← Chapters

Ch 95

Vol. 7 Ch. 95

Ch 95

Vol. 7 Ch. 95

လူတစ်ယောက်ရဲ့ ပင်ကိုယ် စိတ်နေသဘောထားဆိုတာ တစ်ကယ် တည်ရှိတဲ့အရာပဲ။

ငါ့အရှေ့က အမျိုးသမီးက ရေခဲပြင်ဒေသရဲ့ ရေခဲတုံးတစ်ခုလိုပဲ။ ချဥ်းကပ်ဖို့ မလွယ်ကူဘူး။ တိုင်းတာလို့မရတဲ့ အကွာအဝေး တစ်ခု ခြားနေသလိုမျိုး…

အရပ်ရှည်သော လုရွှယ်ယင်သည် ဒီနေ့ အမဲရောင် ကုတ်ဝမ်းဆက်ကို ဝတ်ဆင်ထားသည်။ ဆံနွယ်ရှည်များကို တစ်ဖက်ကို စုစည်းထားပြီး သူမ၏ အေးစက်စက် မျက်ဝန်းများသည် နွေဦးရေလိုမျိုး ကြည်တောက်နေသည်။

သူမ၏ မျက်နှာထားသည် တစ်ကယ်ကို အေးစက်ပြီး သူ မတူ ထူးခြားသည်။ မြူခိုးတွေ အုံ့ဆိုင်းနေသလိုမျိုး သူမ ဒေါ်သထွက်နေလား၊ စိတ်ပျော်နေလား ဒါမှမဟုတ် ဝမ်းနည်းနေလား ပျော်ရွှင်နေလားကို ခွဲခြားမရနေပေ။

ထိုထူးခြားတဲ့ အသွင်အပြင်က အလှတရား အစစ်ကဘာလဲဆိုတာကို ယဲ့ဖန်းကို သဘောပေါက် စေခဲ့သည်။

ထိုအေးစက်စက် မျက်နှာထက်တွင် ခံစားချက် တစ်စုံတစ်ရာ မရှိ။ သူ့အရှေ့က အမျိုးသမီး ဘာတွေးနေလဲ ယဲ့ဖန်း စဥ်းစားလို့တောင် မရပေ။

သူမ၏ မျက်နှာထက်တွင် အလွှာတစ်ထပ် ဖုံးအုပ်ထားသကဲ့သို့… သူမကို ပိုပြီး ဝေဝါးဝါးနဲ့ ဆန်းကြယ်စေသကဲ့သို့.. သူ ခံစားရသည်။

ဒါက သတင်းတွေထဲက အေးစက်တဲ့ CEO အမျိုးသမီးပဲ!

ပြီးပြည့်စုံတဲ့ အလှတရားကို လုရွှယ်ယင်၏ ရိုးရှင်းကျော့ရှင်းတဲ့ ဆံနွယ်တွေနဲ့တင် ဖော်ပြလို့ရသည်။

ယဲ့ဖန်း သူ့ရဲ့ခံစားချက်တွေကို တည်ငြိမ်အောင် လုပ်ပြီး ပြုံးလိုက်သည်။ အတုအယောင် မဟုတ်ပဲ သူတစ်ကယ်ကို ကြင်နာစွာ ပြုံးမိခြင်းပင်။

“ ဟယ်လို ငါကယဲ့ဖန်းပါ။ ငါတို့အရင်က တွေ့ဖူးတယ်…မြို့တော်ဗျူရိုမှာလေ။ မစ္စလုကို ပြဿနာအများကြီး တက်စေရတဲ့အတွက် စိတ်မကောင်းပါဘူး။ တစ်ကယ်တော့ ငါ့ရဲ့ ဆရာက မင်းရဲ့ဘော်ဒီဂတ်အဖြစ် တစ်နှစ် အလုပ်လုပ်ဖို့ ငါ့ကိုစေလွှတ်လိုက်တာပါ”

တစ်နှစ်အတွင်းမှာ သူ့အရှေ့က အေးစက်စက် အလှလေးကို အပိုင်လိုက်မည်လို့ ယဲ့ဖန်း 100% ယုံကြည်ချက်ရှိသည်။

