← Chapters

Ch 96

Vol. 7 Ch. 96

Ch 96

Vol. 7 Ch. 96

ပုံမှန်အတိုင်းဆိုရင် သူမငါ့ကို အလုပ်ခန့်ပြီး သူမကို ကာကွယ်ခွင့် ပြုရမှာလေ။ အနည်းဆုံးတော့ ငါ့ကို အကူအညီ တောင်းရမှာ။ တန်းပြီး အလုပ်ထုတ်တာကြီးက မဖြစ်နိုင်တာပဲ။ မလိုအပ်ဘူးဆိုရင် လုမိသားစုက ဘာလို့ ငွေအများကြီးပေးပြီး ဆရာ့ဆီက အကူအညီ တောင်းရမှာလဲ?

ငါ့ဆရာက အရမ်းကို အဆင့်အတန်းမြင့်တဲ့ သူပဲ။ ဒီကမ္ဘာမှာ ငါ့ဆရာကို ဖိတ်ချင်နေတဲ့ သူတွေက လက်ချိုးရေရင်တောင် မဆန့်ဘူး။

ဆရာ့ဆီကနေ သူ့ကိုဘော်ဒီဂတ် အဖြစ် တောင်းဖို့ ဆရာနဲ့တွေ့ခွင့်ရဖို့ လုပ်ရတာတောင် အရမ်းခက်ခဲခဲ့မှာ။ အခုသူ့ကို ရုတ်တရက်ကြီး တန်းပြီး အလုပ်ထုတ်လိုက်တယ်? ဒါဘယ်လို ဖြစ်နိုင်မှာလဲ?

တစ်ခုခု ထူးဆန်းနေတယ်!

တွေးပြီးနောက်မှာ ယဲ့ဖန်းရဲ့ မျက်နှာထား ပြောင်းသွားပြီး လေးနက်စွာမေးလိုက်သည်။

“မစ္စလု ခြိမ်းခြောက်ခံနေရတာလား? စိတ်မပူနဲ့ငါ့တာဝန်က မင်းကို ကာကွယ်ဖို့ပဲ။ မင်းမှာ မေးစရာတွေ ရှိရင် ပြောသာပြောလိုက်ပါ”

ပြောပြီးတာနဲ့ လုရွှယ်ယင်ကို စောင့်ကြည့် နေတဲ့သူ တစ်ယောက်ယောက် ရှိလားဆိုတာကို ယဲ့ဖန်း စစ်ဆေးလိုက်သည်။

ထိုအချိန်မှာ ယဲ့ဖန်းတစ်ကယ်ကို သက်သေ ရှာတွေ့ပြီး သူ့ရဲ့ တိုက်ခိုက်စကေးကို ပြနိုင်ရင် လုရွှယ်ယင်ရဲ့ သူ့အပေါ် အမြင်က ပြောင်းသွားပြီး လုရွှယ်ယင်ရဲ့ ဘော်ဒီဂတ် ပြန်ဖြစ်သွားလိမ့်မယ်။

ဒါပေမဲ့ ယဲ့ဖန်း စိတ်ပျက်သွားပါသည်။ ဒီရုံးခန်းကျယ်ကြီးထဲမှာ စောင့်ကြည့်ကင်မရာ မရှိသလို ခိုးနားထောင်တဲ့ ကိရိယာလဲ တစ်ခုတောင် မရှိဘူး။

ချက်ချင်းပဲ ယဲ့ဖန်းရဲ့ သန်မာမှုတွေက အသုံးမကျတော့ပေ။

ယဲ့ဖန်း မသိခဲ့တာက တစ်ကယ်တော့ ဒီရုံးခန်းထဲမှာ အရင်က စောင့်ကြည့်ကင်မရာတွေ ရှိခဲ့ဖူးသည်။ လင်းဖေးဟန် ကိုယ်တိုင်ရောက်လာပြီး ခိုးတပ်သွားခဲ့တာတွေပင်။

လင်းဖေးဟန် ပြောင်းလဲသွားပြီးနောက်တွင်တော့ အဲ့လိုမျိုး မရှိတော့ဘူး။

ဒါပေမဲ့ ဒီလောက်အမြန်ကြီးတော့ ယဲ့ဖန်း အဆုံးသတ်ခွင့် မပေးနိုင်ဘူး။ ဘော်ဒီဂတ် အဖြစ် အလုပ်တောင်မစရသေးဘူး။ တောင်ပေါ်ပြန်ပြီး သူ့ဆရာကို မရှင်းပြ နေနိုင်ဘူး။

