← Chapters

Ch 86

Vol. 7 Ch. 86

Ch 86

Vol. 7 Ch. 86

ထိုစကားများကို ကြားသောအခါမှာ လင်းဖေးဟန်၏ နှုတ်ခမ်းတွေ တွန့်လိမ်သွားသည်။ သူတစ်ကယ်ကို အလုပ်များနေတာပဲ!

လင်းဖေးဟန် အတင်းအိပ်ယာထလိုက်ပြီး အားတင်းကာ အလုပ်သွားဖို့ ပြင်ဆင်လိုက်သည်။

တစ်ချိန်ထဲမှာပဲ အင်တာနက်ကဖေးတွင် ညလုံးပေါက် နေနေခဲ့သော ယဲ့ဖန်းကို လျိုရှုယွင် နောက်ဆုံးတော့ ရှာတွေ့သွားပြီ။

“ ယဲ့ဖန်း ရှင်တွေးနေသလို မဟုတ်ဘူး။ ရှင် မစ္စလုကို အထင်လွဲနေတယ်လို့ထင်တယ်”

“ ဘာလဲ? သူမ လင်းဖေးဟန်နဲ့ ညစာသွားခဲ့တယ်။ သူမက သစ္စာဖောက်ပဲ။ ပြီး အဲ့ဒီအနောက်တိုင်း စားသောက်ဆိုင်က အတွဲတွေ အသွားများတဲ့ဆိုင်!”

လျိုရှုယွင် အမြန်ပြောလိုက်သည်။

“ ယဲ့ဖန်း ရှင်ဘာတွေ သဝန်တိုနေတာလဲ? မစ္စလုက ရှင်နဲ့ဘာဆိုင်လို့လဲ? ရှင်က မစ္စလုရဲ့ ဘော်ဒီဂတ်ပဲ၊ သူ့ကောင်လေးမဟုတ်သလို၊ ခင်ပွန်းလည်း မဟုတ်ဘူး။ ရှင်သူ့ကို မကာကွယ်မှသာ ရှင် သစ္စာဖောက်တာ မဟုတ်ဘူးလား?”

ယဲ့ဖန်းက အနည်းငယ် စိတ်တိုလာကာ အော်လိုက်သည်။

“ သူမငါ့ကို လုံးဝ မလိုနေဘူး။ ငါက ဘာကြောင့် သွားရအုံးမှာလဲ?”

ထိုအချိန်တွင် ယဲ့ဖန်းသည် လုရွှယ်ယင်ကို ကြိုက်နေခဲ့ပြီဖြစ်သည်။ လျိုရှုယွင်၏ ရှင်းပြချက်ကို နားမထောင်ပဲ ကိုယ်ပိုင်နည်းလမ်းနဲ့ လုပ်ဆောင်ဖို့ကိုသာ သူ အသင့်ဖြစ်နေခဲ့သည်။

“ ယဲ့ဖန်း သေချာတွေးကြည့်ပါ။ မစ္စလုက ရှင်နဲ့တစ်ခုခု ရှိနေရင်တောင် သူမက ညစာလေး သွားစားတာလေ။ ရှင်က စိတ်ဆိုးနေတယ်လား? ရှင် ယောက်ျားကော ဟုတ်သေးရဲ့လား?”

“ သေချာတွေးကြည့်ပါ။ ရှင်သာ လင်းဖေးဟန်ရဲ့ ဘော်ဒီဂတ်ကို ဒဏ်ရာရအောင် မလုပ်ခဲ့ရင် မစ္စလုက သူနဲ့ ညစာစားဖို့ သဘောတူပါ့မလား? လင်းဖေးဟန်က မစ္စလုကို လိုက်ပိုးပန်းခဲ့တာ သုံးနှစ်တောင် ရှိတယ်။ မစ္စလုသာ ပြန်ကြိုက်မယ်ဆိုရင် အခုချိန် သူတို့ လပ်ထပ်ပြီးနေလောက်ပြီ။ အခုရှင်က ဘာလို့ သဝန်တိုနေရတာလဲ?”

