← Chapters

Ch 94

Vol. 7 Ch. 94

Ch 94

Vol. 7 Ch. 94

လင်းဖေးဟန် ဒီရက်ပိုင်း အများကြီး ပြောင်းလဲ သွားခဲ့တယ်ဆိုပေမဲ့ လုရွှယ်ယင်အတွက်တော့ လင်းဖေးဟန်အပေါ်မှာ သူမ၏ ဝမ်းတွင်းခံစားချက်က မပြောင်းလဲ သေးပေ။ သူ့ကို သိပ်ကြည့်မရနေတာမို့ လင်းဖေးဟန်ကို လုံးဝယုံကြည်ဖို့ရန် သူမ အနည်းငယ် တုံ့ဆိုင်း နေခဲ့သည်။

တိုက်ဆိုင်စွာပဲ လုရွယ်ယင်၏ တုံ့ဆိုင်းမှုနှင့် လိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က လင်းဖေးဟန်၏ ရင်ထဲကို ထိသွားခဲ့သည်။

လုရွယ်ယင်သာ လိုက်မလာခဲ့ရင် ဒီခရီးစဥ်မှာ လင်းဖေးဟန် အခုလောက် ပျော်မှာ မဟုတ်ဘူး။

လင်းဖေးဟန်၏ ဘေးထိုင်ခုံမှာ ထိုင်နေသူက ဝမ်တကုံဆိုလို့ကတော့ သူ သေချာပေါက်ကို အရမ်း ပျင်းရိနေရမှာ။

သူ့ဘေးမှာ လုရွှယ်ယင် ထိုင်မည် ဆိုလို့ကတော့ သူမဘယ်လောက်ပဲ အေးစက်တဲ့ မျက်နှာကြီး လုပ်နေပါစေ သူ မပျင်းရိမည့်အပြင် လန်းဆန်းနေအုံးမှာ ဖြစ်သည်။

ဘာလို့ဆို လုရွှယ်ယင်က တော်တော်လေး လှတယ်လေ။

လင်းဖေးဟန် သူမကို တွေ့ချင်သည်။

ယဲ့ဖန်းသည် အိပ်ကပ်ထဲ လက်ထည့်ရင်း လုကုမ္ပဏီရဲ့ ဂိတ်ပေါက်ကို ဖြေးဖြေးချင်း လျှောက်သွားလိုက်သည်။ သူ တံခါးကို ဖြတ်ဝင်တော့မဲ့အချိန်မှာ လုံခြုံရေး၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။

“ တောင်းပန်ပါတယ်။အပြင်လူတွေကို ဝင်ခွင့်မပြုလို့ပါဗျ”

တံခါးဝရှိ လုံခြုံရေးသည် အရပ်အမောင်းကောင်းပြီး သန်မာကာ ကျိုးကြောင်းသင့်ပုံ ပေါ်သည်။

ယဲ့ဖန်းရဲ့ မျက်နှာသည် ထိုသို့မဟုတ်ပေ။ ဖြေးဖြေးချင်း သူ ပြောလိုက်သည်။

“ ငါဒီကို အထွေထွေမန်နေဂျာလုကို တွေ့ဖို့ လာတာပါ။ သွားပြီး အကြောင်းကြားလိုက်ပါ”

လုံခြုံရေးသည် ကြောင်သွားပြီး ယဲ့ဖန်းကို အထက်အောက်ကြည့်လိုက်သည်။ မဖော်ပြ နိုင်တဲ့ ရယ်စရာကောင်းမှုတစ်ခုကို သူခံစား လိုက်ရသည်။

ဒီကောင်လေးက အထွေထွေမန်နေဂျာလုကို တစ်ကယ်ကြီး တွေ့ချင်နေတာလား?

ဘုရားရေ ဒါကို ဘယ်လို ကမ္ဘာကြီး ထင်နေတာလဲ မသိဘူး။

ဘယ်သူမဆို အထွေထွေမန်နေဂျာလုကို တွေ့လို့ရသွားပြီလား? သူ့ကိုယ်ပေါ်က အဝတ်တွေက ယွမ်၂၀၀လောက်တောင် မတန်ဘူး။ ဒီတောသား ဘယ်ကနေ ပေါ်လာမှန်း မသိတော့ဘူး။ မစ္စလုကို တွေ့ချင် တယ်ပေါ့? နေ့ခင်းကြီး အိပ်မက် မက်နေတာပဲ။

လုံခြုံရေးသည် မျက်မှောင်ကြုတ်ဖြင့် ပြောလိုက်သည်။

“ ကောင်လေး မင်းမူးနေတာလား? ဒါမှမဟုတ် အခုထိ မနိုးသေးဘူးလား? မင်းကို အလုပ်သေ ချာလုပ်ပြီး နေ့ခင်းကြီး အိပ်မက်မမက်ဖို့ အကြံ ပေးလိုက်မယ်။ မင်း အလုပ်မရှိရင် ဒီမှာ လာလျှောက်လိုက်။ လုံခြုံရေးတွေ ထပ် ခေါ်နေသေးတယ်!”

