စွမ်းရည် အဆင့်မြှင့်ခြင်း
Vol. 47 Ch. 700
ဤသို့နှင့် သူ၏ ခွန်အားက နောက်တစ်ဆင့် တိုးတက်သွားပြန်လေပြီ။
ဟင်းလင်းပြင်နယ်မြေ ဟူသော တည်ရှိမှုကို သိရှိပြီးနောက် ရဲ့လင်းချန်တွင် အလျင်လိုစိတ် မရှိဟု ဆိုပါက လိမ်ရာကျပေမည်။ သူသည် မပြင်ဆင်ဘဲ တိုက်ပွဲ တိုက်ရမည်ကို မနှစ်သက်ပါ၊ ထို့အပြင် သူသည် ထူးခြားဆန်းကြယ်မှုကို စူးစမ်းလေ့လာလိုပါက ပိုသန်မာနေခြင်းက အားသာချက်တစ်ခု ဖြစ်ပေလိမ့်မည်။
သစ်သား ဝိညာဉ် ခန္ဓာကိုယ်က အတိုက်အခိုက် စွမ်းရည်ဟု မထင်ရသော်လည်း ၎င်း၏ လုပ်ဆောင်ချက်များက ပြိုင်စံရှားပင်။ ၎င်းသည် ထူးခြားသော ခန္ဓာကိုယ်တစ်ခု ဖြစ်ပြီး လူတစ်ယောက်၏ အလားအလာကို တိုးစေနိုင်သည့် မွေးရာပါ စွမ်းရည်တစ်ခုနှင့် တူပေသည်။ ဒုတိယအချက်မှာ သူသည် အပင်ငယ်များနှင့် သစ်ပင်များနှင့်ပါ ဆက်သွယ်နိုင်ပေသည်။ ယင်းတစ်ခုတည်းကတင် သူ့အား အပင်များ၏ ကြီးထွားမှုနှုန်းကို တိုးလာအောင် လုပ်ပေးနိုင်ပြီး တန်ဖိုးမဖြတ်နိုင်သော အရည်အချင်း တစ်ခုပင်။
တစ်ခဏအတွင်းမှာပင် ထူးခြားသော အပူစွမ်းအင်လှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသည်ဟု ခံစားလာရသည်။ ၎င်းသည် နွေးထွေးပြီး လန်းဆန်းကာ သူ၏ ခန္ဓာကိုယ်ထဲမှ ဆဲလ်များအားလုံးကို အသက်ဝင်လာစေသည်။
ထိုအပူလှိုင်း စီးဆင်းမှု ပျောက်ကွယ်သွားသည်နှင့် ထူးခြားသော ခံစားချက်တစ်ခုက ရဲ့လင်းချန်၏ နှလုံးသားတွင်း၌ ရုတ်တရက် ပေါ်လာလေသည်။ သူ့မျက်စိရှေ့မှ လောကကြီးက ပို၍ ကြည်လင်ပြတ်သားလာပြီး အပင်များမှ ထွက်ပေါ်လာသော အာရုံခံနိုင်စွမ်းကို သူ ရှင်းရှင်းလင်းလင်း ခံစားမိလာသည်။
ဤသည်က အကုန် မဟုတ်သေးချေ။
ရဲ့လင်းချန် မျက်ခုံးပင့်လိုက်မိပြီးနောက် အနီးအနားမှ သစ်ပင်ကြီးတစ်ပင်ကို ကြည့်လိုက်မိသည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ၎င်းထံ လက်လှမ်းလိုက်သည်။
ထိုအခါ ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။ သစ်ပင်ကြီးက အနည်းငယ် တုန်ခါသွားပြီးနောက် ပင်စည်ကို ကွေး၍ ရဲ့လင်းချန်ဘက်သို့ ကိုင်းလာသည်။ အကိုင်းအခတ်များက ရဲ့လင်းချန်၏ လက်ချောင်းများနှင့် ထိတွေ့လာပြီး သစ်ပင်ကြီးထံမှ ခင်မင်ရင်းနှီးသော ခံစားချက် ထွက်ပေါ်လာသည်။
*လခွမ်း*
