ကျောက်စာတိုင်ပေါ်ကနာမည်
Vol. 150 Ch. 2239
“သောက်သုံးမကျတဲ့ကောင်ပဲ”
ရင်ပြင်ပေါ်မှာ ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက ထိုသည်ကိုတွေ့မြင်သောအခါ မျက်မှောင်ကြုတ်ပြီး ကျိန်ဆဲလိုက်၏။
“မင်းက အင်ပါယာလေဘုရားကျောင်းကို ဘယ်လိုတောင်အရှက်ရစေတာလဲ”
“အဲ့ဒါက အစကထဲက ဆူဇီမိုပိုင်တဲ့ပစ္စည်းတွေပဲ... သူ့ကိုပြန်ပေးလိုက်ရတာ ဘာမှမဖြစ်ပါဘူး”
ပကတိအင်မော်တယ်ရှဲ့လင်က ညင်သာစွာပြော၍ နှစ်သိမ့်ပေးလိုက်၏။
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်း၏ အမူအရာက ပျော့ပျောင်းသွား၏။
သို့သော်လည်း စောစောက ဆူဇီမို၏ ရှေ့မှာ မိုချန်၏ ပုံစံက အရမ်းကိုသနားစရာကောင်းနေ၏။ သူသည် ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ အလွန်တရာနာခံတတ်နေ၏။
‘ငါတို့ဂိုဏ်းကိုပြန်ရောက်ရင် မိုချန်ကို အစေခံတန်းလျားကိုပို့ရမယ်’
ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက သူ့ဘာသာသူတွေးပြီး မိုချန်၏ အနာဂတ်ကို ဆုံးဖြတ်လိုက်ပြီဖြစ်၏။
အဆင့် ၅ တွင်...။
ဖုန်းယင်က သူ၏ အကြည့်ကိုရုပ်သိမ်းပြီး သက်ပြင်းချလိုက်၏။
သူသည် ဆူဇီမိုကို ကြိုတင်၍ရှင်းထုတ်ထားနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သို့သော်လည်း သူ့မှာမည်သည့်အကြောင်းအရင်းမှမရှိဘဲ အဆင့် ၅ မှာ သူ့အနေဖြင့် အကြောင်းမဲ့သက်သက်တိုက်ခိုက်ဖို့က မသင့်လျော်ပေ။
ဤကိစ္စကြောင့် ပဋိပက္ခတစ်ခုဖြစ်ပွားလာမည်ဆိုလျှင် သူသည် အဲ့ဒါကိုအကြောင်းပြကာ ဆူဇီမိုကိုဖိနှိမ်နိုင်မည်ဖြစ်၏။
ထို့ကြောင့်ပင်လျှင် သူသည် မိုချန်ကို မကြောက်ဖို့ ပြောခဲ့ခြင်းဖြစ်၏။
သုသည် ဤပဋိပက္ခကို အရှိန်အဟုန်မြင့်တက်လာဖို့ စောင့်ဆိုင်းနေခဲ့၏။ သို့သော်လည်း တစ်ခဏချင်းမှာပင် ဆူဇီမိုသည် လက်တစ်ချောင်းမြှောက်စရာမလိုဘဲ စကားလုံးတချို့ပြောဆိုရုံဖြင့် မိုချန်က သိုလှောင်အိတ်များကို အသာတကြည်ပြန်ထုတ်ပေးခဲ့၏။