“ အတွဲဆိုင်ဆိုတာကလဲ ရှင် မမြင်ဘူးလား? လင်းဖေးဟန် သေချာ လုပ်ခဲ့တာလေ။ ရှင် မစ္စလုကို စိတ်ဝင်စားနေတာကို မြင်တော့ သေချာ အရှေ့မှာ ညစာစားဖို့ ဖိတ်တဲ့အပြင် ဆိုင်နာမည်ပါ ပြောသွားသေးတာ”

“ သူ ဒါကို ရှင့်ကို လှုံ့ဆော်ဖို့လုပ်ခဲ့တာ။ ရှင် အထင်လွဲသွားပြီး မစ္စလုနဲ့ ရှင့်ကြားက ဆက်ဆံရေး ဝေးကွာသွားအောင်လို့ပဲ။ ယဲ့ဖန်း ရှင်က အရူးပဲ။ ဒါကို နားမလည်ပဲ ရှင်က မစ္စလုနဲ့ ပြဿနာတက်အောင် လုပ်နေတယ်။ ရှင်က ဘယ်လိုလူမျိုးလဲ?!”

လျိုရှုယွင်ဆီက အဆူခံရပြီးနောက်မှာ ယဲ့ဖန်း လုံးဝ နိုးသွားခဲ့သည်။ ဟုတ်တယ်။ လျိုရှုယွင် ပြောတာ အဓိပ္ပါယ်ရှိတယ်!

ယဲ့ဖန်း လှုပ်ရှားသွားတာကို မြင်တော့ လျိုရှုယွင် ဆက်ပြောလိုက်သည်။

“ ရှင် အထင်လွဲမှာကို သူဋ္ဌေးလုက စိတ်ပူနေတယ်။ ရှင် သူဋ္ဌေးလုကို နားမလည်လောက်ဘူး။ သူမက အပြစ်ကို ဘယ်တော့မှ ဝန်မခံတတ်ဘူး။ ဒါကြောင့် ကျွန်မကို လွှတ်လိုက်တာပဲ”

ထိုစကားကို ကြားသောအခါမှာ ယဲ့ဖန်း လက်သီးကို ဆုတ်လိုက်မိကာ ဆဲလိုက်သည်။

“ အဲ့ဒီ လင်းဖေးဟန်ဆိုတဲ့ ခွေးသူတောင်းစားကောင်! ငါ သူ့ရဲ့ လှည့်ကွက်ထဲကို ကျတော့မလို့!”

ထိုအချိန်မှာ ယဲ့ဖန်း မသက်မသာ ခံစားလာရသည်။ အမှောင်ထဲကနေ လင်းဖေးဟန်က သူ့ထံမှ တစ်ခုခုကို လုယူတာကို ခံရသလိုမျိုး သူအမြဲ ခံစားနေရသည်။

“ ဒါဆို ငါမနက်ဖြန် အလုပ်ပြန်သွားမယ်!”

တွေးမိပြီးနောက်တွင် ယဲ့ဖန်း ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။

သူက လုရွှယ်ယင်ရဲ့ ဘော်ဒီဂတ်ဖြစ်ပြီး လုမိသားစုမှာ နေဖို့တော့ မလိုအပ်ဘူးလေ။

အဲ့ဒါအပြင် သူ မနေ့က ဟွမ်လောင်ပကို ဖန်းချန်းရဲ့ ဘော့စ်ကို သတ်နိုင်အောင် ကူညီပေးလိုက်ပြီး ကျန်နှစ်ယောက်ကိုလဲ သူ့လက်အောက်ရောက်အောင် လုပ်ခဲ့ပြီးပြီ။ ဒီရက်ပိုင်းထဲ ဟွမ်လောင်ပက သူ့ရဲ့ လက်အောက်ကလူတွေကို စီမံနေအုံးမှာမို့ စိတ်ပူစရာ ဘာမှ မရှိသေးဘူး။

