← Chapters

Ch 91

Vol. 7 Ch. 91

Ch 91

Vol. 7 Ch. 91

လင်းဖေးဟန် ဆေးလိပ်မီးညှိလိုက်ပြီး ဖြေးဖြေးချင်းပြောလိုက်သည်။

“ နှင်းဆီးနီရဲ့ အကျင့်အရ မင်းမနက်ဖြန် သူမကို သွားတွေ့တဲ့အချိန်မှာ ဘယ်လိုမှ ယုံမှာ မဟုတ်ဘူး။ မင်းရဲ့ စကားတွေက ချဲ့ကားပြော နေတာလို့ သူမ တွေးလိမ့်မယ်”

“ မင်းက ရည်မှန်းချက်ကြီးတဲ့သူမလို့ သူမ ဟွမ်လောင်ပကို သတ်တဲ့အစီအစဥ်မှာ ပါဝင် ချင်တာလို့ပဲ မြင်လိမ့်မယ်။ မင်းကိုသူမ ပြန်ခွင့် ပေးမှာ။ ဒါပေမဲ့ သူမရဲ့ နှလုံးသားထဲမှာ အဲ့ဒီမြင့်မြတ်လှတဲ့ ဂန်းစတားကြီး ဟွမ်လောင်ပကို သူမတစ်ယောက်ထဲ ရအောင် သတ်ဖို့ ဆုံးဖြတ်လိမ့်မယ်”

“ သေချာပေါက် အရေးမကြီးဘူး။ သူမ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သေချာပေါက် အရေးမကြီးဘူး”

“ သူမ ဆုံးရှုံးမှုကို ကြုံပြီးတာနဲ့ သေချာပေါက် ယုံမှာပဲ”

လင်းဖေးဟန် ပြုံးကာပြောလိုက်သည်။

“ နှင်းဆီနီ စိတ်ပျက်နေချိန်မှာမှ ငါတို့ ထွက်ပေါ် သင့်တဲ့အချိန်ပဲ!”

ခေါင်းဆောင်ငယ်သည် လင်းဖေးဟန်ကို လေးစားစွာ ကြည့်လိုက်သည်။

“ မစ္စတာလင်း လူကိုယ်တိုင် သွားတွေ့ရင် ပိုပြီးတော့ အကျိုးမရှိဘူးလား? နှင်းဆီနီက ကျွန်တော့်ကို မျက်နှာသာ မပေးပေမဲ့ မစ္စတာလင်းကိုတော့ သေချာပေါက် မျက်နှာသာပေးမှာပဲ”

လင်းဖေးဟန် အေးစက်စွာ ပြောလိုက်သည်။

“ ငါက နောက်ဆုံးမှပေါ်လာတဲ့သူပဲ ဖြစ်ချင်တယ်”

လင်းဖေးဟန်သည် ခေါင်းဆောင်ငယ်ကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်လိုက်ပြီး

“ အစမှာတည်းက ပြဿနာရှာဖို့အတွက်ကို ကိုယ်တိုင်ကိုယ်ကျ အပြေးအလွှားလုပ်နေရတဲ့ ဗီလိန်မျိုး မင်းမြင်ဖူးလား? သူမက ဘော့စ် ဖြစ်ရုံနဲ့ ငါကိုယ်တိုင်သွားတွေ့ဖို့ ထိုက်တန် သွားပြီလား? ငါသွားလိုက်ရင် ငါသူမဆီက မျက်နှာလိုမျက်နှာရ လုပ်ချင်သလို ဖြစ်နေမှာ။ ငါ့လိုလူကဘာလို့ အဲ့လိုလုပ်ရမှာလဲ?”

