Ch 89
Vol. 7 Ch. 89
ဝမ်တကုံသည် လင်းဖေးဟန်၏ အနောက်တွင် ကာကွယ်ဖို့ရန်အတွက် အသင့်အနေအထားနဲ့ နိုးကြားစွာ မတ်တပ်ရပ်နေရင်း ပေါက်စီ တစ်လုံးကို စားနေခဲ့သည်။
“ ငါ့ကို စိတ်မပူနဲ့တော့။ ဆက်ပြီးစားမနေဘဲ သွားတော့”
လင်းဖေးဟန် ဝမ်တကုံကို လက်ယမ်းပြလိုက်ပြီး တိုက်ပွဲတွင် ဝင်ပါဖို့ရန် အချက်ပြလိုက်သည်။
လင်းဖေးဟန်က တိုက်ခိုက်ရေးမှာ ဆရာ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့အမှတ်က ၁၆၀ တောင် ရှိနေခဲ့ပြီ။ သာမာန်လူတွေထက် အနည်းငယ် ပိုသန်မာတဲ့ အကိုကြီးလုံလို ဖိုက်တာအသေးစားတွေကို သူ မကြောက်ဘူး။
“ သူဋ္ဌေးရဲ့ လုံခြုံရေးကို စိတ်ပူလို့ပါ”
တစ်ကယ်တော့ ဝမ်တကုံမှာ စားမကုန်သေးတဲ့ ပေါက်စီရှိနေသေးတာမို့ မတိုက်ချင်သေးတာ ဖြစ်သည်။
“ မြန်မြန်လုပ်ဟ မစားနဲ့တော့”
ဝမ်တကုံရဲ့ ပေါက်စီလုံးကို လင်းဖေးဟန် ဆွဲလုယူပြီး လွှင့်ပစ်လိုက်သည်။
သူ့ရဲ့ ပေါက်စီဆွဲယူခံလိုက်ရတာကို မြင်တာနဲ့ ဝမ်တကုံထံမှ “ ဝိုး” ဆိုသော အသံကြီး ထွက်လာပြီး ပေါက်စီလုံး အလွှင့်ပစ်ခံလိုက် ရသောအခါမှာ သူ ကျယ်လောင်စွာ အော်လိုက်ပြီး ပြေးလိုက်သွားသည်။
“ ငါ့ရဲ့ပေါက်စီလေး..”
ဒါကိုမြင်တော့ လင်းဖေးဟန် ခါးသက်စွာ ပြုံးလိုက်ပြီး တွေးလိုက်သည်။
“ဘယ်လိုတောင် တော်လိုက်တဲ့ ခွေးလေးလဲ!”
ဒါပေမဲ့ ဝမ်တကုံပြေးတာ အရမ်း နှေးတာမို့ ပေါက်စီက မြေပေါ်ကို ပြုတ်ကျသွားခဲ့သည်။
ဝမ်တကုံ အပြေးသွားလိုက်ပြီး ပေါက်စီလေးကို ယူလိုက်ကာ ဖုန်ခါပေး လိုက်သည်။ ထို့နောက် အလျင်စလို ပြောလိုက်သည်။
“ တော်သေးတယ် မညစ်ပတ်သွားလို့။ စားလို့ရသေးတယ်”
လူအုပ်သည် အသည်းအသန် တိုက်ခိုက် နေကြသည်။
သူတို့ထဲက တစ်ယောက်သည် ဝမ်တကုံရဲ့ လက်ကို တက်နင်းမိသွားသည်။
လက်ကို တက်နင်းရင်တောင် အဆင် ပြေသေးသည်။ ဒါပေမဲ့ ပေါက်စီလုံးက ပြားသွားခဲ့လေပြီ။
“ အား! ငါ့ရဲ့ပေါက်စီလေး! ငါ့ပေါက်စီ!”
“ ငါဒေါသထွက်သွားပြီ!”
