← Chapters

Ch93

Vol. 7 Ch. 93

Ch93

Vol. 7 Ch. 93

စကားတစ်ခွန်းနဲ့ အလုပ်မဖြစ်ဘူးလား? ဒါဆို အကုန်လုံးကို ဖျက်ဆီးပစ်လိုက်!

ဒါက သန်မာမှုပဲ။ အဲ့ဒီသန်မာမှုက ဒီလင်းဖေးဟန်ကို အဆင့်တန်း နိမ့်နိမ့်နေဖို့ ခွင့်မပြုဘူး။

လုရွှယ်ယင် ခဏတိတ်သွားပြီး တစ်လုံးချင်း ပြောလိုက်သည်။

“ မလိုဘူး။ ငါသာဘယ်သူမှန်း ရှာလို့ရနေရင် ဖြေရှင်းပြီးနေပြီ။ တစ်ဖက်လူက ရွာသားတွေ၊ သူတို့ကနင့်ကို ငွေနဲ့ ကိုင်ပေါက်နေတယ်လို့ မြင်နေကြတယ်။ ပြီး သူတို့တွေက အရမ်းလဲ ကြမ်းတမ်းတယ်”

“ငါ့ကိုလေ?”

လင်းဖေးဟန် ကြောင်သွားသည်။ ဘာတွေ ဖြစ်ကုန်တာလဲ? သူအိမ်မှာထိုင်နေတုန်း ကောင်းကင်ကနေ သူ့ကို အကွက်တွေ ချပေးနေတာလား!

လင်းဖေးဟန်က လုရွှယ်ယင်ကို သတိထားဖို့ ပြောထားခဲ့တာဖြစ်သည်။ အခုလို ပြဿနာ ကောက်ပေါ်လိုက်တော့ လင်းဖေးဟန် လုပ်တာလို့ လုရွှယ်ယင် ထင်သွားနိုင်သည်။

လင်းဖေးဟန် အမြန် ရှင်းပြလိုက်သည်။

“ ဒီကိစ္စက ငါနဲ့ဘာမှ မဆိုင်ဘူး။ မင်းလဲ မယုံဘူးမလား?”

လင်းဖေးဟန် ဒီအချိန်မှာ အနည်းငယ် ပြောစရာမဲ့နေခဲ့ပြီ။ လူတွေက သူ့ရဲ့ မကောင်းကြောင်းပါ ပြောပြီး နာမည်ကိုပါ ထည့်ပြောသွားခဲ့တာလေ။

လုရွယ်ယင်၏ မျက်နှာကို မမြင်နိုင်ပေမဲ့ သူမရဲ့လေသံကတော့ မပြောင်းလဲသေးပေ။

အေးစက်စွာပဲ သူမ ဆက်ပြောလိုက်သည်။

“ ငါအဲ့လောက် မတုံးဘူး။ ငါသိတာပေါ့၊ ဒါကြောင့်ဖုန်းခေါ်တာပဲ။ နင့်ရဲ့အမြင်ကို ငါကြားချင်တယ်”

“ ငါအရင်နင့်ကို မခေါ်ခဲ့ဘူး။ အဲ့ဒီရွာသားတွေက ငါပို့လိုက်တဲ့ လူတွေကို ရိုက်ပစ်ခဲ့တာမို့ ဆေးရုံပို့ပေးရင်း ငါရဲကိုခေါ်လိုက်တာ။ လျိုရှစ်လင်းက ဒီကိစ္စက ဖြေရှင်းဖို့ မလွယ်ကူတာမို့ နင်နဲ့အရင် ဆွေးနွေးဖို့ ပြောလို့ နင့်ကိုဆက်လိုက်တာပဲ”

ဒီလိုကိစ္စတွေကို လင်းဖေးဟန် ကောင်းကောင်း နားလည်သည်။

မြို့ထဲက လူတော်တော်များများက ကျေးရွာဘက်ကို ပြန်ပြောင်းပြီး မိန်းမနဲ့ ကလေးတွေနဲ့ နေချင်ကြသည်။