လင်းဖေးဟန်ဆိုတာ ကျင်းပိုင်မြို့ရဲ့ အင်အားကြီးမိသားစု လေးခုထဲက တစ်ခုဖြစ်တဲ့ လင်းမိသားစု ခေါင်းဆောင်ပဲ။ နှင်းဆီနီကလဲ မနိမ့်တဲ့သူ တစ်ယောက် ဆိုပေမဲ့ လင်းဖေးဟန်နဲ့ ယှဥ်လိုက်ရင် ကမ္ဘာလောက် ကွာခြားသည်။

“ နားလည်ပါပြီ။ ဒါဆို ကျွန်တော် မနက်ဖြန်ကျရင် ဝမ်တကုံနဲ့ အတူတူ သူမဆီကို သွားလိုက်ပါ့မယ်”

“ ကောင်းတယ်။ မင်း ဖြစ်နိုင်သလောက် လူမြန်မြန်ရှာပြီး ဖုန်းလုံဧရိယာရဲ့ မြေအောက်လောကကို ထိန်းချုပ်ဖို့ ကြိုးစား သင့်တယ်”

လင်းဖေးဟန်သည် ခေါင်းဆောင်ငယ်ကို တစ်ချက် သတိပေးသလို စိုက်ကြည့်လိုက်ပြီး ဝမ်တကုံနဲ့ ခေါင်းဆောင်ငယ်ကို အရှုတ်ရှင်းဖို့ ရန် ချန်ခဲ့လိုက်သည်။ ထို့နောက်တွင် အားသောင်နှင့်အတူ ဗီလာကို ပြန်လာခဲ့လိုက်သည်။

လင်းဖေးဟန်၏ အမြင်တွင် မင်းတစ်ယောက်ယောက်ကို အလုပ်ပေးမယ်မလား.. ယုံကြည်လိုက်။ မယုံဘူးဆိုရင် အလုပ်မပေးနဲ့။ သူသည် ယဲ့ဖန်းလိုမျိုး မျောက်ကိုခြောက်ဖို့ ကြက် မသတ်ဘူး။ ဟွမ်လောင်ပကို ထိန်းသိမ်းဖို့ အတွက် သူ ခေါင်းဆောင်ငယ်နဲ့ နှင်းဆီနီကို အသုံးချဖို့ ဆုံးဖြတ်ထားသည်။ ငါ လင်းဖေးဟန်က စိတ်ပိုင်းဆိုင်ရာနဲ့ ချုပ်ကိုင်ထားမှာ၊ အကြောက်တရားနဲ့မဟုတ်ဘူး။ အရာအားလုံးက သူ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရှိရမယ်။

လင်းဖေးဟန်ရဲ့ လုပ်ဆောင်မှုတွေက မကြာခင်မှာပဲ ကျင်းပိုင်မြို့ရဲ့ မြေအောက်လောက တစ်ခုလုံးမှာ ပျံ့နှံ့သွား ခဲ့သည်။

ဟွမ်လောင်ပရဲ့ ညီလေးက ထိုသတင်းကို ကြားလိုက်သောအခါမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားမိတာမို့ သူ ခဏတောင် မတုံ့ဆိုင်းရဲပေ။ ချက်ချင်းပဲ ဟွမ်လောင်ပကို အကြောင်းကြား လိုက်သည်။

သတင်းကို ကြားကြားချင်း ဟွမ်လောင်ပ အံ့သြ သွားရသည်။ ကောလိပ်ကျောင်းသူ လေးနဲ့ ဓားလေ့ကျင့်ခန်း လုပ်ဖို့ သူဆက်ပြီး စိတ်မပါတော့ပေ။ အဝတ်ချက်ချင်း ကောက်ဝတ်လိုက်ကာ ယဲ့ဖန်းရဲ့ နေရာကို အပြေးသွားလိုက်တော့သည်။

“ မကောင်းတော့ဘူး။ မကောင်းတော့ဘူး။ အကိုကြီးယဲ့ ကိစ္စကြီးဖြစ်နေပြီ”

