← Chapters

Ch 87

Vol. 7 Ch. 87

Ch 87

Vol. 7 Ch. 87

နှင်းဆီနီတဲ့လား? နာမည်ကြားရုံနဲ့တင် လှမှာပဲ ဆိုတာ သိနိုင်နေပြီ။

လင်းဖေးဟန်ရဲ့ မျက်လုံးတွေ လက်သွားသည်။ နှင်းဆီနီဆိုတဲ့ အမျိုးသမီးက မြေအောက်လောကနဲ့ အဆက်အသွယ်ရှိတဲ့ သူပဲ။ ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲမလား?

ယဲ့ဖန်းက ဟွမ်လောင်ပကို ဖန်းချန်းဧရိယာကို ရအောင်လုပ်ပေးခဲ့မှတော့ အဲ့ဒါ အချက်ပြလိုက် တာပဲ။ ယဲ့ဖန်းရဲ့ ရည်မှန်းချက် ဘယ်လောက်ကြီးမားလဲဆိုတာ လင်းဖေးဟန်သာ သိသည်။

ဟွမ်လောင်ပ တစ်ယောက်ထဲဆိုရင် လင်းမိသားစုအတွက် အနှောက်အယှက် မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ ဟွမ်လောင်ပ သာ ကျင်းပိုင်မြို့တစ်ခုလုံးကို ရသွားခဲ့ရင်တော့ လင်းမိသားစုကို ခြိမ်းခြောက်နိုင်သွားပြီ။ ဒါကြောင့်မို့ လင်းဖေးဟန်က နှင်းဆီနီကို သူ့ဘက်ပါအောင်လုပ်ဖို့ ကြံစည်လိုက်တာပင်။

“ ဘယ်လို နှင်းဆီနီဖြစ်လောက်မလဲ?” လင်းဖေးဟန် ရေရွတ်လိုက်သည်။

လင်းဖေးဟန်၏ ဆိုလိုရင်းကို နားလည်တာမို့ အားသောင်တန်းပြီး မေးလိုက်သည်။

“ သခင်လေး ကျွန်တော့်ကို နှင်းဆီနီနဲ့ စကားပြောစေချင်လား?”

“ မဟုတ်ဘူး။ မင်းသူ့ကို အရင်သွားပြောဖို့ မလိုဘူး။ ဒါအတွက် ငါတစ်ယောက်ယောက် ရှာလိုက်မယ်! ငါတို့လူတွေအတွက် တာဝန်ကို အကြောင်းကြားပေးလိုက်အုံး။ ယဲ့ဖန်းကို ဆက်စောင့်ကြည့်နေပြီး ပြဿနာ တစ်စုံတစ်ရာ ရှိရင် ချက်ချင်းတင်ပြဖို့”

“ဟုတ်ကဲ့!”

ထွက်သွားတော့မဲ့ အားသောင်ကို ကြည့်ပြီး လင်းဖေးဟန် တစ်ခုခုကို တွေးမိသွားတာမို့ သူအမြန် အားသောင်ကို တားလိုက်ကာ

“ နေအုံး အားသောင်။ ဖုန်းလုံဧရိယာရဲ့ မြေအောက်လောက ခေါင်းဆောင် တစ်ယောက်ကို သွားရှာခဲ့။ အရည်အချင်း ကြီးကြီးမားမား ရှိဖို့ မလိုဘူး။ သစ္စာရှိခွေးတကောင် ဖြစ်လာဖို့ပဲလိုတယ်။ မနက်ဖြန် စောနိုင်သလောက် စောစော သူ့ကိုငါနဲ့ လာတွေ့ခိုင်းလိုက်”

“ ဟုတ်ကဲ့!”

နောက်တစ်နေ့ မနက်တွင် အားသောင်သည် အနည်းငယ် ရှက်ရွံ့ရွံ့ဖြစ်နေသော လူတစ်ယောက်ကို ခေါ်လာခဲ့သည်။

ထိုသူ၏ ပုံစံသည် သူ့လို လူတစ်ယောက်ကို လင်းဖေးဟန်လို အကြီးစားသူဋ္ဌေးက ဆင့်ခေါ်လိမ့်မည်လို့ လုံးဝ မထင်ထားသည့် ပုံပင်။ သူသည် အနည်းငယ် စိတ်လှုပ်ရှား နေခဲ့သည်။ သူသည် ကိုယ်ကို ကွေးထားပြီး ခေါင်းငုံ့ကာ လေသံတိုးနဲ့ ရေရွတ်လိုက်သည်။

“ သခင်လေးလင်း!”