ယဲ့ဖန်းရဲ့ အဖြေကို ကြားပြီးနောက်တွင် လျိုရှုယွင် လုံးဝ စိတ်သက်သာရာ ရသွားသည်။

“ ရှင်အဲ့လိုတွေးတာ မှန်တယ်။ မနက်ဖြန် အလုပ်လာရမယ်နော်။ ကျွန်မ စောင့်နေမယ်”

ယဲ့ဖန်း ကြောင်သွားသည်။

ကျွန်မစောင့်နေမယ်?

လျိုရှုယွင်၏ စကားတွေမှာ အဓိပ္ပါယ် တစ်မျိုး ပါနေသည်။

သူ့ကို ရယ်မြူးရိပ်တွေနဲ့ ကြည့်နေတဲ့ လျိုရှုယွင်ကို ယဲ့ဖန်းကြည့်လိုက်ကာ အံ့သြ နေခဲ့သည်။

လျိုရှုယွင် ဘာကို ဆိုလိုတာလဲ?

တစ်နေကုန် အလုပ်လုပ်ပြီးပေမဲ့လဲ လင်းဖေးဟန် စွန်းရှင်းယွဲ့ထံကို သွားပြီး အပ်စိုက်ကုပေးရင်း သူမနဲ့ အဆက်အသွယ် မပြတ်ဖို့ မမေ့ပါချေ။

လင်းဖေးဟန် ဘယ်လောက် အလုပ်များများ သူ ပန်းဆိုင်ကို အမြဲသွားသည်။ စွန်းရှင်းယွဲ့ကလဲ သူအလာကို အမြဲစောင့်နေ တတ်သည်။

လင်းဖေးဟန် အိမ်ကို ပြန်ရောက်တဲ့အခါမှာ ည ၈ နာရီတောင် ကျော်နေခဲ့ပြီ။ သူ အသက်တောင် ဝအောင် မရှုရသေးဘူး။ အားသောင်ဝင်လာခဲ့ပြီး လေးစားစွာ ပြောလိုက်သည်။

“ သခင်လေး!”

“ အင်း”

လင်းဖေးဟန်က လက်ယမ်းပြကာ အချက်ပြလိုက်သည်။ အားသောင်က ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။ ယဥ်ကျေးသော အမူအရာပုံ ဖမ်းထားဆဲပင်။

သူ နူးညံ့ယဥ်ကျေးတဲ့ ဘော်ဒီဂတ် တစ်ယောက် ဖြစ်ချင်သည်။

“ ယဲ့ဖန်းဆီကနေ သတင်းရှိလား?”

“ ဟုတ်ကဲ့ သခင်လေး!” အားသောင် ခေါင်းငုံ့ကာ အသံတိုးဖြင့် ပြောလိုက်သည်။

“ မနေ့က ယဲ့ဖန်း ဟွမ်လောင်ပနဲ့ တွေ့ပြီး သူ့ဘက်ပါအောင် လုပ်နိုင်ခဲ့တယ်။ သူ ဟွမ်လောင်ပကို ဖန်းချန်းဧရိယာကို အပိုင်ရအောင် ကူညီပေးခဲ့တယ်။အခု ဟွမ်လောင်ပက မြေအောက်လောကမှာ ဖန်းချန်းဧရိယာရဲ့ ဘော့စ်ဖြစ်သွားပြီ”

ထိုစကားကို ကြားတဲ့အခါမှာ လင်းဖေးဟန်ရဲ့ နှလုံးသားထဲ မြင်းပေါင်း တစ်သောင်းလောက် ကဆုန်ပေါက်ပြေးသွားသည်။ နတ်ဘုရားက ယဲ့ဖန်းအပေါ် စောက်ရမ်းကောင်းတာပဲ။ လမ်းလျှောက်ရင်းနဲ့ မြေအောက်လောကရဲ့ ဘော့စ်နဲ့ တွေ့သွားတာတဲ့လား?