“ ဒါပေမဲ့ မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ဆို နည်းနည်းတော့ ခက်မှာပဲ။ မင်း ကောလိပ်ကော တက်ဖူးရဲ့လား?”

ဒီခေတ်ကြီးမှာ လုံခြုံရေး လုပ်ရတာတောင် လွယ်တာမဟုတ်ဘူး။ လုအုပ်စုမှာ လုံခြုံရေး ဖြစ်လာချင်ရင် မင်းအနည်းဆုံးတော့ ဘွဲ့တစ်ခုခု ရထားဖို့လိုတယ်!

ကူကယ်ရာမဲ့စွာ ယဲ့ဖန်း ခေါင်းခါပြလိုက်ပြီး အတည်ပေါက်ပြောလိုက်သည်။

“ အကိုကြီး ငါတစ်ကယ် နောက်နေတာ မဟုတ်ဘူး။ သူတို့ကို အကြောင်းကြား လိုက်ပါ။ ငါ့ကိုလာခေါ်ဖို့ သူတို့ လူလွှတ်လိုက် လိမ့်မယ်”

ယဲ့ဖန်း ထိုအချိန်မှာ စိတ်မကြည်တော့ပေ။ လုံခြုံရေးက လူကို အထင်သေးရဲတယ်! အဲ့ဒါတင် မကသေးပဲ ဝင်ခွင့်ပါ မပေးဘူး။ ဒါအရမ်းများသွားပြီ!.

ယဲ့ဖန်းရဲ့ အတည်ပေါက် ရုပ်ကိုကြည့်ပြီး လုံခြုံရေး အနည်းငယ် တုံ့ဆိုင်းသွားသည်။ ဒီတောသားပြောတာ အမှန်ဖြစ်လောက်လား?

ဟုတ်သေးပါဘူး။ ဒီတောသားက ဘယ်လိုလုပ် မစ္စလုနဲ့ပတ်သတ်ရမှာလဲ?

ထိုအချိန်မှာ လုံခြုံရေး၏ စဥ်းစားနိုင်စွမ်းက သူ့ရဲ့တွန့်ဆုတ်မှုကို အပြီးသတ် ဖိနှိပ်လိုက်တော့သည်။

“ မင်းမှာ ချိန်းဆိုမှု ဒါမှမဟုတ် သက်သေ မရှိရင် ဝင်လို့မရဘူး”

လုံခြုံရေးသည် တည်ကြည်စွာ ပြောလိုက်သည်။

“ ဆောရီးပါ ကောင်လေး။ ငါမင်းကို အခက်တွေ့အောင် လုပ်နေတာမဟုတ်ပါဘူး။ ဒါပေမဲ့ မင်းကိုကြည့်ရတာ မစ္စလုကို သွားတွေ့မဲ့ ပုံလဲ မပေါ်ဘူး။ မစ္စလုကို တွေ့ဖို့ဆို အနည်းဆုံး ငါးဖမ်းသမားတစ်ယောက် ဖြစ်နေရင်တောင် ဈေးပေါတဲ့ ကုတ်တစ်ထည် တော့ဝတ်လာခဲ့မှာပဲ”

ယဲ့ဖန်း တစ်ခုခု ပြောတော့မဲ့ အချိန်မှာပဲ လျိုရှုယွင် လှမ်းလာနေတာကို လုံခြုံရေးက မြင်လိုက်သည်။

လုံခြုံရေး ဘာမှ မပြောရသေးခင်မှာပဲ လျိုရှုယွင်က ယဲ့ဖန်းကို မြင်သွားပြီး ချက်ချင်း ပြုံးကာ ပြောလိုက်သည်။

“ ယဲ့ဖန်း နင် နောက်ဆုံးတော့ အလုပ်လာပြီပေါ့?”