ကိစ္စက ဤကဲ့သို့ဖြစ်သွားပြီဆိုမှတော့... ဖုန်းယင်သည် မည်သည့်စကားမှ မဆိုတော့ဘဲ သူ၏ မျက်လုံးများကိုသာ မှိတ်ကာ နောက်တစ်ဖန်အနားယူလိုက်၏။
ဆူဇီမိုက မလှမ်းမကမ်းမှာရှိသော ဖုန်းယင်ကို တစ်ချက်ကြည့်လိုက်၏။
စောစောက သူသည် ဤပြန်ဝင်စားအင်မော်တယ်ထံမှ ပြင်းထန်အားကောင်းသော ရန်လိုစိတ်ကို ခံစားမိခဲ့၏ ။ သို့သော်လည်း အဲ့ဒါက အလျင်အမြန်ပျောက်ကွယ်သွား၏။
မလှမ်းမကမ်းမှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ရောက်ရှိလာခဲ့၏။ သူကသွေးသံရဲရဲတိုက်ပွဲနယ်မြေကို တွေ့မြင်သောအခါ တုန်လှုပ်သွား၏။
သိပ်မကြာခင် တက္ကသိုလ်မှကျင့်ကြံသူတစ်ယောက်က ရှေ့သို့ထွက်လာပြီး ရှင်းပြကာ သူတို့၏ နာမည်များကို ရေးထိုးရန်အတွက် လူတိုင်းကို ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ဆီသို့ ဦးဆောင်ခေါ်သွားလေသည်။
“ဂျူနီယာမောင်ဆူ... နင်က အခုချိန်ထိ နင့်နာမည်ကို မချန်ထားရသေးဘူးမလား”
မင်းသမီးသက်တံနီက ကျောက်စာတိုင်ကို လက်ညှိုးထိုးပြီးပြောလိုက်၏။
“အဲ့ဒီပေါ်မှာ သူတို့ရဲ့နာမည်တွေကို ချန်ထားခဲ့တဲ့သူတွေကပဲ နောက်ဆုံး အဆင့်သတ်မှတ်ချက်ပြိုင်ပွဲကို ဝင်ရောက်ဖို့အဆင့်မီတယ်”
ဆူဇီမိုက ကမ္ဘာမြေအင်မော်တယ် ၁၈ယောက်ကို သတ်ဖြတ်ခဲ့ပြီး အဲ့ဒီမှာ နေရာ ၁၈နေရာက လစ်လပ်သွားလေသည်။
သို့သော်လည်း ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တပည့်ဂိုဏ်းသားများက ရှေ့သို့တက်ပြီး သူတို့၏ နာမည်များကို ချန်ထားရစ်ကာ လစ်လပ်နေသောနေရာများအားလုံးနီးပါးကို ပြည့်နှက်သွားစေ၏။
ဒါ့အပြင် တိုက်ပွဲအတွင်း ကျင့်ကြံသူများက ဆက်လက်၍ရောက်ရှိလာခဲ့ကြပြီး သူတို့၏ နာမည်များကို ချန်ထားရစ်ခဲ့ကြ၏။
ယခုအခါ ကျောက်စာတိုင်ပေါ်တွင် နာမည်အရေအတွက် ၆၀ ကျော်ရှိနေပြီဖြစ်၏။
ဆူဇီမိုက ရှေ့သို့တက်လှမ်းပြီး ကျောက်စာတိုင်ပေါ်မှာ သူ၏ နာမည်ကို ရေးထိုးလိုက်၏။
သူ၏ နာမည်ကို ချန်ထားလိုက်သည့်ခဏမှာပင် ရှုံးထွက်အဆင့်တွင် သူ၏ အဆင့်သတ််မှတ်ချက်ကို ဆုံးဖြတ်ပြီးသွားပြီဖြစ်၏။
၆၈...