ရဲ့လင်းချန်သည် စိတ်ကို ပြင်ဆင်ထားပြီး ဖြစ်သော်လည်း သူ၏ အပြုအမူများကြောင့် မှင်တက်သွားရသည်။ ယင်းက အမှန်ပင် မျက်လှည့်ဆန်သော မြင်ကွင်းတစ်ခုပင်။
သူသည် သစ်ပင်ပေါ်မှ နွယ်ပင်များကို ကြည့်ပြီး လက်ကို အသာ ဝှေ့ယမ်းလိုက်သည်။
ထိုအခါ နွယ်ပင်များက သူ့အတွေးထဲမှ ညွှန်ကြားသည့်အတိုင်း အပင်၏ အကိုင်းအခက်များကို ရစ်ပတ်လာသည်။
*မိုက်တယ်*
*ဒါက လက်ဖျားခါလောက်စရာပဲ*
ရဲ့လင်းချန်သည် သူ၏ စိတ်လှုပ်ရှားမှုက တိုးလာသည်ကို ခံစားမိနေသည်။ ယဃုအခါမှသာ အပင်များကို ထိန်းချုပ်နိုင်ခြင်းက မည်မျှ ကြောက်စရာကောင်းကြောင်း သူ နားလည်လာတော့သည်။
အကယ်၍ သူ ဆက်ကျင့်ကြံနေပကါ အပင်များကို သူ စိတ်ရှိသလို ချုပ်ကိုင်နိုင်ချေ ရှိလာလေမလား။ ထို့အပြင် သူ့တွင် လုံလောက်သော စိတ်ဝိညာဉ် စွမ်းအင် ရှိပါက ကန္တာရကို အိုအေစစ်အဖြစ် ပြောင်းလဲနိုင်လေမလား။
ထိုစွမ်းရည်သည် ကျင့်ကြံခြင်းအတွက် တကယ်ပင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော ခန္ဓာကိုယ်ပင်။
ရဲ့လင်းချန်သည် ထွေထွေထူးထူး ထပ်မတွေးမိဘဲ ကျင့်ကြံခြင်း (အခြေခံအဆင့်) အပေါ်သို့ အကြည့် ရောက်သွားသည်။
သူ၏ ကျင့်ကြံခြင်း စွမ်းရည်သည် အခြေခံအဆင့်သာ ရှိသည်။ သူ၏ ချီသန့်စင်မှု အရှိန်နှုန်းနှင့် စိတ်ဝိညာဉ် စွမ်းအင် ပြန်ကောင်းလာခြင်းက အလွန် နှေးကွေးသည်။ အကယ်၍ သူသာ ၎င်းတို့ကို အလယ်အလတ်အဆင့်သို့ တိုးမြှင့်နိုင်ပါက အရည်အသွေးက ရုတ်တရက် ခုန်တက်လာပြီး သူ၏ ထူးခြားသော ခန္ဓာကိုယ်ကို ပိုကောင်းမွန်စွာ အသုံးပြုနိုင်ပေလိမ့်မည်။
ထူးခြားသော ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းက တစ်ခုနှင့်တစ်ခု ပြည့်စုံစေသည်။ ပိုသန်မာလာ၍ ထိခိုက်စရာ မရှိပေ။
ခွေးဘာသာစကားသာ သူ၏ အလယ်အလတ်အဆင့် စွမ်းရည်တွင် ကျန်ရစ်ခဲ့သဖြင့် ရဲ့လင်းချန် ချက်ချင်း ခေါက်ထားပစ်လိုက်သည်။
ကျန်ရှိနေသော အခြေခံအဆင့် စွမ်းရည် ဆယ့်ငါးခုမှာ ကျင့်ကြံခြင်း (အခြေခံအဆင့်)၊ ကြောင်ဘာသာစကား (အခြေခံအဆင့်)၊ သန့်စင်ခြင်း ခုခံရေး (အခြေခံအဆင့်)၊ နဂါးဖမ်းလက် (အခြေခံအဆင့်)၊ ငှက်ဘာသာစကား (အခြေခံအဆင့်)၊ ဝေဖန်ပြစ်တင်ခြင်း စွမ်းရည် (အခြေခံအဆင့်)၊ စားကောင်းသောက်ဖွယ် ချက်ပြုတ်နည်း (အခြေခံအဆင့်)၊ နတ်တေးသံ (အခြေခံအဆင့်)၊ ရုပ်ဖျက်ပညာ (အခြေခံအဆင့်)၊ အရှိန်အဝါ ဟောကိန်း (အခြေခံအဆင့်)၊ ရေဝိညာဉ် ခန္ဓာကိုယ် (အခြေခံအဆင့်)၊ နဂါးအမဲလိုက်ခြင်း (အခြေခံအဆင့်)၊ အဆိပ်ပြီးစွမ်းရည် (အခြေခံအဆင့်)၊ အင်းဆက်ပိုးကောင် ဘာသာစကား (အခြေခံအဆင့်)၊ အပ်စိုက်ကုထုံး (အခြေခံအဆင့်)။