မြေနိုးစာရေးဆရာ မင်းသားကို စွတ်ကံကောင်းပေးနေလိုက်

ယဲ့ဖန်းရဲ့ အတွေ့အကြုံနဲ့ သူ့ရဲ့ လက်ရှိ အခြေအနေကို တွေးပြီးနောက်မှာ လင်းဖေးဟန် အသက်ရှင်ချင်စိတ် မရှိတော့သလို ခံစားလိုက်ရသည်။

သူက ယဲ့ဖန်းကို ဗျင်းရန်အများကြီး ပြင်ဆင်ထားခဲ့သည်။ ဒါပေမဲ့ အဆုံးမှာတော့ ယဲ့ဖန်းက တစ်ချက်ထဲနဲ့ ဖြေရှင်းလိုက်သည်။

လင်းဖေးဟန် အသက်ပြင်းပြင်းရှုပြီး ကိုယ့်ဘာသာ တွေးလိုက်သည်။

“ သူ ဟွမ်လောင်ပ ကို သိမ်းသွင်းပြီး ဖန်းချန်းဧရိယာကို ပေါင်းစည်းလိုက်တယ်။ သူ့ရဲ့ ရည်မှန်းချက်က ဒီမှာတင် မရပ်လောက်ဘူး။ သူ ကျင်းပိုင်ကို သိမ်းချင်လာရင် ငါ့ကို ကျိန်းသေတိုက်ခိုက်မှာပဲ!”

“ အရင်က ဖြစ်ခဲ့တာတွေ အပြီးမှာ ယဲ့ဖန်းသူ့ကို အမှုန့်ဖြစ်အောင်ပါ ကြိတ်ချင်နေလောက်ပြီ။ တွေးလိုက်တာနဲ့တင် ကြောက်ဖို့ကောင်းတယ်။ နေအုံး။ ငါဒီမှာထိုင်ပြီး သေမှာကို မစောင့် နေနိုင်ဘူး”

ယဲ့ဖန်းက တစ်ညထဲနဲ့ ဖန်းချန်းဧရိယာရဲ့ ဘော့စ် ဖြစ်လာသည်။ ထိုအကြောင်းကို လင်းဖေးဟန် တွေးမိလိုက်တာနဲ့ သူ့ခေါင်းကို ဖောက်ဝင်တော့မဲ့ ဓားတစ်ချောင်း ရှိနေသလို ခံစားနေရသည်။

လင်းဖေးဟန်ရဲ့ မျက်လုံးတွေ နိုးကြားလာတာကို အားသောင် တွေ့တော့ သူချက်ချင်း မေးလိုက်သည်။

“ သခင်လေး ကျွန်တော့်ကို ယဲ့ဖန်းကို သတ်ဖို့ လူခေါ်သွားစေချင်လား?”

“ မဟုတ်ဘူး။ ယဲ့ဖန်းက ငါတို့တွေးထားတာထက် သန်မာတယ်။ မလုပ်နဲ့။ ငါ စဥ်းစားပါရစေ”

လင်းဖေးဟန် အမြန် ငြင်းလိုက်ရသည်။

အားသောင် ယဲ့ဖန်းကို သွားရန်စမှာကို သူ လုံးဝ ခွင့်မပြုနိုင်ဘူး။ လူခေါ်ပြီးရန်စရင်လဲ ယဲ့ဖန်းပဲ အတွေ့အကြုံ ပိုရသွားမှာ။ အဲ့လို ဖြစ်လာဖို့ သူလုံးဝ ခွင့်မပြုဘူး။