အခု အလျင်မလိုသေးပါဘူး။ အစားအသောက် ကောင်းတွေက မြန်မြန် မစားရဘူးလေ။

တစ်နှစ်… မဟုတ်ဘူး။ နှစ်ဝက်ပဲ.. နှစ်ဝက်အတွင်းမှာ ဒီအေးစက်စက် အမျိုးသမီး CEO ရဲ့ အသဲနှလုံးကို လှည့်ကွက် သေးသေးလေးတွေနဲ့ အပိုင်သိမ်းနိုင်မယ်လို့ သူယုံကြည်ချက်ရှိသည်။

ယဲ့ဖန်းရဲ့ စကားကို နားထောင်ပြီးတာတောင်မှ လုရွှယ်ယင်၏ မျက်နှာသည် ဗလာဖြစ်နေဆဲ ဖြစ်ပြီး ဘာစကားမှလဲ ပြန်မပြောခဲ့ပေ။

သူမ တစ်ခုခုကို တွေးနေသလိုမျိုး စကား တစ်ခွန်းတောင် ပြောမလာခဲ့။

တစ်ကယ်လဲ သူမသည် အရှေ့က ဒီအမျိုးသားကို အလုပ်ခန့်ရမလား မခန့်ရဘူးလား စဥ်းစားနေတာ ဖြစ်သည်။

ဘာလို့ဆို ဟိုအရင်က သူမအဖေ ပြောခဲ့သော စကားတွေနဲ့ မြို့တော်ဗျူရိုမှာ ယဲ့ဖန်း၏ လုပ်ရပ်ကြောင့် သူမ တွေးနေခဲ့သည်။

ပုံစံကြည့်ရင် အန္တာရယ် မရှိသယောင် ထင်ရတဲ့ ဒီလူသည် သူမကို ရိုးကျိုးပုံ ပြထားသည်။ ဒါတွေအကုန်လုံးက အတုအယောင်တွေဆိုတာ သူမသိသည်။

လူတွေက အရမ်းစိတ်တိုချိန်ကျမှ ချို့ယွင်းချက်ကို ထုတ်ပြကြတာလေ။

ယဲ့ဖန်းသည် အလွန်ကပ်စီးကုတ်ပြီး၊ သဝန်တိုတတ်ပြီး၊ အပျော်လဲကြိုက်တဲ့ အပြင် ခြယ်လှယ်ရတာ ကြိုက်တဲ့လူစားမျိုးပဲ။

အစက သူမနှင့် လင်းဖေးဟန်သည် စေ့စပ်ပွဲ လုပ်ခဲ့သည်။

လင်းဖေးဟန်၏ သူမအပေါ် အရူးအမူး ဖြစ်မှုကြောင့် သူမ၏ ဘဝတစ်ခုလုံးကို လင်းဖေးဟန်က ချောင်းကြည့်နေပြီး ကိုယ့် လုံခြုံမှုကိုတောင် စိတ်မချရသလို လုရွှယ်ယင် ခံစားခဲ့ရသည်။

သူမမိဘနှစ်ပါး၏ ချစ်လို့ကောင်းချင်စိတ်တွေနဲ့ မိသားစု အကြီးအကဲတွေရဲ့ အကျပ်ကိုင်မှုတွေကြောင့် သူမ ကူကယ်ရာမဲ့ခဲ့သည်။ စိတ်ဝိညာဥ် ပျောက်ဆုံးသွားသလို အသေးစား စိတ်ဓာတ်ကျခြင်းကိုပါ တွေ့ကြုံခဲ့ရသည်။

တောင်ကြီးတစ်ခု သူမ နှလုံးသာအပေါ်ကို ဖိနှိပ်ထားသလိုမျိုး အသက်ရှုရ ခက်ခဲလွန်းခဲ့သည်။

ဒါပေမဲ့ အဆုံးမှာ လင်းဖေးဟန်က စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ပြီး သူမအဖိုး၏ စားပွဲပေါ်ကို စာချုပ်ပါ ပို့ပေးခဲ့သည်။

လက်ထပ်ပွဲ ရပ်သွားခဲ့ပြီး လုရွှယ်ယင် အခုမှ အနားရသွားသည်။

အချိန်ကုန်တာ အရမ်းမြန်လွန်းသည်။ ဒီလောက် အချိန်တိုအတွင်းမှာ သူမဘဝက ထပ်ပြီး ရုပ်ရှင်ဆန်ဆန် ပြောင်းလဲပြန်သည်။

