Ch 90
Vol. 7 Ch. 90
Fuckပဲ! အားလုံ အားလုံ! မင်းကငါ့ကို အရှုံးခံရမဲ့အစား သေပစ်မယ်ပေါ့!
မင်းကဘာတွေ မြင့်မြတ်ချင်ယောင် ဆောင်နေတာလဲ? မင်းခေါင်းက အခုကျ တော်တော် မာပါ့လား? မူရင်းဇာတ်လမ်းမှာ မင်းက ယဲ့ဖန်းရဲ့ လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါကို ထိတ်လန့်သွားပြီး မင်းလို အိုကြီးအိုမကြီးက ယဲ့ဖန်းရှေ့မှာ ခွေးတစ်ကောင်လို ကျိုးနွံပြီး အလုပ်လုပ်ပေး ခဲ့တယ်။
ယဲ့ဖန်းက မင်းကို ခွေးတစ်ကောင်လို ခိုင်းတော့ကျ မင်းက စိတ်လိုလက်ရ ဖြစ်နေပြီး ငါက မင်းကို လူသားတစ်ယောက် အဖြစ်ပဲ လိုချင်တာလေ!
လင်းဖေးဟန် အနည်းငယ် ကူကယ်ရာမဲ့ လာသည်။ ကံကြမ္မာသားတော်လေးဖြစ်တဲ့ ကောင်းကင်ကို ဆန့်ကျင့်မည့် ယဲ့ဖန်းရဲ့ ရှေ့မှာကျ အကိုကြီးလုံက အလျော့ပေးပြီး အခု သူနဲ့တွေ့တော့ကျမှ အသေပဲခံပစ်မှာတဲ့!
မြေနိုးစာရေးဆရာ
သူ စာရေးသူကို ထပ်မံကျိန်ဆဲမိပြန်သည်
“ မင်းက သေချင်နေမှတော့ ငါက ဆန္ဒဖြည့် ပေးရမှာပေါ့”
လင်းဖေးဟန်သည် ခေါင်းဆောင်ငယ်ကို စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ သူ့ကို အဝေးပို့လိုက်တော့။ သတ်ဖို့မမေ့နဲ့”
“နားလည်ပါပြီ”
“ ဟဟဟ လင်းဖေးဟန် မင်း ဒီလို ပြောလိုက်ရုံနဲ့ ငါကြောက်ပြီး အတွေးပြောင်းမယ် မထင်နဲ့။ ငါပြောမယ် မင်းရဲ့ခေါင်းမှာ ကြီးမားတဲ့အမာရွတ်ကြီး ရှိနေရင်တောင် ငါ အားလုံက မင်းကို ကြောက်မှာ မဟုတ်ဘူး”
“အွတ်!”
ခေါင်းဆောင်ငယ်ဆီက ဓားကိုယူပြီး လင်းဖေးဟန် အကိုကြီးလုံကို သေအောင် ထိုးပစ်လိုက်တော့သည်။
“ မင်း..”
အကိုကြီးလုံသည် မသေခင် လင်းဖေးဟန်ကို အံ့သြစွာ ကြည့်နေခဲ့သည်။ သူ စကားနည်းနည်းပဲ ပြောရသေးတာလေ။ သူသေရတော့မှာလား?
လင်းဖေးဟန် ခေါင်းရမ်းလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ လူတစ်ချို့က သူတို့ကိုယ်သူတို့ အရမ်း ဟုတ်လှပြီးလို့ ထင်နေကြတာပဲ”
လင်းဖေးဟန် ပြုံးလိုက်ပြီး လက်ထဲကဓားကို လွှင့်ပစ်လိုက်ကာ ဘေးမှာ ရှိနေသော ခေါင်းဆောင်ငယ်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ နောက််တစ်ခုအနေနဲ့ မင်းလူမြန်မြန်ပြန်စု။ ဒီဖုန်းလုံက မြေအောက်နယ်မြေပဲ။ မင်းနားလည်လား?”