သူ၏ အသိစိတ်ထဲမှာ ငရဲဖိနှိမ်မီးဖိုက လှုပ်ရှားသွား၏။
အဆင့် ၅ ၏ ရတနာက အနီးနားမှာရှိနေရပေမည်။
ဆူဇီမိုက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ကို တစ်ပတ်ပတ်ပြီးနောက် သူကဖြည်းဖြည်းချင်းနောက်သို့ဆုတ်လိုက်၏။
သူက အပေါ်ကိုမော့ကြည့်ပြီး ရုတ်တရက်မျက်မှောင်ကြုတ်လိုက်၏။
ကျောက်စာတိုင်က ပေတစ်ရာမြင့်မားပြီး ပေ၉၀အမြင့်မှာ နာမည်နှစ်ခုက ဘေးချင်းယှဥ်ကာရှိနေ၏။ အဲ့ဒါက အရမ်းကိုသိသာထင်ရှားပြီး အခြားလူတိုင်း၏ အထက်မှာဖြစ်၏။
သူတို့ထဲမှတစ်ယောက်က ထိုက်ဟွာဖြစ်၏။
“အဲ့ဒါဘာလဲ”
ဆူဇီမိုက နာမည်နှစ်ခုကို လက်ညှိုးထိုးပြီး ပြောလိုက်၏။
“သူတို့တွေက ယှဥ်ပြိုင်လိုစိတ်ပြင်းပြတဲ့လူတွေပဲ... သူတို့ရဲ့ နာမည်ဂုဏ်သတင်းကို တခြားသူတွေထက် ပိုပြီးတော့မနိမ့်ကျစေချင်ဘူး”
မင်းသမီးသက်တံနီက ရှင်းပြလိုက်၏။
ဆူဇီမိုကအေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
“တခြားဘယ်သူပဲဖြစ်ဖြစ်ရတယ်... ဒါပေမဲ့ အင်မော််တယ်ထိုက်ဟွာက ထိုက်တန်လို့လား”
ဝုန်း...
ကမ္ဘာမြေအင်မော်တယ် အဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ရှေသို့ ရောက်လာပြီး ဆူဇီမိုက မြေကြီးကိုပြင်းထန်စွာကန်ကျောက်ကာ နေရာတစ်ခုလုံးကို လှုပ်ခါသွားစေ၏။
ပုံရိပ်တစ်ခုက မြေပြင်ပေါ်ကနေထိုးတက်သွားပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်၏ အထွတ်အထိပ်သို့ ပျံတက်သွားလေသည်။
ကျယ်လောင်သော မြည်သံက အရေမတွက်နိုင်သောအကြည့်များကို ဆွဲဆောင်မိသွားပြီး လူတိုင်းက အပေါ်သို့ခုန်တက်သွားသောပုံရိပ်ကို တုန်လှုပ်စွာဖြင့်ကြည့်လိုက်ကြ၏။
“သူကဘာလုပ်ဖို့ကြိုးစားနေတာလဲ”
“သူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ သူ့ရဲ့နာမည်ကို ချန်ထားခဲ့ပြီးပြီမဟုတ်ဘူးလား”
“ဆူဇီမိုက ပေ၉၀ အမြင့်မှာရှိတဲ့ ဖုန်းယင်နဲ့ထိုက်ဟွာတို့ရဲ့ နာမည်တွေကို ကျော်တက်ဖို့ စဥ်းစားနေတာလား”
သူတို့၏ ဆွေးနွေးပြောဆိုသံများအလယ်မှာ နောက်ထပ်မြည်ဟိန်းသံတစ်ခုက ထွက်ပေါ်လာ၏။
ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်၏ အမြင့်ဆုံးအမှတ်မှာ လူတစ်ယောက်က ဖြည်းဖြည်းချင်းမတ်တတ်ရပ်လိုက်၏။ သူ၏ အနက်ရောင်ဆံပင်များက ကခုန်နေပြီး သူက ပြိုင်ဘက်ကင်းပုံစံဖြင့် ကျင့်ကြံသူများကို ငုံ့ကြည့်နေ၏။
ဆူဇီမိုသည် ဖုန်းယင်နှင့်ထိုက်ဟွာကို ကျော်တက်သွားရုံသာမက သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်၏ ထိပ်ဆုံးသို့ရောက်ရှိကာ ၎င်းပေါ်မှာခြေချထားလေသည်။
“ဒါက...”
“အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
“ဘယ်လောက်တောင်စွမ်းအားကြီးမားတဲ့ ရုန်းကန်ပေါက်ကွဲအားလဲ”
လူတိုင်းက အံ့အားတသင့်ရေရွတ်လိုက်ကြ၏။
“ဖုန်းယင်ပင်လျှင် သတိထားမှုတစ်စွန်းတစ်စနှင့်အတူ သူ၏ မျက်လုံးနှစ်ဖက်ကို အနည်းငယ် မှေးကျဥ်းလိုက်၏။
အစကတော့... ဆူဇီမိုသည် ခြေကုန်လက်ပန်းကျနေပြီဟု သူကတွေးထင်ထား၏။ ယခု ထိုသူသည် ဤကဲ့သို့သိပ်သည်းပြင်းထန်သော စွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်နေသေးသည်ဆိုတော့...။
အဆင့်-၁၀ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော်လည်း သူပြန်လည်ရောက်ရှိလာသောအခါ သူ၏ ထိခိုက်ဒဏ်ရာများက များစွာသက်သာကောင်းမွန်လာပြီဖြစ်ပြီး သူက အလွန်တရာစွမ်းအားကြီးမားသော ရုန်းကန်ပေါက်ကွဲအားတစ်ခုကို ပိုင်ဆိုင်ထားဆဲ ဖြစ်၏။
ပို၍အရေးကြီးသည်မှာ ဤနေရာလွတ်၏ စွမ်းအားက မြေဒြပ်စင်ပေါ်မှာ အခြေခံထားလေသည်။
ဖန်တီးခြင်းကြာပဒုမ္မာ၏ ဒြပ်စင်က သစ်သားဖြစ်၏။
သစ်သားက မြေကြီးကို စိုးမိုးနိုင်လေသည်။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအပေါ် မြေဆွဲအားသက်ရောက်မှုသည် ဤနေရာလွတ်မှာ အခြားသူများထက် သိသာစွာ လျော့နည်းလေသည်။
ထို့ကြောင့်ပင်လျှင် ဆူဇီမိုသည် တစ်ချက်တည်းဖြင့် ထိပ်ဆုံးသို့ ခုန်တက်နိုင်ခဲ့ခြင်းဖြစ်၏။
ဆူဇီမိုက ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်ပေါ်မှာ မတ်တတ်ရပ်ရင်း သူ၏ အကြည့်က ရွေ့လျားသွား၏။ သူနှင့် မလှမ်းမကမ်းမှာ ခပ်ဖျော့ဖျော့အရောင်အဝါတစ်ခုကို ဖြာထုတ်ပေးနေသည့် လက်သီးဆုပ်အရွယ် အဝါရောင်ရွှံ့လုံးတစ်လုံးရှိနေ၏။
ရင်ပြင်ပေါ်မှာ ပကတိအင်မော်တယ်ရှဲ့လင်က ရှင်းပြလိုက်၏။