ယဲ့ဖန်းက ရှင်းပြဖို့လုပ်နေပေမဲ့ လုရွှယ်ယင်ရဲ့ အမြင်တွင် ယဲ့ဖန်းက အနည်းငယ် အလွန်အကျွံ လုပ်နေသလိုဖြစ်နေသည်။

လုရွှယ်ယင်၏ ယဲ့ဖန်းကို အထင်သေးရခြင်းတွေထဲက တစ်ခုပဲ။

သူတော်ကောင်းယောင်ဆောင်တဲ့ သူတွေက အမြဲအဲ့ဒီတိုင်းပဲ။

လုရွှယ်ယင် မတ်တပ်ရပ်လိုက်ပြီး ယဲ့ဖန်းကို ကြိုးစားပြုံးပြလိုက်ကာ ဖြေးဖြေးချင်း ပြောလိုက်သည်။

“ မစ္စတာယဲ့ ငါအဆင်ပြေမပြေ နင်စိတ်ပူဖို့ မလိုပါဘူး။ ဘာလို့ဆို နင်ကငါ့ရဲ့ ဘော်ဒီဂတ် မဟုတ်တော့ဘူး”

လုရွှယ်ယင် တော်တော်လေး စိတ်မပါနေတော့ဘူး။ ယဲ့ဖန်းကို အဖိုး ဖိတ်ထားလို့သာ မဟုတ်ရင် ယဲ့ဖန်းဒီမှာ နေပြီး သူမကို အထက်ဆီးကနေ ပြောလို့ရအုံးမယ် ထင်လား? ယဲ့ဖန်းကို လုံခြုံရေးခေါ်ပြီး အပြင်ကန်ထုတ်ချင်နေတဲ့ သူမရဲ့ ဒေါ်သကို တော်တော်လေး ထိန်းချုပ် နေရသည်။

သူမရဲ့ ဆိုလိုရင်းကို ရှင်းနေအောင် ပြောထားပြီးသားဖြစ်သည်။ ယဲ့ဖန်းအရူး မဟုတ်တာမို့ သူမရဲ့ ဆိုလိုရင်းကို နားလည်မှာပင်။

သူမကို ဆက်ပြီး အခက်တွေ့အောင် မလုပ်တော့ဖို့ ဆုံးဖြတ်ရင်း ယဲ့ဖန်း ခေါင်းညိတ်လိုက်သည်။

“ ငါနားလည်ပါပြီ”

ကမ္ဘာပေါ်မှာ ပန်းတွေ အများကြီးရှိတယ်။ ဘာလို့ တစ်ပွင့်ထဲကိုပဲ အသည်းအသန် ကြွေပြနေရမှာလဲ?

လုရွှယ်ယင်က တစ်ကယ်ကို အရမ်း လှပေမဲ့.. သူမက တစ်ကယ်ကို ကြည့်လို့ကောင်းပေမဲ့.. သူမရဲ့ နတ်ဘုရားမလို ရေခဲတုံးပုံစံလေးက သူ့ရဲ့ ပြင်းထန်တဲ့ အနိုင်ယူစိတ်တွေကို နှိုးဆွ နိုင်ပေမဲ့….

စကားတစ်ခွန်း ပြီးတာနဲ့ ယဲ့ဖန်း နောက်လှည့် မကြည့်စတမ်း ထွက်သွားလိုက်သည်။

လုရွှယ်ယင်သူမရဲ့ နှုတ်ခမ်းကို ဖိလိုက်သည်။ တစ်ဖက်လူရဲ့ အပြုအမူကြောင့် သူမ အနည်းငယ် အပြစ်ရှိသလို ခံစား လိုက်ရသည်။

ညနေအိမ်ပြန်ရောက်လို့ အချိန်ရရင် အဖိုးဆီသွားပြီး အခြေအနေကို ရှင်းပြ ပေးလိုက်မယ်။

ထိုအချိန်မှာပဲ သူ မလာတာ ကြာပြီဖြစ်သော လုရွှယ်ယင်ရှိနေမည့် လုကုမ္ပဏီဆီကို လင်းဖေးဟန် မောင်းသွားလိုက်သည်။