“ နားလည်ပါပြီ နားလည်ပါပြီ မစ္စတာလင်း စိတ်မပူပါနဲ့။ ကျွန်တော် စိတ်မပျက်စေရပါဘူး”
ခေါင်းဆောင်ငယ်၏ ပုံစံက အလွန် စိတ်လှုပ်ရှားနေပုံပင်။ သိတဲ့အတိုင်းပင် ဖုန်းလုံဧရိယာရဲ့ ဘော့စ်ဖြစ်လာဖို့ဆိုတာ သူ အရင်က မမှန်းရဲခဲ့ဘူးတဲ့ အရာဖြစ်သည့် အတွက် အထူး စိတ်လှုပ်ရှားနေခဲ့သည်။
“ ဒါနဲ့ မင်းလုပ်ရမဲ့အရာ နောက်တစ်ခု ရှိသေးတယ်”
“ ကုန်ဇီ မင်းသူ့ကို ရှေ့ရက်တစ်ချို့မှာ ကာကွယ်ပေးရမယ်” လင်းဖေးဟန်သည် ခေါင်းဆောင်ငယ်ကို လက်ညိုးထိုးပြ လိုက်သည်။
ဒါကိုမြင်တော့ ထိုသူသည် ပိုပြီး စိတ်လှုပ်ရှားသွားသည်။
ဒီမစ္စတာလင်းက သူ့ရဲ့ ကိုယ်ပိုင်ဘော်ဒီဂတ်ကို ငါ့ကိုတစ်ကယ် ပေးလိုက်တာပဲ။ သူကငါ့ကို အရမ်းကောင်းတာပဲ!
“ ခေါင်းဆောင်ငယ် မနက်ကျရင် နှင်းဆီနီကို သွားရှာခဲ့။ မကြောက်နဲ့။ ကုန်ဇီ မင်းကို ကာကွယ်ပေးမှာပါ”
လင်းဖေးဟန်သည် ခေါင်းဆောင်ငယ်ကို တည်တံ့စွာကြည့်ပြီး ပြောလိုက်သည်။
“ ယဲ့ဖန်းနဲ့ ဟွမ်လောင်ပက သူမကို အချိန်တိုအတွင်းမှာ တိုက်ခိုက်လိမ့်မယ်လို့ ပြောပြလိုက်။ သူမရဲ့ ပိုင်နက်ကို ထိန်းသိမ်း ချင်ရင်ဖြစ်ဖြစ်၊ ဟွမ်လောင်ပကို သတ်ချင်ရင် ဖြစ်ဖြစ် သူ့မှာ ရွေးစရာငါတစ်ယောက်ပဲ ရှိတယ်။ ငါနဲ့ပူးပေါင်းဖို့ ပြောလိုက်”
လင်းဖေးဟန် အသက်ဝဝရှုပြီးနောက် ခေါင်းဆောင်ငယ်ကို ဆက်ပြောလိုက်သည်။
“ ဒီကိစ္စက အရမ်းအရေးကြီးတယ်။ ငါမင်းကို ဒီတာဝန်ပေးတာ မင်းကတော်လို့ပဲ။ မကြောက်နဲ့ စိတ်မပူနဲ့။ ကုန်ဇီက သာမာန် လူအယောက်ငါးဆယ်ထက် ပိုသန်မာတယ်။ မင်းသူနဲ့ဆို မနက်ဖြန်မှာ လုံခြုံလိမ့်မယ်”
“ မင်း မနက်ဖြန်ကျရင် နှင်းဆီနီကို ငါနဲ့ပူးပေါင်းအောင် ဆွေးနွေးခဲ့ရမယ်”
“ သူမကိုငါနဲ့ပူးပေါင်းအောင် လုပ်ခဲ့!”
လင်းဖေးဟန် တည်ကြည်စွာပြောလိုက်သည်။
ဒါကိုကြားတော့ ခေါင်းဆောင်ငယ် တုန်လှုပ်သွားသည်။ လင်းဖေးဟန်ကသူ့ကို ဝမ်တကုံကို ကာကွယ်ခိုင်းတော့ ကောင်းလှပြီ မှတ်နေတာ တစ်ကယ်တော့ အိပ်မက်ဆိုး ဖြစ်နေခဲ့တာပဲ။ နှင်းဆီနီရဲ့ ပိုင်နက်ထဲကို သူ့ကိုသွားခိုင်းတာက သွားသေခိုင်းတာပဲ။ နှင်းဆီနီက ယောက်ျားတွေကို အရိုးမထုတ်ပဲတောင် စားနိုင်သည် ပြောကြသည်!