“အဲ့ဒီအဝါရောင်ရွှံ့ကို စနေဂြိုဟ်မြေဆီလွှာလို့ခေါ်တယ်... အဲ့ဒါက စနေဂြိုဟ်ပေါ်ကနေ ကျဆင်းလာခဲ့တာပဲ... အဲ့ဒီထဲမှာရှိတဲ့ မြေဓာတ်စွမ်းအားက အရမ်းကိုသန့်စင်တယ်... အဲ့ဒါက အဝါရောင်ရွှံ့တုံးတစ်တုံးနဲ့တူပေမယ့်လို့ အဲ့ဒါက အရမ်းကိုမာကြောတယ်”
“ခင်ဗျားတို့တွေက မြေဒြပ်စင်ဓမ္မရတနာတစ်ခုကို ဖန်တီးမယ်ဆို အဲ့ဒီထဲမှာ စနေဂြိုဟ်မြေဆီလွှာနဲနဲကို ပေါင်းထည့်လိုက်မယ်ဆိုရင်... အကျိုးသက်ရောက်မှုက သိသိသာသာ တိုးလာလိမ့်မယ်”
ခဏမျှရပ်တန့်ပြီးနောက် သူကကူကယ်ရာမဲ့စွာပြုံးလိုက်၏။
“ဆူဇီမိုရဲ့ အာရုံခံစိတ်က အရမ်းကိုထက်ရှလွန်းတယ်... ပထမအဆင့် ၄ဆင့်မှာရှိတဲ့ ရတနာတွေအားလုံးကိုလည်း သူပဲလုယူသွားတယ်... အခုလည်း ဒီစနေဂြိုဟ်မြေဆီလွှာက သူ့ဆီကနေ ဖုံးကွယ်မထားနိုင်တော့ဘူး”
“အဲ့ဒီမှာ အန္တရာယ်တစ်ခုခုရှိလာမှာလား”
အကြီးအကဲကျုံးက စိုးရိမ်ပူပန်နေ၏။
ဘာပဲပြောပြော ယခင်အဆင့် ၄ဆင့်မှာ ထိုရတနာများကို ရယူဖို့အတွက် သူက အားထုတ်မှုများစွာပြုလုပ်ခဲ့ရ၏။
ဆူဇီမိုသည် စွမ်းအားကြီးမားသော နည်းလမ်းများစွာကို အသုံးချပြီး ပြဿနာများစွာကိုပင် ဖြတ်ကျော်ခဲ့ရ၏။ သို့သော်ယခု... ဆူဇီမိုသည် သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့၏။
ထိုနေရာကနေ အခြားသောသက်ရှိတချို့ပေါ်ထွက်လာမည်ဆိုလျှင် သူ့အနေဖြင့် အဲ့ဒါကိုကိုင်တွယ်ဖို့ ခက်ခဲသွားပေလိမ့်မည်။
“အန္တရာယ်မရှိပါဘူး”
ရှဲ့လင်က ခေါင်းခါပြလိုက်၏။
“သမိုင်းတစ်လျှောက်မှာ ဘယ်သူကမှ ထိပ်ဆုံးကို ခုန်မတက်နိုင်ခဲ့ကြဘူး... စနေဂြိုဟ်မြေဆီလွှာမှာလည်း ဘယ်သက်ရှိမှ မွေးဖွားမလာခဲ့ဘူး”
တစ်နည်းအားဖြင့်ဆိုလျှင် ထိပ်ဆုံးကိုရောက်ရှိနိုင်သောမည်သူမဆို စနေဂြိုဟ်မြေဆီလွှာကို ရရှိနိုင်မည်ဖြစ်၏။
ယွင်ထင်က ညင်သာစွာပြုံး၍ ရုတ်တရက်ပြောလိုက်၏။
“အရှင်မင်းသားရှဲ့လင်... အဲ့ဒီနေရာက အဆင့်-၅ပဲရှိသေးတယ်... နောက်ထပ်အဆင့် ၄ဆင့်မှာလည်း အဲ့လိုမျိုးရတနာတွေရှိနေတယ်မလား”
“မင်းပြောချင်တာက...”
