← Chapters

Ch 98

Vol. 7 Ch. 98

Ch 98

Vol. 7 Ch. 98

ထိုစကားကို ကြားတော့ လုရွှယ်ယင်ရဲ့ နှုတ်ခမ်းသည် မနေနိုင်စွာ တွန့် သွားသည်။

လင်းဖေးဟန်က မုန်းစရာ ကောင်းလိုက်တာ!

လုရွှယ်ယင် အဖြေမပေးတော့ဘဲ ခေါင်းငုံ့ကာ ဖုန်းသာ ကြည့်နေလိုက်သည်။ လင်းဖေးဟန်ကို ကြည့်တောင် မကြည့်တော့ပေ။ ဦးနှောက်ကော မျက်စိထဲကကောပါ မောင်းထုတ်ပစ်လိုက်ခြင်းပင်။

လင်းဖေးဟန်၏ ပုံစံထဲတွင် ပြောင်းလဲမှု အသစ်တစ်ခုကို ဒီနေ့ လုရွှယ်ယင် တွေ့ခဲ့ ရသည်။ အဲ့ဒါကတော့ အရမ်းကို အာသွက်လျှာသွက်နဲ့ လေပေါလွန်းတဲ့ လင်းဖေးဟန်ရဲ့ ပုံစံသစ်ပင်။

လုရွှယ်ယင်၏ ခံစားချက် အနည်းငယ် ပြောင်းသွားတာကို တွေ့တာမို့ လင်းဖေးဟန် စကားပြောနေတာ ရပ်လိုက်တော့သည်။

သူ့ဘေးတွင် ချိန်ကိုက်ဗုံး တစ်လုံး ရှိနေသည်။ မီးစ ရတာနဲ့ ပေါက်ကွဲလိမ့်မည်!

လင်းဖေးဟန် ကားမောင်းတာကိုပဲ အာရုံ စိုက်လိုက်ပြီး လုရွှယ်ယင်ကို ကြည့်လဲ မကြည့်တော့သလို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ကို မသတ်မှတ်တော့ပေ။

မူလက လင်းဖေးဟန်သာ သူမကို ဆက်ပြီး နှောက်ယှက်ရင်း လေပေါနေမယ် ဆိုရင် သူမနားထဲက ယင်ကောင် တစ်ကောင်လို လျစ်လျူရှုပစ်မယ်လို့ လုရွှယ်ယင် စီစဥ် ထားခဲ့တာဖြစ်သည်။

ဒါပေမဲ့ သူက အလွန်လိမ်မာပါးနပ်ပြီး တန်းပြီး ပါးစပ်ပိတ်လိုက်သည်။ လုရွှယ်ယင် လင်းဖေးဟန်ကို ထပ်ပြီး နားလည်သွားသည်။

ကြည့်ရတာ ဒီစိတ်ရှုတ်စရာလူက လေပေါဖို့ မလုပ်တော့ဘဲ ငါ တိတ်ဆိတ်မှုကို ကြိုက်တာ သိသွားပုံပဲ။

တွေးမိပြီးတာနဲ့ လုရွှယ်ယင် ချက်ချင်းကို ခံစားလို့ ကောင်းလာသည်။ အရင်လို မအေးစက်တော့ဘဲ ပုံမှန်လို ပြောလိုက်သည်။

“ ငါ့ရဲ့စက်ရုံကို ရေရှည်မြုပ်နှံဖို့ ပြင်ဆင် ထားခဲ့တာ။ ဒီရွာသားတွေကို ခဏအတွက် ဖယ်ထုတ်နိုင်ရင်တောင် ရေရှည်အတွက် ဖြေရှင်းချက် ဖြစ်မှာ မဟုတ်ဘူး။ နင့်မှာ အစီအစဥ် ရှိလား?”