ထိုသူ၏ အသံတွင် တုန်ရီမှုတစ်ချို့ကိုတောင် ကြားနိုင်နေသည်။

“ အင်း ထိုင်ပါ။ မကြောက်ပါနဲ့”

လင်းဖေးဟန် လက်ယမ်းပြလိုက်ပြီး အားသောင်၏ဘေးရှိ ခေါင်းဆောင်ငယ်ကို ကြည့်လိုက်ကာ

“ မင်း ဖန်းဟွာဧရိယာက ဟုန်မိန်ကွေ့နဲ့ ဖုန်းလုံဧရိယာက ဟွမ်လောင်ပ ကိုသိလား?”

“ မစ္စတာလင်း ကျွန်တော်တို့ တွေ့ဖူးပေမဲ့ တစ်ခါမှ စကားမပြောဖူးပါဘူး”

“ ကျွန်တော်က သူတို့နဲ့ အဆင့်မတူပါဘူး။ ကျွန်တော်က ဖုန်းလုံဧရိယာရဲ့ အသေးစား ဂိုဏ်းခေါင်းဆောင်လေး တစ်ယောက်ပါပဲ။ ကျွန်တော့်လိုအသေးစားလေးက သူတို့နဲ့ ဘယ်လိုလုပ် ယှဥ်ရဲမှာလဲ?”

“ ဖုန်းလုံဧရိယာရဲ့ ခေါင်းဆောင်က ဘယ်သူလဲ?”

လင်းဖေးဟန် ပေါ့ပေါ့ပါးပါးပဲ မေးလိုက်သည်။

“ အကိုကြီးလုံပါ”

ထိုသူသည် ဖြေးဖြေးချင်း ပြောလိုက်သည်။

“ သူက ဟွမ်လောင်ပရဲ့ သွေးသောက် ညီကိုဖြစ်ပြီး ဆက်ဆံရေးကောင်း ရှိကြတယ်။ မြေအောက်လောကက သူတွေက သူ့ကို အကိုကြီးလုံကို ခေါ်ကြပါတယ်”

လင်းဖေးဟန် ထိုစကားကို ကြားသောအခါမှာ ရယ်ပြီးမေးလိုက်သည်။

“ မင်း အဲ့ဒီ ဟွမ်လောင်ပ၊ နှင်းဆီနီ၊ အဲ့လို ဘော့စ်တွေနဲ့ တစ်ဆင့်တည်း ဖြစ်ချင်လား?”

“ အာ.. ဒါက..ဒါက”

လင်းဖေးဟန်ရဲ့ စကားက ထိုသူကို ချက်ချင်း ရှုတ်ထွေးသွားစေခဲ့သည်။

စစ်သူကြီးဖြစ်မလာချင်တဲ့ စစ်သားက စစ်သားကောင်း မဖြစ်နိုင်ဘူးဆိုတဲ့ ဆိုရိုစကားရှိသည်။

မာဖီးယားဘော့စ် မဖြစ်လာချင်တဲ့ ဂန်းစတားက ထူးချွန်တဲ့ ဂန်းစတား မဖြစ်နိုင်ဘူး။

သေချာပေါက် သူလဲ မြေအောက်လောကရဲ့ ဘော့စ်အကြီးစား ဖြစ်လာချင်တာပေါ့!

လူအုပ်လိုက်ကြီး ဝိုင်းခံထားရတဲ့ အလယ်က ခေါင်းဆောင်နေရာက အရမ်းကို ခမ်းနားတင့် တယ်နေမှာပဲ!

အားသောင် မျက်မှောင်ကြုတ်သွားပြီး ထိုသူကို ကန်ကာပြောလိုက်သည်။

“ မင်း အဲ့မှာဘာရပ်နေသေးတာလဲ?”

“ သခင်လေးလင်းကို မြန်မြန် ကျေးဇူး မတင် သေးဘူးလား?”

“ သခင်လေးလင်းက မင်းကို ကူညီပေးမလို့ပဲ။ မင်းအရမ်းကံကောင်းတယ်။ မင်း အနာဂတ်မှာ ဖုန်းလုံဧရိယာရဲ့ ဘော့စ်ဖြစ်လာတော့မယ်”

“ မစ္စတာလင်း ကျွန်တော် ဘော့စ်ဖြစ်လာချင်ပါတယ်။ ဒါ ကျွန်တော် အိပ်မက်မက်နေတဲ့ အရာပါပဲ! ကျေးဇူးတင် ပါတယ် မစ္စတာလင်း!”

