← Chapters

စိတ်နှလုံးထွင်းဖောက်

Vol. 150 Ch. 2250

စိတ်နှလုံးထွင်းဖောက်

Vol. 150 Ch. 2250

နောက်ဆုံးတိုက်ပွဲသည် ဤတစ်ခေါက်ကမ္ဘာမြေအဆင့်သတ်မှတ်၏ ထိပ်ဆုံးနေရာကို အဆုံးအဖြတ်ပေးမည်လည်းဖြစ်၏။ မျက်လုံးများအားလုံးက ထိုအပေါ်မှာရောက်ရှိနေကြ၏။

ဤတိုက်ပွဲ၏ အနိုင်ရရှိသူက မည်သူပင်ဖြစ်စေ ဤတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်သည် လုံလောက်သည့် နာမည်ဂုဏ်သတင်းကိုပိုင်ဆိုင်တော့မည်ဆိုတာ လူတိုင်းက သိရှိထားကြ၏။

ဤနှစ်တစ်သောင်းတွေ့ဆုံပွဲသည် သမိုင်းမှာသေချာပေါက် မှတ်တမ်းတင်ခံရမည်ဖြစ်ပြီး ဂမ္ဘီရမိုးကောင်းကင်တစ်ခွင်မှာ ပျံ့နှံ့သွားပေလိမ့်မည်။

အစိမ်းရောင်ကျောက်တုံ့တိုက်ပွဲကွင်းပေါ်မှ လူနှစ်ယောက်ကိုကြည့်ပြီး ဒီဘက်မျိုးဆက်၏ အထွတ်အထိပ်နာမည်ဂုဏ်သတင်းကို ဘယ်သူက အောင်မြင်ရရှိမလဲ မည်သူကမှ သေချာမပြောနိုင်ပေ။

“သူက စောစောတုန်းက အရှုံးကိုဝန်ခံခဲ့ပြီးပြီပဲ... မင်းကသူ့ကိုဆက်ပြီးတိုက်ခိုက်စရာမလိုဘူးလေ”

ဆူဇီမိုက ဖုန်းယင်ကိုကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“သူက အဲ့ဒါကို ကိုယ်တိုင်ဝန်မခံမှတော့ ငါကတိုက်ခိုက်ရမှာပဲ”

ဖုန်းယင်က အေးစက်စွာဖြင့်ပြောလိုက်၏။

သူတို့နှစ်ယောက်သည် အစိမ်းရောင်ကျောက်တုံး တိုက်ပွဲကွင်း၏ တစ်ဖက်တစ်ချက်စီမှာ မျက်နှာချင်းဆိုင်ရပ်နေကြ၏။ သူတို့၏ အော်ရာများက အဆက်မပြတ်မြင့်တက်လာပြီး မည်သူကမှ အားနည်းမှုကို မပြသပေ။ သူတို့၏ အကြည့်များက လေထဲမှာ ထိတွေ့သွားပြီး မီးပွားများက သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အဆူ စင်ထွက်သွား၏။

“ဘာလို့လဲ... မင်းက မင်းရဲ့ဂိုဏ်းသားရောင်းရင်းအတွက် လက်စားချေချင်လို့လား”

ဖုန်းယင်၏ နှုတ်ခမ်းက အနည်းငယ်ကွေးညွှတ်သွားပြီး သူ၏ မျက်လုံးထဲမှာ လှောင်ပြောင်သရော်လိုသည့် အရိပ်အယောင်တစ်ခုရှိနေ၏။

“ငါ့မှာတကယ်ပဲ အဲ့လိုစိတ်ရှိတယ်”

ဆူဇီမို၏ လေသံက တည်ငြိမ်နေ၏။

“ဒါဆိုလည်း ကောင်းပြီလေ”

ရုတ်တရက် ဖုန်းယင်က သိပ်သည်းပြင်းထန်သော စိတ်ဝိညာဥ်ဖိအားတစ်ခုကိုထုတ်ဖော်ပြီး အေးစက်စွာ ပြောလိုက်၏။

“ငါမင်းကို ဒီနေ့အချက်တစ်ချက်ပြောပြလိုက်မယ်... အောက်ဘုံကနေတက်လှမ်းလာတဲ့ လူတစ်ယောက်အနေနဲ့ မင်းက ငါ့ရဲ့အဆင့်အတန်းကို စိန်ခေါ်ဖို့ အဆင့်မမီဘူး”