အချိန်ကူးပြောင်းပြီးနောက်မှာ သူ ဒီနေရာကို ရောက်တဲ့ပထမဆုံးအကြိမ်ပဲ။

သူ့အရှေ့က အဆောက်အဦးကို ကြည့်ပြီး လုကုမ္ပဏီရဲ့ အနေအထားကို လင်းဖေးဟန် မလေးစားပဲ မနေနိုင်တော့ပေ။

ထိုအချိန်မှာ သူ ကားရပ်လိုက်ပြီး ကုမ္ပဏီထဲကို ဝင်သွားလိုက်သည်။

အပေါက်ရှိ လုံခြုံရေးသည် လင်းဖေးဟန်နဲ့ တော်တော်လေး ရင်းနီးနေခဲ့သည်။ ကြည့်ရတာ အတိတ်မှာတုန်းက လင်းဖေးဟန် မကြာခဏ လုရွှယ်ယင် အလုပ်ဆင်းတဲ့အချိန်ကိုစောင့်ပြီး သူမကြွေအောင် ကြိုးပမ်းမှုတစ်ချို့ လုပ်ခဲ့ဖူးပုံပါပဲ။

ဒါပေမဲ့ ပန်းတွေနဲ့ အသဲပုံ ပုံစံ လုပ်ပြတာမျိုးက လုရွှယ်ယင်ရဲ့ အမြင်မှာတော့ ကလေးဆန်ရုံသာ ဖြစ်ခဲ့သည်။

လုရွှယ်ယင်ဆီက အငြင်းခံရတာကို မအံ့သြတော့ပါဘူး။ အလုပ်ဆင်းချိန် ကုမ္ပဏီရဲ့ အလုပ်သမားတွေ အရှေ့မှာ ဒီလိုမျိုးကြီး လုပ်တာက လုရွှယ်ယင်ကို ရှက်ရွံ့မှုကိုသာ ဖြစ်ပေါ်စေသည်။

အခု လင်းဖေးဟန် တံခါးပေါက်ကို ရောက်လာတဲ့ အခါမှာ ထိုမှတ်ဉာဏ်များကြောင့် ဖြစ်မည်။ လင်းဖေးဟန် အနည်းငယ် တစ်မျိုး ခံစားနေရသည်။

သူ ခါးသက်စွာ ပြုံးလိုက်ပြီး အထဲကိုသာ လျှောက်ဝင်သွားလိုက်တော့သည်။

သူ ဝင်လိုက်တာနဲ့ အဆောက်အဦးအတွင်းရှိ အကုန်လုံးရဲ့ အာရုံကို ဆွဲဆောင်နိုင်သွားသည်။

ဟုတ်တယ် အကုန်လုံးရဲ့ အာရုံကိုပဲ!

တစ်ခြားတော့ မဟုတ်၊ သူ့ရဲ့ ချောမောလှတဲ့ ရုပ်ရည်ကြောင့်ဖြစ်သည်!

သာမာန် အဝတ်အစားကိုပဲ ဝတ်ထားတာတောင်မှ သာမာန် အဝတ်အစားက သူ့ရဲ့ထိုးထွက်နေတဲ့ ခန့်ညားမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။

လင်းဖေးဟန်သည် စတိုင်ကျကျပဲ ကော်ရစ်ဒါအထိ လျှောက်သွားလိုက်သည်။ သု့ရဲ့ သွယ်လျတဲလက်ချောင်းရှည်များနဲ့ ကျစ်လစ်ပြီး အရပ်အမောင်းကောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်ကြောင့် အလွန့်အလွန် ပြီးပြည့်စုံသည့် အနေအထားမှာ ရှိသည်။

အလှဆုံးကတော့ လင်းဖေးဟန်ရဲ့ တောက်ပလှတဲ့ မျက်ဝန်းတစ်စုံပင်။ သူ့မျက်လုံးထဲတွင် မိုပြာရော ကျော့ကွင်း တစ်ခုရှိနေသလိုမျိုးပဲ။ သတိမထားမိလိုက်ပဲ လူတွေကို ထောင်ချောက်ထဲ ပြုတ်ကျသွား စေသည်။

ဒါမစ္စတာလင်းလား?

