Ch 88
Vol. 7 Ch. 88
အားသောင်လိုမျိုး တိုက်ခိုက်စွမ်းရည် ကောင်းပြီး သစ္စာရှိတဲ့ ဘော်ဒီဂတ်တွေ သူ့မှာ ရှိတဲ့ဆိုပေမဲ့ သူတို့တွေက မြေအောက်လောကနဲ့ မရင်းနီးကြဘူး။ အားသောင် သာ သွားမည်ဆိုရင် သူ ရင်းနီးအောင်လုပ်ဖို့ အချိန်တစ်ချို့ ယူရအုံးမည်။
ယဲ့ဖန်းရဲ့ လျင်မြန်စွာ တိုးတက်နှုန်းကို အမှီလိုက်နိုင်ဖို့ဆို လင်းဖေးဟန်မှာ အချိန်မရှိဘူး။
“ သခင်လေး ကျွန်တော့်အထင် ကျွန်တော်လဲ ဘော့စ်ဖြစ်လာနိုင်တာပဲ”
ဘေးမှာ ကားမောင်းနေသော ဝမ်တကုံ ဝင်ပြောလာသည်။ ဘော့စ် ဖြစ်လာရင် အရမ်းအထင်ကြီးစရာ ကောင်းမှာပဲလို့ သူထင်သည်။ အဲ့လို ကြွားပြလို့ရရင် စောက်ရမ်း ကောင်းမှာပဲ။
“ သခင်လေး ကျွန်တော့်ကိုကော စဥ်းစားပေးမလားဟင်?”
ဝမ်တကုံ ရိုးသားဖြူစင်စွာ ပြုံးပြလိုက်သည်။
“ မင်းဘာမင်း ပေါက်စီ စားနေစမ်းပါ!”
“ အို့!” ဝမ်တကုံ အနည်းငယ် စိတ်ပျက် သွားသည်။ ဟို ခေါင်းဆောင်ဆိုတဲ့သူဆိုရင် ဝါးတုတ်တစ်ချောင်းလို ပိန်ပါးနေပြီး တစ်ချက် ကြည့်လိုက်တာနဲ့ အစာကောင်းကောင်း မစားနိုင်မှန်းသိသာသည်။ အဲ့လိုလူကိုတောင် လင်းဖေးဟန်က ဘော့စ်ဖြစ်လာဖို့ ထောက်ပံ့ပေးသည်။ ငါဆို အများကြီးစား နိုင်တာကို ငါကျဘာလို့ ဘော့စ် မဖြစ်လာ နိုင်ရတာလဲ?
လင်းဖေးဟန် ဝမ်တကုံကို စိုက်ကြည့် လိုက်သည်။ ချက်ချင်းပဲ သူ့ခေါင်းထဲ အကြံတစ်ခု ပေါ်လာသည်။ ဝမ်တကုံအတွက် အရမ်းကို သင့်တော်တဲ့ အလုပ်တစ်ခုပဲလို့ သူ ခံစားလိုက်ရသည်။
လင်းဖေးဟန်သည် ဝမ်တကုံရဲ့ ပုခုံးကို ပုတ်လိုက်ကာ ပြောလိုက်သည်။
“ ကုန်ဇီ မင်းကို မသွားခိုင်းတာက တစ်ကယ်တော့ ငါ့မှာပိုပြီး အရေးကြီးတဲ့ တာဝန် တစ်ခု မင်းအတွက် ရှိနေလို့ပဲ။ အဲ့ဒါက ဘော့စ်ဖြစ်ရတာထက် ပိုပြီး အထင်ကြီးစရာ ကောင်းတယ်!”