ဟွမ်လောင်ပရဲ့ ရေးကြီးသုတ်ပျာပုံကြောင့် ယဲ့ဖန်းမျက်မှောင်ကြုတ်သွားခဲ့ပေမဲ့ ပုံစံ မပျက် ဆိုဖာတွင် ဆက်ထိုင်နေကာ တည်ငြိမ်စွာ မေးလိုက်သည်။

“ မင်းကလဲ မြေအောက်လောကရဲ့ ဘော့စ် တစ်ယောက်ပဲ။ ကိစ္စတစ်ခုကြုံတိုင်း ဘာကိစ္စ ပြာယာခတ်နေရတာလဲ? ဘာကိစ္စလဲ? ဖြေးဖြေးချင်းပြော”

“ ကောင်းကင်ပြိုကျတောင် အရပ်ရှည်တဲ့သူတွေပဲ ခံရလိမ့်မယ်။ မင်းခေါင်းပေါ်တော့ ပြုတ်မကျဘူး”

ဟွမ်လောင်ပ တံတွေးမြိုချလိုက်ပြီး အမြန် တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက်တွင် အလွန်ရုပ်ဆိုးလှသော မျက်နှာဖြင့် ပြောလိုက်သည်။

“ အကိုကြီးယဲ့ တစ်ကယ်ကို ကိစ္စကြီးပဲ။ အဲ့ဒီ သူတောင်းစား လင်းဖေးဟန်ဆိုတဲ့ကောင်က ဘယ်လိုနတ်ဆိုးဆန်တဲ့ စိတ်ပေါက်သွားလို့လဲ မသိဘူး။ အကိုကြီးလုံက်ု မနေ့က ဖီးနစ်မီးတောက်ကလပ်မှာ သတ်ပစ်လိုက်တယ်။ အခု ဖုန်းလုံဧရိယာက လင်းဖေးဟန်ရဲ့ အပိုင်ဖြစ်သွားခဲ့ပြီ”

“ အကိုကြီးလုံ?” ယဲ့ဖန်း တုံ့ဆိုင်းသွားသည်။ ဟွမ်လောင်ပ ထိုနာမည်ပြောတာကို သူကြား ဖူးသလိုပဲ။

ယဲ့ဖန်း တွေးကြည့်ပြီးနောက်မှာ သူ ထိုလူကို တွေးမိသွားသည်။ မူလက တည်ငြိမ်နေသော သူ့ရဲ့မျက်နှာသည် နောက်ဆုံးတော့ မတည်ငြိမ် နိုင်တော့ပဲ အကျဥ်းတန် လာတော့သည်။

ယဲ့ဖန်း အတည်ပြုလိုက်သည်။

“ မင်းရဲ့ သွေးသောက်ညီကို အကြောင်း ပြောနေတာလား? ငါ့ကို မိတ်ဆတ်ပေးပြီး ဖုန်းလုံဧရိယာကို ငါ့လက်အောက် ရောက်အောင် လုပ်ခိုင်းမယ်ဆိုတဲ့ အကိုကြီးလုံဆိုတဲ့သူလား?”

ယဲ့ဖန်း အနည်းငယ် မသေချာနေတာမို့ ထပ်မံ အတည်ပြုလိုက်ရသည်။

ဟွမ်လောင်ပ၏ မျက်နှာထက်တွင်လည်း ခါးသက်မှု တစ်ချို့ရှိနေသည်။

“ ဟုတ်တယ် အကိုကြီးယဲ့ အဲ့ဒါသူပဲ”