ရေပန်းစားမှု အမှတ်က ၁၃ သန်းကျော် ကျန်နေသေးသည်။
ရဲ့လင်းချန်သည် ကျင့်ကြံခြင်းအား လောဘတက်စွာ ကြည့်၍ အလယ်အလတ်အဆင့် မဲနှိုက်ခြင်းကို စိတ်လှုပ်ရှားစွာ ရွေးချယ်လိုက်သည်။
ရေပန်းစားမှုအမှတ် တစ်သန်း အနုတ်ခံလိုက်ရပြီးနောက် အလင်းတန်းက စွမ်းရည် ဆယ့်ငါးခုလုံးပေါ်၌ လျင်မြန်စွာ ဖြတ်သန်းနေ၏။
ရဲ့လင်းချန် စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေမိသည်။ ထိုဆယ့်ငါးခု၌ သန်မာသော စွမ်းရည်များနှင့် အားနည်းသော စွမ်းရည်များ ပါရှိသည်။ အမှန်တကယ် အသုံးဝင်သော တစ်စုံတစ်ခုကိုသာ ရရှိရန် သူ မျှော်လင့်မိနေသည်။ ကျင့်ကြံခြင်းကို ရခဲ့ပါက ပိုကောင်းပေသည်။
လျင်မြန်စွာ ပြောင်းလဲနေသော အလင်းတန်းက ရဲ့လင်းချန်ကို မျက်စိကျိန်းသွားစေသည်။
အရှိန်က တဖြည်းဖြည်း နှေးလာသည်နှင့် သူ၏ နှလုံးက တဒိတ်ဒိတ် ခုန်လာကာ အသက်ကို အောင့်ထားမိသည်။
“ဒင်”
ညင်သာသော အသံနှင့်အတူ အလင်းတန်းက ရပ်သွားလေသည်။
*ကြောင်ဘာသာစကား အခြေခံအဆင့်လား*
*သောက်ကျိုးနည်း၊ ဘာလို့ အဲ့ဒါပေါ် ကျသွားတာလဲ*
သူ့ပါးစပ်က မဲ့သွားက ခါးသီးသော မျက်နှာ အမူအရာ ဖြစ်သွားသည်။ ထိုအချိန်မှာပင် အလင်းတန်းနှင့်အတူ ကြောင်ဘာသာစကား (အခြေခံအဆင့်) က ကြောင်ဘာသာစကား (အလယ်အလတ်အဆင့်) သို့ ပြောင်းလဲ သွားသည်။
ကြောင်ဘာသာစကား (အလယ်အလတ်အဆင့်): ဂုဏ်ယူပါတယ်၊ သင်သည် ကြောင်များနှင့် ရိုးရှင်းသော စကားများ ဆက်သွယ်ပြောဆိုနိုင်ပါပြီ။
*သေလိုက်ပါတော့ကွာ*
ရဲ့လင်းချန် ငိုချင်လာသည်။
ယခင်တုန်းက ခွေးဘာသာစကား၊ ယခုအခါတွင်တော့ ကြောင်ဘာသာစကား။
ထိုစွမ်းရည်က ထူးဆန်းသော စွမ်းရည်ဟု သတ်မှတ်နိုင်သော်လည်း အခြား စွမ်းရည်များနှင့် နှိုင်းယှဉ်ပါက ထိုစွမ်းရည်များကို သူ တန်ဖိုးမထားပေ။
ရဲ့လင်းချန် သက်ပြင်းချလိုက်မိသည်။ သူသည် မနီးမဝေး၌ မြေကြီးပေါ် လူးလှိမ့်နေသော ရှောင်ပိုင်ကို ကြည့်ပြီး မနေနိုင်ဘဲ လှမ်းခေါ်လိုက်သည်။
“ရှောင်ပိုင် ဒီကို လာဦး”
ရှောင်ပိုင် တစ်ခဏမျှ အံ့ဩသွားသည်။ သူ၏ ခန္ဓာကိုယ်မှ နှင်းကဲ့သို့ ဖြူစွတ်နေသော အမွေးများက ထောင်လာပြီး အလန့်တကြားနှင့် လှည့်ကြည့်လာသည်။