ရှဲ့လင်က ရင်တစ်ချက်ထိတ်သွားပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။
ကောင်းကင်ဘုံကိုးလွှာ၏ တစ်ဆင့်ချင်းစီမှာ ဆင်တူသောရတနာများရှိနေ၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ကျင့်ကြံသူများသည် အဆင့်-၅ ကို ရောက်ရှိဖို့အတွက် စွမ်းအင်အမြောက်အမြားကို သုံးစွဲရပေမည်။ နောက်ပိုင်းမှာ တိုက်ခိုက်ရမည့် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲကလည်း ရှိနေသေးပြီး မည်သူကမှ အဆင့်-၆ ကို ဆက်လက်၍တက်လှမ်းကြမည် မဟုတ်ပေ။
မည်သူကမှ အကြောင်းအရင်းမရှိဘဲ သူတို့ကိုယ်သူတို့ ဒုက္ခအရောက်ခံကြမည်မဟုတ်ပေ။
သို့သော်လည်း အထဲမှာရောက်ရှိနေသောသူက သာမန်လူနှင့် မတူပေ။
ထိုစဥ်မှာပင် မိုးကောင်းကင်ကိုးလွှာမှာ ဆူဇီမိုက စနေဂြိုဟ်မြေဆီလွှာကို ကောက်ယူပြီး ဆောင့်ကြောင့်ထိုင်ချလိုက်၏။ အတန်ကြာငြိမ်သက်ပြီးနောက် သူက စနေဂြိုဟ်မြေဆီလွှာကို သုံးကာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်၏ အမြင့်ဆုံး နေရာတွင် စာလုံးနှစ်လုံးကို ရေးထိုးလိုက်၏။
အဲ့ဒါက လူတစ်ယောက်၏ နာမည်ဖြစ်၏။
ထိုသည်ကိုတွေ့မြင်သောအခါ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများ၏ မျက်လုံးများက နီရဲလာပြီး သူတို့က အသံတိတ်သွားကြ၏။
ရင်ပြင်ပေါ်မှ ဆွေးနွေးပြောဆိုသံများကလည်း တဖြည်းဖြည်းငြိမ်သက်သွားပြီး ကျင့်ကြံသူများစွာမှာ တွေဝေရှုပ်ထွေးသောအမူအရာများရှိနေကြ၏။
ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ရှေ့မှာရှိသော ကျင့်ကြံသူများစွာက သူတို့၏ ခေါင်းများကို မော့ကြည့်နေကြ၏။
ကျောက်စာတိုင်၏ အမြင့်ဆုံးအမှတ်မှာ ဖုန်းယင်နှင့် ထိုက်ဟွာတို့၏ နာမည်များအထက်မှာ နောက်ထပ်နာမည်တစ်ခုပေါ်ထွက်လာ၏။
အဲ့ဒါက ကျဆုံးသွားသော ကျင့်ကြံသူတစ်ယောက်၏ နာမည်ဖြစ်၏။
ယဲ့ ဖေး...
ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်မှာ မင်းသမီးသက်တံနီက သူမ၏ နှုတ်ခမ်းကို အနည်းငယ်စူပြီး နှာရှုံ့နေ၏။ သူမက သူမ၏ ခေါင်းကို တစ်ဘက်သို့လွှဲပြီး မျက်ရည်များက တိတ်တဆိတ်စီးကျလာ၏။
လျှိုဖျင်သည် ဘဝသက်တမ်းစွန့်လွှတ်စတေးပညာရပ်ကိုထုတ်ဖော်ကာ ချိပ်စည်းကနေ ရုန်းထွက်လာခဲ့သည့် ယဲ့ဖေး၏ ပုံရိပ်ကို ပြန်လည်မြင်ယောင်မိပြီး ညင်သာစွာသက်ပြင်းချလိုက်၏။
ယဲ့ဖေးက သေဆုံးသွားခဲ့ပြီဖြစ်၏။
သို့သော်လည်း သူ၏ နာမည်သည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်၏ ထိပ်ဆုံးမှာ ကျန်ရစ်ခဲ့ပြီး လူတိုင်းကို ငုံ့ကြည့်နေ၏။
အဲ့ဒါသည် ညကောင်းကင်ယံမှာဖြတ်သန်းသွားသော ဥက္ကာခဲတစ်ခဲနှင့်တူ၏။ အဲ့ဒါက တဒင်္ဂသာဖြစ်သော်လည်း ၎င်းသည် မနှိုင်းယှဥ်သာအောင် ခံ့ညားထည်ဝါသောအလင်းရောင်တစ်ခုနှင့်အတူ တောက်ပခဲ့လေသည်။