ဝမ်တကုံက သန်မာတာကို သူမြင်ပြီးပြီ ဆိုပေမဲ့ ဝမ်တကုံက ဘယ်လောက်ပဲ သန်မာပါစေ ဒိုင်းဒိုင်းဒိုင်း တွေကနေ ကာကွယ်နိုင်သည် အထိ သန်မာမှာလား? နှင်းဆီနီရဲ့ လက်ထဲမှာ အရမ်းကို အားကြီးတဲ့သူတွေ အများကြီးရှိသည် ပြောကြသည်။
ခေါင်းဆောင်ငယ်သည် လင်းဖေးဟန်ကို ကြည့်ပြီး တုန်လှုပ်နေခဲ့သည်။ ထို့နောက်တွင် အခက်တွေ့နေဟန် လေသံတိုးလေးဖြင့် ပြောလိုက်သည်။
“ မစ္စတာလင်း ကျွန်တော်က နှင်းဆီနီကို မရှာချင်လို့မဟုတ်ပါဘူး။ နှင်းဆီနီမှာ အရမ်းကို ပြင်းထန်တဲ့ဒေါသရှိတယ်။ ဟွမ်လောင်ပတောင် သူ့ရဲ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး။ အခု ကျွန်တော်က ယဲ့ဖန်းနဲ့ ဟွမ်လောင်ပက သူမကို လာတိုက်မှာလို့ ပြောလိုက်ရင် သူမကို အယုံသွင်းအောင် လုပ်ဖို့ မလွယ်မှာပဲစိုးရတယ်”
“ ကျွန်တော်အခု ဖုန်းလုံဧရိယာရဲ့ ဘော့စ်ဖြစ်လာပေမဲ့ နှင်းဆီနီက ကျွန်တော့်ကို အထင်သေးနေအုံးမယ် ထင်ပါတယ်။ ကျွန်တော် တစ်ခုခု မှားပြောမိရင် သူမက လက်နက်တွေထုတ်လာပြီး..”
တစ်ကယ်တော့ ယဲ့ဖန်းက အရမ်းသန်မာတာကို ခေါင်းဆောင်ငယ် မယုံကြည်သေးဘူး ဖြစ်သည်။
ဟွမ်လောင်ပက ယဲ့ဖန်းရဲ့လက်အောက်ကို ရောက်သွားသည်ဆိုသည့်တိုင်အောင် ယဲ့ဖန်းရဲ့ တိုက်ခိုက်မှုတွေကို မျက်မြင်မတွေ့ရသေး သရွေ့ ခေါင်းဆောင်ငယ်က လင်းဖေးဟန် အပိုလုပ်နေသည်လို့ ထင်နေအုံးမှာပင်။
ခေါင်းဆောင်ငယ်သည် သူ့စိတ်ထဲတွင် တွေးနေခဲ့သည်။
“ချမ်းသာတဲ့သူတွေက သေရမှာ အရမ်း ကြောက်ကြတာပဲလား? လင်းဖေးဟန်က အရမ်း သတိကြီးတာပဲ”
ခေါင်းဆောင်ငယ်၏ ငြင်းဆိုမှုကို ကြားတော့ လင်းဖေးဟန် မျက်မှောင်ကြုတ် သွားသည်။
ဒီကောင်က အတောင်ပံတောင် မစုံသေးဘူး။ ငါ့အမိန့်ကို ဖီဆန်ချင်နေပြီလား?
ဒီကောင့်ကို ပညာပေးမှ ရတော့မယ်။
လင်းဖေးဟန်၏ မျက်နှာက ချက်ချင်း အမူအရာ မဲ့သွားကာ လေသံသည် ပိုပြီး အေးစက်သွားခဲ့သည်။
“ ငါဒါတွေ ဂရုမစိုက်ဘူး။ အယုံသွင်းနိုင်သည် ဖြစ်စေ မသွင်းနိုင်ဘူးဖြစ်စေ အဲ့ဒါမင်းကိစ္စပဲ။ ငါနဲ့မဆိုင်ဘူး။ မင်း အောင်မြင်ရင် ငါမင်းကို အာဏာ၊ ပိုက်ဆံနဲ့ မိန်းမတွေပေးမယ်။ မအောင်မြင်ရင် အကိုကြီးလုံကို သွား အဖော်ပြုပေးလိုက်တော့”
ထိုစကားကိုကြားလိုက်ရတော့ ခေါင်းဆောင်ငယ် ချက်ချင်းကြောက်သွားပြီး ဒူးထောက်ချလိုက်သည်။ မျက်နှာပေါ်က ချွေးအေးတွေက ပါးပြင်တွေပေါ်ကို စီးကျလာခဲ့သည်။ သူ အမြန်ပြောလိုက်လေသည်။