လင်းဖေးဟန် အကြာကြီးတွေးပြီးနောက်မှာ အကြံတစ်ခု ခေါင်းထဲ ပေါ်လာခဲ့သည်။

သူအခု အံ့သြဖွယ် ဇာတ်လိုက် ယဲ့ဖန်းကို မရှင်းနိုင်သေးတောင် ဟွမ်လောင်ပဆိုတဲ့ ဇာတ်ကောင် အသေးလေးက လင်းမိသားစုကို မယှဥ်နိုင်ဘူး။ လင်းဖေးဟန်ရဲ့ စကားတစ်ခွန်းနဲ့တင် သူ ဟွမ်လောင်ပကို တန်းပြီး ဖျက်ဆီးပစ်လို့ရသည်။

ဒီလိုဆိုမှတော့ ပိုပြီး အာဏာမကြီးလာခင်မှာ ဘာလို့ မဖျက်ဆီးပစ်ရမှာလဲ?

လင်းဖေးဟန် လုပ်ထုံးလုပ်နည်းတွေကို နားလည် ပါသည်။

ဒီဟွမ်လောင်ပက အခြေအနေကို ပြောင်းပြန် လှန်ဖို့ ကြိုးစားနေတာပဲ။ ယဲ့ဖန်းရဲ့ ပေါင်ကို ဖက်ထားရုံနဲ့ လုပ်ချင်တာလုပ်လို့ရပြီ ထင်နေတာလား? သိပ်မကြာခင်မှာပဲ ငါမင်းကို ဖျက်ဆီးပေးမယ်!

လင်းဖေးဟန် မဲ့လိုက်ကာ

အားသောင်ကို လှမ်းမေးလိုက်သည်။

“ ငါတို့ လင်းမိသားစုက ကျင်းပိုင် မြေအောက်လောကမှာ အင်အားတစ်ချို့ ရှိလား?”

အားသောင် ခေါင်းရမ်းလိုက်ကာ

“ မရှိဘူး။ သခင်ကြီးက အဲ့လိုလူတွေကို မုန်းတယ်။ စီးပွားရေးစတည်းက သခင်ကြီးက ကောင်းမွန်တဲ့အလုပ်တွေပဲ လုပ်ခဲ့တာ။ တိုက်ခိုက်တာတို့၊ လူသတ်တာတို့ကို ကျွန်တော်တို့ လုပ်တာဖြစ်ဖြစ် လူငှားတာ ဖြစ်ဖြစ် လုပ်ခဲ့တာမို့ မြေအောက်လောကနဲ့ သိပ် မရင်းနီးဘူး။ သခင်ကြီး မာဖီးယားဘောစ့် ဖြစ်လာနိုင်ပေမယ့် လက်ရှောင်ခဲ့တာ”

တစ်ကယ်ခက်တာပဲ။ မြေအောက်လောကနဲ့လဲ အဆက်အသွယ်မရှိကြဘူး။ ကြည့်ရတာ အရည်အချင်းရှိသူ တစ်ချို့ကို စုစည်းရတော့မဲ့ပုံပဲ!

လင်းဖေးဟန် မေးလိုက်သည်။

“ ဟွမ်လောင်ပ နောက်ကို လိုက်ပြီး ဒုက္ခပေးနေတဲ့သူက ဘယ်သူလဲ?”

အားသောင် ဖြေလိုက်သည်။

“ ဖန်းဟွာဧရိယာရဲ့ ဘော့စ်နှင်းဆီနီဆိုတဲ့ တစ်ယောက်ပဲ။ သူမက အရမ်း ရက်စက်တယ်။ ဒီလောကထဲဝင်လာပြီး မကြာခင်မှာပဲ ဖန်းဟွာဧရိယာရဲ့ ဘော့စ်နေရာကို ယူနိုင်ခဲ့တာကို ကြည့်ရုံနဲ့တင် သူမ ဘယ်လောက် အင်အားကြီးလဲ သိနိုင်ပြီ”

“ ယဲ့ဖန်းသာ ရုတ်တရက် မပေါ်လာခဲ့ရင် ဟွမ်လောင်ပ ဓားထိုးခံရပြီး ခွေးစာ ကျွေးခံ နေရလောက်ပြီ”

All Chapters