ယဲ့ဖန်း ပြုံးကာ ပြောလိုက်သည်။

“ ဟုတ်တယ်။ ဒါပေမဲ့ ငါအထဲဝင်လို့ မရနေဘူး”

လျိုရှုယွင် အနောက်လှည့်ပြီး လုံခြုံရေးကို ကြည့်ကာ ပြောလိုက်သည်။

“ ဒါက ယဲ့ဖန်းပဲ။ မစ္စလုရဲ့ ဘော်ဒီဂတ်။ ဒီနေ့ တင်ပြဖို့ရောက်လာတာ”

ထိုစကားကို ကြားတော့ လုံခြုံရေးသည် ယဲ့ဖန်းကို ချက်ချင်း တောင်းပန်လိုက်သည်။

“ တောင်းပန်ပါတယ်။ မစ္စတာယဲ့ စိတ်မရှိပါနဲ့”

တောင့်တင်းနေသော လုံခြုံရေးကို ကြည့်ကာ ယဲ့ဖန်း ပြုံးလိုက်ပြီး

“ ရတယ်။ အကုန်အလုပ်လုပ်နေတာပဲ။ အပြစ် မတင်ပါနဲ့”

ယဲ့ဖန်းရဲ့ ပုံစံအရဆို လုံခြုံရေး တစ်ယောက်ကို သူ ဂရုစိုက်နေမှာ မဟုတ်ဘူး။

ထိုစကားကိုကြားတော့ လုံခြုံရေး ချက်ချင်း စိတ်သက်သာရာရသွားသလို လျိုရှုယွင် အနည်းငယ် ပြုံးလိုက်သည်။ ယဲ့ဖန်းက တစ်ကယ် စိတ်ထားကောင်းတာပဲ။ သူ့အတွက် တစ်ယောက်ယောက်ကို တွေ့လို့ ဒေါ်သထွက်ရင်တောင် အရင်လို ပြဿနာ တက်အောင် လုပ်ဖို့ထိဆိုတာ လွယ်မှာမဟုတ်ဘူး။

“ မစ္စတာယဲ့ ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပေးပါ”

လျိုရှုယွင်သည် ယဲ့ဖန်းကို ပြုံးပြလိုက်သည်။

“ကောင်းပြီ”

ယဲ့ဖန်း ခေါင်းညိတ်ပြီး ပြန်ပြုံးပြလိုက်သည်။

ပုံမှန်ဆို ဒီမိန်းမကို သူ ဂရုမစိုက်မိပေမဲ့ ထူးထူးခြားခြား သူမကို သူ သက်တောင့်သက်သာ ဖြစ်သလို သူ ခံစားနေမိသည်!

ယဲ့ဖန်းသည် လျိုရှုယွင်အနောက်မှ နီးကပ်စွာ လိုက်လာခဲ့သည်။ လု ကုမ္ပဏီသည် အနောက်တိုင်း အနုပညာများ ပြည့်နှက် နေသည်။ ကမ္ဘာ့ထိပ်သီး ဒီဇိုင်နာ တွေထဲက တစ်ယောက်က အလှဆင်ထားတာ ဖြစ်သည်။ ဒီ အဆောက်အဦး တစ်ခုလုံးအတွက် ပြင်ဆင်ခနဲ့တင် 100 မီလီယံလောက် ကုန်ကျသည်။

ဒါပေမဲ့ ယဲ့ဖန်းသည် သူနဲ့ ဘာမှ မဆိုင်တဲ့ ဒီနေရာရဲ့ ရှုခင်းတွေကို ထိုင်ကြည့်နေဖို့ စိတ်ကူး မရှိပေ။ လျိူရှုယွင်၏ အနောက်က ကိုယ်လုံးကိုသာ ကြည့်နေလိုက်သည်။

လျိုရှုယွင်၏ တင်းကျပ်စွာ ဖော်ပြထားသော ခန္ဓာကိုယ်သည် ကော်ရစ်ဒါကို ဖြတ်ပြီး ဓာတ်လှေကားထဲ ဝင်သွားခဲ့သည်။ ယဲ့ဖန်း ငေးနေတုန်းမှာ သူ့အရှေ့က လျိုရှုယွင် ရုတ်တရက် ရပ်သွားတာကို ခံစား လိုက်ရသည်။

တစ်ချို့ အမျိုးသားတွေရဲ့ အကျင့်တွေက ပြုပြင်ပေးလို့ မရဘူး။

ဘောလုံးအရွယ် ရင်ဘတ်ကြီးကြီး အမျိုးသမီးကို အရှေ့ကနေ မြင်နေရမှတော့ ဘောလုံးပွဲကြည့်ဖို့ စိတ်မဝင်စားတဲ့သူ ရှိမလား?