“ ကျွန်တော် မစ္စတာလင်းနောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော့်တစ်ဘဝလုံး မစ္စတာလင်းရဲ့ လက်အောက်မှာ ခွေးတစ်ကောင် အနေနဲ့ အလုပ်အကျွေးပြုပါ့မယ်”

ထိုသူသည် ဒူးထောက်ချလိုက်ပြီး လင်းဖေးဟန်ကို အလွန်ရိုးကျိုးစွာ အရိုအသေ ပြုလိုက်သည်။

“ အင်း” လင်းဖေးဟန် ကျေနပ်စွာ ခေါင်းညိတ် လိုက်သည်။

လင်းဖေးဟန်၏ မျက်လုံးထဲတွင် ရက်စက်မှုတစ်ချို့ ဖြတ်ပြေးသွားကာ ကြောက်မက်ဖွယ် ပြောလိုက်သည်။

“ အခု အကိုကြီးလုံ ဆိုတဲ့သူ ဘယ်မှာလဲ? မင်း လူတွေကိုစုပြီး ငါနဲ့ အကိုကြီးလုံကို သွားတွေ့မယ်”

“ ဒါနဲ့ လက်နက်တွေပါ ယူခဲ့”

အကိုကြီးလုံက ဟွမ်လောင်ပရဲ့ သွေးသောက်ညီကို ဆိုမှတော့ ဆူးချွန်တွေကို စောစော နှုတ်ပစ်ရမည်လေ။ မဟုတ်ရင် သိပ်ကြာမှာမဟုတ်ဘူး။ ယဲ့ဖန်းရဲ့ ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တဲ့ ကံတရား ကြီးနဲ့ဆိုရင် သူ့ရဲ့ စိုးမိုးနိုင်တဲ့ စိတ်ဝိညာဥ်ကို နိုးထလာအောင်လုပ်ဖို့ အချိန်ခဏပဲ ယူရမှာ။ အကိုကြီးလုံပါ ဟွမ်လောင်ပလို ယဲ့ဖန်းရဲ့ ဘက်တော်သား ဖြစ်လာရင် သွားပြီ။

သူ့ရဲ့ သဘာဝရန်သူ ယဲ့ဖန်းရဲ့ အင်အားတွေ တစ်စတစ်စ ကြီးလာမှာကို လင်းဖေးဟန် ထိုင်မကြည့်နေနိုင်ပေ။ လင်းဖေးဟန်လို ဗီလိန်အနေနဲ့ ဇာတ်လိုက်မင်းသားကို ပြန်ဗျင်းနိုင်ဖို့ မျိုးစုံအယုတ်တမာအကြံတွေကို အသုံးချမှကို ရပေလိမ့်မည်။

ထိုသူက ပြောလိုက်သည်။

“ အကိုကြီးလုံက ဖီးနှစ်မီးတောက် နိုက်ကလပ်မှာ ညဘက်တွေ ပုံမှန် အပျော် သွားရှာတတ်တယ်”

ထိုသူက အကိုကြီးလုံရဲ့ လက်အောက်ကသူ မဟုတ်ပေမဲ့ သူကလဲ ဖုန်းလုံဧရိယာမှာ ကျင်လည် နေတဲ့သူဆိုတော့ အကိုကြီးလုံရဲ့ အကျင့်တွေကို သိနေပြီ။

ထို့နောက်မှာ ထိုသူသည် လင်းဖေးဟန်ကို မသက်သာသော အကြည့်နှင့် ကြည့်လိုက်ပြီး ခါးသက်စွာပြောလိုက်သည်။

“ မစ္စတာလင်း ကျွန်တော့်လက်အောက်ကလူတွေက အကိုကြီးလုံရဲ့ လူတွေလောက် မတော်ဘူး”

လင်းဖေးဟန်သည် ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

“ စိတ်မပူနဲ့ ငါမင်းကို မသေခိုင်းဘူး”

လင်းဖေးဟန် ပြုံးလိုက်ကာ အားသောင်ကို အချက်လှမ်းပြလိုက်သည်။

“ ယဲ့ဖန်းကို စောင့်ကြည့်နေတဲ့ သူတွေကလွဲရင် ကျန်တဲ့သူတွေကို ငါ့ဆီခေါ်ခဲ့လိုက်။ ပြီးတော့ လင်းဘော်ဒီဂတ်အဖွဲ့ထဲက အယောက် ၃၀ ခေါ်ခဲ့လိုက်။ ဖုန်းလုံဧရိယာကို သွားသိမ်းမယ်!”

“ အခု ငါ့နောက်လိုက်ခဲ့ပြီး ဖီးနစ်မီးတောက် နိုက်ကလပ်ကို အရင်သွားသောင်းကျန်းမယ်။ မင်းကလမ်းပြ”

လင်းဖေးဟန် ထိုသူကို လက်ညိုးထိုးပြီး ပြောလိုက်သည်နှင့် အရမ်းတွေ စိတ်လှုပ်ရှားနေသူသည် ခေါင်းကို အဆတ်မပြတ် ညိတ်ပြလာခဲ့သည်။