ဝမ်တကုံ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဒါပေမဲ့ လူအုပ်က အစတည်းက ထိုးနှက် ကန်ကျောက်နေကြတာမို့ ဝမ်တကုံရဲ့ အော်သံကို ဘယ်သူကမှ ဂရုမစိုက်ကြပေ။
ဘယ်သူမှ အာရုံမစိုက်တာကို မြင်တဲ့အခါမှာ ဝမ်တကုံက ပိုဒေါသထွက်လာခဲ့သည်။
“ ငါတစ်ကယ် ဒေါသထွက်လာပြီ”
ပြောနေရင်းနဲ့ပဲ ဝမ်တကုံ လူအုပ်ထဲ ခုန်ဝင်သွားလိုက်ပြီး အရှေ့ကလူကို လက်တစ်ချက်ထဲနဲ့ မြေပြင်ထိ ရိုက်ချလိုက်သည်။
ဒါကိုမြင်တော့ လင်းဖေးဟန်ပင် လန့်သွားရသည်။
ကြည့်ရတာ ဝမ်တကုံရဲ့ အားနည်းချက်က ပေါက်စီနဲ့တူသည်။ သူအခုတင် ဝမ်တကုံရဲ့ ပေါက်စီကို လွှင့်ပစ်မိတာကို တွေးမိသွားတော့ နောက်ကျောပင် ချမ်းသွားရသည်။ သူ အိပ်ပျော်နေချိန်မှာ ဝမ်တကုံဆီကနေ သေတဲ့အထိ အရိုက်ခံရတော့မလား မသိဘူး။
တိုက်ပွဲကိုကြည့်နေရင်း လင်းဖေးဟန် နေမထိ ထိုင်မသာဖြစ်လာရသည်။ သူသည် ဇိမ်ကျတဲ့ ဘဝမှာ မနေရဘူးလို့ တွေးမိတဲ့အတွက် မဖြစ်မနေ လေ့ကျင့်ခဲ့ရသည်။ နောက်ဆုံး ယဲ့ဖန်းနဲ့ တိုက်တဲ့အခါကျရင် သူ့ကိုယ်သူတော့ ကာကွယ်နိုင်ရမည်လေ။ ယဲ့ဖန်းကို အနိုင်တိုက် နိုင်ဖို့ကတော့ ခဏထားလိုက်အုံး။
တွေးမိတာနဲ့ လင်းဖေးဟန်က အကိုကြီးလုံဆီကို အပြေးဝင်သွားလိုက်သည်။ သိုးအုပ်ကြားထဲကို ဝံပုလွေတစ်ကောင်က ပြေးဝင်သွားသလိုမျိုး အကုန်လုံးကို ဝင်ရိုက်တော့သည်။
လင်းဖေးဟန်ရဲ့ သန်မာမှုက ၁၆၀ ဆိုတာ သိပြီးလောက်မည်။ ဒီကမ္ဘာမှာ ယဲ့ဖန်းကလွဲရင် သူ့အတွက်က ပြိုင်ဘက်အဆင့်ညီတဲ့သူ မရှိသလောက်ကို ရှားသည်။
ဒီကောင်တွေက လင်းဖေးဟန်ရဲ့ ပြိုင်ဘက် လုံးဝဟုတ်မနေဘူး!
လင်းဖေးဟန် ရိုက်နေတာကို အားသောင် မြင်သည့်အခါမှာ တည်ငြိမ်နေဆဲပင်။ လင်းဖေးဟန်ရဲ့ သန်မာမှုကို သူ သိပြီးသားပဲလေ။
ဒါပေမဲ့ ဝမ်တကုံနဲ့ ခေါင်းဆောင်ငယ်ကတော့ အလွန်အမင်းကို မတည်ငြိမ်နိုင်တော့ပဲ စတင်ပြီး ရှုတ်ထွေးလာကြသည်။
“ ဘုရားရေ သူဋ္ဌေးကဘယ်တုန်းက အဲ့လောက် မိုက်သွားတာလဲ? ငါ့ထက်တောင် ပိုသန်မာနေသေးတယ်။ ဒါကိုငါ့ကို ဘာလို့ ဘော်ဒီဂတ်လုပ်ခိုင်းနေသေးတာလဲ? ဂျုံတွေ အများကြီးသူ့မှာ ရှိနေပြီး ဘယ်သူမှ ပေါက်စီ မစားချင်ကြလို့များလား?”
ဝမ်တကုံ ကြည့်လိုက်ရုံနှင့် လင်းဖေးဟန်ရဲ့ စကေးက အရမ်းကောင်းပြီး အတွေ့အကြုံလဲ ရှိတာကို ပြောနိုင်သည်။ နှစ်များစွာ ကိုယ်ခံ ပညာကို လေ့ကျင့်သင်ကြားခဲ့တဲ့ သူ့ထက်တောင် လင်းဖေးဟန်က ပိုသန်မာ သေးသည်။
ခေါင်းဆောင်ငယ်လဲ အလွန်အံ့သြပြီး ရှုတ်ထွေး နေခဲ့သည်။
“ ကမ္ဘာ့အသန်မာဆုံး ဓာတု ဆေးဝါးတွေ သွားထိုးရင်တောင် ဒီလောက် သန်မာနိုင်မှာ မဟုတ်ဘူး”
“သခင်လေးလင်းက အရမ်းသန်မာတာပဲ”
“ ညီကိုတို့ သခင်လေးလင်းတောင် ဝင်ရိုက်နေပြီ! ရိုက်ကြ!”