ထိုသို့ သူ​ပြောလိုက်သည့်ခဏမှာပင် ဖုန်းယင်က တိုက်ခိုက်လိုက်ပြီဖြစ်ပြီး နတ်ဘုရားစွမ်းအားများနှင့် အင်မော်တယ်ပညာရပ်များစွာကို ဆက်တိုက်ထုတ်ဖော်လိုက်၏။ သူတို့က ကြမ်းကြုတ်ခက်ထန်ပြီး ကောင်းကင်တစ်ခွင်အုပ်မိုးကာ ဆူဇီမိုရှိရာသို့ ဝင်ရောက်ရိုက်ခတ်လာခဲ့၏။

ဆူဇီမိုကလည်း အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် လျှို့ဝှက်အတတ်နှင့် နတ်ဘုရားစွမ်းအားတစ်ခုကို စုဖွဲ့လိုက်၏။

နတ်ဘုရားစွမ်းအားများကြား တိုက်ပွဲတစ်ပွဲမှာ နည်းစနစ်များအကြောင်း ပြောစရာမရှိပေ။

အဲ့ဒါသည် အမြုတေစိတ်ဝိညာဥ်နှင့် အမြုတေချီကို အဆက်မပြတ်သုံးစွဲရခြင်းသာဖြစ်၏။

အဲ့ဒါသည် ဆူဇီမိုနှင့် အင်မော်တယ်ထိုက်ဟွာကြား တိုက်ပွဲနှင့်လည်း ဆင်တူလေသည်။

ဆဋ္ဌမအချီမတိုင်ခင်မှာ ဆူဇီမိုသည် သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအား ၄၀ ရာခိုင်နှုန်းကို ပြန်လည်ရရှိခဲ့ပြီဖြစ်၏။

ထို့နောက် သူသည် ယွဲ့ဖုန်နှင့် အကြိတ်အနယ်တိုက်ခိုက်ခဲ့ရပြီး စွမ်းအင်တချို့ကိုသုံးစွဲခဲ့ရ၏။ ခဏကြာအနားယူပြီးနောက် သူက သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအား ၄၀ ရာခိုင်နှုန်းကို နောက်တစ်ဖန်ပြန်လည်ရရှိလာခဲ့ပြီဖြစ်၏။

သို့သော် ယခုအချိန်မှာ နှစ်ဘက်စလုံးသည် သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် အင်မော်တယ်ပညာရပ်များကို ထုတ်ဖော်လိုက်ပြီး ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက လျင်မြန်စွာလျော့ကျလာပြန်၏။

ဖုန်းယင်၏ မျက်လုံးထဲရှိ နတ်ဘုရားအလင်းက သိပ်သည်းစုဖွဲ့လာခဲ့၏။

အရာရာတိုင်းက သူ၏ ထိန်းချုပ်မှုအောက်မှာရှိနေ၏။

“အဲ့ဒါတော့ဆိုးပြီ”

ရှဲ့ချင်းချန်က မျက်မှောင်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။

“လက်ရှိအခြေအနေက ညီကိုဆူနဲ့ အင်မော်တယ်ထိုက်ဟွာကြားတိုက်ပွဲနဲ့ သွားပြီးတော့တူနေတယ်”

“ဖုန်းယင်က အမြုတေစိတ်ဝိညာဥ်စွမ်းအားမှာ ပကတိအားသာချက်ရှိနေတယ်... ညီကိုဆူက အရင်ဆုံးတောင့်မခံနိုင်တဲ့သူဖြစ်လာလိမ့်မယ်”

ဆူဇီမိုကလည်း အဲ့ဒါကို နားလည်သဘောပေါက်ထား၏။ နတ်ဘုရားစွမ်းအားများ ထိတွေ့ရိုက်ခတ်စဥ်အတောအတွင်း သူက နတ်ဘုရားစွမ်းအားများ၏ စွမ်းအားကို ခုခံဖို့အတွက် သူ့အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စွမ်းအားကြီးမားသော ကိုယ်ကာယကိုအသုံးချပြီး ဖုန်းယင်ထံသို့ အဆက်မပြတ်ချဥ်းကပ်လာကာ သူတို့ကြားအကွာအဝေးကို တိုတောင်းစေလိုက်၏။

သူက ဖုန်းယင်ကို ဤတိုက်ပွဲမှာ အနိုင်ယူလိုသည်ဆိုလျှင် သူ့အတွက်အနိုင်ရဖို့ တစ်ခုတည်းသောအခွင့်အရေးက အနီးကပ်တိုက်ခိုက်ရည်ဖြစ်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် လက်ရှိမှာ သူ၏ အထွတ်အထိပ်အ​​ခြေအနေသို့ ရောက်ရှိလာပြီး သူ၏ အနီးကပ်တိုက်ခိုက်ရည်ခွန်အားနှင့်အတူ အဆင့်တူခြင်းမှာ မည်သည့် ပြိုင်ဘက်ကိုမဆို လျစ်လျူရှုနိုင်၏။