လင်းဖေးဟန်၏ ပြောင်းလဲမှုကလဲ သူမ လုံးဝ စိတ်ကူးမယဥ်ခဲ့မိသော ပြောင်းလဲမှု ဖြစ်သည်။

လင်းဖေးဟန်၏ အဲ့ဒီပြောင်းလဲမှုက သူမကို စက်ဆုတ်မှုမဖြစ်စေတော့ပဲ လင်းဖေးဟန်ကိုပါ ပိုသိကျွမ်းချင်စိတ် ပေါက်လာမိသည်။

ဒါပေမဲ့ အချိန်ကြာသွားတော့ အကုန် ပျောက်ဆုံးကုန်ပြီ ထင်ပါရဲ့။ ဘာကိုမှ နောက်ပြန်ဆုတ်လို့ မရတော့ဘူး။

စေ့စပ်ပွဲ ဖျက်ပြီး နှစ်ရက်မြှောက်နေ့မှာပဲ အဖိုးက သူမအတွက် ယုံကြည်လို့ရတဲ့ ဘော်ဒီဂတ်တစ်ယောက် ရှာပေးထားကြောင်း ပြောလာခဲ့သည်။

သူမအဖေ၏ အဓိပ္ပါယ်ပါသော စကားတွေပါ ပေါင်းစပ်လိုက်ရင် ဒီအခြေအနေမှာ လုရွှယ်ယင် ဘယ်လိုလုပ် တည်ငြိမ်နိုင်တော့ မှာလဲ!

ယဲ့ဖန်းက တစ်ကယ်ပဲ ယုံရလို့လား?

လုရွှယ်ယင်၏ နှလုံးသားထဲမှာ အဖြေရှိနေ ပြီးသားပင်။

အခုမှ မီးပုံထဲက ထွက်လာတာကို နောက်ထပ် မီးပုံတစ်ခုထဲ သူမ မခုန်ဆင်းချင်သေးဘူး။

အဲ့ဒါအပြင် သူမ တစ်ခုခုလုပ်ရင် အနောက်က လူတွေလိုက်တာကို လုရွှယ်ယင် ဘယ်တုန်း ကမှ အသားမကျခဲ့ဘူး။ အလုပ်တက်ရင်တောင် တစ်ယောက်ထဲ ကားမောင်းတာဖြစ်သည်။ လင်းဖေးဟန် အရင်တုန်းက အရမ်းရူးနှမ်းလို့သာ မဟုတ်ရင် သူမ ဘော်ဒီဂတ်ရှာဖို့ တွေးမိခဲ့မှာတောင် မဟုတ်ဘူး….

လုရွှယ်ယင်သည် ယဲ့ဖန်းကို ကြည့်လိုက်သည်။ ယင်ကောင်တစ်ကောင်ကို ဝါးစား လိုက်မိ သလိုမျိုး စိတ်ထဲ ရွံရှာသွားသည်။

ဖော်ရွေစွာပြုံးပြနေတဲ့ ယဲ့ဖန်းကို ကြည့်ပြီး ဒီကြင်နာတဲ့ပုံရိပ်ရဲ့နောက်မှာ နက်ရှိုင်းတဲ့ ကြောင်သူတော် စိတ်ဓာတ်ကြီး ရှိနေတာ သူမ ခံစားမိသည်။

လုရွှယ်ယင် ခုံမှာဝင်ထိုင်လိုက်ပြီး လက်ချောင်းလေးတွေကို နူးညံ့စွာ ဆော့ကစား နေသည်။

သူမတစ်ကယ်တော့ အခု အနည်းငယ် စိတ်ရှုတ်နေသည်။

အဖိုးနဲ့သာ ပတ်သတ်နေလို့ မဟုတ်ရင် ဒီယဲ့ဖန်းဆိုသူကို တုံ့ဆိုင်းမှုမရှိ အလုပ်ထုတ် ပစ်လိုက်မှာပင်။

သူမ တဏှာကြီးတဲ့ ယောက်ျားတွေကို မုန်းသည်။ သူတော်ကောင်းယောင် ဆောင်တဲ့ ယောက်ျားတွေဆို ပိုပြီးမုန်းသည်!