လင်းဖေးဟန် လုရွှယ်ယင်၏ လှပတဲ့ မျက်နှာကို ပြန်လှည့်ကြည့်လိုက်သည်။ ချက်ချင်းပဲ လန်းဆန်းသွားကာ

“ သေချာပေါက် အစီအစဥ် ရှိတာပေါ့”

လုရွှယ်ယင် အမြန်မေးလိုက်သည်။

“ နင်ဘာတွေးထားတာလဲ ပြောအုံး”

လင်းဖေးဟန် ပြုံးလိုက်ပြီး

“ လူမိုက်တွေ ပြန်လာရတဲ့ အကြောင်းအရင်းက သူတို့က ဆိုးသွမ်းလို့ တစ်ခုထဲ မဟုတ်ဘူး။ သူတို့ကိုယ်သူတို့ ဘော့စ်လို့ သတ်မှတ်ထားလို့ပဲ။ ကမ္ဘာကြီးက ဒုတိယဆို သူတို့က တတိယအဆင့် ရှိတဲ့သူလို့ ထင်နေကြတဲ့သူတွေ။ လူအုပ်လဲတောင့်တော့ သူတို့တွေ ဘာကိုမှ မကြောက်ကြတော့ဘူး”

“ အရိုးရှင်းဆုံး အခြေခံကို တွေးကြည့်ရင် ဒီကိစ္စကို ဖြေရှင်းရလွယ်သွားပြီ။ သူတို့တွေကိုသာ ကြောက်အောင် လုပ်နိုင်ရင် ငါတို့ကသာ ပိုပြီးကြမ်းပြပေးလိုက်ရင် ထပ်လာရဲမှာ မဟုတ်ဘူး”

လုရွှယ်ယင် မျက်မှောင်ကြုတ်သွားသည်။ လင်းဖေးဟန် ဘာလုပ်မလို့လဲဆိုတာ သူမ သိသွားပုံပဲ… အဆိပ်ကို အဆိပ်နဲ့တိုက်ထုတ်မလို့လား?

လုရွှယ်ယင် ချက်ချင်းမေးလိုက်သည်။

“ ဖန်းချန်းဧရိယာမှာ နင် မြေအောက်လောကရဲ့ အင်အားတစ်ချို့ ရှိလို့လား? ဒါမှမဟုတ် အပြင်လူတွေနဲ့ ဒီကိစ္စကို ကြားဝင် ရှင်းခိုင်း မလို့လား?”

လုရွှယ်ယင် သိရသလောက်ဆို အဲ့ဒီရွာသား လူမိုက်တွေက အဲ့ဒီအလုပ်လုပ်ရင်း စားသောက် နေထိုင်နေကြတာ။ ရှေးရိုးစွဲတွေ။ သူမတို့ကို လုံးဝ ကြောက်မှာ မဟုတ်ဘူး။ လင်းဖေးဟန် သွားလဲ လူတစ်ယောက် ပိုသွားရုံပဲရှိမှာ ဘာမှ ကွာခြားသွားမှာ မဟုတ်ဘူး။ လုံးဝ အကျိုးရှိမဲ့ နည်းလမ်းတစ်ခု မဟုတ်နေဘူး။

ရှေးလူကြီးတွေ ပြောသလို အဆိပ်ကို အဆိပ်နဲ့ တိုက်ထုတ်တာ အကောင်းဆုံးဆိုတာ သူမ သိပါသည်။ လင်းဖေးဟန်မှာ အဆက်အသွယ် ရှိတာလဲ သိသည်။ အဲ့ဒီရွာသားလူမိုက်တွေကို ဥပဒေနဲ့ သွားပြောလဲ မရနေတော့ လင်းဖေးဟန် ပုံမှန်နည်းလမ်းနဲ့ အဲ့ဒီလူအုပ်ကို ဖြေရှင်းမှာ မဟုတ်တာလဲ သိပြီးသားပင်။

လင်းဖေးဟန် ကူညီပေးမည် ပြောတည်းက မငြင်းခဲ့တာကလဲ အဲ့ဒီအကြောင်းအရင်းကြောင့် ဖြစ်သည်။ ကိုယ်တိုင် လိုက်လာတာကလဲ အကြီးအကျယ်တွေ မဖြစ်အောင် ဝင်ထိန်းပေးဖို့ပင်။