ကျေးဘက်ရှိ အေးချမ်းတိတ်ဆိတ်မှု၊ ရွာသားတွေရဲ့ ရိုးသားမှုနဲ့ ပြေးလွှား ဆော့ကစားနေကြတဲ့ ကလေးတွေက မြို့ကြီးပေါ်က လူတွေ တောင့်တနေတဲ့ အရာပဲ။

လွန်ခဲ့တဲ့နှစ်တွေက တိုးပွားလာတဲ့ လူဦးရေတွေကြောင့် တောဘက်က လူတွေက မြို့ပေါ်ကိုသွားဖို့ ပြင်ဆင်ကြသည်။

မြို့ပေါ်က လူ တစ်ချို့ကကျ တောဘက်ကို ပြောင်းရွှေ့ကြသည်။

အဲ့ဒီလူတွေမှာ မီးထိုင်ရှို့နိုင်လောက်တဲ့အထိ ငွေတွေပေါနေတာလို့ သူ ပြောလို့ရသည်။

ရေဆိုးမြေဆိုးတွေက လူဆိုးတွေကို မွေးထုတ်ပေးတယ်ဆိုတဲ့ ရှေးအဆိုက တစ်ကယ်ကို အခြေအမြစ်မရှိ ပြောထားတာ မဟုတ်ဘူး။

တောဘက်က လူတွေဆိုးရင် သာမာန်သူတွေ အနိုင်ကျင့်တာထက် ပို ကိုင်တွယ်ရ ခက်သည်။

သူတို့ကို ကိုယ်စားပြုပေးနိုင်တဲ့ တစ်ခုတည်းသော စကားလုံးက ဆင်းရဲကြသည်။

ဆင်းရဲတာမှ အလွန့်အလွန်ကို ဆင်းရဲကြသည်။

သူတောင်းစား တစ်ယောက် သူတို့ဆီ ရောက်သွားရင် ပိုက်ဆံတောင် မရလိုက်ပဲ တစ်ဖက်ရဲ့ အခြိမ်းခြောက်ကိုပါ ခံလိုက်ရ နိုင်လောက်တဲ့အထိကို သူတို့တွေက ဆင်းရဲကြသည်။

သူတို့က အရမ်းဆင်းရဲတာမို့ နည်းလမ်းတွေ စဥ်းစားကြတော့သည်။

သူတို့ရဲ့ ရိုးသားလှပါချည်ရဲ့ဆိုတဲ့ ပုံရိပ်တွေကို ပြောင်းလဲပစ်ပြီး ရိုင်းစိုင်းပြီး ဉာဏ်နီဉာဏ်နက် များလာကြသည်။ ဘယ်လို ဟာကွက်တွေကနေ ဘယ်လိုလုပ်ရမယ်ဆိုတာကို သူတို့တွေ ကောင်းကောင်းသိကြသည်။

အဲ့ဒါအပြင် အဲ့ဒီလိုဝေးလံတဲ့ နေရာတွေမှာ ဥပဒေစည်းမျဥ်းဆိုတာ လျစ်လျူရှုလို့ရပြီး တော်တော်များများက သူတို့ကို မျက်ကွယ် ပြုပေးထားကြသည်!

ဒီကိစ္စကို လျိုရှစ်လင်း ဖြေရှင်းနိုင်နေရင် လုရွှယ်ယင်ကို ငြင်းလိုက်ပြီး သူမကို လင်းဖေးဟန်နဲ့ ဆွေးနွေးခိုင်းသလိုလိုနဲ့ လင်းဖေးဟန်ကို ကိုင်တွယ်ခိုင်းဖို့ သူ ကြံစည်မှာကို မဟုတ်ဘူး! ပြောကြသလို အဆိပ်ကို အဆိပ်ကပဲ ကုနိုင်သည်လေ။ သူတို့လို နတ်ဆိုးတွေကို လင်းဖေးဟန်လို နတ်ဆိုးပဲ ဖြေရှင်းနိုင်မှာ။

လုရွယ်ယင်နဲ့ စကားနှစ်ခွန်းသုံးခွန်း ပြောပြီး တာနဲ့ လင်းဖေးဟန် အများကြီးကို မှတ်မိ သွားခဲ့ပြီ!