“ မစ္စတာလင်း သေချာနားပါ။ ကျွန်တော် သေချာ ကိုင်တွယ်လိုက်ပါ့မယ်။ ကျွန်တော် သေချာပေါက်ရအောင် လုပ်လိုက်ပါ့မယ်”
“....အင်း”
အချိန်အကြာကြီးနေပြီးမှ လင်းဖေးဟန်ဆီက အသံပြန်ကြားလိုက်ရသည်။ ထိုအခါမှ ခေါင်းဆောင်ငယ် စိတ်သက်သာ သွားခဲ့သည်။
အင်ပါယာကိုခစားရတာက ကျားရှေ့မှာ ခစားနေရသလိုပဲဆိုတာ အရမ်းမှန်တာပဲ။
လင်းဖေးဟန်သည် ခေါင်းဆောင်ငယ်ကို ကြည့်လိုက်ပြီး ကျေနပ်စွာခေါင်းညိတ်ပြီးမှ ပြုံးလိုက်ကာ
“ သူမ ယုံယုံ၊ မယုံယုံ အရေးမကြီးဘူး။ မကြာခင် ယုံရမှာပဲ”
“ယဲ့ဖန်းက ရိုးသားတဲ့သူ မဟုတ်ဘူး”
လင်းဖေးဟန် ထပ်ရယ်လိုက်ပြီး ဒူးတစ်ဖက် ထောက်ထိုင်ချကာ ခေါင်းဆောင်ငယ်၏ ပုခုံးတစ်ဖက်ကို ပုတ်ပေးပြီး ပြုံးပြလိုက်သည်။
“ မင်း မနက်ဖြန်ချက်ချင်းကြီး သူမကို စည်းရုံးနိုင်ခဲ့ဖို့ မလိုပါဘူး”
“ ငါမင်းကို မနက်ဖြန် သွားတွေ့ခိုင်းရင် သွားတွေ့ပြီး ယဲ့ဖန်းနဲ့ ဟွမ်လောင်ပက သူမကို လာတိုက်တော့မှာဖြစ်ကြောင်းပြောပြီး ငါတို့ သူမကို ကူညီနိုင်ကြောင်းနဲ့ သူမကို ကြိုပြီး ပြင်ဆင်မှုတစ်ချို့ လုပ်ခွင့်ပေးထားလိုက်”
“ နှင်းဆီနီရဲ့ နှလုံးသားအောက်ခြေထိကို ယဲ့ဖန်းနဲ့ဟွမ်လောင်ပက သူ့ရန်သူဖြစ်ပြီး ငါတို့က မိတ်ဆွေဆိုပြီး မြင်သွားအောင်လုပ်ခဲ့။ ရန်သူရဲ့ရန်သူက မိတ်ဆွေပဲလေ”
လင်းဖေးဟန် စီးကရတ် တစ်လိပ်ထုတ်လိုက်တော့ အားသောင်က မီးလာညှိပေးသည်။ လင်းဖေးဟန် ပြုံးပြီး ပြောလိုက်သည်။
“ မင်း နှင်းဆီနီ၊ ဟွမ်လောင်ပ နဲ့ ယဲ့ဖန်းကို စောင့်ကြည့်နေ။ ထူးခြားတာရှိရင် ငါ့ကို ချက်ချင်း အကြောင်းကြား”
“ ယဲ့ဖန်းနဲ့ ဟွမ်လောင်ပ သူမကို သိမ်းသွင်းတာကော သတ်တာကော တစ်ခုမှ အဖြစ်ခံလို့မရဘူး”
“ မင်းနားလည်လား?”
“ နားလည်ပါပြီ။ နားလည်ပါပြီ”
ခေါင်းဆောင်ငယ် ဘာမှ ပြန်မပြောရဲတော့ပဲ ခေါင်းအမြန်ညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
“ နှင်းဆီနီကို အတွေးတစ်ခု ဝင်အောင်လုပ်ခဲ့ပြီး သူမကို ကြိုပြီး ပြင်ဆင်ခွင့် ပေးလိုက်မယ်။ အန္တာရယ်ကြုံခဲ့ရင် သူကျွန်တော်တို့ကို အရင်ဆုံး စဥ်းစားမိလိမ့်မယ်။ ကျွန်တော်တို့နဲ့ မပူးပေါင်းစရာ အကြောင်းမရှိတော့ဘူး”
လင်းဖေးဟန် ခေါင်းညိတ်လိုက်ကာ ခေါင်းဆောင်ငယ်ရဲ့ ခေါင်းကိုထိလိုက်ပြီး သဘောကျစွာပြောလိုက်သည်။
“ ဟုတ်တယ်ဒါပဲ။ မင်းက တော်သားပဲ”