ဒါပေမဲ့ လုရွှယ်ယင်ရဲ့ စကားတွေကို လင်းဖေးဟန် ကြားတဲ့အခါမှာ သူ ခေါင်းရမ်း လိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။ ထို့နောက်တွင် တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းဘာတွေ ပြောနေတာလဲ? ငါ့ကို မစွပ်စွဲပါနဲ့။ ငါကထူးချွန်တဲ့ လူငယ် စီးပွားရေး သမားတစ်ယောက်ပဲ။ တစ်ချိန်ထဲမှာ ကြင်နာပြီး ဖြောင့်မတ်တဲ့ နိုင်ငံသား တစ်ယောက်လဲ ဖြစ်တယ်။ ကျောင်းတုန်းက ဆုတောင် ရခဲ့သေးတယ်။ ဒီတော့ ငါဘယ်တော့မှ ရာဇဝတ်မှုကို လုပ်မှာ မဟုတ်ဘူး”

လုရွှယ်ယင် လင်းဖေးဟန်ကို ဗလာဖြစ်စွာ ကြည့်လိုက်သည်။

ထူးချွန်တဲ့ စီးပွားရှင်တဲ့?

ကြင်နာပြီးဖြောင့်မတ်တဲ့ နိုင်ငံသားလဲ ဖြစ်သေးတယ်တဲ့?

ငါ့ကို စောင့်ကြည့်ဖို့ လူမိုက်တွေကို ခိုင်းခဲ့တာကို မေ့သွားတာလား?

နင့်ကို နည်းနည်းမှ မယုံဘူး!

ကျောင်းမှာ ဆုဘယ်လို ရခဲ့တာလဲကော မေ့သွားပုံပဲ။ နင့်အဖေရဲ့ နာမည်ကို သုံးပြီး ဆရာ့ဆီကနေ ယူထားတာလေ!

လုရွှယ်ယင် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ ဒါဆို နင်ပြောချင်တာ အခုငါတို့နှစ်ယောက်ပဲ သွားမှာပေါ့? အဲ့လိုလား?”

လင်းဖေးဟန် ပုခုံးတွန့်လိုက်ပြီး ဘာမထီဟန် ပြောလိုက်သည်။

“ ဟုတ်တယ်။ ပြဿနာရှိလို့လား? ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကိစ္စ မကြီးသွားစေချင်ဘူး”

“ ဒါလေးက ကိစ္စသေးလေးပဲ။ ဒီလို ကိစ္စလေးမှာ မင်းမျက်နှာကြောင့် ငါရှေ့ထွက် ဖြေရှင်းပေးနိုင်တယ်။ ငါကိုယ်တိုင် သေချာပေါက် သူတို့ကို စည်းရုံးလို့ ရတယ်။ သူများတွေကိုပါ ခေါ်လိုက်ရင် မလိုအပ်ပဲ သုံးရာကျသွားမှာပေါ့”

ဒီလင်းဖေးဟန်က တစ်ကယ်ကို ပြဿနာကို မီးခွက်ထွန်းရှာနေတဲ့ကောင်ပဲ။

သူ့ကိုယ်သူ ဘာကောင်ကြီး ထင်နေတာလဲ?

တစ်ကယ်ကို သူ့ကိုယ်သူ အရေးပါသလို လုပ်တဲ့အကျင့်က မပြောင်းသေးဘူး။ အရင်တိုင်း ဘဝင်ဟပ်နေတုန်း!

လုရွှယ်ယင်ရဲ့ မျက်နှာထားက ချက်ချင်း အေးစက်သွားကာ လေထုတစ်ခုလုံး ရုတ်ချည်း အပူချိန် အနှုတ်ပြသွားတော့သည်။

ချိန်ကိုက်ဗုံး ပေါက်ကွဲတော့မယ်!

လုရွှယ်ယင် ပေါက်ကွဲတော့မှာကို မြင်တော့ လင်းဖေးဟန် အမြန်ပြောလိုက်သည်။

“ ငါ့ရဲ့အဒေါ်လေးရေ ဒီတစ်ကြိမ်လောက် ငါ့ကို ယုံပေးပါအုံး။ ဒီရက်ပိုင်း မင်းငါ့ကို သံသယ ဝင်ပြီးပြောဆိုနေတာ ဘယ်နှစ်ကြိမ် ရှိပြီလဲ? ဘယ်နှစ်ကြိမ် ငါကျရှုံးဖူးလဲ? ဘယ်နှစ်ကြိမ် မအောင်မြင်ဖူးလဲပြော?”