“ ဘော့စ်ဖြစ်ရတာထက် ပိုပြီး အထင်ကြီးစရာ ကောင်းတယ်”
ဝမ်တကုံ ချက်ချင်းပဲ ပျော်ရွှင်စွာ ပြောလိုက်သည်။
“ သခင်လေး ပြောသာပြောလိုက်ပါ။ ကျွန်တော် သေချာလုပ်မယ်လို့ ကတိပေးတယ်”
လင်းဖေးဟန်ပြုံးပြီး ပြောလိုက်သည်။
“ အခုတော့ ကားကိုသာ သေချာမောင်း။ အချိန်ကျရင် မင်းသိလိမ့်မယ်”
နာရီဝက်လောက်ကြာပြီးနောက်မှာ ဖီးနစ်မီးတောက်ကလပ်ရဲ့ ဧည့်ခန်းမှာ လင်းဖေးဟန်နဲ့ အကိုကြီးလုံရဲ့ ပြင်းထန်သော တွေ့ဆုံမှုတစ်ခု စတင်ခဲ့သည်။
အကိုကြီးလုံက ပုံမှန် gym သွားဆော့လေ့ ရှိတဲ့ သတ်လတ်ပိုင်း အရွယ် လူတစ်ယောက် ဖြစ်သည်။
အကိုကြီးလုံရဲ့ အရှိန်က အဲ့ဒီခေါင်းဆောင်ငယ် အတွက် ပြိုင်ဘက်မဟုတ်နေဘူး။ အကိုကြီးလုံရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ပြီး လင်းဖေးဟန်ပင် လေးစားရသည်။
လင်းဖေးဟန် လူတွေနဲ့ ဝင်လာတာကို မြင်တဲ့အခါမှာ အကိုကြီးလုံက ကြောက်ရွံ့မှု တစ်စက် မပြပေ။ အဲ့ဒီအစား သူသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အင်္ကျီ ကော်လံရှိ ကြယ်သီးတစ်ချို့ကို ဖြုတ်လိုက်သည်။ လည်ပင်းရှိ ရွှေရောင်ချိန်းကြိုး အကြီးကြီးနှင့် ပုခုံးထက်က နဂါးပုံတက်တူးကြီး ပေါ်လာခဲ့သည်။ တစ်ချက် ကြည့်လိုက်ရုံနဲ့ ဒီလူက အလွယ်သွားရှုတ်လို့ မရတဲ့သူဆိုတာ ထင်းနေသည်။
အကိုကြီးလုံက အားသောင်နဲ့ ခေါင်းဆောင််ငယ်ရဲ့ဘေးက လင်းဖေးဟန်ကို စိုက်ကြည့်လိုက်ပြီး မည်းမှောင်နေတဲ့ မျက်နှာနဲ့ ပြောလိုက်သည်။
“ သူဋ္ဌေးလင်း ကျွန်တော်တို့ထဲက တစ်ယောက်က အဖြူဖြစ်ပြီး တစ်ယောက်က အမည်းပဲ။ ကျွန်တော်တို့ရဲ့ လမ်းတွေက မတူညီဘူး။ မေးပါရစေ။ ဒီအားလုံက မစ္စတာလင်းကို အနှောက်အယှက်ပေးမိ ခဲ့လို့လား?”
“ ဒီနေ့ မစ္စတာလင်းက ကျွန်တော့်နေရာကို လူတွေခေါ်လာပြီး ပြဿနာရှာဖို့ လုပ်ခဲ့တယ်။ ဘာကို ဆိုလိုတာပါလဲ? ကျွန်တော့်ရဲ့ အမှား ရှိခဲ့လို့ဆိုရင် မစ္စတာလင်းကို တောင်းပန်မှာပါ”
အကိုကြီးလုံက လင်းဖေးဟန်ကို ချက်ချင်းပဲ ဦးညွတ်လိုက်သည်။
လင်းဖေးဟန် မဲ့လိုက်ပြီး
“ အကိုကြီးလုံ မလား? ငါ့မှာ မင်းနဲ့ဖြုန်းဖို့ အချိန်မရှိဘူး။ ရွေးစရာ နှစ်ခုပေးလိုက်မယ်”
အသေးစား ဇာတ်ကောင်ကို စကားပြောပြီး လင်းဖေးဟန် အချိန်မဖြုန်းလိုပေ။
မင်းလို အသေးစား ဇာတ်ကောင်က ငါ့လို အဆုံးထိ ရှင်သန်မဲ့ဗီလိန်ဆရာကြီးနဲ့ တူလား တန်လား?
ဒီလို အမှိုက်ဝတ္ထုထဲမှာ ငါမင်းကို ရိုက်ချင်တာကို အကြောင်းပြချက် ပေးနေရအုံးမှာလား?
ဗီလိန်တစ်ယောက် အနေနဲ့ လုပ်သင့်တာကို ကျိုးကြောင်းမသင့်လဲ သူ လုပ်မှာပဲ။
“ ပထမရွေးချယ်စရာက ငါ့ဆီမှာ အရှုံးခံလိုက်။ ဒုတိယကတော့ ငရဲမင်းဆီသွားပြီး အပျင်းပြေအောင် ဆော့ပေးလိုက်ပေါ့။ ငါငရဲမင်းကို ငွေချေဖို့ ပိုက်ဆံပြင်ထားပြီးပြီ”
“ ဝမ်တကုံ!”
