲဆွဲထားသလို လေးလံလာရသည်။

သူမအတိတ်ဘဝက ဘယ်လိုပြစ်မှုမျိုး ကျူးလွန်ခဲ့မိလို့လဲ? သူ့ကို ဘူတာရုံမှာ သွားကြိုဖို့ အချိန်လေးလွဲသွားရုံတင်ကို ဒီလောက် ပြဿနာကြီးတွေ ဖြစ်ခဲ့ရသည်။

အလုပ်ဆင်းတာနဲ့ ယဲ့ဖန်းကို လူကိုယ်တိုင်သွားတွေ့ဖို့ လျိုရှုယွင် ဆုံးဖြတ် လိုက်သည်။

အပြင်ထွက်သွားပြီဖြစ်သော လျိုရှုယွင်ကို ကြည့်ပြီး လုရွှယ်ယင် စိတ်သက်သာစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ အလုပ်လုပ်နေတာ ရပ်လိုက်ကာ ဖုန်းထုတ်လိုက်သည်။ ‘ကျက်သတုံးကောင်’ ဟု သူမဘက်က နာမည်မှတ်ထားသော လင်းဖေးဟန်၏ ဝီချက် အကောင့်ကို အချိန်အကြာကြီး ဒီတိုင်း ကြည့်နေမိခဲ့သည်။

ဘာကြောင့်ရယ်မသိ ဒီနေ့ ယဲ့ဖန်းကို တွေ့ပြီးနောက်မှာ လုရွှယ်ယင် ရင်ထဲ တစ်မျိုး ဖြစ်ခဲ့ရသည်။ သူမတို့၏ ပထမဆုံးတွေ့ဆုံးမှု ဖြစ်ပေမဲ့ အရင်တည်းက ဘဝပေါင်းများစွာကတည်းက သိကျွမ်းလာခဲ့သလိုမျိုး ယဲ့ဖန်းရဲ့ အပြုံးတစ်ချက်၊ မျက်နှာပျက်မှု တစ်ချက်ဆီတိုင်းက သူမရင်ထဲထိ ရောက်နေခဲ့သည်။ ကံတရားအရ ထိုသူက သူမ၏ အပျိုစင်ဘဝကို ရယူပြီး သူမကို ပိုင်ဆိုင်မည့်လူကဲ့သို့ ခံစားနေခဲ့ရ၏။

ဒါပေမဲ့ ဒီနေ့ယဲ့ဖန်းရဲ့ လုပ်ဆောင်ချက်က အလွန်ဆိုးရွားပြီး သူမစိတ်ထဲ အကြိုက်မတွေ့မိပေ။ အပြောင်းအလဲ မြန်ပြီး မိန်းမမြင်တိုင်း ကြောင်တတ်တဲ့ ယောက်ျားတွေကို သူမ မုန်းသည်။

ယဲ့ဖန်းလဲ ထိုသို့ပင်။ စွန်းရှင်းယွဲ့ကို နှောက်ယှက်မှုအပြင်၊ အလွန်အမင်း ကိုယ့်ကိုယ်ကို ကာကွယ်မှုကြောင့် သူ အဖမ်းခံခဲ့ရသည်။ အစက ဒီကိစ္စက လင်းဖေးဟန်ဆိုသော အကောင်၏ ကောက်ကျစ်စွာကြံစည်မှုဟု သူမတွေးမိခဲ့ပေမဲ့ ယဲ့ဖန်းရဲ့ မျက်လုံးကို ကြည့်လိုက်မိတဲ့အခါမှာ ကြံစည်မှု မဟုတ်တာကို သူမ သဘောပေါက်သွားခဲ့သည်။

အတိတ်ကလင်းဖေးဟန်လိုမျိုး ယဲ့ဖန်းတွင် ပြင်းထန်တဲ့ ပိုင်စိုးပိုင်နင်း စိတ်ဓာတ်ရှိသည်။ သူမ အခုထိ ယဲ့ဖန်းနဲ့ ဘာပတ်သတ်မှုမှတောင် မရှိသေးဘူး။ လင်းဖေးဟန်နဲ့ ညစာသွားစား မိတဲ့ ကိစ္စသေးသေးလေးကြောင့် စိတ်တိုကာ အလုပ် ထွက်ပစ်ခဲ့သေးသည်။

လုရွှယ်ယင် ငတုံးမဟုတ်ပေ။ လျိုရှုယွင် မြင်တာကို သူမလဲ မြင်နိုင်သည်။ သူမ ခေါင်းပင် ကိုက်လာရသည်။