ခေါင်းဆောင်ငယ် အော်ပြီးသည်နှင့် အားသောင်နဲ့ လူတစ်အုပ်တို့ အပြေး ဝင်တိုက်ကြတော့သည်။
လင်းဖေးဟန် ကိုယ်တိုင် ဝင်တိုက်တဲ့အတွက် သူတို့တွေရဲ့ စိတ်ဓာတ်တွေက 100% ဘောနက်စ် ပေးခံလိုက်ရသလိုမျိုး အရမ်းတွေ တက်ကြွသွားတော့သည်။ ထိုအချိန်မှာ လင်းဖေးဟန်၏ ခေါင်းဆောင်မှုကြောင့် သူ့လူတွေရဲ့ တိုက်ခိုက်နှုန်းတွေက 200% လောက် ပိုပြီး မြင့်တက်ခဲ့ကြသည်။
မိနစ်ငါးဆယ်အတွင်းမှာ အကိုကြီးလုံရဲ့ လူတစ်စုဟာ လက်နက်ချ အရှုံးပေးလိုက်ရချေပြီ။
အကိုကြီးလုံကို အားသောင်နဲ့ ခေါင်းဆောင်ငယ်က အသက်ရှင်ရက် ဖမ်းလိုက် ကြသည်။
“ သခင်လေး ကျွန်တော် သခင်လေး မျှော်မှန်းထားသလို လုပ်ခဲ့ပြီ။ ဒီလူကို ဖမ်းလိုက်နိုင်ပြီ”
အားသောင်ပြုံးလိုက်ပြီး လင်းဖေးဟန်ကို ကြည့်ကာ ပြောလိုက်သည်။
လင်းဖေးဟန် ရယ်လိုက်ကာ အကိုကြီးလုံကို မြေပြင်ပေါ် ကန်ချလိုက်သည်။ ထို့နောက် အားသောင်ဘက်ကိုလှည့်ကာ ပြုံးပြလိုက်ပြီး
“ မင်းတော်တယ်။ ပြန်ရောက်ရင် ကြက်သား ကျွေးမယ်”
“ ကျေးဇူးပါ သခင်လေး”
သခင်လေးရဲ့ ချီးကျုးမှုကို ကြားလိုက်ရတာကိုက အားသောင်အတွက် အကြီးမားဆုံး ဆုလာဘ်ပင်။
လင်းဖေးဟန် ပြုံးပြီး လက်ယမ်းပြလိုက်သည်။ မြေပြင်ပေါ်ရှိ သွေးကွက်များကို ကြည့်လိုက်ချိန်မှာ ညှီစို့နေသော သွေးနံ့ကြီးက သူ့နှာခေါင်းအတွင်း ဝင်လာခဲ့သည်။ လင်းဖေးဟန်ကို အလွန့်အလွန်ကို အန်ချင် စိတ်ပေါက်လာစေသည်။
တစ်ကယ်ကို သွေးလွှမ်းနေတာပဲ!
သူ့သည် အရင်ဘဝက သေးငယ်တဲ့ စာရေး တစ်ယောက်ပဲ ဖြစ်ခဲ့သည်။ အခုလို မြင်ကွင်းမျိုးကြီးကို သူသေချာပေါက် ဘယ်ကြုံဖူးမှာလဲ?
စနစ်ရဲ့ အောက်မှာ သူ့ရဲ့ လက်ခံနိုင်စွမ်းတွေ အများကြီးတိုးတက်လာခဲ့တယ်ဆိုပေမဲ့ အခုလို သွေးလွှမ်းတဲ့ မြင်ကွင်းမျိုးကို ပထမဆုံး သူ မြင်ဖူးတာပင်။ သူ အနည်းငယ်တော့ စိတ်ထဲ ရွံမိတာပေါ့။
ဒါပေမဲ့ လင်းဖေးဟန်သည် သူ့စိတ်ထဲက အော့အန်ချင်စိတ်ကို ထိန်းလိုက်ကာ အခြေအနေကို လိုက်လျောညီထွေ နေနိုင်ဖို့ အတင်း ဖိအားပေးလိုက်သည်။ သူသာ လိုက်လျောညီထွေဖြစ်အောင် မနေနိုင်ရင် ယဲ့ဖန်းဆီက ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။
ဒါတွေများ ဘာမလို့လဲ? သူ့လို ဗီလိန်က ဒီသွေးလောက်နဲ့ ကြောက်နေရမှာလား?
ဒီမြင်ကွင်းက အနာဂတ်မှာ သူ့အတွက် မြင်နေကျ မြင်ကွင်းတစ်ခု ဖြစ်လာနိုင်သည်။ သူသာ ကြောက်နေရင် အနာဂတ်ကျ သူ့ရဲ့ လက်အောက်ခံတွေကို ဘယ်လို စီမံရမှာလဲ?
တလေးတစား ကြည့်နေကြတဲ့ လူတစ်စုကို ကြည့်လိုက်!