နွေရာသီမှာ စကပ်တို ဝတ်ထားတဲ့ ကောင်မလေးရဲ့ ခြေတံရှည်တွေကို မကြည့်ပဲ မနေနိုင်သလိုပေါ့။

ယဲ့ဖန်းသည် သိုင်းပညာ ထိပ်သီး အဆင့်ကို ရောက်လာခဲ့ပြီး သူများတွေထက် တုံ့ပြန်နှုန်းက ဆယ့်နှစ်ဆလောက် မြန်သွား ပေမဲ့ လျိုရှုယွင် ရုတ်တရက် ရပ်လိုက်တာကို သူ မတုံ့ပြန်လိုက်နိုင်ပဲ သူမနဲ့ ဝင်တိုက်မိ တော့သည်။

“ အား!”

လျိုရှုယွင် လန့်ပြီး အော်မိသွားသည်။

ဝင်တိုက်သွားချိန်မှာ နှစ်ယောက်လုံး ဟန်ချက်ပျက်သွားပြီး ထိတွေ့မှုတစ်ခု ဖြစ်ပေါ် လာခဲ့သည်။

မကြာခင်မှာ နှစ်ယောက်လုံး လဲကျတော့မည့် ပုံပင်။

ယဲ့ဖန်းသည် လျိုရှုယွင်၏ ခါးကို လက်တစ်ဖက်နဲ့ ဆွဲဖက်ပြီး သူမကို ထိန်းထားပေးလိုက်ရင်း လူကြီလူကောင်း ဆန်ဆန် ထူပေးလိုက်သည်။

“ ဆောရီး အတွင်းရေးမှူးလျို ငါအာရုံ နောက်သွားလို့”

သူမ၏ အရှေ့က ချောမောလှသော ယဲ့ဖန်းကို လျိုရှုယွင် မနေနိုင်စွာ မျက်တောင်မခတ် ငေးမောနေမိသည်။

ဝိုး သူက အရမ်းမိုက်တာပဲ။ အဲ့ဒီ သန်မာတဲ့ လက်မောင်းကြီးတွေက လုံးဝ ငါ့စိတ်ကူးထဲက မင်းသားလေးပဲ။

လျိုရှုယွင်၏ ရှက်ရွံ့နေတဲ့ မျက်နှာကို မြင်တော့ ယဲ့ဖန်းသည် ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်ကာ

“ အတွင်းရေးမှူးလျို အဆင်ပြေရဲ့လား?”

လျိုရှုယွင် ဒီတစ်ခေါက် အသိဝင်လာပြီး မြန်မြန်ထလိုက်ကာ သူမ၏ အဝတ်ကို ပြင်ဆင် လိုက်သည်။

“ အဆင်ပြေပါတယ်။ အရှေ့က မစ္စလုရဲ့အခန်းပါ။ ရှင်တန်းဝင်သွားလို့ ရပါတယ်”

“ကောင်းပြီ”

ယဲ့ဖန်းပြုံးပြီး ဝင်သွားလိုက်သည်။

ယဲ့ဖန်းသည် တံခါးမခေါက်ဘဲ ဝင်သွားလိုက်သည်။

လုရွှယ်ယင်ကို သူ့ရဲ့ မိန်းမလို့ သတ်မှတ် ပြီးသားမို့ ယဥ်ကျေးမှု ပြနေစရာမလိုဘူးလို့ သူထင်သည်။

လုရွှယ်ယင်ကို သူမြင်လိုက်ချိန်မှာ သူ့ရဲ့ ပထမဆုံး ဖော်ပြချက်က အရမ်းမိုက်တာပဲ!

သူမ၏ ပုံစံက မြို့တော်ဗျူရိုမှာ တွေ့ရ တုန်းကထက်စာရင် ပိုပြီးတောင် မိုက်လာသေး သည်။

ရုံးခန်းထိုင်ခုံမှာ ထိုင်နေသော လုရွှယ်ယင်ကို မြင်မြင်ချင်း ယဲ့ဖန်း မှင်သက်သွားခဲ့သည်။ အသက်ကို ဝအောင် ရှုလိုက်ပြီးနောက်တွင် သူ့အရှေ့ရှိ အမျိုးသမီးထံမှ ပျံ့လွှင့်လာသော မိမိုက်နေမှုကို ခံစားနေလိုက်သည်။

All Chapters