သူဘယ်လိုလုပ် ဒီလောက်ချောလာရတာလဲ? ဘယ်လိုလုပ် လောကမှာ ဒီလောက်ချောတဲ့သူ

ရှိနိုင်တာလဲ?

လင်းဖေးဟန်ကို မှတ်မိတဲ့သူတွေ အကုန်လုံး အကြီးအကျယ် မှင်သက်သွားကြသည်။

အရင်က လင်းဖေးဟန် ကြည့်လို့ ကောင်းခဲ့ပေမဲ့ အခုနဲ့က ကမ္ဘာတစ်ခုလောက် ခြားသွားသလိုပဲ!

အတိတ်မှာတုန်းက လင်းဖေးဟန်တွင် လူတွေကို အဝေးပြေးသွားစေတဲ့ ကြောက်မက်ဖွယ် မှောင်မဲနေတဲ့ အရှိန်အဝါ တစ်ခု ရှိသည်။

အခုတော့ လင်းဖေးဟန်သည် သက်တံ့တစ်ခုလိုမျိုး လူတွေ အနား ရောက်ချင်လာစေတဲ့အထိကို တောက်ပ လှသည်။

ဘာတွေကြောင့် လင်းဖေးဟန် အရမ်းတွေ ပြောင်းလဲသွားရတာလဲ?

အကုန် အံ့သြနေကြသည်။

လင်းဖေးဟန် လှမ်းလာနေတာကို မြင်တော့ ဧည့်ကြိုမန်နေဂျာသည် သူမရဲ့ ခြေထောက်တွေ လေးဖက်ဖြစ်လာပါစေဟုသာ ဆုတောင်း မိတော့သည်။ သူမ လင်းဖေးဟန်ဆီကို အပြေး သွားလိုက်သည်။

မန်နေဂျာသည် အသက်တောင်မရှုနိုင်ပဲ ပြောလိုက်သည်။

“ မစ္စတာလင်း မစ္စလုကို လာရှာတာပါလား?”

ဧည့်ကြိုမန်နေဂျာသည် အသက်သုံးဆယ်စွန်းစွန်း လေးသာ ရှိသေးသော မိန်းမငယ်လေး ဖြစ်သည်။ သူမ၏ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်သည် ပြေးလိုက်တဲ့ အခါမှာ ထင်းနေသည်။ ဒါပေမဲ့ ဒီလိုမိန်းကလေး မျိုးက ဆက်ဆီကျကျ ကိတ်တဲ့အလန်းလေးတွေလို့ ပြောလို့ရသည်။

သူမသည် လင်းဖေးဟန်၏ ခန့်ညားသည့် မျက်နှာကို မြင်တဲ့အခါမှာ သူမရဲ့ နွေဦးလေး ရုတ်တရက်ပြန်ရောက်လာသလို ခံစား လိုက်ရသည်။ အနည်းငယ် မူးဝေသွားပြီး သူမ၏ ဦးနှောက်သည် ခဏလောက် အလုပ် မလုပ်တော့ပေ။

တစ်ကယ်ကို လင်းဖေးဟန်က အရမ်း ချောတယ်။ သူမရဲ့ နှလုံးသားထဲထိကိုပါ ဇွတ်တိုးဝင်နေအောင် ချောတာပင်။

လင်းဖေးဟန် သူမကို အနည်းငယ် ကူထိန်း ပေးလိုက်ပြီး ထိုကောင်မလေးရဲ့ မျက်နှာပေါ်ရှိစိတ်လှုပ်ရှားနေတဲ့ ပုံစံကို ကြည့်လိုက်သည်။ သူ မနေနိုင်စွာ အနည်းငယ် ပြုံးမိသွားသည်။ ထိုအပြုံးက အရမ်းကို လှပြီး တောက်ပလွန်းလို့ ရေခဲတုံးကြီး အရည်ပျော် ကျသွားသလို၊ အပွင့်ကုန်သွားတဲ့ မက်မွန်ပင်ကနေ အပွင့်တွေ အပြည့် ပြန်ပွင့်လာသလိုမျိုး သူမ ခံစားလိုက်ရသည်။

All Chapters