လုရွှယ်ယင် တန်းပြီး အော်ပေးလိုက်သည်။

“ လင်းဖေးဟန် နင့်ရဲ့စကားကို သေချာ ပြောဖို့ငါပြောထားမယ်။ အတိတ် တုန်းက နင်ဘယ်လိုလူ ဖြစ်ခဲ့တာလဲ မေ့သွားပြီလား?”

လင်းဖေးဟန် ခဏ တိတ်ဆိတ်သွားသည်။

ဒါက အသေးစား ပေါက်ကွဲမှုပဲ.. ငါသည်းခံ နိုင်တယ်။ ငါဘာမှမပြောပဲ နေရမယ်။ ဒီအချိန်သွားပြောရင် နောက်ထပ် နျူကလီးယား ဗုံးနဲ့ တိုးသွားမှာ။

မိန်းမတစ်ယောက်နဲ့ ရန်ဖြစ်တဲ့ ယောက်ျားက အရူးတစ်ယောက်ပဲ။

လုရွှယ်ယင်ရဲ့ အော်တာကို နားထောင်ပြီး တာတောင်မှ လင်းဖေးဟန် ပျော်သွားခဲ့သည်။ ဘာလို့ဆို ‘အတိတ်’ ဆိုတဲ့ စကားကို သူမ ပြောသွားခဲ့သည်လေ။

အတိတ်ကလို ဆိုတဲ့အတွက် လုရွှယ်ယင်က သူ့ရဲ့ပြောင်းလဲမှုတွေကို မြင်ပြီးနောက် လက်ရှိနဲ့ အတိတ်ကို လုံးဝ ခွဲခြားလိုက်တဲ့ ပုံပင်။ သူ့ရဲ့ လက်ရှိ လှုပ်ရှားမှုတွေက အောင်မြင်ခဲ့တယ်လို့ ပြောရမည်။

လင်းဖေးဟန်အတွက် ထိုစကားလုံးက အားပေးစကား ဖြစ်ခဲ့သည်။ တိုးတက်မှု လုပ်နိုင်ခဲ့တယ်လို့ သူ့ကိုယ်သူ အားပေး နေလိုက်သည်။

“ဟမ့်! ငါ့ကို တစ်ကယ် မုန်းအောင် လာလုပ်နေတာပဲ!”

လုရွှယ်ယင် အေးစက်စွာ မဲ့လိုက်ပြီး လင်းဖေးဟန်ကို လျစ်လျူရှုလိုက်သည်။ ပြတင်းပေါက်အပြင်က ရှုခင်းတွေကိုသာ ကြည့်ရင်း လိုက်ပါလာခဲ့လေသည်။

လင်းဖေးဟန် စကားပြောတာ ရပ်လိုက်ပေမဲ့ လုရွှယ်ယင်ရဲ့ ဒေါသက အရှိန်မသေဘဲ ပိုတောင်ကြီးလာသည်!

ဒီရက်ပိုင်း လင်းဖေးဟန် အကြီးကြီး ပြောင်းလဲသွားတာနဲ့အညီ ပိုပြီးလဲ အင်အား ကြီးမားလာခဲ့သည်။

သူတစ်ခါမှ နားမလည်ခဲ့သည့် ဆေးပညာလဲ တတ်သွားသည်။ ဒါပေမဲ့ တိုက်ခိုက်ရေးပိုင်း မဟုတ်ဘူး။ သူတတ်တာ ဆေးပညာလေ။

တစ်ကယ်ကို အဲ့ဒီရူးနှမ်းနေတဲ့ လူတစ်အုပ်နဲ့ တွေ့ပြီး ပြောလို့ဆိုလို့မရလို့ တိုက်ခိုက်ကြပါပြီ ဆိုရင် သူ ဘယ်လိုလုပ်မလဲ? လင်းဖေးဟန် သန်မာပါတယ်ဆိုရင်တောင် သူက စစ်သား တစ်ယောက်မလို့လား?

အကုန်လုံးကို ရိုက်နိုင်မှာ မလို့လား?

တွေးမိပြီးနောက်မှာ အကြောင်းအရင်း မရှိ လုရွှယ်ယင် အနည်းငယ် ကြောက်လာခဲ့သည်!

All Chapters