ထိုအခါမှ သူက ရဲ့လင်းချန်ကို မြင်သွားလေသည်။
“သခင်၊ သ … သခင် ကျွန်တော့်ကို စကားပြောနေတာလား”
“ဟုတ်တယ်၊ ဒီကို လာဦး”
ရဲ့လင်းချန်က အလွန် ကြင်နာသော အသံနှင့် ပြောလိုက်သည်။
“ဝိုး … သခင်၊ သခင်က သိပ်အံ့ဩဖို့ကောင်းတာပဲ၊ ကျွန်တော့်ကို တကယ် စကားပြောနိုင်တယ်၊ ဝိုး …”
ရှောင်ပိုင်သည် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ သူက ရဲ့လင်းချန်ထံသို့ ကလေးမလေးကဲ့သို့ ပြေးလာနေပြီး သူ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေ၏။
သို့သော် ရှောင်ပိုင်က ရဲ့လင်းချန်နှင့် နှစ်မီတာမျှ ကွာဝေးတော့သည့်အချိန်၌ သူက လက်ကို ဝှေ့ယမ်းလိုက်သဖြင့် အနီးအနားမှ နွယ်ပင်များအားလုံးက မြွေတစ်ကောင်ကဲ့သို့ တွားသွားလာပြီး ရှောင်ပိုင်အား တင်းကြပ်စွာ ရစ်ပတ် သွားသည်။
ရှောင်ပိုင်က ရဲ့လင်းချန်ကို ပဟေဠိဖြစ်သွားသော အမူအရာနှင့် ကြည့်နေပြီး သူ့နဖူးပေါ်မှ ဘုရင် ဟူသော သင်္ကေတက ? အဖြစ်သို့ ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည်။
ရဲ့လင်းချန်က ဘာမှထပ်မပြောချေ။ သူ၏ ခံစားချက်များကို ရှောင်ပိုင်ပေါ်၌ ဖြေဖျောက်ပြီးနောက် သူ၏ ခံစားချက်က တိုးတက်လာပြီး စနစ်ထဲသို့ ပြန်ဝင်လိုက်သည်။
*ဟဲဟဲ … ကြောင်ဘာသာစကားတဲ့လား*
သူကဲ့သို့ ပါရမီရှင်အတွက် ၎င်းက အံ့ဩစရာပင်။ သူ့တွင် ရေပန်းစားမှု အမှတ်များ ပေါ်နေသဖြင့် ကံစမ်းမဲ ဆက်နှိုက်ရန် အသင့်ဖြစ်နေသည်။
အလင်းတန်းက ပြန်ပေါ်လာပြီး ကျန်ရှိသော စွမ်းရည် ဆယ့်လေးခုပေါ်၌ ဖြတ်သန်းနေသည်။ ၎င်းက မြန်လွန်းလှ၍ ရဲ့လင်းချန် မျက်လုံးများပင် နာလာသည်။
*အဆုံးသတ်ကတော့ ရှောင်မရဘူး၊ ကံကောင်းတာရလာရလာ၊ ကံဆိုးတာပဲ ရရ၊ ငါ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံတယ်၊ ဒီတစ်ခေါက် ငါ ဘာစွမ်းရည်ရမလဲ ကြည့်ရတာပေါ့*
ရဲ့လင်းချန် စိတ်ထဲ၌ တွေးနေမိသည်။
*ဒင်*
မကြာခင်မှာပင် ညင်သာသော အသံတစ်သံ ထွက်လာပြီး အလင်းတန်းက ရပ်သွားသည်။
*အရှိန်အဝါ ဟောကိန်း (အခြေခံအဆင့်) လား*
ရဲ့လင်းချန် မျက်ခုံးပင့်လိုက်မိသည်။ ၎င်းက ကောင်းမွန်သော စွမ်းရည်တစ်ခုပင်။