လင်းဖေးဟန် အော်လိုက်တာနဲ့ ဝမ်တကုံက လင်းဖေးဟန်အတွက် အိတ်တစ်ခုကို ယူလာခဲ့သည်။
လင်းဖေးဟန် အိန်ကို တန်းဖွင့်လိုက်ပြီးအထဲမှ ကျောက်စိမ်းဧကရာဇ် တံဆိပ်တုံးထုထားသော သေသူအတွက် ပေးကြသည့် ငွေစက္ကူ 10 ဘီလီယံကို ပြပေးလိုက်သည်။
လင်းဖေးဟန်က အကိုကြီးလုံကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“ အခုငါမင်းကို စက္ကန့်သုံးဆယ်ပေးမယ်။ မင်းမှာ ရွေးစရာနှစ်ခုပဲရှိတယ်။ မင်း မှန်တာကို ရွေးမယ်ဆိုရင် ကောင်းမွန်တဲ့ဘဝမှာ နေရမယ်။ ရွေးချယ်မှုမှားခဲ့ရင်တော့ ဒီပိုက်ဆံက မင်း တမလွန်မြစ်ကူးဖို့ အတွက်ပဲ။ စိတ်မပူပါနဲ့။ မင်းအလောင်း မပုတ်သွားခင် ငါငွေတွေ မီးရှို့ပေးမှာပါ”
အကိုကြီးလုံ တံတွေးတစ်ချက် မြိုချ လိုက်ရသည်။ နဖူးထိပ်တွင် ချွေးစတစ်ချို့ စို့လာရသည်။ သူ့အရှေ့က လူတွေကို ကြည့်လိုက်ပြီး သူ ဒီနေ့ လင်းမိသားစုကို ကျေနပ်အောင် လုပ်ပေးမှရမည်ကို သူသိသည်။ မဟုတ်ရင် သေလိမ့်မည်။
ဖုန်းလုံဧရိယာမှာ သူ့ရဲ့ဘဝက ကောင်းစားနေခဲ့သည်။ ဒါပေမဲ့ လင်းဖေးဟန် ရောက်လာပြီး အဆုံးသတ်ချင်လိမ့်မယ်လို့ သူ မထင်ထားမိဘူး။ သူသည် သူ့ရဲ့ အကိုကြီးလို ဖြစ်ချင်ခဲ့တာပင်။ မဖြစ်နိုင်ပေမဲ့ပေါ့။
သူ့ဘဝရဲ့ သက်တမ်းတစ်ဝက်ကို နေထိုင်ခဲ့ပြီးပြီ ဖြစ်လို့ တိုက်ပွဲမျိုးစုံကိုလဲ တွေ့ကြုံခဲ့ပြီးပြီ။ လင်းဖေးဟန် ခေါ်လာတဲ့ ဒီလူတွေလောက်ကို သူကြောက်ရမှာလား? လင်းဖေးဟန်နဲ့ အတူပါလာတဲ့ ဘော်ဒီဂတ် ဆယ့်နှစ်ယောက်ကျော် လောက်အပြင် ကျန်တာတွေက ဟိုခေါင်းဆောင်ငယ်ရဲ့ လူတွေဆိုတာ သူသိသည်။ ဆံပင်အရောင် အကြောင်အကျားတွေနဲ့ အဝေးက တစ်ချက် ကြည့်လိုက်ရင်ကို သက်တန့်ကို ကြည့်နေရသလိုပဲ။ သူ့လူတွေကို တစ်ချက် ကြည့်လိုက်တော့ အကုန်လုံးက ကတုံး ကေပေါက်တွေနဲ့ ဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းလဲ ကောင်းတဲ့သူတွေပဲ။
ငါ့လို ဂန်းစတားကြီးက ဒီကောင်တွေကို ဘာလို့ ကြောက်ရမှာလဲ?
လင်းဖေးဟန်ရဲ့ ဘော်ဒီဂတ်တွေက သန်မာရင် တောင်မှ သူ့လူတွေက တစ်ယောက်ချင်းယှဥ်ရင် အကုန်လုံးကို တားပစ်နိုင်သည်။ သူလဲ ရှိနေတာပဲ။
“တစ်..”
“နှစ်..”
“ တစ်ဆယ်…”
“သုံးဆယ်…”
လင်းဖေးဟန် ခေါင်းကို တစ်ဖက်စောင်းကာ မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်သည်။
“ စိတ်မကောင်းစရာပဲ။ အချိန်ပြည့်သွားပြီ။ ကဲပြောတော့ မင်းဘာကိုရွေးမလဲ?”