ရွာသားတွေ ပြောတာသာ မှန်မယ် ဆိုရင် အဲ့ဒီ ရိုင်းစိုင်းတဲ့ လူမိုက်တွေက လင်းဖေးဟန်ရဲ့ လူတွေလို့ဆိုလိုခြင်းပင်!

ရိုင်းစိုင်းတယ်ဆိုတဲ့ အမည်တပ်ခံရမှုအောက်မှာ လင်းဖေးဟန် အနေနဲ့ အဲ့ဒီရွာသားတွေကို အနိုင်ယူပစ်လို့လဲ မရပေ။

သူတို့တွေက လင်းဖေးဟန် အရင်က အသုံးချဖူးသူများ ဖြစ်သည်။

ဟွားချွမ်းရပ်ကွက်က ရွာသားတွေက လင်းဖေးဟန်ရဲ့ အာဏာစက်ဝန်း သစ်ပင်ရဲ့ ကိုင်းခွဲလေးများနဲ့ဆင်တူသည်။ အရေးမပါပေမဲ့ တည်ရှိကြသည်!

အတိတ်မှာတုန်းက လင်းဖေးဟန် တစ်ခုခုကို ရင်ဆိုင်ရချိန်မျိုးဆိုရင် ဒီ အရေးသိပ်မပါတဲ့ ဇာတ်ကောင်တွေကို အသုံးပြုခဲ့သည်။ နှိပ်စက် စမ်းသပ်ပြီး သူလိုချင်တာကို ရဖို့လုပ်ခဲ့သည်။

တစ်ဖက်လူက အကြောက်အလန့် မရှိတဲ့သူ၊ အင်အားကြီးတဲ့သူမျိုး ဖြစ်နေရင် လင်းဖေးဟန်က သူတို့တွေကို အသုံးပြုပြီး အကွက်ချသည်။

သူတို့တွေက တစ်နည်းနည်းနဲ့ သူနဲ့ဆက်နွယ်မှု ရှိတဲ့သူတွေပင်။

သေချာပေါက် လုရွှယ်ယင်ရဲ့ရှေ့မှာ သူ ဝန်ခံလို့ မရဘူး!

သူအရင်က ဒီလူမိုက်တွေနဲ့ အဆက်အသွယ် ရှိခဲ့မှန်း လုရွှယ်ယင် သိနေရင်တောင် သူမလဲ ဝန်ခံလို့ မရဘူး။

ဒါက မှန်လားမှားလား မေးခွန်းတစ်ခု မဟုတ်ဘူး။ လူမှု ပတ်ဝန်းကျင်မှာ သူတို့ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ အတွက်ပဲ!

လင်းဖေးဟန်နဲ့ လုရွယ်ယင်ကြားက ဆက်ဆံရေးကို ဒီအရေးမပါတဲ့ အကြောင်း တွေနဲ့ တိမ်းစောင်းခံလို့ မရဘူး။

လင်းဖေးဟန် ဦးနှောက်ကို အမြန်လှုပ်ရှားပြီး ဇာတ်ကြောင်းကို ပြန်စဥ်းစားလိုက်သည်။

လင်းဖေးဟန် တည်ငြိမ်စွာ ပြောလိုက်သည်။

“ ဒီလူတွေက မင်းကိုလန့်အောင်လုပ်ဖို့ ငါ့နာမည်ကို သုံးခဲ့တာဖြစ်မယ်။ ငါနဲ့ ဘာမှ မဆိုင်ဘူး”

လင်းဖေးဟန် အရင်ဆုံး သူ့ကိုယ်သူ ထိုသူတွေနဲ့ ကင်းကြောင်းသိအောင် ပြောရမည်။ ပြဿနာရှာခိုင်းတဲ့သူက သူပါလို့ လုရွှယ်ယင်ထင်သွားရင် ရှေ့ရက်တွေက သူမဆီက ဘယ်လောက်ပဲ သဘောကျမှု ရထားထား အခု သူမ၏ စိတ်ပျက်မှုကိုပဲ ကြုံရလိမ့်မည်။

“ ငါသိတယ်”