သူမ၏ အဖိုးက ဆက်တိုက် တောင်းဆိုပြီး အမိန့်ပေးထားလို့သာမဟုတ်ရင် ယဲ့ဖန်းကို သူမရဲ့ဘော်ဒီဂတ်အဖြစ် လုံးဝ လက်ခံမှာ မဟုတ်ဘူး။

စစတွေ့တုန်းက ယဲ့ဖန်းအပေါ်ကို သူမ အမြင်ကြည်သေးပေမဲ့ သူ့ရဲ့အပြုအမူက လင်းဖေးဟန်နဲ့ အလွန်ကွာခြားလွန်းသည်။

သူမ အရင်က လင်းဖေးဟန်ကို မုန်းသလိုမျိုး ယဲ့ဖန်းကို အနည်းငယ် မုန်းလာခဲ့သည်။

လင်းဖေးဟန်အကြောင်းကို စဥ်းစားမိတော့ လုရွှယ်ယင်၏ စိတ်ထဲ တစ်မျိုးလေးဖြစ်သွားပြန်သည်။

လင်းဖေးဟန်က တစ်ကယ် ကြောက်ဖို့ ကောင်းတာပဲ! ငါတို့စေ့စပ်ပွဲလဲ ပျက်သွားပြီး ဘာဆက်ဆံရေးမှလဲ မရှိတော့တာကို ငါဘာကြောင့် လင်းဖေးဟန်ရဲ့နာမည်ကို တွေးမိနေသေးတာလဲ?

ဒီရက်ပိုင်း လင်းဖေးဟန်၏ လုပ်ဆောင်ချက်တွေက လုရွှယ်ယင်ကို နားလည်စိတ် ပေါ်လာစေသည်။

ဥပမာပြောရလျှင် ဆေးဝါးပညာပင်။ လင်းဖေးဟန် ဘယ်တုန်းက ဆေးပညာကို သင်လိုက်လဲ မသိပေမဲ့ ဆေးပညာတွင် သူသည် အရမ်း တော်သည်!

လုရွှယ်ယင် သူမရုံးခန်းထဲရှိ မီးခံသေတ္တာကို ဖွင့်လိုက်သည်။ သစ်သား သေတ္တာထဲတွင် သူမ ဖွက်ထားသော ဒိုင်ယာရီ စာအုပ်လေး တစ်အုပ် ရှိသည်။

လုရွှယ်ယင်က သူမ၏ အတွေးများကို ဒိုင်ယာရီစာအုပ်တွင် ချရေးလေ့ရှိသည်။

အလုပ်များနေသဖြင့် သူမ၏ စာအုပ်ကို ပြန်မဖတ်ဖြစ်တာတောင် ကြာလေပြီ။

ထိုအချိန်တွင် လုရွှယ်ယင်သည် သူမ အရင်က ရေးခဲ့ဖူးသော စာရွက်များကို လှန်လိုက်သည်။

သူမ၏ အရင်နေ့ရက်တွေတုန်းက လင်းဖေးဟန်ကို အဘက်ဘက်မှ သူမ မုန်းခဲ့သည်။ သူမ ဒိုင်ယာရီ ရေးလိုက်တိုင်း လင်းဖေးဟန်ကို ဆဲဆိုသော စကားလုံး မဟုတ်ရင် လင်းဖေးဟန်၏ သူမအပေါ် အကွက်ချကြံစည်မှုတွေကို ဘယ်လို ပြန်တိုက်ရမယ်ဆိုတဲ့ တန်ပြန်အစီအစဥ်က အမြဲပါတတ်သည်။

နေရာတိုင်းတွင် လင်းဖေးဟန်၏ အကြောင်းတွေပင်။

ဒါပေမဲ့ သူမတို့ စေ့စပ်ပွဲပျက်ပြီးတည်းက သူမ ဒိုင်ယာရီထဲမှာ လင်းဖေးဟန်ရဲ့ နာမည်ကို တစ်ခါမှ မရေးမိခဲ့ဘူး။

လင်းဖေးဟန်!