“ လင်းဖေးဟန် မင်း လွန်မလာနဲ့”
လင်းဖေးဟန်က သူ့ကို ပေါ့သေးသေး လုပ်နေတာကို မြင်တော့ အကိုကြီးလင်းရဲ့ မျက်လုံးမှာ ဒေါသတို့ ပြည့်သွားခဲ့သည်။ အထူးသဖြင့် လင်းဖေးဟန်ရဲ့ မောက်မာတဲ့ စကားပြောနေပုံက သူ့ကို တောက်လျှောက် ကန့်လန့်တိုက်နေခဲ့တာပင်။
အားလုံ ဆိုတဲ့သူက လင်းဖေးဟန်လောက် အင်အားမကြီးပေမဲ့ ကျင်းပိုင်မြို့ရဲ့ ဘော့စ်ကြီးတွေထဲက တစ်ယောက်ဖြစ်သလို ဖုန်းလုံဧရိယာရဲ့ နောက်ဆုံးပြောခွင့် ရှိသူပဲ။
လင်းဖေးဟန်က သူ့ကို မျက်နှာသာမပေးပဲ သူ့လက်အောက်ရောက်အောင် လုပ်ချင် နေတယ်။ သေချာပေါက် သဘောတူ စရာလား?
သူသာ လင်းဖေးဟန်ကို အလျော့ပေးလိုက်ရင် အနာဂတ်မှာ ကျင်းပိုင်မြို့မှာ ဘယ်လို ရှင်သန် တော့မှာလဲ?
ဒီလိုသာပြီးသွားရင် ဘယ်သူ့မှ သူ့ကို မနာခံ ကြတော့ဘဲ လက်ညိုးငေါက်ငေါက်ထိုးပြီး ငကြောက်လို့ ပြောခံရမှာ။
လင်းဖေးဟန် မဲ့လိုက်ကာ
“ ငါက.. လွန်တယ်? အဲ့တော့ဘာဖြစ်လဲ?”
“ ကောင်းတယ်။ အရမ်းကောင်းတယ်။ လင်းဖေးဟန် မင်းငါ့ကို တွန်းအားပေးလိုက်တာပဲ! ငါ့ကို အပြစ် မတင်နဲ့တော့! ငါ အားလုံက မင်းကို ဆန့်ကျင် ရတော့မယ်!”
အကိုကြီးလုံသည် လင်းဖေးဟန်ကို စိုက်ကြည့်ပြီး တင်းမာစွာ ပြောလိုက်သည်။
“ ငါပြောမယ်။ ငါတစ်ခုကိုမှ မရွေးဘူးကွ! မသကာ အတူတူသေပစ်ရုံပေါ့! ငါဆိုတဲ့ အားလုံက ငြိမ်းချမ်းစွာ နေရဖို့လဲ စိတ်ကူး မရှိဘူး”
“ ဝိုး လေကြောတော့ ရှည်သားပဲ။ မင်း ကိုယ်တိုင် ပြောလာမှတော့ ငါမင်းကို ရှင်ရက် မထားပေးဘူး။ စိတ်ချ”
အကိုကြီးလုံသည် လင်းဖေးဟန်ကို ဖြဲခြောက်ဖို့ သေချာ ကြမ်းကြမ်းတမ်းတမ်း ပြောခဲ့ပေမဲ့ လင်းဖေးဟန်က မကြောက်တဲ့ အပြင် မညှာမတာ ပြန်ပြောလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။
“ ငါပြောမယ်။ မင်းတို့ကောင်တွေ လုပ်ချင်တိုင်း လုပ်လို့ မရဘူးနော်။ မင်းတို့တွေ..”
လင်းဖေးဟန် ရွံရှာစွာ မဲ့လိုက်ပြီး မျက်မှောင်ကြုတ်လာကာ
“ မင်း ဘာတွေ အဲ့လောက်နှေးကွေးနေရတာလဲ? ဘယ်သူတွေက လေကြောအရှည်ဆုံးလဲ မင်းသိလား?”
“ သေတော့မဲ့သူတွေပဲကွ”
လင်းဖေးဟန် တုံ့ဆိုင်းမှုမရှိ လက်ယမ်း ပြလိုက်ကာ
“ ရိုက်တော့!”
“ သွားကြ!”
“ ဗြင်းမယ်!”
“ ဖက်ခ်ပဲ!”
လင်းဖေးဟန်ရဲ့ စကားပြီးတာနဲ့ ခေါင်းဆောင်ငယ်က သူ့လူတွေကို ခေါ်လိုက်ပြီး အားသောင်လဲ ဘော်ဒီဂတ်တွေကို အမိန့်ပေး လိုက်သည်။ ဒီလိုနဲ့ နှစ်ဖက် ရင်ဆိုင် တွေ့ကြ တော့သည်။