လင်းဖေးဟန်ကို ယုံကြည်ကြောင်း လုရွှယ်ယင် ပြောလိုက်သည်။

လင်းဖေးဟန် ဆက်ပြောလိုက်သည်။

“ ကျင်းပိုင်မြို့မှာ မြေအောက်လောကရဲ့ လူမိုက်တွေ အများကြီးရှိတယ်။ သူတို့က ရှုတ်ထွေးတယ်။ ငါအရင်က စုံစမ်းဖူးတယ်။ ရွာကအဲ့ဒီလူတွေက ရှင်းယူ ကုမ္ပဏီနဲ့ ဆက်နွယ်နေတာ ဖြစ်နိုင်တယ်။ တစ်ကယ်ကို စကားတစ်ခွန်း၊ နှစ်ခွန်းနဲ့ ရှင်းလို့ရမဲ့ ပြဿနာ မဟုတ်ဘူး”

လင်းဖေးဟန် ရှင်းယူ ကုမ္ပဏီကို အပြစ်ပုံချပြီးနောက်တွင် မေးလိုက်သည်။

“ သူတို့ ဘာပြဿနာ ဖြစ်ကြတာလဲ?”

လုရွယ်ယင် ပြောလိုက်သည်။

“ သူတို့တွေ လမ်းပိတ်ထားကြတယ်။ ငါ့ရဲ့ ကုန်ပစ္စည်းတွေလဲ အထဲဝင်လို့မရသလို အထဲကလူတွေလဲ အပြင်ထွက်လို့ မရဘူး။ အကုန်လုံးက တောင်ပေါ်လမ်းတွေ ကြည့်ပဲ။ ဟိုင်းဝေးလမ်းပေါ်လဲ ပြန်သွားလို့ မရနေဘူး။ လူအယောက်နှစ်ဆယ်လောက်ကို လမ်းပိတ် ခိုင်းထားတာတဲ့။ ငါ့အလုပ်သမား တစ်ယောက်ကို ဆေးရုံပို့ရတဲ့အထိ ရိုက်လိုက်ပြီးနှစ်ယောက်ကို သူတို့ ခေါ်ထားကြတယ်”

“ ဒါဆို..” လင်းဖေးဟန် ခဏ ရပ်ပြီး စဥ်းစားလိုက်သည်။ ထို့နောက်တွင်

“ ငါ့ကိုနေရာပို့လိုက်။ ငါအခုသွားရှာလိုက်မယ်”

“နင်က?”

ထိုစကားကိုကြားတော့ လုရွှယ်ယင် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ ဒီလင်းဖေးဟန်က တစ်ကယ် အထင်ကြီးတတ်တာပဲ။ တစ်ဖက်မှာ ဘာတွေ ဖြစ်နေလဲဆိုတာ သူသိကော သိရဲ့လား?

လင်းဖေးဟန် တစ်ယောက်ထဲ သွားမှာကို လုရွှယ်ယင် အနည်းငယ် စိတ်ပူနေခဲ့သည်။

လင်းဖေးဟန်ရဲ့ နှုတ်ခမ်းထောင့်က အပေါ်တက်လာပြီး တစ်ဖက်ကိုခေါင်းလှည့်ကာ အရင် ပြုံးလိုက် ပြီးမှ

“ မင်းငါနဲ့ အတူသွားပြီး သူတို့တွေကို ဘာလို့ မဖျောင်းဖြရမှာလဲ?”

“ကောင်းပြီ။ နင်ငါ့ကုမ္ပဏီကို လာခေါ်လိုက်”

ဒီတစ်ခေါက် လုရွှယ်ယင် တန်းပြီး သဘော တူလိုက်သည်။

သူမ စက်ရုံကို သွားရခြင်းက ပထမက အလုပ်သမားတွေကို နှစ်သိမ့်ပေးဖို့ပဲ။ ဒုတိယက လင်းဖေးဟန်ရဲ့ လုပ်ရည်ကိုင်ရည်ကို ကြည့်ချင်လို့။ တတိယ ကတော့ သူမ လင်းဖေးဟန်ကို နည်းနည်း စိတ်ပူလို့…။

All Chapters