ပြိုင်စံရှားများဖြစ်စေ... ပြန်ဝင်စားမွန်းစတား သို့မဟုတ် ပြန်ဝင်စားပကတိအင်မော်တယ်များဖြစ်စေ ဆူဇီမိုသည် အနီးကပ်တိုက်ခိုက်ရည်မှာ သူတို့ကို ဖိနှိမ်နိုင်လိမ့်မည်ဟု ပကတိယုံကြည်မှုရှိလေသည်။

နောက်ဆုံး နတ်ဘုရားစွမ်းအားများနှင့် အင်မော်တယ်ပညာရပ်များ ထိတွေ့ရိုက်ခတ်မှုအပြီး၌ သူတို့နှစ်ယောက်ကြားအကွာအဝေးက အဆက်မပြတ်ကျုံ့ဝင်လာပြီး သူတို့သည် ဆူဇီမို၏ တိုက်ခိုက်နိုင်သည့် အကွာအဝေးအတွင်း ရောက်ရှိလာခဲ့ပြီဖြစ်၏။

ဝှစ်...

ဆူဇီမိုက မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ထုတ်ဖော်ပြီး တားဆီးမရနိုင်သော စွမ်းပကားတစ်ခုနှင့်အတူ ဖုန်းယင်၏ ဦးခေါင်းကို ရိုက်ချလိုက်၏။

“ဟဲဟဲ...”

ဖုန်းယင်က ရယ်မော၍ လေထဲမှာ ညင်သာစွာလွင့်မျောသွားပြီး ဆူဇီမို၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ရှောင်တိမ်းလိုက်၏။

ထိုလက်ဝါးရိုက်၏ စွမ်းအားက လွဲချော်သွား၏။

တည်ငြိမ်သောအမူအရာနှင့်အတူ ဆူဇီမိုကရှေ့သို့ နောက်တစ်ဖန်တက်လှမ်းပြီး တိုက်ခိုက်လိုက်၏။ ဖုန်းယင်က ဆူဇီမို၏ သတ်ဖြတ်ကွက်ကို နောက်တစ်ဖန်ယိမ်းနွဲ့ကာ ရှောင်တိမ်းလိုက်၏။

အသက်ရှုချိန် အနည်းငယ်မျှနှင့် ဆူဇီမိုသည် ဆယ်ကြိမ်ဆက်တိုက်ဆင့်၍ တိုက်ခိုက်ခဲ့ပြီး တစ်ကြိမ်ချင်းစီက ပစ်မှတ်ကို လွဲချော်ခဲ့လေသည်။ တကယ်ဆို သူသည် ဖုန်းယင်၏ အဝတ်စကိုပင် မထိနိုင်ခဲ့ပေ။

ဤမြင်ကွင်းသည် စောစောက လျှိုဖျင်တွေ့ကြုံခဲ့ရပုံနှင့် အရမ်းကိုဆင်တူနေ၏။

ယခုအချိန်မှာ ပြိုင်ဘက်က ဆူဇီမိုဖြစ်နေလျှင်တောင် အခြေအနေက များစွာပြောင်းလဲသွားခြင်းမရှိပေ။

“ဘယ်လောက်တောင်သန်မာလိုက်သလဲ”

“အင်ပါယာလေဘုရားကျောင်းရဲ့ လေနှင့်အတူအရိပ် လှုပ်ရှားမှုနည်းစနစ်က ဒီလောက်ထိ စွမ်းအားကြီးမားတာလား... ဆူဇီမိုရဲ့အနီးကပ်တိုက်ခိုက်ရည်နည်းစနစ်ကတောင် ထပ်တလဲလဲကျရှုံးနေခဲ့တယ်”

“ငါအဲ့ဒါကို စောစောကြိုသိခဲ့ရင် ငါက အရင်တုန်းက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ အင်ပါယာလေဘုရားကျောင်းကို ရွေးချယ်ခဲ့ပါတယ်... ဒီလိုလှုပ်ရှားမှုနည်းစနစ်ရဲ့အကူအညီနဲ့ဆို ငါ့ရဲ့တိုက်ခိုက်ရည်ခွန်အားက အနည်းဆုံးနှစ်ဆတိုးလာလိမ့်မယ်”