ကားထဲရောက်တာနဲ့ လင်းဖေးဟန် မြို့တော်ဗျူရိုက လျိုရှစ်လင်းကို တန်းပြီး ဖုန်းခေါ်လိုက်သည်။ သူမကြာခင် ဖီးနစ်မီးတောက် ကလပ်မှာ ကိစ္စတစ်ချို့ လုပ်စရာရှိတာမို့ တစ်ယောက်ယောက် ရဲကို ခေါ်လာခဲ့ရင် ဂရုမစိုက်ဖို့ မျှော်လင့်ကြောင်း ပြောထားလိုက်သည်။ သူ ကိစ္စပြီးတာနဲ့ သေချာလေး ရှင်းလင်းပေးမည် ဖြစ်ကြောင်းကိုပါ ပြောလိုက်သည်။

လင်းဖေးဟန်သည် မြို့တော်ဗျူရိုကို 5မီလီယံ လှူဒါန်းထားပြီးဖြစ်သလို ဒီကိစ္စကို လုပ်ပေးတဲ့ အတွက် အကျိုးမယုတ်စေရပါဘူးဆိုတဲ့ အကြောင်းနဲ့ ဒီလင်းဖေးဟန်က လျိုရှစ်လင်း အပေါ်မှာ အကြွေးတစ်ခု တင်သွားပြီဆိုတဲ့ အကြောင်းကိုပါ ပြောထားလိုက်တာဖြစ်သည်။

လျိုရှစ်လင်းက အထက်တန်းစား မိသားစုတွေထဲက မဟုတ်ပေမဲ့ အစိုးရ အရာရှိ တစ်ယောက်မို့ အထက်တန်းစား မိသားစု တွေထဲက သူ့ကို လေးစားကြသူ အများအပြားရှိသည်။

လင်းဖေးဟန် စကားအများကြီး မပြောခဲ့ပေ။ ဒီလိုကိစ္စမျိုးက အများကြီး ပြောပြဖို့လဲ မလိုအပ်ဘူး။ အကုန်လုံး သိနေကြပြီးသားပင်။

“ သခင်လေးလင်း တစ်ကယ်ပဲ ဒီခေါင်းဆောင် အသေးစားကို ဖုန်းလုံဧရိယာရဲ့ ခေါင်းဆောင် ဖြစ်အောင်လုပ်ပေးမလို့လား?”

လင်းဖေးဟန်က အကိုကြီးလုံကို ဆန့်ကျင့်တော့မှာကို မြင်တော့ အားသောင် သံသယ ဝင်စွာမေးလာခဲ့သည်။

လင်းဖေးဟန် ခေါင်းညိတ်လိုက်ပြီး

“ အင်း”

ဒီကိစ္စမှာ သူလက်ဦးမှုယူထားမှ ရမည်။ မဟုတ်ရင် သူပြဿနာ အကြီးကြီး ရောက်နိုင်သည်။ သူ အကိုကြီးလုံကို မထိချင်ပေမဲ့လဲ သူ့မှာ ရွေးစရာ မရှိနေဘူး။

လင်းမိသားစုက အမြဲတမ်း ကောင်းမွန်တဲ့ လမ်းမှာလျှောက်လှမ်းခဲ့ကြပြီး ဒီခေါင်းဆောင်အသေးစားကို အားသောင်သည် မထင်ထားသော အခြေအနေမှာ တွေ့ခဲ့တာဖြစ်သည်။

ဒီလူကို တစ်ချက်ကြည့်လိုက်ရုံနဲ့ ဖုန်းလုံ ဧရိယာရဲ့ ခေါင်းဆောင် ဖြစ်ထိုက်သည်လို့ လင်းဖေးဟန် ခံစားရသည်။

ဘာလို့ဆို ဒီလူမှာ ဟိတ်ကြီးဟန်ကြီး မရှိဘူး။ အားသောင်သာ ရှာမတွေ့ရင် တစ်သက်လုံး ခေါင်းဆောင်ငယ် အဆင့်က တက်အောင် လုပ်နိုင်စွမ်းမရှိတဲ့သူ ဖြစ်နေတာမလို့ပဲ။

ဒီလူရဲ့ မျက်လုံးထဲမှာ လိုချင်စိတ်တွေနဲ့ လောဘတွေကို မြင်နေရသည်။ အဲ့လိုလူတွေက ထိန်းချုပ်ရလွယ်သည်။

အရိုးသားဆုံးပြောရရင် ဒီလူက ကျင်းပိုင် တစ်မြို့လုံးအတွက် ဘော့စ် ဖြစ်လာဖို့ အရည်အချင်းမရှိသလို လက်ရှိမှာ သူကိုယ်တိုင်ကလဲ မြေအောက်လောကမှာ သူ့ဘက်တော်သား အနေနဲ့ ဘော့စ်အသေးစား တစ်ယောက်လောက်ပဲ လိုနေသေးတာလေ။

All Chapters