လင်းဖေးဟန်! မင်းကြောက်နေလို့ မရဘူး!
“ အကိုကြီးလုံဆိုတဲ့သူ မလား?”
လင်းဖေးဟန်သည် မြေပြင်ပေါ်ကို ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ပြီး သူ့ရဲ့ အာရုံတွေကို အသက်ရှင်ရက် အဖမ်းခံထားရတဲ့ အကိုကြီးလုံဆီမှာ အာရုံ စိုက်ထားလိုက်သည်။
လင်းဖေးဟန် မဲ့လိုက်ပြီး အကိုကြီးလုံရဲ့ မျက်နှာကို ရိုက်ချလိုက်ကာ
“ ငါမင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်။ မင်း အသက်ရှင်ချင်လား မရှင်ချင်လားကမင်းအပေါ်ပဲ မူတည်တယ်”
လင်းဖေးဟန်ရဲ့ စိတ်ထဲမှာ အကိုကြီးလုံကို သူ့ဘက်ကို တစ်ကယ်ပါလာစေချင်သည်။ အကိုကြီးလုံက ဖုန်းလုံဧရိယာရဲ့ ဘော့စ်ပဲ။ နှစ်တွေကြာထားတော့ သူ့ရဲ့ အာဏာက အမြစ်တွယ်နေပြီး လွှမ်းမိုးနိုင်စွမ်း ရှိနေမှာ အမှန်ပင်။
အဲ့ဒါထက် ဒီဖုန်းလုံဧရိယာမှာ အကိုကြီးလုံရဲ့ စကားကိုပဲ နားထောင်တဲ့ လူမိုက်တစ်ချို့ ရှိနေဆဲပဲ။
အကိုကြီးလုံသာ ငါ့ဘက်ပါလာရင် ခေါင်းဆောင်ငယ်က အများကြီး အားထုတ်ဖို့ မလိုပဲ ဖုန်းလုံဧရိယာကို ထိန်းချုပ်နိုင်သွားမယ်။
အကိုကြီးလုံရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ခေါင်းဆောင်ငယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို သူတွေ့ပြီးသားပင်။ ဘယ်သူ သစ္စာပို ရှိသလဲဆိုတာလဲ မြင်နိုင်သည်။ တစ်ယောက်က သူ့အတွက် နယ်ရုပ် ဖြစ်လာနိုင်ပြီး တစ်ယောက်က အဖယ်ခံရမဲ့ အရုပ်တစ်ရုပ် ဖြစ်လာလိမ့်မည်။
အကိုကြီးလုံ လက်မခံရင်တော့ ခေါင်းဆောင်ငယ် အလုပ်ကြိုးစားရတော့ မှာပေါ့။
မူလက အကိုကြီးလုံရဲ့ လက်အောက်ရှိ လူမိုက်တစ်ချို့သည် လင်းဖေးဟန်နဲ့ ခေါင်းဆောင်ငယ်ကိုတော့ လက်မခံလောက်ပဲ အကိုကြီးလုံရဲ့ သွေးသောက်ညီကို ဟွမ်လောင်ပနဲ့ ယဲ့ဖန်းကိုတော့ လက်ခံ ကြလောက်သည်!
“ စိတ်ကူးယဥ်နေတာပဲ။ မင်းအဖိုးရဲ့ ခြေထောက်တွေကို ဖက်ပြီး လာတောင်းပန်လိုက်!”
အကိုကြီးလုံက သွေးတွေပါနေတဲ့ တံတွေး တစ်ချက်ထွေးလိုက်ကာ လင်းဖေးဟန်ကို စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ သတ်ချင်သတ်! ဘာအဓိပ္ပါယ်မရှိတာတွေ လာပြောနေတာလဲ? ငါအားလုံဆီက အော်သံတစ်ချက်ထွက်ရင် ငါယောက်ျား မဟုတ်လို့ပဲ”
“ သေရရင်တောင် မင်းကို ဘယ်တော့မှ အရှုံးမပေးဘူး!”
အကိုကြီးလုံရဲ့ မျက်နှာက အလွန်အမင်း ဒေါသတို့ပြည့်လာခဲ့သည်။ သူ့ရဲ့မျက်လုံးတွေက သွေးတွေလို နီရဲလာပြီး ကြိမ်းဝါးလိုက်သည်။
“ ဒီတစ်ခေါက် ငါရှုံးသွားပြီ။ ဝန်ခံတယ်!”
“ သနားစရာပဲ” လင်းဖေးဟန် ခါးသက်စွာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။ လင်းဖေးဟန်သည် အပေါ်ယံမှာ ဒေါသ ထွက်နေပုံမပြပေမဲ့ စိတ်ထဲမှာတော့ သူ ကျိန်ဆဲ နေခဲ့တာဖြစ်သည်။