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်နေကြ၏။

“အရှင်မင်းသား... ဖုန်းယင်က အဲ့ဒီလှုပ်ရှားမှုနည်းစနစ်တစ်ခုတည်းနဲ့ ပြိုင်ဘက်ကင်းနေတာလား”

ရှုရှောင်းထျန်က စိုးရိမ်ပူပန်နေ၏။

“အဲ့လာက်ထိ မရိုးရှင်းဘူး”

ရှဲ့ချင်းချန်က တည်တံ့သော အမူအရာဖြင့် သူ၏ ခေါင်းကိုခါပြလိုက်၏။

“ငါလည်း... လေနှင့်အတူအရိပ်ရဲ့ လှုပ်ရှားမှုနည်းစနစ်ကို တွေ့ကြုံဖူးတယ်... အဲ့ဒါက အခုဖုန်းယင်ထုတ်ဖော်ပြသထားသလောက် ကြောက်စရာမကောင်းဘူး”

“ဖုန်းယင်က အဲ့ဒီလှုပ်ရှားမှုနည်းစနစ်နဲ့ ဒီလိုမျိုးစွမ်းအားကို ထုတ်ဖော်နိုင်တယ်ဆိုတာ သူ့မှာတခြားနည်းလမ်းတွေရှိနေရဦးမယ်”

အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းတွင်...။

ဆူဇီမို၏ တိုက်ခိုက်မှုများက ပြင်းထန်ကြမ်းတမ်းလာ၏။

သို့သော်လည်း ဖုန်းယင်က လွတ်လပ်ပေါ့ပါးစွာဖြင့် ရှောင်တိမ်းနေဆဲဖြစ်၏။

“အနီးကပ်တိုက်ခိုက်ရည်မှာ မင်းကငါ့ကို နိုင်မယ်လို့ ထင်လို့လား”

အပြုံးတစ်ခုနှင့် သရော်တော်တော်အမူအရာတစ်ခုနှင့်အတူ ဖုန်းယင်သည် လေနှင့်အတူအရိပ်ကို အသုံးချကာ ဆူဇီမို၏ ဘေးပတ်လည်မှာ လှုပ်ရှားသွားလာနေ၏။

ရွှစ်...

သူ၏ ခန္ဓာကိုယ်ပေါ်မှာ အေးစက်အလင်းတစ်ခုက ခပ်ရေးရေးပေါ်ထွက်လာ၏။

အဲ့ဒါသည် စောစောက လျှိုဖျင်ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သော အေးစက်အလင်းနှင့်အတူတူပင်ဖြစ်၏။ သူက အချိန်မရွေး တုံ့ပြန်တိုက်ခိုက်လာနိုင်၏။

“စိတ်နှလုံးထွင်းဖောက်လား”

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူကရုတ်တရက် တီးတိုးရေရွတ်လိုက်၏။

“အမ်...”

ဖုန်းယင်ကလည်း အံအားသင့်စွာဖြင့် ရေရွတ်လိုက်၏။

ဆူဇီမိုက သူ၏ နည်းလမ်းကို ဤမျှအထိ လျင်မြန်စွာ သိမြင်သွားမည်ဟု ထင်မှတ်မထားခဲ့ပေ။

သူက ဤလှုပ်ရှားမှုနည်းစနစ် လေနှင့်အတူအရိပ်အပြင် သူသည် ဆူဇီမို၏ သတ်ဖြတ်ကွက်များကို ထပ်တလဲလဲရှောင်တိမ်းနိုင်နေသည်မှာ အဆင့်မြင့်နတ်ဘုရားစွမ်းအား စိတ်နှလုံးထွင်းဖောက်ကြောင့်လည်းဖြစ်၏။

စိတ်နှလုံးထွင်းဖောက်သည် ဗုဒ္ဓကျောင်းတော်များ၏ နတ်ဘုရားစွမ်းအား လျှို့ဝှက်အတတ်တစ်ခုဖြစ်၏။ သူ၏ အမည်တိုင်းပင် အဲ့ဒါက တစ်ဘက်လူ၏ စိတ်ကိုဖတ်နိုင်လေသည်။

သို့သော်လည်း စိတ်နှလုံးထွင်းဖောက်အပေါ် ဖုန်းယင်၏ နားလည်ဆင်ခြင်မှုက အခြားသူများထက် များစွာသာလွန်လေသည်။ စိတ်နှလုံးထွင်းဖောက်နှင့်အတူ သူသည် ဆူဇီမို၏ တိုက်ခိုက်မှု ကျရောက်လာမည့်နေရာနှင့် တိုက်ခိုက်မှုတစ်ရပ်ချင်းစီ၏ လမ်းကြောင်းကို ကြိုတင်အာရုံခံနိုင်၏။