လုရွှယ်ယင်၏ အတွေးထဲတွင် လင်းဖေးဟန်၏ မခို့တရိုးပြုံးကာ ဘောင်းဘီအိတ်ထဲ လက်ထည့်ထားသည့် ပုံရိပ်က ကြီးသထက် ကြီးလာသည်။

ဘာကို တွေးလိုက်မိသည်မသိ၊ သူမ၏ ပါးနှစ်ဖက်သည် ပန်းသီးနီကဲ့သို့ ရဲသွားသည်။

အမြဲတမ်း အေးတိအေးစက် နတ်ဘုရားမ လုရွှယ်ယင်ထံတွင်လဲ အခုလို မိန်းမငယ် တစ်ယောက်လို ရှက်တတ်တဲ့ပုံစံလေး ရှိသေးတာပဲ။ ကံဆိုးစွာဖြင့် ထိုပုံစံလေးကို ဘယ်သူမှ မမြင်လိုက်ကြပေ။

လုရွှယ်ယင် အချိန်ခဏကြာသည်အထိ တွေးနေပြီးမှ သူမ၏ စာအုပ်ထဲတွင် စာတစ်ကြောင်း ချရေးလိုက်သည်။

“ လင်းဖေးဟန် ငါနင့်ကို မကြိုက်ဘူး!”

သူမ၏ နှလုံးသားထဲတွင် ယဲ့ဖန်းကို မတွေးမိတော့ပဲ လင်းဖေးဟန်သာ ရောက်နေခဲ့သည်။

တစ်ဖက်တွင် လင်းဖေးဟန်သည် ဂိမ်းပဲ မကစားနေခဲ့ပေ။

မနက်နှစ်နာရီလောက်ရှိပြီ။ လင်းဖေးဟန်သည် မြို့ဆင်ခြေဖုံးရပ်ကွက်ရှိ ပန်းခြံသို့ အဖွဲ့တစ်ဖွဲ့ကို ခေါ်သွားလိုက်သည်။

အဓိကအကြောင်းအရင်းက ယဲ့ဖန်းရဲ့ ချုံခို တိုက်ခိုက်မှုတွေကို ကြောက်လို့ပဲ ဖြစ်သည်။

လင်းဖေးဟန်က သူ့ရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေး စစ်တပ်ကို အသုံးပြုဖို့ရန် အသင့်ဖြစ်နေခဲ့ပြီ။ အတွေ့အကြုံ မရှိသေးတဲ့ စစ်သားတစ်ယောက်က စစ်သားကောင်း မဖြစ်နိုင်ဘူးလေ။

လင်းဖေးဟန် သူတို့၏ သန်မာမှုကို စစ်ဆေး လိုက်သည်။ ဒီရက်ပိုင်း သူတို့တွေ လေ့ကျင့်ထားကြတာမို့ သူတို့ရဲ့သန်မာမှုက တော်တော်လေး တိုးတက်လာခဲ့ပြီဖြစ်သည်။

စုစုပေါင်း လူနှစ်ဆယ်ရှိသည်။ လင်းဖေးဟန်သည် နှစ်ဖွဲ့ခွဲပြီး တာဝန် အသီးသီး ပေးလိုက်သည်။

“ ဒါက လုပ်ရမဲ့စာရင်းပဲ။ အကုန်ရေးပေးထားတယ်။ နေရာ အတိအကျနဲ့ အချက်အလက် အတိအကျပါတယ်။ မင်းတို့တွေ လိုအပ်ချက်တွေအတိုင်း လိုက်လုပ်လိုက်ရုံပဲ။ မင်းတို့ ဒီကာလမှာ တိုးတက်လာတယ်လို့ ငါယုံတယ်။ ဘယ်လို လုပ်ရမယ်ဆိုတာ မင်းတို့ငါ့ထက် ပိုသိပါတယ်”

“ ငါထပ်ပြောမယ်။ အုပ်စု ၁ ရဲ့ တာဝန်က ယဲ့ဖန်းကို စောင့်ကြည့်ပြီး သူ့အကြောင်းကို တင်ပြပေးဖို့ပဲ။ မင်းတို့ကျန်တာကို စိတ်ပူဖို့ မလိုဘူး။ ဘာတွေပဲ ဖြစ်လာဖြစ်လာ ဒါက ရေရှည်တာဝန်တစ်ခုပဲ”

“ မင်းတို့နားလည်လား?”

“ နားလည်ပါပြီ!”

အကုန်လုံး တစ်ညီထဲ ဖြေလိုက်ကြသည်။

“ ကောင်းပြီ။ အခုကစပြီး မင်းတို့မှာ နာမည်မရှိ၊ မိသားစု မရှိကြတော့ဘူး။ တစ်ယောက်ချင်းဆီ ဖုန်းတစ်လုံးရမယ်။ ဒီဖုန်းက သီးသန့်လုပ်ထားတာမို့ သတ်မှတ် ဖုန်းနံပါတ်ကိုပဲ ခေါ်လို့ရမယ်။ ကျန်တာတွေကို ဆက်လို့မရဘူး။ မင်းတို့ဆက်လို့ရမဲ့ တစ်ခုတည်းသောနံပါတ်က အားသောင်ရဲ့ နံပါတ်ပဲ”