လင်းဖေးဟန်ကိုလဲ သူမ မုန်းခဲ့သည်။ သူက တဏှာမကြီးပေမဲ့ အလွန့်အလွန် သူတော်ကောင်းယောင် ဆောင်တတ်သည်လေ။

အရှေ့က ယဲ့ဖန်းလဲ အတူတူပဲ။ တဏှာလဲကြီးသလို သူတော်ကောင်းယောင်လဲ ဆောင်တတ်သည်။

လင်းဖေးဟန်ကို တစ်ဆင့်မြှင့်ထားတဲ့ ဗားရှင်း အသစ်ပဲ။

လုရွှယ်ယင် တွေးပြီးနောက်မှာ ယဲ့ဖန်းကို ပြောလိုက်သည်။

“ ဆောရီး။ ဒီလိုပါ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့် အခုအချိန်မှာ ဘော်ဒီဂတ် မလိုသေးဘူး။ စိတ်မကောင်းပါဘူး။ နင်အခုထွက်သွားလို့ ရပြီ”

ယဲ့ဖန်းရဲ့ ကြောင်သူတော်မျက်လုံးတွေကို လုရွှယ်ယင် ကြည့်လိုက်သည်။ အနည်းငယ် ရွံရှာမှုနှင့်အတူ သူမ ထပ်ပြောလိုက်သည်။

“ ယဲ့ဖန်း ငါက ကျိုးကြောင်းမသင့်တဲ့ သူ မဟုတ်ဘူး။ ဒါကငါ့ဘက်က တစ်ဖက်သတ် စာချုပ်ဖျက်သိမ်းမှုပဲ။ ဒီလိုလုပ်ရအောင်။ နင်တောင်းဆိုမှုတစ်ခု လုပ်နိုင်တယ်။ အရမ်း မများသရွေ့ ငါဖြည့်ဆည်းပေးနိုင်တယ်။ ဥပမာ ပိုက်ဆံ၊ အိမ်…အဲ့လိုမျိုးတွေပေါ့”

ယဲ့ဖန်းက ချိန်ကိုက်ဗုံးတစ်ခု လိုပဲ။ ဘယ်ဘက်ကကြည့်ကြည့် လုရွှယ်ယင် သူ့ကို အနားခေါ်မထားနိုင်ဘူး။

အစက သူ့ကို ကုမ္ပဏီမှာ အလုပ်ပေးဖို့၊ ဒါမှမဟုတ် ဒရိုင်ဘာအဖြစ် ခေါ်ဖို့ တွေးသေးတယ်။ ဒါပေမဲ့ ယဲ့ဖန်းက အဲ့တုန်းက ဖုံးကွယ်တာ အရမ်းတော်ခဲ့တော့ ယဲ့ဖန်းငါ့ကို တဏှာမျက်လုံးတွေနဲ့ ကြည့်နေမယ်လို့ ခံစား ရတယ်။ ငါမကြိုက်ဘူး။

အဖိုးက သူ့ကို ယုံရတယ်လို့ ပြောပြော သူမမှာ ချက်ကျလက်ကျ အမှန်တရားများ ရှိသည်။

ဒီယဲ့ဖန်းက တစ်ကယ်ကို တဏှာကြီးပြီး ကြောင်သူတော်ကောင်ပဲ!

ငါသာ သူ့ကို လက်ခံလိုက်ရင် သူ့ထောင်ချောက်ထဲ သေချာပေါက် ကျမှာပဲ!

ဒီတော့ လုရွှယ်ယင် သည်းခံနိုင်မှာ မဟုတ်ဘူး။

အဖိုးအတွက် အနည်းငယ် အပြစ်ရှိစိတ် ဖြစ်မိပေမဲ့ ယဲ့ဖန်းနဲ့ ဝေးဝေးနေဖို့နဲ့ သူမ ဘဝထဲ ဝင်ခွင့်မပေးဖို့ကိုသာ လုရွှယ်ယင် ရွေးချယ်ခဲ့သည်။

လုရွှယ်ယင်ရဲ့ စကားတွေကို ကြားတော့ ယဲ့ဖန်းကြောင်သွားခဲ့ပြီး သူ့ရဲ့ ကြင်နာရိုးသားတဲ့ အပြုံးက တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ သူ့မျက်နှာတွင် အလွန်အံ့အားသင့်မှုတို့ ရှိနေသည်။

လုရွှယ်ယင် အခုပြောလိုက်တာတွေက သူလုံးဝ မမျှော်လင့်ထားတာတွေပဲ။

မှားနေသလို ခံစားရတယ်။

ဇာတ်ကြောင်းမှားနေပြီ! ဘာတွေ ဖြစ်နေတာလဲ?

ငါဒီနေ့ ပျော်ပျော်ရွှင်ရွှင် ရုံးတက်ရမှာလေ။ တန်းပြီးအလုပ်ထုတ်ခံရမယ် မထင်ထားခဲ့ဘူး!

All Chapters