အဲ့ဒီကနေ သူသည် သူ၏ လှုပ်ရှားမှုနည်းစနစ်ကို အသုံးချကာ ဆူဇီမို၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ခဲ့လေသည်။

သမိုင်းတစ်လျှောက်မှာ တိုက်ပွဲတွင် စိတ်နှလုံးထွင်းဖောက်ကိုအသုံးချနိုင်သည့် ကျင့်ကြံသူများက များစွာမရှိပေ။

အဲ့ဒါသည် စဥ်းစားကြည့်၍မရနိုင်သော နားလည်ဆင်ခြင်နိုင်မှုနှင့် သာမန်ထက်ထူးကဲသောတုံ့ပြန်မှုအရှိန်ကို လိုအပ်၏။ မည်သည့်အရာကမှ လွဲချော်လို့မရပေ။

“မင်းက စိတ်နှလုံးထွင်းဖောက်ကို ဒီလောက်အတိုင်းအတာထိ ကျင့်ကြံထားနိုင်တယ်ဆိုတာ အထင်ကြီးစရာပဲ”

ဆူဇီမိုက အလောတကြီးရှိမနေဘဲ မှင်သေသေဖြင့်ပြန်ပြောလိုက်၏။

ရုတ်တရက်ဆိုသလို.... ။

အကြိတ်အနယ်တိုက်ခိုက်နေရသောထိုက်တိုက်ပွဲမှာ ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်၏။

ထိုအပြုအမူက လူအုပ်ပြီးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။

“ဆူဇီမိုက သူ့ရဲ့စိတ်ဝိညာဥ်အသိစိတ်ကိုသုံးပြီး တိုက်ခိုက်မလို့လား”

“အဲ့လိုလုပ်လို့မရဘူးလေ... ဟုတ်တယ်မလား... အဲ့ဒါက သက်သက်သေချင်နေတာနဲ့တူနေမှာပဲ”

ကျင့်ကြံသူများအတွက် သူတို့၏ မျက်လုံးများကို မှိတ်လိုက်မည်ဆိုလျှင်တောင် သူတို့သည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များနှင့်အတူ သူတို့၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းနိုင်ကြ၏။

တကယ်ဆို... နေရာများစွာမှာ အစိတ်ဝိညာဥ်အသိစိတ်များသည် သူတို့မျက်လုံးနှင့် မြင်နိုင်သည့်အရာထက် ပိုမိုပြည့်စုံကာကျယ်ပြန့်စွာ မြင်နိုင်လေသည်။

သို့သော်လည်း စိတ်ဝိညာဥ်အသိစိတ်များက လုံလောက်အောင် တိုက်ရိုက်မကျပေ။

တိုက်ပွဲတစ်ခုမှာ လူတစ်ယောက်၏ အမြင်အာရုံက တိုက်ရိုက်အကျဆုံးဖြစ်ပြီး သတင်းအချက်အလက်များအားလုံးကို ချက်ချင်းရယူနိုင်ကာ အချိန်မီတုံ့ပြန်နိုင်ကြ၏။

လူတစ်ယောက်က သူတို့၏ မျက်လုံးများကို မှိတ်ထားပြီး သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ကို မှီခိုကာတိုက်ခိုက်မည်ဆိုလျှင် သူတို့သည် ခြေတစ်လှမ်းအမြဲတမ်းနောက်ကျနေပေလိမ့်မည်။

“မင်းက... မင်းရဲ့မျက်လုံးတွေကို မှိတ်ထားရုံနဲ့ ငါ့ရဲ့စိတ်နှလုံးထွင်းဖောက်ကနေ ပုန်းရှောင်နိုင်မယ်လို့ ထင်လို့လား”

ဖုန်းယင်က အသံထွက်ကာရယ်မောလိုက်၏။

“ဆူဇီမို... မင်းကတကယ့်ကို နုံအလွန်းသေးတာပဲ”

တကယ်တော့... ဆူဇီမိုသည် သူ၏ မျက်လုံးများကို မှိတ်လိုက်ရုံသာမဟုတ်ဘဲ သူ့ခန္ဓာကိုယ်၏ အာရုံငါးပါးစလုံးကိုပါ ချိပ်ပိတ်လိုက်ပြီဖြစ်၏။

All Chapters