“ မင်းတို့ရဲ့ အထက်လူကြီးက အားသောင်ပဲ။ ကိစ္စရှိရင် ငါဒီဖုန်းကို သုံးပြီး အားသောင်က တစ်ဆင့် မင်းတို့ဆီကို ပို့ခိုင်းလိုက်မယ်။ အကုန်လုံးက တာဝန်နဲ့ ပတ်သတ်တာပဲ”

“ ဒီမစ်ရှင်က အရမ်းခက်လိမ့်မယ်။ အထူးသဖြင့် အဖွဲ့ ၁။ မင်းတို့တွေ ယဲ့ဖန်း လုံးဝ မသိအောင်၊ မရိပ်မိအောင်လို့ အထူးဂရုစိုက်ရမယ်။ ယဲ့ဖန်းက အရမ်းကြောက်ဖို့ကောင်းပြီး သူ့ရဲ့သန်မာမှုက တွေးကြည့်လို့ မရဘူး။ အတိုပြောရရင် ဒီကိစ္စ ပြီးတာနဲ့ မင်းတို့ကို မနစ်နာစေရပါဘူး။ အနည်းဆုံး 100 မီလီယံ ပေးမယ်”

ပိုက်ဆံအကြောင်းကြားလိုက်တော့ အကုန်လုံး စိတ်လှုပ်ရှားသွားကြသည်။

သူတို့တွေက မိဘမဲ့တွေနဲ့ အိမ်ကထွက်ပြေး လာတဲ့ ပုန်ကန်တတ်တဲ့ ကလေးတွေပင်။ သူတို့တွေ လူမှုပတ်ဝန်းကျင်ထဲ ကျင်လည်နေတာ နှစ်များစွာကြာခဲ့ပြီ။ တစ်ချို့က အထူးတပ်သားတွေ ဖြစ်ပြီး တစ်ချို့က နိုင်ငံခြားမြေအောက် ကြိုးဝိုင်းတွေမှာ ဘောက်ဆင် ထိုးကြသူတွေ ဖြစ်ပြီး တစ်ချို့က နိုင်ငံခြားကြေးစားတွေ ဖြစ်သည်။ သူတို့တွေရဲ့ ရည်ရွယ်ချက်က ပိုက်ဆံရဖို့ပဲ။

လင်းဖေးဟန်ပေးတဲ့ ပိုက်ဆံပမာဏကလဲ မက်လောက်ဖွယ်မို့ သူတို့အားလုံး လင်းဖေးဟန်ရဲ့ စကားကို နားထောင်ကြသည်။

နောက်တစ်နေ့မနက်တွင် လင်းဖေးဟန် အိပ်ယာတွင် နှစ်ခြိုက်စွာ အိပ်နေချိန်မှာ လျှို့ရှင်းယာက သူ့ကိုနှိုးလာခဲ့သည်။

“ သူဋ္ဌေးလင်း ကျွန်မဒီနေ့ ကုမ္ပဏီမှာ အရမ်း အလုပ်များနေလို့။ မြန်နိုင်သလောက် မြန်မြန်လေး လာခဲ့ပေးပါ!”

“ ငါ့ကိုဘာလို့ အဲ့ဒါတွေနဲ့ နှောက်ယှက် နေမှာလဲ? မင်း အကုန်ဖြေရှင်းလိုက်လို့ရတယ်”

လင်းဖေးဟန် မကျေမနပ် ပြောလိုက်သည်။

သူ မနက်ငါးနာရီကျော်မှ အိပ်ခဲ့တာမို့ သူ့ရဲ့ အိပ်ချိန်က နှစ်နာရီကျော်ပဲ ရှိသေးတယ်။ မျောက်တစ်ကောင်တောင် ဒီလိုအခြေအနေမှာ စိတ်ကြည်မှာမဟုတ်ဘူး!

“ သူဋ္ဌေးလင်း ဒီနေ့တော့ မရပါဘူး။ သူဋ္ဌေး မီတင်ကို တက်မှရပါမယ်။ မီတင်ပြီးသွားရင် ဖန်းချန်းဧရိယာရဲ့ ခေါင်းဆောင်နဲ့တွေ့ရပါမယ်”

“ အဲ့ဒါပြီးရင် ညနေကျရင် ကောင်စစ်ဝန်ရုံးကို သွားပြီး လူမှုပညာပေးပွဲကို တက်ရပါအုံးမယ်။ ကျွန်မအဲ့ဒါတွေကို အစားထိုးပေးလို့ မရဘူး”

All Chapters