အရှိန်အဝါ ဟောကိန်း စွမ်းရည်က အကြားအမြင် ဟောခြင်းမှ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်ပြီး လူတစ်ယောက်၏ လတ်တလော ကံကောင်းမှုနှင့် ကံဆိုးမှုများအား သူ့အား မြင်နိုင်စေသည်ကို အမှတ်ရလိုက်သည်။ သူသည် ၎င်းကို အသုံးပြု၍ ရှုဝမ်ချင်ကို ကယ်ခဲ့ပြီး ထိုစွမ်းရည်က တချို့သော အချိန်များ၌ အလွန် အသုံးဝင်ကြောင်း သက်သေ ပြခဲ့သည်။
*အခု ဆင့်ကဲပြောင်းလဲရင် ဘာဖြစ်လာမှာလဲ မသိဘူး*
ရဲ့လင်းချန် ပဟေဠိ ဖြစ်နေသော်လည်း အလင်းတန်းက ဖျတ်ခနဲ လင်းလာပြီး အရှိန်အဝါ ဟောကိန်းက အလယ်အလတ်အဆင့်သို့ အဆင့်တက်သွားလေသည်။
အရှိန်အဝါ ဟောကိန်း (အလယ်အလတ်အဆင့်): သင်သည် တစ်ချက်ကြည့်လိုက်ရုံနှင့် လူတစ်ယောက်၏ အရှိန်အဝါ တစ်ခုလုံးကို မြင်နိုင်ပါပြီ။
လူတစ်ယောက်က ဟိတ်ဟန်များလေ ထိုလူ၏ အရှိန်အဝါကို မှန်းဆရန် ပိုခက်ခဲလေ ဖြစ်သည်။
သူ့အတွက် ထိုစွမ်းရည်ကို စမ်းသပ်ရန် အနားတွင် တစ်ယောက်မှ မရှိသည်က ကံဆိုးပေသည်။
နောက်တစ်ခေါက် ပြန်စဉ်းစားကြည့်သောအခါ ယင်းက အရမ်း မခက်ခဲချေ။ သူသည် ၎င်းကို စမ်းသပ်ရန် တစ်ယောက်ယောက်ကို ကြည့်ရန်သာ လိုအပ်ပြီး ထိုထူးခြားသော သက်ရောက်မှုကို ရရှိပေလိမ့်မည်။
ရေပန်းစားမှုအမှတ် နှစ်သန်း သုံးစွဲပြီးသော်လည်း ရဲ့လင်းချန် လိုချင်သော အကျိုးသက်ရောက်မှုမျိုး မရပေ။ ရဲ့လင်းချန်က ကျန်ရှိနေသော ရေပန်းစားမှု အမှတ် ၁၁ သန်းကို ကြည့်၍ မဲနှိုက်ခြင်းကို ဆက်လုပ်သင့်၊ မလုပ်သင့် စဉ်းစားနေစဉ်မှာပင် သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ရှောင်ဖေးဖေးက အခြားလူတစ်ချို့နှင့် လျှောက်လာသည်ကို သူ မြင်လိုက်ရသည်။
ရဲ့လင်းချန်သည် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ရုတ်တရက် အံ့ဩသွားရသည်။
ရဲ့လင်းချန်၏ မျက်လုံးထဲတွင် သူတို့၏ ခန္ဓာကိုယ်အားလုံးကို ပါးလျှသော ချီအလွှာတစ်ခုက ရစ်ပတ်ထားပြီး သူတို့အားလုံးက အားနည်းနေပုံ ပေါ်သည်။ ရဲ့လင်းချန်၏ အကြည့်က ရှောင်ဖေးဖေးအပေါ် ရောက်သွားသောအခါ မသိမသာ မျက်မှောင်ကြုတ်မိသွားသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ချီက အားအနည်းဆုံး ဖြစ်နေ သောကြောင့်ပင်။
*ဒါက … လူတိုင်းရဲ့ အခြေအနေလား*
ရဲ့လင်းချန် ရုတ်တရက် သဘောပေါက်သွားသည်။
*ပင်ပန်းနွမ်းလျမှု၊ ဒဏ်ရာရခြင်း၊ ဖျားနာခြင်း၊ စိတ်ခံစားချက်၊ တက်ကြွလန်းဆန်းခြင်း၊ ဒါတွေအားလုံးကို လူတစ်ယောက်ရဲ့ ချီကနေ မြင်နိုင်တာလား*
…