“ အကိုကြီးယဲ့ရဲ့ ရည်မှန်းချက်က ဖန်းချန်းဧရိယာတစ်ခုထဲ မဟုတ်ဘဲ ကျင်းပိုင် တစ်မြို့လုံးဆိုတာကို ငါသိလိုက်တော့ အကိုကြီးယဲ့ကို သူနဲ့ မိတ်ဆတ်ပေးမလို့ပဲ။ ဒါကြောင့်မို့ ရေထဲက ငါးတစ်ကောင်ဖြစ်တဲ့ အကိုကြီးလုံနဲ့ မိတ်ဆတ်ပေးလိုက်ရင် သူ့ကိုလဲ အကိုကြီဲးယဲ့ရဲ့ လက်အောက်ရောက်အောင် သိမ်းသွင်းနိုင်ပြီး ကျင်းပိုင်မြို့ကို တစ်လှမ်းချင်း သိမ်းသွားမယ်ဆိုပြီး တွေးထား ခဲ့တာပါ”

ဟွမ်လောင်ပသည် ကူကယ်ရာမဲ့စွာ ဆက်ပြောလိုက်သည်။

“ ဒါပေမဲ့ လင်းဖေးဟန်က ရုတ်တရက်ကြီး လှုပ်ရှားလာမယ်လို့ ဘယ်သူသိမှာလဲ? အကိုကြီးယဲ့သိလား? လင်းမိသားစုက ဒီလိုမြေအောက်လောကကိစ္စတွေမှာ တစ်ခါမှဝင်ပါဖူးတာ မဟုတ်ဘူး။ လင်းဖေးဟန်က ဘယ်လို နတ်ဆိုး မျိုးလဲ!”

“ ငါ အကိုကြီးလုံကို ကောင်းကောင်း သိတယ်။ သူကသစ္စာရှိတဲ့သူပဲ။ သူ့လက်အောက်က ညီကိုတွေကလဲ သူ့ကိုလေးစားကြတယ်။ အကိုကြီးလုံက သူများကို အရင်ရန်စတာမျိုး ငါတစ်ခါမှ မကြားဖူးဘူး။ လင်းမိသားစုလို ကြီးမားပြီး အာဏာလဲရှိတဲ့မိသားစုကို အကိုကြီးလုံက ရူးနှမ်းပြီး အပြစ်လုပ်ရဲမှာ မဟုတ်ဘူး။ အဲ့ဒါကို အဲ့ကောင်လင်းဖေးဟန်က ဘာကြောင့် အကိုကြီးလုံကို ဖျက်ဆီးရတာလဲ?

“ ဒါက မကောင်းတော့ဘူး။ အကိုကြီးလုံဆီက အကူအညီမရှိရင် ကျင်းပိုင်မြို့ရဲ့ အင်အားတွေကို စုစည်းဖို့ ခက်ခဲလိမ့်မယ်”

ဟွမ်လောင်ပ စတင်ပြီး စကားများလာခဲ့သည်။

ဆူညံသံတွေကြောင့် ယဲ့ဖန်း အာရုံနောက်လာပြီး အော်လိုက်တော့သည်။

“ ပါးစပ်ပိတ်ထားစမ်း!”

ယဲ့ဖန်းသည် ဒေါ်သထွက်နေသော ခြင်္သေ့ တစ်ကောင်ကဲ့သို့ နီရဲနေတဲ့ မျက်နှာနှင့် အသံနက်နက်ဖြင့် ပြောလိုက်သည်။

“ ဒီစောက်လင်းဖေးဟန်! သူငါ့ကို ဘာလို့ အမြဲဆန့်ကျင်နေရတာလဲ!”

ယဲ့ဖန်း လက်သီးနှစ်ဖက်ကို တင်းနေအောင် ဆုတ်ထားလိုက်သည်။

“ လင်းဖေးဟန် ငါမင်းကို သတ်ပစ်မယ်!”

ယဲ့ဖန်း အလွန်ဒေါ်သထွက်နေတာကို မြင်တော့ ဟွမ်လောင်ပ မြေပြင်တွင် ဒူးထောက်ချ လိုက်သည်။ သူသည် တုန်နေခဲ့သည်။ ယဲ့ဖန်း အခုလို ဒေါသထွက်တာမျိုး သူတစ်ခါမှ မမြင်ဖူးဘူး။

ယဲ့ဖန်း တစ်ဖက်ကို အချိန်အကြာကြီး လှည့်ထားပြီးမှ ဟွမ်လောင်ပဘက်ကို ပြန်လှည့်လာကာ ပြောလိုက်သည်။

“ အခု မင်းလုပ်ရမဲ့ အရာ နှစ်ခုရှိတယ်!”

“ ပထမတစ်ခုက မင်း ဖန်းချန်းဧရိယာရဲ့ အင်အားကို အမြန်ဆုံးပြီးပြတ်အောင် စုထားရမယ်။ အချိန်မရွေး လှုပ်ရှားနိုင်အောင်လို့။ ပူးပေါင်းတဲ့သူ ကြီးပွားမယ်၊ ဆန့်ကျင်ရင် သေရမယ်။ မြန်မြန်လုပ်ပြီး တစ်ဖက်ကို အိပ်မက်တွေ ဆက်မက်ခွင့် မပေးနိုင်ဘူး”

ယဲ့ဖန်း တစ်ဖြည်းဖြည်းနဲ့ ပြန်တည်ငြိမ် လာခဲ့ပြီ။ သူ့ရဲ့မျက်လုံးတွေက နက်ရှိုင်းနေကာ အသက်ဝဝတစ်ချက် ရှုလိုက်သည်။

“ လင်းဖေးဟန်က ဖုန်းလုံဧရိယာကို ရသွားရုံတင်ပဲ။ အကိုကြီးလုံရဲ့ လက်အောက်က လူတော်တော်များများက လင်းဖေးဟန်ကို လက်မခံလောက်ဘူး။ သူတို့ကို မင်းဘက်ပါအောင်လုပ်ဖို့က မင်းတာဝန်ပဲ။ အရှိန်နဲ့သူတို့တွေကို အကိုကြီးလုံအတွက် လက်စားချေမယ်ဆိုပြီး မင်းဘက်ကိုရအောင် သိမ်းသွင်း။ မင်း သေချာလုပ်ပြီး ဖုန်းလုံဧရိယာကို အချိန်မရွေးပြန်ယူနိုင်အောင် အသင့်ပြင်ထားရမယ်”

လင်းဖေးဟန်သည် ကလပ်မှ ထွက်လာပြီး အနီရောင် ဝိုင်တစ်ခွက်ကို အပြင်ထိ ယူလာကာ သောက်နေလိုက်သည်။ တစ်လုပ်ချင်း အရသာခံကာ သောက်နေရင်း ဖြတ်သွားတဲ့ ကားအလင်းများစွာကို ကြည့်နေရင်း မျက်စိ အနားပေးနေခဲ့သည်။

ဒါပေမဲ့လဲ ဒီတိုင်း ကြည့်နေရုံသာ ဖြစ်သည်။ မိန်းမလှလေးတွေ အများကြီး လင်းဖေးဟန်ကို မျက်စပစ်ပြနေပေမဲ့ သူသည် လျစ်လျူ ရှုထားသည်။

ငါ့လို ကောင်းကင်က နတ်သားလေးကို ဒီသေမျိုး မိန်းမတွေက ဘယ်လိုလုပ် ထိုက်တန်မှာလဲ?

ဟုတ်တယ် ငါက ကောင်းကင်ပေါ်က နတ်သားပဲ။

လင်းဖေးဟန် ခေါင်းရမ်းလိုက်သည်။ သူ့နှလုံးသားထဲမှာ အေးချမ်းမနေပါ။ သူ ဝိုင်ခွက်ကို လွှင့်ပစ်လိုက်ပြီး ကားထဲကို တန်းဝင် လိုက်တော့သည်။

ဒီလိုမျိုး ထိုင်သောက်နေရတာကို လင်းဖေးဟန် မကြိုက်ပေ။ အရင်တည်းက မကြိုက်တာမို့ အခုဆိုပိုတောင် မကြိုက်တော့ဘူး။

All Chapters